Ch 25
Viewers 2k

Chapter 25


ကျွင်းချီယွိဆိုတာ အမြဲတမ်း တခြားသူများကိုပဲ အနိုင်ကျင့်ခဲ့သည့်သူမျိုးဖြစ်သည်။ သူလိုလူက ဘယ်လိုလုပ်ပြီး သူများဆီက ထိုးကြိတ်ကန်ကျောက်တာ ခံရဖူးမှာလဲ။ 


သူလည်း ဒေါသထွက်လာပြီး ပြင်းပြင်းထန်ထန် အားသုံးလိုက်သည်။ ပေရှင်းရှုက သူ့ပြိုင်ဘက် မဟုတ်တာကြောင့် အသာစီးမရတဲ့အပြင် သူ့မျက်နှာပေါ်မှာ အညိုအမည်းဒဏ်ရာတွေပဲ ထပ်တိုးလာခဲ့သည်။


ပေရှင်းရှုက အသက်ပြင်းပြင်းရှူနေရင်း သူ့လက်တွေကို ရပ်လိုက်ပြီး ကျွင်းချီယွိမျက်နှာကိုကြည့်ကာ အကြိမ်အနည်းငယ် ရယ်မောလိုက်သည်။


ကျွင်းချီယွိက အနည်းငယ် အရှက်ရနေပေမယ့် ဟန်မပျက် မတ်တပ်ရပ်နေသည်။ ဒါမှမဟုတ် တည်ငြိမ်ဟန်ဆောင်နေတာလည်း ဖြစ်နိုင်သည်။


“မင်း ဘာရယ်နေတာလဲ” 


ကျွင်းချီယွိက ပေရှင်းရှုအား စိုက်ကြည့်ရင်း ပြောလိုက်သည်။


“မင်းက ငါ့ထက် ဘယ်လိုလုပ်ပြီး ပိုတော်နိုင်မှာလဲ”


ပေရှင်းရှုက သူ့မျက်နှာပေါ်က ဒဏ်ရာကို ထိလိုက်သည်။ သူ နာကျင်မှုကြောင့် ရှုံ့မဲ့သွားပေမယ့် ပိုပြီးတော့တောင် ကျယ်လောင်စွာ ရယ်မောလာသည်။


ကျွင်းချီယွိက သူ့ရယ်သံကြောင့် စိတ်ဆိုးနေသည်။


“မင်းဆက်ရယ်နေမယ်ဆိုရင် ရယ်တာမရပ်မချင်း မင်းကိုငါရိုက်ပစ်မယ်!” 


ကျွင်းချီယွိက ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်သည်။


“ဟဟဟ…” 


ပေရှင်းရှုက လှောင်သလို နှာမှုတ်လိုက်သည်။


“အခု ငါဒေါသပြေသွားပြီ၊ မင်းနဲ့ရန်ဆက်ဖြစ်ဖို့ အချိန်မရှိတော့ဘူး”


“ဒေါသပြေသွားပြီဟုတ်လား ပေရှင်းရှု၊ မင်းမှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်စွမ်း နည်းနည်းလေးတောင် မရှိဘူးပဲ၊ ငါတောင်မင်းနဲ့ စာရင်းမရှင်းရသေးဘူး၊ မင်းက ဘာတွေများ ဒေါသထွက်နေရတာလဲ”


ကျွင်းချီယွိက ပေရှင်းရှု၏ လူပုံအလယ် လက်ထပ်ခွင့်တောင်းခဲ့တာကို ပြောနေခြင်းဖြစ်သည်။


ပေရှင်းရှုက ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။


“ပထမတစ်ချက် မင်းက စုန့်လီချင်းကို အမြဲတမ်း ဘေးမှာထားပြီး သူ့ကိုလက်ထပ်ခွင့်ရခဲ့တာကို ငါဒေါသထွက်နေတာ မှန်တယ်၊ ငါမနာလိုနေတာ မင်း ဘာတတ်နိုင်လဲ၊ ကျွင်းချီယွိ ဒုတိယတစ်ချက် ငါဒေါသထွက်တာက မင်းကကန်းနေလို့ပဲ၊ မင်းကို မျက်ကန်းလို့ခေါ်ရင် လွန်တာမဟုတ်တော့ဘူး၊ တတိယတစ်ချက်ကတော့ မင်းမှာ လက်ထပ်ပြီးသား လက်တွေ့ဘဝတစ်ခု ရှိနေပေမယ့် ယောက်ျားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို မကျေဘူး၊ မင်းလက်သီးက မင်းခေါင်းအုံးဘေးကလူပေါ် ကျရောက်ခဲ့တာနော်၊ ဒါ ဘယ်လို စွမ်းရည်မျိုးပါလိမ့်၊ ကျွင်းချီယွိ”


သူ စကားတစ်ခွန်း ပြောတိုင်း ကျွင်းချီယွိဒေါသက နည်းနည်းချင်းစီ ပိုတိုးလာပြီး လက်သီးတွေက တကျွိကျွိမြည်လာခဲ့သည်။


ကျွင်းချီယွိက သူ့ဒေါသသွေးတွေ‌ ဆောင့်တက်လာတာကိုပဲ ခံစားနေရသည်။ သူ့ကို ဘာမှမလုပ်နိုင်အောင် တားဆီးထားတာက အနည်းငယ် ရောစွက်နေသည့် ရှက်ရွံ့မှုပင်။


သူ့ရိုက်ချက်က ပြင်းထန်လွန်းတာကို သူသိသည်။


ဒါပေမယ့် စုန့်လီချင်းရဲ့ ခန္ဓာကိုယ်ကလည်း အားနည်းလွန်းတာလည်း ပါတယ်‌လေ။ သူနဲ့တူတူ နာရီအတော်ကြာအောင် ပျော်ရွှင်ခဲ့တာပဲ မဟုတ်ဘူးလား။


ကျွင်းချီယွိက ရှက်ရွံ့မှုကြောင့် မျက်နှာရဲလာပြီး ဒေါသထွက်ကာ အော်လိုက်သည်။


“မင်းက ဘာသိလို့လဲ၊ ငါ စုန့်လီချင်းကို ဘယ်လိုဆက်ဆံတယ်ဆိုတာ မင်းဝင်ပြောစရာ မလိုဘူး၊ မင်းကဘာမို့လို့လဲ”


ပေရှင်းရှုက သရော်လိုက်ပြီး ကုတင်အစွန်းနား ထိုင်ချလိုက်သည်။


“ငါပဲ အချိန်တွေဖြုန်းမိသွားတာပါ၊ ဆိုးသွမ်းလှတဲ့ ကျွင်းချီယွိဆိုတဲ့ နတ်ဆိုးက သူမှားတယ်ဆိုပြီး ဘယ်လိုလုပ် ခံစားရမှာလဲ၊ ငါကလီချင်းအတွက် မတန်သလို ခံစားမိရုံပဲ…”


ပေရှင်းရှု စုန့်လီချင်းမျက်နှာကို ကြည့်လိုက်သည်။ သူက အလွန်ပိန်လွန်းနေတာကြောင့် အက်ကွဲနေသော ကျောက်စိမ်းပန်းပုရုပ်လို အားနည်းလှသည်။


“ပေရှင်းရှု!”


စုန့်လီချင်းရှေ့၌ ပေရှင်းရှု၏ ဂရုတစိုက်အမူအရာကြောင့် ကျွင်းချီယွိ ဒေါသထွက်နေသည်။


“စုန့်လီချင်းက ငါ့လူ၊ ဒါကြောင့် မင်းဒီမှာ ဟန်ဆောင်နေစရာမလိုဘူး” 


ကျွင်းချီယွိက သတိပေးလိုက်သည်။


“မင်းမှာ သူ့ကို ကုသဖို့ နည်းလမ်းရှိရင် မြန်မြန်ကု၊ မဟုတ်ရင်တော့ ချီလင်အိမ်တော်ကနေ ထွက်သွားပြီး သူ့နဲ့ဝေးဝေးနေ!”


“ရှိတယ်”


ပေရှင်းရှုက သူ့ကို မျက်လုံးမှေးကြည့်လိုက်သည်။


“ငါ့မှာ နည်းလမ်းရှိတယ်”


“ဒါဆို ဘာကိုစောင့်နေတာလဲ!” 


ကျွင်းချီယွိက မေးလိုက်သည်။


“ဒါပေမယ့် ငါ့ရဲ့နည်းလမ်းက အခြေအနေတစ်ခု လိုအပ်တယ်” 


ပေရှင်းရှုက ခေါင်းလှည့်ပြောလိုက်သည်။


“ကုသနေချိန် အခန်းထဲမှာ ငါတစ်ယောက်တည်းပဲ ရှိရမယ်” 


ကျွင်းချီယွိ ဒါကို ကြားတော့ မျက်ခုံးတွေပင့်တက်သွားသည်။


“ဒီသခင်ကို အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့၊ မင်းကို တစ်ယောက်တည်း ထားခဲ့ရမယ်ဟုတ်လား၊ မင်းကငါ့ကို အရူးလို့ ထင်နေတာလား ဒါကြောင့် မင်းသူ့ကို တစ်ခုခု မတရားလုပ်ချင်နေတာလား”


“မင်းကငါ့ကို ဘယ်သူလို့ ထင်နေတာလဲ၊ တခြားသူတွေအပေါ် အခွင့်အရေးယူမယ်လို့ ထင်နေတာလား”


ပေရှင်းရှုကလည်း စိတ်အနှောင့်အယှက် ဖြစ်လာသည်။


“ငါ့ရဲ့ကုသမှုကို ဘယ်သူကမှ မနှောင့်ယှက်စေချင်ဘူး၊ ကျေးဇူးပြုပြီး အပြင်ထွက်စောင့်နေပေးပါ ဒါမှမဟုတ်၊ မင်းကသူ့ကို မင်းရှေ့တင် သေဆုံးသွားတာကို ကြည့်နေနိုင်လောက်တဲ့ထိ နှလုံးသားမရှိ အေးစက်တဲ့သူ ဖြစ်နေမယ်ဆိုရင်တော့ တစ်မျိုးပေါ့”


ကျွင်းချီယွိမျက်လုံးတွေက ဒေါသကြောင့် နီရဲနေသည်။


သူ ချင့်ချိန်လိုက်ပြီး သူ့မကျေနပ်တွေကို အတင်းအကြပ် ထိန်းချုပ်လိုက်သည်။


“ငါသူ့ကို အသက်ရှင်စေချင်တယ်”


ပေရှင်းရှုက “ကျေးဇူးပြုပြီး” လို့ပဲ ပြောလိုက်သည်။


ကျွင်းချီယွိကို ဘယ်သူကမှ သူ့ပိုင်နက်ထဲမှာ ဒီလိုညွှန်ကြားခဲ့ဖူးတာ မရှိချေ။


ကျွင်းချီယွိ အခန်းထဲက ရှက်ရှက်နှင့်ထွက်သွားရင်း သူခဏရပ်လိုက်သည်။


“ပေရှင်းရှု၊ ငါအလျှော့ပေးပြီးသွားပြီ၊ မင်းသူ့ကို အကုန်အစွမ်းကုန် ကုသပေးတာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ သူသာ နိုးမလာဘူးဆိုရင် မင်းကိုရော၊ လုံလန်ကမင်းလူတွေအားလုံးကိုရော သူနဲ့အတူ မြေမြှုပ်ပစ်မယ်”


ပေရှင်းရှုက ကျွင်းချီယွိ၏ ခြိမ်းခြောက်မှုအား စိတ်ထဲတောင်မထည့်ပေ။


သူ့အကြည့်ကို ရုပ်လိုက်ပြီး ကျွင်းချီယွိဘက်ကို ကျောပေးရင်း ပြောလိုက်သည်။


“မင်းသူ့ကို နာကျင်အောင် မလုပ်ခင်တုန်းက ဘာလို့ဒီလို မကာကွယ်ခဲ့တာလဲ၊ အခုမှ ချစ်သလိုလိုလာလုပ်နေတယ်”


“မင်း…”


ကျွင်းချီယွိမျက်နှာက အလှောင်ခံလိုက်ရတာကြောင့် ပြာတစ်လှည့်နီတစ်လှည့် ဖြစ်နေသည်။ သူ အံတင်းတင်းကြိတ်ပြီး တံခါးကို ပြင်းပြင်းထန်ထန် ပိတ်လိုက်သည်။


မျက်စိအောက်မှာမရှိတော့ ဒေါသမထွက်ရတော့တာပေါ့။ ကျွင်းချီယွိ ဒီလိုပဲသူ့ကိုယ်သူနှစ်သိမ့်နိုင်သည်။


ဟူနွီအာက အပြင်မှာ စောင့်နေပြီးသားပင်။ ကျွင်းချီယွိ ထွက်လာတာကိုမြင်တော့ သူအပြေးအလွှား ရောက်လာသည်။


“သခင်၊ သခင် အချိန်အကြာကြီး ပင်ပန်းနေရပြီ ဘာမှလည်း မစားရသေးဘူးမလား၊ ရှင်းလဲ့စံအိမ်ကိုသွားပြီး တစ်ခုခု စားမလား”


ကျွင်းချီယွိက အများအားဖြင့် ဟူနွီအာခါးကို ဖက်ထားလေ့ရှိပေမယ့် ဒီတစ်ခါတော့ သူ့ကို တွန်းထုတ်လိုက်သည်။


“စိတ်မပါဘူး!”


ဟူနွီအာက စိတ်ဓာတ်မကျပဲ ကျွင်းချီယွိရင်ဘတ်ကို ပွတ်သပ်ကာ တောင်းပန်သလိုအပြုံးမျိုး ပြုံးပြလိုက်သည်။ 


“သခင့်ကို ဒေါသထွက်အောင်လုပ်တဲ့ မသမာတဲ့လူတွေက အမြဲရှိနေတာပဲ၊ သခင်မွန်းကြပ်နေတယ်ဆိုရင် ဟူနွီအာပေါ်မှာ စိတ်ဖြေနိုင်ပါတယ်၊ ဟူနွီအာက ဒီအတွက်ပဲ အသုံးဝင်တာပါ”


ဟူနွီအာက ဒီအချက်ကို ပြောလာတာကြောင့် ကျွင်းချီယွိ သူ့ကို ဒေါသမထွက်နိုင်တော့ပဲ သူ့မေးစေ့ကို ဆွဲညှစ်လိုက်သည်။


“မင်းကတော့ ချစ်ဖို့ကောင်းနေတုန်းပဲ”


“ဒါဆို ကျွန်တော်နဲ့ ရှင်းလဲ့စံအိမ်ကို လိုက်ခဲ့ပါလား၊ ကျွန်တော် သခင့်ကြွက်သားနဲ့ အကြောတွေကို ဖြေလျော့ပေးမယ်လေ”


ဟူနွီအာက အနောက်ပိုင်းဒေသ၏ နည်းစနစ်တွေကို သင်ယူခဲ့ဖူးသည်။ ကျွင်းချီယွိက ထိုနည်းစနစ်ကို အကြိုက်ဆုံးပင်။


သို့ပေမယ့် ကျွင်းချီယွိ အတွင်းထဲ တစ်ချက်ကြည့်လိုက်သည်။ ပေရှင်းရှု ကုသဖို့ ဘယ်လောက်ကြာမယ်ဆိုတာကို သူမသိပေ။


“ငါဒီမှာပဲ နေချင်တယ်” 


ကျွင်းချီယွိက နှာမှုတ်လိုက်သည်။


“ငါ ပေရှင်းရှုကို စိတ်မချဘူး” 


“ပေရှင်းရှု မလုပ်ရဲပါဘူး” 


ဟူနွီအာက ချော့မော့ဖျားယောင်းနေသည်။


“ပြီးတော့ ဒီမှာ ဂရုစိုက်ပေးနိုင်တဲ့ အစောင့်တွေရှိပါတယ်”


ကျွင်းချီယွိက ဖျားယောင်းမှုကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သူ့နောက်လိုက်တွေကို ရှင်းပြပြီးနောက် ဟူနွီအာနှင့်အတူ ထွက်သွားသည်။


ဟူနွီအာက လက်ဖက်ရည်နှင့် အသီးတွေကို စားပွဲပေါ် ပျော်ရွှင်စွာတင်ပေးလိုက်သည်။ ကျွင်းချီယွိက ဗိုက်ဖြည့်ဖို့နှစ်လုပ်ပဲစားလိုက်ပြီး စားချင်စိတ်မရှိတော့ပေ။


ဟူနွီအာက ကြမ်းပြင်ပေါ် အလွန်ကျိုးနွံစွာ ဒူးထောက်ချလိုက်ပြီး ကျွင်းချီယွိခြေထောက်တွေကို သူ့ကိုယ်ပေါ် တင်လိုက်သည်။ ထို့နောက် တင်းနေသည့် ကြွက်သားတွေကို နှိပ်နယ်ပေးလိုက်သည်။


ကျွင်းချီယွိ အရင်ကဆို မျက်စိမှိတ်ပြီး ဇိမ်ခံလေ့ရှိပေမယ့် ဒီတစ်ခါတော့ စိတ်မပါလှပေ။ သူစဉ်းစားနေတာက ပေရှင်းရှုရဲ့ စကားတွေ၊ ပြီးတော့ စုန့်လီချင်း…


သို့ပေမယ့် စဉ်းစားလေလေ သူ့ခေါင်းက ပိုဖောင်းလာလေလေဖြစ်ပြီး ငြီးငွေ့စရာလည်း ပိုကောင်းလာသည်။


“သခင် ဘာတွေစဉ်းစားနေတာလဲ၊ ဟူနွီအာကို ပြောပြလို့ ရမလား”


ကျွင်းချီယွိက သက်ပြင်းတစ်ချက်ချလိုက်သည်။


“မင်းလည်း…ငါက စုန့်လီချင်းကို အရမ်း ရက်စက်လွန်းနေတယ်လို့ ထင်လား” 


ဟူနွီအာက စိုက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။ 


“အဲလိုပြောတဲ့သူကို သတ်သင့်တယ်” 


“ဟမ်”


ကျွင်းချီယွိက မျက်လုံးပင့်လိုက်သည်။


“သခင်က အနာဂတ်မှာ ကမ္ဘာကြီးရဲ့ သခင်ဖြစ်လာမယ့်သူပါ၊ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူကမှ သခင် ဘယ်လိုဘယ်ပုံ လုပ်ရမယ်ဆိုတာကို လမ်းညွှန်ဖို့ အရည်အချင်းမပြည့်မီပါဘူး၊ အနာဂတ်မှာ သခင်က ဧကရာဇ်ဖြစ်လာလို့ သခင့်ကို တစ်ယောက်ယောက်က အသရေဖျက်လာခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်လည်သုံးသပ်နေမှာလား၊ သူတို့နဲ့ လုံး၀မထိုက်တန်ပါဘူး”


ဟူနွီအာက စကားအနည်းငယ်ဖြင့် မျက်နှာချိုသွေးလိုက်ပြီး ကျွင်းချီယွိအား အနုစိတ် ချီးကျူးလိုက်သည်။


“သခင်၊ သခင်က အနောက်ပိုင်းဒေသက သဲကန္တာရမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တယ် ပြီးတော့ သခင့်ရဲ့ခမည်းတော်အတွက် နိုင်ငံကို ကာကွယ်ပေးခဲ့တယ်၊ သူ သခင့်ရဲ့ ပင်ပန်းမှုကို နားမလည်တာ အဆင်ပြေသေးတယ် ဒါပေမဲ့ အိမ်ရှေ့စံမိဖုရားကလည်း နားမလည်ဘူး၊ သူက သခင်ကို ညီလာခံသွားပြီး စာလေ့လာဖို့ အတင်းအကြပ် တိုက်တွန်းဖို့ပဲ သိတယ်၊ ကျွန်တော်က နောက်ကွယ်မှာ မကောင်းပြောတာမဟုတ်ပါဘူး သူကဘယ်မှာ သခင့်အတွက် လုပ်လို့လဲ၊ သူက ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်မှန်ကန်တဲ့သူဆိုပြီး နာမည်ကောင်းရဖို့အတွက်ပဲ ကြိုးစားနေတာ၊ သခင့်ရဲ့ရင်ထဲက နာကျင်မှုကို


ကျွန်တော်ပဲသိတယ် ပြီးတော့ ငယ်ငယ်လေးကတည်းက သဲကန္တာရထဲ ပစ်ချခံခဲ့ရတဲ့ ခါးသီးမှုကို ဟူနွီအာပဲ နားလည်တယ်၊ ကျွန်တော် တကယ်စိတ်မကောင်းဘူး သခင့်အတွက် စိတ်ထိခိုက်ရတယ်၊ ဒါကြောင့် သခင်လွန်တာ မဟုတ်ပါဘူး အိမ်ရှေ့စံမိဖုရားက အနိုင်ယူလွန်းတာပါ…”


ကျွင်းချီယွိစိတ်ထဲက မကျေနပ်နေသော အဖုအထစ်တွေက ဟူနွီအာကြောင့် ချောမွတ်သွားခဲ့သည်။


သို့ပေမယ့် ချီတုံချတုံကတော့ ဖြစ်နေတုန်းပင်။ 


“ဒါပေမဲ့ သူကအခု အပြင်းအထန် နေမကောင်းဖြစ်နေတာ…”


“သခင်” 


ဟူနွီအာက သနားစရာကောင်းသော လေသံနှင့် ပြောလာခဲ့သည်။


“ဟူနွီအာဆို ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ် သခင့်ရဲ့အော်သံကို နားထောင်ပြီး အနောက်ပိုင်းဒေသကနေ ကျင်းကော်မြို့တော်အထိကို ခြေချင်းတွေနဲ့တောင် အသက်ရှင်လျက် လမ်းလျှောက်လာခဲ့ရတယ်၊ ဟူနွီအာက နေမကောင်းဘူး၊ ပင်ပန်းတယ်လို့ တစ်ခါတောင် အော်ခဲ့ဖူးလို့လား သခင်က တစ်သက်လုံး ထက်မြက်ခဲ့တယ်၊ ဒါပေမဲ့ တစ်ခဏအတွင်း လှည့်စားခံခဲ့ရတယ်၊ အိမ်ရှေ့စံမိဖုရားက ဒီလိုအကြီးအကျယ်လုပ်တယ်ဆိုတာ သခင်က စိတ်ပျော့ပြီး သူ့ကို သနားလိမ့်မယ်ဆိုတာကို သိလို့ပဲ၊ သခင့်တို့တရုတ်လူမျိုးတွေရဲ့ စစ်ပညာမှာ ဒါကို ခါးသီးတဲ့လှည့်ကွက်လို့ ရေးထားတယ်လေ”


_________________________________________________________________________