Ch 8
Viewers 3k

🌵 Chapter 8



စနစ်၏ နာကြည်းဝမ်းနည်းနေသော အသံ ထွက်ပေါ်လာလေသည်။


"ကျွန်တော်လည်း ဇဝေဇဝါ ဖြစ်နေတာပဲ! မူလဇာတ်ကွက်က ဇာတ်လိုက်မင်းသားက ခင်ဗျားကို ပြင်းပြင်းထန်ထန် ငြင်းပယ်ရမှာလေ၊ သူက ဘာလို့ ဒီလောက်လွယ်လွယ်ကူကူ သဘောတူလိုက်ရတာလဲဆိုတာ ကျွန်တော် နားမလည်တော့ဘူး!"


စုန့်စစ်မင် သူ့ဘာသာ တီးတိုးရေရွတ်လိုက်လေသည်။


"ငါပဲ ရူးနေတာလား၊ ဒါမှမဟုတ် ပေါ်မုဟန်ပဲ ရူးနေတာလား၊ ဒါမှမဟုတ် ဒီကမ္ဘာကြီးပဲ ရူးနေတာလား...?"


စနစ်သည် ၎င်း၏ မှတ်စုစာအုပ်ကို ထုတ်ယူကာ ပြဿနာကို အလေးအနက် ခွဲခြမ်းစိတ်ဖြာလေသည်။


"ပြဿနာက မွေးနေ့ပွဲမှာ ရှိနေတယ်လို့ ကျွန်တော်ထင်တယ်၊ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသား Shou တို့ကြားမှာ တွေ့ဆုံမှုတစ်ခု ဖန်တီးဖို့ ပျက်ကွက်သွားခဲ့တယ်၊ အဲ့ဒါကြောင့် သူက မင်္ဂလာကိစ္စကို သဘောတူလိုက်တာပဲ ဖြစ်ရမယ်"


စုန့်စစ်မင် သံသယဝင်သွားလေသည်။


"သူတို့ မတွေ့ရရင်တောင်မှ သူက ငါ့ကို မုန်းနေတာဆိုတော့ မင်္ဂလာကိစ္စကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူးလို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား ?"


စနစ်: "ဒါက..."


ဤကောင်သည် အလျင်အမြန် လော့ဂ်အောက်ထွက်သွားကာ၊ သေချင်ယောင်ဆောင်နေလေတော့သည်။


ဒီကျိန်စာသင့်စနစ်၊ သူ့ဆီမှာ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုဆိုတာ လုံးဝကို မရှိဘူး!


စုန့်စစ်မင် နှစ်ခွန်းသုံးခွန်းခန့် ကျိန်ဆဲလိုက်ပြီး၊ ခေါင်းရှင်းသွားစေရန် မျက်နှာသစ်လိုက်ကာ သီးသန့်အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ မထင်မှတ်ဘဲ၊ မိဘများမှာ အထဲတွင် ရောက်နေကြပြီဖြစ်ပြီး မင်္ဂလာပွဲကျင်းပမည့် နေရာအကြောင်း ဆွေးနွေးနေကြလေသည်။


"ငါတို့ မော်ဒိုက်မှာ လုပ်သင့်တယ်လို့ ထင်တယ်၊ အဲ့ဒီက ကမ်းခြေမင်္ဂလာပွဲလေးဆိုရင် အရမ်းကို ရိုမန်တစ်ဆန်မှာပဲ"


မားမားစုန့်က အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။ 


"ငါတို့ရဲ့ စစ်မင်က ငယ်ငယ်လေးကတည်းက ပင်လယ်ကို သဘောကျတာလေ!"


ပါးပါးပေါ်က ပြောလေသည်။ 


"ကမ်းခြေမင်္ဂလာပွဲက ရိုမန်တစ်ဆန်တယ်ဆိုပေမဲ့၊ ငါတို့က ဧည့်သည်တွေ အများကြီး ဖိတ်ရမယ်လို့ ထင်တယ်၊ အနည်းဆုံး စားပွဲဝိုင်း ရာဂဏန်းလောက်တော့ ရှိမှာပဲ၊ လူတွေအများကြီး တစ်ပြိုင်နက်တည်း နိုင်ငံခြားကို ခရီးသွားရတာ အဆင်မပြေဖြစ်မှာကို ငါ စိုးရိမ်တယ်၊ တရုတ်ပြည်တွင်းမှာပဲ လုပ်တာ ပိုကောင်းမယ်လို့ ထင်တယ်"


ပါးပါးစုန့်က ခေါင်းညိတ်လေသည်။


"ငါလည်း တရုတ်ပြည်တွင်းမှာပဲ ပိုကောင်းမယ်လို့ ထင်တယ်နိုင်ငံခြားထက် အများကြီး ပိုအဆင်ပြေတာပေါ့၊ ဒါ့ပြင် ငါတို့ တရုတ်ပြည်မှာလည်း လှပတဲ့ ကမ်းခြေတွေ ရှိတာပဲလေ"


မားမားစုန့်က လှည့်မေးလိုက်လေသည်။


"မင်းတို့နှစ်ယောက်ရော ဘယ်လိုလဲ ? အကြံဉာဏ်တွေ ရှိကြလား ?"


ပေါ်မုဟန်သည် သူ့ လက်ဆစ်များဖြင့် စားပွဲကို ခပ်ဖွဖွ ခေါက်လိုက်ပြီး၊ သူ့ အကြည့်များက စုန့်စစ်မင် မျက်နှာပေါ်သို့ ပေါ့ပေါ့ပါးပါး ကျရောက်သွားလေသည်။


"မင်္ဂလာကိစ္စက အဝေးကြီးလိုသေးတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒီလောက်စောစော ဆွေးနွေးနေစရာ မလိုသေးပါဘူး၊ ဘယ်လိုလဲ၊ စေ့စပ်ထားသူလေး ?"


သူသည် နောက်ဆုံး စကားလုံးများကို အဓိပ္ပါယ်ပါပါ လေယူလေသိမ်းဖြင့် ပြောလိုက်လေသည်။


စုန့်စစ်မင်က တောက်ပစွာ ပြုံးလိုက်လေသည်။


"အစ်ကိုဟန်နဲ့ မြန်မြန် မင်္ဂလာဆောင်ရဖို့ကို ကျွန်တော်က သေချာပေါက် မစောင့်နိုင်တော့တာပေါ့! မေမေ မင်္ဂလာပွဲကို ဘယ်မှာပဲလုပ်လုပ် ကိစ္စမရှိပါဘူး၊ အစ်ကိုဟန်နဲ့သာဆိုရင် ကျွန်တော်က အကုန်ဆန္ဒရှိပါတယ်!"


ပေါ်မုဟန် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေသည်။


ကောင်လေး မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်မှုမှာ အလွန် တရာစစ်မှန်နေသဖြင့်၊ သူ စောစောက ကြားခဲ့ရသော အတွေးများသည် တကယ်အစစ်အမှန်ဟုတ်ရဲ့လားဟုပင် သူ သံသယဝင်လာလေသည်။


တကယ့် သရုပ်ဆောင်ကောင်းပဲ! သူက တကယ်ကို တော်တာပဲ၊ အခုချိန် သူ့ စိတ်ထဲမှာတော့ ရေခဲတုံးမျက်နှာကြီးဆိုပြီး ကျိန်ဆဲနေလောက်ပြီ။


မားမားစုန့်က ဆူပူလိုက်လေသည်။


"မင်း၊ မင်း၊ မင်းက တက္ကသိုလ်တောင် မပြီးသေးဘဲနဲ့၊ ဘာတွေ လောနေတာလဲ! ဒီလောက် လောလောဆယ်ဆယ်နိုင်လွန်းရင် လူရယ်စရာ ဖြစ်သွားမယ်"


စုန့်စစ်မင်သည် ပေါ်မုဟန် လက်မောင်းကို ချစ်ခင်မြတ်နိုးစွာ ချိတ်ဆွဲလိုက်ပြီး၊ တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်လေသည်။


"မေမေရယ်၊ ကျွန်တော်က အစ်ကိုဟန်ကို ငယ်ငယ်လေးကတည်းက သဘောကျလာတာလေ၊ ကျွန်တော်က သူ့ကို သေချာပေါက် လက်ထပ်မှာပဲ!"


ပေါ်မုဟန် မျက်ခုံးတစ်ဖက် ပင့်လိုက်လေသည်။


"လက်ထပ်မှာ သေချာလို့လား ?"


"သေချာတာပေါ့! ဒီကမ္ဘာပေါ်မှာ အစ်ကို့ထက် ပိုကောင်းတဲ့ ယောကျာ်း ရှိသေးလို့လား ?!"


စုန့်စစ်မင် စကားများကြောင့် ထိုနေရာရှိ မိဘများအားလုံး ကြက်သီးထသွားကြပြီး ခေါင်းယမ်းလိုက်ကြလေသည်။


သို့သော် ပေါ်မုဟန်ကမူ သူ့ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ၊ ပိုမိုနီးကပ်စွာ တိုးကပ်လာပြီး သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်လေသည်။


"ငါက... ရေခဲတုံးမျက်နှာကြီး ဖြစ်နေရင်တောင်မှ၊ အဆင်ပြေပါ့မလား ?"


စုန့်စစ်မင်: "........."


!!!


ဒီကောင်က စိတ်ဖတ်နိုင်တဲ့ စွမ်းရည်တွေများ ရှိနေတာလား ?


သူက ငါ့အတွေးတွေကို တကယ်ကြီး ကြားနေရတာလား ?


"အစ်ကိုဟန်၊ ဘာတွေ နောက်နေတာလဲ ? အစ်ကိုက ကျွန်တော့်နှလုံးသားထဲမှာ အချောမောဆုံး မျက်နှာလေးကို ပိုင်ဆိုင်ထားတာလေ၊ ဘယ်လိုလုပ် ရေခဲတုံးကြီး ဖြစ်နိုင်မှာလဲ!"


သူ့ ဝမ်းသာပျော်ရွှင်မှုကို မြင်သောအခါ၊ ပါးပါးပေါ်က ပြောလေသည်။


"မင်္ဂလာကိစ္စလည်း အတည်ဖြစ်သွားပြီဆိုတော့၊ စစ်မင်၊ နောက်ရက်အနည်းငယ်နေရင် ဦးလေးတို့အိမ်ကို လာလည်ပါဦး၊ မင်းအန်တီလည်း မင်းကို တွေ့ရတာပေါ့"


စုန့်စစ်မင် အပြုံးမှာ ရုတ်တရက် အေးခဲသွားလေသည်။


မူရင်းစာအုပ်ထဲက မားမားပေါ်ကို သူ မှတ်မိလိုက်သည်၊ သူမက သူ့ကို အရမ်း မုန်းတီးခဲ့တာလေ။


"ဟုတ်ကဲ့ပါ၊ ကျွန်တော့်ရဲ့ အနာဂတ် ယောက္ခမလောင်းနဲ့ သွားတွေ့ရမယ့် အချိန်ရောက်ပြီပေါ့"


သူ ကြောက်လန့်နေသော်လည်း၊ ကျယ်လောင်စွာပင် သဘောတူလိုက်လေသည်။ ပေါ်မုဟန်၏ စူးစမ်းရှာဖွေနေသော အကြည့်များက သူ့အပေါ်တွင် အမြဲရှိနေပြီး၊ တစ်ချက်လေးမျှ ဖယ်ခွာမသွားခဲ့ချေ။


အိမ်ပြန်ရောက်ပြီးနောက်၊ စုန့်စစ်မင်သည် စုန့်စစ်ချယ် အခန်းဆီသို့ အပြေးအလွှား သွားလေသည်။ သူက ဇာတ်လိုက်မင်းသားနှစ်ဦးရဲ့ ဇာတ်ကွက်ကို အမြန် ရှေ့ဆက်တွန်းပို့ပေးရမည်။ ဒီလိုမျိုး ဆက်ပြီးပျက်စီးသွားလို့ မဖြစ်ဘူးလေ။

စုန့်စစ်ချယ် အခန်းမှာ မြေအောက်ခန်းတွင် ရှိလေသည်။


စုန့်မိသားစု၏ အိမ်ကြီးမှာ အလွန်တရာ ခမ်းနားကြီးကျယ်သော်လည်း၊ စုန့်စစ်ချယ်မှာ တရားမဝင်သော ကလေးတစ်ဦးဖြစ်ပြီး မားမားစုန့်၏ မုန်းတီးခြင်းကို ခံရသောကြောင့်၊ မှောင်မိုက်ပြီး စိုစွတ်နေသော မြေအောက်ခန်းတွင်သာ အမြဲနေထိုင်ခဲ့ရလေသည်။


အခန်းထဲသို့ ဝင်ဝင်ချင်း အလွန်အမင်း အေးစက်ခဲကပ်နေပြီး၊ စုန့်စစ်မင်၏ ရှုခင်းအပြည့်မြင်ရသော ဇိမ်ခံနေရောင် ခြည်ခံအခန်းနှင့် လုံးဝကို ကွာခြားနေလေသည်။


"ဒီနေ့ ဘယ်လေတိုက်လို့ ဒီကိုရောက်လာတာလဲ အစ်ကို ?"


စုန့်စစ်ချယ်သည် ပါးလွှာသော အင်္ကျီတစ်ထည်ကို ဝတ်ဆင်ကာ ထွက်လာလေသည်။


စုန့်စစ်မင် အကြည့်များက သူ့ကို ဖြတ်ကျော်သွားပြီး ရိုးရှင်းသော ပရိဘောဂများပေါ်သို့ ကျရောက်သွားလေသည်။ စုန့်စစ်ချယ် အခန်းထဲတွင် ဆောင်းတွင်းကြီး၌ အပူပေးစက်တစ်လုံးပင် မရှိချေ။ သူ အေးခဲပြီး သေသွားနိုင်သည်။

သူ့ သနားစိတ်ကို မြိုသိပ်လိုက်ပြီး မောက်မာစွာ ပြောလိုက်လေသည်။


"စုန့်စစ်ချယ်၊ မင်းကို ငါ ပြောထားမယ်၊ ဒီနေ့ကစပြီး အစ်ကိုဟန်က ငါ့ရဲ့ စေ့စပ်ထားသူပဲ! သူ့ကို ပိုးပန်းဖို့ စိတ်ကူးတောင် မယဉ်နဲ့!"


စုန့်စစ်ချယ် အနည်းငယ် မှင်သက်သွားလေသည်။


"ဘာ ?"


သူ့ ယခင်ဘဝက ဒီလောက်စောစော မစေ့စပ်ခဲ့ဘူးဆိုတာကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်လေ...


"အခု မင်း စိတ်ပျက်သွားပြီ မဟုတ်လား ? ဟုတ်တယ်၊ မင်းက တရားမဝင်တဲ့ ကလေးတစ်ယောက်ပဲ၊ အစ်ကိုဟန်နဲ့ နည်းနည်းလေးမှ မတန်ဘူး!" 


တီဗွီထဲက ယုတ်မာတဲ့ ဗီလိန်ဇာတ်ပို့ မိန်းကလေးတွေရဲ့ ပုံစံကို စုန့်စစ်မင် ပြန်စဉ်းစားလိုက်ပြီး၊ ခါးထောက်လိုက်လေသည်။


"မင်းက အစ်ကိုဟန်အပေါ် အမြဲတမ်း စိတ်ကူးယဉ်နေခဲ့တယ်ဆိုတာ ငါသိတယ်၊ ဖားပြုတ်က ဟင်္သာကိုစားဖို့ မကြိုးစားစမ်းပါနဲ့ စုန့်စစ်ချယ်! ဒီနေ့ ငါ ဒီကိုလာတာက နောက်လကျရင် ငါ အစ်ကိုဟန်နဲ့ စေ့စပ်တော့မယ်ဆိုတာ လာပြောတာ၊ ပြီးတော့ မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ ငါတို့ရဲ့ စေ့စပ်ပွဲကို ဖိတ်တောင် ဖိတ်ပေးလိုက်ဦးမယ်"


စုန့်စစ်ချယ် လက်ချောင်းထိပ်များက မသိစိတ်အရ လက်ဖဝါးထဲသို့ စိုက်ဝင်သွားသော်လည်း၊ သူ့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။


"အဲ့ဒီလိုလား ? ဒါဆိုရင် ကြိုပြီး ဂုဏ်ပြုပါတယ် စစ်မင်"


စုန့်စစ်မင် လှည့်ကာ မောက်မာစွာ ထွက်ခွာသွားလေသည်။

သူ့ ကျောပြင်ကို ကြည့်ရင်း၊ စုန့်စစ်ချယ် လက်ချောင်းထိပ်များက ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လာလေသည်။


စုန့်စစ်မင်၊ အခု မင်းကိုယ်မင်း အရမ်း ဂုဏ်ယူနေတယ်ပေါ့လေ ? ကောင်းကင်ဘုံကနေ ငရဲပြည်ကို ကျဆင်းသွားတဲ့ ခါးသီးမှုကို မင်း မြည်းစမ်းကြည့်ရအောင် ငါ လုပ်ပေးမယ်။

အခု မင်းပိုင်ဆိုင်ထားတဲ့ အရာအားလုံးက တစ်ညတွင်းချင်းမှာပဲ ပျောက်ကွယ်သွားရလိမ့်မယ်။