Ch 169
Viewers 13k

အခန်း ( ၁၆၉ ) – နှုတ်မဆက်ဘဲ ထွက်ခွာခြင်း


နောက်တစ်နေ့မနက် ရှန်းယောင်တစ်ယောက် ခြံပြင်သို့ လမ်းလျှောက်ထွက်လာချိန်တွင် မလှမ်းမကမ်းမှာ ရထားလုံး တစ်စီးကို တွေ့လိုက်ရသည်။ သူ ဇဝေဇဝါဖြစ်နေချိန်တွင် ချင်မင်ဟုန်က ရထားလုံး ကန့်လန့်ကာကို ဖွင့်ပြီး ရထားလုံးထဲမှ ခါးကိုင်းပြီး ထွက်လာခဲ့သည်။


ရှန်းယောင်၏ မျက်လုံးထဲတွင် သံသယစိတ်များ လျင်မြန်စွာ ဖြတ်ပြေးသွားသော်လည်း သူ့မျက်နှာအမူအရာကတော့ ပုံမှန်သာ ရှိနေခဲ့သည်။ သူက ထိုပုဂ္ဂိုလ်ကို မမြင်ချင်ယောင်ဆောင်နေချိန်တွင် ချင်မင်ဟုန်က သူ့ထံ ရောက်လာခဲ့သည်။


“ညီလေးရှန်းရဲ့ ကျန်းမာရေးက ပိုကောင်းလာပြီလို့ထင်တယ်” ချင်မင်ဟုန်က မျက်ခုံးပင့်ပြီး ပြုံးပြလိုက်သည်။ သူ့အသံက သာမာန်ဆန်လွန်းသော်လည်း နက်ရှိုင်းသည့် အဓိပ္ပါယ်တစ်ခုကို ဖုံးကွယ်ထားခဲ့သည်၊ “ညီလေးရှန်းက ဒဏ်ရာရထားပြီးသားလေ။ ဒါကိုတောင် နေမကောင်း ထပ်ဖြစ်ရင် မိန်းကလေးအာ့ထောင် တကယ့်ကို သနားစရာကောင်းသွားလိမ့်မယ်။”


“သခင်လေးချင် အရမ်းစိတ်မပူပါနဲ့” ရှန်းယောင်က အမူအရာကင်းမဲ့စွာ ပြန်ဖြေခဲ့သည်၊ “အာ့ထောင်နဲ့ ကျွန်တော်က လင်မယားတွေပဲ။ သူက ကျွန်တော့်ကို ဂရုစိုက်သလို ကျွန်တော်ကလည်း သူ့ကို ဂရုစိုက်တယ်၊ ဒါက လင်မယားကြားက တာဝန်ပဲ။ ဒါ့အပြင် ကျွန်တော်တို့လင်မယားကြားက ကိစ္စတွေကို အပြင်လူတွေ ဆွေးနွေးဖို့ မလိုအပ်ဘူး။”


ရှန်းယောင်သည် အပြင်လူဟူသော စကားလုံးကို တမင်တကာ အလေးပေးပြောခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ချင်မင်ဟုန်၏ မျက်နှာအမူအရာဟာ ချက်ချင်းဆိုသလို အလွန်အမင်း အရုပ်ဆိုးသွားခဲ့သည်။


နောက်တော့ ချင်မင်ဟုန်က အပြုံးတစ်ပွင့် အတင်းညှစ်ထုတ်ကာ သူ့ကို ကျော်ဖြတ်သွားပြီး ရှန်းမိသားစုအိမ်တံခါးကို ခေါက်ဖို့ ပြင်ဆင်ခဲ့သည်။


ရှန်းယောင်သည် ချက်ချင်းဆိုသလို သူ့လက်မောင်းကို လှမ်းဆွဲပြီး သူ့မျက်ဝန်းထဲတွင် အေးစက်မှုလှိုင်းများ ဂယက်ထနေခဲ့သည်၊ “သခင်လေး၊ ကျွန်တော်တို့အိမ်က ခင်ဗျားကို မကြိုဆိုဘူး။”


“အရင်က မိန်းကလေးအာ့ထောင်က ကျွန်တော့်ကို တစ်ခုခု မေးမြန်းထားခိုင်းခဲ့တယ်။ အခု အဲဒီကိစ္စကို ဖြေရှင်းပြီးတော့ ကျွန်တော်က သူမကို ကိုယ်တိုင်ကိုယ်ကျ ပြောပြချင်လို့ပါ” သူ့မျက်ဝန်းမှ ဒေါသစိတ်ကို မြင်ရတော့ ချင်မင်ဟုန်၏ မျက်ဝန်းထဲမှ အပြုံးတွေက ပိုလို့တောင် ထင်ရှားလာခဲ့သည်၊ “အစ်ကိုရှန်း ဘာဖြစ်လို့ အရမ်းစိတ်ဆိုးနေရတာလဲ။ ဒါမှမဟုတ် အစ်ကိုရှန်းက အစကတည်းက ယုံကြည်မှုမရှိဘူးလား။ ပြီး‌တော့ မိန်းကလေးအာ့ထောင်က လှပတယ်၊ ကြင်နာတယ်၊ အချက်အပြုတ် ကျွမ်းကျင်တယ်။ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံနေတဲ့ မိန်းကလေးအာ့ထောင်လိုလူမျိုးက ဒီလိုခြံဝင်း ကျဉ်းကျဉ်းလေးထဲမှာပဲ တစ်သက်လုံး မြှုပ်နှံထားလို့ ဘယ်ဖြစ်မလဲ။”


“ဟက်…” ရှန်းယောင်က ခပ်ဖွဖွ ရယ်လိုက်သည်။ သူ့လှောင်ပြောင်ရယ်မောသံထဲမှာ ပကတိအတိုင်း ယုံကြည်မှုရှိဟန်ပါရှိသည်။ “ကျွန်တော် သခင်လေးချင်ကို အာ့ထောင်ကို အနှောင့်အယှက်ပေးတာမျိုး မလိုချင်လို့ပါ။ သူ မနေ့ညက အရမ်းပင်ပန်းသွားလို့ အခုထိ အိပ်နေတုန်းပဲ။ မနက်စောစောစီးစီး သူမ အိပ်စက်နေတာကို အနှောင့်အယှက်ပေးတာ အရမ်းလွန်လောက်တယ်မလား။”

 

“မနေ့ညက အရမ်းပင်ပန်းသွားတာလား” ချင်မင်ဟုန်၏ အာရုံက အဆိုပါ ဒွိဟဖြစ်စေသော စာကြောင်းပေါ်တွင် အာရုံစိုက်သွားခဲ့သည်။ ရှန်းယောင်၏ မျက်ဝန်းထဲရှိ ဘဝင်ခိုက်နေသော အကြည့်ကို မြင်လိုက်ရသောအခါတွင် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။


ဖြစ်နိုင်တာက အာ့ထောင်တို့ရဲ့ အိမ်ထောင်ရေးက ပြီးသွားတာလား။


ချင်မင်ဟုန်တစ်ယောက် အတွေးနက်နေချိန်တွင် ကျောက်လန်ဟွာ၏ အသံက ခြံဝင်းထဲမှာ ထွက်ပေါ်လာခဲ့သည်။


“အာ့ထောင် နင့်အခန်းထဲပြန်သွားပြီး အိပ်ချေ။ အမျိုးသမီးတွေက ဓမ္မတာလာချိန်ရောက်ပြီဆို ပိုပြီး အနားယူသင့်တယ်။”


“အမေ သမီး အဆင်ပြေပါတယ်။ သမီး အခန်းထဲမှာ တစ်ယောက်တည်း လဲလျောင်းအနားယူရတော့ အရမ်းပျင်းလို့ပါ။ ဒါနဲ့ စကားမစပ် အမေ ရှန်းယောင်ကို မြင်မိလား။”


“မသိဘူး။ သူ မနက်အစောကြီး အပြင်ထွက်သွားတယ်လား။ နင် လိမ်လိမ်မာမာနဲ့ အခန်းကိုပြန်ပြီး အနားယူချေ၊ ဟုတ်ပြီလား။ ဒီမနက် အမေပဲ မနက်စာ ပြင်လိုက်မယ်။”


ဒီစကားဝိုင်းကို ကြားလိုက်ရသော ချင်မင်ဟုန်သည် တိတ်တဆိတ် မျက်ခုံးပင့်လိုက်မိသည်။


သူ တံခါးခေါက်တော့မှာကိုမြင်တော့ ရှန်းယောင်က တံခါးကို အရင်တွန်းဖွင့်ပြီး ဝင်သွားခဲ့သည်။


“အာ့ထောင် သခင်လေးချင် ရောက်နေတယ်” ရှန်းယောင်က သူမဘေးနားသို့ အလျင်စလို သွားရောက်ခဲ့ပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။


“သခင်လေးချင်လား” ကျီကျောက်သည် ချင်မင်ဟုန်ကို တံခါးအပြင်ဖက်တွင် ရပ်နေတာကို မြင်လိုက်ရသည်။ သူမ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ့ကို ဧည့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်ဆဲပါပင်။


သိပ်မကြာခင်မှာ ကျောက်လန်ဟွာသည် စားပွဲခုံပေါ် မနက်စာ လာချပေးခဲ့ပြီး ချင်မင်ဟုန်အတွက် ဝေစုတစ်စိတ်တစ်ပိုင်းကို ပြင်ဆင်ဖို့ကိုလည်း မမေ့မလျော့ခဲ့ပေ။


“ရသာမွန်ဟင်းလျာတွေကိုပဲ စားသုံးလေ့ရှိတဲ့ သခင်ချင်လိုလူမျိုးက ဒီလို ရိုးရှင်းတဲ့ အစားအသောက်တွေကို စားသုံးနိုင်ပါ့မလား။” ရှန်းယောင်က နူးညံ့တဲ့အပြုံးနဲ့ မေးလိုက်သည်။


ချင်မင်ဟုန်သည် သူ့မျက်ဝန်းထဲတွင် ဝှက်ထားသော ဓားများကို ထုံးစံအတိုင်း သတိမမူမိဘဲ မနေပေ။


“ဒီလိုရိုးရှင်းတဲ့ ယာဂုနဲ့ အရံဟင်းလျာတွေက အစာအိမ်အတွက် အကောင်းဆုံးပါပဲ” ချင်မင်ဟုန်က ခပ်ပြုံးပြုံး ပြန်ဖြေခဲ့သည်၊ “ဒါ့အပြင် မိန်းကလေးအာ့ထောင်နဲ့ အစ်ကိုရှန်းတို့နဲ့အတူ မနက်စာ စားခွင့်ရတာက ထူးခြားတဲ့ အတွေ့အကြုံ တစ်ခုပါပဲ။”

 

ရှန်းယောင်သည် သူ့မျက်ဝန်းထဲရှိ ရွဲ့စောင်းလိုစိတ်ကို ဖုံးကွယ်ရန် မျက်လွှာချပြီး ကြက်ဥများကို အခွံခွာနေလိုက်သည်။


နောက်တော့ သူ အခွံခွာထားတဲ့ ကြက်ဥတွေကို ကျီကျောက်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။


“ကျေးဇူးပါ ယောကျာ်း” ကျီကျောက်က တောက်ပစွာ ပြုံးလိုက်သည်။


ကျီကျောက်က မတုံးအပေ။ အမျိုးသား နှစ်ယောက်ကြား သူတို့ပြောစကားများထဲမှ သိုဝှက်ထားတဲ့ ဓားတွေကို သူမ ဘယ်လိုလုပ်ပြီး မမြင်ဘဲ နေမှာတဲ့လဲ။


သို့ရာတွင် ရှန်းယောင်သည် သူမ၏ ခင်ပွန်းသည်၊ သူမ ချစ်ရသူ ဖြစ်တာကြောင့် သူမသည် သူ့ဖက်ကနေ သေချာပေါက် ထောက်ပံ့ပေးရမှာပေါ့။


မျှော်လင့်ထားတဲ့အတိုင်း ရှန်းယောင်သည် သူမ၏ ‘ယောကျာ်း’ လို့ ခေါ်သံကို ကြားလိုက်တာနဲ့ ပြုံးသွားခဲ့သည်။


သူ့နှလုံးသားထဲမှ ဒေါသလှိုင်းလုံးများ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။


ချင်မင်ဟုန်သည် မပျော်ရွှင်သော်လည်း သူ့မျက်နှာပေါ်ရှိ ရည်မွန်သော အပြုံးကိုတော့ ထိန်းသိမ်းထားနိုင်ဆဲပင်။


ကျန်တဲ့ ရှန်းမိသားစုဝင်တွေကတော့ စကားမပြောကြဘူး။


အဆုံး၌ ထိုအခိုက်အတန့်ရှိ လေထုသည် အနည်းငယ် ထူးဆန်းနေပုံရသည်။


မနက်စာ စားပြီးနောက် ချင်မင်ဟုန်သည် လိုရင်းကို တန်းပြောခဲ့သည်၊ “မိန်းကလေးကျီ ကျွန်တော် မိန်းကလေးကို ပြောပြခဲ့တဲ့ အံ့ဖွယ်သမားတော်ရဲ့ နာမည်ကို ရှာတွေ့ခဲ့ပြီ။”


“တကယ်လား” ကျီကျောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်၊ “ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပေးပါဦး၊ သခင်လေးချင်”


“အဲဒီအံ့ဖွယ်သမားတော်က အရိုးအကြော နာတာရှည်ရောဂါတွေကို အထူးကုသပေးပြီး သူ့နာမည်က ရှန်းဟယ်ပါ။” 


“သူ့နာမည်က တကယ်ပဲ ရှန်းဟယ်လား” ကျီကျောက် စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်ပြီး အလောတကြီး မေးလိုက်သည်၊ “ဒါဆို ကျွန်မတို့ အဲဒီရှန်းဟယ်ကို ဘယ်မှာ သွားရှာလို့ရမလဲ။”


မူရင်းဝတ္ထုတွင် ရှန်းယောင်၏ ခြေထောက်ကို ကုသပေးသော နာမည်ကျော်သမားတော်မှာ ရှန်းဟယ်မှလွဲ၍ အခြားသူ မဟုတ်ကြောင်း ကျီကျောက် မှတ်မိပါသည်။


ရှန်းဟယ်ကို အစောကတည်းက သူတို့ ရှာတွေ့နိုင်မယ်ဆိုရင် ရှန်းယောင်၏ ခြေထောက်တွေ မြန်မြန်ပြန်ကောင်းလာလိမ့်မည်။


ကျီကျောက်သည် ဤအံ့ဖွယ်သမားတော်၏ အမည်နာမကို ကြားပြီးနောက် အလွန်စိတ်လှုပ်ရှားသွားလိမ့်မည်ဟု ချင်မင်ဟုန် မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ဒါက သူ့အတွက် ကောင်းတဲ့ အရာ တစ်ခု ဖြစ်သည်။


“အံ့ဖွယ်သမားတော် ရှန်းဟယ်က တစ်ကမ္ဘာလုံးကို လှည့်လည်သွားလာနေပြီး သူ့တည်နေရာက ပိုလို့တောင် မှန်းဆရခက်တယ်” ချင်မင်ဟုန်က စိတ်ပျက်လက်ပျက် သက်ပြင်းချသည်၊ “သာမန်လူတွေ သူ့ကို ရှာတွေ့ဖို့က ကောင်းကင်ဘုံကို တက်ရတာထက် ပိုခက်တယ်။”


ကျီကျောက်သည် စိတ်ပျက်လက်ပျက် မျက်လွှာချကာ အဆုံး၌ “ကျွန်မ နားလည်ပါတယ်” ဟု ညင်သာစွာ ခေါင်းညိတ်ပြသည်။


အမှန်တော့ လောကရှိ ကျွမ်းကျင်သူများသည် နားလည်ရခက်ခဲပြီး ရှာတွေ့ဖို့ခက်သည်။


“ဒါပေမယ့် မိန်းကလေးကျီက အံ့ဖွယ်သမားတော် ရှန်းဟယ်ကို တကယ်ရှာချင်တယ်ဆိုရင် ကျွန်တော် ကူညီပေးပါ့မယ်” ချင်မင်ဟုန်က သူမရဲ့ မျက်လုံးတွေကိုကြည့်ပြီး လေးနက်စွာ ကတိပေးခဲ့သည်။


“ကောင်းပါပြီ” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်၊ “ဒါဆို ကျွန်မ သခင်လေးချင်ကို အရင်ကျေးဇူးတင်ထားနှင့်ပါ့မယ်။”


“ရပါတယ်ဗျာ။”


ချင်မင်ဟုန်ပြန်သွားတော့ ရှန်းယောင်က သူမ အနားသို့ လျှောက်လာပြီး အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့သည်၊ “အာ့ထောင် ကိုယ့်အတွက် ရှန်းဟယ်ကို ရှာပေးဖို့ တောင်းဆိုခဲ့တာလား။”


“အင်း” ကျီကျောက်က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြသည်၊ “အဲဒီရှန်းဟယ်က အရိုးအကြော နာတာရှည်ရောဂါတွေကို ကုသတဲ့ နေရာမှာ အကောင်းဆုံးပဲ။ ကျွန်မ သူ့ကို စောစောရှာတွေ့မယ်ဆိုရင် ကျွန်မ ရှင့်ကို ကူညီပေးနိုင်လိမ့်မယ်လို့ထင်တယ်။ ကျွန်မ…”


ကျီကျောက်၏ စကားမဆုံးခင်မှာပင် ရှန်းယောင်က လှည့်ထွက်သွားနှင့်နေပြီ။


သူ့နောက်ကျောကိုကြည့်ရင်း ကျီကျောက်သည် စိတ်ရှုပ်ထွေးစွာ မျက်တောင်ခန်လိုက်သည်။


မွန်းတည့်ချိန်နီးသည့်အထိ သူမ ရှန်းယောင်ကို မမြင်ရပေ။


“အမေ ရှန်းယောင် ဘယ်သွားတာလဲ။”


“အာ့ထောင် စန်းလန်က နင့်ကို မပြောသွားဘူးလား” ဟင်းသီးဟင်းရွက်တွေ ခူးဆွတ်နေတဲ့ ကျောက်လန်ဟွာက ကျီကျောက်၏ အမေးကိုကြားတော့ ကြက်သေ သေသွားခဲ့သည်၊ “စန်းလန်က သူ့သူငယ်ချင်းဆီ သွားလည်လိုက်ဦးမယ်လို့ပြောသွားတယ်၊ သူ သုံးရက် ငါးရက်လောက်ကြာမှ ပြန်လာမယ်လို့ပြောသွားတယ်။”


ကျီကျောက်သည် ရှန်းယောင်က သူမကို နှုတ်မဆက်ဘဲ ထွက်ဿွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။


...


သူမ၏ ရင်ထဲ ခါးသီးသလို ခံစားချက် ရုတ်ခြည်း ပေါ်လာခဲ့ပြီး စိတ်နှလုံး မသာယာပေ။


“အာ့ထောင် နင့်အဖေက မြေကမ္ဘာဘုရားကျောင်း ဆောက်လုပ်ရေးကို မနက်ဖြန်ကျ စဆောက်တော့မယ်လို့ ပြောထားတယ်။ ငါတို့ မနက်ဖြန်မနက်ကျရင် တစ်ချက်လောက် သွားကြည့်ကြမလား” ကျောက်လန်ဟွာသည် ကျီကျောက်၏ စိတ်အခြေအနေ ပြောင်းလဲသွားတာကို သတိပြုမိလိုက်တော့ တခစ်ခစ်ရယ်ပြီး အကြံပြုခဲ့သည်၊ “မနက်ဖြန်က မင်္ဂလာရှိတဲ့နေ့ဆိုတော့ တစ်ခုခု လုပ်ကြမလား။ နင့်အဖေကို မီးရှူးမီးပန်းတွေ များများဝယ်ခိုင်းလိုက်ရမလား။ အမေ နေ့လည်လောက်ကျရင် နင့်ခေါ်သွားပေးမယ်လေ။”


“အမေ သမီး သိပ်နေမကောင်းလို့ အခန်းထဲပြန်ပြီး လှဲချင်တယ်။”


ကျီကျောက်သည် သူမအခန်းဆီသို့ ပြန်သွားပြီး ညိုးနွမ်းပြုနေပြီဖြစ်တဲ့ ယစ်ထုပ်ခေါင်ရမ်းပန်းတွေဆီ အမှတ်မထင် အကြည့်ရောက်သွားခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှု အရိပ်အယောင် တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။


ရှန်းယောင် ဘာကိုဆိုလိုချင်သည်ကို သူမ တကယ် နားမလည်ခဲ့ပါ။


သူက နှုတ်မဆက်ဘဲ ဘာဖြစ်လို့ ထွက်သွားတာလဲ။


သူမတို့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေကို အတည်မပြုခဲ့ကြဘူးလား။


ကျီကျောက်သည် ထိုအကြောင်းကို ပိုတွေးလေလေ၊ အဆင်မပြေလေလေ ဖြစ်လာခဲ့သည်။ အဆုံးတွင် သူမသည် မျက်နှာကို စောင်ဖြင့် ဖုံးအုပ်ကာ ပြင်းပြင်းထန်ထန် ငိုကြွေးခဲ့လေသည်။


ရှန်းယောင် ရှင် ကျွန်မကို ဒီလိုဆက်ဆံဝံ့ရင် ကျွန်မ ရှင့်ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး။


ကျီကျောက်သည် သူမနှလုံးသားထဲမှာ တိတ်တိတ်လေး ကျိန်ဆိုခဲ့သည်။


ထိုအချိန်တွင် ခရီးသွားနေသော ရှန်းယောင်သည် နှာချေသွားခဲ့သည်။


...


အဆုံး၌ သူသည် ခါးသီးစွာ ပြုံးပြီး ခေါင်းယမ်းကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။


မသိလိုက်ခင်မှာပင် မိုးချုပ်သွားခဲ့ပြီ။


ကျောက်လန်ဟွာသည် အခန်းတံခါးအပြင်ဘက်တွင် အကြိမ်ပေါင်းများစွာ ခေါ်ဆိုခဲ့သော်လည်း ကျီကျောက်၏ တုံ့ပြန်သံကို မကြားရပေ။ သူမသည် ချက်ချင်းဆိုသလို စိုးရိမ်ပူပန်သွားခဲ့သည်။ ကျောက်လန်ဟွာသည် တခဏတာမျှ တွေးတောခဲ့ပြီး အခန်းတံခါးကို အလျင်စလို တွန်းဖွင့်လိုက်သည်။

 ***