Ch 128
Viewers 13k

အခန်း (၁၂၈) – နေ့ရက်တွေက ပိုကောင်းလာလိမ့်မယ်

 

“အမေ…” ကျီကျောက်သည် စကားမပြောနိုင်ဘဲ မျက်ရည်များ ထိန်းမနိုင် သိမ်းမရ ကျဆင်းလာခဲ့သည်။

 

“အားလုံးပဲ ကျေးဇူးပါ…” ကျီကျောက်သည် ဆို့နင့်နေသည့်အသံဖြင့် ကျေးဇူးတင်ခဲ့သည်။

 

“အရူးမလေး မငိုနဲ့တော့” ကျောက်လန်ဟွာက သူမ၏ ထမင်းစားတူတွေကို အမြန်ချကာ ကျီကျောက်အား နှစ်သိမ့်ပေးလိုက်သည်၊ “စိတ်မပူပါနဲ့။ အခု သမီးက ရှန်းမိသားစုဝင်တစ်ယောက် ဖြစ်နေပြီဆိုတော့ သမီးကို ဘယ်သူမှ အဝေးကို မခေါ်သွားနိုင်တော့ပါဘူး။”

 

“ဟုတ်” ကျီကျောက်က အားတက်သရော ခေါင်းညိတ်လိုက်သည်။

 

“ဟုတ်ပြီ တွေဝေငေးမှိုင် မနေကြနဲ့တော့။ မြန်မြန်သွက်သွက် စားကြ။ ခဏကြာလို့ အစားအသောက်တွေ အေးကုန်ရင် အရသာ မကောင်းတော့ဘူး” ရှန်းတာ့ရှန်က ပြုံးပြုံးလေး ပြောလိုက်သည်၊ “အရင်ဆုံး စားကြရအောင်။ ညစာစားပြီးသွားတော့မှ မိသားစုတွေ အတူတူ ထိုင်ပြီး စကားပြောကြတာပေါ့။”

 

နာရီဝက်အကြာတွင် တစ်မိသားစုလုံး ခြံဝင်းအတွင်းရှိ ကွပ်ပျစ်ပေါ်တွင် ဝိုင်းပြီး ထိုင်နေကြသည်။

 

ကျောက်လန်ဟွာက ယပ်ခတ်ရင်း မေးလိုက်သည်၊ “အာ့ထောင် နင် အရင်တုန်းက ကျီမိသားစုအိမ်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အမေတို့ကို ပြောပြစမ်းပါဦး။”

 

“အမေ အဲဒီအကြောင်းတွေကို ပြန်မပြောချင်တော့ဘူး” ကျီကျောက်က နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်၊ “ဒါတွေအားလုံး အတိတ်တွေပါပဲ။”

 

မူလပိုင်ရှင်သည် ငယ်စဉ်အခါက အလွန်ဆင်းရဲဒုက္ခခံခဲ့ရသည်။

 

သူမသည် ထိုအကြောင်းအရင်းများကြောင့် မကောင်းသော ကိုယ်ရည်ကိုယ်သွေးအား ဖွံ့ဖြိုးစေခဲ့သည်။

 

“နောင်လာမယ့် နေ့ရက်တွေက သေချာပေါက် ပိုကောင်းလာလိမ့်မယ်လို့ သမီးထင်တယ်” ကျီကျောက်က ချိုမြိန်စွာ ပြုံးလိုက်ကာ သူမ၏ အမူအရာတွေက ပိုလို့တောင် နူးညံ့သိမ်မွေ့လာခဲ့သည်။

 

“ဟုတ်တယ် အာ့ထောင်ပြောတာ မှန်တယ်” ရှန်းတာရှန်က ချက်ချင်းဆိုသလို ခေါင်းညိတ်ထောက်ခံခဲ့သည်၊ “နောင်မှာ နေ့ရက်တွေက သေချာပေါက် ပိုကောင်းလာလိမ့်မယ်။ အခုလောလောဆယ်တော့ ခြံထဲမှာ ခြင်တွေ နည်းသွားရင် ပိုကောင်းလိမ့်မယ်။”

 

ဖူး…

 

ကျီကျောက်က ဒါကိုကြားတော့ ရယ်လိုက်မိသည်။

 

“အာ့ထောင် ငါ မနက်ဖြန်ကျရင် ငါးသွားမျှားမလို့။ နင် ငါ့ကို မတားတော့ဘူးမလား” ရှန်းတာ့ရှန်က သူမ ပြုံးနေတာကိုမြင်တော့ နုံအတဲ့ အပြုံးနှင့် မေးလိုက်မိသည်။

 

“သမီး မတားပါဘူး။”

 

“ရှင်ကတော့ အမြဲ ငါးမျှားဖို့ပဲ စဉ်းစားနေတယ်။ ရှင် ငါးမျှားတာကို ဘာဖြစ်လို့ ဒီလောက်တောင် စိတ်ဝင်စားနေလဲဆိုတာ ကျွန်မတော့ မသိတော့ဘူး” ကျောက်လန်ဟွာ ဒေါသတကြီး ညည်းညူလိုက်သည်။ ထို့နောက် ကျောက်လန်ဟွာသည် ကျီကျောက်ဘက်လှည့်ပြီး ပြုံးပြုံးလေး မေးလိုက်သည်၊ “အာ့ထောင် မနက်ဖြန် နင့်အဖေ ငါးမျှားပြီးပြန်လာတဲ့အခါကျရင် နင် ငါးဟင်း နှစ်ပွဲလောက် ချက်ပေးနိုင်မလား။ ဦးလေးဟူကျစ်က ငါတို့ကို ဒီနေ့ ကူညီပေးခဲ့တယ်။ မနက်ဖြန်ညကျရင် ငါတို့မိသားစု ဦးလေးဟူကျစ်ကို ထမင်းဖိတ်ကျွေးမလားလို့တွေးထားတယ်။ နင်ရော ဘယ်လိုထင်လဲ။”

 

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ လန်ဟွာက မင်းက အရမ်းစဉ်းစားပေးတတ်တာပဲ” ရှန်းတာရှန်က ဒီနေ့ ဖြစ်ပျက်ခဲ့သည့် အကြောင်းတွေကို ပြန်တွေးရင်း “ဒီနေ့ ဦးလေးဟူကျစ်ရဲ့ စကားတွေကြောင့်သာ မဟုတ်ရင် ရှီလျို့ရွာက လူတွေ နေ့တစ်ဝက်လောက် ကျီကျီကျာကျာ လုပ်နေမှာကို ငါစိုးရိမ်တယ်။”

 

“အာ့ထောင် နင့်မွေးစားအဖွားက တကယ့်ကို လူကောင်း မဟုတ်ဘူး။ ပြီးတော့ နင့်ဝမ်းကွဲလည်း လူကောင်း မဟုတ်ဘူး။ ပြီးတော့ ဟိုအရူးဖက်တီးမ အမျိုးသမီးကျန်းလည်း လူကောင်း မဟုတ်ဘူး” ဒုတိယမရီးရှန်းက ဒီမနက် ဖြစ်ပျက်သွားတဲ့ မြင်ကွင်းကို ပြန်တွေးကြည့်လိုက်တော့ ဒေါသထွက်သွားသလို ခံစားလိုက်ရသည်၊ “ငါ ငါ့ဗိုက်ထဲက ကလေးကိုသာ စိတ်မပူနေရဘူးဆိုရင် ငါ ပြေးထွက်ပြီး သူ့ဆံပင်ကို အကြမ်းပတမ်း ဆွဲပစ်လိုက်ချင်တာဟယ်။”

 

ဒုတိယမရီးရှန်းက အံကြိတ်ကာ ဒေါသတကြီး ပြောလာခဲ့သည်။

 

“ဒုတိယမရီး စိတ်မပူပါနဲ့” ကျီကျောက်က ပြုံးပြီး သူမကို နှစ်သိမ့်ပေးခဲ့သည်၊ “ကောင်းကင်ဘုံက ဒီအတိုင်း ကြည့်မနေပါဘူး။ အဲဒီလူဆိုးတွေကို သူတို့ရဲ့ လုပ်ရပ်တွေအတွက် အပြစ်ပေးမှာ သေချာတယ်။”

 

“အဲဒီအပြစ်ဒဏ်က နှစ်ထောင်ပေါင်းများစွာ ကြာနေမှာကို စိုးမိတယ်…” ဒုတိယမရီးရှန်းက နှုတ်ခမ်းစူပြီး ပြောလာခဲ့သည်။

 

“ကောင်းပြီ၊ ကောင်းပြီ။ အချိန်လည်း လင့်နေပြီ။ အခန်းထဲပြန်ပြီး အနားယူကြရအောင်” ကျောက်လန်ဟွာက အရင်ဆုံး ဝါးကွပ်ပျစ်ပေါ်မှာ ဆင်းပြီး ပြုံးကာ “လူအိုကြီး အခန်းထဲပြန်ပြီး အနားယူကြရအောင်။ ဒုတိယချွေးမ နင်လည်း အခန်းထဲ မြန်မြန်ပြန်သင့်ပြီ။ ခြံထဲမှာ ခြင်တွေ အရမ်းများတယ်။ စန်းလန် အာ့ထောင်ရဲ့ အခန်းထဲ ဒေါနရွက်အလိပ်တွေ မီးရှို့ပေးဖို့ မမေ့နဲ့ဦး။”

 

“ဟုတ်ကဲ့ပါ အမေ”

 

အနားယူဖို့ အခန်းထဲပြန်ခါနီး ကျီကျောက်က ရှန်းယောင်းကို သိချင်စိတ်ပြင်းပြစွာ စိုက်ကြည့်လိုက်သည်၊ “ဒေါနရွက်အလိပ် ဟုတ်လား။ အဲ့တာ ဘာလဲ။”

 

“အဲ့တာက ခြင်တွေကို နှိမ်နင်းနိုင်တယ်” ရှန်းယောင်က ပြုံးပြီး သူမနောက်ကနေ အခန်းထဲ လိုက်လာခဲ့သည်။

 

ဆယ့်ငါးမိနစ်လောက်ကြာတော့ ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ ကျီကျောက်က သံပြားပေါ်မှာ ထွန်းထားတဲ့ ဒေါနရွက်အလိပ်တွေကို ကြည့်ပြီး အံ့ဩလေးစားမှုအပြည့်နဲ့ ထုတ်ပြောလာခဲ့သည်၊ “ဒါဆို ဒီအချိန်မှာ ခြင်ဆေးခွေတွေ ရှိနေပြီပေါ့လေ။”