Ch 65
Viewers 12k

အခန်း (၆၅) - ရှန်းယောင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ

 

ကျီကျောက်သည် ကျောက်လန်ဟွာနောက် မြစ်သို့လိုက်သွားသောအခါ သူမ ရှေ့ရှိ မြင်ကွင်းက သူမကို အံ့အားသင့်စေခဲ့သည်။

 

ရွာရှိ အဘွားအိုများနှင့် အိမ်ထောင်ရှင် အမျိုးသမီးများ ထက်ဝက်ခန့်သည် ခရုကောက်ရန် နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့စီ အဖွဲ့တွေ ဖွဲ့ပြီး ချီတက်ရောက်ရှိလာကြသည်။

 

“အမေ ဘာတွေဖြစ်နေတာလဲ” ကျီကျောက်က ကျောက်လန်ဟွာရဲ့ အင်္ကျီစကို အသာဆွဲပြီး တိုးတိုးလေး မေးလိုက်သည်။

 

ယေဘုယျအားဖြင့်ပြောရလျှင်၊ ဒီအချိန်တွင် သူတို့အတွက် အလုပ်အများဆုံးနေရာသည် ရွာဝင်ပေါက် ဖြစ်သင့်ပေသည်။

 

ဘာဖြစ်လို့ ဒီနေရာမှာ လူတိုင်း ခရုကောက်နေကြတာလဲ။

 

“နင့်အဖေနဲ့ တတိယကလေးတို့ မနက်စောစော ရွာသူကြီးအိမ်ကို သွားခဲ့ကြတယ်လေ” ကျောက်လန်ဟွာက သူမ၏ အသံကို လျှော့ချပြီး အပြုံးဖြင့် ရှင်းပြသည်၊ “နင့်အကြီးဆုံးအစ်ကိုကို တစ်စုံတစ်ယောက်က ခရုတွေ စုဆောင်းခိုင်းထားတယ်လို့ စန်းလန်က ရွာသူကြီးကို တိုက်ရိုက်ပြောခဲ့တယ်။ ခရုတွေကို တစ်ကတ်တီ ကြေးပြား ငါးပြားနှုန်းနဲ့ ဝယ်ယူမယ်လို့ပြောလိုက်တယ်။”

 

“ငါးပြားလား” ကျီကျောက်၏ မျက်လုံးတွေက ထွက်ကျလုမတတ် ဖြစ်သွားခဲ့သည်။

 

ရှန်းယောင်က အရမ်းအံ့ဩဖို့ကောင်းတယ်။

 

သူက ဝယ်ဈေးကို ထက်ဝက်လျှော့ချလိုက်တယ်။

 

“လာ ငါတို့ စကားပြောနေတာရပ်ပြီး ခရုကောက်ရအောင်။ ဒီအခြေအနေကို ကြည့်လိုက်တော့ ငါတို့သမီးယောက္ခမတွေ ဒီမနက်မှာ တစ်ကတ်တီလောက် ကောက်နိုင်မလား မသိဘူး” ကျောက်လန်ဟွာက ကျီကျောက်ကို မြစ်ဆီသို့ အလျင်စလို ဆွဲခေါ်သွားခဲ့သည်။

 

“အာ့ထောင် မြစ်ထဲကို မဆင်းနဲ့” ကျောက်လန်ဟွာက သူမနောက်ကျောရှိ ခြင်းတောင်းကို ချွတ်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်၊ “ဒီမြစ်ရေထဲက နည်းနည်းအေးနေတုန်းပဲ။”

 

“အမေ ကျွန်မ လုပ်ပေးမယ်” ကျီကျောက်သည် သူ့ဖိနပ်ကို ငုံ့ချွတ်နေသည့် ကျောက်လန်ဟွာကို အမြန်တားလိုက်သည်။

 

“ဟင့်အင်း၊ ငါပဲ လုပ်လိုက်ပါ့မယ်” ကျောက်လန်ဟွာက အမြန် ခေါင်းခါလိုက်သည်၊ “ဘာပဲဖြစ်ဖြစ် နင် ငါ့စကားကိုနားထောင်ချေ”

 

ကျီကျောက်သည် သူမ၏ နှလုံးသားလေး နွေးထွေးသွားသလို ခံစားခဲ့ရသော်လည်း ခရုကောက်ရန် သူမ၏ ယောက္ခမနှင့် အတူလိုက်သွားရန် ဆုံးဖြတ်နေဆဲ ဖြစ်သည်။

 

ဆယ့်ငါးမိနစ်အကြာတွင် ကျောက်လန်ဟွာသည် အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိမှု တစ်ခုကို ပြုလုပ်ခဲ့သည်။

 

ကျီကျောက် သူမ ဘေးမှာ ရပ်နေတဲ့အချိန်မှာ သူမသည် အမြဲလိုလို ကြီးမားပြီး ပြည့်ဖြိုးသော ခရုများကို အမြဲလိုလို ကောက်ယူနိုင်ခဲ့ပါသည်။

 

ကျီကျောက်နှင့် အနည်းငယ် အလှမ်းကွာသွားသည့်အခါတော့ ထိုပုံစံမျိုးကို တစ်ခုမှ မကောက်ရခဲ့ပါဘူး။

 

သူမတင်မကဘဲ တခြားသူတွေလည်း အတူတူပါပဲ။

 

ဘယ်သူမဆို အာ့ထောင်နဲ့ နီးနေသရွေ့ သူတို့ဟာ ကြီးမားပြီး ဝဖြိုးသည့် ခရုတွေကို အမြဲလိုလို ကောက်ယူနိုင်ခဲ့ပါသည်။

 

“အာ့ထောင် အိမ်ပြန်ရအောင်” ကျောက်လန်ဟွာတစ်ယောက် စိတ်ထဲမှာ အထူးထိတ်လန့်သွားခဲ့ပြီး အာ့ထောင်ကို ကမ်းပေါ်ကို အမြန်ဆွဲတင်ခဲ့သည်။

 

“အမေ ကျွန်မတို့ ခရုတွေ ထပ်မကောက်တော့ဘူးလား” ကျီကျောက်သည် ထိုအဖြစ်အပျက်အားလုံးကို လုံးဝ သတိမထားမိဘဲ စိတ်ရှုပ်ထွေးဖြင့် မျက်တောင်ခတ်လိုက်သည်။

 

“ဟင့်အင်း” ကျောက်လန်ဟွာက ပြုံးပြီး ခေါင်းခါလိုက်သည်၊ “ငါ နင့်ဒုတိယမရီးကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရတာ စိတ်မချလို့။ အရင်ဆုံး ပြန်ရအောင်”

 

လျှို့ဝှက်ချက်ကို မည်သူမှ ရှာမတွေ့ခင် ကျောက်လန်ဟွာသည် ကျီကျောက်ကို အိမ်သို့ အလျင်စလို ဆွဲခေါ်သွားခဲ့သည်။

 

“အမေ အဆင်ပြေရဲ့လား” ကျီကျောက်က ကျောက်လန်ဟွာတစ်ယောက် အသက်ရှုမဝသလို ဖြစ်နေတာကိုမြင်ပြီး စိုးရိမ်တကြီး မေးလိုက်မိသည်။

 

“အာ့ထောင် နင့်ရဲ့ ကံက အရမ်းကောင်းတယ်ဆိုတာကို နင်သတိထားမိလား” ကျောက်လန်ဟွာက စိတ်ငြိမ်သွားပြီးနောက် ကျီကျောက်ကို တိုးတိုးလေး မေးလိုက်သည်။

 

“ဟုတ်ကဲ့” ကျီကျောက်က ရှက်ရွံ့စွာ ပြုံးလိုက်သည်၊ “သမီးလည်း သမီးက အရမ်းကံကောင်းတယ်လို့ ထင်မိတယ်။ အမေ အမေက သမီးအပေါ် အရမ်းကောင်းတယ်၊ အကြီးဆုံးမရီးနဲ့ ဒုတိယမရီးကလည်း ကျွန်မကို ဂရုစိုက်တယ်။ ရှန်းမိသားစုထဲ လက်ထပ်ပြီး ဝင်ရောက်ခွင့်ရတာ ကျွန်မအတွက် အရမ်းကံကောင်းတယ်။”

 

“အရူးမလေး အာ့ထောင် ငါဆိုလိုချင်တာ ဒါကိုမဟုတ်ဘူး” ကျောက်လန်ဟွာက စိုးရိမ်တကြီး ခေါင်းကုတ်လိုက်မိသည်။ ကျောက်လန်ဟွာသည် ဘယ်လိုရှင်းပြရမယ်ဆိုတာကို အချိန်အတော်ကြာ စဉ်းစားနေခဲ့ပေမယ့် ဘယ်လိုရှင်းပြရမှန်းမသိ ဖြစ်နေခဲ့သည်၊ “နင့်ကံက အရမ်းကောင်းတယ်လို့ တွေးမိနေရုံပဲလား။ နည်းနည်းလေး ထူးဆန်းတယ်လို့တောင် မခံစားရဘူးလား။”

 

“အဲဒီနေ့ နင် တောင်ပေါ်မှာ တောကြက် ရန်ဖြစ်နေတာကို တွေ့တုန်းက အစ်မကွေ့ဟွားနဲ့ ငါလည်း တောင်ပေါ်တက်ခဲ့ကြတယ်၊ ဒါပေမယ့် ငါတို့တွေ ဘာမှ ရှာမရခဲ့ဘူး။ ဒါ့အပြင် နင် ရေခပ်ဖို့ မြစ်ကိုသွားတဲ့အခါမျိုးမှာ နင် တောဘဲဥတွေ တွေ့ရင် ကောင်းမှာပဲလို့ ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်တယ်။ နောက်တော့ နင် အဲဒီကို ဒုတိယအကြိမ်သွားရင် ဘဲဥတွေကို တကယ်ကောက်ရခဲ့တယ်။ ဒါ့အပြင် နင် စန်းလန်အတွက် ပေါ့ပေါ့ပါးပါး ရွေးချယ်ပြီး ဝယ်ယူခဲ့တဲ့ စာရေးစုတ်တံကလည်း ရွှေထောင်ချီပြီးတန်တယ်လို့ပြောတယ်မလား။”

 

“အမေ ကျွန်မ ကံကောင်းတာက ကောင်းတယ် မဟုတ်ဘူးလား” ကျီကျောက်က ပိုလို့တောင် စိတ်ရှုပ်သွားခဲ့သည်။

 

ကျောက်လန်ဟွာက ခဏလောက် စဉ်းစားပြီး နောက်ဆုံးမှာတော့ တိုးတိုးလေး ပြောလိုက်သည်၊ “အာ့ထောင် ငါ နင့်ကံကောင်းတာကို မကောင်းဘူးလို့ ပြောတာ မဟုတ်ဘူး၊ ဒါပေမယ့် ငါက နင့်ထက် အသက်ကြီးတယ်။ ဒီလောကကြီးမှာ အကြောင်းပြချက်မရှိ ကံကောင်းလွန်းတယ်ဆိုတာ မရှိဘူးဆိုတာကို နားလည်တယ်။ နင် အရမ်းကံကောင်းနေရင် တခြားနေရာတွေမှာ အားနည်းချက်တွေ ရှိလာမှာကို အမေ စိုးရိမ်မိနေရုံပါပဲ။”

 

ရေပြည့်သောအခါ လျှံကျသလိုပဲ ရတာများလျှင် ဆုံးရှုံးရတတ်သည်။ လူတစ်ယောက်၏ ကံ အရမ်းကောင်းလျှင် မကောင်းသော အကျိုးသက်ရောက်မှုများ ရှိနိုင်လာမည်လား။

 

ဒါကို ကျောက်လန်ဟွာ အစိုးရိမ်ဆုံးဖြစ်သည်။