အခန်း (၆၆) - မြေကမ္ဘာဘုရား၏
နစ်နာမှု
“အမေ စိတ်မပူပါနဲ့။ ကျွန်မ
အဆင်ပြေပါတယ်” ကျောက်လန်ဟွာ၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာအား မြင်ပြီး
ကျီကျောက်က သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်၊ “ကျွန်မရဲ့ အရမ်းကံကောင်းရတဲ့
အကြောင်းအရင်းက မြေကမ္ဘာဘုရားကြောင့်လို့ထင်တယ်၊ မြေကမ္ဘာဘုရားက ကျွန်မိကု
တိတ်တဆိတ် ကာကွယ်ပေးနေတာဖြစ်နိုင်တယ်။”
“မြေကမ္ဘာဘုရားလား” ကျောက်လန်ဟွာက
စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်၊ “အာ့ထောင် နင်ပြောတဲ့
မြေကမ္ဘာဘုရားဆိုတာက တောင်အနောက်ဘက်က ပျက်စီးနေတဲ့ မြေကမ္ဘာဘုရားကျောင်းကို
ရည်ညွှန်းတာလား။”
“အဲ့တာ ဟုတ်တယ်” ကျီကျောက်က
နာခံမှုရှိစွာ ခေါင်းညိတ်သည်၊ “အရင်က သမီး ဘယ်သွားလို့သွားရမှန်းမသိစဉ်အခါက
မြေကမ္ဘာဘုရားကျောင်းမှာ ခိုလှုံနေထိုင်ခဲ့တယ်။ ဒါ့အပြင် သမီး မြေကမ္ဘာဘုရားကို
နောင်အနာဂတ်မှာ ပိုက်ဆံအများကြီးရှာနိုင်တဲ့အခါကျရင် မြေကမ္ဘာဘုရားကျောင်း ပြန်ပြုပြင်ပေးမယ်လို့
ကတိပေးခဲ့တယ်။”
“အာ့ထောင် ခဏနေကျရင် အမေလည်း
နင်နဲ့အတူ မြေကမ္ဘာဘုရားကို ဖူးမြော်ဖို့ လိုက်ခဲ့မယ်။”
ကျောက်လန်ဟွာသည် ဒီအကြောင်းကို
ပိုတွေးလေလေ ကျီကျောက်ပြောတာက အဓိပ္ပါယ် ပိုရှိလေလေဟု ခံစားခဲ့ရသည်။
ဒီမြေကမ္ဘာဘုရားရဲ့
ကာကွယ်မှုမရှိရင် အာ့ထောင်က ဘယ်လိုကံကောင်းနိုင်ပါ့မလဲ။
တစ်နာရီအကြာတွင် ကျောက်လန်ဟွာသည်
အမွှေးတိုင်များနှင့် လှုဖွယ်ပစ္စည်းများ ပြည့်နေသော ဝါးခြင်းတောင်းကို
ထမ်းပိုးပြီး ကျီကျောက်နှင့်အတူ မြေကမ္ဘာဘုရားကျောင်းသို့ အလျင်စလို
ထွက်လာခဲ့ကြသည်။
“အမေ ကျွန်မ
မြေကမ္ဘာဘုရားကျောင်းကို စရောက်တဲ့အချိန်ကို အခုထိ မှတ်မိနေသေးတယ်။
ဘုရားကျောင်းထဲက နေရာတိုင်းမှာ ပင့်ကူမျှင်တွေချည်းပဲ။ မြေကမ္ဘာဘုရားတောင်
ခနော်ခနဲ့ ဖြစ်နေတယ်။ ရှန်းဟယ်ရွာက လူတွေ မြေကမ္ဘာဘုရားကို
မယုံကြည်ကြဘူးလား။”
ကျီကျောက်က ဒါကို တကယ်
နားမလည်နိုင်ခဲ့ဘူး။ ယေဘုယျအားဖြင့်ပြောရရင် ရှေးလူတွေဟာ နတ်ဘုရားတွေကို
ယုံကြည်သင့်တယ်မဟုတ်လား။
ရှန်းဟယ်ရွာတွင် မြေကမ္ဘာဘုရားကို
အဘယ်ကြောင့် ဤမျှလောက် မနှစ်သက်ကြသနည်း။
“ဟူး… ပြောရမယ်ဆိုရင် ဒါက
ဇာတ်လမ်းရှည်တယ်” ကျောက်လန်ဟွာသည် သူမလက်ထဲရှိ အမွှေးတိုင်ကို ပုလ္လင်ရှေ့ရှိ
ခြေသုံးချောင်းထောက် အမွှေးတိုင်အိုးထဲ စိုက်ပြီး သက်ပြင်းချကာ တိုးတိုးလေး
ပြောလိုက်သည်။
လွန်ခဲ့သော အနှစ်လေးဆယ်က
ရှန်းဟယ်ကျေးရွာတွင် လူဦးရေ အနည်းငယ်သာရှိပြီး စုစုပေါင်း အိမ်ထောင်စု ဆယ်စုသာ
ရှိသည်။
သို့ရာတွင် ထိုအချိန်က
ရှန်းဟယ်ကျေးရွာရှိ မြစ်ကြမ်းပြင်သည် အလွန်ကျယ်ပြန့်ပြီး အချိန်အခါမရွေး
ရေလျှံတက်သည်။
တစ်နေ့တွင် ရှန်းဟယ်ကျေးရွာသို့
ခရီးသွား တာအိုဘုန်းတော်ကြီးတစ်ပါးက ဤနေရာဟာ အလွန်အန္တရာယ်ကြီးသောနေရာဖြစ်ကြောင်း
တိုက်ရိုက်ညွှန်ပြခဲ့သည်။ ဖုန်းရွှေသည် အလွန်ဆိုးရွားပြီး လူတွေအတွက်
ကောင်းကျိုးမရှိပေ။
နောက်ပိုင်းတွင် ရွာသူကြီးသည်
တာအိုဘုန်းတော်ကြီးထံမှ အကြံဥာဏ်ရယူရန် ငွေအမြောက်အများ သုံးစွဲခဲ့သည်။
နောက်ဆုံးတွင် တာအိုဘုန်းတော်ကြီးသည် ယခုနေရာကို ရွေးချယ်ကာ ရွာသူကြီးအား
ဤနေရာတွင် ဘုရားကျောင်းဆောက်ရန် အကြံပြုခဲ့သည်။
ထူးဆန်းသည်မှာ
ဤမြေကမ္ဘာဘုရားကျောင်းကို ဆောက်ပြီးကတည်းက ရွာဝင်ပေါက်မှ မြစ်ရေသည် ရှားရှားပါးပါး
ရေလွှမ်းမိုးခြင်း မရှိတော့ပေ။ သို့ရာတွင် မကြာမီ တောပုန်းဓားပြတစ်စုသည် ရွာထဲသို့
ရုတ်တရက် ပြေးဝင်လာပြီး ရွာသားများ၏ စားနပ်ရိက္ခာတွေကို လုယူခဲ့ကြသည်။ သူတို့သည်
ကြံ့ခိုင်သန်စွမ်းသော ရွာသားအချို့ကိုတောင် သတ်ဖြတ်သွားခဲ့ကြသည်။
ထို့နောက် မြေကမ္ဘာဘုရားကျောင်း
ဆောက်လုပ်ရန် ထောက်ခံအားပေးသော ရွာသူကြီးသည် ဘုရားကျောင်းရှိရာသို့ အပြေးအလွှား
သွားကာ မြေကမ္ဘာဘုရားအား ပြစ်တင်ကျိန်ဆဲခဲ့သည်။ ထို့နောက် မကြာမီတွင် သူသည်
သူ့အိမ်ရှိ ထုပ်တန်းတွင် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေသွားခဲ့သည်။
နောက်ပိုင်းတွင်
ဒီမြေကမ္ဘာဘုရားကျောင်းဟာ တဖြည်းဖြည်း စွန့်ပယ်ခံခဲ့ရသည်။
မည်သူမျှ ဂရုမစိုက်သော
ဘုရားကျောင်းသည် သဘာဝအတိုင်း ယိုယွင်းပျက်စီးသွားလိမ့်မည်။
“ဒါပဲလား” ကျီကျောက်သည်
မြေကမ္ဘာဘုရားကျောင်း ယိုယွင်းပျက်စီးသွားခဲ့ရသည့် အကြောင်းရင်းက
အရမ်းထူးဆန်းနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ကျီကျောက်သည် ရုတ်တရက်
မြေကမ္ဘာဘုရားအတွက် စိတ်မကောင်းဖြစ်မိသွားသည်။
“အမေ ကျွန်မ နောက်ကျရင်
မြေကမ္ဘာဘုရားကို ကိုးကွယ်ဆည်းကပ်ဖို့ ဒီကို မကြာခဏ လာလို့ ရမလား” ကျီကျောက်က
တိုးတိုးလေး ခွင့်တောင်းလိုက်သည်။
“ဒါပေါ့” ကျောက်လန်ဟွာက
ပြုံးပြုံးလေး ခေါင်းညိတ်လိုက်သည်၊ “နောက်ကျ အမေလည်း အားရင် နင်နဲ့အတူ
လိုက်ခဲ့ပေးမယ်။”
“ကျေးဇူးပါ အမေ။ အမေက
အကောင်းဆုံးပဲ။”
မြေကမ္ဘာဘုရားကျောင်းမှ မပြန်ခင်
ကျီကျောက်သည် ထပ်မံ ရှိခိုးကန်တော့ခဲ့ကာ သူမ စိတ်ထဲတွင် လေးနက်သော ကတိတစ်ခုကို
ရေးထွင်းခဲ့သည်။
“မြေကမ္ဘာဘုရား၊ အရှင်ဘုရားရဲ့
နစ်နာမှုတွေကို တပည့်တော် အပြည့်အဝ နားလည်ပါတယ်။ အရှင်ဘုရား စိတ်မပူပါနဲ့၊
နောင်မှာ တပည့်တော် အရှင်ဘုရားကို ဆင်းရဲဒုက္ခတွေ မခံစားစေတော့ပါဘူး။
ယခုအချိန်မှစ၍ နောင်အနာဂတ်အထိ တပည့်တော်မ လစဉ် တစ်ရက်နေ့နဲ့ ဆယ့်ငါးရက်နေ့တိုင်း
အမွှေးနံ့သာတိုင် လာရောက်ထွန်းညှိပူဇော်ပေးပါ့မယ်။”
ကျီကျောက်သည် မပြန်ခင်
သုံးကြိမ်တိုင်တိုင် ရိုသေကိုင်းရှိုင်းစွာ ရှိခိုးကန်တော့ခဲ့သည်။
ရှန်းမိသားစုအိမ်ခြံဝင်းတံခါးကို
ကျယ်ကျယ်ဖွင့်ထားခဲ့သည်။
အိမ်အတွင်းမှ
အိမ်တံခါးအထိ လူတန်းရှည်ကြီး တန်းစီနေသည်။