Ch 10
Viewers 871

⌨️ Chapter 10


တစ်ပတ်အတွင်းမှာတင် ရှီမုန့်ချင်း နဲ့ (၁၃) ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ဆုံပြီး နောက်မှာတော့


ပျယ်ယွီဟာ တစ်နေ့တာလုံး သူ့ ကျောက်ဂူအပြင်ဘက်ကို ထွက်ခဲလှပေမဲ့ ထွက်လိုက်တိုင်းမှာလည်း ရှီမုန့်ချင်းနဲ့ ပုံစံမျိုးစုံနဲ့ တိုးမိနေတာကို ထောက်ဆပြီး သူမ တစ်ခုခုကို သဘောပေါက်သွားသည်။


သူ့မျက်နှာမှာ စိုးရိမ်ရိပ်တွေ ပြည့်နှက်သွားပြီး "မကောင်းတော့ဘူး၊ ရှီမုန့်ချင်းက သေချာပေါက် ဇာတ်လမ်းရဲ့ Main Boss ပဲ၊ ဘယ်အချိန်မဆို Encounter (တိုက်ပွဲ) ဖြစ်သွားနိုင်တယ်၊ သူက ငါ့ကို နေ့တိုင်း Bait (ငါးစာ) ကျွေးနေတာပဲ"


စနစ် : "Host... ကျွန်တော်ကတော့ Host ကို မေးရပါလိမ့်မယ်၊ အဲ့ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ?"


"ဟာသပဲ၊ ငါက စနစ်ဖြစ်ပြီး နင်က ငါ့ရဲ့ အသုံးမကျတဲ့ Host လို့တောင် ထင်မိတော့မယ်" 


ပျယ်ယွီ မျက်လုံးလှန်ပြလိုက်သည်။ ဘာလုပ်ရမလဲဆိုတာကို Host ကို ပြန်မေးနေတဲ့ စနစ်မျိုးက ဘာအသုံးကျမှာလဲ?


စနစ်ကတော့ အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး  "Host... ကျွန်တော်ကတော့ Host ကို ပြောရရင် ကျွန်တော် အခုပဲ Install လုပ်ပြီး Upgrade နေပါပြီ"


"နေဦး ငါစဉ်းစားပါရစေ... သူ့ကို သတ်ပစ်ဖို့ အချိန်တစ်ခုရှာရမယ်”


စနစ်က စိုးရိမ်တကြီး ဖြစ်သွားပြီး  "Host... ကျွန်တော်တော့ Host ကို သတိပေးရပါလိမ့်မယ်၊ သူမက ဇာတ်လမ်းထဲကလူ (Plot character) လေ၊ သူ့ကို သတ်လိုက်ရင် မူရင်းဝတ္ထုရဲ့ ဇာတ်လမ်းပျက်စီးသွားလိမ့်မယ်”


"နင် ငါ့ကို မူရင်းဇာတ်လမ်းကို ပျက်စီးအောင် မလုပ်ရဘူးလို့ မပြောခဲ့ဘူးလေ၊ ငါ့ကို ဆယ်နှစ်ပဲ အသက်ရှင်ခွင့်ရှိပြီး ဇာတ်လမ်းအရ အသတ်ခံရမယ်လို့ပဲ ပြောခဲ့တာ” ဟု ပျယ်ယွီက ထောက်ပြလိုက်သည်။ 


"ပြီးတော့ နင်လည်း သိတာပဲ... Boss Room ရဲ့ တံခါးထဲ ဝင်ပြီးသွားရင် 'တိုက်မလား၊ အသေခံမလား' (Fight or die) ဆိုတဲ့ Option ပဲ ရှိတာ၊ 'ထွက်ပြေးမယ်' (Escape) ဆိုတာ မရှိဘူးလေ၊ ဟုတ်တယ်မလား ?"


ဇာတ်လမ်းထဲကလူတွေကို မသတ်ရဘူးဆိုတဲ့ စည်းကမ်းမရှိတာကြောင့် စနစ်က ပျယ်ယွီရဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်း သဘောတူလိုက်သည်။


"ဒါဆို Host က ရှီမုန့်ချင်းကို ဘယ်တော့ နှိမ်ကွပ်ဖို့ စီစဉ်ထားလဲ?"


"အရင်ဆုံး Level အရင်တင်ရမယ်၊ ပြီးမှ ငါ့ရဲ့ Level နဲ့ သူ့ကို ဖိနှိပ်ပစ်မယ်”


နေ့တိုင်း ပျယ်ယွီက F Key ကို နှိပ်ပြီး ဝိညာဉ်စွမ်းအား လှည့်ပတ်နိုင်ပါတယ်။ တစ်ခါ လှည့်ပတ်ပြီးတိုင်း သူမရဲ့ ကျင့်ကြံမှုအဆင့်က တစ်ဆင့်တက်သွားပြန်သည်။


ရွှေအမြူတေအဆင့်ရောက်ရင် ဒီလောက်မြန်မြန်ဆန်ဆန် တက်နိုင်ပါ့မလား သူ မသိသော်လည်း၊ စမ်းကြည့်ရမှာပါပဲ။


ယခင်ကမူ စီနီယာအစ်ကိုကြီး ပိုင်ချီ သည် ပျယ်ယွီထံသို့ လာရောက်ကာ နံနက်ခင်းစုပေါင်းလေ့ကျင့်မှုများတွင် ပါဝင်ရန် ခေါ်ယူလေ့ရှိသည်။


စင်စစ် ပျယ်ယွီသည် လုံးဝမသွားဘဲ တင်းခံနေခဲ့သည်။


တစ်ယောက်တည်း သီးသန့်ကျင့်ကြံခြင်းက ပိုမိုတိုးတက်စေသည်ဟု သူမ အကြောင်းပြခဲ့သည်။ ပျယ်ယွီ၏ ကျင့်ကြံမှုအဆင့်မှာ နေ့စဉ် အံ့ဩဖွယ်ကောင်းလောက်အောင် တက်နေသည်ကို သတိပြုမိသွားသည့်အခါ၊ ပိုင်ချီသည် အခန်းအောင်းနေသော ဤညီမလေးကို အပြင်သို့ဆွဲထုတ်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်တော့သည်။


ယခုအခါ ပျယ်ယွီသည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ မနက်ဖြန်ဆိုလျှင် သူမသည် အခြေခံအဆင့်မှကျော်လွန်ကာ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်လာနိုင်ပေသည်။


ထိုအချိန်ကျမှသာ သူမသည် ကျီလဲ့နှင့် ချန်းလင်းယောင်တို့ကို ခေါ်ဆောင်ကာ ရှီမုန့်ချင်းကို အတူတကွသွားရောက်နှိပ်ကွပ်ရန် ကြံစည်ထားသည်။


သို့ရာတွင် လက်တွေ့အခြေအနေမှာ အမြဲတမ်းစိတ်ပျက်ဖွယ်ကောင်းလှပေသည်။


မှောင်မည်းနက်ရှိုင်းလှသော ဂူကျောင်းအတွင်း၌ စိုစွတ်သော လေထုနှင့် ပြင်းထန်သော သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။ မှန်ပြောင်းပုလဲမှ ထွက်ပေါ်နေသော မှိန်ဖျော့ဖျော့ အလင်းရောင်သည် ဂူတစ်ခုလုံးကို ထိုးဖောက်နိုင်စွမ်းမရှိပါပေ။


ကျင့်ကြံသူတစ်ဦး၏ထူးကဲသော ညဘက်မြင်ကွင်းစွမ်းအားကို အသုံးပြု၍ ပျယ်ယွီ သတိပြုမိသည်မှာ ဤနေရာ၌ လူသားတို့၏ အငွေ့အသက်များ ရှိခဲ့ဖူးသည်။ ထူးဆန်းသော ဂမ္ဘီရစာလုံးများနှင့် ယဇ်ပလ္လင်တစ်ခုကဲ့သို့သော နေရာများကိုတွေ့ရပြီး၊ ထောင့်တစ်နေရာတွင်မူ တိရစ္ဆာန်အရိုးစုများနှင့် လူအရိုးစုများမှာ ပုံလျက်သားရှိနေကြသည်။


ပျယ်ယွီကိုယ်တိုင်လည်း မည်သည့်အရိုးစုမှန်းမသိရသော အရိုးပုံများပေါ်တွင် လှုပ်ရှား၍မရဘဲ လဲလျောင်းနေရလေသည်။ သူ အချုပ်အနှောင် ခံထားရခြင်းဖြစ်သည်။


ပျယ်ယွီအကြည့်မှာ ဘေးနားရှိ ကျန်းလန် ထံသို့ရောက်ရှိသွားသည်။ ကျန်းလန်သည် မျက်လုံးများ မှိတ်နေပြီး သတိလစ်မေ့မြော နေပုံရသည်။ ရှီမုန့်ချင်းက သူမ၏ အသံကို ထပ်မံမြှင့်တင်လိုက်သည့်အခါတွင်မူ…


ပျယ်ယွီသည် ရှီမုန့်ချင်းထံသို့ အာရုံစိုက်နိုင်ရန် အသည်းအသန် ကြိုးစားလိုက်ရသည်။ ၎င်းမှာ သူမ အမှားမဟုတ်ပါ ပေ၊ ရှီမုန့်ချင်းလေသံမှာ ကျောင်းတော်မှ အကြံပေးဆရာမတစ်ဦးနှင့် တူနေသဖြင့် အာရုံစူးစိုက်ရန် ခက်ခဲနေခြင်းဖြစ် သည်။


သို့ဆိုလျှင်... အခြေအနေများမှာ မည်သို့ကြောင့် ဤမျှ ဆိုးရွားသွားရပါသနည်း?


ချန်ဝူ (ချန်ဖု၏ နောက်လိုက်ဟောင်းတစ်ဦး) သူမထံသို့ ရောက်ရှိလာချိန်တွင် ပျယ်ယွီသည် အစာကြေစေရန် လမ်းလျှောက်နေခြင်းဖြစ်သည်။


ချန်ဝူသည် ချွေးတလုံးလုံးဖြင့် ပြေးလွှားလာပြီး ပျယ်ယွီကို ရှာဖွေတွေ့ရှိရန် အတော်လေးအချိန်ယူခဲ့ရပုံပေါ်သည်။


"အစ်မကြီး... ဘာလို့ ဒီမှာ ရှိနေတာလဲ? ကိစ္စရှိလို့”


ချန်ဝူ ပြောပြချက်အရ ချန်ဖုသည် ကျန်းလန်ကို ဆေးခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသိရသည်။ ပျယ်ယွီသည် ယခုအခါ ဓားအင်မော်တယ်သခင်ကျီယွမ်၏ တိုက်ရိုက်တပည့် ဖြစ်နေသဖြင့် ချန်ဖု လက်စားချေမှုကို မကြောက်ရွံ့သော်လည်း၊ ကျန်းလန် မှာမူ ထိုင်အန်းမှ သာမန်တပည့်လေးမျှသာဖြစ်ရာ ချန်ဖု နှိပ်စက်မှုကိုခံရမည်မှာ သဘာဝကျလှသည်။


ထို့ကြောင့် ပျယ်ယွီသည် အများကြီး မစဉ်းစားဘဲ ဖြစ်ပွားနိုင်သော အကြမ်းဖက်မှုကို တားဆီးရန် အပြေးအလွှား လိုက်သွားခဲ့ရာမှ စနစ်တကျ ခင်းထားသော ထောင်ချောက်အတွင်းသို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ချန်ဖုမှာ ပျယ်ယွီအတွက် ခြိမ်းခြောက်မှု မဟုတ်သော်လည်း၊ သူသည် မူရင်း Minor Boss ဖြစ်သော ရှီမုန့်ချင်းနှင့် ပူးပေါင်းလိုက်သည့်အခါ ပျယ်ယွီအတွက် အန္တရာယ်မှာ အဆမတန်ကြီးမားသွားလေတော့သည်။


ချန်ဝူ ပြောပြသော နေရာသို့ ရောက်ရှိချိန်၌ နောက်ကွယ်တွင် တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားလိုက်ရပြီးနောက် သတိလစ်သွားခဲ့ရသည်။ ပြန်လည်နိုးထလာချိန်တွင်မှ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။


ရှီမုန့်ချင်း သူမကို ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။


"ပျယ်ကျီယွဲ့... နင်က အရမ်း သတိကြီးတာပဲ၊ ဒါက ငါ့ကို အံ့ဩစေတယ်”  ရှီမုန့်ချင်း အေးစက်စက်လေသံဖြင့် ဆိုလိုက်သည်။


ပျယ်ယွီသည် မျက်လုံးများကိုပင့်ကြည့်လိုက်ပြီး တည်ငြိမ်သောအကြည့်ဖြင့် ရှီမုန့်ချင်းကို ပြန်လည်စိုက်ကြည့်နေသည်။ စိတ်အတွင်း၌မူ စနစ်ကို အသည်းအသန်အပြစ်တင်နေမိသည်။


"ငါ Boss Room ထဲကို အဖမ်းခံလိုက်ရရုံတင်မကဘဲ၊ အတင်းအကျပ် Cutscene တွေ ကြည့်နေရတယ်၊ သူ မကြာခင် သူ့ရဲ့ သွေးတန်းကို ပြလာတော့မှာ ငါတော့ သေပြီ”


"Host... ကျွန်တော်ကတော့ Host ကို ပြောရရင် ကျွန်တော်သာ Host စိတ်အာရုံကို လျှို့ဝှက်ပြီး မစစ်ဆေးခဲ့ရင် အခုလို Boss Room အထိပါလာမှာ မဟုတ်ဘူး” စနစ်လည်း သူမကို ပြန်လည်တုံ့ပြန်လာလေသည်။


စနစ် ပြန်လည်အားပေးလာပြန်သည်။


"စိတ်မပူပါနဲ့ Host... ကျွန်တော်ကတော့ Host အတွက် Strategy guide (ဂိမ်းကစားနည်း လမ်းညွှန်) တစ်ခုရှာဖွေနေပါတယ်”


"ဘယ်မှာ လမ်းညွှန်သွားရှာနေတာလဲ?" 


၎င်းမှာ ဝတ္ထုတစ်ပုဒ်ဖြစ်ရာ မည်သည့်နေရာ၌ လမ်းညွှန်ရှိနိုင်မည်နည်း?


"Baidu Tieba မှာပါ၊ User တစ်ယောက်ကတော့ Host အနေနဲ့ 'Wind Spirit Moon Shadow Avatar' ကို Activate လုပ်ပြီး 'Awakener' ဖြစ်အောင် လုပ်သင့်တယ်လို့ပြောနေတယ်၊ အဲ့ဒါက ဘာကို ဆိုလိုတာလဲ?"


ပျယ်ယွီ : "..." 


အကယ်၍ သူမသာ ထို Wind Spirit Moon Shadow ကို အသုံးပြုနိုင်လျှင် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို သုတ်သင်လိုက်သည်မှာ ကြာလှပေပြီ။


ပျယ်ယွီသည် အားကိုး၍မရသော စနစ်အား ခဏတာမေ့လျော့ထားရန် ဆုံးဖြတ်လိုက်သည်။


မူရင်းဝတ္ထု၌မူ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့သည် ရှီမုန့်ချင်း၏တိုက်ခိုက်မှုမှ သီသီလေးလွတ်မြောက်ခဲ့ကြရသည်။ ဇာတ်လိုက် ပျယ်ကျင်းသည် သူ့ ကြည်လင်သော ခန္ဓာကိုယ်ကို အသုံးပြု၍ ဇာတ်လိုက်မကို ကုသပေးရင်းမှ ရှီမုန့်ချင်းကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။


မေးစရာရှိသည်မှာ သူမသည် အစ်ကိုဖြစ်သူထံမှ ဆက်ခံထားသော ဤခန္ဓာကိုယ်ဖြင့် ရှီမုန့်ချင်း၏တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါမည်လော?


ရှီမုန့်ချင်းက နောက်ဆုံး၌ ပြုံးလိုက်သော်လည်း သူ့ မျက်နှာမှာ စိတ်နှင့် မကိုက်ညီဘဲ အပြုံးမှာ တောင့်တောင့်ကြီး ဖြစ်နေလေသည်။


"ဒါပေမဲ့ နင်က စိတ်ပျော့လွန်းတယ်၊ ထိုင်အန်းက အသုံးမကျတဲ့ တပည့်လေးတစ်ယောက်အတွက်နဲ့ ဒီထောင်ချောက်ထဲ ကျလာတာပဲ” ဟု ရှီမုန့်ချင်းက ဆိုသည်။


ဤတစ်ပတ်လုံး ရှီမုန့်ချင်းသည် သူမ အားနည်းချက်များကို (၁၃) ကြိမ်တိုင်တိုင် ပြသခဲ့သော်လည်း ပျယ်ယွီက လုံးဝမမိခဲ့ပါပေ။ အခြားတပည့်များခေါ်လျှင်ပင် ပျယ်ယွီက ရပ်တန့်စောင့်ဆိုင်းပေးတတ်သော်လည်း၊ သူမနှင့် ကျမှ ပျယ်ယွီ မမြင်ချင်ယောင် ဆောင်နေခဲ့ခြင်းဖြစ်သည်။


၎င်းမှာ တစ်ခုသာ ဖြစ်နိုင်ပါသည်  ပျယ်ယွီသည် သူမ၏သရုပ်မှန်အစစ်ကို သိရှိနေသဖြင့် သတိထားနေခြင်းသာ ဖြစ်ရမည်။


"နင်က ငါ့ရဲ့ ပုံစံအစစ်ကို မြင်နိုင်ပြီး၊ ငါ မြွေမိစ္ဆာမျိုးနွယ်ရဲ့ လျှို့ဝှက်ရတနာအတွက် ရန်ကျန်းတောင်ကို လာခဲ့တာကိုလည်း သိနေတာဆိုတော့ နင့်မှာ အရည်အချင်းတချို့တော့ ရှိသားပဲ၊ ကျီယွမ် နင့်ကို ရွေးခဲ့တာ မဆန်းပါဘူး”


သူမသည် သူမ၏ မိစ္ဆာအငွေ့အသက်များကို မဖုံးကွယ်တော့ဘဲ၊ သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည့် မိစ္ဆာစွမ်းအင်များကို ဂူတစ်ခုလုံး ပျံ့နှံ့စေလိုက်လေသည်။


"ငါ့ရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့အတွက် နင် သေကိုသေရမယ်” ဟု ရှီမုန့်ချင်းက ကြမ်းတမ်းစွာ ဆိုလိုက်သည်။


ပျယ်ယွီ : "..." 


ငါကတော့ နင်ပဲ အကုန်လုံးကို လာဖွင့်ပြောနေတယ်လို့ ထင်တယ်နော်၊ ငါ ဘာမှတောင် မမေးရသေးဘူးလားလို့ ?


ပျယ်ယွီမှာ အားကိုးရာမဲ့နေသော်လည်း အချုပ်အနှောင်ခံထားရသဖြင့် စကားမပြောနိုင်ပါပေ။ ရှီမုန့်ချင်းသည် သတိမေ့မြောနေသည့် ကျန်းလန်ကို မယူကာ ကျောက်တံခါးကြီးတစ်ခုဆီသို့ ဖိကပ်လိုက်လေသည်။


ကျောက်တံခါး၏ ထိပ်ပိုင်းတွင်မူ မြွေခေါင်းပါရှိသော ကျောက်ရုပ်ကြီးတစ်ခု ရှိပြီး၊ ၎င်း၏ပတ္တမြားရောင် မျက်လုံးများမှာ အောက်ခြေမှ အလင်းကို ပြန်ဟပ်နေသည်။ တံခါးအောက်ခြေတွင်မူ ခွက်ပုံစံ နေရာတစ်ခုရှိကာ ဂမ္ဘီရစာလုံးများဖြင့် ဝန်းရံထားလေသည်။


ရှီမုန့်ချင်းသည် ကျန်းလန်လက်ကောက်ဝတ်ကို ခြစ်လိုက်ရာ သွေးများ ပန်းထွက်လာပြီး ထိုနေရာအတွင်းသို့ စီးဝင်သွားလေသည်။


နာကျင်မှုကြောင့် ကျန်းလန် နိုးလာပြီး ရှီမုန့်ချင်းလက်အတွင်းမှ ရုန်းထွက်ရန် ကြိုးစားလေသည်။


"ငါ့အတွက် မြွေမိစ္ဆာရတနာကိုဖွင့်ပေးဖို့ ယဇ်ကောင်ဖြစ်ရတာကို နင် ဂုဏ်ယူသင့်တယ်” ဟု ရှီမုန့်ချင်း ကျန်းလန်ကို တင်းတင်းကျပ်ကျပ် ကိုင်ဆောင်ရင်း ဆိုသည်။


ကျင့်ကြံမှုအဆင့် ကွာခြားခြင်းနှင့် သွေးထွက်လွန်ခြင်းတို့ကြောင့် ကျန်းလန် ရုန်းမထွက်နိုင်ပါပေ။ သူမ ရုန်းလေ သွေးက ပိုထွက်လေ ဖြစ်နေသဖြင့် မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားလေသည်။ 


သူမသည် ဆေးကုသသူတစ်ဦးပီပီ ရုန်းကန်ခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေမှန်း သိရှိသဖြင့် အသက်ကို အောင့်ထားကာ သွေးလန့်ခြင်းကို သက်သာစေရန် ဝိညာဉ်စွမ်းအားကိုအသုံးပြုနေခြင်းဖြစ်သည်။


တစ်ဖက်တွင်မူ ပျယ်ယွီသည် သူမ ဝိညာဉ်လက်နက်ကို ဖော်ထုတ်ရန် ဝိညာဉ်စွမ်းအားကို အသည်းအသန်လှည့်ပတ်နေသည်။ သူမလက်အတွင်း၌ ကီးဘုတ်ပုံစံမှာ တဖြည်းဖြည်းပေါ်ထွက်လာသည်။


သူမ စိတ်အတွင်းမှ အသည်းအသန်ဆုတောင်းနေမိသည်။


"ငါ့ကို အသံတိတ်တဲ့ Silent keyboard လေးပဲ ပေးပါ!!!"


ဤတစ်ကြိမ်တွင်မူ ပျယ်ယွီလက်အတွင်းရှိ ကီးဘုတ်မှာ ယခင်ကကဲ့သို့ အရောင်အသွေးစုံလင်လှသည်မဟုတ်ဘဲ၊ မှောင်မည်းသော ပတ်ဝန်းကျင်နှင့် တစ်သားတည်းကျနေသည့် အနက်ရောင် ကီးဘုတ်လေး ဖြစ်နေသည်။ သူမသည် အချုပ်အနှောင်ကို ဖြတ်ကျော်ရန် ဝိညာဉ်စွမ်းအားကိုစုစည်းလိုက်လေသည်။


ခဏအကြာတွင်မူ သူမ လက်ချောင်းလေးများမှာ အချုပ်အနှောင်မှ လွတ်မြောက်သွားသည်ကို ခံစားလိုက်ရသည်။ ပျယ်ယွီသည် Spacebar ကိုအလွန်မြန်သော အရှိန်ဖြင့် ရိုက်လိုက်လေသည်။ 


အသံတိတ်ကီးဘုတ်၏အသံသေးသေးလေးမှာ ဂူအတွင်းရှိ ရေစက်ကျသံများကြား၌ ပျောက်ကွယ်နေလေသည်။


စနစ် : "Host... ကျွန်တော်ကတော့ Host ကို မေးရပါလိမ့်မယ်၊ Host ဘာလုပ်နေတာလဲ?"


"အချုပ်အနှောင်ကနေ လွတ်အောင် QTE သုံးနေတာလေ” 


မိနစ်ဝက်ခန့် ရိုက်နှက်ပြီးသည့်နောက်တွင်မူ ပျယ်ယွီသည် တစ်ကိုယ်လုံး ပေါ့ပါးသွားကာ အချုပ်အနှောင်မှ လွတ်မြောက်သွားခဲ့လေပြီ။


ထိုအချိန်၌ပင် ယဇ်ခွက်အတွင်း၌ ကျန်းလန်၏သွေးများ ပြည့်လျှံသွားလေသည်။ ကျောက်မြွေရုပ်ကြီး၏ မျက်လုံးများမှာ နီရဲတောက်လာပြီး၊ ခွေနေသော ကိုယ်လုံးကြီးမှာ တဖြည်းဖြည်း ပွင့်ထွက်သွားကာ ကျောက်တံခါးကြီးမှာ ပွင့်သွားပါတော့သည်။


ရှီမုန့်ချင်း မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုနှင့် လောဘများပြည့်နှက်နေသည်။ သူမသည် လင်းယွင်ဂိုဏ်း၌ နှစ်ပေါင်းရာချီ ပုန်းအောင်းနေခဲ့ပြီးမှ ယခုမှသာ ဤမိစ္ဆာရတနာကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူမသည် သတိမေ့နေသော ကျန်းလန်ကို ဘေးသို့ ပစ်ချလိုက်လေသည်။