⌨ Chapter 9
ထိုအသံကို ကြားလိုက်ရသဖြင့် ပျယ်ယွီ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မော့ကြည့်လိုက်သည်။
ရင်းနှီးသောအသွင်အပြင်ရှိသည့် လူငယ်တစ်ဦး သူမထံသို့ လျှောက်လာသည်။ သူသည် ချောမောပြီး ခေါက်ယပ်တောင်ကို ကိုင်ထားကာ၊ ဆံပင်တွင် ရတနာစီထားသော အလှဆင်ပစ္စည်းကို တပ်ဆင်ထားပြီး သူဝတ်ဆင်ထားသော ဈေးကြီးသည့် အဝတ်အစားများမှာ နေရောင်အောက်တွင် တဖျတ်ဖျတ်တောက်ပြောင်လို့နေသည်။
သူ့နောက်တွင်တော့ အသစ်စက်စက်ဆိုင်းဘုတ်ကြီးတစ်ခုကို ထမ်းလာသော သန်မာသည့် အမျိုးသားနှစ်ဦးပါလာသည်။ ထိုဆိုင်းဘုတ်ပေါ်တွင် ထင်ရှားလှသော စာလုံးကြီး ၈ လုံး ရှိသည်။
'ဘယ်သူမှန်း မသိစေနဲ့၊ အားကြီးသူကို ပိုအားကြီးတဲ့နည်းနဲ့ပြန်တိုက်ပါ'
ပျယ်ယွီ မှတ်ဉာဏ်ထဲပြန်ဝင်လာသည်။ ၎င်းမှာ ဟိုင်ရွှမ်စားသောက်ဆိုင်တွင် သူမ ခဏတာဆုံတွေ့ခဲ့ပြီး၊ သူမထံမှ လူမှုဆက်ဆံ ရေးအတတ်ပညာကို သင်ယူချင်နေသော လူငယ်ပင်။ ဒီလောက်ဆိုင်းဘုတ်အကြီးကြီးလုပ်လိုက်တာကတော့ သူမကို အနည်းငယ် အရှက်ရစေသည်ပင်။ အဆုံးတွင် ထိုစာလုံး ၈ လုံးဆိုသည်မှာ လူငယ်အားလှည့်စားရန် သူမ ဘာသာလုပ်ကြံပြောဆိုခဲ့ခြင်း မဟုတ် ပါလား ??
ထိုအချိန်တွင် လူငယ်က အမျိုးသားနှစ်ဦးဘက်သို့လှည့်ကာ "မင်းတို့နှစ်ယောက် ဒီဆိုင်းဘုတ်ကိုပြန်ယူသွားပြီး တံခါးရှေ့မှာ ချိတ်ထားလိုက်၊ ငါ ခဏနေရင် ပြန်လာခဲ့မယ်”
ဆိုင်းဘုတ်ထမ်းထားသော အမျိုးသားတစ်ဦးက တစ်ခုခုပြောချင်ပုံရသော်လည်း အခြားတစ်ဦးက ကြားဖြတ်တားလိုက်သည်။ "ဟုတ်ကဲ့ပါ သခင်လေး”
"ပြန်ဆုံရပြန်ပြီပေါ့ မိတ်ဆွေ”
လူငယ်သည် အရင်ကနှင့်မတူသော ပျယ်ယွီဝတ်စုံကို အကဲခတ်ကြည့်လိုက်သည်။ သူသည် တစ်ခုခုကိုသဘောပေါက်သွားပုံရပြီး ပြုံးလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ပြန်မိတ်ဆက်ပါရစေ၊ ကျွန်တော်ကတော့ ချန်းလင်းယောင်ပါ”
ပျယ်ယွီ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မကတော့ ပျယ်ကျီယွဲ့ပါ”
ကျီလဲ့မှာမူ တစ်ခုခုကို သတိပြုမိသွားပုံရသည်။ သူ့ မျက်လုံးများပြူးကျသွားပြီး ချန်းလင်းယောင်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ဒုတိယ စီနီယာအစ်ကိုကြီး”
ပျယ်ယွီ ခဏမျှကြောင်သွားပြီးမှ သူ ဘာကို ဆိုလိုသည်ကိုနားလည်သွားသည်။ ချန်းလင်းယောင်သည် ဓားအင်မော်တယ် သခင်ကျီယွမ်၏ ဒုတိယမြောက် တိုက်ရိုက်တပည့်ဖြစ်သည်။ အရင်လိပ်စာမူတွေထဲမှာ သူ့နာမည်ကို သူမ တွေ့ခဲ့ဖူးသည်။
"စီနီယာအစ်ကို” ဟု ပျယ်ယွီ လှမ်းခေါ်လိုက်သည်။
"ညီမလေးပျယ်”
ချန်းလင်းယောင်သည် ပျယ်ယွီအား အထက်အောက်ကြည့်လိုက်သည်။ ကြည့်လေလေ သူ သဘောကျလေလေဖြစ်နေသည်။ သူသည် လက်ကိုဝေ့ယမ်းလိုက်ပြီး သူ့အိတ်ထဲမှ လက်ဆောင်တစ်ခုကိုထုတ်ပေးလိုက်သည်။ ထို့နောက် သူသည် ပျယ်ယွီကို ဆွဲခေါ်သွားပြီး ထိုစာလုံး ၈ လုံး၏အဓိပ္ပာယ်ကို အသည်းအသန်ဆွေးနွေးတော့သည်။
ချန်းလင်းယောင်သည် အလွန်ပညာရပ်ဆန်သော စကားလုံးများကိုသုံးကာ သူ့ နားလည်မှုကို ပျယ်ယွီအား ရှင်းပြနေပြီး၊ ထိုအထဲတွင် အလွန်ခက်ခဲနက်နဲသော ဒဿနဆိုင်ရာ ဆွေးနွေးမှုများပါဝင်နေသည်။ ပျယ်ယွီမှာတော့ လုံးဝဝေခွဲမရ ဖြစ်နေတော့ သည်။ ဘယ်တုန်းကများ ဆဲဆိုနှိမ်ချဖို့အတွက် ဒီလောက်ပညာရပ်ဆိုင်ရာ ဗဟုသုတတွေ လိုအပ်သွားတာလဲ ?
ချန်းလင်းယောင်သည် ပျယ်ယွီနှင့် အကြာကြီးစကားပြောရန် ရည်ရွယ်ထားသော်လည်း လျန်ဖုမှ တပည့်တစ်ဦးက သူမအတွက် သတင်းလာပို့သဖြင့် "ရန်ကျန်းတောင်ကို ပြန်ရောက်ရင်တော့ အသေးစိတ်ထပ်ပြောပြရမယ်နော်” ဟု သူကမူ အလိုမကျစွာ ပြောလိုက်သေးသည်။
"ချန်းလင်းယောင်ကို လင်းယွင်ဂိုဏ်းကိုစေလွှတ်လိုက်တာ အကြောင်းရှိတာပဲ”
ပျယ်ယွီ သက်ပြင်းချလိုက်သည်။ ဆရာသခင်ကျီယွမ်က ဂူထဲမှာပဲ အေးအေးဆေးဆေးနေချင်သော်လည်း၊ ချန်းလင်းယောင်ကမူ သူ့အား အမြဲတမ်းဆွဲထုတ်ပြီး မေးခွန်းတွေ တရစပ်မေးနေတော့တာလေ… ဘယ်သူကများ ရူးမသွားဘဲနေနိုင်မှာတဲ့လဲ?
ကျီလဲ့ ရှင်းပြသည်။
"ဒုတိယ စီနီယာအစ်ကိုက ထီးနန်းဆက်ခံရေး ကိစ္စတွေအတွက် နန်းတော်ကို ပြန်သွားတာလေ၊ သူက လူသားမျိုးနွယ်ရဲ့ တတိယမြောက် မင်းသားလေးပဲ”
"...မင်းသား?" ပျယ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။
ပျယ်ယွီ၏တင်းမာနေသော မျက်နှာကို မြင်ရသဖြင့် ကျီလဲ့လည်း မသိစိတ်ကနေတင်းမာသွားသည်။
“ဒုတိယ စီနီယာအစ်ကိုရဲ့သရုပ်မှန်မှာ တစ်ခုခု မှားနေလို့လား?
ထို့နောက် ပျယ်ယွီက ခေါင်းငုံ့လိုက်ပြီး ချန်းလင်းယောင်ပေးခဲ့သော အိတ်လေးကိုဖွင့်ကြည့်လိုက်သည်။
"သူကတော့ တကယ် ချမ်းသာမှာပဲ၊ ကြည့်ဦး... လက်ဆောင်တွေ ဘယ်လောက်တောင်ပေးထားလဲဆိုတာ”
ကျီလဲ့ : "..."
ကျီလဲ့သည် ခန်းမအပြင်ဘက်မှာစောင့်နေခဲ့ပြီး၊ ပျယ်ယွီကတော့ တပည့်နောက်သို့လိုက်ကာ လက်နက်သွန်းလုပ်ရာအလုပ်ရုံထဲသို့ ဝင်လာခဲ့သည်။ လျန်ဖု၏တောင်ထိပ်သခင်မှာ ယနေ့မရှိချေ။ အကြီးအကဲအနည်းငယ်ကသာ သူတို့ကို လက်ခံတွေ့ဆုံခဲ့ပြီး၊ ထိုအကြီးအကဲများမှာ ပျယ်ယွီစိတ်ကူးထားသလို နတ်ဘုရားဆန်ဆန်ပုဂ္ဂိုလ်များ မဟုတ်ကြပါပေ။
သူတို့မှာ မုတ်ဆိတ်မွှေး ထူထူတွေရှိပြီး၊ အပေါ်အင်္ကျီမဝတ်ကြဘဲ မီးဖိုဘေးမှာ ချွေးတလုံးလုံးဖြင့် ထုရိုက်နေကြကာ၊ ရံဖန်ရံခါတွင် အရက်အိုးကိုမော့သောက်နေကြသည်။ ကြည့်ရတာ ကျင့်ကြံသူတွေထက် လျန်ရှန်းက ဓားပြတွေနဲ့ပိုတူနေသည်။
အကြီးအကဲတစ်ဦး ထရပ်လိုက်သည်၊ သူသည် ပျယ်ယွီထက် ခေါင်းနှစ်လုံးစာခန့် ပိုမြင့်မားသည်။
"ပျယ်မိသားစုက ကောင်မလေးလား?" ဟု သူ ကြမ်းတမ်းသောလေသံဖြင့် မေးလိုက်ပြီး ပြင်းထန်လှသော ဝိညာဉ်ဖိအားကို ထုတ်လွှတ်လိုက်သည်။
"ဟုတ်ပါတယ်၊ တပည့်ပါ”
ပျယ်ယွီ အမူအရာမပျက် ပြန်ဖြေလိုက်သည်။ သူ တွေးမိသည်မှာ လက်နက်သွန်းလုပ်သည့် အခန်းထဲတွင် အပူရှိန်ကအရမ်းပြင်းသဖြင့် အသက်ရှူရတာခက်ခဲနေသည်။
ပျယ်ယွီသည် တည်ငြိမ်နေသည်ကို မြင်ရသည့်အခါ အကြီးအကဲသည် ဝိညာဉ်ဖိအားကိုပြန်ရုပ်သိမ်းလိုက်သည်။ သူ ရယ်မောပြီး ပျယ်ယွီ ပခုံးကိုပုတ်လိုက်သည်။
"ယွင်ဖုန်းကောင်လေး ပြောတာ မှန်သားပဲ၊ ဒီကောင်မလေးက တကယ့်ကို သတ္တိရှိတာပဲ”
"သူက ပျယ်မိသားစုရဲ့ မျိုးဆက်လေ၊ ငါတို့ တွေ့ဖူးသမျှ ပျယ်မိသားစုဝင်တွေထဲမှာ ဒီလို မဟုတ်တဲ့သူ ဘယ်သူရှိလို့လဲ?" အခြားအကြီးအကဲတစ်ဦးက ပြောလိုက်သည်။
"ခင်ဗျားကလည်း ပျယ်လုံနဲ့ဒီကောင်မလေးကလွဲလို့ တခြားသူတွေကို တွေ့ဖူးတဲ့အတိုင်းပဲ”
ပျယ်ယွီ မသိစိတ်ကနေ ပြန်ဖြေလိုက်မိသည်။
"ကျွန်မ လျန်ရှန်းကို သွားမှာ မဟုတ်ပါဘူး”
သူမ ပေါင်ထက်ပင်ပိုကြီးသော လက်မောင်းရှိသည့်အကြီးအကဲက အရက်အိုးကိုယူလာသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ပျယ်ယွီ ပြောသည်ကို နားမလည်ချေ။
"လျန်ရှန်းက ဘာလဲ? ငါတို့က ကျင့်ကြံခြင်းတောင်တန်းမှာ ရှိနေတာလေ၊ သောက်ဦးမလား?"
"မသောက်ပါဘူး၊ ကျွန်မ ခဏနေရင် ဓားစီးပြီးပြန်ရမှာမို့လို့ပါ”
မသောက်နဲ့၊ သောက်ရင် မမောင်းနဲ့ (Don't drink and drive)
သူမ မကူးပြောင်းလာခင်က ကားမရှိခဲ့သလို၊ ကူးပြောင်းလာပြီးတဲ့နောက်မှာလည်း ဓားမရှိပါပေ။ နောင်တရစရာပဲ၊ သူ့ကို ကီးဘုတ်ပေါ် တက်စီးခိုင်းနေတာလား? သူ့အနေနဲ့ WASD နဲ့ Space ခလုတ်တွေကို သုံးပြီး အမြင့်နဲ့ ဦးတည်ချက်ကို ထိန်းချုပ်လို့ ရပေမဲ့၊ ကီးဘုတ်ပေါ်တက်နင်းရမှာလား ? စိတ်နဲ့ ထိန်းချုပ်ရမှာလား ? ဒါကတော့ (၂၁) ရာစု အင်တာနက်စွဲလမ်းသူတစ်ယောက်ရဲ့ Logic နဲ့လုံးဝမကိုက်ညီချေ။
အကြီးအကဲက နှမြောတသဟန်ဖြင့် အိုးပြန်ချလိုက်သည်။
"ကဲ ပြောပါဦး၊ ပျယ်မိသားစုဝင်လေး၊ ငါတို့ နင်ကို ဘာကူညီပေးရမလဲ?"
ပျယ်ယွီသည် သူမ ကီးဘုတ်ကို ဖြည်းဖြည်းချင်းထုတ်လိုက်ပါတော့သည်။
…
ဒီကိစ္စကတော့ အလွယ်တကူပြေလည်သွားခဲ့သည်။ လျန်ဖုမှ အကြီးအကဲများသည် ကီးဘုတ်ခလုတ်ခွံတွေကို တစ်ခါမှ မမြင်ဖူးသော် လည်း၊ သူတို့သည် လင်းယွင်ဂိုဏ်း၏ထိပ်တန်း လက်မှုပညာရှင်များဖြစ်ကြသည်။ ဝိညာဉ်ကျောက်တုံး ခလုတ်ခွံတစ်စုံလုပ်ပေးဖို့က သူတို့အတွက်တော့ အေးဆေးပါပဲ။
ဒီအခွင့်အရေးကိုသုံးပြီး သူတို့သည် ပျယ်ယွီဝိညာဉ်လက်နက် တည်ဆောက်ပုံကို သေသေချာချာလေ့လာခဲ့ကြသည်။ ဤကဲ့သို့ ပုံစံမျိုးရှိသော ဓားကို သူတို့ပထမဆုံး မြင်ဖူးခြင်းဖြစ်သလို "ဓားခွံ" ဆိုသည့် အရာကိုလည်း ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
ခန်းမအပြင်ဘက်ကို ထွက်လာသည့်အခါ ပျယ်ယွီသည် ကျီလဲ့က တစ်နေရာကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ကျီလဲ့၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ.. ၎င်းမှာ ရှီမုန့်ချင်းပင်။ သူမသည် ဘေးဘီကိုသတိဖြင့် ကြည့်နေပြီး၊ သူ့ ရင်ထဲမှာ တစ်ခုခုကို ပိုက်ထားပုံရသည်။ ဘယ်သူမှသတိမထားမိသည်ကို တွေ့သည့်အခါ သူမသည် ထိုအရာကိုလက်အင်္ကျီထဲ ထိုးထည့်လိုက်ပြီး တောင်အောက်သို့ ခိုးကြောင်ခိုးဝှက် ဆင်းသွားတော့သည်။
"စီနီယာအစ်မ၊ ကျွန်မထင်တာတော့ ရှီမုန့်ချင်းမှာ သေချာ ပေါက်ပြဿနာရှိနေပြီ” ကျီလဲ့ လေးနက်စွာပြောလိုက်သည်။
ပျယ်ယွီ တိတ်တဆိတ် မျက်လုံးလှန်လိုက်သည်။ ကျီလဲ့က တကယ်ကြီး အသေစောချင်နေတာလား?
"ငါ ဒါကို ဆရာသခင်ကို သတင်းပို့လိုက်မယ်၊ ဆရာသခင်က ဘာလုပ်ရမလဲဆိုတာ သိမှာပါ၊ နင် နောက်ယောင်ခံလိုက်နေစရာမလိုဘူး” ပျယ်ယွီက ပြောလိုက်သည်။
"အကယ်၍ သူ တကယ်ပဲ တစ်ခုခုလုပ်ခဲ့တယ်ဆိုရင်တောင်၊ အဲ့ဒါက ငါတို့ ထိန်းချုပ်နိုင်တဲ့အဆင့် မဟုတ်တာ ရှင်းနေတာပဲ”
ကျီလဲ့ ခေါင်းညိတ်ပြလိုက်ပြီး၊ ပျယ်ယွီ စကားကိုနောက် ဆုံး၌ နားဝင်သွားပုံရသည်။ သို့သော်လည်း ရန်ကျန်းတောင်ကိုပြန်ရောက်သည့်အခါ ပျယ်ယွီသည် ဆရာသခင်ကို သတင်းပို့ဖို့ လုံးဝမေ့သွားခဲ့သည်။
ချန်းလင်းယောင်သည် ကတိအတိုင်း ပျယ်ယွီဆီလာခဲ့ပြီး သူမကို သူ့ ကျောက်ဂူသို့ လက်ဖက်ရည်သောက်ရန်ဖိတ် ကြားခဲ့သည်။ ချန်းလင်းယောင် ကျောက်ဂူမှာ အပြင်ဘက်က ကြည့်လျှင်ပင် အလွန်ခမ်းနားထည်ဝါပြီး၊ မင်းသားတစ်ပါး ၏ချမ်းသာကြွယ်ဝမှုဖြင့် တည်ဆောက်ထားမှန်း သိသာလှသည်။
တံခါးပေါ်ရှိ ဆိုင်းဘုတ်ပေါ်က ရွှေရောင်စာလုံး ၈ လုံးမှာ အေးစက်စက် အရှိန်အဝါများထွက်ပေါ်နေပြီး လူတွေကို ကြောက်ရွံ့စေသည်။ ဖြတ်သွားသော တပည့်အချို့မှာ ထိုစာလုံးများကိုမြင်ပြီး ကြောက်လန့်သွားကြကာ ထိုစာလုံးများကို အော်ဟစ်ရွတ်ဆိုနေကြသည်။ ပျယ်ယွီကမူ ထူးဆန်း သောအရှက်ရမှုကို ခံစားရသဖြင့် အကြည့်လွှဲလိုက်မိသည်။
"ညီမလေးပျယ်၊ ကျွန်တော် အခုထိ 'အရည်အချင်း' ဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲဆိုတာ သေချာ နားမလည်သေးဘူး၊ ပြီးတော့ ဘာလို့ အဲ့ဒါက မကောင်းတဲ့ နိမိတ် ဖြစ်နေရတာလဲ?"
ပျယ်ယွီသည် လက်ဖက်ရည်ကို အေးအေးဆေးဆေး တစ်ငုံသောက်လိုက်ပြီး ရှင်းပြဖို့ မလောပါပေ။
"ဒုတိယ စီနီယာအစ်ကို၊ အရမ်း မလောပါနဲ့ဦး”
နောက်ကျရင် ရှင် လောရတော့မှာပါ။
"ကျင့်ကြံသူတွေအနေနဲ့ ကျွန်မတို့အားလုံးရဲ့ကောင်းကျိုးကို ရှေးရှုရမှာမို့လို့၊ ကျွန်မက ဗဟုသုတနဲ့ အရည်အချင်းတွေကို မျှဝေပေးချင်တာပါ၊ အားလုံး အတူတူ သင်ယူနိုင်အောင်ပေါ့”
ချန်းလင်းယောင်က ပျယ်ယွီကို ချီးကျူးသော အကြည့်ဖြင့် ကြည့်ကာ နောက်ထပ် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ညီမလေး ပြောတာ မှန်တယ်၊ ကျင့်ကြံသူတွေက အရင်ဆုံး စိတ်ကိုကျင့်ကြံရမယ်၊ နောက်မှ တာအိုလမ်းစဉ်ကို ကျင့်ကြံရတာ၊ အတူတူ တိုးတက်မယ့် နည်းလမ်းရှိရင်တော့ ဗဟုသု တတွေကို မျှဝေပေးရမှာပေါ့”
"ဒါကြောင့် ကျွန်မက လျှို့ဝှက်အပြန်အလှန်ဆွေးနွေးပွဲတစ်ခု လုပ်ချင်တာပါ”
"အပြန်အလှန် ဆွေးနွေးပွဲ? အဲ့ဒါက ဘာလဲ?"
ချန်းလင်းယောင်က ထိုအသုံးအနှုန်းသစ်ကို မေးလိုက်သည်။
"ဒါကတော့ ရေရှည်ဟောပြောပွဲတွေနဲ့ ဆင်တူတယ်၊ ကျွန်မတို့ဆီကနေ ဖိတ်ကြားစာရတဲ့သူတွေပဲ အဖွဲ့ဝင်ဖြစ်ခွင့်ရမှာပါ”
"ညီမလေးကတော့ ဗဟုသုတ အရမ်းစုံတာပဲ”
ချန်းလင်းယောင်က အားကျစွာ ပြောလိုက်သည်။ ပျယ်ယွီကမူ နှိမ့်ချစွာပဲ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ဒါကတော့ ရှေးခေတ်လူတွေရဲ့ ကောင်းကွက်ပါပဲ၊ သူတို့ရဲ့ ချီးကျူးမှုတွေက တကယ့်ကိုစစ်မှန်လှသည်။
"ကျွန်မတို့ အရင်ဆုံး ရန်ကျန်းတောင်က တပည့်တချို့ကို ရွေးပြီး ဒီဆွေးနွေးပွဲထဲထည့်လို့ရပါတယ်၊ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ သူလျှိုတွေ မပါလာအောင်တော့ သေ သေချာချာ စိစစ်ရမယ်နော်”
တစ်ချိန်တည်းမှာပင် သူ့ စိတ်ထဲမှာတော့ သက်ပြင်းချနေမိသည်။
"ဟူး... ဝိညာဉ်ကျောက်တုံးတွေ သုံးပြီး ခလုတ်ခွံလေး နည်းနည်း လုပ်လိုက်တာတောင် ပိုက်ဆံကုန်လုနီးပါးဖြစ်သွားပြီ”
အေးအေးဆေးဆေး နေနေသော စနစ်မှာ ချက်ချင်းသတိဝင်လာသည်။ သူ့ Host မှာ နောက်ထပ် ပြဿနာတစ်ခု ရှာတော့မည်မှာ သေချာလှသည်။
"Host... ကျွန်တော်ကတော့ Host ကို သတိပေးရပါလိမ့်မယ်၊ Host အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံး အနည်းဆုံးတစ်ရာ ကျန်သေးတယ်လေ၊ ပြီးတော့ တောင်ထိပ်အသီးသီးက ပေးတဲ့ လက်ဆောင်တွေနဲ့ဆိုရင် Host ပိုက်ဆံ လုံးဝမပြတ်လပ်ပါဘူး”
"ငါ့မှာ ပိုက်ဆံရှိတာနဲ့ တခြားသူတွေကို ပိုက်ဆံပြတ်လပ်အောင် လုပ်ချင်တာနဲ့ ဘာဆိုင်လို့လဲ ? ရန်ကျန်းတောင်ထိပ်ကို ပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့ဆိုရင် အလုပ်သမားတွေက အရင်ဆုံး ပိုက်ဆံပြတ်လပ်နေရမယ်၊ အဲ့ဒါမှ သူတို့က ငါ့အတွက် ပိုက်ဆံရှာဖို့ ကြိုးစားကြမှာလေ၊ ပြီးတော့ အဲ့ဒီပိုက်ဆံတွေကို ငါ့ဆီမှာပဲ ပြန်သုံးကြမယ်ဆိုရင် ဒါ အောင်မြင်တဲ့ စီးပွားရေးစက်ဝန်းတစ်ခုပဲ”
"အေးလာပြီဆိုတော့... လယ်ကွင်းထဲက ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းရမယ့် အချိန်ရောက်ပြီပေါ့ ”
ပျယ်ယွီက စနစ်ကို အေးစက်စက် ပြောလိုက်ရာ သူမ၏ အရင်းရှင် ဗီဇများမှာပေါ်ထွက်လာတော့သည်။
စနစ်သည် ပျယ်ယွီကို မီးသီးမှာဇောက်ထိုးဆွဲထားချင်သည့် စိတ်ကို အောင့်ထားလိုက်ပြီး တိတ်တဆိတ်သာ နေလိုက်တော့သည်။
"ဒါဆို ဘယ်လိုလုပ်ကြမလဲ ?"
ချန်းလင်းယောင်က မေးလိုက်သည်။ အပြင်ပန်းမှာတော့ ပျယ်ယွီသည် ဖြောင့်မတ်သော အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။
"ဝင်ကြေးအနေနဲ့ ဝိညာဉ်ကျောက်တုံး အနည်းငယ် ကောက်ရမယ်” ပျယ်ယွီ လက်ဖက်ရည် ထပ်သောက်လိုက်သည်။
ချန်းလင်းယောင် ခဏမျှသတိဝင်လာသည်။ တကယ်လို့ ပိုက်ဆံတွေ ပါလာမယ်ဆိုရင် ဒီကိစ္စက ပြောစရာဖြစ်သွားနိုင်သည် မဟုတ်ပါလား? ဒါ သူတို့ရဲ့ ဗဟုသုတကိုအခမဲ့ မျှဝေပေးချင်တဲ့ စိတ်ကူးနဲ့လည်း ဆန့်ကျင်နေသလိုပဲ။
သူ မော့ကြည့်လိုက်သည့်အခါ ပျယ်ယွီသည် သူ့ရှေ့တွင် ထိုင်နေသည်။ နေရောင်ခြည်မှာ သူမ ပခုံးထက်သို့ ကျရောက်နေပြီး၊ သူမ မျက်လုံးများမှာအေးစက်ကာ လောကီကိစ္စတွေနဲ့ ကင်းကွာနေသယောင်ရှိသည်။ ကြည့်ရတာ ဘာကိစ္စမှ သူမရဲ့ မျက်လုံးထဲဝင်မည့်ပုံ မပေါ်ပေ။ သူမဟာ လောကီရေးရာတွေနဲ့ကင်းကွာနေတဲ့သူတစ်ယောက်လိုပင်။
ချန်းလင်းယောင် အနည်းငယ် အရှက်ရသွားသည်။ ပျယ်ယွီကလောကီပစ္စည်းတွေကြောင့် စိတ်လှုပ်ရှားသွားမယ်လို့ သူ ဘယ်လိုများ သံသယဝင်မိပါလိမ့် ?
ပျယ်ယွီက စတင်ရှင်းပြသည်။
"ဝိညာဉ်ကျောက်တုံးတွေဆိုတာ အပြင်ပန်းပစ္စည်းတွေပါ၊ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို စမ်းသပ်ဖို့အတွက် အကောင်းဆုံးပဲ၊ ဒီကျောက်တုံးတွေကို ရန်ကျန်းတောင်ပိုပြီး တိုးတက်ဖို့အတွက် ငါတို့ သိမ်းဆည်းထားလို့ရတာပေါ့”
ပျယ်ယွီ ထိုသို့ပြောသည်ကို ကြားရသည့်အခါ ချန်းလင်းယောင်က သူမ စိတ်ဓာတ်မှာ သူ့ထက် များစွာသာလွန်သည်ဟု ပိုခံစားလိုက်ရသည်။
"ညီမလေး၊ ဒါဆို ဝင်ကြေးကို ဘယ်လောက်ကောက်ရင် အဆင်ပြေမလဲ ?"
ပျယ်ယွီ လက်ညှိုးလေး တစ်ချောင်း ထောင်ပြလိုက်သည်။
"ဝိညာဉ်ကျောက်တုံး တစ်တုံးလား?" ချန်းလင်းယောင်က ခေါင်းညိတ်ပြသည်။
"အဲ့ဒီဈေးကတော့ တကယ့်ကို တရားမျှတပါတယ်”
ပျယ်ယွီ ခေါင်းခါပြလိုက်သည်။
"ဆယ်တုံးလား ?"
ချန်းလင်းယောင် အနည်းငယ် တွေဝေသွားသော်လည်း "တကယ်လို့ သူတို့ ကြိုးစားမယ်ဆိုရင်တော့ ဆယ်တုံးဆိုတာ ရှာလို့ရမှာပါ”
ပျယ်ယွီ နှုတ်ခမ်းနီလေးများက အနည်းငယ်ဟသွားသည်။
"တစ်ရာ”
"?!"
သာမန်ကျင့်ကြံသူတစ်ယောက်အတွက် ဝိညာဉ်ကျောက်တုံး တစ်ရာဆိုသည်မှာ နှစ်ပေါင်းများစွာ စုဆောင်းရမည့် ပမာဏဖြစ်သည်။ ဘယ်သူကများ သူတို့ရဲ့အဖွဲ့ထဲဝင်ဖို့ ထိုမျှလောက်အထိ ပေးချင်ပါ့မည်နည်း? ချန်းလင်းယောင်၏ မျက်နှာမှာ နီမြန်းလာပြီး ပါးစပ်က ဟလိုက်၊ ပိတ်လိုက် ဖြစ်နေသော်လည်း ဘာပြောရမှန်းမသိတော့ပေ။
"...အဲ့ဒါ နည်းနည်း ဈေးမကြီးလွန်းဘူးလား?"
"စိတ်မပူပါနဲ့ စီနီယာအစ်ကို”
ပျယ်ယွီက သူ့ ပုံမှန်အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"သူတို့က တစ်ခါတည်း အပြည့်ပေးစရာ မလိုပါဘူး၊ လစဉ် လစဉ် နည်းနည်းစီ ခွဲပေးလို့ရတာပဲ”
"ဒါက ဈေးကြီးလို့သာ၊ သင်ယူချင်တဲ့သူတွေက တကယ်ပဲ အလေးအနက်ထားပြီး လေ့လာကြမှာလေ၊ ဒါ့အပြင် ဒီကျောက်တုံးတွေကို ကျမတို့က ကိုယ်ကျိုးအတွက် သုံးမှာမှ မဟုတ်တာ”
ချန်းလင်းယောင် ခဏမျှစဉ်းစားလိုက်ပြီးနောက် ပျယ်ယွီ ပြောတာ အကျိုးအကြောင်း ခိုင်လုံသည်ဟု ခံစားလိုက်ရသည်။
"ဒါဆို ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ်၊ ညီမလေး၊ ပင်ပန်းသွားပြီနော်”
သူက ဘာမှ မလုပ်ရသေးသလို ခံစားရသဖြင့် ထိုအလုပ်ကို ချက်ချင်း တာဝန်ယူလိုက်တော့သည်။
"စကားပြောမယ့် သူက ကျွန်မ ဆိုတာကိုတော့ တခြားတပည့်တွေကိုလျှို့ဝှက်ပေးထားပါနော် စီနီယာအစ်ကို”
"ကျွန်မ အရမ်းကြီး လူသိမခံချင်ပါဘူး၊ တခြားသူတွေကို ကူညီပေးနိုင်ရင်ပဲ ကျေနပ်ပါပြီ”
ရှီမုန့်ချင်းသာ သိသွားရင် တခြားတပည့်တွေကို သူမဆွေး နွေးပွဲမတက်ဖို့ တိုက်တွန်းနေမှာ စိုးရသဖြင့် အေးအေးဆေး ဆေးနေတာက ပိုကောင်းလိမ့်မည်။
ချန်းလင်းယောင်က နားလည်သလို ခေါင်းညိတ်ပြလိုက်ပြီး၊ ပျယ်ယွီကို ချီးကျူးသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။ ညီမလေးပျယ်ရဲ့ တခြားသူတွေအပေါ် ငဲ့ညှာတတ်မှုနဲ့ တည်ငြိမ်မှုတွေက ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်မယ့်သူတစ်ယောက်ရဲ့အရည်အချင်းတွေပဲ! သူမဟာ ရက် စက်တဲ့ ဓားလမ်းစဉ်မှာ သေချာပေါက်နက်နဲတဲ့ အသိဉာဏ်တွေကို ရရှိမှာပဲ။
ချန်းလင်းယောင်နဲ့ ဆွေးနွေးပြီးနောက်၊ ပျယ်ယွီသည် ချန်းလင်းယောင် ပေးလိုက်သော လက်ဖက်ရည်ကို ကိုင်ကာ သူမ ကျောက်ဂူဆီသို့ လျှောက်လာစဉ်၊ ကျော့ရှင်းလှပသောပုံရိပ်တစ်ခု သူမဆီ လျှောက်လာသည်ကိုတွေ့လိုက်ရသည်။
ရှီမုန့်ချင်းသည် အနည်းငယ် စိုးရိမ်နေပုံရပြီး၊ ခဏခဏ နောက်လှည့်ကြည့်နေသဖြင့် ပျယ်ယွီ သူမဆီ လျှောက်လာသည်ကိုပင် သတိမပြုမိပါပေ။ ပျယ်ယွီနှင့်တိုက်မိပြီးနောက် တွင်မှ ရှီမုန့်ချင်းမျက်နှာမှာ တင်းမာသွားပြီး၊ အသံတိုးတိုးဖြင့် နှုတ်ဆက်ကာ ပျယ်ယွီဘေးမှ အလျင်အမြန် ကျော်ဖြတ်သွားတော့သည်။
...ဒီနေ့ သူနဲ့ တိုက်မိတာ အကြိမ်ပေါင်းမနည်းတော့ဘူးပဲ။