Ch 22
Viewers 13k

အခန်း (၂၂) အမေ ကျွန်မတို့ ဘယ်သွားနေကြတာလဲ

 

နောက်တစ်နေ့တွင် ကျီကျောက်သည် အေးချမ်းစွာ အနားယူအိပ်စက်ပြီးနောက် လန်းဆန်းသွားခဲ့သည်။

 

အိပ်ယာခင်းကို သိမ်းဆည်းပြီးတာနဲ့ ကျီကျောက်သည် စားစရာရှာဖွေဖို့ အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေပါပြီ။

 

သူမသည် ခြင်းတောင်းကို ကျောပိုးပြီး တောင်ပေါ်တက်သွားခဲ့သည်။ နာရီဝက်မပြည့်မီမှာပင် သူမသည် မျောက်ဥ ခြင်းတစ်ဝက်စာလောက် တူးယူခဲ့ပြီးဖြစ်သည်။

 

ထို့နောက် သူမသည် မြစ်သို့ တစ်ဖန် သွားခဲ့ပြီး တောဘဲဥ ခြောက်လုံးကို ကောက်ယူနိုင်လောက်အောင် ကံကောင်းခဲ့သည်။

 

ထိုအချိန်တွင်၊ ရှန်းမိသားစုခြံဝင်း။

 

ကျောက်လန်ဟွာသည် မိသားစုအတွက် မနက်စာ ပြင်ဆင်ဖို့ မီးဖိုချောင်ဝင်ပြီး အလုပ်များနေခဲ့သည်။ သူမသည် ကျီကျောက်၏ ဒဏ်ရာအတွက် စိတ်ပူလွန်းတာကြောင့် သူမအတွက် အထူးစပါယ်ရှယ် အရိုးစွပ်ပြုတ်ခေါက်ဆွဲပေးဖို့ ပြင်ဆင်နေခဲ့သည်။

 

“အမေ ဘာချက်နေတာလဲ။ အနံ့က အရမ်းမွှေးတယ်” ဒုတိယမရီးရှန်းသည် ကန့်လန့်ကာကိုဖွင့်ပြီး မီးဖိုချောင်ထဲသို့ ခပ်ပြုံးပြုံး ဝင်လာခဲ့သည်။

 

“စောစော နင့်အစ်ကိုကြီးက ဝက်ရိုးနှစ်ချောင်း လူကြုံနဲ့ ထည့်ပေးလိုက်တယ်လေ၊ ဒါ့ကြောင့် ငါ အရိုးစွပ်ပြုတ်လုပ်နေတာ” ကျောက်လန်ဟွာက ရိုးရိုးတန်းတန်း ပြန်ဖြေလိုက်သည်၊ “ဒုတိယချွေးမ၊ ပန်းကန်တွေထဲ မြန်မြန်ပြင်ဆင်ပြီး ထည့်ပေးချေ”

 

“ဟုတ်ကဲ့” ဒုတိယမရီးရှန်းသည် အရိုးစွပ်ပြုတ်သောက်ရမည်ဟု ကြားရသောအခါတွင် သူမ၏ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

 

“အမေ အိမ်မှာရှိလား” တံခါးရှေ့မှာ ရပ်နေတဲ့ ကျီကျောက်က လက်မြောက်ပြီး ပိတ်ထားတဲ့ တံခါးကို ခေါက်လိုက်သည်။

 

“ငါ မီးဖိုချောင်ထဲမှာ၊ အာ့ထောင်လား၊ ဒီကိုသာ တန်းလာခဲ့ချေ” ကျောက်လန်ဟွာက လျင်မြန်စွာ ပြန်ဖြေခဲ့ပြီး ဒုတိယမရီးရှန်းကို ပြောလိုက်သည်၊ “ဒုတိယချွေးမ၊ နောက်တစ်ပန်းကန် ထပ်ပြင်ချေ”

 

“အိုး…” ဒုတိယမရီးရှန်းက နောက်ထပ် ပန်းကန်လုံး တစ်လုံးကို လှမ်းယူရင်း မကျေနပ်သလို တိုးတိုးလေး အသံပြုလိုက်သည်။

 

ဒီကျီကျောက်က တကယ်ကံကောင်းလွန်းတယ်။

 

ကျောက်လန်ဟွာက သူမကို လျစ်လျူရှုပြီး ခေါက်ဆွဲတွေကိုသာ ဆက်ပြုတ်နေခဲ့သည်။

 

ကျီကျောက်သည် ခြင်းတောင်းကျောပိုးပြီး မီးဖိုချောင်ထဲ ဝင်လာခဲ့သည်၊ “အမေ ကျွန်မ မျောက်ဥတွေ အများကြီး တူးလာတယ်၊ ပြီးတော့ တောဘဲဥတွေကိုလည်း ကောက်ရခဲ့သေးတယ်။”

 

“တကယ်လား” ဒုတိယမရီးရှန်း၏ မျက်လုံးမျာ အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့သည်။ သူမသည် ကျီကျောက်၏ နံဘေးသို့ လျင်မြန်စွာ လျှောက်သွားကာ စူးစူးစမ်းစမ်း ကြည့်လိုက်သည်။

 

“ဟုတ်တယ်” ကျီကျောက်သည် ပျော်ရွှင်စွာ ပြုံးလိုက်သည်၊ “ကျွန်မ ဒီနေ့ ဒီလောက် ကံကောင်းလိမ့်မယ်လို့ မထင်ထားဘူး။”

 

“အခု အလုပ်ရှုပ်နေတာတွေ ရပ်လိုက်တော့၊ နင် လက်သွားဆေးချေ၊ ပြီးရင် အတူတူစားကြမယ်” ကျောက်လန်ဟွာက ခပ်မြန်မြန် ပြောလိုက်သည်။

 

“… ဟုတ်ကဲ့၊ ကျေးဇူးပါ အမေ”

 

မနက်အာရုဏ်တက်ချိန်ကျော်တွင် ရှန်းမိသားစု၏ ပင်မအခန်းရှိ လေးထောင့်စားပွဲတွင် လူတိုင်း ဝိုင်းစုထိုင်ကြသည်။

 

ရှန်းတာ့ရှန်သည် ရှုပ်ထွေးနေသော အကြည့်များဖြင့် ထောင့်နားတွင် ထိုင်နေသော ကျီကျောက်ကို လှမ်းကြည့်လိုက်သော်လည်း အဆုံးတွင် ဘာမှမပြောပေ။

 

“မနေ့က အာ့ထောင်သာ ငါ့ကို မကယ်ခဲ့ဘူးဆိုရင် ငါ သေနေလောက်ပြီ” ကျောက်လန်ဟွာက ခဏလောက် စဉ်းစားပြီး အသံတိုးတိုးဖြင့် ပြောလာခဲ့သည်၊ “ငါတို့ အတိတ်က အကြောင်းတွေကို ပြန်မပြောတော့ဘူး။ အခုကနေ စပြီး အာ့ထောင်က ငါတို့မိသားစုနဲ့အတူ စားလိမ့်မယ်၊ ကန့်ကွက်ချင်တဲ့သူရှိရင် ငါ့ကို လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိတယ်။”

 

လူတိုင်း နားလည်မှုဖြင့် တိတ်တဆိတ်သာ ရှိနေခဲ့သည်။ နောက်ဆုံး၌ ကျောက်လန်ဟွာသည် ရှန်းမိသားစုတွင် နောက်ဆုံး ပြောရေးဆိုခွင့်သူ ဖြစ်လေသည်။

 

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့သူ မရှိဘူးဆိုတော့ ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြတာပေါ့၊ အားလုံးပဲ စားကြရအောင်”

 

တစ်ညလုံး ကျိုထားတဲ့ အရိုးစွပ်ပြုတ်ဟာ အလွန်အနံ့မွှေးပြီး အရသာရှိလှသည်။

 

ခပ်ထုပ်ထုပ်ခေါက်ဆွဲလေးကို အရိုးစွပ်ပြုတ်ထဲ စိမ်ထားပြီး အရသာရှိသော မျှစ်ချဉ်လေးနှင့် ကြက်ဥကြော်လေးကိုပါ ပေါင်းစပ် တည်ခင်းထားပါသည်။ မတူညီသော အရသာသုံးမျိုးသည် ရူးသွပ်လောက်ဖွယ် အရသာရှိသော မနက်စာလေးကို ရရှိခံစားရစေသည်။ ခေါက်ဆွဲလေးကို စားပြီး စွပ်ပြုတ်ရည်လေးကို တစ်ငုံလောက် သောက်လိုက်ပါ၊ အရသာက အရမ်းကောင်းမွန်ပြီး ပြောစရာစကားပင် ပျောက်ရှသွားစေပါလိမ့်မည်။

 

“အပြင်က နေရဲ့ အရိပ်အခြည်ကို ကြည့်ရရင် ဒီနေ့က အခြားနေ့တွေထက်ပိုပြီး ပူလိမ့်မယ်” ရှန်းတာ့ရှန်က အရင် စားသောက်ပြီးစီးသွားပြီး သူ့ပန်းကန်တွေ တူတွေကို ချလိုက်သည်။ သူက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်၊ “တတိယသား၊ မင်း အဖေနဲ့အတူ အပြင်လိုက်ရလိမ့်မယ်။ အဖေတို့တွေ လယ်တစ်ဧကခွဲလောက် ရေလောင်းနိုင်ဖို့ ကြိုးစားရမယ်။”

 

“ဟုတ်ကဲ့”

 

“ဒုတိယချွေးမ၊ ငါ့ကို နေ့လည်စာအတွက် ကူပြင်ပေးဦး၊ မျောက်ဥ အနည်းငယ် အခွံခွာပြီး မှိုခြောက် နည်းနည်း ရေဆေးပြီး ချက်ထားလိုက်ချေ” အပြင်မထွက်ခင် ကျောက်လန်ဟွာက ဒုတိယမရီးရှန်းကို ပြောပြီး ကျီကျောက်ကို လှည့်ကြည့်လိုက်သည်၊ “သွားကြရအောင်”

 

“အမေ၊ ကျွန်မတို့ ဘယ်သွားကြမှာလဲ” ကျီကျောက်က အလွန်ပဟေဠိဖြစ်သွားခဲ့သည်။

 

“နင့်မိသားစုအိမ်ကို ပြန်သွားကြမလို့လေ” ကျောက်လန်ဟွာက ခပ်တည်တည် ပြောလိုက်သည်၊ “အဲ့နေရာမှာ ရူးကြောင်ကြောင် ရပ်မနေနဲ့။ မြန်မြန်သွားပြီး မြန်မြန်ပြန်လာရမယ်၊ ငါတို့ နေ့လည်စာစားချိန် အချိန်မီ ပြန်လာရမယ်။”

 

ကျီကျောက် နာခံမှုရှိစွာ ခေါင်းညိတ်ပြီး သူမနောက်ကို လိုက်သွားခဲ့သည်။

 

သမီးယောက္ခမနှစ်ယောက်သား တစ်စုံတစ်ယောက်ရဲ့ တားဆီးမှုကြောင့် မရပ်တန့်ခင် နှစ်မိုင်လောက် လမ်းလျှောက်ခဲ့ပြီးဖြစ်သည်။