Ch 4
Viewers 2k


အခန်း (၄) - မမျှော်လင့်ထားသော ဖုန်းခေါ်ဆိုမှု


ဖုန့်ချင်းစီက သေချာရှင်းပြသည် "ဟိုဘက်လမ်းမှာ၊ မင်းစာရေးကိရိယာတွေ ဝယ်တဲ့ ဆိုင်နားကလေ။ ဆိုင်ရှင်က မင်းဖုန်းပြင်တာ တစ်ပတ်ကြာမယ်လို့ ပြောတယ်။"


ဖုန့်ချင်းယီက ခေါင်းညိတ်လိုက်သည်။ "သိပြီ၊ ရရင် ငါကိုယ်တိုင် သွားယူလိုက်မယ်။"


ဖုန်းပြင်ဆိုင်ရှင်က ပြင်ဆင်ခကို ဘာလို့ တစ်ဝက်လျှော့ပေးပြီး ဒီဖုန်းကို ရောင်းပေးလိုက်တာလဲ။


သူက ဒီဖုန်းရဲ့ လျှို့ဝှက်ချက်ကို သိနေလား။


သူမ ထိုဆိုင်ရှင်ဆီ သွားပြီး အခြေအနေကို စုံစမ်းလို့ ရနိုင်သည်။


ဖုန့်ချင်းယီ ဖုန်းကိုယူပြီး ပြန်ထွက်သွားသည်။


ဖုန့်ချင်းစီက နောက်ကနေ လှမ်းအော်သည် "နင် ဘယ်သွားဦးမလို့လဲ။"


"လမ်းလျှောက်ထွက်မလို့။" ဖုန့်ချင်းယီရဲ့ အသံနဲ့အတူ တံခါးက ဒုန်းခနဲ ပိတ်သွားသည်။


ဖုန့်ချင်းစီ ပြောတဲ့ ဖုန်းပြင်ဆိုင်ကို ရောက်တော့ ဖုန့်ချင်းယီက ဆံပင်ဖြူနေတဲ့ အဘိုးအိုတစ်ယောက်က ဖုန်းပျက်တွေကို စီနေတာ တွေ့လိုက်ရသည်။


ဖုန့်ချင်းယီက သူ့ဆီ လျှောက်သွားပြီး မေးလိုက်သည်။ "ဆိုင်ရှင်လား မသိဘူး။"


ဆိုင်ရှင်က မော့ကြည့်ပြီး ပြန်ဖြေသည်။ "ဟုတ်တယ်၊ ဘာကိစ္စလဲ။"


"ကျွန်မ မေးစရာရှိလို့၊ ဒီဖုန်းအကြောင်း ရှင်သိလား။" ဖုန့်ချင်းယီက ဖုန်းကို ထုတ်ပြလိုက်သည်။


ဆိုင်ရှင်က ဖုန့်ချင်းယီရဲ့ လက်ထဲက ဖုန်းကို ယူလိုက်ပြီး ပြောလိုက်သည်။ "စခရင် လဲဖို့ လာတာလား။ ခဏလေးစောင့်၊ ငါ ချက်ချင်း လဲပေးမယ်။"


"မဟုတ်ဘူး၊ ကျွန်မ စခရင် လဲဖို့ လာတာ မဟုတ်ဘူး၊ ဒီဖုန်းကို ရှင်အရင်က မြင်ဖူးလားလို့ မေးမလို့ လာတာ။"


"နင် စခရင် လဲဖို့ လာတာလား၊ ငါ နားလည်ပြီ၊ ငါ ချက်ချင်း လုပ်ပေးမယ်။"


"မဟုတ်ဘူး၊ ကျွန်မစကားကို သေချာ နားထောင်ပေးပါဦး။"


"အိုကေ၊ စခရင် လဲမယ်၊ အခု ဟုတ်လား။"


"..." သူမ တကယ် စခရင် လဲဖို့ လာတာ မဟုတ်ဘူး၊ အခြေအနေ အကျိုးအကြောင်းကို လာပြီး စုံစမ်းမေးမြန်းချင်ရုံပဲ။


ဆိုင်ရှင်က စလုပ်နေပြီ၊ သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်လို့ ဖုန့်ချင်းယီ သေချာ မမြင်လိုက်ခင်မှာပဲ သူက ဖုန်းကို ပြန်ပေးလိုက်သည်။


"စခရင် လဲပြီးပြီ၊ သွားလို့ရပြီ။"


ဖုန့်ချင်းယီက ဖုန်းကို သေချာ ကြည့်လိုက်တော့ ဘာမှ ပြောင်းလဲသွားတာ မရှိဘူး။


"ဆိုင်ရှင်၊ ကျွန်မ မေးစရာရှိလို့၊ ရှင် ဒီဖုန်းကို အရင်က မြင်ဖူးလား။"


ဆိုင်ရှင်က ခေါင်းငုံ့ပြီး ကောင်တာကို သန့်ရှင်းရေးလုပ်နေ၏၊ ဖုန့်ချင်းယီကို လုံးဝ ဂရုမစိုက်ဘူး။


ဖုန့်ချင်းယီက ထပ်မေးသည်။ "ဆိုင်ရှင်၊ စခရင် လဲတာ ဘယ်လောက်လဲ။"


"စခရင် လဲတာ။ ဘာ စခရင် လဲတာလဲ။ နင့်ဖုန်းက ကောင်းနေတာပဲ မဟုတ်လား။" ဆိုင်ရှင်က ဖုန့်ချင်းယီကို အံ့ဩတကြီး ကြည့်လိုက်သည်။


ဖုန့်ချင်းယီက မတတ်နိုင်တော့ပေ။ "ရှင်အခုလေးတင် ကျွန်မကို စခရင် လဲပေးလိုက်တာ၊ ဘယ်လောက်လဲ။"


"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့၊ ငါ အခုလေးတင် ဒီမှာ ထိုင်နေတာ၊ ငါ နင့်စခရင်ကို ဘယ်တုန်းက လဲပေးလိုက်တာလဲ။ တခြား ဘာမှ မရှိတော့ရင် မြန်မြန်သွားတော့၊ ငါ့ကို အနှောင့်အယှက် မပေးနဲ့။"


ဖုန့်ချင်းယီက သူ့ဆီက ဘာမှ ရနိုင်တော့မှာ မဟုတ်ဘူးဆိုတာ သိလိုက်တော့ ဖုန်းကိုယူပြီး ပြင်ဆိုင်က ထွက်သွားသည်။


ဒီဆိုင်ရှင်က တစ်ခုခု မှားနေပြီ။


သူက နားမလည်တာတင် မဟုတ်ဘူး၊ မှတ်ဉာဏ်လည်း မကောင်းဘူး။


သူ့ရဲ့ လှုပ်ရှားမှုတွေက တကယ် မြန်ဆန်လွန်းပြီးတော့ ဒီစခရင်က သေချာပေါက် လဲထားပြီးသား၊ ဒါပေမယ့် သူ ဘာလို့ မဝန်ခံတာလဲ၊ ပြီးတော့ ပိုက်ဆံလည်း ဘာလို့ မတောင်းတာလဲ။


ထူးဆန်းတဲ့ဖုန်း၊ လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်၊ မသိတဲ့ ဆက်သွယ်မှုတွေ၊ ပြီးတော့ ဒီဖုန်းပြင်ဆိုင်ရှင်၊ ဘာ ဆက်စပ်မှုတွေ ရှိနေတာလဲ။


ဖုန့်ချင်းယီ အတော်ကြာ စဉ်းစားပေမယ့် အကြောင်းပြချက်ကို ရှာမတွေ့နိုင်ပေ။


ထားပါတော့၊ ဖြစ်သလို ထားလိုက်တော့။ အဆင့် တစ်ဆင့်ချင်း သတိကြီးကြီးထားကြတာပေါ့။


အိမ်ပြန်ရောက်တော့ ဖုန့်ချင်းစီက ဧည့်ခန်းမှာ ဖရဲသီး စားနေသည်။


"နင် မြန်မြန် ပြန်မလာရင် နင်ဝယ်လာတဲ့ ဖရဲသီးကို ငါ အကုန်စားပစ်လိုက်မယ်။"


ဖုန့်ချင်းယီက သူ့ကို မျက်စောင်းထိုးလိုက်သည် "ဖုန့်ချင်းစီ၊ ကိုယ့်ဟာလည်း မဟုတ်ဘဲ စားရဲတယ်ပေါ့။"


"ငါ့မှာ ပိုက်ဆံရှိရင် ငါဝယ်မှာပေါ့။ ငါ ဆင်းရဲတယ်။ မေမေနဲ့ ဖေဖေက ထွက်သွားတော့ နင့်ကို သုံးထောင် ပေးခဲ့တယ်၊ ငါ့ကိုတော့ ငါးရာပဲ ပေးခဲ့တယ်။ အခု တစ်လဝက် ရှိပြီ၊ ငါ့မှာ ပိုက်ဆံ ကျန်မယ်လို့ နင်ထင်နေတာလား။"


သူ့ရဲ့ ဘက်လိုက်တဲ့ မိဘတွေအကြောင်းကို တွေးမိတော့ ဖုန့်ချင်းစီ မတတ်နိုင်တော့ဘူး၊ သူ ဖုန်းနဲ့အတူ အပိုရလာတဲ့ ပစ္စည်းပဲလို့တောင် သံသယဝင်သည်။


"ချမ်းသာတဲ့သူဆိုတော့ အပြင်သွားတာနဲ့ ဖုန်းစခရင် လဲလာခဲ့တယ်ပေါ့။"


ဖုန့်ချင်းယီက သူမ၏ ဖုန်းကို ကြည့်လိုက်တော့ ထိုဆိုင်ရှင်သည် စခရင်ကို တကယ် လဲပေးခဲ့သည်။


အနည်းဆုံးတော့ အခု အခြားသူတွေရဲ့ အမြင်မှာ အရင်ကလို စုတ်ပြတ်သတ်နေတဲ့ ဖုန်းစုတ်လေး မဟုတ်တော့ဘူးပေါ့လေ။


ထျန်းချီ၊ နယ်စပ်စခန်း။


ချင်ယွီချွမ်သည် ကုလားထိုင်တွင်ထိုင်ကာ ဖုန်းကြည့်နေသည်၊ လမ်းညွှန်စာအုပ်ကျေးဇူးနဲ့ သူ အခုဆို ဖုန်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီဖြစ်သည်။


ဖုန့်ချင်းယီ သူ့ကို နောက်ဆုံး ပို့ခဲ့တဲ့ စာကို ကြည့်ရင် သူမ နေ့လယ်စာ စားပြီးလောက်ပြီ။


ချင်ယွီချွမ်က သူမရဲ့ အခြေအနေကို စုံစမ်းဖို့ နောက်ထပ် စာတစ်စောင် ပို့ချင်ပေမယ့် မတော်တဆ ခလုတ်တစ်ခု နှိပ်မိသွားပြီး ဖုန်းခေါ်သံမြည်လာသည်။


ချင်ယွီချွမ်က နည်းနည်း လန့်သွားပေမယ့် ဘာလုပ်ရမှန်း မသိချေ။


အခန်းထဲကို ပြန်ဝင်ရောက်လာတဲ့ ဖုန့်ချင်းယီက ဝီချက်က ဖုန်းခေါ်သံကို ကြားလိုက်သည်။


ချင်ယွီချွမ်ဆီက လာတာကို မြင်တော့ ဖုန့်ချင်းယီ ခဏလောက် တွေဝေသွားပေမယ့် နောက်ဆုံးမှာ ဖုန်းပြန်ဖြေဖို့ ဆုံးဖြတ်လိုက်သည်။ ဒါက အမှတ် ( ၅၀ ) တန်တယ်၊ ငါးရက်စာ အမှိုက်ကောက်တာနဲ့ ညီမျှသည်။


"ဟယ်လို"


ဖုန်းထဲက ကြည်လင်တဲ့ မိန်းကလေးအသံကို ကြားတော့ ချင်ယွီချွမ် အံ့အားသင့်သွားခဲ့သည်၊ ဒါဟာ မိုင်ထောင်ချီကနေ ကြားရတဲ့ အသံလား။


"ဘာလို့ ဘာမှ မပြောတာလဲ။"


ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော နူးညံ့သည့် အသံတစ်သံ ထွက်ပေါ်လာသည်။


"ဟယ်လို။"


စကားလုံး  တစ်လုံးတည်း ဖြစ်သော်လည်း ဖုန့်ချင်းယီက ဒီအသံဟာ တကယ်ကို သာယာလွန်းတယ်၊ သူမအကြိုက်ဆုံး အိုင်ဒေါ၏ အသံထက် ပိုပြီး သာယာနာပျော်ဖွယ်ကောင်းတယ်လို့ ခံစားလိုက်ရသည်။


ဒီအသံတစ်ခုတည်းအတွက် သူမ သူ့ကို နည်းနည်းကြာကြာ စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။


"... ဘာလို့ ကျွန်မကို ဖုန်းခေါ်လိုက်တာလဲ။"


"နေ့လယ်စာ စားပြီးပြီလား။"


"စားပြီးပြီ၊ ပြောစရာရှိရင် ရှင် တိုက်ရိုက် ပြောလိုက်ပါလား။" ညစာစားချိန် နီးနေပြီ။


"မင်းက မြောက်ပိုင်းချီကလား။"


"မြောက်ပိုင်းချီ။ အစ်ကိုကြီး၊ နောက်နေတာလား။ မြောက်ပိုင်းချီက လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၄၀၀ ) ကျော်က တောင်ပိုင်းနဲ့ မြောက်ပိုင်း မင်းဆက်တွေအတွင်းမှာ ခွဲထွက်သွားခဲ့ပြီလေ။”


ဖုန့်ချင်းယီရဲ့ စကားတွေကြောင့် ချင်ယွီချွမ် တိတ်ဆိတ်သွားခဲ့သည်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၄၀၀ ) ကျော်ဆိုတော့ သူမက ဘယ်သူလဲ။


"စောစောက မင်းပြောတဲ့ တရုတ်နိုင်ငံက မင်းရဲ့ တိုင်းပြည်လား။"


"ဟုတ်တယ်။ ရှင်က တရုတ်နိုင်ငံကိုတောင် မသိဘူးလား။ နိုင်ငံခြားသားလား။ ဒါပေမဲ့ ရှင့်ရဲ့ တရုတ်စကား လေယူလေသိမ်းက တော်တော်လေး ကောင်းတာပဲ။"


"ငါက ထျန်းချီအင်ပါယာကပါ။"


"...အစ်ကို၊ ရှင် အခုလေးတင် ပြောတဲ့ မြောက်ပိုင်းချီက အနည်းဆုံး သမိုင်းမှာ ရှိခဲ့တာ။ ဒါပေမဲ့ ဒီထျန်းချီဆိုတာကိုတော့ ကျွန်မ တစ်ခါမှ မကြားဖူးဘူး၊ ရှင် ကျွန်မကို လှည့်စားနေတာပဲ။"


"ငါ မင်းလို အမျိူးသမီးတစ်ယောက်ကို ဘယ်တော့မှ မလိမ်ပြောဘူး။"


"ရှင်ပြောတဲ့ နိုင်ငံက တကယ်ရှိတယ်ဆိုရင် ကျွန်မတို့က ကမ္ဘာတစ်ခုတည်းက မဟုတ်ဘူးလို့ပဲ ဆိုရမယ်။"


ဒီစကားကြောင့် ဖုန့်ချင်းယီကိုယ်တိုင် လန့်သွားတယ်၊ သူမက တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းတာပဲ။


"ငါ တရုတ်နိုင်ငံအကြောင်း တစ်ခါမှ မကြားဖူးဘူး၊ ပြီးတော့ မင်းလည်း ထျန်းချီအကြောင်း တစ်ခါမှ မကြားဖူးဘူး၊ မင်းပြောတာ မှန်ကောင်းမှန်လိမ့်မယ်။"


"ကျွန်မ အလွယ်တကူ ပြောလိုက်တာပါ၊ ဒါဆို ရှင် ကျွန်မကို ဝီချက်ကနေ ဘယ်လိုရှာတွေ့ခဲ့တာလဲ။"


"ဝီချက်"


"ရှင် အခု ကျွန်မကို အသံနဲ့ ခေါ်နေတဲ့ ဆော့ဖ်ဝဲလေ။"


"မနေ့က စစ်သုံ့ပန်းတွေရဲ့ ပစ္စည်းတွေထဲက လက်ကိုင်ဖုန်းတစ်လုံး ရခဲ့ပြီး ဒီမနက် မင်းဆီကနေ မက်ဆေ့ချ် ရောက်လာတယ်လေ။"


"စစ်သုံ့ပန်းစ္စည်း။ ရှင်တို့တွေ စစ်ဖြစ်နေတာလား။"


"ဟုတ်တယ်"


"... ဒါဆို ရှင်က စစ်သားလား။"


"စစ်သား မဟုတ်ဘူး။ စစ်သူကြီး။"


"ဒါဆို ရှင်တို့ စစ်ပွဲတွေမှာ မြင်းတပ်နဲ့ လှံတွေ သုံးတာလား၊ ဒါမှမဟုတ် တင့်ကားနဲ့ အမြောက်တွေ သုံးတာလား။" 


ဒီလူက ဘယ်ခေတ်က လူလဲ။


"စစ်ပွဲတွေအားလုံးမှာ မြင်းတပ်နဲ့ လှံတွေ သုံးတာပဲလေ။ တင့်ကားနဲ့ အမြောက်တွေဆိုတာ ဘာတွေလဲ။" ဖုန့်ချင်းယီရဲ့ စကားတွေက ချင်ယွီချွမ်ရဲ့ စိတ်ဝင်စားမှုကို ဆွပေးလိုက်သည်။

 ***