အခန်း ( ၃ ) – အမှတ်များ ရယူရန် အမှိုက်ကောက်ပါ
ဧည့်ခန်းရှိ နာရီက ဆယ့်နှစ်နာရီကို ညွှန်ပြနေပြီး ဖုန့်ချင်းယီက ဖုန့်ချင်းစီ၏ အခန်းတံခါးကို ခေါက်လိုက်သည်။
“ဖုန့်ချင်းစီ၊ အပြင်ထွက်ပြီး ထမင်းချက်ဦး။”
“နင် အပြင်ထွက်ပြီး စားလိုက်။ ငါ ဂိမ်းကစားနေချိန်မှာ ငါ့ကို လာမနှောင့်ယှက်နဲ့။”
ဖုန့်ချင်းယီသည် သူ့ကို အားကိုးလို့မရတဲ့ပုံပေါက်တာကြောင့် သူမကိုယ်သူမ အားကိုးဖို့ကိုပဲ ဆုံးဖြတ်လိုက်သည်။
သူမ၏ ဆဲလ်ဖုန်းနှင့် သော့များကို ကိုင်ကာ ဖုန့်ချင်းယီသည် အိမ်အပြင်သို့ ထွက်လာခဲ့သည်။
ဖုန့်ချင်းယီသည် တန်ဖိုးကြီးအိမ်ရာတစ်ခုတွင် နေထိုင်သည်။ အိမ်ရာအပြင်ဘက်မှာ အစားအသောက်မျိုးစုံပေါတဲ့ သရေစာလမ်းတစ်ခု ရှိတယ်။
ဖုန့်ချင်းယီသည် သူမ မကြာခဏ သွားစားလေ့ရှိသော စားသောက်ဆိုင်သို့ သွားကာ အော်ဒါတင်ပြီး ဆိုင်အတွင်း ဝင်ထိုင်လိုက်သည်။
နေ့လယ်စာစားချိန်ဖြစ်သဖြင့် စားသောက်ဆိုင်တွင် လူအတော်လေးကျနေသည်။ ဖုန့်ချင်းယီက ဖုန်းကို ထုတ်ပြီး ပေါ့ပေါ့ပါးပါး ကြည့်နေသည်။
“အမေ၊ အဲဒီအစ်မလှလှလေးက ဘာဖြစ်လို့ ဖုန်းကွဲကြီးကို သုံးနေတာလဲ။ သူ့လက်ကို မရှဘူးလားဟင်။”
“အဲ့ဒီအစ်မလေးက ချွေတာနေတာ ဖြစ်ရမယ်။”
“သား အခုလေးတုန်းက လမ်းဘေးမှာ ဖုန်းပြင်ဆိုင် တစ်ဆိုင် တွေ့ခဲ့တယ်။ သား အစ်မလှလှလေးကို အဲ့ဒီအကြောင်း သွားပြောလိုက်ဦးမယ်။”
ဖုန့်ချင်းယီသည် သူ့ရှေ့က ကောင်လေးကို တအံ့တဩဖြင့် ကြည့်လိုက်သည်၊ “ကလေးလေး၊ အစ်မကို ဘာပြောချင်လို့လဲဟင်။”
“အစ်မလှလှလေး၊ သား လမ်းဘေးနားမှာ ဖုန်းပြင်ဆိုင်တစ်ခု တွေ့ခဲ့တယ်။ ရှေ့လမ်းရဲ့ ဘယ်ဘက်ကို ကွေ့လိုက်ရင် အဲ့ဆိုင်ကို တွေ့လိမ့်မယ်။ အစ်မလှလှလေးရဲ့ ဖုန်းကို ပြင်သင့်တယ်၊ မဟုတ်ရင် အစ်မလှလှလေးရဲ့ လက်ကို ရှပြီး သွေးထွက်လိမ့်မယ်” ကောင်လေးက ကလေးဆန်ဆန်အသံလေးနဲ့ ပြောလာခဲ့သည်။
ဖုန့်ချင်းယီက သူမလက်ထဲက ဖုန်းကို ကြည့်လိုက်သည်။ ဖုန်းက အသစ်လိုပါပဲ။ ဘယ်လိုလုပ်ပြီး လက်ကို ရှမိနိုင်မှာလဲ။
“ငါ့ဖုန်းက ကွဲနေတာလား။”
ကောင်လေးက ခေါင်းညိတ်ပြသည်။ “အစ်မလှလှလေးရဲ့ ဖုန်းစခရင်က ကွဲနေတယ်။ အစ်မ စာလုံးတွေကို ဖတ်လို့ ရနေသေးတာလား။ အစ်မမှာ ပိုက်ဆံမရှိရင် အစ်မအတွက် ဖုန်းပြင်ပေးဖို့ သားအမေဆီက ပိုက်ဆံချေးလို့ရတယ်။”
“ကျေးဇူးပါပဲ။ အစ်မမှာ ပိုက်ဆံရှိပါတယ်။ အစ်မ နောက်မှ သွားပြင်လိုက်မယ်။”
ဤဖုန်းက ကွဲနေတယ်လို့ တခြားသူများ မြင်နေချိန်တွင် ဒီဖုန်းကို အကောင်းတိုင်းမြင်နေရတာက သူမ တစ်ယောက်တည်း ဖြစ်နေမလား။
ကောင်လေးက ပြုံးပြီး “ရပါတယ်” ဟု ပြန်ပြောသည်။
ကောင်လေး သူ့ထိုင်ခုံကို ပြန်ရောက်ပြီးနောက် ဖုန့်ချင်းယီက သူမဖုန်းကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။
ဖုန့်ချင်းယီသည် မနက်တုန်းက သူမ ဖုန်းကို ပစ်ချလိုက်သောအခါက ဖုန်းစခရင် အမှန်တကယ် ကွဲအက်သွားသည်ကို သူမ ရုတ်တရက် သတိရမိသည်။
ဒါက ဒဏ္ဍာရီလာ သခင်အသိအမှတ်ပြုတာများလား။
“ချင်းယီ၊ မင်း ဖုန်းကွဲကြီးကို ဘာဖြစ်လို့ စိုက်ကြည့်နေတာလဲ။ မင်းရဲ့ ဆန်ခေါက်ဆွဲ ရပြီ၊ ဖြည်းဖြည်းစား” ဆိုင်ရှင်က ဖုန့်ချင်းယီဆီ ဆန်ခေါက်ဆွဲ ယူလာပေးသည်။
“ကျေးဇူးပါ သူဌေး” ကောင်လေးရော ဆိုင်ရှင်သူဌေးပါ ဖုန်းကွဲနေတယ်လို့ မြင်နေရတာဆိုတော့ သူမ၏ မှန်းဆချက်ကို မှန်ကန်မယ့်ပုံပဲ။
ထို့ကြောင့် ထိုလျှို့ဝှက်ဆန်းကြယ်ဆိုင်ရှိ အရာများသည် အစစ်အမှန်ဖြစ်လိမ့်မည်။ သူမသည် အံ့အားသင့်ဖွယ် အရာ တစ်ခုကို ရရှိလိုက်ပုံရသည်။
လျှို့ဝှက်ဆန်းကြယ်ဆိုင်၏ ပထမအဆင့်သည် ပစ္စည်းများ၏ ပထမကော်လံကိုသာ ဖွင့်လှစ်ထားသည်။ ထိုမဖွင့်လှစ်ထားသေးတဲ့ အရာတွေက ဘာဖြစ်မလဲဆိုတာကို သူမ သိချင်လာမိသည်။
ဖုန့်ချင်းယီသည် ဆန်ခေါက်ဆွဲကို မြန်မြန်စားပြီး သူမ၏ မိုဘိုင်းလ်ဖုန်းဖြင့် QR ကုဒ်ကို စကင်န်ဖတ်ကာ ငွေပေးချေပြီး ထွက်လာခဲ့သည်။
အိမ်အပြန်လမ်းမှာ လက်ကိုင်ဖုန်းက ရုတ်တရက် အသံထမြည်လာခဲ့သည်။
အရံမစ်ရှင် ထုတ်ပြန်ချက် - သန့်ရှင်းသောမြို့ကို ဖန်တီးဖို့က လူတိုင်းမှာ တာဝန်ရှိတယ်။ မြို့ပြအမှိုက်ရှင်းလင်းရာတွင် ကူညီပြီး အလုပ်ပြီးမြောက်မှုအတွက် ( ၁၀ ) မှတ် ရယူပါ။
ဖုန်းထဲက စကားလုံးတွေကို မြင်တော့ ဖုန့်ချင်းယီသည် အတွေးနက်သွားသည်။
ဤသည်မှာ အမှိုက်ကောက်ခြင်းသာဖြစ်သည်။ ဒါလေးကို ဘာဖြစ်လို့ ဟိတ်ဟန်များများနဲ့ ပြောနေရတာလဲ။
ဖုန့်ချင်းယီသည် လမ်းကို ကြည့်လိုက်တော့ သစ်သီးခွံတွေနဲ့ စာရွက်အစုတ်တွေကို တွေ့လိုက်ရတယ်။ သူမ အားလုံးကို ကောက်ရမှာလား။
ဤမျှ ရှည်လျားသော လမ်းဆိုတော့ ဤသည်မှာ ပရောဂျက်ကြီးပဲ။
ဒီ ( ၁၀ ) မှတ် ရဖို့က အရမ်းခက်တာပဲ။ ထို့အပြင် ဒီအနီးနားကလူတိုင်းက သူမနဲ့ သိကျွမ်းတယ်လို့ဆိုရမယ်။ သူမ အသိအကျွမ်း တစ်ယောက်ယောက်နဲ့များ တွေ့မိလိုက်မယ်ဆိုရင် ဒါက နည်းနည်းတော့ ရှက်စရာကောင်းလိမ့်မည်။
ထားလိုက်ပါတော့၊ သူမသည် ကျည်ဆန်ကိုက်ပြီး အမှိုက်ကောက်ဖို့ မျက်နှာကာနှင့် ဦးထုတ် ဝယ်ရန် သွားလိုက်သည်။
ဖုန့်ချင်းယီသည် အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ပြီးနောက် အမှိုက်ကောက်ခြင်းလုပ်ငန်းကို စတင်ခဲ့သည်။
နွေနေ့လည်ခင်းတွင် လူစည်ကားသော လမ်းတစ်ခု၌ ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးသည် အမှိုက်ပုံးနှင့် အမှိုက်ကောက်ညှပ်တစ်စုံကို ကိုင်ပြီး ခေါင်းငုံ့ကာ အမှိုက်များကို ဂရုတစိုက် ကောက်ယူနေခဲ့သည်။
ဤမြင်ကွင်းသည် လမ်းသွားလမ်းလာတချို့၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
“မေမေ၊ ဘာဖြစ်လို့ ဒီအစ်မကြီး ဒီမှာ အမှိုက်လာကောက်နေတာလဲ။”
“နင် စာမကျက်ဘူးဆိုရင် နင်လည်း အဲဒီအစ်မကြီးလို အမှိုက်ကောက်နေရလိမ့်မယ်။”
ဖုန့်ချင်းယီသည် သူမ အနားမှ စကားစမြည်ပြောတာကိုကြားပြီး ခေါင်းမော့ကြည့်လိုက်သည်။
အိုး… အဲဒါက သူမ၏ အထက်တန်းကျောင်း အတန်းပိုင်ဆရာမ ဖြစ်နေ၏။ မူလက ရန်တွေ့ဖို့ပြင်နေသော ဖုန့်ချင်းယီသည် သူမ၏ မြင့်မြတ်သော ခေါင်းလေးကို တိတ်တဆိတ် ပြန်ငုံ့လိုက်သည်။
ဒါပေမယ့် မင်းက တရုတ်ဆရာမတစ်ဦးပဲ၊ ဒီလိုမျိုး အမှိုက်ကောက်နေတဲ့သူတွေကို ခွဲခြားမဆက်ဆံသင့်ဘူးမလား။
“နင့်ကိုကြည့်ရတာ အရမ်းရင်းနှီးနေပုံပဲ။ ဖုန့်ချင်းယီ၊ နင်လား။ နင့်ခေါင်းကို မော့စမ်းပါဦး။”
သူမ၏ မျက်နှာသည် မြေကြီးနှင့် ကပ်လုမတတ် ခေါင်းငုံ့နေသော်လည်း ဆရာမဝမ်က သူမကို မှတ်မိနေသေးသည်။ သူမ၏ ဆရာမကို သူမကို အရမ်းချစ်တာပဲဖြစ်ရမယ်။
ဖုန့်ချင်းယီသည် ရွေးချယ်စရာ မရှိဘဲ ခေါင်းမော့လိုက်ရသည်။ “ဆရာမဝမ်၊ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။”
“နင် ပေကျင်းတက္ကသိုလ်မှာ ကျောင်းတက်ဖို့ အရမ်းပျင်းနေလို့ အမှိုက်ကောက်သူအနေနဲ့ အချိန်ပိုင်းအလုပ် လုပ်နေတာလား” ဆရာမဝမ်က နောက်ပြောင်လိုက်သည်။
“နွေရာသီ အားလပ်ရက်မှာ ဘာမှ လုပ်စရာ မရှိလို့လေ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ အမှိုက်ကင်းစင်တဲ့မြို့ဖြစ်အောင် ဖန်တီးဖို့ အပြင်ထွက်လာခဲ့တာ။”
“တရုတ်ဆရာမက အမှိုက်ကောက်သူတွေကို ဘယ်လိုလုပ်ပြီး ခွဲခြားဆက်ဆံတာလဲ။ ဒါကလည်း ရိုးသားတဲ့ အလုပ်အကိုင် တစ်ခုပါပဲ။”
ဖုန့်ချင်းယီသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်လှပနေသော ဆရာမဝမ်ကို ကြည့်လိုက်သည်။
ဆရာမဝမ်က ပြုံးလိုက်သည်။ “ငါက အမှိုက်ကောက်သူတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး။ ငါတို့ မတွေ့ရတာ ကြာပြီ။ ငါ နင့်ကို နှုတ်ဆက်ဖို့ လုပ်ချင်ပေမယ့် နင်က ငါ့ကို မမြင်ချင်ယောင်ဆောင်နေတာ မဟုတ်ဘူးလား။”
“…” သူများကို ဒီလိုမျိုး နှုတ်ဆက်တဲ့သူရှိလား။
“ကောင်းပါပြီ။ နင်က အရင်လိုပဲ။ အမှိုက်ကောက်တာ ကောင်းပါတယ်။ ရှက်စရာ မလိုဘူး။ ဘာဖြစ်လို့ ဒီလိုမျိုး တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားလဲ။ တစ်ယောက်ယောက်က နင့်ကို ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်သွားမှာကို ကြောက်နေတာလား။”
“…” ဒီလိုမျိုး ဟာသ မလုပ်သင့်ဘူးလေ။
ဆရာမဝမ်က သူ့သမီးရဲ့ လက်ကို ကိုင်ထားပြီး ပြောလာခဲ့သည်။ “ကောင်းပြီ၊ နင် အမှိုက်ဆက်ကောက်လိုက်ပါဦး။ ကျောင်းကိုလည်း တစ်ခေါက်လောက် အလည်လာပါဦး။ အခု နင် တက္ကသိုလ်တက်နေပြီဆိုပေမယ့် တစ်ချိန်လုံး အလေလိုက်မနေဘဲ စာကြိုးစားဖို့လည်း မမေ့နဲ့ဦး။”
“ဟုတ်ကဲ့၊ နှုတ်ဆက်ပါတယ် ဆရာမ” နောက်ဆုံးတော့ ဆရာမဝမ် ထွက်သွားခဲ့သည်။ ဖုန့်ချင်းယီသည် သူမ အမှိုက်ကောက်သည့် ပထမဆုံးနေ့တွင် သူမ၏ အထက်တန်းကျောင်း အတန်းပိုင်ဆရာမနှင့် ပက်ပင်း တွေ့ရသည့်အထိ သူမ ကံဆိုးနေခဲ့သည်ကို မယုံနိုင်ခဲ့ပေ။
ကျောင်းတစ်ကျောင်းလုံးမှာ သူမ အမှိုက်ကောက်နေတယ်ဆိုတဲ့ သတင်းက သိပ်မကြာခင် ပျံ့နှံ့သွားလောက်သည်။ ကံကောင်းထောက်မစွာဖြင့် သူမ အခု ဘွဲ့ရပြီးပြီ၊ မဟုတ်ရင် သူမ အပြင်မထွက်ရဲလောက်တော့ဘူး။
ဒါဟာ ရှက်စရာမဟုတ်ပေမယ့် ဆရာမဝမ်က ချဲ့ကားပြီး ကြီးကြီးကျယ်ကျယ် ပြောခဲ့မယ်ဆိုရင် ဒါက အတော်လေး ရှက်ဖို့ ကောင်းနေပါလိမ့်မည်။
( ၁၀ ) မှတ် ရဖို့အတွက် သူမ တကယ် မလွယ်ခဲ့ဘူး။
နေ့ခင်း တစ်နေ့ခင်းလုံး အလုပ်ကြိုးစားပြီး လမ်းတစ်လျှောက်လုံး အမှိုက်ကောက်ပြီးနောက် ဖုန့်ချင်းယီဟာ နောက်ဆုံးမှာ အမှတ် ( ၁၀ ) မှတ် ရှာဖွေသည့် လုပ်ငန်းစဉ် အောင်မြင်ခဲ့သည်။
ဖုန့်ချင်းယီသည် အိမ်ပြန်ရောက်ပြီးနောက် ဆိုဖာပေါ် ပစ်လဲပြီး ထိုင်ချလိုက်သည်။
“နင် ဘာဖြစ်နေတာလဲ။ နင့်ကြည့်ရတာ ကိုယ်တစ်ခြမ်းသေနေသလိုပဲ” ဖုန့်ချင်းစီက သူ အခန်းထဲမှ ထွက်လာသည်နှင့် ဆိုဖာပေါ်တွင် လဲလျောင်းနေတဲ့ သူမကို တွေ့လိုက်ရသည်။
ဖုန့်ချင်းယီက သူ့ကို ခွန်းတုံ့ပြန်ဖို့ ပျင်းလွန်းတယ်။
ဖုန့်ချင်းစီသည် ဖုန့်ချင်းယီ၏ လက်ထဲမှ ကွဲနေသော ဆဲလ်ဖုန်းကို ကြည့်ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“နင် ဒီဖုန်းကို လောလောဆယ် သုံးထားလို့ ရတယ်။ ငါ နင့်ကို ပြင်ဆိုင်ကနေ သွားယူပေးမယ်၊ ဖုန်းပြင်တာ ပြီးလောက်ပြီထင်တယ်။”
“နင် ဒီဖုန်းကို ဘယ်ကနေ ဝယ်လာတာလဲ” ဖုန့်ချင်းယီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဖုန့်ချင်းစီက ပြောသည်၊ “ဒါကို ဖုန်းပြင်ဆိုင်ကနေ ဝယ်လာတာလေ။ သူတို့ဆီမှာ ဖုန်းကွဲတွေ အများကြီး ရှိတယ်။ အဲဒါတွေထဲမှာ ဒါက အကောင်းဆုံးပဲ။ ငါ အဲ့အတွက် ယွမ် ( ၂၀ ) ပဲ ပေးခဲ့ရတယ်။”
“ဒီဖုန်းက စခရင်က လုံးဝကို ကွဲသွားတာ၊ ဒါက ယွမ် ( ၂၀ ) နဲ့ တကယ်ပဲ တန်ရဲ့လား” ဖုန့်ချင်းယီက အစမ်းသဘောမေးလိုက်သည်။
ဖုန့်ချင်းစီက ပြန်ဖြေသည်၊ “အစကတော့ ယွမ် ( ၂၀ ) တန်တယ်လို့ မထင်ဘူး။ ဒါပေမယ့် ဒီဖုန်းကို ဝယ်မယ်ဆိုရင် နင့်ရဲ့ ဖုန်းပြင်ခကို ထက်ဝက်လျှော့ပေးမယ်လို့ ဆိုင်ရှင်က ပြောတယ်လေ။ အဲဒါက တော်တော်လေး တန်တယ်လို့ ငါထင်တယ်။”
အဲ့လို ကောင်းတာမျိုး ရှိတယ်တဲ့လား။ ဒါက မထူးဆန်းဘူးလား။
“ငါ့ကို ဖုန်းပြင်ဆိုင်ရဲ့ လိပ်စာလေး ပြောဦး။ ငါ ငါ့ဖုန်းကို ခဏနေကျရင် ငါကိုယ်တိုင်ပဲ သွားယူလိုက်မယ်။”
***