Ch 18
Viewers 10k

 

“ ရှီယိ၊ မျိုးမစစ်ကောင်! မင်းက အစကတည်းက မမွေးလာသင့်တဲ့ကောင်! ”

 

“ မင်းကြောင့်သာ မဟုတ်ရင် မင်းအဖေနဲ့ ငါက အခုလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး ”

 

ရှီယိသည် ရှီကျင်းပန်၏ ခြိမ်းခြောက်သံအား နားထဲတွင် ကြားယောင်နေရလျက် အိပ်ယာမှ ရုတ်တရက်နိုးလာခဲ့သည်။

 

သူ ထိုအိမ်မှ ထွက်လာတည်းကပင် အိပ်မက်ဆိုးများမှာလည်း တဖြည်းဖြည်း ရပ်တန့်သွားခဲ့၏။ သို့သော်ငြား အခုမက်ခဲ့သည့် အိပ်မက်မှာ စစ်မှန်လွန်းလှရာ သူ့နှလုံးဟာ အချိန်တော်ကြာ လွန်လွန်ကဲကဲ တဒိတ်ဒိတ်ခုန်နေခဲ့သည်။

 

ရှီယိသည် ခေါင်းအား ဖိကိုင်ကာ ငြီးငြူမိ၏။ နားထင်ကြောများမှာလည်း ခေါင်းကိုက်ဝေဒနာကြောင့် နာကျင်နေသည်ပင်။

 

ရှီယိ ထကာ အိပ်ယာဘေးရှိ ဆေးအား ရေအေးဖြင့် သောက်ချလိုက်၏။ ကုန်လွန်ခဲ့သည့်နှစ်များတွင် ထိုဆေးအား သူ့နှင့်အတူ ဆောင်ထားခဲ့သည်။ဆေး အသုံးမလွန်စေရန် ဂရုစိုက်သော်ငြားလည်း သူ၏ မဖွံ့ဖြိုးသော ဂလင်းများကြောင့် ထပ်တိုးလာသော ရောဂါသစ်များမှာ သူ့ဘ၀တစ်လျှောက်လုံး စွဲကျန်နေမည်ပင်။ 

 

အလင်းမှိန်မှိန်နှင့် မကျန်းမာသည့် ခန္ဓာကိုယ်က သူဖျားခဲ့သည့် နှစ်များအား ဝိုးတဝါး ပြန်တွေးမိစေ၏။ ရှုဝိန်သည် သူ့အား ခေါ်ထုတ်ပေးခဲ့သော်ငြား ဈေးကြီးလှသည့် ဆေးဖိုးဝါးခများကို မတတ်နိုင်သဖြင့် ရှုဝိန်ဟာ ရှီကျင်းပန်နဲ့ နောက်တစ်ကြိမ် အပေးအယူလုပ်ရန်သာ ရွေးချယ်ခဲ့ရသည်။

 

ရှီယိသည် သူ့အိုမီဂါဖခင်မှာ အားနည်းလွန်းသည်ဟု တစ်ခါမှ မခံစားခဲ့ဖူးချေ။ အပြင်လောကတွင်အတင်းအဖျင်းများ မည်သို့ပဲ ပြောနေပါစေ ရှုဝိန်သည် အမြဲတမ်းကြင်နာတတ်ပြီး ဇွဲကြီးသူဖြစ်ရာ ရှီယိအတွက်လည်း လုံခြုံဘေးကင်းသော ဒေါက်တိုင်လေးတစ်ခု တိတ်တဆိတ် ဖြစ်နေခဲ့ခြင်းပင်။

 

ခေါင်းကိုက်ဝေဒနာသည် အချိန်အတော်ကြာပြီးနောက် ပျောက်ကွယ်သွားတော့သည်။ ရှီယိ ဖုန်းယူပြီး ဖွင့်လိုက်သည့်အခါ မနက်ခင်း ၃:၄၀သာ ရှိနေသေး၏။

 

လုယွမ်ယဲ့သည် ညဆယ့်တစ်နာရီလောက်တွင် သူ့အား မက်ဆေ့ခ်ျတစ်စောင်ပို့ထားခဲ့၏။

 

[ လုယွမ်ယဲ့: ဘာဖြစ်လို့လဲ ]

 

ထိုစာကိုမြင်လျှင်ပဲ ရှီယိသည် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ သူတို့မှာ လက်ထပ်ပြီးသား ဖြစ်၏။ Wechatအကောင့် လဲသုံးခြင်းဟာ ဘာများ မှားယွင်းနေသနည်း။

 

ထိုသို့ တွေးလိုက်မိပြီး သူ တစ်‌ဖက်လူအား စာပြန်လိုက်သည်။

 

[ ယိ: အဆင်ပြေပါတယ် ]

 

မမျှော်လင့်စွာဖြင့် မိနစ်အနည်းငယ် အကြာတွင် လုယွမ်ယဲ့ထံမှ စာပြန်ရောက်လာ၏။

 

[ လုယွမ်ယဲ့: မင်း မအိပ်သေးဘူးလား ]

 

[ ယိ: နိုးလာတာ ]

 

လုယွမ်ယဲ့ထံမှ ပြန်စာ ထပ်မရောက်လာတော့ပေ။

 

 

ရှီယိ ဖုန်းပိတ်လိုက်၏။ လုယွမ်ယဲ့သည် အခုချိန်ထိ နိုးနေခဲ့သည်ဆိုတော့ကာ အလုပ်များ လုပ်နေရ‌သေးသလား။ နေ့တိုင်း စောစောထပြီး မနက် ၇:၀၀၌ ထမင်းစားပွဲတွင် ရှိနေနိုင်ဖို့ဆိုသည်မှာ ထိုသူ့အတွက်လည်း လွယ်ကူမည် မဟုတ်ချေ။

 

လုအိမ်တော်မှာ ည၌ အလွန်တရာ တိတ်ဆိတ်လှ၏။ အပြင်ဘက်ရှိ ဥယျာဉ်ထဲမှ အင်းဆက်များနှင့် ငှက်များ၏ အသံကိုသာ ကြားနိုင်သည်ပင်။

 

ရှီယိသည် မိန်းမောရင်း အိပ်ပျော်ခါနီးအချိန်တွင် ကော်ရစ်ဒါမှ ရုတ်တရက်ဆိုသလို အသံတစ်ခုကို  ကြားလိုက်ရပြီး ဖြည်းဖြည်းချင်းလျှောက်လာနေသော ခြေသံအချို့ကိုလည်း ကြားလိုက်မိ၏။ထို့နောက် တံခါးခေါက်သံ ထွက်လာခဲ့၏။

 

လုယွမ်ယဲ့လား။ သူက ဒီမှာ ဘာလုပ်နေတာလဲ။

 

ရှီယိသည် အိပ်ရာဘေးရှိ မီးအိမ်ကို ထပ်ဖွင့်လိုက်ကာ တံခါးအား ဖွင့်လိုက်သည်။ သေချာပါ၏။ တစ်ညလုံး မအိပ်ခဲ့ရပုံနှင့်  အိပ်ငိုက်နေသည့် လုယွမ်ယဲ့ကို တံခါးအပြင်ဘက်တွင် တွေ့လိုက်ရသည်။

 

ရှီယိသည် ပါးစပ်ဟပြီး စကားပြောလိုက်ရာ သူ့အသံမှာ နည်းနည်း အက်ကွဲကွဲသံဖြစ်နေကြောင်း သတိပြုမိသည်။

 

“ ခင်ဗျား…”

 

“ မင်း ဘာလို့ နိုးနေတာလဲ ”

 

လုယွမ်ယဲ့ မေးလိုက်သည်။ သူသည် အခန်းထဲသို့ ကြည့်လိုက်ရာ အကြည့်တစ်ချက်နှင့်ပင် ရှီယိ ပြန်သိမ်းချိန် မရသေးသည့် ဆေးဘူးအား တွေ့သွား၏။

 

“ ကျွန်တော်….ကျွန်တော် နည်းနည်း အဆင်မပြေလို့"

ရှီယိ အမှန်တိုင်းသာ ပြောရတော့၏။

 

“ အခုရော ဘယ်လိုနေသေးလဲ "

 

လုယွမ်ယဲ့ မေးလိုက်ပြီး သူ့ဘာသာသူ ပြန်ဖြေမိသည်။

 

“ မသက်သာဘူး မလား ”

 

“…”

 

ရှီယိသည် စကားပြောခွင့် လုပြောခံလိုက်ရကာ ကူကယ်ရာမဲ့စွာပဲ ခေါင်းငြိမ့်လိုက်ရသည်။

 

“ ကိုယ် မင်းနဲ့ အိပ်မယ် ”

 

လုယွမ်ယဲ့ ပြောလိုက်၏။

 

“ ဟင်း….ဟမ်? ”

 

ရှီယိက ရုတ်တရက် ခေါင်းမော့မိ၏။ သူ၏ မူးဝေ‌ခြင်းမှာလည်း ထွက်ပြေးသွားလုမတတ်ပင်။

 

လုယွမ်ယဲ့မှာ တရားနည်းလမ်း မကျလှပေ။ ထိုသူသည် အိပ်ခန်းခွဲအိပ်ရန် ပြောပြီးမှ ညသန်းခေါင်မှ တူတူအိပ်ရန် ရုတ်တရက် ရောက်လာခဲ့​သောကြောင့်ပင်။

 

“ အယ်လ်ဖာ ဖယ်ရိုမုန်းတွေက မင်းကို နှစ်သိမ့်ပေးနိုင်တယ် ”

 

လုယွမ်ယဲ့သည် ပုံမှန်တိုင်း ပြောလိုက်သည်။

 

“ ဧည့်ခန်းက အိပ်ယာက သေးတော့ မင်းအိပ်ပျော်သွားမှပဲ ကိုယ် ပြန်သွားလိုက်မယ် ”

 

သူ့အား ကော်ရစ်ဒါ၌ ဆက်ရပ်ခိုင်းရန်လည်း မသင့်တော်သောကြောင့် ရှီယိသည် ဘေးသို့တိုးကာ လုယွမ်ယဲ့အား ၀င်ခိုင်းလိုက်ရတော့၏။

 

သူသည် မူလကပင် လုယွမ်ယဲ့ကို အခန်းနှစ်ခုကြား ပြေးလွှားမနေရန် ပြောချင်ခဲ့သော်ငြား ပြောလိုက်လျှင်လည်း သူ့အခန်း၌ အိပ်ခိုင်းမည့်ပမာပင်။ အဆုံးတွင်မူ ရှီယိသည် ဘာမှ မပြောတော့ဘဲ အိပ်ရန်သာ အိပ်ယာပေါ်သို့ ရိုရိုကျိုးကျိုး တက်သွားလိုက်၏။

 

လုယွမ်ယဲ့သည် အိပ်ရန် မရည်ရွယ်သဖြင့် ကုတင်ခေါင်းရင်း၌သာ မှီလိုက်ကာ ထင်းရှူးရနံ့ ဖယ်ရိုမုန်းများကို ထုတ်ပေးနေသည်။

 

ရှီယိက လုယွမ်ယဲ့၏ အရိပ်အောက်၌ လဲလျောင်းနေကာ ထိုဖယ်ရိုမုန်းများကို  လေးလံလှသော နှင်းထုများကဲ့သို့ ခံစားနေရ၏။ စိတ်ခံစားချက်မျိုးစုံကို မှေးမှိန်သွားစေပြီး အေးချမ်းမှုနှင့် တိတ်ဆိတ်မှုကိုသာ အခန်းထဲ၌ ကျန်နေစေခဲ့သည်။

 

ဤသည်မှာ ဆေးသောက်ကာ အတင်းအကြပ် လှုံ့ဆော်ပေးခြင်းနှင့် ကွဲပြားပေသည်။ ချွေးပေါက်တိုင်းသည် သက်သာရာရနေသည်။ သူဟာ အလွန် နေရထိုင်ရ ကောင်းသွားသဖြင့် ခြေလက်များကို ဆန့်ထုတ်လိုက်ပြီး ထိုဖယ်ရိုမုန်းများထဲ ခန္ဓာကိုယ်အား လုံး၀ဥဿုံ ဆေးကြောခွင့်ပြုလိုက်၏။

 

သူ မသိမထားလိုက်မိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကာ လုယွမ်ယဲ့ ထွက်သွားချိန်ကိုတောင် မသိလိုက်ပေ။

 

သူ မျက်လုံးဖွင့်လိုက်ချိန်တွင် ကောင်းကင်မှာ ‌လင်းထိန်နေနှင့်လေပြီ။ ထင်းရူးနံ့များသည် လေထဲတွင် ရှိနေဆဲဖြစ်သော်ငြား အိပ်ရာ တစ်ဖက်ခြမ်းမှာ ခြေရာလက်ရာ မပျက်သည့်အပြင် သူ့ဘေးနားတွင် လုယွမ်ယဲ့လည်း မရှိတော့ချေ။

 

ရှီယိသည် ကျန်းမာသော အိုမီဂါများ၏ ဂလင်းရဲ့ထက်၀က်မျှသာ ရှိသည့် သူ့ဂလင်းအား သတိလက်လွှတ် ကိုင်လိုက်မိသည်။ သူ့ဂလင်းသည် မာကာ အရေပြားအောက်၌ နက်ရှိုင်းစွာ ဖုံးကွယ်လို့နေသဖြင့် ပုံမှန်အယ်လ်ဖာ၏ သွားစွယ်များ ထိုးဖောက်ရန် ခက်ခဲလှသည်။

 

 

နာရီကို ကြည့်လိုက်ရာ မနက် ၇နာရီသာ ရှိသေးသဖြင့် အံအားသင့်သွားရသည်။ အိပ်မက်ဆိုးများ မက်ပြီးနောက်တွင် သူသည် မကြာခဏ ခေါင်းကိုက်တတ်ပြီး လန်းလန်းဆန်းဆန်း မထနိုင်ပေ။

 

 

သူ အောက်သို့ ဆင်းလာသည့်အခါ လုယွမ်ယဲ့ကဧည့်ခန်း၌ ထိုင်နေနှင့်ပြီ ဖြစ်၏။ တည်ငြိမ်စွာ သတင်းစာ ဖတ်နေသည့် သူ့အား မြင်လိုက်ချိန်တွင် ရှီယိသည် ရှင်းမပြနိုင်လောက်အောင် စိတ်သက်သာရာ ရသွားခဲ့သည်။

 

 

“ ညစာစားပြီးရင် ကောင်းရိန်ကို မင်းနဲ့အတူ ပစ္စည်းတွေ သိမ်းဖို့ လိုက်ခိုင်းလိုက် ”

 

လုယွမ်ယဲ့ ပုံမှန်တိုင်း ပြောလိုက်သည်။

 

“ ဟင့်အင်း၊ ကျွန်တော် တက္ကစီနဲ့ပဲပြန်လိုက်ပါ့မယ်”

 

ရှီယိ ပြန်ဖြေလိုက်သည်။

 

ယနေ့သည် အလုပ်သွားရက် ဖြစ်သဖြင့် သူတို့ အလုပ်သွားရန် လိုနေဆဲပင်။ ထို့ကြောင့် ကောင်းရိန် သူ့နောက်သို့ လိုက်လာရန် မသင့်လျော်လှပေ။

 

သို့သော်ငြား လုယွမ်ယဲ့က အရေးကြီးအချက်တစ်ချက်အား အထူးတလည်သတိပြုလိုက်မိသည်။

 

“ မင်းမှာ ဒရိုင်ဘာ မရှိဘူးလား ”

 

“ …ကျွန်တော်က စီးပွားရေးအတွက် ခရီးထွက်ခဲတော့၊ အထူးတလည်ကြီးမလိုဘူးလေ”

 

ရှီယိက ပြောလိုက်သည်။

 

“ အလောတကြီးလိုအပ်ရင်တော့၊ ကျွန်တော့်လက်ထောက် ချွီချွီ လာခေါ်ပါလိမ့်မယ် ”

 

ရှီယိတွင် ကားလေးတစ်စီးရှိပြီး အလုပ်သွားရန်နှင့် မြို့တစ်ပတ် ပတ်ရန်အတွက်မူ လုံလောက်ပေသည်။

 

“ မင်းအတွက် ဒရိုင်ဘာ တစ်ယောက်တော့ ရှိသင့်တယ် ”

 

လုယွမ်ယဲ့ မျက်မှောင်ကြုတ်လိုက်မိ၏။

 

“ ဟင်း၊ အိမ်မှာ အရင်စောင့်နေလိုက်ဦး၊ ကိုယ် မင်းကို လာကြိုဖို့ တစ်ယောက်ယောက်ကို လွှတ်‌ပေးလိုက်မယ် ”

 

ရှီယိ ပြန်ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်တော့်ကားက ကုမ္ပဏီမှာ ပါကင်ထိုးထားတုန်းပဲ ”

 

လုယွမ်ယဲ့ သူ့အား ကြည့်လိုက်သည်။

 

“ ကိုယ် မင်းကို ကားတစ်စီးပို့ပေးလိုက်မယ်၊ မင်း ဘယ်မော်ဒယ်ကို ကြိုက်လဲ ”

 

ရှီယိမှာ ခေတ္တခဏ ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။

 

“ မရှိပါဘူး ”

 

လုယွမ်ယဲ့ ကပြောလိုက်၏။

“ ဒါဆိုလည်း ကိုယ် သူတို့ကိုပဲ ရွေးခိုင်းလိုက်မယ်၊ အခုတော့ စားကြရအောင် ”

 

ရှီယိလည်း ထပ်ပြောလိုက်သည်။

"ခဏနေပါဦး၊ ဘာလို့ အရာအားလုံးက တဖန်ပြန်စီစဉ်ပေးခံလိုက်ရတာလဲ။