ယွမ်ယဲ့အဆောက်အဦး၏ ကော်ဖီဆိုင်၌။
သူ့ရှေ့၌ အခုလေးတင် ထိုင်လိုက်သည့် အိုမီဂါအား လုယွမ်ယဲ့
ကြည့်လိုက်မိသည်။
“ ကိုယ်ပို့ထားတဲ့ သဘောတူစာချုပ်ကို မင်း ဖတ်ပြီးပြီလား၊
မင်းမှာ တောင်းဆိုချက်တွေ ရှိသေးရင် ထပ်ဖြည့်လို့ရတယ် ”
“ ရှီမိသားစုမှာ လုမိသားစုကို တောင်းဆိုပိုင်ခွင့်
မရှိသေးပါဘူး ”
ရှီယိသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ အမူအရာမှာ နှိမ့်ချခြင်း
သို့မဟုတ် ဖားယားခြင်းများ မရှိနေပေ။
“ ခင်ဗျား စာချုပ်အတိုင်း လိုက်နာပြီး ဖေးယိရဲ့ စီမံခန့်ခွဲပိုင်ခွင့်ကိုပဲ
ကျွန်တော့်ကို ပြန်ယူပေးဖို့ပဲ မျှော်လင့်ပါတယ် ”
“ အံဒါဆိုလည်း နဂိုတိုင်းပဲပေါ့ ”
လုယွမ်ယဲ့ ခေါင်းငြိမ့်လိုက်သည်။
“ တကယ်လို့ မင်း စိုးရိမ်နေသေးရင်၊ ကိုယ်တို့ လက်မထပ်ခင်
ပိုင်ဆိုင်မှုစာချုပ် ချုပ်လို့ရတယ်လေ ”
“ အဲ့လိုလုပ်ပေးလို့ ကျေးဇူးပါ၊ မစ္စတာလု ”
ရှီယိက ပြောလိုက်သည်။
“ ကျွန်တော်ရဲ့ အဖေဘက်ပဲ ကျန်တော့….”
“ ရှီကျင်းပန်နဲ့ ကိုယ်ပဲ ညှိနှိုင်းလိုက်မယ် ”
လုယွမ်ယဲ့က ဂရုမစိုက်စွာပြောလိုက်သည်။
“ သူ့ရဲ့ တောင်းဆိုချက်က လက်ခံနိုင်လောက်ရင် လုမိသားစုက
သဘောတူပေးမှာပါ ”
“ ဟုတ်ပါပြီ ”
ရှီယိသည် ကော်ဖီအား တစ်ငုံသောက်လိုက်ပြီးမှ သူ့နှလုံးမှာ
တည်ငြိမ်သွား၏။ စီးပွားရေးအရ လက်ထပ်ခြင်းဖြစ်သည့်တိုင် လုယွမ်ယဲ့သည် သူ့အား ပိုမိုကာ
လွယ်ကူစေခဲ့သည်။
စာချုပ်ချုပ်ရန်အတွက် လိုအပ်သည့် အဆင့်များမှာ ရှုပ်ထွေးလွန်းလှသည်။
ရှီယိသည် အရင်ပြီးသွားခဲ့သဖြင့် လော်ဘီအ၀င်၀၌ လုယွမ်ယဲ့အား စောင့်နေလိုက်သည်။
၀န်ဆောင်မှု စားပွဲမှ အမျိုးသမီး၏ အသံသည် သူ့အား
မူးဝေလာစေ၏။
“ ဆရာ၊ ဒီမှာ လက်မှတ်ထိုးပေးပါ ”
“ဆရာ၊ ဒီစာရွက်စာတမ်းတွေကို အတည်ပြုပေးပါ ”
ထိုစကားသံများကို နာရီ၀က်နီးပါးခန့် ထပ်ကာတလဲလဲ ကြားနေရပြီး
လုယွမ်ယဲ့ ယူလာသည့် စာရွက်စာတမ်းအိတ်တွင် အိမ်ပိုင်ဆိုင်မှုများ၊ ကားပိုင်ဆိုင်မှု
အထောက်ထားများနှင့် အစုရှယ်ယာပမာဏများ ပြည့်နှက်နေခဲ့သည်။
လက်ထပ်ချိန်၌ လုယွမ်ယဲ့ ဤမျှသတိထားနေသည်မှာ မထူးဆန်းတော့ပါပေ။
လုယွမ်ယဲ့သည် သူ့အား လျှို့ဝှက်ကြံစည်သူနှင့် ကြုံခဲ့ပါက ကွာရှင်းခွင့်ရရန် တရားရင်ဆိုင်ခြင်းမှာ
တစ်နှစ်နီးပါးခန့် ကြာမြင့်မည်ဖြစ်သည်။
သူ့လက်ထဲရှိ ရှယ်ယာအနည်းငယ်မှာ လုယွမ်ယဲ့အတွက် မလုံလောက်ပေ။
ရှီယိသည် သတ္တုထိုင်ခုံနောက်သို့ မူးဝေစွာ မှီလိုက်မိသည်။ နေရောင်ခြည်သည် ပြင်သစ်ပြတင်းပေါက်များမှ
ဖြတ်၀င်လာသဖြင့် မပြတ်သားသော ရောင်ခြည်စက်၀န်းလေးတစ်ခုသည်
အခန်းထဲ၌ ဖြစ်ပေါ်လာ၏။ သို့သော်ငြား ထိုအလင်းမှာ မီးများ မဖွင့်ရသည်အထိ လုံလောက်မနေခဲ့ပါချေ။
သူသည် မျက်စိတစ်ချက် စောင်းကြည့်လိုက်ရာ စားပွဲရှေ့တွင်
ကျောဖြောင့်ကာ ထိုင်နေသည့် လုယွမ်ယဲ့အား တွေ့လိုက်ရ၏။ ထိုသူမှာ ခေါင်းအား ခပ်ပါးပါး
ငုံထားချိန်၌ သူ၏ ပုခုံးများသည် အနည်းငယ် ကွေးနေသယောင်ပင်။
ထိုခဏ၌ လုယွမ်ယဲ့သည် ထောင်ချီသော အိုမီဂါများစု၏ အိမ်မက်ထဲမှ အယ်လ်ဖာဖြစ်လာသည်မှာ
ကြိုးကြောင်းဆီလျော်လှကြောင်း ရှီယိ ခံစာလိုက်မိသည်။
“ အိပ်ပျော်သွားတာလား ”
နက်ရှိုင်းဆွဲငင်လှသော အသံမှာ သူ့ရှေ့မှ ပေါ်ထွက်လာသည်။
“ ဟမ် ”
ရှီယိ မျက်လုံးပွတ်လိုက်မိပြီးမှ အခန်းထဲရှိ အလင်းရောင်မှာ
လင်းထိန်ဆဲ ဖြစ်သော်ငြား ပြတင်းပေါက် အပြင်ဘက်မှာမူ တိမ်မည်းများဖြင့် ပြည့်နေကြောင်း
တွေ့လိုက်ရသည်။
ထို့ကြောင့် မှောင်လာခြင်းပင်။
“ အကုန် ပြီးသွားပြီလား ”
ရှီယိက မေးလိုက်သည်။
“ အင်း ”
လုယွမ်ယဲ့သည် မီလီယံရာပေါင်းများစွာ တန်သည့် စာရွက်စာတမ်းအိတ်အား
ပုံမှန်အတိုင်း ကိုင်ထား၏။
“ သွားကြစို့ ”
ကောင်းရိန်သည် အပြင်ဘက်၌ အတော်ကြာ စောင့်နေခဲ့သည်။
သူတို့ထွက်လာသည်အား မြင်သည့်အခါ ကားတံခါးကို ယဉ်ကျေးစွာ ဖွင့်ပေးလိုက်ရင်း
“ မစ္စတာလု၊ သခင်လေးရှီ ”
“ ကျွန်တော့်အတွက် အလုပ်ရှုပ် မခံပါနဲ့၊ တက္ကစီငှားပြီးပဲ
ပြန်လိုက်တော့မယ် ”
ရှီယိသည် မသိစိတ်အရ လက်အား ဝှေ့ယမ်းမိသည်။
လုယွမ်ယဲ့သည် ခတ္တရပ်နေပြီးမှ မေးလိုက်သည်။
“ လုမိသားစု အိမ်တော်ကို မသွားတော့ဘူးလား ”
လုအိမ်တော်ကို အဘယ့်ကြောင့် သွားသင့်သနည်း။
ရှီယိ တုံ့ဆိုင်းသွားမိသည်။
“ ကျွန်တော်တို့ အခု စာချုပ် ချုပ်ရမယ့် အဆင့်တွေပဲ
ပြီးသွားတာ၊ လက်ထပ်စာချုပ်က မရသေးဘူးလေ၊ အဲ့တာကြောင့်…”
“ ဒါဆိုလည်း သွားကြရအောင်၊ လက်ထပ်စာချုပ်ကို အတူတူ
သွားယူကြတာပေါ့ ”
လုယွမ်ယဲ့သည် ထိုသည်အား မျှော်လင့်ထားသည့်အတိုင်း
ဆက်ပြောလိုက်သည်။
“ ဒါပေမယ့် အရပ်ဘက်ရေးရာ ဗျူရိုက အခုဆို ပိတ်သွားလောက်ပြီ
”
ရှီယိသည် ခေါင်းမော့ကာ မှောင်မည်းနေသည့် ကောင်းကင်ကြီးအား
ညွှန်ပြလိုက်လိုက်ပြီး
“ သခင်ရှီ၊ စိတ်မပူပါနဲ့…ဒီနေ့က နေ့ထူးနေ့မြတ်လေ၊
အဲ့တော့ လက်ထပ်ချင်တဲ့သူတွေလည်း အများကြီး ရှိလောက်မှာ ”
ကောင်းရိန်က ပြုံးကာ ပြောလိုက်သည်။
“ အရက်ဘက်ရေးရာ ဗျုရိုက ချွင်းချက်အနေနဲ့ ဒီနေ့ကို
ည ၈နာရီအထိ ဖွင့်ထားပေးမယ် ပြောတယ် ”
ရှီယိသည် ဖုန်း ထုတ်ကြည့်လိုက်ရာ မေလ၊ ၂၁ရက်နေ့ ဖြစ်နေခဲ့သည်။
ကောင်းရော။
လုယွမ်ယဲ့၏ ကားထဲ၌ ထပ်ထိုင်နေရသည့် ရှီယိမှာ အနည်းငယ်
မစစ်မှန်သလို ခံစားနေရ၏။
မစ္စတာလုသည် ကိစ္စရပ်များအား ကိုင်တွယ်ရာ၌ တော်လွန်းသော်ငြား
လက်ထပ်ရန်အတွက် စာချုပ်ပြုလုပ်ရာ၌မူ လုံလောက်စွာ မထက်မြတ်နေပေ။ စီးအီးအိုဖြစ်လာသည်မှာ
နှစ်များစွာ ကြာပြီဖြစ်သော လုယွမ်ယဲ့၏ အတွေးရထားအား လိုက်မမီနိုင်သေးချေ။
သေချာပါ၏။ အရပ်ဘက်ရေးရာ ဗျုရိုမှာ လင်းထိန်နေဆဲဖြစ်ရာ
တံခါးများစွာ ဖွင့်ပေးထားသည့်တိုင် လူတန်းကြီးများ ရှည်လျားနေဆဲပင်။
လုယွမ်ယဲ့သည် ကား၏ ပစ္စည်းများထားရာ အကန့်ထဲမှ မက်စ်နှစ်ခုကို
ထုတ်ယူလိုက်ကာ တစ်ခုအား ရှီယိထံ ကမ်းပေးလိုက်ပြီး လူတန်း၏ နောက်ဆုံးဆီသို့ အေးဆေး လျှောက်သွားလိုက်သည်။
သူသည် အရပ်ရှည်လွန်းသဖြင့် လူအုပ်ထဲရှိ အယ်လ်ဖာများထံမှ
ကွဲထွက်နေခဲ့သည်။
ရှီယိထံတွင် ရွေးချယ်စရာ မရှိသဖြင့် ကျည်ဆန်ကိုက်၍သာ
နောက်မှ လိုက်သွားခဲ့၏။ ကံကောင်းစွာဖြင့် မက်စ်မှာ သူ၏ ပုံစံမကျသော မျက်နှာထားအား ဖုံးကွယ်ပေးထားခဲ့သည်။
ထိုသို့မဟုတ်ပါက ၀န်ထမ်းမှာ သူသည် ပြန်ပေးဆွဲခံလာရသည်ဟု လုံး၀ဥသုံ ယုံကြမည်ပင်။
လက်ထပ်စာချုပ် လာယူကြသည့် ငယ်ငယ်ရွယ်ရွယ် စုံတွဲအများစုမှာ
ပူပူနွေးနွေး ဇနီးမောင်နှံများ ဖြစ်ကြသည်။ ချိုမြိန်လှသော ခံစားချက်များကြောင့် သူတို့သည်
တစ်ချိန်လုံး ပူးကပ်ချင်နေကြပြီး အိုမီဂါများသည် သူတို့၏ ပါတနာများထံ မှီတွယ်နေကြသည်။
သူတို့၏ လောင်ကုန်းများထံ ပူးကပ်ကာဖြင့် သူတို့ ဗိုက်ဆာသည့်အခါ မည်သည့်နေရာတွင် လိုက်ကျွေးမည်နည်းဟု
မေးမြန်းနေကြသည်။
လုယွမ်ယဲ့နှင့် ရှီယိသည် ၃၀စင်တီမီတာ အကွာအဝေးခြားကာ
ဘေးချင်းကပ် ရပ်နေကြ၏။ သူတို့ ဘေးပတ်၀န်းကျင်ရှိ အပူချိန်မှာ အနည်းငယ် ကျဆင်းသွားပုံရကာ
အခြားသူများနှင့် လိုက်လျောညီထွေမှု မရှိနေခဲ့ပေ။
တံခါးရှေ့မှ လုံခြုံရေးသည် သူတို့မှာ ကွာရှင်းရန်
လာခြင်းဖြစ်ပြီး လိုင်းမှားကာ တန်းစီနေသည်ဟု တွေးမိရင်း ခဏခဏ သူတို့ရှိရာ လှမ်းကြည့်နေ၏။
သို့သော်ငြား လုယွမ်ယဲ့သည် ထိုသည်အား လုံး၀ သတိမပြုမိဘဲ
လိုင်းထဲတွင် ဆက်လက် မတ်တပ်ရပ်နေခဲ့သည်။ သူတို့ရှေ့မှ လူငယ်စုံတွဲမှာ သိပ်ကို ပူးကပ်လှ၏။
အိုမီဂါသည် သူ့အား နောက်ကျောတွင် ကုန်းပိုးပေးပါရန် အယ်လ်ဖာကို တောင်းဆိုနေခဲ့ရာ နှစ်ယောက်သားမှာ
ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။ ရှီယိသည် လုယွမ်ယဲ့အား နောက်သို့ ဆုတ်ရန် အကြိမ်များစွာ
ပြောချင်သော်ငြား ထိုသူ၏ အေးစက်စက် အမူအရာကြောင့် မြိုသိပ်ထားလိုက်၏။
ရလဒ်အနေဖြင့် ရှေ့မှ အယ်လ်ဖာသည် အိုမီဂါ၏ ဝိတ်ကြောင့်
ရုတ်ခြည်း မတ်တပ်မရပ်နိုင်တော့ဘဲ သူ့ဖနောင့်သည် ရှီယိ၏ ခြေဖမိုးအား တက်နင်းလိုက်မိသည်။
“ ဟစ် ”
အယ်လ်ဖာသည် ထွားကြိုင်းသဖြင့် ရှီယိမှာ နာကျင်စွာ
ပင့်သက်ရှိုက်လိုက်မိ၏။ သူ၏ နူးညံ့လှသော မျက်ခုံးတို့မှာ ချက်ချင်း ကြုံ့သွားခဲ့သည်။
“ ကျွန်တော် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ”
အိုမီဂါသည် ထိတ်လန့်သွားကာ ထပ်ကာ၊ ထပ်ကာ တောင်းပန်နေ၏။
“ သူ မရည်ရွယ်ပါဘူး ”
လက်ထပ်စာချုပ် လာယူကြသည့် စုံတွဲများမှာ ပျော်ရွှင်နေကြသဖြင့်
ရှီယိသည် ထိုချိုမြိန်လှသော လေထုလေးအား မဖျက်ဆီးချင်သဖြင့် လက်ကို ယမ်းကာသာ ပြောလိုက်သည်။
“ ရပါတယ် ”
အယ်လ်ဖာသည် နောက်လှည့်ကြည့်ပြီး
“ ငါ မင်းကို တိုက်မိသွားတာလား…ညီကို၊ ကြွေထည်ကို
မမြင်မစမ်းနဲ့ ထိတာ မကောင်းဘူးနော် ”
ရှီယိသည် နာလွန်းသဖြင့် စကားပင် မပြောနိုင်ရာ ထိုသူနှင့်
ဖက်ကာ ရန်ဖြစ်ချင်စိတ် မရှိနေခဲ့ပေ။ သို့သော်ငြား လက်တစ်ဖက် ဆန့်ထွက်လာကာ ထိုအယ်လ်ဖာ၏
ပုခုံးအား ဆုပ်ကိုင်လိုက်ပြီး လုယွမ်ယဲ့၏ အသံမှာ အေးစက်ခက်ထန်နေခဲ့သည်။
“ တောင်းပန် ”
စစ်သားတစ်ယောက် ဖြစ်ခဲ့ဖူးသည့် လုယွမ်ယဲ့၏ လက်ခွန်အားမှာ
သာမာန်လူများ မယှဉ်ပြိုင်နိုင်ပေ။ ထိုအယ်လ်ဖာ၏ မျက်နှာမှာ အေးခဲသွားပြီး ပင်ကိုအသိစိတ်အရ
နောက်သို့ ဆုတ်သော်ငြား လုယွမ်ယဲ့ထံမှ မလွတ်မြောက်နိုင်ခဲ့ချေ။
ချက်ချင်းဆိုသလို အယ်လ်ဖာ ဖယ်ရိုမုန်းများသည် ဖိနှိပ်လိုဟန်
ထွက်ပေါ်လာသည်။
လူပုံလယ်၌ ဖယ်ရိုမုန်း ထုတ်ခြင်းမှာ အလွန့်ကို ရိုင်းစိုင်းလှပြီး
အထူးသဖြင့် ပတ်လည်တွင် အိုမီဂါများ ရှိနေချိန်၌ပင်။
လုယွမ်ယဲ့သည် ဖယ်ရိုမုန်းများကို သုံးကာ မတုန့်ပြန်ဘဲ
နေရာတွင်သာ တွန့်ဆုတ်ခြင်းမရှိ ရပ်ကာ ထပ်ပြောလိုက်သည်။
“ တောင်းပန် ”
Sအဆင့် အယ်လ်ဖာများသည် အခြားမျိုးတူများအား အလွန်
ရန်လိုလှသည်။ အိုမီဂါ၏ ခြေထောက်များမှာ တုန်ယင်လာကာ သူ့ပါတနာအား ဆုပ်ကိုင်လိုက်ရင်း
အသံနှိပ်ကာ တိုက်တွန်းလိုက်၏။
“ တောင်းပန်လိုက် ”
သူ့ပါတနာရှေ့၌ မျက်နှာပျက်သွားရသဖြင့် အယ်လ်ဖာ၏ မျက်နှာမှာ
မည်းမှောင်သွား၏။ သို့သော်ငြား လုယွမ်ယဲ့အား ကြောက်သောကြောင့် သူ့ဖယ်ရိုမုန်းများကိုသာ
ရုတ်သိမ်းလိုက်ပြီး မိုက်မဲစွာ ပြောလာသည်။
“ ငါ တောင်းပန်တယ်၊ သွားကြစို့ ”
“ ကျွန်တော် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ”
အိုမီဂါလေးသည် သူတို့နှစ်ဦးအား ထပ်ကာတလဲလဲ တောင်းပန်ကာ
သူ့အယ်လ်ဖာကို နောက်သို့ ပြန်ဆွဲလိုက်၏။
“ သူက ရည်ရွယ်ပြီး လုပ်လိုက်တာ မဟုတ်ပါဘူး။ စစ်ဆေးကြည့်ဖို့ ခင်ဗျားတို့ကို ဆေးရုံကို ခေါ်သွားပေးမယ်ဆိုရင်ရော၊
လက်ထပ်စာချုပ် ရပြီးသွားရင်လေ ”
လုယွမ်ယဲ့၏ ပြေမလျော့သွားသေးသည့် အမူအရာကြောင့် သူသည်
ရှီယိကိုသာ ချဉ်းကပ်ကာ တီတိုးဆိုနိုင်ခဲ့သည်။
“ မင်းရဲ့ အယ်လ်ဖာကို နည်းနည်းလောက် ဖျောင်းဖျလိုက်ပါဦး၊
သူ- သူက တော်တော် ကြောက်ဖို့ကောင်းတယ် ”
ရှီယိ ခေတ္တမျှ တွန့်ဆုတ်သွားခဲ့သည်။ လုယွမ်ယဲ့ တစ်ယောက်ယောက်နှင့်
ပြဿနာတက်သည်အား သူတစ်ခါမှ မမြင်ခဲ့ဖူးရာ အခုကိစ္စသည်လည်း ပြဿနာ အကြီးကြီးမဟုတ်ဘဲ ရိုးရှင်းသော
နှစ်သိမ့်မှုကပင် သူဘယ်လောက် စိုးရိမ်ပူပန်နေကြောင်း ပြသနိုင်၏။
သူတို့သည် တကယ့် ပါတနာအစစ်များ မဟုတ်ကြသဖြင့် လုယွမ်ယဲ့၏
အပြုအမူများကိုလည်း ထိန်းချုပ်နိုင်သော အခွင့်အာဏာ သူ့မှာ မရှိနေခဲ့ပေ။
ရှီယိသည် လုယွမ်ယဲ့၏ အ၀တ်အနားစများကို တင်းကြပ်စွာ
ဆုပ်ကိုင်ထားပြီး တီးတိုးဆိုလိုက်၏။
“ ခင်ဗျားကပဲ ဘာလို့ အရင် မမေ့လိုက်တာလဲ၊ လူတိုင်းက
ဒီကို လက်ထပ်စာချုပ်ရဖို့ ရောက်နေကြတာ ”
ဆူပူလှုပ်ရှားနေခြင်းအား မြင်သွားသည့် လုံခြုံရေးအချို့မှာ
အချက်ပြတုတ်များဖြင့် သူတို့ထံ လျှောက်လာကြသည်။ အခြားအယ်လ်ဖာများ၏ ဖယ်ရိုမုန်းများသည်လည်း
သူ့အပေါ် သက်ရောက်မှု ရှိသေးသည်ဖြစ်ရာ ရှီယိမှာ မူးဝေလာပြီး လုံခြုံရေး အစောင့်အား
အဘယ်သို့ ရှင်းပြရမလဲဟု တွေးတောနေမိချိန်တွင် လုယွမ်ယဲ့၏ အားအင်များမှာ ရုတ်ခြည်း လျော့ကျသွား၏။
ရှီယိသည် အံဩလွန်းသဖြင့် လှမ်းကြည့်မိရာ ၀မ်းနည်းအားငယ်သော
မျက်၀န်းများဖြင့် သူ့အား ငေးကြည့်နေသော လုယွမ်ယဲ့အား တွေ့လိုက်ရ၏။ မက်စ်သည် လုယွမ်ယဲ့၏
မျက်နှာအစိတ်အပိုင်း အများစုအား ဖုံးကွယ်ထားသည့်အပြင် မျက်၀န်းထဲ၌လည်း ပျော်ရွှင်ခြင်း၊
ဒေါသထွက်ခြင်းဟူ၍ စိုးစိမျှပင် သူ မမြင်နိုင်ခဲ့ပါချေ။
အချိန်အတော်ကြာပြီးမှ လုယွမ်ယဲ့သည် သူ၏ ခန္ဓာကိုယ်
အလေးချိန်အများစုအား ထောက်ပံ့နိုင်ရန် လက်မြှောက်လိုက်ပြီး သူ့အသံမှာ အနည်းငယ် ရှတတဖြစ်နေခဲ့သည်။
“ မင်း ပြောသလိုပဲပေါ့ ”