Ch 9
Viewers 10k

Chapter 9

စာမျက်နှာသည် လင်းလက်တောက်ပနေပြီး အရောင်အသွေးစုံလင်ကာ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အတင်းအဖျင်း မဂ္ဂဇင်းတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း ပူးတွဲပါရှိသောဓာတ်ပုံများမှာ အစစ်အမှန်ပင်ဖြစ်လေသည်။

ဖန်းမုချင်း၏ တစ်ကိုယ်လုံးကို အရပ်မြင့်သည့် အယ်လ်ဖာတစ်ယောက်မှ မြေကြီး‌ပေါ်သို့ ပြင်းထန်စွာ ဖိချထားပြီး သူ့မျက်နှာတွင် မျက်ရည်များနှင့်နှာရည်များ ဖုံးလွှမ်းနေ၏။

ရှီယိသည် ဖန်းမုချင်း၏မျက်နှာကို မြင်လိုက်ရသည်နှင့် စက်ဆုပ်ရွံရှာသွားလေ၏။ ထိုနေ့ညက ချိုးဖောက် ဝင်ရောက်ခဲ့သည့် အယ်လ်ဖာနှစ်ယောက် ရှိသည်ကို သူ သတိရသွား၏။ ဤဓာတ်ပုံထဲမှ တစ်ယောက်သည် လုယွမ်ယဲ့နှင့် လိုက်ပါလာသည့် အယ်လ်ဖာ ဖြစ်လိမ့်မည်။

နောက်ထပ် ဓာတ်ပုံတစ်ပုံကို အပြင်ဘက်ခန်းမ၏ လုံခြုံရေးကင်မရာမှ ရိုက်ယူထားခြင်းဖြစ်ပြီး သူ့မျက်နှာအား ၀ါးထားကာ၊ သူဝတ်ထားသော အဝတ်အစားများသည်လည်း သပ်ရပ်စွာ ရှိနေသောကြောင့် သူ့၏ပုံပန်းသဏ္ဌာန်ကို မြင်ရရန် မဖြစ်နိုင်ပေ။

ဆန့်ကျင်ဘက်အနေနှင့် ဖန်းမုချင်း၏

ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောမျက်နှာကို အရည်အသွေး မြင့်မား‌စေရန် ပုံပြင်ဆင်မှုလုပ်ထားပြီး သူ့၏ ရုပ်ဆိုးအကျည်းတန်မှုသည် အပြည့်အဝ ပေါ်လွင်နေခဲ့၏။

ဤဓာတ်ပုံများသည် မနေ့ကမနက်ပိုင်း အစောပိုင်းကတည်းက ပျံ့နှံ့နေခဲ့ခြင်းဖြစ်၏။ တစ်နေ့တာလုံး ပျံ့နှံ့မှုပြီးသည့်နောက်တွင် ဖန်းမုချင်းမှ ပြန်လည်တိိုက်ခိုက်ရန် အခွင့်အရေးမရှိပဲ အွန်လိုင်းပေါ်တွင် ပြင်းထန်စွာ ဆဲဆိုခြင်းခံနေရသည်။

[စားပြီးတော့မှ ဝလာတာလား : တကယ့်စက်ဆုပ်စရာပဲ၊ သူက ညီလာခံက ခွေးတစ်ကောင်လို ပုံစံမျိုးပဲ၊ ဒါပေမဲ့ သူက တကယ့် လိင်စိတ်ဖောက်ပြန်နေသူမှန်း ဘယ်သူသိလဲ]

[Matcha macchiato: ဖန်းမုချင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်က အိုမီဂါ‌တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ကောလာဟလ ထွက်ခဲ့ဖူးတယ်၊ အင်တာနက်ပေါ်က လူတွေ မမှတ်မိကြဘူးလား]

[ဒါကို မျှတအောင် လုပ်လို့ မရဘူး ;ဒီ အိုမီဂါ ငယ်လေးက အရမ်းသနားစရာကောင်းတယ်၊ သူ အခု စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကျန်နေမှာ]

အဓိပ္ပာယ်ရှိစွာ ပြောရလျှင် ဖန်းမိသားစု၏ ကျော်ကြားမှုများကြောင့် ဤသတင်းမှာ အလွယ်တကူ ပြန့်နှံ့နိုင်ပေသည်။

ဥပမာအားဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က ၀ေဖန်သံများ အများကြီးထွက်ပေါ်စေခဲ့သော်လည်း ခြေရာလက်ရာမကျန် ဖုံးဖိထားခဲ့သည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်စဉ်နှင့် ထို့ထက်ပိုပြီး သူတို့၏ နယ်ပယ်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများဖြစ်သည်။ ထို့ပြင် ယွမ်ယဲ့ အဆောက်အအုံသည်လည်း အပြင်လူများကို တားဆီးထားခဲ့၏။ 

ဤသို့ ရက်စက်စွာ ဖော်ထုတ်ခြင်းမှာ ဖန်းမိသားစု၏သြဇာကို တစ်စုံတစ်ယောက်မှ တားဆီးခဲ့ခြင်းဖြစ်နိုင်ပြီး သူတို့ဖုံးဖိရန် မဝံ့ရဲတော့ဘူးဆိုသည့် အဓိပ္ပာယ်ပင်။

လုယွမ်ယဲ့…

နောက်ပိုင်းတွင် အတူဖော်ပြထားသော နာမည်ကို ရှီယိ ကြည့်လိုက်၏။လုယွမ်ယဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် အရေးပေါ် သတင်းစာရှင်းလင်းပွဲတစ်ခုကို ချက်ချင်း ပြုလုပ်ခဲ့သည်။ ပထမဦးစွာ မနေ့ညက ယွမ်ယဲ့ အဆောက်အအုံတွင် ဖြစ်ပွားခဲ့သော ဆိုးရွားလှသည့် အဖြစ်အပျက်အတွက် အများပြည်သူကို တောင်းပန်ခဲ့ပြီး အဆောက်အအုံအတွင်း လုံခြုံရေးကို ပိုမိုမြှင့်တင်ပေးမည်ဟု ကတိပြုခဲ့၏။

ချက်ချင်းဆိုသလိုပင် လုကော်ပိုရေးရှင်း၏ ပြည်သူ့ဆက်ဆံရေးအဖွဲ့မှာ ဖန်းကော်ပိုရေးရှင်းနှင့် အတူပူးပေါင်းဆောင်ရွက်မှုများကို ဖျက်သိမ်း၍ လက်ရှိစီမံကိန်းများမှ ရန်ပုံငွေအားလုံးကိုလည်း ရုပ်သိမ်းမည်ဟု ကြေညာခဲ့သည်။

ရေရှည်တည်ထောင်ထားသည့် လုအုပ်စု၏ ကျောထောက်နောက်ခံပြုမှုဖြင့် ယွမ်ယဲ့မီဒီယာသည် ဤအသိုင်းအဝိုင်းအတွင်းတွင် မီးမောင်းထိုးခြင်းခံရသည့် ကုမ္ပဏီ ဖြစ်လေ၏။ 

လုယွမ်ယဲ့မှ သူ့၏ထုတ်ပြန်ချက်များကို ပြောကြားပြီးသည့်နောက်တွင် အခြားမိသားစုများလည်း တစ်မိသားစုပြီး တစ်မိသားစု ထပ်မံထွက်ပေါ်လာ၍ ဖန်းမိသားစုနှင့် သူတို့၏ ဆက်ဆံရေးကို အဆုံးသတ်ကြောင်း ကြေညာခဲ့ကြသည်။

မိနစ်ပိုင်းအတွင်းမှာပင် စာချုပ်ချိုးဖောက်မှု လျော်ကြေးငွေအဖြစ် ဖန်းမိသားစု ရင်ဆိုင်ရမည့် ပမာဏများသည် သန်းပေါင်း ရာချီအထိ ဖြစ်သွားခဲ့လေ၏။ ပိုသေးငယ်သော ကုမ္ပဏီအများအပြားမှာ စုံစမ်းစစ်ဆေးမှုများကို တိုက်ရိုက်ရပ်တန့်စေခဲ့ပြီး လုပ်ငန်းလည်ပတ်မှုများကိုပါ ရပ်တန့်ခဲ့ကြလေ၏။

ဤမျိုးရိုးမြင့် မိသားစုများသည် မူလကတည်းက တစ်ဦးနှင့်တစ်ဦး ကာကွယ်ရန်အတွက် အုပ်စုဖွဲ့ ဆက်နွယ်နေကြ၏။ ထို့ကြောင့် မိသားစုတစ်စုကို စွန့်ပစ်လိုက်ပြီဆိုလျှင် ပြဿနာများစွာ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

ဖုန်းသည် နောက်တစ်ကြိမ် ထပ်မြည်လာလေ၏။ ဤတစ်ခါသည်တော့ အမည်မသိ ဖုန်းနံပါတ် ဖြစ်သည်။ ရှီယိ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဖြေရန်အတွက် နှိပ်လိုက်၏။

"ဟယ်လို"

"ရှောင်ယိ"

ဖုန်းတစ်ဖက်ကနေ ဖန်းမုချင်း၏ အသံ ထွက်လာလေသည်။

"ရှောင်ယိလား"

ရှီယိ၏ ရင်းနှီးသည့် သူငယ်ချင်းများသာ သူ့ကို 'ရှောင်ယိ' ဟုခေါ်ကြသည်။ ဖန်းမုချင်း၏ ပါးစပ်မှ ဤခေါ်သံအား ကြားရခြင်းသည် သူ့ကို စက်ဆုပ်ရွံရှာစေခဲ့တာကြောင့် ရှီယိ

ဘာမှစဉ်းစားမနေဘဲ ဖုန်းကို ပိတ်လိုက်ပြီး ဤနံပါတ်ကို နာမည်ပျက်စာရင်းထဲ ထည့်လိုက်၏။

ဖန်းမိသားစုမှာ သူတို့၏ ကိုယ်ပိုင်ကိစ္စများကို စီမံခန့်ခွဲရန် အလုပ်များနေသည်။သို့ရာတွင် ဖန်းမုချင်းမှာ အဘယ်ကြောင့် သူ့ကို လာပြီး စက်ဆုပ်ရွံရှာ‌စေရန်အလို့ငှာ လုပ်ချင်ရသနည်း။

ခေတ္တအကြာတွင် အမည်မသိ ဖုန်းနံပါတ်တစ်ခုမှ စာတစ်စောင် ပို့လာ၏။ ဖန်းမုချင်း ထံမှပို့လာခြင်းဖြစ်သည်။ စာလုံးရေ ၈၀၀ရှည်လျားသော ဝန်ခံချက်ဖြစ်ပြီး သူ့၏အပြုအမူများနှင့် သူ့ဦးနှောက်ကို မထိန်းချုပ်နိုင်ခဲ့ခြင်းကို တောင်းပန်ကာ ရှီယိ၏ ခွင့်လွှတ်မှုကို တောင်းခံထား၏။

ရှီယိမှ "ရှင်းပြဖို့ ဗီဒီယိုရိုက်ထားတာ အကောင်းဆုံးပဲ"ဟုဆိုသည့် စာကြောင်းကို စိုက်ကြည့်ပြီးနောက် အေးစက်စွာ နှာမှုတ်လိုက်၏။

သူသည် စာကို အမူအရာမဲ့စွာ ဖျက်ပစ်လိုက်ပြီး နောက်ထပ် အနှောင့်အယှက် မဖြစ်စေရန် ထပ်ဝင်လာမည့် အမည်မသိ ဖုန်းခေါ်ဆိုမှုများနှင့် နံပါတ်များကို ပိတ်ရန် ဖုန်းစနစ်ကို ပြင်ဆင်လိုက်သည်။

ဤအရာများအားလုံးကို လုပ်ပြီးသောအခါ သူ တအံ့တဩဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့၏။ အပြင်ဘက်တွင် အမှောင်ကျနေပြီ ဖြစ်သည်။

လုယွမ်ယဲ့၏ ဗီလာသည် လေးထပ်ဖြစ်ပီး ဥယျာဉ်နှင့်ရေကူးကန်အပြည့်အစုံပါ၀င်လေသည်။

သူ ဆင်းလာသည့်အခါ ဧည့်ခန်းထဲတွင် လုယွမ်ယဲ့မှာ သတင်းစာ ဖတ်နေပြီး အသံကြားသဖြင့် မော့ကြည့်လိုက်၏။

"နိုးပြီလား"

ရှီယိမှ အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် မစ္စတာလုကို ကျေးဇူးတင်ပါတယ်၊ ဖန်းမိသားစု အကြောင်းကိုလည်း ကြားပါတယ်၊ မစ္စတာလု ကိုင်တွယ်ပုံက အရမ်းကောင်းတယ်"

"ထမင်းစားဖို့ ပြင်လိုက်ပါ"

လုယွမ်ယဲ့သည် ဦးလေး၀မ်ကို ခေါ်လိုက်ပြီး ပြောလိုက်၏။

"ဟင်းပွဲတွေကို ပြန်နွှေးလိုက်တော့"

ဦးလေးဝမ်မှာ ချက်ချင်း နာခံလိုက်ပြီး ထမင်းစားခန်းသို့ လျှောက်သွားလိုက်သည်။

ရှီယိမျက်လုံးများ ပြူးကျယ်သွားလေ၏။

မစ္စတာလုမှ သူ့ကိုထမင်းစားရန် စောင့်နေသည်ပင်။

သူသည် ထမင်းစားပွဲထံသို့ လျှောက်သွားပြီး ထိုင်ချလိုက်ချိန်တွင်လည်း မယုံကြည်နိုင်သေးသည့် အခြေအနေတွင် ရှိနေဆဲပင်။ မထိန်းနိုင်တော့သည့်အဆုံးတွင် သူသည် မေးခွန်းထုတ်ချင်သကဲ့သို့ ဘေးကို စောင်းကြည့်မိလိုက်သည်။

လုယွမ်ယဲ့၏ အမူအရာမှာ အလွန်တည်ငြိမ်နေပြီး မေးမလာသေးသည့် သူ့မေးခွန်းကိုပင် ဖြေလိုက်၏။

"လူ မစုံသေးလို့ ညစာ မစားသေးတာ"

သူမှ ထပ်ပြီး အလေးထား ပြောကြားလိုက်သည်။

"ဒါက မင်းကြောင့် မဟုတ်ဘူး"

ရှီယိမှ ခေါင်းညိမ့်လိုက်၏။

"ဟုတ်ကဲ့ နားလည်ပါတယ်"

ဤသည်မှာ လုမိသားစု၏ အလေ့အကျင့်တစ်ခု ဖြစ်နိုင်ပါသည်။ သို့သော်လည်း သူ၏ရှက်ရွံ့မှုကို မထိန်းနိုင်ခဲ့ပေ။ မစ္စတာလုသည် သဘောကောင်းသူ ဖြစ်သော်လည်း လူများကို အမြဲတမ်း စိတ်မသက်မသာ ဖြစ်စေနိုင်သည့် စကားများ ပြောတတ်၏။

ရှီယိသည် စားပွဲပေါ်မှ အစားအစာကို အာရုံစိုက်ရန် အားထုတ်လိုက်၏။ လုယွမ်ယဲ့၏ ရှေ့တွင် ထောပတ်နှင့်ဆီများစွာဖြင့် ပြင်ဆင်ထားသော အသားကင်တစ်ခု ရှိနေချိန် သူ့ဘေးတွင် ပေါ့ပါးသည့် ဆန်ပြုတ်နှင့် အရံဟင်းပွဲများ ဖြစ်သည်။ ထို့ပြင် အချိုပွဲအတွက် ဘလူးဘယ်ရီနှင့် ပိန်းဥအနှစ်အချိုပွဲ ရှိနေလေ၏။

သူသည် ဦးလေး၀မ်ကို စိတ်ထဲမှ ကျေးဇူးတင်မိလိုက်သည်။လုယွမ်ယဲ့ကဲ့သို့ အသားကင်ကို စားရမယ်ဆိုလျှင် သူ တစ်လုတ်ပင် မြိုချ၍ရမည်မဟုတ်ပေ။

လုယွမ်ယဲ့သည် ထိပ်တန်း အယ်လ်ဖာတစ်ဦး၏ စံပြပုံစံကဲ့သို့ ဖြစ်ရန် ထိုက်တန်ပါ၏။ သူစားသောအခါတိုင်း သေချာစွာ စားပြီး အစာတစ်လုတ်စီကို အကြိမ်ရေ တူညီစွာ ဝါးသည်။ အသားကင် လှီးသံသည်သာ စားပွဲတွင် ရှိနေပြီး ခေတ္တအကြာ ပန်းကန်ထဲတွင် အရိုးဖြူများသာ ကျန်ရစ်တော့၏။

လုယွမ်ယဲ့သည် လိမ္မော်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ပါးစပ်ကို လက်ကိုင်ပဝါနှင့် သုတ်လိုက်ကာ ဆက်စားနေဆဲဖြစ်သည့် ရှီယိကို စိုက်ကြည့်နေသည်။

"..."

ဥက္ကဋ္ဌလုသည် ဤမျှအလေးအနက်ထားရန် မလိုပါပေ။

“သူစားပြီးရင် ဖုန်းကြည့်တာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ထွက်သွားတာပဲဖြစ်ဖြစ် လုပ်လို့ရတာပဲ” 

ရှီယိ စိတ်ထဲမှ တီးတိုးရေရွတ်မိ၏။

ရှီယိသည် သူ့ကို မော့ကြည့်ချင်သော ဆန္ဒကို ထိန်းချုပ်၍ အမြန်စားလိုက်၏။

နောက်ဆုံး ညစာ စားသောက်ပြီးသည့်နောက် ရှီယိသည် ဧည့်သည်အခန်းထံသို့ ပြန်သွားရန်လုပ်နေစဉ်တွင် လုယွင်ယဲ့မှ ရုတ်တရက် တားလိုက်သည်။

"စာကြည့်ခန်းကို လိုက်ခဲ့"

"ဟမ် ဘာလို့လဲ" 

ရှီယိသည် နားမလည်နိုင်ပေ။ ရှီမိသားစုမှာ တစ်ခုခုများ မှားယွင်းနေ၍ မစ္စတာလုမှ သူ့ကို စစ်ဆေးမေးမြန်းရန် ရည်ရွယ်နေသလော။

လုယွမ်ယဲ့မှ တည်ငြိမ်စွာ ရှင်းပြလိုက်၏။

"မင်းအခု uterus ကာလကို ရောက်နေပြီး အယ်လ်ဖာရဲ့ အဖော်ပြုတာကို လိုအပ်နေတာ"

"မင်းအတွက် စိတ်သက်သာရာရစေမယ့် ဖယ်ရိုမုန်းတွေ ထုတ်ပေးမယ်"

ဟမ်…

ဒါဆို စာကြည့်ခန်းကို သွားရသည့် ရည်ရွယ်ချက်မှာ အဖော်ပြုဖို့သက်သက်ပဲလားး။

ဖယ်ရိုမုန်း spaလိုမျိုးလား….။

ဤ မြင်ကွင်းမျိုးမှာ မည်သို့ပုံစံ ဖြစ်မည်ဆိုသည်ကို စိတ်ကူ

းရန်ပင် ခက်ခဲ၏။

ရှီယိသည် အခွင့်အရေးရသည်နှင့် ချက်ချင်း ထွက်သွားနိုင်ရန်အတွက်

နောက်ရက်အနည်းငယ်မှာ သူ့အတွက် လွယ်ကူမည် မဟုတ်ဟု ခံစားလိုက်ရသည်။