Ch 4
Viewers 10k

Chapter 4

"မင်း heat ဝင်နေတာလား" 

လုယွမ်ယဲ့သည် လည်ပင်းပေါ်တွင် တင်ထားသော လက်ကိုချလိုက်ကာ လိင်ပိုင်းဆိုင်ရာစော်ကားသူများ သုံးသောစကားကို စာဖတ်နေသကဲ့သို့ ပြောလိုက်သည်။

သူပွေ့ပိုက်ထားသောသူမှာ စိတ်အာရုံနှင့် ကပ်မကပ်ပင် မသေချာပေ။ ထိုသူက ပြောလိုက်၏။ 

"အဲ့ဒါ heat မဟုတ်ဘူး... ငါတစ်ခါမှ heat မဝင်ဖူးဘူး" 

မရင့်မှည့်သေးသော အသီးတစ်မျိုးမျိုး၏ လတ်ဆတ်ပြီး မွှေးပျံ့သည့်ရနံ့မှာ ပျော့သော်လည်း လုယွမ်ယဲ့မှ ထူးဆန်းစွာ ဆွဲဆောင်မှုရှိသည်ဟု ထင်မိ၏။ ထိုရနံ့မှာ သူ၏နှာဖျားထိပ်တွင် ကြောင်အမြှီးနှင့် ပွတ်သပ်နေသကဲ့သို့ ရိုးတိုးရွတ ဖြစ်စေ၏။ 

ဖယ်ရိုမုန်းရနံ့ ပျော့ပျော့များမှာ အယ်လ်ဖာများအပေါ်တွင် သက်ရောက်မှု အနည်းငယ်သာ ရှိစေသော်လည်း လုယွမ်ယဲ့သည် အနည်းငယ်လှုပ်ရှားပြီး မသိလိုက်ခင်မှာပင် ဖယ်ရိုမုန်းများ ထုတ်လိုက်မိ၏။ 

ရှီယိသည် တဖြည်းဖြည်း စိတ်ငြိမ်သွားစေကာမူ သူ၏မျက်နှာနီနီလေးမှာကား တော်တော်နှင့် ပျောက်မသွားပေ။ သူသည် အသိစိတ် ပျောက်သွားသောအခါ မသိစိတ်မှ တဖြည်းဖြည်း နေရာယူလာကာ အယ်လ်ဖာတစ်ယောက်အား တင်းတင်းကြပ်ကြပ် ဖက်ထား၍ရုန်းနေသကဲ့သို့ အနည်းငယ် လှုပ်လိုက်သည်။ 

လုယွမ်ယဲ့သည်လည်း သူပြုတ်ကျမည်ကိုစိုးရိမ်ကာ ပို၍ပင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။ သိုသော် ပိုတင်းတင်းဖက်လေ ပိုရုန်းလေပင် ဖြစ်သည်။ 

ရှီယိသည် သက်သောင့်သက်သာရှိသော အနေအထားသို့သာ ပြောင်းချင်ရုံပင်ဖြစ်သောကြောင့် အယ်လ်ဖာတစ်ယောက်၏ တဖြည်းဖြည်းချင်း နက်ရှိုင်းလာသော မျက်ဝန်းနှင့် ရနံ့ပြင်းလှသော ဖယ်ရိုမုန်းတို့ကို လျစ်လျူရှုကာ ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်၏။ 

မိမိနှင့်ကိုက်ညီသော အိုမီဂါထံမှ ဆွဲဆောင်ခံရခြင်းသည် အယ်လ်ဖာတို့၏ မူလ အရိုင်းဆန်သော သဘာဝကို ပိုဆွဲထုတ်လိုက်သကဲ့သို ဖြစ်သည်မှာ အသေချာပင်။ အချို့သောသူများသည် သူတို့စိတ်ပင် မထိန်းချုပ်နိုင်သည်အထိ ပြင်းထန်ခဲ့ဖူးလေသည်။ ထိုကြောင့်အစိုးရသည် ထိုကဲ့သို့ မဖြစ်မီနှင့် ဖြစ်နေစဉ်အချိန်များတွင် အိမ်တွင်သာ နေခိုင်းကာ ပြင်းထန်ပါက အရေးပေါ်ခေါ်နိုင်ရန် ဖုန်းလိုင်းများပင် စီစဉ်ထားပေးလေသည်။

လုယွမ်ယဲ့သည် သူကလေးဘဝတုန်းကသာ သူနှင့်အလွန် ကိုက်ညီသော အိုမီဂါကို တစ်ခါသာ တွေ့ဖူးလေသည်။ တစ်ဖက်သူ၏ ဖယ်ရိုမုန်းအနံ့မှာ သစ်တော်သီးမှည့် အရသာကဲ့သို့ပင် ဖြစ်သည်။ ထိုသို့သောအနံ့မှာ ယခုသူ့ရင်ခွင်ထဲတွင် ဖက်ထားသည့် အိုမီဂါနှင့်မခြား ဖြစ်နေလေသည်။ ဤသည်ကပင် သူ့အား သူ့ကိုပိုနှိုးဆွနေလျက်။

မဖော်ပြနိုင်သော အရာတစ်ခုမှာ သူ့အား တ‌ဖြည်းဖြည်း တိုက်စားနေသကဲ့သို့ပင်။ သူလုပ်နေသည်ကိုပင် အသေအချာ မထိန်းချုပ်နိုင်ဖြစ်နေကာ လုယွမ်ယဲ့မှ ဖုန်းကို သူ့အိတ်ထဲပြန်ထည့်၍ အိုမီဂါအား တင်းတင်းဖက်လျက် လျှို့ဝှက်အခန်းဆီသို့ ဉီးတည်လာခဲ့၏။

“ပူတယ်...” 

ရှီယိသည် ခေါင်း‌ထောင်လိုက်၏။

ထိုသည်မှာ အယ်လ်ဖာဖယ်ရိုမုန်းဖြစ်လေသည်။ သူသည် ထိုရနံ့အား ရွံ့ရှာစက်ဆုပ်ခြင်း မဖြစ်မိချေ။ ထို့ပြင် သူ့ရှေ့ရှိ အယ်လ်ဖာနှင့် ရင်းနှီးနေသကဲ့သို့ပင် သူ့ကိုယ်မှ လိုလိုလားလား လက်ခံနေလေသည်။

သူ့မျက်လုံးထဲတွင် အရာအားလုံးမှာ ဝေဝါးနေ၏။ လုယွမ်ယဲ့သည် မည်သည့်အချိန်ကတည်းက အိုမီဂါမှာ အင်္ကျီကြယ်သီးများ ပြုတ်နေခဲ့သည်ကိုပင် မသိချေ။ သူမြင်ရသည်မှာကား လုံးဝ ဖြူစင်ဝင်းမွတ်နေသည့် အသားအရေ ဖြစ်ပေသည်။ သူ၏လည်ကုပ်ကိုလည်း အတိုင်းသားမြင်ရနေကာ ပိန်သွယ်နေသည်မှာ အစာကောင်းကောင်း မစားထားသကဲ့ပင်။ သူသည် လေသလပ်သည့်အလျောက် ကိုယ်မှာ တုန်တက်သွား၏။

ထိုနောက် သူသည် အိုမီဂါ၏လည်ပင်းတွင် အနီကွက်လေး လုပ်ပေးလိုက်သည်။ သူ၏ စိတ်ဆန္ဒပြင်းပြမှုကြောင့်လားမသိပေ။ ထိုအနီကွက်လေးမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုပိုရဲလာလျက်ပင်။ လုယွမ်ယဲ့သည် စိတိမထိန်းနိုင်တော့ကာ ခေါင်းငုံ့၍ ထပ်နမ်းလိုက်လေသည်။

ရှီယိမှာ သူ့ဖုန်းသံကြောင့် နိုးလာခဲ့၏။ သူသည် ခါတိုင်းကဲ့သို့ လက်လှမ်း၍ ယူမည်လုပ်သော်လည်း သူ့ခေါင်းရင်းတွင် မည်သည်မျှရှိမနေချေ။

ဖုန်းသည်ကား အိပ်ရာထဲတွင် မြုပ်နေပုံပေါ်သည့် အပြင် မြည်သံမှာ အနည်းငယ် မရှင်းမလင်း ဖြစ်နေ၏။ သူ ထ ရန်အားယူလိုက်ချိန်တွင် ရှီယိသည် သူ့ကိုယ်တစ်ခုလုံးအား ကိုက်နေသကဲ့သို့ လည်ပင်းအနောက်မှ ခပ်စူးစူး နာကျင်မှုကို ခံစားမိလိုက်ရသည်။

အသက်ပုံမှန်လေး ရှူလိုက်ပြီးနောက် မှုန်မှုန်ဝါးဝါးမှတ်ဉာဏ်များ သူ့ခေါင်းထဲ ပြန်ပေါ်လာ၏။ သူသည် အရက်အတင်းတိုက်ခံခဲ့ရကာ ဝေးကွာသော အခန်းတစ်ခန်းသို့ သူ့အား ခေါ်သွားပြီး ထို့နောက်သူက ထိုဝိုင်ခွက်မှာ ဆေးခတ်ထားသည်ကို ယခုမှပင် သိလေသည်။

ထို့နောက် ဖန်းလုရန်....

ဖန်းလုရန်!

ရှီယိသည် ထထိုင်လိုက်သည်။ သူ့တကိုယ်လုံးပေါ်မှ အနီမှတ်များနှင့် ကိုက်ခဲနေမှုများမှာ သူ့ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သကဲ့သို့ပင်။ သူသည် သူခံစားနေရသော ကိုက်ခဲမှုကိုပင် ဂရုမစိုက်နိုင်ဘဲ မည်မျှပင် နာနေပါစေ ထိုခွေးကောင်ကိုသာ သေစေချင်‌နေ၏။

သို့သော် သူ၏အင်္ကျီကို ဝတ်မည်အလုပ်တွင် အေးစက်သောအသံတစ်သံမှာ ထွက်ပေါ်လာသည်။

“မင်း မလှုပ်သေးတာ ပိုကောင်းမယ်”

ရှီယိသည် သူ့ခေါင်းကို ဖြေးညှင်းစွာ မ၍ ကြည့်လိုက်ချိန်မှသာ ထိုအခန်း မည်မျှကျယ်ကြောင်း သတိထားမိကာ လူတစ်ယောက်သည်လည်း အခန်းထောင့်စွန်းတွင် ထိုင်နေသည်ကို သတိထားမိလေတော့၏။

သူ၏ရှုပ်ပွနေသောပုံစံနှင့် ယှဉ်လျှင် ထိုသူမှာ အသာကြီးပင်။ သူ၏ အပြာနက်ရောင် အစင်းတီရှပ်နှင့် ဘောင်းဘီသည် ထင်းထင်းကြီးဖြစ်လျက်နှင့် သူ့မျက်နှာပုံစံမှာကား မည်သည့်အချိန်မဆို အစည်းအဝေး ထိုင်နိုင်သည့်ပုံစံလောက်ထိ အတည်ကြီး ဖြစ်လျက်ရှိသည်။

“မင်းဘယ်သူလဲ၊ ဘာလို့ဒီမှာရှိနေတာလဲ”

ရှီယိသည် မရှိသည့်သတ္တိလေးကိုစုကာ အားဖြင့် မေးလိုက်၏။ ထိုသူ့ထံမှ အေးစက်သောရနံ့ကား သူ့မှတ်ဉာဏ်တို့ကို ပြန်လည်ခေါ်ဆောင်လာသကဲ့သို့ပင် ထိုညအဖြစ်အပျက်များကို သေချာမြင်ယောင်လာသည်။

ငါအဲဒီအနံ့ကို မနေ့ကလည်း ရခဲ့တာပဲ…

မဟုတ်မှ.....

“ငါက လုယွမ်ယဲ့ပါ၊ ငါက.... ဒီမှာအလုပ်လုပ်တာ”

လုယွမ်ယဲ့မှ သူ၏နာရီကို ကြည့်လိုက်သည်။

“ အခု ၁၁ နာရီတောင်ထိုးနေပြီ၊ မင်းက အိပ်ရာတောင် မထသေးဘူး”

လုအဖွဲ့၏ ယခုအကြီးအကဲ၊ ယွမ်ယဲ့မီဒီယာ ဖောင်ဒါ၊ လုယွမ်ယဲ့…

ရှီယိသည် သူ၏အံ့အားသင့်မှုကို ဖုံးကွယ်လိုက်ကာ မနေ့က ရှချန်းပြောသည်ကို သတိသွားရသွားသည်။ ထိုသူကား စာနာစိတ်မရှိ၊ အပေါ်စီးကဆက်ဆံကာ သူ့ကိုဆွဲဆောင်သော အိုမီဂါအားလုံး ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားရသည်ဟူ၍ ဖြစ်၏။

“မင်း မနေ့က ငါ့ကိုကယ်ခဲ့တာပဲ... ငါ”

ရှီယိ၏လည်ပင်းမှာ ဆိုးဆိုးဝါးဝါး နာလာသောကြောင့် ပြော‌နေသည့်စကားပင် ရပ်သွားရသည်။ ထို့နောက် ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြင့် သူ့လည်ပင်းနောက်ကို စမ်းကြည့်လိုက်ချိန်တွင် ဟုတ်ပါသည်၊ သူ့ဂလင်းမှာ ဖူးယောင်နေကာ အနာတရ ဖြစ်နေ၏။

“အဲဒါ ယာယီအမှတ်အသားပဲ”

လုယွမ်ယဲ့မှ ခက်ထန်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ မနေ့က သူသည် အလွန်ထိန်းချုပ်ထားရသောကြောင့် မောပန်းသွားပြီး သူ့ကိုသေချာစွာ အမှတ်အသားမပေးလိုက်ရသည်ကို ယခုအချိန်မှ ရှက်မိသဖြင့် ထိုကဲ့သို့ပြောလိုက်ခြင်း ဖြစ်သည်။

“ကျေးဇူး...”

ရှီယိသည် မည်သည်ကို ပြန်‌ပြောရမည်မှန်းပင် မသိတော့ချေ။ သူသည် ယခု ရှုပ်ထွေးနေဆဲ ဖြစ်လေသည်။ သူ့အင်္ကျီအား ရှာဝတ်ပြီးမှသာ တစ်ခုခုမှားနေသည်ကို ခံစားမိ၏။

သူသည် လုယွမ်ယဲ့ကို ကြည့်လိုက်ကာ

“မင်း.... ဘာလို့ခုထိ ဒီမှာရှိနေသေးတာလဲ”

မနေ့ညမှာ မလွဲမရှောင်သာ ဖြစ်ခဲ့ခြင်းဖြစ်သော်လည်း လုယွမ်ယဲ့သည် စောစောအိပ်ရာထကာ သူမထခင်အထိ အလုပ်လုပ်ရန် ထိုအခန်းထဲတွင် နေနေခြင်းဖြစ်သည်။

“သူဒီမှာပဲ ကိစ္စတွေရှင်းချင်လို့များလားပဲ’’

“ငါ မင်းကို လုမိသားစုဆီ ခေါ်သွားချင်တယ်”

လုယွမ်ယဲ့မှာ သာမာန်ကဲ့သို့ပင် ထိုစကားများကို ပြောချလိုက်သည်။

“ဘာ” 

ရှီယိမှာ မျက်စိပြူးသွားလေသည်။ ရှီအိမ်တော်ရှိ ကျန်နေခဲ့သော သူ၏ အိုမီဂါအဖေကို တွေးမိကာ သူသည် ခိုင်ခိုင်မာမာပင် ငြင်းဆိုလိုက်၏။

“ကျွန်‌တော် မလိုက်ဘူး”

လုယွမ်ယဲ့မှာ မဲ့သွားရသည်။

“ ငါ့ယာယီအမှတ်အသားကြောင့် မင်းဒီလိုဖြစ်သွားရတာ၊ ဉပဒေအရဆို အယ်လ်ဖာက မင်းကို လိုက်စောင့်ရှောက်နေရမှာလေ”

“မင်းက ငါ့ကို မျက်နှာလွှဲခိုင်းပြီး အပြစ်သား ဖြစ်စေချင်နေတာလား”