Ch 2
Viewers 10k

Chapter 2

“ရှီယိ အဖေက မင်းကို ဟိုဘက်ကို သွားခိုင်းလိုက်တယ်” 

အရပ်ရှည်သော အယ်လ်ဖာ တစ်ယောက်က ရှီယိ၏ ရှေ့တွင် ရပ်ပြီး စိတ်မရှည်သည့် လေသံနှင့် ပြောလာသည်။

“မင်း ဘာလို့ ဖန်းမိသားစုနဲ့ သွားမတွေ့ဘဲ ဒီမှာ ပုန်းနေတာလဲ"

ရောက်လာသော သူမှာ ရှီယိ၏ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ ရှီယွမ် ဖြစ်ပြီး ဖန်းမုချင်းနှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်၏။ ဖန်းမုချင်းတစ်ယောက် ရှီယိထံမှ အရိုက်နှက်ခံခဲ့ရပြီးနောက် သူလည်း နည်းနည်း ရှက်ရွံ့နေလေသည်။

“မင်း..…”

သူ၏ သူငယ်ချင်းအတွက် စိတ်ဆိုးလာသည့် ရှချန်းက စကားထပြောရန် ပြင်လိုက်စဉ် ရှီယိ တားလိုက်၏။

ရှချန်းက လူသိရှင်ကြား အနုပညာရှင် တစ်ယောက် ဖြစ်သည်။ သူ့အတွက်နှင့် ရှချန်း၏ ပုံရိပ်ကို ဖျက်စီးရန် မလိုအပ်ပေ။

ရှီယိက ရှချန်း၏ ပုခုံးကို ပုတ်ပြီး မတ်တပ်ရပ်ကာ အေးစက်စွာ မေးလိုက်၏။

“အဖေ ဘယ်မှာလဲ”

သူ၏ အိုမီဂါဖခင်က ရှီအိမ်တွင် ရှိနေတုန်းပင်။ သူတို့၏ ဟန်ဆောင်ထားသော မိသားစုပုံရိပ်ကို လူအများရှေ့တွင် ဖြိုခွဲရန် အချိန်မကျသေးပေ။

ရှီယွမ် လှည့်ပတ်ကြည့်လိုက်ရာ ရှီကျင်းပန်က မလှမ်းမကမ်း၌ ဖန်းလုရန်၏ ဘေးနားတွင် ရပ်နေပြီး သူ့မျက်နှာတစ်ခုလုံးမှာ ဖားယားမှုများ အပြည့်နှင့် ပြုံးရယ်နေသည်ကို တွေ့လိုက်ရ၏။

“မင်းသာ သူ့သားကို ပါးမရိုက်ခဲ့ဘူးဆိုရင် အဖေက အဲဒီအဘိုးကြီးကို ဒီလောက်အထိ ခယနေဖို့ မလိုဘူးကွ ” 

ရှီယွမ်က သူ့ကို စူးစိုက်စွာ ကြည့်လိုက်သည်။ ဖန်းမိသားစုနှင့် လက်ထပ်ခြင်းက သူတို့အားလုံးအတွက် အကျိုးရှိစေမည် ဖြစ်သည်။ သို့သော် ရှီယိက လူတိုင်းကို ပိုက်ဆံများ ဆုံးရှုံးစေခဲ့၏။

“ဖန်းမုချင်းက အရမ်း အားနည်းလွန်းလို့ ပါးရိုက်ခံရတော့ သူ့အမေနဲ့အဖေကို တပြီး ငိုတယ်လို့ ဘာလို့ မပြောလဲ”

ရှီယိက ရှီယွမ်ကို လျစ်လျူရှုပြီး ရှီကျင်းပန်ထံသို့ မသွားမီ ထိုစကားတစ်ခွန်းကို ပေါ့ပါးစွာ ပြောခဲ့လိုက်သည်။

"မင်းရောက်ပြီပဲ" 

ရှီကျင်းပန်က ခေါင်းညိတ်ပြပြီး သူ့အသံကို လျော့ချကာ အပြစ်တင် ပြောဆိုလိုက်တော့၏။

“မင်းရဲ့ ဦးလေးဖန်းက မင်းကို အကြာကြီး စောင့်နေတာ၊ ဘာလို့ အခုမှ ရောက်လာတာလဲ!”

ရှီယိတစ်ယောက် ဖန်းမုချင်းနှင့် ဆင်တူသော မျက်နှာကို မြင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး မအီမသာ ဖြစ်သွားလေသည်။ သူ၏ စိတ်မသက်မသာဖြစ်မှုကို အတင်း ဖိနှိပ်ကာ နှုတ်ဆက်လိုက်၏။

"ဦးလေး မင်္ဂလာပါ"

ဖန်းလုရန်က ပြန်မဖြေဘဲ ရှီမိသားစု သားအဖကို နေရခက်သည့် အနေအထားနှင့် ချန်ခဲ့ပြီး ထွက်သွားလေသည်။ ရှီကျင်းပန်ကမူ ဤကဲ့သို့ အရှက်ရစရာကို လုံး၀ သတိမထားမိပေ။ ရှီယိကိုသာ တိုက်တွန်းလိုက်၏။

"မြန်မြန် ဦးလေးကို ဂါရဝပြုပြီး သောက်လိုက်!"

ရှီယွမ်က ချက်ချင်း ဖန်ခွက်တစ်ခွက်ကို ယူလာပြီး ရှီယိ၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်လေသည်။

ဖန်ခွက်ထဲတွင် အရက်များ ပြည့်လျှံနေပြီး နည်းနည်းလေး လှုပ်လိုက်ရုံနှင့် ဖိတ်ကျတော့မလို ဖြစ်နေ၍ ရှီယိ မျက်မှောင်ကျုံ့လိုက်မိ၏။ သူ သူ၏ ဂလင်းအတွက် ဆေးများ သောက်နေရသောကြောင့် အရက် အများကြီး သောက်၍ မရပေ။ ဤအချက်ကို သူ့မိသားစုလည်း သိသည်ပင်။

ထိုစဉ် ဖန်းလုရန်က အချိန်ကိုက် ပြုံးပြီး လှည့်လာလေသည်။

"ဒီကလေးက စိတ်ကြီးတယ်၊ သောက်ချင်မှာ မဟုတ်ဘူး ထင်တယ်"

"မြန်မြန် သောက်လိုက်!"

ရှီကျင်းပန်က သူ့ကို စူးစိုက်စွာ ကြည့်လာပြီး ဖိနှိပ်ချုပ်ချယ်သော ဖယ်ရိုမုန်းကို ထုတ်လွှတ်လိုက်၏။

ဖခင်ဖြစ်သူ အယ်လ်ဖာ၏ ဖယ်ရိုမုန်းများမှာ အိုမီဂါအပေါ်တွင် အပြည့်အ၀ သက်ရောက်မှု ရှိနေလေသည်။ ရှီယိ၏ လက်ကောက်ဝတ်က အနည်းငယ် တုန်ယင်သွားပြီး သူ၏ ကျောပြင်မှာလည်း ချွေးများနှင့် စိုရွှဲလာတော့၏။

သူ ဝိုင်ခွက်ကို နှုတ်ခမ်းနားသို့ မြှောက်တင်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။ ပူလောင်မှုက လည်ချောင်းမှ အစာအိမ်အထိ မီးရှို့လိုက်သကဲ့သို့ ရှိယိကို မျက်ရည်ပင် ထွက်သည်အထိ သီးသွားစေခဲ့၏။

”...ကုန်ပြီ..."

ရှီယိ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ သူ ရေရှာချင်ခဲ့သော်လည်း သူ့တစ်ကိုယ်လုံးက

အယ်လ်ဖာ ဖယ်ရိုမုန်းများကြောင့် တောင့်တင်းနေလေ၏။

"စကားနားထောင်တာက ပိုကောင်းပါတယ်" 

ဖန်းလုရန်က သူ့ပခုံးကို ပုတ်ပြီး ပြောလာသည်။

“ငါတို့ ဖန်းမိသားစုမှာ အရမ်း တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်၊ ပြီးတော့ ငါတို့က စိတ်ကြီးတဲ့ ကလေးတွေကို မကြိုက်ဘူး”

"ဟုတ်တာပေါ့၊ ဟုတ်တယ်"

ရှီကျင်းပန်က ထပ်ခါတလဲလဲ ပြောလိုက်၏။

“ဖန်းမိသားစုက ကျွန်တော်တို့ကို ဘဏ္ဍာရေး အကျပ်အတည်းကနေ ကူညီပေးဖို့ သဘောတူသရွေ့ ရှီယိရဲ့ နာမည်နဲ့ ရှိတဲ့ ကုမ္ပဏီ အားလုံးက ဖန်းမိသားစုရဲ့ အပိုင်ပါပဲ”

ထိုစကားကို ကြားလိုက်သောအခါ ရှီယိ မျက်မှောင်ကျုံ့မိသွားရသည်။ လက်ရှိတွင် သူ ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီကို ဦးဆောင်နေပြီး ၎င်းမှာ သူ၏ အိုမီဂါဖခင်က အောက်ခြေမှ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်၏။ ကုမ္ပဏီမှာ သိပ်မကြီးသော်လည်း တခြားသူများထံ လွှဲပြောင်းပေးရမည်မှာ မဖြစ်နိုင်သည့် အရာပင်။

"အဖေ" 

ရှီယိ၏ ဖန်ခွက်ကို ကိုင်ထားသည့် လက်ချောင်းထိပ်များက ဖြူဖျော့လာလေသည်။ သူ့တစ်ကိုယ်လုံးမှာ ထိလိုက်သည်နှင့် ကြေမွသွားတော့မည့်ပုံ ပေါ်နေ၏။

"ဖေးယိက ဖေဖေ့ရဲ့ ကြိုးစားအားထုတ်မှုပဲ၊ အဖေ သူ့သဘောထားကို မေးဖူးလား”

"ငါတို့အိမ်မှာ အိုမီဂါတွေက ဘယ်တုန်းက စကားပြောခွင့် ရှိခဲ့ဖူးလို့လဲ" 

ရှီကျင်းပန်၏ မျက်နှာက မည်းမှောင်သွားလေသည်။ သူ ဖန်းမိသားစုကို အမှားအယွင်း မရှိကြောင်း ယုံကြည်အောင် လုပ်ရန် လိုအပ်နေ၏။

ထို့ကြောင့် သူ၏ သားအကြီးဆုံးကို ခေါ်ပြီး ပြောလိုက်သည်။

"ရှီယိကို နားဖို့ ခေါ်သွားလိုက်ဦး၊ သူ နည်းနည်း မူးနေတယ်"

"သွားရအောင်" 

ရှီယွမ် သူ၏ ဈေးပေါသော ညီငယ်လေး၏ လက်မောင်းကို ဆွဲလိုက်သည်။ အယ်လ်ဖာနှင့် အိုမီဂါများ ကြားမှ ခွန်အား ကွာခြားမှုမှာ ကြီးမားလွန်းသောကြောင့် ရှီယိ၏ ငြင်းဆန်မှုက သူ့အတွက်တော့ ကလေးတစ်ယောက် ကစားသည်ထက် မပိုပေ။

ရှီယိတစ်ယောက် မူးဝေယိုင်နဲ့ကာ အစ်ကိုဖြစ်သူ၏ အနောက်မှ ခန်းမအပြင်ဘက် စင်္ကြံတစ်လျှောက် ပါသွားလေသည်။ သူ့ခန္ဓာကိုယ်မှာ ပိုမို ပူလာပြီး ပုံမှန်လျှင် ငြိမ်သက်နေသည့် သူ၏ ဂလင်းက ဖူးယောင်လာတော့၏။ အားနည်းဖျော့တော့သော ဖယ်ရိုမုန်းရနံ့ တချို့ပင် ထွက်လာပြီး ထိုရနံ့မှာ မရည့်မှည့်သေးသော အသီး တမျိုးမျိုး၏ လတ်ဆတ်သည့် မွှေးရနံ့လေးပင်။

ဟိုတယ်၏ စင်္ကြံမှာ ရှည်လျားပြီး ကွေ့ကောက်နေသကဲ့သို့ ထူထဲသည့် ကော်ဇောများမှလည်း မလိုအပ်သော ဆူညံသံများကို တားဆီးပေးထားသည်။ ရှီယိ ရှေ့သို့ ယိုင်ထိုး၍ ခလုတ် တိုက်သွားစဉ် သူ့ခြေဖဝါးအောက်တွင် ဝါဂွမ်းများ ရှိနေသကဲ့သို့ ဖြစ်နေ၏။ နောက်ဆုံး၌ ရှီယွမ်မှ သူ့ကို အခန်းကျဥ်း တစ်ခန်းသို့ အတင်း ဆွဲခေါ်သွားတော့သည်။

"မင်း ငါ့ကို ဘာသောက်ခိုင်းလိုက်တာလဲ" 

ရှီယိ အေးစက်စွာ မေးလိုက်သော်လည်း ပျက်ယွင်းနေသည့် သူ့မျက်နှာက သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ဖော်ပြနေသည်။

ရှီယွမ်က သူ့အား ပြန်မဖြေဘဲ တစ်စုံတစ်ယောက်ကို လှမ်းပြောလိုက်လေ၏။

"ငါ မင်းအတွက် ရှီယိကို ခေါ်လာပေးပြီးပြီနော်၊ ငါ့ကို မင်းသူငယ်ချင်း မဟုတ်ဘူးလို့ မပြောနဲ့"

ရှီယိ ခက်ခက်ခဲခဲနှင့် ခေါင်းမော့ကြည့်လိုက်ပြီး နောက်ဆုံး၌ အခန်းကျဉ်း၏ အတွင်းဘက်တွင် ထိုင်နေသည့် တစ်ယောက်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက ဖန်းမုချင်း ဖြစ်နေ၏။

သူ အေးခဲသွားပြီး တံခါးလက်ကိုင်ဘုကို လှမ်းကိုင်ရန် နောက်ဆုတ်လိုက်သော်လည်း သူ့အစ်ကိုက သူ့လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်လာသည်။

အယ်လ်ဖာ တစ်ယောက်၏ လွှမ်းမိုးမှုများ အပြည့်နှင့် ဖယ်ရိုမုန်းများက အခန်းအတွင်း ပြည့်လျှံသွားပြီး သူ့ကို ဒူးထောက်ကျသွားလုနီးနီး ဖြစ်စေ၏။ 

ရှီယွမ်က ဆုပ်ကိုင်ထားသော သူ့လက်ချောင်းများကို တစ်ချောင်းချင်း ဖယ်ပေးလိုက်သည်။

"ဒီတစ်ခါတော့ ကောင်းကောင်းနေ ဘယ်သူ့ကိုမှ ထပ်မရိုက်နဲ့တော့ ကြားလား"

"မင်း စကားနားထောင်သရွေ့ ငါတို့မိသားစုက မင်းနဲ့ မင်းရဲ့ အိုမီဂါအဖေကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး"

ပေါ့ပါးသည့် တံခါးပိတ်သံနှင့်အတူ ရှီယွမ်က အပြင်သို့ ထွက်သွားလေသည်။ ထို့နောက် တံခါးက လုံးဝ ပိတ်သွားတော့၏။

ဖန်းမုချင်းက သူ့ကို မျက်နှာချင်းဆိုင် ထိုင်ကြည့်နေပြီး သူ့အကြည့်များက သနားစရာ ကောင်းသည့် အရာတစ်ခုကို အားရပါးရ ကြည့်နေသကဲ့သို့ပင်။

"ရှီယိ၊ မင်း ငါ့ကို ရိုက်ခဲ့တာကို ဘယ်လို ပြန်ပေးဆပ်မယ်လို့ စဥ်းစားထားလဲ"