အခန်း (၄၀) လှောင်ပြောင်သရော်နေမှုမှ မနာလိုဝန်တိုမှုသို့ ပြောင်းသွားခြင်း
ဝမ်လော့ရှန်းသည် ချင်းယွင်ကောင်တီသို့ ဦးတည်၍သွားခဲ့၏။ သို့သော် သူသည် ရှန်လင်း၏ သည်းခံနိုင်မှုကို မလွန်ဆန်နိုင်ပေ။ ရှန်လင်းဆီမှ အနိုင်ယူလိုက်ခြင်းကိုသာ ခံလိုက်ရသည်။
လူအနည်းငယ်တို့သည် ယနေ့နံနက်က ရှန်လင်း သကြားတုတ်ထိုးများရောင်းနေသည်ကို မြင်ခဲ့ကြသည်။ ထို့ကြောင့် ထိုမြင်ခဲ့သော သူတို့သည် လူတိုင်းကို ရှန်လင်းက သကြားတုတ်ထိုးရောင်းသည့်အကြောင်း လိုက်ပြောကြလေတော့သည်။
ထို့ကြောင့် ထိုနေ့က စိုက်ခင်းထဲရော တောင်ကြားထဲမှာရော လူအားလုံးတို့သည် ရှန်လင်း သကြားတုတ်ထိုး ရောင်းသည့် အကြောင်းကိုသာ ပြောနေကြတော့၏။
"ရှန်လင်းက ခုရက်ပိုင်းအတွင်း ပိုက်ဆံတွေအများကြီး သုံးနေတာလေ။ သူက ယန်မိသားစုကို ညစာလဲကျွေးတယ်။ နွားလှည်းလဲ ငှားသေးတယ်။ အစားကောင်းတွေလဲ ကျွေးသေးတယ်လေ။ သူက သူ့ပိုက်ဆံတွေကို အကုန်သုံးလိုက်ပြီးတော့ သကြားတုတ်ထိုးတွေရောင်းနေတာ မဟုတ်ဘူးလား"
"ရှန်မိသားစုရဲ့ ဒုတိယသားက ပျော်ပျော်နေခဲ့ရပါတယ်။ အရမ်းလဲ ချမ်းသာခဲ့တာ။ ဒါပေမဲ့ ခု သူ့သားလက်ထက်ရောက်တော့ အရမ်းဆင်းရဲတဲ့အပြင် သကြားတုတ်ထိုးတွေတောင် ရောင်းနေရပြီ"
ပညာသင်များ၊ လယ်သမားးများ၊ စီးပွားရေးသမားများ နှင့် ရွာသားများသည် စီးပွားရေးအသေးစားလေးအပေါ် အထင်အမြင်သေးကြသည်။ သကြားတုတ်ထိုး ရောင်းခြင်းကဲ့သို့ စီးပွားရေးအသေးစားလေးသည် သူတို့အဖို့ ပို၍ပင် အထင်သေးစရာ ကောင်းနေပေသည်။
ရွာထဲမှ လူများသည် သကြားတုတ်ထိုးလုပ်သည့်နေရာမှ သကြားပြားများ ပြန်ဝယ်ရခြင်းမှာ ဈေးမသက်သာမှန်း သိကြသည်။ ထို့ကြောင့် ထိုသကြားတုတ်ထိုးများကို ရောင်းခြင်းမှ ဝင်ငွေများများ ရနိုင်မည်မဟုတ်။
အားလုံးက ပြောကြသေးသည်။ သကြားတုတ်ထိုးများကို ဝယ်ယူခြင်းအပေါ် ငွေသုံးပြား သုံးချင်သူများ အများအပြား ရှိနေမည်မှာ မှန်သည်။ ရှန်လင်းသည်လည်း ထိုသကြားတုတ်ထိုးများဝယ်ရန် အများအပြား သုံးခဲ့ရမည်။
တကယ်တော့ သူတို့သည် သကြားတုတ်ထိုးများရောင်းလျှင် မည်မျှ မြတ်မည် ရှုံးမည်ကို မသိကြပါ။ တိုတိုနှင့် လိုရင်းပြောရလျှင် သူတို့သည် ရှန်လင်းအား ပိုက်ဆံပေး၍ ဝယ်ရမည်ကို တစ်မျိုး ခံစားနေရကြတာသာ ဖြစ်၏။
လူတိုင်းတို့သည် ရှန်လင်း၏ ညံ့ဖျင်းမှုအပေါ် သနားကရုဏာ သက်နေကြသည်။
နောက်တစ်မနက်တွင် ရှန်လင်းသည် ဤရွာထဲမှ လူအားလုံးတို့၏ အထင်သေးခြင်းကို ခံခဲ့ရပြန်ပေတော့သည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် သက်ပြင်းပင် ချလိုက်သည်။ ညံ့ဖျင်းလှသော ရှန်လင်းသည် ရှန်မိသားစုမျက်နှာကို အိုးမည်းသုတ်သည်။ အရှက်တကွဲ အကျိုးနည်း ဖြစ်စေပေသည်။ ထို့ကြောင့် သူတို့ရှန်မိသားစုတွင် ရှန်လင်းကဲ့သို့ တာဝန်မကျေ ညံ့ဖျင်းသော မြေးမိုက်မျိုး အနာဂတ်တွင် မရှိနိုင်ချေ။
ရှန်လင်းသည် ချင်းယွင်ကောင်တီသို့ သွားပြီး ဈေးထဲသို့ အရင်ဦးစွာ လှည့်သွားသည်။ ထို့နောက် သကြားတုတ်ထိုးများကို သုံးပြားနှင့် ရောင်းချသည်။ ဆုဝန်၏ နည်းလမ်းဖြင့် ပြုလုပ်သော သကြားတုတ်ထိုးများသည် ကောင်းမွန်သော ဘယ်ရီသီးသကြားတုတ်ထိုးများထက် အရသာမလျော့ပေ။ ထို့ကြောင့် သုံးပြားနှင့် ရောင်းချခြင်းမှာ ချဲ့ကားလွန်းနေခြင်းတော့ မဟုတ်ပေ။
ရှန်လင်း၏ စီးပွားရေးသည်လည်း အခြားသကြားတုတ်ထိုး ရောင်းသူများကဲ့သို့ပင် ဖြစ်သည်။ တစ်မနက်လုံး ဘယ်ရီသီးသကြားတုတ်ထိုးများ ရောင်းချပြီးနောက် လူအနည်းငယ်ကသာ ဝယ်ကြသေးသည်။ အမွှေးတိုင်တစ်တိုင် ကုန်လောက်သော အချိန်တွင် ငါးခုသာ ရောင်းရသေးသည်။ နှစ်တန်းသော သကြားတုတ်ထိုးများသည် အပြည့်ကျန်နေသေးပေသည်။
ကျန်းအာ့ကောသည် မနက်က ရှန်လင်း၏ အဖော်ကင်းစွာ သနားစရာကောင်းလှသည့် လမ်းပေါ်တွင် သကြားတုတ်ထိုးများ ရောင်းနေသည့်ပုံကို ပုံစံကိုကြည့်ရန် အနောက်မှနေ၍ ကောင်တီသို့ ခပ်ခွာခွာ လိုက်လာသည်။ အချိန်အတော်ကြာ ရောင်းပြီးသည်အထိ ရှန်လင်းသည် သကြားတုတ်ထိုး အနည်းငယ်ကိုသာ ရောင်းရသည်ကို မြင်သောအခါ ကျန်းအာ့ကောသည် စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် သူသည် ချင်းယွင်ကောင်တီတွင် သွားချင်သမျှနေရာတိုင်းကို လှည့်လည်သွားလေတော့သည်။ နေ့လယ် ရောက်လုနီးသောအခါ ကျန်းအာ့ကောသည် ချင်းယွင်ကောင်တီတွင် ခေါက်ဆွဲပြုတ် ပူပူတစ်ပွဲကို စားခဲ့လိုက်သည်။ ထို့နောက် ချင်းရှီရွာ တောင်ကြားရှိ သူ့အိမ်သို့ ပြန်လာခဲ့လေသည်။
နေ့လယ်သို့ရောက်သောအခါ ချင်းရှီရွာမှ လူများသည် စိုက်ခင်းထဲတွင် စကားတွေပြောနေကြ၊ စားနေ သောက်နေကြသည်။ ရှန်လင်း၏ သကြားတုတ်ထိုးတွေ မရောင်းရဘူး ဟူသည့် ကျန်းအာ့ကော ပြန်သယ်လာသော သတင်းသည် ဟိုးလေးတကျော် ဖြစ်နေပေသည်။
ထို စိတ်သဘောထားမကောင်းသည့် ရွာသားများသည် ရှန်လင်းကို ဝိုင်းရယ်ကြသည်။ ရှန်လင်းက သကြားတုတ်ထိုးများရောင်းလိုသည် ဟူသည်မှာ တကယ့်ကို ရှက်စရာ တစ်ခုပင် ဖြစ်ပါသည်။
အကယ်၍ ဒီနေ့လဲ သကြားတုတ်ထိုးများကို မရောင်းနိုင်၊ မနက်ဖြန်လဲ သကြားတုတ်ထိုးများကို မရောင်းနိုင်လျှင် ငွေပြားတစ်ရာကို ပြန်လျော်ပေးရမည်သာ ဖြစ်သည်။
ယခုနှစ် စိုက်ခင်းများမှ ငွေများသည် မရသေးပါ။ ရှန်လင်းသည် ထိုငွေများကို ကြိုသုံးနေပြီ။ သူသည် တကယ့်ကို အသုံးအဖြုန်းကြီးသည့် လူဖျင်းလူညံ့ပင် ဖြစ်ပါပေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့ကလဲ ရှန်လင်းသည် မရောင်းရသည့် သကြားတုတ်ထိုးများကို ပြန်ယူလာလိမ့်မည်ဟုသာ တွေးထားကြသည်။ ရှန်လင်းပြန်ရောက်လာလျှင် သူတို့သည် ရှန်လင်းရောင်းပြီး ပြန်ပိုလာသည့် သကြားတုတ်ထိုးများအကြောင်းကို မေးမည်။ ထို့နောက် အဘိုးအိုမောင်နှံသည် ကျန်သော သကြားတုတ်ထိုးများကို ယူထားပြီး ဖြည်းဖြည်းချင်း စားမည်ဟု ကြံထားကြသည်။ သကြားတုတ်ထိုးများသည် အလွန်ကောင်းသော သရေစာ မုန့်များပင် ဖြစ်သည်။ အချိန်ကြာကြာ ထား၍ မကောင်းသော်ငြား ထိုမျှကောင်းသည့် သရေစာ မရှိပေ။
လူကြီးများသည် ထိုအကြောင်း ပြောနေကြစဉ် ရှန်လင်းသည် တောင်ကြားသို့ လာနေသည်ကို သူတို့ တွေ့လိုက်ကြသည်။
စကားအလွန်များသော ရွာသားများသည် ရှန်လင်းကို အမျိုးမျိုးသော စကားလုံးတို့ဖြင့် မထိတထိ စနေကြသည်။
"ရှန်လင်း မင်းရဲ့ သကြားတုတ်ထိုးတွေရော ရောင်းရရဲ့လား"
"ရှန်လင်း မင်းရဲ့ သကြားတုတ်ထိုးတွေ မရောင်းရဘူးဆိုရင် တို့လူကြီးတွေကို မျှခဲ့လေ။ တို့တွေ မင်းကြင်နာမှုကို မမေ့ပါဘူးကွာ"
"ရှန်လင်းရာ မင်းသကြားတုတ်ထိုးတွေ လုပ်ပြီး ကံကောင်းမဲ့ အစီအစဉ်အဖြစ် သတ်မှတ်နေလို့ မရဘူးလေကွာ။ ဒါပေမဲ့ မင်း အသက်တော့ မသေသေးပါဘူး။ အဲ့တော့ ကိုယ့်လယ်ကိုပဲ သေချာ ထွန်ယက်စိုက်ပါကွာ"
ရွာသားများ၏ စကားသံများသည် တစ်စ တစ်စ ထိုးနှက်၍ လာသည်။ ဤသည်မှာ ကျန်းအာ့ကော၏ သတင်းပြန်ပေးမှုကြောင့် ဖြစ်မည်ကို ရှန်လင်း သိလိုက်သည်။ မနက်ကတည်းက ကျန်းအာ့ကော သူ့နောက်လိုက်နေတာကို ရှန်လင်းသည် သတိထားမိသည်။ ကျန်းအာ့ကောသည် သူ့ကို ခဏစောင့်ကြည့်ပြီး သကြားတုတ်ထိုးများ မရောင်းရသည်ကို တွေ့သောအခါ နေရာစုံကို လျှောက်သွားခဲ့သည်ကိုလဲ ရှန်လင်းက သိထားသည်။ ကျန်းအာ့ကောသည် တောင်ကြားက လူအများထဲတွင်လည်း ရှိနေသည်။ ထို့ကြောင့် ထိုကဲ့သို့ အခြေအနေကို ရွာသားများအား ကျန့်အာ့ကောက ပြောခဲ့သည်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။
သို့သော် ထိုသို့ ပြောဆိုနေကြရာတွင် မပါဝင်သည့် မိသားစုအနည်းငယ်လဲ ရှိသည်။ သူတို့သည် သူတို့အစားအသောက်ကိုသာ ရိုးရိုးသားသား လုပ်ကိုင်စားနေကြပြီး စကားများများ မပြောပါချေ။ ထိုနည်းတူ ယန်မိသားစုမှ ညီအစ်ကိုများကလဲ စကားဝိုင်းတွင် မပါကြ။
ယန်ဝူသည် ထွက်လာပြီး ရှန်လင်းကို မေးမြန်းအားပေးသည်။ သကြားတုတ်ထိုးများ ရောင်းချသည့် စီးပွားရေးမှာ အမှန်တွင် မလွယ်ကူလှသည်မှာ သာမန်ပင်ဖြစ်ကြောင်း ပြောဆိုပြီး နောက်တွင် ရှန်လင်းအား အခြား ပိုက်ဆံများများရသည့်အလုပ်မျိုး လုပ်ကိုင်ရန် သူခေါ်သွားပေးမည်ဖြစ်ကြောင်း ပြောလေသည်။
ရှန်လင်းသည် ယန်ဝူ့၏ စိုးရိမ်စိတ်ကို ဖျောက်ပေးလိုက်ချင်သည်။ သူအချိန်ရမှ ယန်ဝူ့အား အကြောင်းစုံ ပြောပြရမည်။
ရှန်လင်းသည် မနေ့က ဆုဝန်အားကူညီပြီး ဘယ်ရီသီးရိုင်းတွေ ခူးပေးခဲ့သော ကလေးများအားလုံးကို ခေါ်လိုက်သည်။ ထို့နောက် ရှန်လင်း၏ ပြောင်းဖူးများအားလုံးကို တစ်နေ့လယ်အတွင်း ခြွေစေတော့သည်။ နဂိုကတည်းက ရှန်လင်းသည် သူကိုယ်တိုင်ဆိုလျှင် ပြောင်းဖူးများကို သုံးလေးရက် အချိန်ယူကာ ခြွေရမည် ဖြစ်သည်။ ကလေး ခုနစ်ယောက်၊ ရှစ်ယောက်သည် ပြောင်းဖူးများကို ခပ်မြန်မြန် ခြွေနိုင်သည်။ သူတို့သည် ပြောင်ြးများအားလုံးကို တစ်နေ့လယ်တည်းအတွင်း ခြွေပေးသွားကြပေတော့သည်။
ထိုကလေးများသည် ရှန်လင်းက သူတို့အား ပထမဦးစွာ ကြေးပြားနှစ်ပြားပေးလိုက်ရာ အလွန်ပျော်နေကြသည်။ သူတို့ညဘက် ပြန်လာကြသောအခါတွင်လည်း အလုပ်အားလုံး ပြီးသော ကလေးများကို နောက်ထပ် ကြေးပြားသုံးပြားပေးသည်။ အလုပ်မပြီးသော ကလေးများကတော့ နှစ်ပြားသာရသည်။
ထိုကလေးများနှင့် သူတို့၏ မိဘများသည်လည်း အလွန်ပျော်နေကြသည်။ ဤသို့ မြိုးမြိုးမြက်မြက်ရသော အလုပ်မျိုးကို မလိုချင်သူ မည်သူ ရှိပါမည်နည်း။
ရှန်လင်းက ပြောင်းဖူးများခြွေရန် ကလေးများကိုခေါ်ခိုင်းသည်ကို မြင်သောအခါ ယန်ဝူသည် ကျန်းအာ့ကော ပြောသည်မှာ မမှန်ကြောင်း သိလိုက်သည်။ ကလေးများကမူ သူတို့အလုပ်များကိုသာ လုပ်နေကြသည်။
ပိုက်ဆံသာမရှိလျှင် ဘယ်သူက အလုပ်လုပ်ဖို့ လူခန့်ဖို့ စဉ်းစားမည်နည်း။
ရှန်လင်းသည် သကြားပြားများ ရောင်းရာမှ ငွေများရခဲ့သည်။
ရှန်လင်းသည် မနက်ပိုင်းတွင် သကြားတုတ်ထိုးများကို ငွေသုံးပြားနှင့် ရောင်းခဲ့သည်။ သူသည် ကြမ်းခင်းဈေးကို ပထမဆုံး ခေါ်ထားတာဖြစ်သည်။ ခေတ္တမျှ ရောင်းပြီးနောက် သူရောင်းနေသည်ကို တော်တော်များများ သတိထားမိသွားသည်။ ထိုအထိ သကြားတုတ်ထိုးများ၏ ဈေးသည် သုံးပြားသာ ဖြစ်သည်။ ဘာမှမထူးခြားသေးပေ။
ကျန်းအာ့ကော ထွက်သွားပြီးနောက်တွင်တော့ ရှန်လင်းသည် သကြားတုတ်ထိုးများကို ငွေသုံးပြားမှ နှစ်ပြားသို့ ဈေးလျှော့ကာ အော်ပြီး ရောင်းချလေတော့သည်။ ယခင် ငွေသုံးပြားတန်နှင့် ယှဉ်လျှင် ယခုငွေနှစ်ပြားသည် ပို၍ တန်နေသည်။ ကလေးများအဖို့ ပိတ်ရက်များတွင် အိမ်ပြန်လက်ဆောင် ဝယ်သွားလိုကြသော လူတို့သည် သူတို့ကလေးများအတွက် နှစ်ခုဆီ ဝယ်သွားနိုင်ကြသည်။
လူအများကြီး အုံလာကြပြီးနောက် မကြာမီပင် ရှန်လင်းယူလာခဲ့သော သကြားတုတ်ထိုး အခု တစ်ရာ့ငါးဆယ်လုံး ကုန်သွားတော့သည်။
ရှန်လင်းသည် ကျန်းအာ့ကော နောက်မှ ပြန်လာခဲ့သည်။ သို့သော် ကျန်းအာ့ကောသည် ရှန်လင်းကို သတိမထားမိပေ။
ရှန်လင်းသည် ပြန်လာပြီးနောက် အိမ်သို့ တာ့်တည့်မတ်မတ်သွားပြီး ရောင်း၍ရလာသော ငွေများကို ဆုဝန်အား ပေးသည်။
သကြားပြားပေါင်း တစ်ရာ့ငါးဆယ်ခု ရောင်းရသည်။ ရှစ်ခုကို သုံးပြားဖြင့် ရောင်းခဲ့ပြီး ကျန်သော ၁၄၂ ခုကို နှစ်ပြားဖြင့်ရောင်းခဲ့သည်။ အားလုံးပေါင်းလိုက်ရာ ၂၃၇ ပြား ရခဲ့ပေသည်။
သကြားတုတ်ထိုးများအတွက် ကုန်ကျသည်မှာ ဝါးတုတ်များနှင့် သကြားရည်သာဖြစ်သည်။ အသီးရိုင်းများမှာမူ အခကြေးငွေပေးစရာမလိုပေ။ သို့သော် လှည်းနှင့် ကလေးများငှားဖို့အတွက်တော့ ငွေတစ်ရာကျော် ကုန်ကျဦးမည် ဖြစ်သည်။ သစ်သီးခြင်းတောင်း လေးဆယ်၏ ကုန်ကျစရိတ်လဲ ပါသေး၏။
ရှန်လင်းသည် ယနေ့သကြားတုတ်ထိုး တစ်ရာ့ငါးဆယ်လုံးကို ခြင်းတစ်ဝက်လောက်ဖြင့်သာ ပြုလုပ်ခဲ့သည်။ ပျမ်းမျှအားဖြင့်ဆိုလျှင် သကြားတုတ်ထိုးတစ်ပြားဆီ၏ ကုန်ကျစရိတ်သည် ပဲဝက်မျှသာ ရှိသည်။ အခုတစ်ရာ့ငါးဆယ်ကိုမှ ခုနစ်ဆယ့်ငါးပြားသာ ကျသင့်သည်။ တစ်ရာခြောက်ဆယ့်နှစ်ပြားသော ငွေကို ရလေသည်။
ရှန်လင်းသည် ရသမျှ ၂၃၇ ပြားလုံးကို ဆုဝန်ကိုပေးသည်။ ဆုဝန်ကမူ ရှန်လင်းအား ငွေပြား ၁၃၀ ကို ပြန်ပေးသည်။ သကြားတုတ်ထိုးများ ရောင်းချရန် နည်းလမ်းကို ရှန်လင်းက စဉ်းစားခဲ့တာ ဖြစ်သည်။ ရှန်လင်းသည် လူများ သကြားပြားကို ပိုဝယ်ချင်လာအောင် ဘယ်လိုမြန်မြန်ရောင်းရမည်နည်း ဟူသည့် နည်းလမ်းကို နားလည်သည်။ ရှန်လင်း၏အကြံသည် တကယ့်ကို အသုံးဝင်လှ၏။ ထို့ကြောင့်ပင် တစ်မနက်အတွင်း အကုန်ရောင်းထွက်တာ ဖြစ်သည်။
ဆုဝန်က သကြားတုတ်ထိုးများ လုပ်ပြီး ရောင်းရသည့်အလုပ်မှာ တကယ့်ကို ဝန်များလှသဖြင့် သူမတစ်ဦးတည်း လုပ်ရန် မဖြစ်နိုင်ကြောင်း ရှန်လင်းကို ပြောသည်။ ထို့ကြောင့် ရှန်လင်းက ယခုမှစ၍ ဝါးတုတ်များနှင့် သကြားရည်များ ဝယ်ရန်လည်း ပြောသည်။ သူမကမူ သစ်သီးများကိုခူးပြီး သူမနည်းလမ်းအတိုင်း သကြားတုတ်ထိုးများ ပြုလုပ်မည်။ ရှန်လင်းက သူ့နည်းလမ်းအတိုင်း အားစိုက်ထုတ်ကာ ရောင်းချမည်။ ဤနည်းဖြင့် သူတို့တစ်ဦးစီသည် ရသောအမြတ်ငွေကို တစ်ယောက်တစ်ဝက် ရနိုင်ကြပြီး နှစ်ယောက်လုံး အကျိုးများနိုင်ပေ၏။
ရှန်လင်းသည် ဆုဝန်ပေးသော ငွေတစ်ရာ့သုံးဆယ်ကို လက်ခံခဲ့သည်။ သို့သော် သူသည် ဒီတစ်ကြိမ်သာ လက်ခံမည်ဟု စိတ်ထဲမှတကယ်ပင် တွေးလိုက်။ နောက်ပိုင်းတွင်မူ သူသည် ရောင်း၍ရသမျှ ငွေအားလုံးကို ဆုဝန်အားပေးပေမည်။
သူသည် ယခုတစ်ကြိမ်ရသော ပိုက်ဆံကို ပြောင်းဖူးခြွေသည့်နေရာတွင် ငှားဖို့ကလေးများ၏ အခကြေးငွေအဖြစ် သုံးမည်။ လူကြီးများသည် ငွေနှစ်ပြားသာပေးရသော သကြားပြားအကြောင်းကို စပ်စပ်စုစု သိချင်နေကြသောကြောင့် သူသည် ပို၍များများလုပ်ကာ စောစောရောင်းရပေမည်။ ယခုအချိန်မှ နောက်သုံးလေးရက် ကြာခဲ့ပါလျှင် ယခုကဲ့သို့ ရောင်းကောင်းနိုင်မည် မဟုတ်ပါ။
ရှန်လင်းသည် တောင်ကြားစိုက်ခင်းသို့ ကလေးများကို ငှားဖို့ရာအတွက် ပိုက်ဆံယူကာလာခဲ့သည်။ ထို့နောက် လူတိုင်းတို့သည် သူသကြားပြား ရောင်းမကောင်းဟု ပြောနေကြသည်ကို ကြားလိုက်ရသည်။ ရှန်လင်းသည် ထိုစကားများကို ခေါင်းထဲမထည့်ပေ။ ထို့ကြောင့် ရှင်းပြနေရန်လဲ မလိုပေ။ ရှင်းပြနေလျှင်လဲ ဘာအကျိုးအမြတ်မှ မရှိနိုင်။ မနာလိုမှုများ ပိုတိုးလာရုံသာရှိသည်။ ဒုက္ခနည်းနည်းနှင့် နေရသောဘဝသည် ပိုကောင်းပါ၏ည။
ရှန်လင်းသည် အလုပ်ကူလုပ်ရန် ကလေးများကို ငှားသည့် မြင်ကွင်းကို မြင်ကြသောအခါ ရွာသားများသည် ရှန်လင်းအား ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အသုံးအဖြုန်းကြီးပြီး တကယ့်ကို အပျင်းကြီးတဲ့ကောင်ဟု ထပ်မံစွပ်စွဲကြပြန်သည်။
ရှန်လင်းသည် ယန်ဝူ့ကိုသာ တည့်မတ်တည်ကြည်စွာ စကားပြောပြီး ကျန်လူများ ပြောသည့်စကားများကိုမူ နားမကြားရသူတစ်ယောက်ကဲ့သို့ပင် မကြားချင်ယောင်ဆောင်၍ နေသည်။ သူသည် တစ်နေ့လယ်ခင်းလုံး အပြင်မသွားဘဲ မြက်ထုံးနှစ်ခုလုပ်ကာ သကြားတုတ်ထိုးများကို လုပ်ထားသည်။ ထို့နောက် တစ်နေ့လည်လုံး သစ်သီးရိုင်းများကို စနစ်တကျ အရည်ညှစ်ပြီး ပွက်ပွက်ဆူအောင် ကျိုနေလေ၏။ နေဝင်သောအခါမှ သူသည် တောင်ကြားစိုက်ခင်းသို့သွားသည်။ ထိုအခါ ကလေးများသည် ပြောင်းဖူးများ ခြွေပြီးသွားသည်ကိုတွေ့သောအခါ ရှန်လင်းသည် ပြောင်းဖူးများကို အိတ်တစ်လုံးထဲတွင် ထည့်၍ ပြန်သယ်ပြီး သကြားတုတ်ထိုးများကို ဆက်လက်လုပ်ဆောင်လေတော့သည်။
လုပ်နေစဉ်တွင် အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရောက်လာသည်။ ရှန်လင်းသည် သူတို့အိမ်မှခွေးကို ဆက်တိုက်ဟောင်စေပြီး သူထိန်းမရဟန်ဖြင့် မောင်းလွှတ်လိုက်၏။ သူသည် သူ့အဘိုးအဘွားများကို ယခုအချိန်တွင်တော့ အဝင်မခံနိုင်ပါပေ။ ဝင်ခဲ့ပါက သူတို့ ခွေးကိုက်ခံရလိမ့်မည်။ ရှန်လင်းသည် ခွေးကိုက်ခံရသဖြင့် နာကျင်ယောင်ဆောင်ကာ အော်ဟစ်လိုက်၏။
ရှန်လင်းသည် သူသကြားတုတ်ထိုးများ လုပ်နေကြောင်းကို အဘိုးရှန်နှင့် အဘွားရှန်တို့အား မသိစေချင်ပေ။ ထို့ကြောင့် သူသည် သူတို့ကို မောင်းထုတ်ဖို့ ကြိုးစား၏။
အဘိုးရှန်နှင့် အဘွားရှန်တို့သည်လည်း ခွေးကိုက်ခံရမည်ကို ကြောက်ရွံ့ကြသဖြင့် ရှက်ကြောက်ရွံ့စွာ ပြန်သွားကြလေ၏။ သူတို့မပြန်မီ ရှန်လင်းအား ကျန်နေသော သကြားတုတ်ထိုးများကို သူတို့ဆီလာပေးရန်လည်း မှာသွားကြသေးသည်။
သန်းခေါင်ယံမတိုင်ခင်တွင် ကျန်ရှိသော သကြားတုတ်ထိုးအခုသုံးရာလုံး လုပ်၍ ပြီးသွားသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ရှန်လင်းသည် သကြားတုတ်ထိုးအခုသုံးရာကိုသယ်ကာ ထပ်ထွက်သွားလေသည်။ သူ့ကို လမ်းမှာ မြင်သော ရွာသားတိုင်းက ရှန်လင်းသည် မနေ့က သကြားတုတ်ထိုးလက်ကျန်များကို မရောင်းရသော်ငြား အခြားသကြားတုတ်ထိုးအခုနှစ်ရာကို အလုပ်ရုံမှ ဝယ်ယူလာသည်ဟု ထင်နေကြသည်။
သူတို့သည် တောင်ကြားစိုက်ခင်းမှ အခြားလူများနှင့်အတူ ရှန်လင်းအား လှောင်ရယ်ကြလေ၏။ သူတို့အမြင်တွင် ရှန်လင်းသည် သူ့တိုက်အိမ်ကိုပင် လက်လျှော့ရမည့် အရှုံးသမားဟုသာ မြင်နေသည်။
ချင်းယွင်ကောင်တီသို့ သွားသော ရှန်လင်းသည်မူကား တစ်မနက်တည်းနှင့် သကြားတုတ်ထိုး အခုသုံးရာလုံး ရောင်းထွက်သွားလေ၏။
ငွေသုံးပြားနှင့် နှစ်ခုကို ရောင်းသည်။ ဤသကြားပြားများသည် တကယ့်ကို ဈေးသက်သာလှသည်။ လူအများစုသည် ဆယ့်နှစ်ခု၊ အခုနှစ်ဆယ် တစ်ခါတည်းနှင့် ဝယ်ယူကြလေသည်။ သူတို့သည် ထိုသို့ဝယ်သွားပြီး သူတို့အိမ်တွင်ကျန်ရှိသော မိသားစုဝင်များကိုလဲ ကျွေးနိုင်သည်။ များသောအားဖြင့် သူတို့သည် သရေစာမုန့်ဝယ်ရာတွင် တွန့်ဆုတ်တတ်ကြ၏။ သို့သော် အလွန်ဈေးသက်သာနေလေရာ လက်မလွှတ်သင့်သော အခွင့်အရေးတစ်ခုပင် ဖြစ်နေသည်။
သူတို့သည် အများကြီးဝယ်လျှင်တောင် သကြားတုတ်ထိုးနှစ်ခုကို ငွေသုံးပြားသာ ကျသင့်သည်။ နဂိုကတည်းက အများကြီးဝယ်ရန် စီစဉ်ထားသူများကလည်း သကြားတုတ်ထိုးနှစ်ခုကို ငွေသုံးပြားဟူသည်မှာ တကယ့်ကိုပင် သက်သာလှသော ဈေးနှုန်းဖြစ်သဖြင့် နဂိုကထက် ပို၍ များများဝယ်ယူကြပေသည်။
ယနေ့တွင် ရှန်လင်းသည် စုစုပေါင်း ၄၅၀ ဖိုးရောင်းရသည်။ ကုန်ကျစရိတ်မှာ ပြား၁၅၀ ဖြစ်ပြီး အမြတ်ငွေမှာ ပြား၃၀၀ ဖြစ်ပါ၏။ ရှန်လင်းသည် ဝါးတုတ်အသစ်များနှင့် သကြားရည်တို့ကို ဝယ်ယူလိုက်သည်။ ထို့နောက် ကျန်သော အမြတ်နှင့်အရင်းငွေအားလုံးက်ု ဆုဝန်အား ပေးပေမည်။
ဆုဝန်သည်လည်း ရှန်လင်းက သူမဆီမှ ပိုက်ဆံကို မယူချင်မှန်းသိသည်။ ထို့ကြောင့် သူမသည် ဘာမှဝင်၍မကူညီရန် ဆုံးဖြတ်ထားသည်။ ဘာမှလည်း ဝင်မပြောချေ။ အကုန် ရောင်းကုန်သည်အထိ စောင့်ပြီး ရှန်လင်းအား ပေးရန်မှာ ပို၍ သင့်လျော်လှသည်။
ရှန်လင်းသည် မနက်တိုင်း သွား၍ရောင်းသည်။ မနက်တိုင်းလဲ အကုန်ကုန်သည်။ သိုလှောင်ရုံတွင်မူ သစ်သီးးရိုင်းများ တစ်ဝက်ခန့်ကျန်နေသေးသည်။
ကံကောင်းစွာပင် ရွာသားများသည် အစပိုင်းက လှောင်ရယ်နေကြသော်လည်း သူတို့သည် တဖြည်းဖြည်း သံသယ ဖြစ်လာသည်။ ထို့နောက် ရှန်လင်းသည် နေ့စဉ်နေ့တိုင်း သကြားတုတ်ထိုးများ ရောင်းနေရာမှ ဝင်ငွေများ ရရှိနေကြောင်းကို သူတို့ နားလည်သွားကြလေတော့သည်။
လူတိုင်းသည် သူတို့နဂိုက အထင်အမြင်သေးခဲ့သော သကြားပြား ရောင်းချခြင်းဟူသည့် အလုပ်ကို လုပ်ရန် စိတ်အားထက်သန်လာကြသည်။ ကျန်းအာ့ကောသည်ပင် ချင်းယွင်ကောင်တီမှ အလုပ်ရုံကို သွားကာ သကြားတုတ်ထိုးတစ်ရာကျော် ဝယ်လာလေသည်။ အလုပ်ရုံသည် တစ်စုံတစ်ဦးက ဤသို့ ကုန်ပစ္စည်းများ လာဝယ်သည်ကို သဘောကျ စိတ်လှုပ်ရှားလွန်းလှသဖြင့် တစ်ချောင်းကို တစ်ပြားဖြင့်သာ ကျန်းအာ့ကောကို ပေးလိုက်သည်။
ကျန်းအာ့ကောသည် သူသာ သကြားတုတ်ထိုးများကို ဝယ်ရောင်းပါလျှင် ထိုငနုံငအ ရှန်လင်းထက် ပို၍ ကောင်းကောင်း ရောင်းနိုင်မည်ဟု ယုံကြည်ထားသည်။ သူ၏ တစ်ခုကို သုံးပြားတန်သော သကြားပြားများကို ဘယ်သူမှ ဝယ်ကြမည်မဟုတ်ဟု မည်သူက သိပါမည်နည်း။ သူသည်လည်း နှစ်ခုကို ငွေသုံးပြားဖြင့် ရောင်းချလေရာ ပိုက်ဆံရဖို့မဆိုထားနှင့်၊ အရင်းပါရှုံးလေတော့သည်။
နောက်တစ်နေ့တွင်လည်း သူသည် သကြားတုတ်ထိုးများ မရောင်းရပါချေ။ အခြားနည်းလမ်း မရှိတော့သောကြောင့် ကျန်းအာ့ကောသည် နာကျင်မှုများစွာကို သည်းခံအောင့်အည်းပြီး တစ်ခုကို ငွေနှစ်ပြားဖြင့် ရောင်းလေ၏။ ခေတ္တအကြာတွင် လူတစ်ဦးက ရောက်လာပြီး ကျန်းအာ့ကော၏ သုံးပြားတန်သကြားတုတ်ထိုးများသည် နှစ်ခုကို သုံးပြားသာပေးရသော သကြားတုတ်ထိုးလောက်ပင် အရသာမရှိကြောင်း ပြောလေသည်။ ထိုသကြားတုတ်ထိုးရောင်းသူမှာ ရှန်လင်း ဖြစ်သည်ဟူသော အချက်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထိုလူနှင့် ကျန်းအာ့ကောတို့ အချင်း ဖြစ်ပွားကြပြီး နံဘေးမှလူများက ဝိုင်းဝန်း အော်ဟစ်ဆဲရေးကြလေသည်။ ကျန်းအာ့ကော၏ သကြားတုတ်ထိုးများသည် သူ့လက်ထဲတွင် မှုန့်မှုန့်ညက်ညက် ကြေသွားပြီး ကျန်းအာ့ကောသည် ငွေ၁၂ပြားမက ရှုံးသွားခဲ့လေ၏။
ကျန်းအာ့ကောကဲ့သို့ တူညီသော အတွေ့အကြုံရှိသည့် ရွာသားကောင်း အနည်းငယ်လည်း ရှိနေပါသေးသည်။
ရှုံးနိမ့်မှုနှင့် ကြုံတွေ့ပြီးနောက်မှ ကျန်းအာ့ကောသည် ရှန်လင်း၏ သကြားတုတ်ထိုးများမှာ တောင်သစ်သီးရိုင်းများမှ ပြုလုပ်ခြင်းဖြစ်ကြောင်းကို တွေးမိသွားသည်။ အလွန်ဈေးသက်သာစွာ ရောင်းနိုင်ရခြင်းနှင့် ပတ်သက်၍ သံသယဝင်ဖွယ်ရာ မရှိတော့ပေ။
ကျန်းအာ့ကောသည် ဈေးလမ်းကြားထဲသို့သွားကာ ရှန်လင်းအား တစ်ချက်သွားကြည့်သည်။ သို့သော် သကြားပြားများ ဝယ်ယူနေကြသူများသည် ဘာကိုမှ သိပ်ဂရုမစိုက်ကြပေ။ အစားအစာသည် အရသာရှိနေသရွေ့ မည်သည့်အသီးနှင့် လုပ်ထားသည်မှာ သူတို့အဖို့ သိပ်အရေးမကြီးပေ။ ကျန်းအာ့ကောသည် လူအများကြားထဲတွင် လူပြက်တစ်ယောက်ပမာ လှောင်ရယ်ဖွယ် ရှိနေခဲ့လေတော့၏။
တစ်ချိန်တည်းမှာပင် ရွာရှိလူအများစုကလဲ သစ်သီးရိုင်းများကို ခူးယူရန် ဝိုင်းအုံကာ အော်ဟစ် သောင်းကျန်းနေကြသည်။ အနောက်ဘက်တောင်တွင် သစ်သီးရိုင်းများစွာ ရှိသည်။ သို့သော် ဆုဝန်သည် အကုန်လုံးကို ခူးယူပြီးသား ဖြစ်လေသည်။ ထိုအချိန်တွင် ဆုဝန်သည် သစ်သီးများခူးရန် လူခန့်ထားခဲ့၏။ ထို့ကြောင့် အတွင်းအပြင်သစ်သီးအကုန် ခူးယူပြီး ဖြစ်လေသည်။
ရှန်လင်းပိုက်ဆံရရန် သကြားတုတ်ထိုးများ ရောင်းချနေသည်ကို မနာလိုကြသော ရွာသားများသည် သူတို့ရွာနှင့် အခြားရွာများမှပါ သစ်သီးများ ခူးရန် စတင်လုပ်လာကြ၏။ အခြားရွာမှ လူများသည်လည်း သူတို့ကို ခူးခွင့်မပေးပေ။ အချို့ အလေးအနက်ခူးယူရန် တောင်းဆိုကြသူများသည် ရိုက်ခံကြရသည်။ အချို့ကမူ ရှေ့မှ နောက်မှ ခိုးကာ ခူးယူကြ၏။ သူတို့သည် သကြားပြားများရောင်းချစော ရှန်လင်းနှင့် သစ်သီးရိုင်းများ ခူးသော ဆုဝန်ကို ကနဦးပိုင်းက အတူတကွ လှောင်ရယ်ခဲ့ကြပြီး ယခုအခါ သူတို့ကိုယ်တိုင်ပင် သကြားတုတ်ထိုးလုပ်ရန် သစ်သီးရိုင်းများကို အလုအယက် ခူးယူကြခြင်းကြောင့် အရိုက်ခံနေရသည်။ အချိန်ခဏလေးအတွင်း ဖြစ်ပျက်ပြောင်းလဲမှုများသည် ရှီမိသားစုနှင့် မိဘများ၏ ကြားမှ နားလည်မှုကဲ့သို့ပင်။
ရှန်လင်းနှင့် ရှန်လင်းအမေကို အမြဲလှောင်ပြောင်တတ်သည့် ချန်မိသားစုဟူသည့် အင်အားအကြီးဆုံး မိသားစုသည် တောင်ပေါ်သစ်သီးရိုင်းများကို လုယူကြသည်။ သူတို့သည် သကြားနည်းနည်း၊ ပိုက်ဆံနည်းနည်း နှင့် သကြားပြားများ လုပ်ကြသော်လည်း ဆုံးရှုံးမှုမှာ ကြီးမားခဲ့သည်။
ဆုဝန်သည် ယခုရက်ပိုင်းအတွင်း သက်သက်သာသာနှင့် စိတ်မပင်ပန်းသော ဘဝလေးကို ဖြတ်သန်းနေရသည်။ စိုက်ခင်းထဲမှ အလုပ်များသည်လည်း ပြီးသွားပြီ။ ရှန်လင်းသည် ပြောင်းဖူးများကို သိုလှောင်ရုံတွင် သိမ်းပြီး၊ သကြားပြားများ ရောင်းပြီးသောအခါ ပြောင်းဖူးများက်ု ရောင်းသည်။
သကြားတုတ်ထိုး ရောင်းသောအလုပ်သည် ရှန်လင်းကိုယ်တိုင် လုပ်ကိုင်တာဖြစ်၏။ မနက်စောစောတွင် ရှန်လင်းသည် သကြားတုတ်ထိုးများ ရောင်းရန် ထွက်သွားသည်။ ရောင်း၍ ပြီးသောအခါ မနက်ဖြန်အဖို့ သကြားနှင့် ဝါးတုတ်များကို ကောင်တီမှ ဝယ်ယူလာသည်။ ထို့နောက် သကြားပြားများ ထပ်မံပြုလုပ်ရန် အိမ်သို့ပြန်လေ၏။
သကြားတုတ်ထိုးလုပ်ရသည့် အဆင့်များတွင် တောင်ပေါ်သစ်သီးရိုင်းများ၏ အူတိုင်ကို ထုတ်ရခြင်း၊ ရေဆေးခြင်း၊ ရေဆေးပြီးနောက် ရေထပ်ထည့်ကာ ပြုတ်ခြင်း၊ သကြားရည်ကျိုခြင်း၊ တို့ပါဝင်သည်။ ထိုအဆင့်များအားလုံးကို ရှန်လင်းတစ်ယောက်တည်းသာ ပြုလုပ်လေသည်။ စေတနာအပြည့်နှင့် ရှန်လင်းသည် အဆင့်တိုင်းကို ကိုယ်တိုင်လုပ်သည်။
စာအုပ်ထဲမှ ရှန်လင်းသည် ထိုကဲ့သို့သော စိတ်နေသဘောထား ရှိသူသာ ဖြစ်ပေ၏။ သူသည် အရာအားလုံးကို တာဝန်ယူကာ သူ့ပတ်ဝန်းကျင်မှ လူများအား စိတ်အေးသက်သာစွာ ပျော်ရွှင်သောဘဝ၌ နေစေ၏။
သကြားပြားလုပ်ခြင်းအလုပ်သည် တကယ်ကို အလုပ်များသည်။ သို့သော် ရှန်လင်းသည် ဆုဝန်အား ဤသည်မှာ သေးငယ်သော အလုပ်လေးဖြစ်သည် ဟုသာပြောကာ သူကိုယ်တိုင် တစ်ယောက်တည်း လုပ်နိုင်သည်ဟုလည်း ပြောသည်။ သကြားနှင့် ဝါးတုတ်ဝယ်ရသော ပိုက်ဆံမှအပ ရောင်းရသော ကျန်ပိုက်ဆံအားလုံးကို ရှန်လင်းသည် ဆုဝန်အား ပေးသည်။ ဆုဝန်သည် ရှန်လင်းနှင့်အတူ ပိုက်ဆံများကို ခွဲဝေယူချင်သည်။ သို့သော် ရှန်လင်းသည် မလိုချင်ကြောင်း အသည်းအသန် ငြင်းဆန်သဖြင့် ဆုဝန်သည် ရှန်လင်းအား နောက်တစ်ကြိမ်ပေးနိုင်မည့် အချိန်ကို စောင့်ဆိုင်းကာ သူမကိုယ်တိုင်ပင် ထိန်းသိမ်းထားလိုက်ရပါ၏။
ဆုဝန်သည် နေ့ရက်တိုင်းတွင် လွတ်လပ် ပျော်ရွှင်စွာနေပြီး သကြားတုတ်ထိုးကိစ္စနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်းလဲ မပြုပါ။ သူမသည် ပိုက်ဆံကို စုဆောင်းရန်ပင် အာရုံစိုက်ထား၏။
ဆုဝန်၏ နေ့စဉ်အလုပ်သည် ရှန်လင်းတို့မိသားစုအတွက် အစားအစာများ ချက်ပြုတ်ပေးရန်သာ ဖြစ်သည်။ သူမသည် သကြားတုတ်ထိုးများ ရောင်းချခြင်းမှ ပိုက်ဆံရ၏။ ဆုဝန်သည် အစားအသောက်အတွက်တော့ ကပ်စေးနှဲ တွန့်တိုတတ်သူတစ်ဦး မဟုတ်ချေ။ သူမသည် ရှန်လင်းတို့မိသားစု စားသောက်ရန် ကောင်းပေ့ ညွန့်ပေ့ဟူသည့် အသီးအရွက်များနှင့် အသားငါးများကိုသာ အမြဲ ဝယ်ယူတတ်သည်။
ယခုအချိန်တွင်မူ ရှန်လင်းသည် ဆုဝန်ဝယ်လာသော အသားငါးများနှင့် ဟင်းသီးဟင်းရွက်များကို စားရသည်မှာ ပို၍ သက်သောင့်သက်သာ ဖြစ်လာသည်။ အကြောင်းရင်းမှာ ရှန်လင်းသည်လည်း ဆုဝန်နှင့် အတူ သကြားတုတ်ထိုးများ ပြုလုပ်ရောင်းချရာတွင် ပါဝင်ကူညီပေးနေသောကြောင့်ပင် ဖြစ်ပါ၏။
ရှန်လင်းတို့မိသားစု အစားအသောက်ကောင်းများ စားနိုင်သည်ကို မြင်သောအခါ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ယခင်အတိုင်း ထပ်၍ လာလည်ကြပြန်သည်။ ဆုဝန်ကလည်း ထိုအသားငါးနှင့် အသီးအရွက်တို့သည် သူမကိုယ်တိုင် သူမပိုက်ဆံဖြင့် ဝယ်ယူကာ ချက်ပြုတ်ခြင်းဖြစ်ပြီး ရှန်လင်းတို့ ပိုင်တာ မဟုတ်ကြောင်း အမြဲပြောသည်။ ထို့ကြောင့် ရှန်လင်း၏ ဆုံးဖြတ်ချက်ပေါ် သွား၍ မူတည်နေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဆုဝန်အနေနှင့် ဤသို့ အများကြီး စားဖို့သောက်ဖို့ ဘာအကြောင်းပြချက်မှ မရှိပါ။ သူမသည် မစားနိုင်ဘဲ လောဘတကြီး ချက်ပြုတ်မှသာ ထိုသို့အများကြီး ချက်နိုင်ပေမည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်း သကြားတုတ်ထိုးများ ရောင်းရာမှရသော ငွေဖြင့် သူတို့ကို ဂါရ၀ပြုရန် ပြောသည်။ ရှန်လင်းကမူ ထိုသကြားတုတ်ထိုးများသည်လည်း ဆုဝန်နှင့်သာ သက်ဆိုင်ကြောင်း ပြောပေ၏။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းက ဆုဝန်၏ သကြားတုတ်ထိုးများ ရောင်းချရန်အတွက် ကူညီပေးနေသည်ကို ခွင့်မပြုနိုင်ကြောင်း ပြောလေ၏။ ရှန်လင်းက ဆုဝန်သည် သုတို့မိသားစုကို အများကြီး ကူညီပေးထားပြီး သူ့မိသားစုအတွက်လည်း နေ့စဉ်သုံး ပစ္စည်းအများအပြား ဝယ်ထားပေးသည်။ သကြားတုတ်ထိုးများ ပြုလုပ်သော နည်းသည် ငွေလဲ မပေးရပေ။ အကယ်၍ သူ့အဘိုးအဘွားတို့က ဆုဝန်၏ သကြားတုတ်ထိုးများ ပြုလုပ်ရောင်းချရာမှာ ကူညီဖို့ သူ့ကို ခွင့်မပြုခဲ့ပါလျှင် သူတို့က သူ့ကို ကျေးဇူးမသိတတ်သူတစ်ဦး ဖြစ်လာစေရန် တွန်းအားပေးနေခြင်း ဖြစ်မည်ဟု ပြောလေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့၏ အတွေးသည် စိုက်ခင်းထဲသို့ တစ်ဖန်ရောက်သွားလေ၏။ သူတို့သည် ရှန်လင်းဆီမှ ဂါရ၀ပြုသည့်ငွေကို ရနိုင်ရန်အတွက် ရှန်လင်း ပြောင်းဖူးများ ရောင်းပြီးသည့်အချိန်ကို စောင့်ရသည်။ ယခင်က ရှန်လင်းသည် ပြောင်းဖူးများကို စုဆောင်းပြီးသည်နှင့် ရောင်းချသည်။ သို့သော် ယခုနှစ်တွင်မူ ရှန်လင်းသည် ပြောင်းဖူးများကို ရိတ်သိမ်းစုဆောင်းပြီးတာ ကြာပြီဖြစ်သော်လည်း ထုတ်မရောင်းသေးပေ။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်း၏ အိမ်ရှေ့တွင် နေ့တိုင်း ပတ္တရောင်လှည့်ကာ သွားလာပြနေပြီး အခွင့်အရေးကောင်းကို စောင့်နေဖို့မှအပ အခြားရွေးချယ်စရာ မရှိတော့ပါ။ သို့မဟုတ်လျှင် ရှန်လင်းသည် သူတို့မသိခင် ပြောင်းဖူးများကို တိတ်တဆိတ် ထုတ်ရောင်းနိုင်ပေသည်။
ထပ်ပေါင်းပြောရလျှင် ရှန်လင်းတို့အိမ် ဂိတ်ပေါက်ဝတွင် ပတ္တရောင်လှည့်ကာ သွားလာနေသော အခြားလူတစ်ယောက်လဲ ရှိသေးသည်။ ထိုလူမှာ ဝမ်လော့ရှန်းပင် ဖြစ်ပါပေသည်။ သူသည် အရင်နေ့က ဆုဝန်ကို လာရှာခဲ့သည်။ သို့သော် ရှန်လင်း ရှိနေသဖြင့် ဆုဝန်ကို ပိုက်ဆံကိစ္စမပြောလိုက်ရပါ။ ဆုဝန်နှင့် နှစ်ယောက်တည်းရှိမည့် အချိန်ကို စောင့်ရမည်သာ ဖြစ်သည်။
သူသည် နေ့အချိန်တွင် ကျောင်းကို သွားရသည်။ ကျောင်းမှပြန်လာလျှင် ရှန်လင်း အိမ်နားတွင် ယောင်ပေပေ လုပ်နေတတ်သည်။ သို့သော် သူသည် ဆုဝန်ထွက်လာတာကိုတော့ မစောင့်ပေ။
ရှန်လင်းတို့အိမ်ထဲမှ လူများက တံခါးကို မဖွင့်ပေးသော်ငြား သူသည် တံခါးကို ခေါက်သည်။ တံခါးရှေ့တွင် ခွေးအကြီးကြီးတစ်ကောင် ရှိသည်။ ထိုခွေးကြီးသည် လူစိမ်းတစ်ယောက် လာသည့်အနံ့ကို ရလျှင် သို့မဟုတ် အသံကိုကြားလျှင် စူးစူးဝါးဝါး ထိုးဟောင်လေတော့၏။ စက္ကန့်အနည်းငယ်အတွင်း ပြေးထွက်လာပြီး ထိုလူအား ဆုတ်ဖြဲလိုက်တော့မည့် ပုံစံမျိုးနှင့်ပင် ဖြစ်ပေသည်။
ဝမ်လော့ရှန်းသည် ထိုအခက်အခဲကိုတော့ ပခုံးပေါ်လဲမထမ်းနိုင် ကိုင်လဲမကိုင်တွယ်နိုင်ပါ။ သူသည် ထိုခွေးကြီးကို အလွန်ကြောက်ရွံ့လှသောကြောင့် တံခါးကို ကတိုက်ကရိုက်ခေါက်ဖို့ပင် မဝံ့ရဲပေ။
ဝမ်လော့ရှန်းသာ ဆုဝန်ကို မြင်ခွင့်မရနိုင်တာ မဟုတ်။ ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည်လည်း ဆုဝန်ကို ရှာရန် လာကြသည်။ သို့သော် တံခါးဝမှ ခွေးကြီးသည် အလွန် အာဏာကြီးလှ၏။ ထို့ကြောင့် ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည် ခြံနောက်မှသာ ဆုဝန်၏ အရိပ်အယောင်လေးမြင်ရမည်ကို စောင့်နေကြလေ၏။ ဆုဝန်က အိမ်နောက်ဖက်ကို တစ်ခါမျှ မလာသည်ကိုတော့ မည်သူက သိပါမည်နည်း။ ရှန်မိသားစု၏ အိမ်အနောက်ဖက်သည်လည်း အသီးအရွက် ခြံဖြစ်သည်။ ရှန်ယာယာသည် အိမ်နောက်ဖေးခြံထဲသို့ နေ့တိုင်းလာကာ အသီးအရွက်များ ခူးသည့် တစ်ဦးတည်းသောသူ ဖြစ်လေသည်။
ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည် ရှန်ယာယာကို ဆူဝန်အား ထွက်လာပြီး သူတို့နှင့် လာတွေ့ရန် ပြောခိုင်းသည်။ ရှန်ယာယာကမူ အစ်မဆုဝန်သည် နေမကောင်းပြီး အလွန်အားနည်းနေသဖြင့် ထွက်မလာနိုင်ကြောင်း ပြန်ပြောပြလေသည်။
ထို့ကြောင့် ဝမ်မိသားစုနှင့် ရှန်မိသားစုသည် နံရံလေးတစ်ချပ်သာ ခြားသော်ငြား ဝမ်မိသားစုသည် ဆုဝန်ကို တစ်ခါမျှ မမြင်ရပါချေ။
ဆုဝန်သည်လည်း ယခုရက်ပိုင်းအတွင်း သူမ၏မျက်နှာကို လုံးဝမပြပါပေ။ အဘိုးရှန်တို့မိသားစုနှင့် ဝမ်မိသားစုသည် ဆုဝန်ကို တွေ့ချင်သည်က အခြားအစီအစဉ်များလည်း ရှိသည်။ သူမ၏ သကြားတုတ်ထိုးများသည် အလွန်ရောင်းကောင်းနေသည့်အတွက် သူတို့သည် သူမဆီမှအချို့ကို အလစ်ယူလိုသည်။ ဆုဝန်က ထိုလူများကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေချင်သည်။ အကောင်းဆုံးနည်းလမ်းမှာ အိမ်ထဲတွင် အေးဆေးနေကာ ပုန်းကွယ်နေရန်သာ ဖြစ်သည်။ ရှန်မိသားစုတွင်လဲ အလုပ်အနည်းငယ်သာ ရှိသည်။ သို့သော် ထိုအလုပ်များမှာ ချက်ပြုတ် ဆေးကြောရန်သာ ဖြစ်ပေသည်။ ရှန်မိသားစုမှ လူတိုင်းသည် သန့်ရှင်းရေးလုပ်ကြသောကြောင့် ဆုဝန်အဖို့ ကြီးကြီးမားမား သန့်ရှင်းရေးလုပ်စရာလဲ မလိုပါ။ ထမင်းဟင်း ချက်ပြုတ်ရာမှလွဲလျှင် အချို့အချိန်များတွင် သူမသည် တစ်ယောက်တည်း စာအုပ်ဖတ်လျှင်ဖတ်၊ ရှန်ရှီးနှင့် စာပေအကြောင်း ဆွေးနွေးလျှင် ဆွေးနွေး၊ ထိုမှမဟုတ်လျှင် ရှန်ယာယာကို စာဖတ်နည်းများ သင်ပေးနေတတ်သည်။
ဝမ်မိသားစုနှင့် အဘိုးရှန်တို့သည် ဆုဝန်အား မတွေ့ရသောကြောင့် စပ်စပ်စုစုနှင့် ရှန်အိမ်တော်ဝန်းကျင်၌ တစ်နေ့လျှင် အကြိမ်အနည်းငယ်လောက် ယောင်ပေပေလုပ်နေတတ်သည်။
ဝမ်မိသားစုသည် ပို၍ အရှက်ရခဲ့၏။ ထိုရက်များက ဝမ်မိသားစုသည် အစေခံတစ်ဦး ခန့်အပ်ခဲ့သည်။ ယခု လကုန်သောအခါ ဝမ်မိသားစုသည် ထိုအစေခံအား လစာရှင်းရတော့မည်။ ထိုလစာရှင်းပြီးလျှင် ဝမ်မိသားစုသည် ထိုအမျိုးသမီးကို ဆက်ခန့်ထားနိုင်တော့မည် မဟုတ်ပါ။ ဝမ်မိသားစုသည် အဝတ်အစားနှင့် လက်ဝတ်ရတနာဆိုင်တွင် အကြွေးတင်နေတာလည်း ရှိသေး၏။ ထိုအကြွေးကတော့ ယခုလက်ရှိ မတောင်းသေးပါ။ သို့သော် နှစ်မကုန်ခင် ထိုအကြွေးကို ပြန်၍ ဆပ်ရမည်ဖြစ်သည်။ ဝမ်မိသားစုတွင် ပိုင်ဆိုင်မှုငွေတုံးက အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် ဝမ်မိသားစုက ဆုဝန်ကို ပို၍ ပို၍ပင် တွေ့ချင်နေတာ ဖြစ်ပေ၏။ သို့သော် ထူးခြားချက်မှာ ရှန်မိသားစုက တားဆီးနေသဖြင့် သူတို့ဝမ်မိသားစု ဆုဝန်ဆီကို သွားတွေ့၍ပင် မရပါပေ။
ဆောင်းဦးရာသီဖြစ်သော်ငြား ရာသီဥတူသည် အလွန်ပင် ချမ်းအေးလှပေ၏။ ဆုဝန်က ရှန်လင်းအား သကြားတုတ်ထိုးများ ရောင်းပြီး ပြန်လာလျှင် မီးသွေးအချို့ ဝယ်လာရန် မှာလိုက်သည်။ ဆုဝန်သည် မီးသွေးမီးဖိုကို ရှန်အိမ်တော်တွင် ဖိုထားသည်။ သူမ အေးလာလျှင် ရှန်ယာယာနှင့်အတူ မီးသွေးမီးဖိုနားကို သွားကာ ကန်စွန်းဥများ ဖုတ်စားလေ့ရှိသည်။
ရှန်လင်းသည် အပြင်မှာ အလုပ်လုပ်ရင်း ပိုက်ဆံရသည်။ ထို့ကြောင့် ဆုဝန်၊ ရှန်ရှီးနှင့် ရှန်ယာယာတို့သည် အိမ်တွင် တစ်နှစ်လုံး တိတ်တိတ်ဆိတ်ဆိတ် သက်သောင့်သက်သာ နေနိုင်ကြသည်။
တစ်နေ့တွင် အရင်းရှုံးခဲ့သူ ကျန်းအာ့ကောနှင့် ရှန်စန်းတို့သည် ရှန်လင်းသကြားတုတ်ထိုးရောင်းရာမှ ပြန်လာသောလမ်းတွင် ရပ်၍ တောင်ပေါ်ဘယ်ရီသီးရိုင်းများနှင့် သကြားတုတ်ထိုး မည်သို့လုပ်သည်ကို မေးရန် ပိတ်ရပ်လိုက်ကြသည်။ ရှန်လင်းက ပြောပြဖို့ငြင်းလျှင် သူတို့နှစ်ယောက်သည် ခက်ခက်ခဲခဲ တိုက်ရမည်ကို သူတို့သိကြ၏။
ရှန်လင်းသည် သူတို့နှစ်ယောက်ကို အဝေးကတည်းက လှမ်းမြင်သည်။ အကယ်၍ သူတို့ တိုက်ခိုက်ခဲ့ကြပါလျှင်တောင် သူတို့နှစ်ယောက်သည် ရှန်လင်း၏ ပြိုင်ဘက်ဖြစ်ရန် လက်ရည်မရှိပေ။ သို့သော် ရှန်လင်းသည် ယခုအချိန်တွင် ပိုက်ဆံရှာချင်၏။ သူသည် သူတို့နှင့် ရန်ဖြစ်ရာမှ နိုင်ခဲ့လျှင်တောင် အချိန်ကုန်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်၏။ ထို့ပြင် သူတို့နှစ်ယောက်သည် ခွေးကဲ့သို့ လူဆိုးလူညစ်များသာ ဖြစ်ကြသည်။ သူတို့က ရှန်လင်းကို အမဲလိုက်သကဲ့သို့ တိုက်ခိုက်ကြလိမ့်မည်။ ထို့ကြောင့် ရှန်လင်းသည် သူတို့နှစ်ယောက်ကို မြင်သည်နှင့် ရုတ်တရက် ပြန်လှည့်ကာ အခြားလမ်းမှ သွားလိုက်သည်။ ရှန်စန်းနှင့် ကျန်းအာ့ကောတို့သည် သူတို့ရှန်လင်း မျက်ခြည်ဖြတ်ရာနောက် ကြာကြာ မလိုက်နိုင်မှန်း သိလိုက်ကြသည်။
ရှန်လင်းရွာကို ပြန်ရောက်သောအခါ သူတို့နှစ်ယောက်သည် သူတို့လက်ထဲမှ တုတ်များနှင့် ရန်မဖြစ်နိုင်တော့ချေ။ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်လိုက်ကြပြီး သကြားတုတ်ထိုးလုပ်ရန် တစ်စုံတစ်ဦးကို တွန်းအားပေးရသည်မှာ တကယ့်ကို ကျေနပ်စရာ မဟုတ်ပါပေ။ အကယ်၍ ရှန်စန်းနှင့် ကျန်းအာ့ကောတို့သာ ဤသို့ ရန်ဖြစ်ခဲ့ပါလျှင် ယခုဘေးမှ များပြားလှသောလူများ၏ လက်ညှိုးထိုးဆူဆဲခြင်းကို ခံရပေလိမ့်မည်။
ရှန်စန်းနှင့် ကျန်းအာ့ကောတို့သည် ရှန်လင်းတို့အိမ်နံရံကို တက်ပြီး ရှန်လင်းသည် တောင်ပေါ်ဘယ်ရီရိုင်းသီးများမှ အခါးဓာတ်နှင့် စူးရှသည့်အချဉ်ဓာတ်ကို မည်သို့ထုတ်ပြီး သကြားတုတ်ထိုး လုပ်ချင်သည်ကို သိချင်နေကြသည်။ ဆူးပန်းများနှင့် မတော်တဆ ခြစ်မိပြီးနောက် သူတို့သည် ဤနည်းလမ်းမှာ မဖြစ်နိုင်မှန်း သိသွားကြသည်။ ရှန်လင်းတို့အိမ်၏ နံရံများမှာ အလွန်မြင့်သည်။ ပထမတစ်ချက်မှာ သူတို့သည် ထိုအမြင့်ကို မတက်နိုင်ပေ။ အခြားတစ်ချက်မှာ ရှန်လင်း၏ ခွေးသည် ရက်စက်ကြမ်းကြုတ်သည်။ တတိယမြောက်အချက်မှာမူ သူတို့နံရံပေါ် ကျော်တက်နိုင်ပြီး ခွေးက သူတို့ကိုမမြင်လျှင်တောင် သကြားတုတ်ထိုးများ လုပ်သောနေရာသည် မီးဖိုတွင်ဖြစ်ပြီး ခြံဝန်းထဲတွင် မဟုတ်နိုင်ပါ။ ထို့ကြောင့် သူတို့အဖို့ နည်းလမ်း ရှိမနေပါချေ။
__________________