Ch 32
Viewers 2k

အခန်း (၃၂)

ရှန်လင်း၏ အဘိုးအဘွားများသည် ရှန်လင်းတို့အိမ်တွင် ယနေ့ ဝက်နံရိုးစားကြမည်ဟု ကြားသောအခါ ဘာမှချက်ရန် မစီစဥ်‌တော့ပေ။ သူတို့သည် အိပ်ရာပေါ်တွင် စကားပြောရင်း ရှန်လင်း ဝက်နံရိုးများ ယူလာမည့်အချိန်ကို စောင့်နေကြသည်။ 

နံရိုးများသည် စားကောင်းသည်။ ယခင်က ရှန်လင်းတို့ မိသားစုသည် ကြက်သားဟင်း ငါးဟင်းများသာ လာပေးတတ်သည်။ နံရိုးဟင်းတော့ လာမပေးဖူးချေ။

ရှန်လင်း၏ အဘိုးသည် ဆေးလိပ်များ လေးငါးလိပ်လောက်ထိ သောက်နေပြီး၊ အဘွားဖြစ်သူသည် အထည်များမှ အပြဲများကို တစ်ခုပြီးတစ်ခု ဖာစပ်ကာ ချုပ်၍နေသည်။ ညစာစားရန်အတွက် အချိန်မှာ အလွန်နောက်ကျနေပြီဖြစ်ပါသော်လည်း ရှန်လင်းနှင့် ရှန်ယာယာတို့ နံရိုးဟင်းကိုင်ကာ လာသည်ကိုတော့ မတွေ့ရသေးပါ။ 

အဘိုးရှန်၏ မျက်နှာသည် မည်းတက်၍လာသည်။ “အဲ့ မြေးအဖြစ်တောင် မထိုက်တန်တဲ့ ရှန်လင်းက သူ့ဘာသူစားနေပြီး ငါတို့ဆီ ယူလာပေးဖို့ သတိတောင် မရဘူးပေါ့လေ” အဘိုးအိုရှန်သည် ဆေးလိပ်ဖင်ကို အိပ်ရာထိပ်တွင် ခေါက်လိုက်သည်။ 

“ဒီကောင်လေးဟာ အသားစားတိုင်း ငါတို့နှစ်ယောက်ဆီ မယူလာရဲဘဲ မနေဖူးပါဘူး။ ကြည့်ရတာ သူ တို့တွေဆီ သယ်မလာခင် နံရိုးဟင်းချက်တာ ကြာနေတာ နေမှာပါ။ စောင့်ကြည့်ကြရအောင်ပါ” 

အဘိုးအိုရှန်နှင့် အဘွားအိုရှန်တို့သည် မမှောင်ခင်အထိ စောင့်ပြီးရင်း စောင့်၍နေသည်။ သို့သော် ရှန်ယာယာနှင့် ရှန်လင်းတို့ အရင်ကဲ့သို့ အစားအသောက်များ ယူလာပေးသည်ကိုတော့ အရိပ်အယောင်ပင် မမြင်ရပါချေ။ 

အဘွားအိုရှန်သည် ဗိုက်ဆာလွန်း၍ ငိုပင်ငိုတော့သည်။ ထို့ပြင် သူမ၏ မျက်နှာသည် တင်းမာ၍ နေသည်။ 

“ဝက်နံရိုးတွေက ဒီလောက် အချိန်တွေကြာပြီးမှတော့ အိုးထဲမှာ မရှိလောက်တော့ဘူး။ တွေ့လား။ ဒီရှန်လင်းဟာလေ အသားဟင်းလေးတစ်ပန်းကန် မပြောနဲ့။ အသားတိုလေး တစ်ဖဲ့တလေတောင် လာပေးဖို့ မရည်ရွယ်ထားဘူး” 

အဘိုးအိုရှန်သည် သူ့စိတ်သည်းခံမှု ကျော်လွန်သွားပြီး ခုတင်ပေါ်မှ ထလိုက်ပြီး အဝတ်အစားများ ကောက်ယူကာ ပြောလေသည်။ “သွားရအောင်၊ ရှန်လင်းအိမ်ကို သွားကြည့်ကြမယ်။ ဒီမြေး မပီသတဲ့သူဟာ ဘယ်လိုမျက်နှာမျိုးနဲ့ ဒီအနောက်မြောက်လေ တိုက်နေတဲ့ကြားက ငါတို့ကိုကြည့်ပြီး အသားမျိုကျနိုင်ဦးမလား သွားကြည့်ကြတာပေါ့” 

အဘွားအိုရှန်သည်လည်း အလျင်အမြန်ထလိုက်သည်။ “သွားမယ်၊ သူဌေးကိုပါ ခေါ်သွားကြရအောင် သူဌေးလဲ ဝက်နံရိုးစားလို့ရတာပေါ့” အဘိုးအိုရှန်သည် မနှစ်မြို့ဟန်ဖြင့် “သူဌေးကို မခေါ်နဲ့။ ရွာသူကြီးကိုပဲ ဆုံးဖြတ်ချက်တွေချခိုင်းဖို့ ခေါ်သွားကြရအောင်။ ရွာသူကြီးဆီ အမြန်သွားကြမယ်။ ပြီးရင် တို့လူကြီးတွေအတွက် ရွာသူကြီးကို ခေါ်သွားကြမယ်” 

အဘိုးအိုရှန်နှင့် အဘွားအိုရှန်တို့သည် အဝတ်ကို ထူထူဝတ်ကာ ရွာသူကြီးအိမ်သို့ သွားပြီး ရွာသူကြီးကို ခေါ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ရွာသူကြီးကို ရှန်လင်းအိမ်သို့ သူတို့နှင့်အတူ လိုက်လာပါရန် ခေါ်လိုက်ကြပါသည်။ 

ချင်းရှီရွာ၏ ရွာသူကြီးသည် ပိန်ပြီး အရပ်လည်းရှည်သည်။ သူသည် နှစ်ပေါင်းများစွာ စာပေလေ့လာခဲ့သည်။ သူ၏နာမည်မှာ ဝမ်ဖြစ်သည်။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းအား ကျေးဇူးမသိတတ်သည့် မြေးမိုက် နာမည်ခံကာ ခေါင်းစဥ် တပ်လိုက်သောအခါ ရွာသူကြီးဝမ်က လိုက်ရန် လက်ခံလိုက်လေသည်။

အဘိုးရှန် အဘွားရှန်နှင့် ရွာသူကြီးဝမ်တို့သည် ရှန်လင်းတို့ အိမ်ပေါက်ဝသို့ ရောက်သောအခါ တကယ့်အသား၏ အနံ့ကို ရလိုက်ကြလေသည်။ ထိုအနံ့သည် အလွန့်အလွန် မွှေးလွန်းလှပြီး သွားရည်များပင် ကျလာစေသည်။

အခန်းထဲတွင် ဆုဝန်၊ ရှန်ရှီ ၊ ရှန်လင်း နှင့် ရှန်ယာယာတို့သည် အတူတကွ စားသောက်နေကြသည်။ ရှန်လင်းသည် နဂိုက ဆုဝပိုက်ဆံဖြင့်ဝယ်လာသော အစားအသောက်များကို မစားလိုပါသော်လည်း ဆုဝန်က ရှန်လင်းသည် သူမဘဝကို ကယ်တင်ပေးခဲ့သူဖြစ်သည့်အတွက် ကျေးဇူးဆပ်တာဖြစ်၍ စားလျှင်လည်း ဘာမှမဖြစ်ပါကြောင်း ဆိုလေသည်။ 

ရှန်လင်းက မစားချင်ဖြစ်နေသေးသောအခါ ဆုဝန်က အကယ်၍ ရှန်လင်းမစားပါလျှင် ဖြုန်းတီးရာ ရောက်မည်ဟု ပြောလေသည်။ ရှန်လင်းသည် ခံစား၍ မကောင်းလျှင် နောင် သူပိုက်ဆံရလာမှ သူမအား အရသာရှိသည့် အစပ်တစ်ခုခု ဝယ်ကျွေးပါဟု ဆိုသည်။ 

ဆုဝန်သည် ရှန်လင်းအား အထပ်ထပ်အခါခါ ဖြောင်းဖျပြီးနောက် ရှန်လင်းသည် မငြင်းဆန်နိုင်တော့ချေ။ ထို့ကြောင့် သူသည် ထိုင်၍ စားလေတော့သည်။ သူဤဝက်နံရိုးများကို မစားခင် သူသည် သူ့အဘိုးအဘွားများကို သတိရလိုက်မိသည်။ သို့သော် ယခုအစားအစာသည် ယခင်က သူကိုယ်တိုင် အိမ်မှာချက်သော ဟင်းလျာများနှင့် ကွဲပြားပေသည်။ ယနေ့အစားအစာသည် ဆုဝန်ကိုယ်တိုင် ဝယ်လာတာဖြစ်ပြီး ဆုဝန်ချက်တာဖြစ်သည်။ ရှန်လင်းကိုယ်တိုင်ကပါ စားနေသော်လည်း ဆုဝန်ချက်သော ဟင်းလျာကိုတော့ အဘိုးအဘွားတို့ဆီ ပုံမှန်အတိုင်း သွားပေးရန်မှာ မဖြစ်နိုင်ပါချေ။ 

ယခင်က ရှန်မိသားစု၏ ညစာစား စားပွဲလေးသည် ဆန်ပြုတ်နှင့် အရံဟင်းများနှင့်သာ ပြည့်နေခဲ့ပြီး ကြက်ဥမြင်ရသည်ပင် ရှားလေသည်။ သို့သော် ယခုအခါတွင် အသားဟင်းများ အသီးအရွက်များ စုံလင်စွာဖြင့် စားပွဲသည် ပြည့်နေပြီး အရောင်လဲစုံသည့်အပြင် ရနံ့လည်းမွှေးပြီး အရသာလဲ ရှိလှသည်။ 

ရှန်လင်းသည် ဤသို့အရသာရှိလှသော ဝက်နံရိုးမပြောနှင့်  အသားမစားရသည်မှာတောင် ကြာလှပြီဖြစ်သည်။

 ဆုဝန်သည် ရှန်လင်း ကောင်းကောင်းမွန်မွန်စား၍ရစေရန် နံရိုးများကို တမင်တကာ ပိုပိုသာသာ ဝယ်ယူလာခဲ့ခြင်း ဖြစ်ပေသည်။ 

သူသည် ပင်ပန်းသော အလုပ်များကို လုပ်ရသော်လည်း တစ်နှစ်ပတ်လုံး အစားကောင်းကောင်း မစားရပေ။ ထို့ကြောင့် သူသည် အရပ်ရှည်သော်ငြား ပိန်၍နေသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်သည်လည်း ထိုသို့ဆိုလျှင် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပါချေ။ 

ရှန်လင်းတို့အိမ်ရှေ့တွင်မူ ရွာသူကြီးဝမ်သည် တံခါးကို အကြိမ်ဖန်များစွာ ခေါက်၍နေသည်။ 

ခဏအကြာတွင် ရှန်ယာယာသည် တံခါးကို လာဖွင့်ပေးပြီး ရှန်ယာယာ့ကို မြင်သောအခါ အဘွားအိုရှန်သည် ခက်ထန်သော အကြည့်ဖြင့်ကြည့်ကာ သူမပါးစပ်မှ စတင်ဆူဆဲပါလေတော့သည်။ 

“ဒီကျေးဇူးမသိတတ်တဲ့ ဟာစုတ်လေးတွေ၊ နင်တို့အိမ်မှာ အသားဟင်းစားနေရင် ကိုယ့်အဘိုးအဘွားတွေအတွက် ပန်းကန်လေး နှစ်လုံးလောက်နဲ့တောင် လာမပို့ပေးနိုင်ဘူးလား ဟမ်။ ကိုယ့်ဘာကိုယ် ဖွက်စားနေရင် ပါးစပ်တွေ အနာပေါက်မှာ မကြောက်ကြဘူးလား” 

ရှန်ယာယာသည် အလွန်ကြောက်ရွံ့သွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။ 

အဘိုးရှန်ကလဲ ရှန်ယာယာ့အား ခက်ထန်သော အကြည့်ဖြင့်ကြည့်ကာ “နင့်အစ်ကို ဘယ်မလဲ” ဟု မေးလေသည်။ 

ရှန်ယာယာသည် အဘိုးရှန်၏ ကြောက်ဖို့ကောင်းသော ပုံစံကြောင့် လန့်သွားကာ မျက်ရည်များ ကျလာပြီး ငိုလေတော့သည်။ 

“ငိုနေ ငိုနေ အသုံးမကျတဲ့ ဟာလေးတွေ။ ငိုဖို့လောက်ပဲ နားလည်တယ်” အဘိုးရှန်သည် ဆဲရေးတိုင်းထွာရင်း ရှန်ယာယာ့ကို တွန်းလိုက်သည်။ ရှန်ယာယာသည် နောက်သို့ ယိုင်ကျသွားလေသည်။ 

ရှန်လင်းနှင့် ဆုဝန်တို့သည် အမြန် ပြေးလာပြီး ဆုဝန်သည် ရှန်ယာယာ့ဘေးသို့ အမြန်သွားကာ ရှန်ယာယာကို ကောက်ချီလိုက်လေသည်။ 

“အဘိုးနဲ့ အဘွား ဘာကိစ္စရှိလိူ့ပါလဲ” ရှန်လင်းသည် အဘိုးရှန်နှင့် အဘွားရှန်တို့အား အမြဲ လေးစားစွာ ပြောလေသည်။ 

အဘွားရှန်သည် အေးစက်စွာ ပြောလေသည်။ “ဘာတွေဖြစ်နေလဲ မင်း တကယ်မသိဘူးလား” 

အဘိုးအိုရှန်သည် ရှန်လင်းအား စိတ်ဆိုးမာန်ဆိုး ကြည့်ကာ “ပြောစမ်းပါဦး မင်းတို့မိသားစု ဒီည ညစာ ဘာနဲ့ စားလဲဆိုတာ” ဟု မေးလေသည်။ 

ရှန်လင်းက ဖြည်းညင်းစွာပင် “ဝက်နံရိုးနှပ်နဲ့ပါ” ဟု ပြန်ဖြေသည်။ 

အိမ်ထဲတွင် ဆုဝန်သည် ရှန်လင်း၊ ရှန်အမေ၊ ရှန်ယာယာတို့နှင့် အတူ စားသောက်နေကြပြီး အိမ်အပြင်တွင်တော့ အဘွားအိုရှန်သည် မကျေမနပ် ကြည့်နေလေသည်။ “ကြည့်ပါဦး ရွာလူကြီးဝမ်ရယ်။ ဒီအဘိုးကြီး အဘွားကြီးတွေ ဘယ်လောက်တောင် သနားဖို့ကောင်းလဲဆိုတာ။ ကျွန်မတို့သားလေးက ဆုံးပါးသွားပြီး ကျွန်မတို့နဲ့အတူ မရှိတော့ပါဘူး၊ ဘိုးဘွားတို့ ဝတ္တရားအရ ဒီမြေးကို စောင့်ရှောက်ခဲ့ပေမဲ့ အသုံးမဝင်ပါဘူး။ သူတို့ကတော့ အသားစားနေပေမဲ့ ဒီလူအိုကြီးတွေအတွက်တော့ အသားဟင်းလေးနှစ်ခွက်လောက်တောင် လာမပို့ပေးနိုင်ကြဘူးလေ။ သူတို့လုပ်ပုံကိုလဲ ကြည့်ပါဦး။ ကျွန်မတို့ လူကြီးတွေ ဒေါသမထွက်သင့်ဘူးလားရှင်” 

အမျိုးသမီးရှန်သည် ထိုစကားများကို ငိုသံပါပါ ပြောပြီး သူမမျက်လုံးထောင့်ကို သူမအင်္ကျီလက် အနားစနှင့် သုတ်လေသည်။ 

အဘိုးရှန်သည် ရှန်လင်းအား ထူးဆန်းသော ပုံစံဖြင့် “မင်းငါနဲ့ မင်းအဘွားဆီ ယူလာပေးခဲ့သလား” ဟု မေးလေသည်။ 

အဘိုးအိုရှန် စကားပြောပြီးပြီးချင်း အဘွားရှန်သည် “အပြင်မှာပြောတာ ရပ်ပြီး အထဲဝင်ပြောကြရအောင်၊ သူတို့တွေစားနေတာ စားသောက်တဲ့နေရာနဲ့ ဝေးဝေးမနေခိုင်းပါနဲ့” ဟု အမြန်ဆိုလေသည်။ 

ဇန်ရှီ၏ မုသားပြောစွဲချက်တင်ခြင်းကတော့ စွဲချက်တင်ခြင်းပင် ဖြစ်ပေသည်။ အဘွားရှန်သည် ရှန်လင်းတို့ မိသားစု၏ နံရိုးအား စားနိုင်ရန် ကြံစည်နေလေသည်။ သို့သော် အလွန်အမင်း နောက်ကျသွားလျှင် နံရိုးများသည် အရိုးပင် ကျန်တော့မည် မဟုတ်ချေ။ 

အဘွားရှန်သည် အိမ်ထဲသို့ အမြန်ပြေးဝင်သွားပြီး အဘိုးရှန်နှင့် ရွာလူကြီးဝမ်တို့က နောက်မှ လိုက်ဝင်၍လာသည်။ 

ရှန်လင်း၊ ဆုဝန်နှင့် ရှန်ယာယာတို့သည်လည်း အိမ်ထဲသို့ လိုက်၍ ဝင်လာသည်။ 

သူမသည် ရှန်မိသားစု၏ ထမင်းစားပွဲသို့ သွားသွားချင်း အဘွားရှန်သည် စားပွဲပေါ်မှ ကြက်သား၊ ဘဲသားနှင့် ငါးတို့ကို တွေ့လိုက်ရသည်။ အထင်ရှားဆုံးအရာမှာ စားပွဲပေါ်မှ ဝက်နံရိုးနှပ် တစ်ဝက်ကျန်သည့် အိုးပင် ဖြစ်လေသည်။ ရှန်လင်းနှင့် အခြားသူတို့သည် ခေတ္တမျှသာ စားရသေးသည်မှာ ထင်ရှားသည်။ 

အဘွားရှန်သည် သတိလစ်မတတ် ဒေါသထွက်သွားသည်။ အရသာရှိသော အသားနှင့် အသီးအရွက်များများစွာ ရှိသည်ဖြစ်သည်။ ရှန်လင်းနှင့် အခြားသူတို့သည် ဒီလောက်အများကြီးကို မည်သို့ စားကုန်ပါမည်နည်း။ သူမ၊ ရှန်အဘိုးကြီးနှင့် အကြီးဆုံးသား မိသားစုတို့သည်လည်း ဤသို့ စားပွဲအပြည့် ညစာကောင်းကောင်း စားရသင့်ပေသည်။ 

သူတို့၏ ဒုတိယသား သေဆုံးပြီးသွားသောအခါ သူ့ဇနီးနှင့် ကလေးများ ဖြစ်ကြသည့် ရှန်လင်းနှင့် ရှန်ရှီတို့သည် သူတို့မိသားစုနှင့် ခွဲနေကြရသည်။ သို့သော်လည်း ရှန်လင်းနှင့် ရှန်ရှီတို့သည် သူတို့နှင့် မိသားစုဝင်အကြီးအကဲများနှင့် ခွဲထွက်သွားသော်လည်း အစားကောင်းကောင်းစားနိုင်သည်အထိ ကံကောင်းနေကြပေသည်။ 

အဘွားအိုရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။ အံကို တင်းတင်းကြိတ်ကာ ခုတင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးရှန်ကို လှမ်းကြည့်လိုက်သည်။ 

“ကြည့်ပါဦး။ ဒါက ငါတို့ရှန်မိသားစုနဲ့ လက်ထပ်ထားတဲ့ ချွေးမကောင်းတဲ့လေ။ သူက အသားကောင်းတွေ စားသောက်နေရပေမဲ့ သူ့ယောက္ခမတွေနဲ့ သူ့အစ်ကိုကြီးကို ဘယ်လို ပေးကျွေးရမယ်တော့ မသိရှာဘူး။ ဟင်းတစ်ခွက်လောက် အိမ်မှာ ချက်စားနိုင်တာနဲ့ ကိုယ့်ဘာကို ဖွက်စားကြတယ်ပေါ့လေ။ ဇက်ပိုးနင့်ပြီး သေမှာမကြောက်ဘူးလား” 

အဘိုးအိုရှန်ကလဲ ဆူငေါက်ကာ ပြောသည်။ “ကျေးဇူးကန်းတဲ့ ဟာတွေ ၊ ဒုတ်ယသား သေပြီးကတည်းက ဘယ်သူက မင်းတို့ကို ကူညီပေးခဲ့တာလဲ။ ဘယ်သူက မင်းတို့ကို ဂရုစိုက်ပေးခဲ့တာလဲ။ ငါတို့နဲ့ မင်းတို့ရဲ့ အစ်ကိုကြီးသာ မဟုတ်ရင် မင်းတို့ ခုချိန် အိမ်တောင် ရှိနေဦးမယ်လို့ ထင်နေကြတာလား ဟမ်” 

အဘိုးအိုရှန်၏ စကားများသည် မတရားသဖြင့် ဖြစ်နေသောကြောင့် အမြဲစိတ်မလုံခြင်း မရှိခဲ့သော ရွာသူကြီးဝမ်ပင် သည်းမခံနိုင်တော့ချေ။ 

အဘိုးရှန်၏ သားနှစ်ယောက်ဖြစ်သော သားကြီးရှန်နှင့် ရှန်လင်းအဖေတို့သည် ညီအစ်ကိုများ ဖြစ်ကြသည်။ အဘိုးရှန် မလုပ်နိုင်တော့သောအခါ သူတို့ညီအစ်ကိုက ကူညီလုပ်ကိုင်ပေးကြသည်။ သားကြီးရှန်၏ သားများသည် အလွန် အစားကြီးပေသည်။ ရှန်မိသားစု၏ ဒုတိယသားဖြစ်သူကသာ အလုပ်များ ကူညီလုပ်ကိုင်ပေးရသည်။ 

ထိုရှန်မိသားစု၏ ဒုတိယသားဖြစ်သူသည် အလုပ်လည်း ကြိုးစားသည်။ ငွေလည်း စုဆောင်းသည်။ နောက်ဆုံးတွင် သူတို့သည် ချင်းရှီရွာတွင် လူချမ်းသာ မိသားစု ဖြစ်လာခဲ့ပေသည်။ ထို့ကြောင့် သူသည် တိုက်အိမ်ကြီးကို ဆောက်နိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။ အလုပ်အနည်းငယ်သာ ကူညီပေးပြီး ကျန်လူများက ထိုဒုတိယသား ရှန်လျိုယာ၏ အိမ်တွင် ကပ်နေကာ စားသောက်ကြပေသည်။ 

အဘိုးအိုရှန်နှင့် သားကြီးရှန်တို့ မိသားစုသာ ရှန်လျိုယာ၏ ကုပ်သွေးစုပ်ကာ ကပ်ပါးကောင်ကဲ့သို့ ကပ်မနေခဲ့ကြပါလျှင် သူသည် ယခုတိုက်အိမ်ကဲ့သို့ အိမ်မျိုး နောက်ထပ် နှစ်အိမ်မက ဆောက်နိုင်လိမ့်မည် ဆိုသည်မှာ ချဲ့ကားပြောဆိုခြင်းတော့ မဟုတ်ပါချေ။ 

ရှန်လျိုယာ ကွယ်လွန်ပြီး နောက်ပိုင်းတွင် အဘိုးအိုရှန်နှင့် သားကြီးရှန်တို့သည် ရှန်လျိုယာ၏ တိုက်နှင့် မြေကို ရှန်လင်းဆီမှ ယူရန်ကြိုးစားခဲ့ကြသည်။ သို့သော် ရှန်လင်းသည် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ရှန်လင်းသည် ကျေးဇူးမသိတတ်၊ တာဝန်မသိတတ်သူအဖြစ် နာမည်ဆိုးနှင့် ကျော်ကြားခဲ့ရသည်။ 

အဆုံးတွင်မူ ရှန်လင်းသည် သူ့အဖေပိုင်ဆိုင်ခဲ့သည့် မြေများကို သူ့အဘိုးနှင့် သူ့ဦးလေးကို ခွဲပေးလိုက်ရသည်။ အိမ်သည်မူကား ရှန်လင်းနာမည်ပေါက်နှင့် အိမ်ဂရံသည် ရှန်လင်း၏ လက်ထဲတွင် ရှိနေခဲ့သောကြောင့်သာ ကျန်နေရသည်။ ရှန်မိသားစုမှ သားသုံးယောက်သည် ရှန်လင်းတို့အိမ်မှ ပရိဘောဂများ၊ အိုးခွက်ပန်းကန်များ၊ အိပ်ရာခင်းသစ်များနှင့် အိပ်ရာများအားလုံးကို ‌ရွှေ့ပြောင်း သယ်ဆောင်သွားကြလေသည်။ 

အဘိုးရှန်နှင့် သားကြီးရှန်တို့သည် ဤသို့ လုပ်ရပ်များကို လုပ်ခဲ့ကြသော်လည်း သူတို့သည် ဒုတိယသား သေဆုံးပြီးနောက် ရှန်လင်းတို့အား ကူညီခဲ့သည် ဟူသော စကားမျိုးကို အရှက်မရှိ ဂုဏ်ယူစွာ ပြောဆိုကြလေသည်။ 

အဘွားအိုရှန်သည် ရှန်လင်းနှင့် အဓိပ္ပာယ်မရှိသော စကားများမပြောချင်ပါ။ ထို့ကြောင့် သူမသည် ဘာတစ်ခွန်းမှ မပြောဘဲ မီးဖိုထဲသို့ ဝင်သွားကာ သူမနှင့် အဘိုးအိုရှန်အတွက် ထမင်းနှစ်ပန်းကန် ထည့်လာပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။ 

ထို့နောက် အဘွားအိုရှန်သည် အဘိုးအိုရှန်အား လှမ်းခေါ်လိုက်သည်။ “အဲ့တာဝန်မသိတတ်တဲ့ဟာတွေနဲ့ စကားပြောမနေနဲ့။ မြန်မြန်လာပြီး ထမင်းလာစား။ စားပြီးတော့မှ ဒီတာဝန်မသိတတ်တဲ့ မြေးကို ကောင်းကောင်း ဆုံးမရမယ်” အဘိုးအိုရှန်နှင့် အဘွားအိုရှန်တို့သည် ထိုင်ပြီး အငမ်းမရ စားသောက်ကြလေတော့သည်။ 

တကယ်တော့ ဆုဝန်သည် ရှန်လင်း၊ ရှန်ရှီ၊ ရှန်ယာယာတို့အတွက် ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် ချက်ပြုတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် အဘိုးးရှန်နှင့် အဘွားအိုရှန်တို့ ဗိုက်အရမ်းဆာပြီး စားပွဲပေါ်မှ ရှိသမျှအကုန် စားသွားလျှင်တောင် ကိစ္စမရှိပါချေ။ 

ရှန်လင်းသည် ကြောင်သွားပြီး ပြောလိုက်သည်။ “အဘိုးနဲ့အဘွား အဲ့ အစားအစာတွေက.....”

“တာဝန်မသိတတ်တဲ့ မြေးမိုက်နဲ့ ကလေးတွေ၊ ငါတို့်စားသောက်နေတာကို လာမရှုပ်နဲ့ ထွက်သွားကြ” 

ရှန်လင်း၏ စကားမဆုံးမီပင် အဘွားရှန်သည် ကြမ်းတမ်းစွာ ကြားဖြတ်ပြောလိုက်လေသည်။ 

ရှန်လင်းသည် ဆုဝန်အား ရှက်ရွံ့စွာ လှမ်းကြည့်လိုက်ပြီး နောက်ကျလျှင် ဆုဝန်အား ပိုက်ဆံ ပြန်ပေးမည်ဖြစ်ကြောင်း နှုတ်ခမ်းလေးလှုပ်ရုံ ရှင်းလင်းကာ ပြောပြလိုက်သည်။ 

ဆုဝန်ကမူ ပြန်မဖြေပေ။ ရှန်လင်းသည် မြေယာရှင်စနစ်နှင့် အကြွေးကိစ္စနှင့် ပတ်သက်၍ အယူသီးပေသည်။ 

ရှန်ရှီ၊ ရှန်လင်း၊ ဆုဝန်နှင့် ရွာလူကြီး ဝမ်တို့သည် အဘိုးရှန်နှင့် အဘွားရှန်တို့ ထိုင်စားနေသည်ကို ကြည့်နေကြသည်။ 

ရွာလူကြီးရှန်သည် တံတွေးပင် မျိုချနေရသည်။ ဤအဘိုးကြီးနှင့် အဘွားကြီးတို့သည် တကယ့်ကို မူမမှန်ပေ။ သူတို့က သူ့ကို အကူအညီတောင်းကာ ဤနေရာသို့ ခေါ်လာခဲ့ပြီး သူတို့စားနေစဥ် အတူစားရန်ပင် မမေးချေ။ စားပွဲပေါ်မှ စားစရာများသည် ရှန်လင်းနှင့် အခြားသူများ မစားဘဲ ထားခဲ့တာဖြစ်သည်။ သို့သော် ထိုအစားအစာများသည် အလွန်စားချင်စဖွယ်ကောင်းလှ၍ ရွာသူကြီး ဝမ်သည် အတူထိုင်၍ စားချင်နေသည်။ 

သို့သော် သူသည် ရွာသူကြီး ဖြစ်နေသည့်အတွက် ဘယ်သူကမှ မဖိတ်ခေါ်ဘဲ ထိုသို့ထိုင်ကာ စားသုံးခြင်းမျိုးမပြုလုပ်နိုင်ပါချေ။ 

ဆုဝန်သည် အဘိုးရှန်နှင့် အဘွားရှန် စားသောက်နေသည်ကို ခေတ္တမျှစောင့်ကြည့်ပြီးနောက် နံလေးတွင် ကြောင်တောင်တောင်လေး ရပ်ကြည့်နေသော ရွာလူကြီးဝမ်ဘက် လှည့်လိုက်ကာ “ရွာလူကြီးဝမ် ဒီနေ့ ကျွန်မတို့ ဝက်နံရိုး ချက်တယ်လေ။ ရွာလူကြီးက ရွာရဲ့ကိစ္စ အဝဝကြောင့် အမြဲလိုလို ပင်ပန်းနေမယ်ဆိုတာ တွေးမိပါတယ်။ တကယ် အလုပ်ကြိုးစားနေတဲ့ ရွာလူကြီးကို တွေးပြီး ဝက်နံရိုးတစ်ပန်းကန် ချန်ထားတာ၊ ညစာစားပြီးရင် အစ်ကို ရှန်လင်းက လာပို့တော့မလို့ပဲ။ ဒါပေမဲ့ ရွာလူကြီးက အိမ်ထိ လာလည်မယ်လို့ မထင်ထားခဲ့မိဘူး။ ခုရောက်လာပြီဆိုမှတော့ ခုပဲ သွားယူပေးမယ်နော်” ဟု ပြောလိုက်သည်။ 

ရွာလူကြီးဝမ်သည် တကယ့်ကို အံ့သြသွားသည်။ ဆုဝန်သည် သူ့အဖို့ ဟင်းတစ်ခွက် ချန်ထားပေးသည်။ ရွာလူကြီးသည် ရွာထဲတွင် မှန်မှန်ကန်ကန် ဖြေရှင်းပေးသောကြောင့် ရွာသားများသည် ပိတ်ရက်များတွင် သူ့ထံ လက်ဆောင် အသေးအမွှားလေးများ ပေးတတ်ကြသည်။ သို့သော် သူ့ကို အသားဟင်း လက်ဆောင်ပေးသူတော့ မရှိဖူးပေ။ 

ရွာလူကြီးဝမ်သည် သူ့လက်ကို တွန်းလိုက်ကာ “မလုပ်ပါနဲ့ မိန်းကလေးဆုဝန်” ပြောနေစဥ် ရွာလူကြီး၏ မျက်လုံးသည် မီးဖိုချောင်သို့ ကြည့်လိုက်မိသည်။ 

ဆုဝန်သည် လျှို့ဝှက်စွာ ပြုံးလိုက်ပြီး မီးဖိုထဲသို့ လျှောက်သွားလိုက်ကာ ဝက်နံရိုးနှပ် တစ်ပန်းကန် ယူလာပေသည်။ ဝက်နံရိုးနှပ်၏ အရောင်သည် ဆွဲဆောင်မှုရှိပြီး ရနံ့က မွှေးပျံ့နေကာ လူများကို ဗိုက်ဆာသွားစေနိုင်သည်။ 

...

အခန်း (၃၂) (ခ)

ဆုဝန်သည် ထိုဟင်းပန်ကန်ကို ရွာလူကြီးအဖို့ ချန်ထားခြင်းမဟုတ်ဘဲ ရှန်လင်း နောက်နေ့စားရန် ချန်ထားခြင်း ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေအရ ရွာလူကြီးဝမ်သည် အဘိုးရှန်နှင့် အဘွားရှန်ကို ကူညီရန် ရောက်လာသည်မှာ ထင်ရှားသည်။ 

စာအုပ်ထဲတွင် ရွာလူကြီးနှင့် အဘိုးအဘွားရှန်တို့၏ ဆက်ဆံ‌ရေးကို ဖော်ပြထားသည်။ ရှန်လင်း၏အဖေ ရှန်လျိုယာ သေဆုံးပြီးသည့်နောက်တွင် အဘိုးရှန်နှင့် သားကြီးရှန်တိူ့သည် ရှန်လင်းမိသားစု၏ ပိုင်ဆိုင်မှုများကို ခွဲဝေယူလိုခဲ့သည်။ ထို့ပြင် ရှန်လျိုယာတွင် သားသမီးနှစ်ယောက် ရှိသော်လည်း သူ သေဆုံးသောအခါ သူ့ပိုင်ဆိုင်မှုများကို နှစ်ယောက် ခွဲယူခွင့် မရခဲ့ပါချေ။

သို့သော် အဘိုးရှန်နှင့် သားကြီးရှန်တို့ကမူ ခွဲဝေယူလိုက်ကြပေသည်။ ရှန်လင်းသည် သူ၏ နှလုံးသားထဲတွင် သူ့အဖေ မရှိတော့လျှင်တောင် သူ့အဘိုးနှင့် အဘွားတို့အတွက် ဂုဏ်ယူဖွယ် ဖြစ်အောင် ကြိုးစားရမည်ဟူသည့် တာဝန်သိစိတ်ကို ခံယူထားသည်မှာ သူတို့အတွက် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်သွားသည်။ ရလဒ်အနေနှင့် ရွာလူကြီးဝမ်သည် အဘိုးရှန်နှင့် သားကြီးရှန်တို့အား ဒုတိယသားချန်ခဲ့သည့် စည်းစိမ်များကို ခွဲဝေယူရန် ထောက်ခံကူညီပေးခဲ့လေသည်။ 

ဤရွာလူကြီးသည် ကိစ္စများကို မျှတအောင် လုပ်ပေးနေတတ်သည့် လူကောင်းတစ်ဦးတော့ မဟုတ်ပါချေ။ 

သို့သော် အဆုံးတွင် ရွာလူကြီးဝမ်တွင် ဖိအားများရှိကြောင်း ပြောလေသည်။ ယနေ့ကဲ့သို့ပင် အဘိုးရှန်နှင့် အဘွားရှန်တို့သည် အ‌တော်ပြန်လှည့်မရတော့သည်မှာ ထင်ရှားသည်။ သို့သော် ရွာလူကြီးဝမ်သည် သားကြီးရှန်ဆီမှ အကျိုးအမြတ်များ ယူပြီး ရှန်လင်းအား တာဝန်မသိတတ်သူ မြေးမိုက်အဖြစ် သတ်မှတ်စွပ်စွဲထားသောကြောင့် အဘိုးရှန်ကို ကူညီနေခြင်းဖြစ်ပေသည်။ 

ယခုတွင်မူ ရွာလူကြီးရှန်သည် ထိုလူများအား ဦးစွာ စားစေခဲ့ရပေသည်။ 

ဆုဝန်သည် ဝက်နံရိုးနှပ်ဟင်းပန်းကန်နှင့် ထမင်းတစ်ပန်းကန်ကို ခူးကာ ရွာလူကြီးဝမ်ကို ပေးရင်း ပြောလိုက်သည်။ 

“ရွာသူကြီးက ဒီကိုရောက်နေမှတော့ တစ်ခါတည်း စားသွားပါဦး။ စိတ်မရှိဘူးဆိုရင် ဒီမှာ ထိုင်ပြီးစားပါနော်” 

အဘိုးအိုရှန်နှင့် အဘွားရှန်၏ မျက်လုံးထဲတွင် ရှန်လင်းပိုင်ဆိုင်သမျှသည် သူတို့နှင့် သက်ဆိုင်သည်ဟု  ထင်နေမှန်း ဆုဝန်က သိလေသည်။ အကယ်၍ ရွာလူကြီးဝမ်သည် သူတို့ပိုင်ဆိုင်သည်ဟု ထင်သော ရှန်လင်းအိမ်မှ အစားအစာကို စားလျှင် သူတို့မည်သို့ လုပ်မည်နည်း။ 

အဘိုးရှန်နှင့် အဘွားရှန်တို့သည် အမြဲတွန့်တိုတတ်သည်။ အဘိုးရှန်နှင့် အဘွားရှန်တို့ ရွာလူကြီးဝမ်နှင့် မိတ်ဆွေဖြစ်ရခြင်းမှာ သားကြီးရှန်သည် ရွာလူကြီးရှန်အား အကျိုးအမြတ်အနေဖြင့် ပိုက်ဆံပေးတတ်သောကြောင့်သာ ဖြစ်ပေသည်။ အဘိုးရှန်နှင့် အဘွားရှန်တို့ကမူ တစ်ခါမျှ ထိုသို့ မပေးဖူးပေ။ 

သားကြီးရှန်က ရွာလူကြီးဝမ်အား ပေးသော ပိုက်ဆံများသည်လည်း ရှန်လင်းတို့မိသားစုမှ ရလာတာဖြစ်သည်။ ထို့ကြောင့် သူသည် ထိုသို့သုံးရခြင်းအပေါ် လုံးဝ နှမြောတွန့်တိုမှုမရှိခြင်းပင် ဖြစ်ပေသည်။ 

ရွာလူကြီးရှန်သည်လည်း အဘိုးရှန်၊ အဘွားရှန်တို့နှင့်ထိုင်ကာ အငမ်းမရ စားသောက်လေတော့သည်။ 

ဆုဝန် ရွာလူကြီးဝမ်အတွက် ချပေးသည်မှာ ပန်းကန်လုံးအပြည့် ဝက်နံရိုးများထည့်ထားသည့် ဟင်းပွဲဖြစ်သည်။ အရောင်နှင့် ပုံစံမှာ စားပွဲပေါ်တွင် တစ်ဝက်ကျန်နေသော ဟင်းပွဲထက် ပို၍ပင် ကောင်းဟန်ပေါ်သည်။ 

အဘွားရှန်သည် ရွာလူကြီးဝမ်ပန်းကန်ထဲမှ ဟင်းပွဲကို ကြည့်လိုက်ပြီး မျက်နှာတစ်ချက်ပျက်သွားသည်။ ဤရှန်လင်းသည် အပြင်လူဖြစ်သည့် ရွာလူကြီးရှန်ကို အဘိုးအဘွားထက် ပိုကောင်းသည့် အစားအစာကို ပေးပေသည်။ ဆုဝန်သည်လည်း အပြင်လူပင် ဖြစ်သည်။ သူတို့အတွက်တော့ လာမပေးဘဲ ဆုဝန်နှင့်အတူ အသားဟင်းကို စားနေသည်။ သူတို့စားသောက်ပြီးလျှင် ရှန်ရှီနှင့် ရှန်လင်းကို မည်သို့ ရှင်းလင်းဆုံးမမည်ကို ကြည့်နေပါ။ သူတို့တွင် သူတို့ဘိုးဘွားတွေမှအမ လူကြီးမရှိပေ။။ 

ရွာလူကြီးရှန်သည် အဘွားအိုရှန်၏ ဓားတမျှ စူးရှသည့်မျက်လုံးများကို တွေ့လိုက်ရသောအခါ သူသည် မပျော်တော့ပေ။ အဘွားအိုရှန် ဘာတွေးနေသည်ကို သူ့ရင်ထဲတွင် ကြေးမုံသဖွယ် ထင်ဟပ်ကာ သိလာသည်။ အဘွားအိုရှန်သည် သူယခုစားနေတာ ရှန်လင်း၏ ဝက်နံရိုးနှပ်ပင် ဖြစ်သည်ဟု တွေးနေခြင်း ဖြစ်မည်။ 

 ရွာသူကြီးဝမ်သည် လုံးဝ မပျော်တော့ပေ။ သူသည် အဘိုးရှန်နှင့် အဘွားရှန် အကူအညီတောင်း၍ လိုက်လာခဲ့ခြင်းဖြစ်ပေသည်။ သို့သော် သူတို့သည် သူ့အား သူတို့ပိုင်သည့် အသားကို လုစားသည်ဟု မြင်နေကြသည်။ တကယ့်ကို စေးကပ်တွန့်တို လွန်းလှပေသည်။ 

ရွာရှိ ရွာသားများအားလုံးသည် သူ့အား အမြဲ ချီးကျုးပြောဆိုတတ်ကြသည်။ သို့သော် အမျိုးသမီးရှန်သည် သူ့အပေါ်  ဤမျှပင် တွန့်တိုနေပြီး မျက်နှာပြရဲသေးသည်။ ရွာသူကြီးဝမ်သည် အလွန်စိတ်ရှုပ်သွားပြီး ဝက်နံရိုးနှပ်ပန်းကန်ကို ရုတ်တရက်ယူကာ စားပစ်လေတော့သည်။ အဘွားအိုရှန်သည် သူ့အား စားဖို့ မျှော်လင့်နေရမည် မဟုတ်ပါလော။ 

သူသည် ပန်းကန်ထဲမှ နံရိုးနှပ်များကို စားသည်သာမက စားပွဲပေါ်ရှိ ပန်းကန်ထဲမှ အစားအစာများကိုပါ စားပစ်သည်။ 

အဘွားရှန်သည် စားပွဲပေါ်ရှိ ထိုဟင်းပွဲများကို ရွာလူကြီး စားနေသဖြင့် သူမစားရန် လျော့သွားသောကြောင့် စိတ်ညစ်ညူးသွားသည်။ ရွာသူကြီးဝမ်သည် လုံးဝဟန့်တား၍ မရတော့မည်ကို သိသောအခါ အဘွားအိုရှန်က ပြောလိုက်သည်။ “ရှန်လင်း ပန်းကန်အသန့်တွေ သွားယူစမ်း ပြီးရင် မင်းဦးလေးနဲ့ ဝမ်းကွဲအစ်ကိုအတွက် နည်းနည်းချန်ပြီးခွဲထားလိုက်” 

အဘွားအိုရှန်၏ စကားများသည် ရွာသူကြီးဝမ်အား စားသောက်နေခြင်းမှ ဟန့်တားလိုသည်မှာ ထင်ရှားသည်။ 

ဤအစားအစာများသည် ဆုဝန်ကိုယ်တိုင် ဝယ်ပြီး ချက်ထားတာဖြစ်သည်။ ရှန်လင်းကိုယ်တိုင်အပြင် ရှန်လင်းအမေနှင့် ညီမတို့ကပင် စားရမည်ကို ရှက်ရွံ့နေပြီဖြစ်သည်။ အဘိုးအဘွားကပါ မဖိတ်ခေါ်ဘဲ လာရောက်စားသောက်သည်မှာ တကယ့်ကို ရှက်ဖွယ်ကောင်းပေသည်။ 

ရှန်လင်းသည် ရပ်၍သာနေသည်။ 

အဘွားရှန်သည် ရှန်လင်းအား ဘုကြည့်ကြည့်ပြီး ထလိုက်သည်။ ထို့နောက် မီးဖိုထဲသို့သွားပြီး သန့်သောပန်းကန်လုံးသုံးလုံးကို ယူကာ ပန်းကန်ထဲမှ ကျန်သော ဟင်းများအားလုံးကို ပန်းကန်ကြီးထဲသို့ အကုန် ထည့်လိုက်လေသည်။ 

ဝက်နံရိုးနှပ်များပါသော ရွာလူကြီး၏ ပန်းကန်မှအပ စားပွဲပေါ်ရှိ ကျန်သော ပန်းကန်လုံးများ၊ ပန်းကန်ပြားများ အားလုံးတို့တွင် ဘာမှ မရှိတော့ပေ။ ဟင်းရွက်ဟင်းချိုကိုတောင် အဘွားအိုရှန်သည် ပန်းကန်ထဲသို့ ထည့်ပေသည်။ 

အရသာရှိသော အစားအစာများကို လူကြီးသူမများအားလည်း ကျွေးမွေးသင့်သည်မှာ မှန်ပါပေသည်။

အဘိုးရှန်က ရွာလူကြီးအား “ရွာလူကြီးဝမ် ဒါတွေအားလုံးက အကျန်တွေပဲ။ ဒါတွေကို မစားပါနဲ့။ ကိုယ့်ပန်းကန်ထဲက ဝက်နံရိုးကိုသာ ကိုယ်စားပါ” ဟု ပြောလိုက်လေသည်။ 

ထိုသို့ပြောခြင်းမှာ သူ့အစားအစာများမှလွဲ၍ အခြားဟာများကို မစားစေလိုသော‌ကြောင့် အကြောင်းပြချက်ကောင်းရှာကာ ပြောခြင်းပင် ဖြစ်ပေသည်။ ဒါတောင် ဆုဝန်က ဤဝက်နံရိုးနှပ်ပန်းကန်ကို သူ့အဖို့ပြု ပြောထားသောကြောင့် ဖြစ်သည်။ သို့မဟုတ်လျှင် အဘွားအိုရှန်သည် သူ့ပန်းကန်ထဲမှ ဝက်နံရိုးနှပ်များကိုပါ ပန်းကန်ထဲသို့ ထည့်ပစ်မည် ဖြစ်သည်။ 

ရွာသူကြီးဝမ်သည် မူလက အဘိုးရှန်နှင့် အဘွားရှန်တို့ကို ကူညီချင်ခဲ့သည်။ သို့မှသာ လျင်မြန်ပြီး ထက်မြက်ကာ အကွက်ကြိုမြင်တတ်သော သားကြီးရှန်သည် သူ့အား အကျိုးအမြတ်များ မလွဲဧကန် ပေးမည်ဖြစ်ပေသည်။ 

သို့သော် ယခုအခါ ရွာသူကြီးဝမ်သည် အဘိုးရှန်နှင့် အဘွားရှန်တို့ကို မကူညီလိုတော့ပေ။ ထိုနှစ်ယောက်လုံးသည် သူ၏ ကြင်နာမှုကို မည်သို့ ပြန်ပေးဆပ်ရမည်ကို မသိကြပေ။ 

ရွာသူကြီးရှန်၏ မျက်နှာသည် မည်းတက်၍လာသည်။ သူသည် ဆုဝန် သူ့အဖို့ပေးသော ပန်းကန်ထဲမှ ဝက်နံရိုးများကို အဘိုးရှန်နှင့် အဘွားရှန်တို့ကို ရှောင်ကာ မကျေမနပ်စွာ စားနေလေသည်။  

စားပြီးသောက်ပြီး ပန်းကန်များထားပြီးသောအခါမှ အဘိုးရှန်နှင့် အဘွားရှန်တို့သည် သူတို့ရှန်လင်းတို့အိမ်ကို ဘာကြောင့်လာသည်မှန်း သတိရသွားကြသည်။ ပထမတစ်ချက်မှာ ရှန်လင်းအိမ်မှ ဝက်နံရိုးနှပ်ကို စားရန်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ တာဝန်မကျေပွန်သော မြေးဖြစ်သူ ရှန်လင်းအား သင်ခန်းစာ ကောင်းကောင်းပေးရန် ဖြစ်ပေသည်။ 

သို့သော် ယခုအခါ ရွာလူကြီးဝမ်သည် စား၍မပြီးသေးသဖြင့် အဘိုးရှန်နှင့် အဘွားရှန်တို့သည် ကျိန်းသေပေါက် ခေတ္တမျှ စောင့်ရမည်ဖြစ်ပေသည်။ 

ရွာလူကြီးဝမ်သည် အလွန်စိတ်ဆိုးနေသဖြင့် ပန်းကန်ထဲမှ ဝက်နံရိုးနှပ်များကို ဖြည်းညင်းစွာသာ စားနေလေသည်။ ဆုဝန်သည် ရွာလူကြီးဝမ်လက်သုတ်ရန် လက်သုတ်ပုဝါကို လှမ်းပေးလိုက်ပြီး ရွာလူကြီးအားဆက်လက် ချီးမွမ်း၍နေသည်။ 

ရွာလူကြီးဝမ် စားသောက်ပြီးသောအခါ အဘွားရှန်က ပြောသည်။ “ရှန်လင်း ဒီကျေးဇူးမသိတတ်တဲ့ကောင်၊ မင်းက အိမ်မှာစားသောက်နေတာတောင် မင်းရဲ့ဘိုးဘွားတွေကို သတိမရဘူးလား ဟုတ်လား။ မင်းအခြားအစားအစာတွေ ဝယ်ပြီး မင်းအဖိုးနဲ့ငါ့ခြံထဲ လာထည့်တတ်ပေမဲ့ အဲ့လောက်ထိလဲ ငါတို့မင်းကို ဂရုစိုက်မနေပါဘူး” 

အဘိုးရှန်က ဆက်ပြောသည်။ “မြန်မြန် ဒီကဟာတွေ အကူန်ရွှေ့လိုက်စမ်း။ ဒါမှ မှတ်ဉာဏ်ကောင်းလာမှာ။ အနာဂတ်မှာ တစ်ခုခုစားသောက်တဲ့အခါ ငါတို့လူအိုကြီးနှစ်ယောက်ကို သတိမရဘဲ  နေရဲမလား စောင့်ကြည့်ကြသေးတာပေါ့” 

အဘွားအိုရှန်သည် ရှန်လင်းအား တာဝန်မသိတတ်တဲ့ မြေးမိုက်ဘွဲ့ကို ထပ်ပေးပြန်သည်။ 

“ငါတို့နှစ်ယောက်ကို မတွေးမိဘဲ မင်းဟာ တာဝန်ကျေတဲ့ မြေးတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ လက်ရှိဧကရာဇ်ဟာ တာဝန်ဝတ္တရားကျေပွန်တဲ့ လောကကြီးဖြစ်ရမယ်လို့ စည်းမျဥ်းထုတ်ထားတယ်။ အကယ်၍ မင်းသာ မြေးဝတ္တရားမကျေပွန်ခဲ့ရင် ငါတို့တွေ မင်းကို တက်တိုင်ရလိမ့်မယ်” 

ဤသည်ကိုကြားသောအခါ ဆုဝန်သည် ပြုံးပြီး ဖြည်းညင်းစွာ လျှောက်လာသည်။ “အဘွားရှန် စားလို့ပြီးပါပြီလားရှင်” 

အဘွားအိုရှန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် ရှန်လင်းကို စကားပြောနေတာ ဖြစ်သည်။ ဒါကို ဤမိန်းကလေးဆုဝန်သည် ထွက်လာပြီး နံရိုးစားပြီးပြီလားဟု အကြောကြီးနှင့် မေးရဲသည်။ ရှန်လင်းသည် မနေ့က ဆုဝန်ကို ပြန်ခေါ်ရန် ဆေးခန်းတွင် ငွေခုနစ်တုံးသုံးခဲ့သည်ကို သူမ သိပြီး ဖြစ်သည်။ သူမနှင့် အဘိုးရှန်တို့သည် ရှန်လင်းဆီက ငွေခုနစ်တုံးတောင်းစဥ်က သူ့တွင် ငွေပိုမရှိဟု ပြောပြီး ဆုဝန်ဆေးဖိုးအတွက်တော့ ငွေခုနစ်တုံးကို သုံးခဲ့သည်။ ထို့ကြောင့် ရှန်လင်းသည် သူမတို့ကို လိမ်ခဲ့သည်မှာ ထင်ရှားပြီး သူ့အား ဝတ္တရားမကျေပွန်သည့် မြေးမိုက်အဖြစ် ခေါင်းစဥ်တပ်နိုင်ပြီ ဖြစ်လေသည်။ 

အဘွားရှန်သည် သူမခေါင်းကို မော့လိုက်ကာ “နင် စကားပြောဖို့နေရာ ဒီမှာမရှိဘူး။ ဒါဟာ ငါတို့ရှန်မိသားစုရဲ့ ကိစ္စပဲ။ ရှန်လင်းက နင့်ကိုကောင်တီကနေ ခေါ်လာနိုင်ဖို့ မနေ့ညက ငွေခုနစ်တုံး သုံးလိုက်တာကို ငါတို့မသိဘူးထင်မနေနဲ့။ နင်ငါတို့မိသားစုကို အဲ့ပိုက်ဆံ ပြန်ပေးရမှာ။ ပိုက်ဆံပြန်ပေး။ ပိုက်ဆံပြန်ပေးလို့ဟဲ့ ငါပြောတာကြားရဲ့လား” 

အဘွားရှန်သည် စကားများကို အမြောက်ပစ်သကဲ့သို့ တရစပ်ပြောနေသည်။ စကားတိုင်းကလဲ ရန်လိုလှသည်။ 

ဆုဝန်သည် ထိုစကားများကို မကြားသကဲ့သို့ပင် ထပ်မံပြုံးလိုက်ကာ “အဘွားရှန် ကျွန်မက အဘွား စားလို့ပြီးပြီလား လို့ မေးနေတာပါ” ဟု ပြောလိုက်သည်။ 

အဘွားရှန်သည် ဆုဝန်မျက်လုံးကို စိုက်ကြည့်ပြီး “ငါ့ဒုတိယသားရဲ့ အိမ်ဟာ ငါ့အိမ်ပဲ။ ငါဘာပဲစားစား ဘာပြဿနာမှ မရှိဘူး” ဟု ပြောလိုက်သည်။ 

ဆုဝန်သည် ပြုံးပြီး “အဘွားရှန် အဘွားဘာသာ ရှန်အိမ်က ဘာယူယူ ရှန်အိမ်ကဘာစားစား ကျွန်မအပူ မပါပါဘူး။ ဟုတ်ပါတယ်။ ဒါပေမဲ့ ခု အဘွားစားလိုက်တာက ရှန်မိသားစုက အစားအစာမဟုတ်ဘဲ ကျွန်မရဲ့ဟာပါ။ ကျွန်မကိုယ်တိုင် ပါဝင်ပစ္စည်းတွေ ဝယ်ပြီး ကျွန်မကိုယ်တိုင် ချက်ထားတာပါ။ ဆို‌တော့ ကျွန်မရဲ့ အစားအစာတွေပါ။ အဘွားတို့ စားပြီးသွားပြီဆိုရင် ကျသင့်ငွေကို တွက်ချက်ပေးပါမယ်။ ဝက်နံရိုး သုံးဆယ့်နှစ်ချောင်းစားတာက ယွမ်ရှစ်ဆယ်ပါ။ ကြာမြစ် ပန်းကန်တစ်ဝက်က ငါးယွမ်ပါ။ ဝက်ပေါင်ခြောက်နဲ့ တို့ဖူးပန်းကန်တစ်ဝက်က ဆယ်ယွမ်ပါ။ ထမင်းလေးပန်းကန်က ဆယ်ယွမ်နဲ့ အရွက်သနပ်ကတော့ ငါးယွမ်ပါ။ အဘွားရှန် အားလုံးပေါင်း တစ်ရာ့နဲ့တစ်ဆယ်ယွမ် ကျသင့်ပါတယ်ရှင်။ ဒါပေမဲ့ လျှော့ပေးလိုက်ပါမယ်။ ယွမ်တစ်ရာပဲ ပေးပါရှင်” ဆုဝန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ 

အဘွားရှန်သည် အလွန်ဒေါသထွက်သွားသည်။ “ငါ့ဘာသာ ရှန်မိသားစုရဲ့ အစားအစာတွေကိုစားတာ နင့်အပူ ဘာမှ မပါ...”

ဆုဝန်သည် အဘွားရှန်၏ စကားကို ဖြတ်ပြောလိုက်သည်။ 

“အဘွားရှန် ပြောတဲ့စကားက အစီစဥ် မကျလိုက်တာ။ နေ့လယ်က ကျွန်မကိုယ်တိုင် အသားနဲ့ ဟင်းရွက်တွေ ဝယ်လာတာ ရွာသားတွေ အများကြီးက မြင်ခဲ့ပြီးသားပါ။ ကျွန်မက မိဘမဲ့ ဖြစ်ပြီး ဘယ်သူ့မှ မှီခိုစရာမရှိဘူးလို့ အဘွားပြောခဲ့ပါတယ်။ ဒါကို ဒီလိုမျိုး ကျွန်မက လျှော့ပေးထားတာတောင် ကျွန်မရဲ့အစားအစာကို ပိုက်ဆံမပေးဘဲ အလကားစားမယ်ဆိုတာ မဖြစ်သင့်တာပဲ” ဆုဝန်သည် ပြောရင် မျက်ရည်များ ကျလာသည်။ ဆုဝန်သည် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ရွာသူကြီးဝမ်ကို လှမ်းကြည့်လိုက်သည်။ 

“ရွာသူကြီး ကျွန်မအတွက် အဆုံးအဖြတ်ပေးနိုင်မလားရှင်။ ကျွန်မမှာ ခု နေစရာအိမ်တောင် မရှိတာ သိမှာပါ။ ကျွန်မနေမကောင်းတော့ ခန္ဓာကိုယ်အတွက်ကောင်းမဲ့ အစားအစာလေးတွေကို ဝယ်ခဲ့တာပါ။ ကျွန်မက အစ်ကိုရှန့်ရဲ့ ကြင်နာမှုကို ပါ ပြန်ပေးဆပ်ချင်လို့ပါ။ ဒါပေမဲ့ အဘိုးရှန်နဲ့ အဘွားရှန်က အကုန်စားလိုက်တော့ ကျွန်မလဲ မစားလိုက်ရသလို အစ်ကိုရှန့်ကိုလဲ ပြန်ပြီး ကျေးဇူး မဆပ်လိုက်ရပါဘူး။ ကျွန်မတောင်းတဲ့ငွေကလဲ ပန်းကန်တစ်ဝက်လောက်မို့ မများပါဘူး”

ကပ်စေးနှဲအဘိုးရှန်နှင့် အဘွားရှန်တို့သည် ရွာလူကြီးဝမ်အပေါ် အမှားပြုလုပ်မိပေပြီ။ ရွာလူကြီးသည် ဆုဝန်ကျွေးသော ဝက်နံရိုးများကို စားထားခဲ့သည်။ ရုတ်တရက် ရွာလူကြီးဝမ်က 

“ဒါတကယ့်အကြောင်းပြချက်ကြီးပဲ။ ဦးနဲ့ အဒေါ်ရှန် ရှန်လင်းရဲ့အစားအစာတွေကို စားတာကိစ္စမရှိပေမဲ့ ဆုဝန်ကိုတော့ အစားအသောက်ဖိုးပြန်ပေးသင့်တယ်” 

အဘွားရှန်သည် ဒေါသထွက်လွန်း၍ ပြန်ပင် မပြောနိုင်တော့ပေ။ သူမနှင့် အဘိုးအိုရှန်တို့သည် ရှန်လင်း၏ အစားအသောက်များကို ကြိမ်ဖန်များစွာ မရေမတွက်နိုင်အောင် အလကားစားခဲ့ပြီးဖြစ်ပြီး ယခုအကြိမ်သည် ပထမဆုံးအနေနှင့် ပိုက်ဆံတောင်းခံရခြင်း ဖြစ်ပေသည်။

----------------------------------------------------------