Ch 8.1
စပါးရိတ်သိမ်းတဲ့ နောက်ဆုံးနေ့ နေတစ်ဝက်တွင် ရာသီဥတု ရုတ်တရက် ပြောင်းလဲသွားပြီး မိုးသည်းထန်စွာ ရွာသွန်းလာသည်။
"အတွင်းရေးမှူးကျန်းက အရမ်းတော်တာပဲ! ခုန်မင် လူဝင်စားတဲ့အတိုင်းပဲ။ ကျွန်တော်တို့ ရိတ်သိမ်းပြီးတာနဲ့ မိုးရွာလာတယ်။" အဖွဲ့ဝင်များက ရယ်ရယ်မောမောဖြင့် မိုးခိုနေကြသည်။
ကျန်းတုံးကျုံးက အလုပ်ကို အဆောတလျင် စီစဉ်သည်။ "ကောက်နှံတွေ စပါးချွေစက်နဲ့ ချွေတဲ့သူတွေက တစ်နေ့ကို ငါးမှတ်ရမယ်။ ကျန်တဲ့လက်နဲ့ ချွေတဲ့သူတွေကို အမှတ်ပေးမှာ မဟုတ်ဘူး! လူတိုင်း ဒီမှာရှိတုန်း၊ ပြောစရာရှိတယ်....."
ယဲ့ကွမ်ရှန်က ဦးဆောင်ကာ ဂျုံချွေသည့်နေရာသို့ လျှောက်သွားကာ ဂျုံချွေသည်။
ငွေကိုင်နဲ့ ဆရာဝန် စုရှန်ချန်က ဂျုံချွေသည့်စက်ဘီးကို ခြေထောက်နဲ့ နင်းလိုက်သည်။
စပါးနှံတွေ ကြွေကျလာပြီး အောက်ကဝါးတောင်းထဲ ကျသွားသည်။
ဂျုံရိုးတံတွေက မြေပေါ် တဖျပ်ဖျပ်လွင့်သွားကာ စာရင်းကိုင် မာထုန်ဖုန်းက ၎င်းတို့ကို ဖယ်ထုတ်ရန် သစ်သားခွဆုံကို အသုံးပြုခဲ့သည်။
ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်ရဲ့နောက်တွင် ရပ်ကာ ဂျုံကိုခွဲထုတ်ရန် ကူညီပေးသည်။
စပါးကျီက တဖြေးဖြေး တိတ်ဆိတ်သွားကာ ချွေလှေ့စက်သံနဲ့ ဂျုံခွဲထုတ်သံသာ ကျန်တော့သည်။
"ဒီတစ်ကြိမ် ကျွန်တော်တို့ရဲ့ စော်ဇီဂုံးရိတ်သိမ်းမှုက အရမ်းကို အောင်မြင်တယ်။ စပါးတစ်စေ့မှ အလဟဿ မဖြစ်ခဲ့ဘူး! စပါးကောင်းကောင်းထွက်ရမယ်ဆိုတဲ့ ကတိအတိုင်း အမှန်တကယ် လိုက်နာခဲ့တယ်။"
ကျန်းတုံးကျုံးရဲ့ စကားကိုကြားတော့ အားလုံးက အားတက်သရော လက်ခုပ်တီးလာကြသည်။
အားလုံးက လက်ခုပ်တီးနေကြပြီး အဘိုးကြီးယဲ့က ကျန်းတုံးကျုံးကို စိုက်ကြည့်နေကာ အကြည့်တွေက တောက်ပနေခဲ့သည်။
ယဲ့လီက အဘိုးကြီးယဲ့ကို စိုက်ကြည့်ရင်း ယဲ့ကွမ်ရှန်ရဲ့အင်္ကျီကို ဆွဲကိုင်လိုက်သည်။
ယဲ့ကွမ်ရှန်က ယဲ့လီအကြည့်နောက်ကို လိုက်ကြည့်ကာ သူ့အမူအရာက မည်းမှောင်သွားသည်။
"ကျွန်တော်တို့ အထက်လူကြီးတွေရဲ့ ညွှန်ကြားချက်အရ စော်ဇီဂုံးမှာ အပြန်အလှန်ကူညီထုတ်လုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေတယ်။ စော်ဇီဂုံး ဧရိယာတစ်ခုလုံးကို အသင်း ၁၄ သင်း ဖွဲ့ထားတယ်...."
ကျန်းတုံးကျုံးက အဖွဲ့ခွဲတဲ့ကိစ္စကို စတင်ပြောလာသည်။ "အခု အဖွဲ့ခေါင်းဆောင်ရွေးချယ်မှုအကြောင်း ပြောကြရအောင်။"
"စုရှန်ချန်က အဖွဲ့ ၁ အတွက် အဖွဲ့ခေါင်းဆောင်... အဖွဲ့ ၂ အတွက် မာထုန်ဖုန်း... နဲ့ ယဲ့ကွမ်ရှန်က အဖွဲ့ ၁၄ အတွက် အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူရမှာ။"
"အဖွဲ့ခေါင်းဆောင်တစ်ယောက်က တာဝန်ယူရပြီး အတော်လေး ပင်ပန်းတယ်။ ဒါကြောင့် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့အတွင်း ထောက်ပံ့ငွေနဲ့ အလုပ်မှတ်ရရှိပြီးတဲ့ စုရှန်ချန်နဲ့ မာထုန်ဖုန်းကလွဲပြီး ကျန်တဲ့ ၁၂ ယောက်က အယောက်တိုင်း အလုပ်မှတ်နဲ့ ထောက်ပံ့ငွေ နှစ်ယောက်စာ ရမယ်။"
"ဒီ ၁၄ သင်းထဲက ခေါင်းဆောင်တွေထဲမှာ ဘယ်သူက အပင်ပန်းဆုံးအလုပ်လုပ်လဲ၊ ကောင်းကောင်းလုပ်တယ်၊ ပရိုးသားဆုံးနဲ့ ဇောက်ချလုပ်ကိုင်တဲ့သူကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရမယ်! အခုကစပြီး နှစ်တိုင်း ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ။ အဖွဲ့ခေါင်းဆောင်အနေနဲ့ လုံ့လဝီရိယမရှိဘူး၊ အဖွဲ့ဝင်တွေရဲ့ အကျိုးစီးပွားကို မကာကွယ်ဘူး၊ မရိုးသားဘူး၊ ဇောက်ချမလုပ်ဘူးဆိုရင် ရာထူးက ဖယ်ရှားခံရမယ်။"
ထို့နောက် ရေကာတာတည်ဆောက်မှုအကြောင်း ပြောသည်။ "...ယဲ့ကွမ်ရှန်က ဆည်တည်ဆောက်တာကို ဦးဆောင်လိမ့်မယ်! ယဲ့ကွမ်ရှန်က အလုပ်သမားဖြစ်ပြီး အလုပ်သမားတွေဖြစ်တဲ့ အစ်ကိုကြီးတွေကိုလည်း ဦးဆောင်လိမ့်မယ်! လူတိုင်းက သူ့စကားကို နားထောင်ရမယ်။"
ရေကာတာ တည်ဆောက်မယ်ဆိုတဲ့သတင်းကို ကြားတာနဲ့ အဖွဲ့ဝင်တွေအားလုံးက ယဲ့ကွမ်ရှန်ကို လှမ်းကြည့်ကြသည်။
ယဲ့ကွမ်ရှန်ရဲ့ ယောက်ဖ လျောင်ရှုရွယ်က ဆုန်းဖုန်းကျွန်းက လူတစ်ယောက်ဖြစ်သည်။ ယဲ့ကွမ်ရှန်က ရေကာတာတည်ဆောက်ရေးကို ဦးဆောင်ခြင်းဖြင့် ရွာနှစ်ရွာကြား ညှိနှိုင်းဆောင်ရွက်မှု ပိုမိုလွယ်ကူလာစေမည်ဖြစ်သည်။
ရေပေးဝေရေးညှိနှိုင်းမှုက မယုံနိုင်လောက်အောင် ခက်ခဲတယ်! သူတို့မှာ အရည်အချင်းမရှိဘူးလို့ လူတိုင်းက သဘောတူကြပြီး ဘယ်သူမှ မငြင်းကြဘူး။
"နောက်ဆုံးတစ်ခုက အလွန်အရေးကြီးတယ်! သေသေချာချာ နားထောင်ကြ! အခုနှစ်မှာ စော်ဇီဂုံးမှာ ချင်အဖွဲ့အတွက် နေရာနှစ်နေရာ ရှိတယ်။ လျှောက်လွှာလုပ်ငန်းစဉ်ကို ရှင်းပြမယ်....."
ကျန်းတုံးကျုံးက သူ့အိတ်ကပ်ထဲကနေ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး ဖတ်ပြတော့မဲ့အချိန်မှာ အဘိုးကြီးယဲ့က သူ့ကို နှောက်ယှက်လိုက်သည်။
"ယဲ့ကွမ်ရှန်က အဖွဲ့ခေါင်းဆောင်? ငါသဘောမတူဘူး!" အဘိုးကြီးယဲ့က ယဲ့ကွမ်ရှန်ကို ဒေါသတကြီး စိုက်ကြည့်ပြီး
"သူက မိဘတွေကို မထီမဲ့မြင်ပြုနေတယ်! သူ့ဒုတိယအစ်ကိုရဲ့ အိမ်ကိုတောင် ဖြိုချပစ်တယ်။ ပါတီအတွင်းရေးမှုးအနေနဲ့ မင်းက သူ့လိုလူကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်တယ်? ငါ မကျေနပ်ဘူး!"
နှောက်ယှက်ခံရတဲ့ ကျန်းတုံးကျုံးက ဒေါသတကြီးနဲ့ "မင်းကန့်ကွက်ရင်တောင် ငါ လျှောက်လွှာလုပ်ငန်းစဉ်ကို ဖတ်ပြီးတဲ့အထိ စောင့်သင့်တယ်! ဒီလိုကိစ္စမျိုးမှာလည်း အနှောင့်အယှက်ပေးလို့ရတာလား?"
သူက စစ်သား၊ ကြမ်းတမ်းတဲ့ အကျင့်စရိုက်ရှိသူဖြစ်ပြီး အဖွဲ့အစည်းအပေါ် လုံးဝသစ္စာစောင့်သိသူ ဖြစ်သည်။
သူက မတရားမှုကို သည်းခံနိုင်စွမ်းမရှိသည့်အပြင် အဘိုးကြီးယဲ့လိုမျိုး ပျင်းရိသူတွေကို အထူးစက်ဆုပ်တဲ့သူဖြစ်သည်။
ဒါကြောင့် အဘိုးကြီးယဲ့ကို ဝေဖန်ဖို့ အခွင့်အရေးတိုင်းကို သူရှာသည်။
ကျန်းတုံးကျုံးက အဘိုးကြီးယဲ့ကို စိုက်ကြည့်ရင်း "တပ်ထဲမှာဆိုရင် မင်းကိုသတ်ဖို့ လုံလောက်နေပြီ!"
အဘိုးကြီးယဲ့က မျက်မှောင်ကြုတ်ကာ "မင်းက အရာရှိတစ်ယောက်ပါ။ ငါတို့လိုသာမန်လူတွေကို ပိုညင်သာသာပြောလို့ မရဘူးလား? နည်းလမ်းတွေနဲ့ ဗျူဟာတွေအကြောင်း အမြဲပြောနေတာ မဟုတ်ဘူးလား? ဘာလို့ အခု မပြောတော့တာလဲ?"
"ရှေးခေတ်ကတည်းက သားသမီးတွေက မိဘတွေကို ဝတ်ကြီးဝတ်ပြုသင့်တာ! ဒါက သဘာဝတရားပဲ။"
"ယဲ့ကွမ်ရှန်က သစ္စာမဲ့ပြီး သူ့မိဘတွေကို ရိုက်နှက်တယ်။ သူလိုလူကို အသင်းခေါင်းဆောင် လုပ်နေတာ ငါ မကျေနပ်ဘူး!"
ယဲ့လီက ယဲ့ကွမ်ရှန်ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့ ငါတို့ဆိုတာ ဘာကိုဆိုလိုတာလဲ? ဘာလဲ၊ ခဗျား ကျွန်တော်တို့ကို ခွဲတွက်တုန်းပဲလား?" ယဲ့ကွမ်ရှန်က ခပ်ဖျော့ဖျော့ပြုံးပြီး ရှေ့ကို လျှောက်သွားသည်။
Ch 8.2

"ဒီလိုပြောကြေးဆို ကျွန်တော်တို့ ဒီကိုရောက်ကတည်းက ကျွန်တော့်သမီးနဲ့ သား နှိပ်စက်ခံရတာနဲ့ပတ်သတ်ပြီး ခဗျားကို မေးမယ်! ခဗျားမှာ တာဝန်ရှိတယ် မဟုတ်လား?"
အဘိုးကြီးယဲ့က ယဲ့ကွမ်ရှန် ဒီကိစ္စကို စပြောကတည်းက သူ့မျက်နှာက မည်းမှောင်နေသည်။ "သားတစ်ယောက်အနေနဲ့ မင်းက အဖေဖြစ်တဲ့ ငါ့ကို ရိုက်တယ်။ ပြီးတော့ လျောင်ချူရှင်းက ချွေးမတစ်ယောက်အနေနဲ့ ယောက္ခမကို ရိုက်တယ်။ ဒါဘယ်လိုပြောမှာလဲ?"
"ယဲ့ကွမ်ရှန်က သူ့အဖေကို ရိုက်တယ်။ ဒါက လေးစားမှု မရှိဘူး။ သူ့ကို မြစ်ထဲမှာ ရေနစ်သင့်တယ်!" လူအိုတော်တော်များများက အဘိုးကြီးယဲ့ကို ထောက်ခံကြသည်။
ယဲ့လီတို့မိသားစုက အသံမထွက်ဘဲ အဘိုးကြီးယဲ့ကို တိတ်တဆိတ်ကြည့်နေကြသည်။
သူ့လှည့်ကွက်ကို စောင့်နေသည်။
ယဲ့လီတို့မိသားစု တိတ်ဆိတ်နေတာကို မြင်တော့ ယဲ့ထန်ရှစ်က ရှေ့တိုးလာပြီး "ယဲ့ကွမ်ရှန်ကို အမွှေးထူတဲ့ရေနတ်ဆိုးက ပိုင်ထားတယ်လို့ သံသယရှိတယ်... သူတို့တစ်မိသားစုလုံး၊ သူတို့အားလုံး ဝင်စီးခံထားရတာ..."
ယဲ့ထန်ရှစ်ရဲ့မျက်နှာက ထိတ်လန့်မှုတွေဖြင့် ပြည့်နှက်နေပြီး သူမကိုယ်တိုင် မျက်လုံးဖြင့် မြင်လိုက်ရသလို အမွှေးထူတဲ့ရေနတ်ဆိုးအကြောင်း ပြောတဲ့အခါ တုန်လှုပ်သွားသည်။
အရင်က ယဲ့ကွမ်ရှန်က ဘယ်လောက်တောင် နာခံမှုရှိခဲ့လဲဆိုတာကို မြည်းတမ်းလာသည်။ "အရင်က သူ အရမ်းနာခံတတ်ပေမယ့် အခုတော့ ဖောက်ပြားနေပြီ။ အရမ်းထူးဆန်းတယ်။ သူ့မိဘတွေကိုတောင် ဖီဆန်ရဲတယ်။"
ထို့နောက် ယဲ့ကွမ်ရှန်ကို လက်ညိုးထိုးပြပြီး သူမရဲ့အမူအရာမှာ ထိတ်လန့်နေသည်။ "သေချာပေါက် ဝင်စီးခံရတာ! သူက အမွှေးထူတဲ့ရေနတ်ဆိုးပဲ၊ ရေနတ်ဆိုးပဲ!"
1953 ခုနှစ်တွင် ဟွေ့မြစ်ပေါ်တွင် ရေထိန်းသိမ်းစောင့်ရှောက်ရေး ပရောဂျက်တည်ဆောက်တာကို တားဆီးရန်ကြိုးပမ်းမှုတွင် တချို့လူတွေက အမွေးထူတဲ့ရေနတ်ဆိုးရဲ့ဒဏ္ဍာရီကို လွှင့်ခဲ့သည်။
အမွှေးထူတဲ့ရေနတ်ဆိုးက နေ့အချိန်တွင် လူဖြစ်သော်လည်း ညဘက်တွငိ အိမ်ထဲ ခိုးဝင်ကာ လူကို အန္တရာယ်ပြုသည်ဟူသော ကောလဟာလတစ်ခု ရှိသည်။
တချို့သောလူတွေ အခြားသူတွေကို သတ်ပြီး အမွေးထူတဲ့နတ်ဆိုးအပေါ် အပြစ်ပုံချကြသည်။
ဒီအမွေးထူတဲ့ရေနတ်ဆိုးဒဏ္ဍာရီကြောင့် တနိုင်ငံလုံးမှာ လူတစ်ရာကျော် သေဆုံးသွားခဲ့ပြီး ထောင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ရသည်။
ပြည်နယ်အများအပြား ထိခိုက်သွားခဲ့တယ်!
စော်ဇီဂုံးဧရိယာကိုလည်း ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။
ကျန်းတုံးကျုံးက ဆည်ကိုပြုပြင်ဖို့ ပြောနေချိန်မှာပဲ ယဲ့ထန်ရှစ်က အမွေးထူတဲ့ရေနတ်ဆိုစကို အစပြုလာပြီး အဖွဲ့ဝင်တွေကို အံ့အားသင့်စေခဲ့သည်။
"အမွေးထူတဲ့ရေနတ်ဆိုးဆိုတာ အစကတည်းက မရှိဘူး။" ယဲ့လီက ရှေ့ထွက်လာကာ ညည်းညူလိုက်သည်။
ယဲ့ထန်ရှစ်က အေးစက်စွာ ပြုံးလိုက်ပြီး "နင့်ခန္ဓာကိုယ်ကို အမွေးထူတဲ့ရေနတ်ဆိုးက မပိုင်ဘူးလို့ ပြောနေသေးတယ်? ပုံမှန်ဆို နင် ငါ့ကို ဒီလိုပြောရဲလို့လား?"
"ခဗျားတို့က ကျွန်မကို ညိုမဲအောင်ရိုက်ပြီး ကျွန်တော့်မောင်လေးကို သတ်လုနီးပါးပဲ။ စကားတောင် ပြောခွင့်မပေးသေးဘူးလား?" ယဲ့လီက တစ်စုံတစ်ခုကို သတိရသွားပုံနဲ့ သူမရဲ့အိတ်သေးသေးလေးထဲမှ တစ်ခုခုကို ယူရန် နှိက်လိုက်သည်။
"ကြည့်ကြည့်လေ! ဘယ်အိမ်က လေးနှစ်သားက ဒီလိုမျိုး စကားကောင်းကောင်းပြောတတ်သေးလဲ? တချို့လေးနှစ်သားလေးတောင် စကားကောင်းကောင်း မပြောတတ်သေးဘူး။" ယဲ့ထန်ရှစ်က ယဲ့လီကို လက်ညှိုးထိုးပြပြီး "သူမက အမွှေးထူတဲ့ရေနတ်ဆိုးပဲ၊ ဝင်စီးခံထားရတာ!"
"ခဗျား လျှောက်ပြောနေတာ၊ ဒါက ကောလဟာလတွေ။" ယဲ့လီရဲ့အသံက ချိုမြိန်ပြီး ကလေးဆန်သည်။
သူမအိတ်ထဲ လက်ရောက်သွားပြီး စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ "အန်ကယ်ကျန်း ဒါကို ကြည့်ကြည့်ဦး!"
"ဒီစာက ဘာလဲ?" ကျန်းတုံးကျုံးက ထူးဆန်းစွာနဲ့ ယူလိုက်သည်။ ခဏကြည့်ပြီးနောက် သူ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး ယဲ့လီကို ကြည့်ကာ "ဒီစာကို ဘယ်ကရလာတာလဲ?"
"အိမ်အိုကြီးရဲ့ ပြတင်းပေါက်အောက်မှာ တွေ့ခဲ့တာ။" ယဲ့လီက လှောင်ပြုံးဖြင့် အဘိုးကြီးယဲ့ကို လှည့်ကြည့်ကာ
"မနေ့တနေ့က အိမ်ဟောင်းကို ပြန်ရောက်တော့ အဘိုးက ပြတင်းပေါက်အောက်က စာရွက်တစ်ရွက်ကို တွေ့ပြီး ကောက်လိုက်တယ်။ သမီးမိဘတွေကို ပြတော့ သူတို့က စာထဲမှာ အတွင်းရေးမှူးကျန်းရဲ့နာမည် ရေးထားပြီး အမွေးထူတဲ့ရေနတ်ဆိုး ဘာဆိုလာဘဲ ပါနေတယ်လို့ ပြောပြီး... ကောင်းကောင်းသိမ်းထားဖို့ ပြောပြီးတော့ လယ်ထွန်ချိန်ပြီးချိန်ကြရင် ဦးလေးကျန်းကို ပေးခိုင်းခဲ့တာ။"
"အစကတော့ အဲဒါကို လုံးလုံး မေ့နေတာ။ ခုနက အဖွားက ရုတ်တရက်ကြီး အမွှေးထူတဲ့ရေနတ်ဆိုးအကြောင်း ပြောတော့မှ သတိရသွားတာ။"
အဘိုးကြီးယဲ့ရဲ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အံ့အားသင့်သွားသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
စာအိတ်ကို သူ့ခေါင်းအုံးအောက်မှာ ထားခဲ့တာ၊ လယ်လုပ်ငန်းပြီးတာနဲ့ ခရိုင်ရုံးကို စာပို့ဖို့ အသင့်ဖြစ်နေပြီ။ ဘယ်လိုလုပ် စာက ယဲ့လီရဲ့လက်ထဲ ရောက်သွားတာလဲ?
သူ့ကြည့်ရတာ စိတ်မသက်မသာဖြစ်နေသည်။
သူ့ဘေးနားရှိ အိမ်ပိုင်ရှင်စုန့်ရဲ့ အမူအရာလည်း ပြောင်းလဲသွားသည်။
စာပါအကြောင်းအရာကို အဘိုးကြီးယဲ့မှ ကြိုးကိုင်ပြီး အိမ်ပိုင်ရှင်စုန့် ကိုယ်တိုင်ရေးသားခဲ့သည်။
စာပေါက်ကြားပါက ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာကို အိမ်ပိုင်ရှင်စုန့် ကောင်းကောင်းသိသည်။
ကျန်းတုံးကျုံးက စာကိုဖတ်ပြီးနောက် ဒေါသတကြီး တုန်လှုပ်သွားသည်။
"ငါ့စာကို အတုလုပ်ရဲတယ်? ငါက မဟာဟွာဗုဒ္ဓဘာသာနိုင်ငံတော်ရဲ့ လက်အောက်ခံတစ်ယောက်လို့ ပြောပြီး ရှစ်တင်းဝူနန်းတက်တာကို ထောက်ခံတယ်?"
"ဒါဆို ဗုဒ္ဓဘာသာဘုရင်မင်းမြတ်ရဲ့ အမိန့်အရ စော်ဇီဂုံးမှာ အမွှေးထူတဲ့ရေနတ်ဆိုးအကြောင်း ကောလာဟလတွေ ဖြန့်နေတာ။ ရှစ်တင်းဝူနန်းတက်ဖို့ စောဇီဂုံးမှာ စောင့်နေတာ?"
"တော်တော် ရယ်ရတာပဲ၊ အဓိပ္ပါယ်မဲ့လိုက်တာ!"
ကျန်းတုံး

ကျန်းတုံးကျုံးက အဘိုးကြီးယဲ့ကို လက်ညှိုးထိုးပြပြီး "ဒီလူအိုလူလိမ်ကို ဖမ်းလိုက်ကြစမ်း!"