Ch 7.1
(အနောက်မြောက်ဘက်ကို ပြန်ချင်တယ်)
ယောက်ျားတွေ စကားပြောနေပြီး မချဉ်းကပ်ရဲတဲ့ ယဲ့ထန်ရှစ်က ရှေ့လှမ်းပြီး "သူ့ဖေ ဘာဖြစ်နေတာလဲ?"
အဘိုးကြီးယဲ့က အော်လာသည်။ "မိန်းမတွေ ဘာလို့ အပြင်မှာ ဒီလောက်စကားများနေကြတာလဲ? ဘာလို့ အလုပ်သွားမလုပ်သေးတာလဲ?"
ယဲ့ထန်ရှစ်ရဲ့မျက်နှာက အော်သံကြောင့် အေးခဲသွားသည်။
ခေါင်းလှည့်ပြီး ယဲ့ကွမ်ရှန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမအကြည့်တွေက နိုးလာပြီး မန်ထိုစားနေတဲ့ ယဲ့လီပေါ် ရောက်သွားသည်။
ယဲ့လီက ဘာအမူအရာမှမပြဘဲ လှည့်ကာ ယဲ့ထန်ရှစ်ဘက် နောက်စေ့ကိုသာ မျက်နှာမူထားခဲ့သည်။
ယဲ့ထန်ရှစ်က လျောင်ချူရှင်းကို ထပ်ကြည့်လိုက်သည်။ လျောင်ချူရှင်းက သူမလက်ထဲတွင်ရှိတဲ့တံစဉ်ကို ဝှေ့ယမ်းကာ ခပ်ဝေးဝေးနေချင်တဲ့ အမူအရာပြသည်။
ယဲ့ထန်ရှစ်ရဲ့နှလုံးကအကြောင်းပြချက်မရှိဘဲ ခုန်သွားပြီး ခေါင်းငုံ့ကာ သူမတာဝန်ကျရာမြေကွက်ဆီ ပြန်သွားခဲ့သည်။
တစ်စုံတစ်ယောက်က "နန်နီဝမ်း" ကို စတင်သီဆိုသည်။ "တောင်းထဲက ပန်းတွေက မွှေးနေတာပဲ၊ ငါ့သီချင်းဆိုတာကို နားထောင်လှည့်ပါ။"
အခြားအဖွဲ့ဝင်တွေကပါ ပါဝင်လာသည်။ "တစ်ခါက်ဆိုကြမယ်လေ!"
သာယာငြိမ့်ညောင်းတဲ့ သီချင်းဆိုသံက ဂျုံခင်းများပေါ်တွင် ပျံ့လွင့်သွားကာ လူတစ်ယောက်စီရဲ့ နောက်ကျောတွင် ချွေးများ စီးကျလာသည်။
မွန်းတည့်နေက မတ်တပ်ရပ်ဖို့ အရမ်းပူလွန်းသည်။
နေ့လယ်စာစားပြီးနောက် အဖွဲ့ဝင်တွေက အပူရှောင်ရန် အိမ်ပြန်ခဲ့ကြသည်။
သာမာန်ဆို နေ့လည်စာမစားဘဲ ရေအနည်းငယ်သောက်ပြီး တစ်ရေးတစ်မောအိပ်ကြသည်။
ဒီလိုနည်းနဲ့ နေ့လယ်စာကို ညလယ်စာအဖြစ် စားနိုင်သည်။
မဟုတ်ရင် မနက်ကနေ ညအထိ အလုပ်လုပ်ရတော့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
"နှစ်နာရီထိုးရင် ငါ မောင်းထုလိုက်မယ်။ အသံကြားရင် အလုပ်လာလုပ်ကြ။" ကျန်းတုံးကျုံးက ပြောပြီးနောင် ယဲ့ကွမ်ရှန်ကို လက်ယမ်းပြီး "လာ၊ ငါ့အိမ်သွားမယ်။"
ကျန်းတုံးကျုံးက ဒီနေရာကလူ မဟုတ်ပေ။ သူက ခရိုင်ရုံးမှ တာဝန်ကျ အငြိမ်းစား ကေဒါတစ်ယောက်ဖြစ်သည်။
သူနဲ့အတူ စော်ဇီဂုံးကို ရောက်ရှိလာသည်မှာ သူရဲ့ဇနီး ဟူရုံလန်ဖြစ်သည်။
ဟူရုံလန်နဲ့ ကျန်းတုံးကျုံးတို့က အသက်တူကာ အသက် 30 ဝန်းကျင်ခန့် ဖြစ်ကြသည်။
စော်ဇီဂုံးတွင် အမျိုးသမီးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ယဲ့ကွမ်ရှန်က ကျန်းတုံးကျုံးရဲ့နောက်ကို လိုက်လာပြီး "အတွင်းရေးမှူး၊ ဘာကိစ္စရှိလို့လဲ?"
"ဒီလိုလေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခရိုင်အကြီးအကဲနဲ့ အစည်းအဝေးလုပ်ခဲ့တယ်! သူက အစည်းအဝေးမှာ အချက်နှစ်ချက် ပြောခဲ့တယ်။ ငါတို့ စောဇီဂုံးမှာ ရေကာတာတစ်ခု ဆောက်ရမယ်..." ကျန်းတုံးကျုံးက လမ်းလျှောက်ရင်း ပြောသည်။
"တကယ်လို့ ရေကာတာ ဆောက်ရင် ရေက မြင့်လာမယ်။ ငါတို့ လယ်အတွက် ပြဿနာကြီးတစ်ဝက် ဖြေရှင်းသွားနိုင်ပြီ။ မိုးခေါင်ရေရှားတဲ့အခါ ရေမြောင်းတွေနဲ့ ပေးနိုင်တယ်။"
ကျန်းတုံးကျုံးက ရေကာတာအကြောင်းပြောပြီး သူ့မျက်နှာမှာ ချွေးတွေ စီးကျနေကာ ပန်းပွင့်နေတဲ့အတိုင်းဘဲ
"မင်းကို ဆည်ဆောက်ဖို့ကိစ္စ တာဝန်ယူစေချင်တယ်။ ခရိုင်မှူးက ပြောလာတယ်။ မင်းတာ ဒီရေကာတာဆောက်တာကို ပါရင် တစ်နေ့ကို အနည်းဆုံး အလုပ် ဆယ်မှတ် ရမှာ။"
စိုက်ပျိုးရေးသမဝါယမက အလုပ်မခန့်တဲ့အခါ အဖွဲ့ဝင်တွေက အလုပ်မှတ် မရကြဘူး။
"ဆည်ဆောက်ပြီးရင် ဆုန်းဖုန်းကျွန်းက ရေပြတ်လပ်မှု ကြုံရမှာ။ ဒါကြောင့် ဆုန်းဖုန်းကျွန်းကိုသွားပြီး ရေသုံးဖို့ ညှိနှိုင်းဖို့ တစ်ယောက်ယောက်လိုတယ်။ မင်းယောက်ဖက ဆုန်းဖုန်းကျွန်း မြစ်အောက်ပိုင်းကဆိုတော့ မင်းက သွားညှိနှိုင်းဖို့ အသင့်တော်ဆုံးသူပဲ။"
"ဒုတိယအချက်ကတော့ စိုက်ပျိုးရေးသမဝါယမက အပြန်အလှန်ကူညီထုတ်လုပ်ရေးအဖွဲ့တွေ ဖွဲ့မှာ။ ငါက မင်းကို အဖွဲ့ခေါင်းဆောင်အနေနဲ့ အကြံပြုလိုက်တယ်။ အလုပ်ကြိုးစားတဲ့အနေနဲ့ တစ်နေ့ကို လူနှစ်ယောက် လုပ်အားခ ပေးတယ်။"
အရင်ဘဝက စော်ဇီဂုံးတွင် ဆည်တစ်ခုတည်ဆောက်ခဲ့ပြီး အခုအချိန်တွင် ထုတ်လုပ်ရေးအဖွဲ့ ၁၄ ဖွဲ့ကို အမှန်တကယ်ဖွဲ့စည်းခဲ့သော်လည်း ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်ကို လာမရှာခဲ့ပေ။
"မင်းက ကျွမ်းကျင်တဲ့အလုပ်သမား၊ သန်မာတယ်၊ ရိုးသားတယ်။" ကျန်းတုံးကျုံးက သူ ယဲ့ကွမ်ရှန်ကို ဘာကြောင့်ရှာခဲ့တာလဲဆိုတာ ရှင်းပြသည်။
"အဲဒီတုန်းက မင်းက လျောင်မိသားစု အလုပ်ရုံမှာ နေနေတာ။ ငါ ကြိုးစားကှာရင်တောင် မင်းကို ငါ ရှာမတွေ့ဘူး။ ဒီတစ်ခေါက်ရိတ်သိမ်းတော့ မင်းနဲ့ စကားပြောဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။"
ယဲ့ကွမ်ရှန်က တိတ်ဆိတ်နေတာကို သတိပြုမိတော့ ကျန်းတုံးကျုံးက လှည့်ကြည့်လိုက်ပြီး သူ့အသံကို တိုးလိုက်သည်။
"အနာဂတ်မှာ နောက်ခံကို ရှင်းလင်းတော့မယ်ဆိုတဲ့ ကောလဟာလတွေ ကြားခဲ့ရတယ်။ မင်းယောက်ဖကို မင်းတကယ် ဂရုစိုက်တယ်ဆိုရင် အလုပ်ရုံပိတ်ဖို့ သူ့ကို တွန်းအားပေးလိုက်အုံး။"
"အခုချိန်မှာ လူရဲ့အဆင့်အတန်းကို ပြောင်းလို့ရသေးတယ်။ ဆုန်းဖုန်းကျွန်းမှာ တစ်ယောက်ယောက်က အထက်တန်းစား တောင်သူလယ်သမားကနေ အလယ်အလတ်တန်းစား တောင်သူလယ်သမား တယောက်အဖြစ် ပြောင်းသွားတယ်။ မင်းယောက်ဖကို မေးကြည့်ရင် မင်းသိလာလိမ့်မယ်။ နှစ်အနည်းငယ်လောက် စောင့်မနေနဲ့။ လုပ်ငန်းသေးသေးလေး ပိုင်ရှင်ဖြစ်ရတာ နောင်တရလာမှာ။ မီးရှူးမီးပန်းရောင်းတာကလည်း ပင်ပင်ပန်းပန်းရလာတဲ့ ငွေပဲလေ! လယ်ယာပြန်လာလုပ်ရင် ပိုကောင်းမယ်။"
"ကုန်သည်အဆင့်အတန်းက ဘယ်မင်းဆက်မှာမဆို အမြဲတမ်း နောက်ဆုံးအဆင့်ပဲ။" ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်ကိုကြည့်ရင်း စိတ်အားထက်သန်စွာပြောနေသည်။
ယဲ့လီ နှလုံးခုန်တစ်ချက်ခုန်သွားသည်။
ဒါကို သူမ သိတယ်။
သူမ သိရုံသာမက လအနည်းငယ်အတွင်း လျောင်မိသားစု အလုပ်ရုံဆွေးနွေးပွဲက ဆိုးရွားတဲ့ ဘေးဥပဒ်တစ်ခုနဲ့ ရင်ဆိုင်ရမှာကိုလည်း သူမ သိသေးတယ်။
ယဲ့လီက ရှေ့တိုးလာပြီး ယဲ့ကွမ်ရှန်ရဲ့လက်ကို ခါယမ်းလိုက်သည်။
ယဲ့ကွမ်ရှန်က ခေါင်းငုံ့ကာ ယဲ့လီနဲ့ အကြည့်ချင်းဖလှယ်လိုက်သည်။
သူက လျောင်ချူရှင်းကို လှည့်ကြည့်ပြီး "ဒါကို အရင်ဆွေးနွေးရအောင်။"
"အိုကေ၊ ဒါက ကိစ္စကြီးပဲ! သေချာကို ဆွေးနွေးရမယ်။" ကျန်းတုံးကျုံးက ထိုအကြောင်းကို မပြောတော့ပေ။ "မင်းတို့နှစ်ယောက် ငါ့အိမ်က အနောက်ခန်းကိုသွားပြီး အနားယူလို့ရတယ်။"
"ရုံလန်" ကျန်းတုံးကျုံးက သူ့မိန်းမကို ခေါ်ပြီး "သူတို့ရဲ့မျက်နှာကို သုတ်ဖို့ ရေပေးလိုက်အုံး။"
"အင်း!" ဟူရုံလန်က ပြတ်ပြတ်သားသား ပြန်ပြောသည်။
ကျန်းအိမ်ရဲ့အနောက်ခန်းတွင် ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့က မျက်နှာကိုဆေးကြောပြီး ကုတင်ပေါ်၌ တီးတိုးပြောနေကြသည်။
"မင်းတို့ရဲ့ထင်မြင်ချက်တွေကို ကြားချင်တယ်။" ယဲ့ကွမ်ရှန်က သူ့ဇနီးနဲ့သမီးကို ကြည့်ရင်း ပြောလိုက်သည်။
ယဲ့လီရဲ့လေသံမှာ ကလေးဆန်သော်လည်း စိတ်ပိုင်းဖြတ်ထားမှုဖြင့် ပြည့်နေပါသည်။ "ပါး သမီးတို့ရဲ့ နစ်နာမှုတွေအတွက် လက်စားချေပြီးရင် အနောက်မြောက်ဘက်ကို ပြန်ချင်တယ်!" သူမက "သွား" ဟူသော စကားလုံးကို မသုံးခဲ့ဘဲ "ပြန်" ဟူသော စကားလုံးကို သုံးစွဲခဲ့သည်။
Ch 7.2
(အနောက်မြောက်ကို ပြန်ချင်တယ်)
ယဲ့လီရဲ့ အနောက်မြောက်ဘက်ကို ပြန်လိုတဲ့ဆန္ဒကိုကြားတော့ ယဲ့ကွမ်ရှန်က "အဲဒီမှာ သဲလေတွေ အရမ်းတိုက်နေတာ။ အရမ်းပင်ပန်းမှာ! သမီး သွားချင်တာ သေချာလား?"
"အရင်ဘဝတုန်းက သမီး အဲဒီမှာ နှစ်အတော်ကြာနေခဲ့တာ..." ယဲ့လီက ရေတွေနေပြည့်နေတဲ့မျက်လုံးဖြင့် မော့ကာ ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့ကို ကြည့်လိုက်သည်။ "ဟိုမှာက ဒီကထက် အိမ်နဲ့ ပိုတူတယ်။"
လျောင်ချူရှင်းက ယဲ့လီကို ချစ်စနိုးဖြင့် ကြည့်လိုက်ကာ ဘာစကားမှ မပြောသော်လည်း ယဲ့လီရဲ့လက်ကို ကိုင်ကာ ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
ယဲ့ကွမ်ရှန်က လျောင်ချူရှင်းကို ကြည့်ပြီး ယဲ့လီကို ထပ်ကြည့်ကာ နောက်ဆုံးတော့ သူ့စိတ်ထဲကနေ ဆုံးဖြတ်ချက်ချလိုက်သည်။ "ကောင်းပြီ! လက်စားချေပြီးလို့ ရှောင်ဇီ နည်းနည်းကောင်းလာရင် အဖေတို့ အနောက်မြောက်ဘက်ကို သွားကြမယ်။ အဖေတို့ လေးယောက်သားအတူတူဆို ဘယ်နေရာမှာမဆို အိမ်ပဲ!"
ယဲ့ကွမ်ရှန်က ဆုံးဖြတ်ချက်ချလိုက်ပြီး ယဲ့လီနဲ့ လျောင်ချူရှင်းတို့ နှစ်ယောက်စလုံး ရယ်မောလိုက်ကြသည်။
ထို့နောက် သူက ယဲ့လီရဲ့ဦးလေး လျောင်ရှုရွယ်နဲ့ ခေါင်းဆောင်ငယ်ကိစ္စဘက်ကို လှည့်လိုက်ကြသည်။
"အတွင်းရေးမှူးကျန်းက အဖေတို့အပေါ် မဆိုးဘူး။ အဖေတို့မသွားခင် သူ့ကို ကျေးဇူးဆပ်ရမယ်။ ဒါကြောင့် အတွင်းရေးမှူးကျန်းရဲ့ ရေကာတာစီမံကိန်းကို ကူညီပေးရမယ်။ အဖေက အဖွဲ့ခေါင်းဆောင်ဆိုတဲ့ အဆင့်အတန်းကြောင့် မဟုတ်ရင် ဆုန်းဖုန်းကျွန်းမှာ စကားပြောလို့ကောင်းမှာ မဟုတ်ဘူး။ အရင်ဘဝတုန်းက အတွင်းရေးမှူးကျန်းလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာ။" ယဲ့ကွမ်ရှန်က ဒေါသတကြီးဖြင့် လက်သီးဆုပ်လိုက်သည်။ "ပြီးတော့ ရှုရွယ်..."
အရင်ဘဝတွင် လျောင်ရှုရွယ်က အဘိုးကြီးယဲ့၏ သွယ်ဝိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဒီလောက်ကောင်းတဲ့ အတွင်းရေးမှူးကျန်းပင်လျှင် အဘိုးကြီးယဲ့ရဲ့ ကောက်ကျစ်ယုတ်မာတဲ့ လှည့်ကွက်တွေကြောင့် သူ့လက်ခုပ်ထဲကရေ ဖြစ်ခဲ့ရသည်။
အဘိုးကြီးယဲ့က သူရဲ့သားအကြီးဆုံးနဲ့ ခရိုင်ကော်မရှင်အဖွဲ့ဝင် လက်ထောက်ဒါရိုက်တာတုကို မှီခိုအားထားခဲ့သည်။
လွန်ခဲ့တဲ့အနှစ်သုံးဆယ်က အဘိုးကြီးယဲ့က လက်ထောက်ဒါရိုက်တာတုရဲ့အသက်ကို ကယ်တင်ခဲ့သည်။
"အရင်ဘဝက အဖြစ်အပျက်အရ၊ အခုအချိန်မှာ အဲဒီအဘိုးကြီးက အတွင်းရေးမှုးကျန်းကို ကောက်ကျစ်ယုတ်မာတဲ့ လှည့်ကွက်တွေနဲ့ ကန်ထုတ်ဖို့ ပြင်လောက်ပြီ..." ယဲ့ကွမ်ရှန်က မျက်လုံးမှေးကာ စိတ်ထဲတွင် မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေသည်။
ယဲ့လီက "သမီးတို့ အတွင်းရေးမှူးကျန်းကို ကာကွယ်ဖို့ အစီအစဥ်တွေ လုပ်ရမယ်!"
အတွင်းရေးမှူးကျန်း သွားခဲ့ပြီးနောက်တွင် အတွင်းရေးမှူးတစ်ယောက် ရောက်လာခဲ့သည်။ လက်ထောက်ဒါရိုက်တာတုရဲ့ ခိုင်မာတဲ့ပံ့ပိုးကူညီမှုဖြင့် အဘိုးကြီးယဲ့က လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။
စော်ဇီဂုံးကို ပိုပြီးရှုပ်ထွေးစေခဲ့သည်။
အတွင်းရေးမှူးကျန်း ဒီနေရာမှာ ရှိနေတုန်းက လူတိုင်းကို ထုတ်လုပ်ရေးနဲ့ လယ်ယာလုပ်ငန်းတွင် ပါဝင်ရန် ဦးဆောင်ခဲ့သည်။
အတွင်းရေးမှုးအသစ် ရောက်လာပြီးနောက် သူနဲ့ အဘိုးကြီးယဲ့က နေ့တိုင်းအစည်းဝေးလုပ်ခဲ့ကြပြီး ဘယ်သူမှ လယ်ယာမလုပ်ကြပေ။
နှစ်တိုင်းနှစ်တိုင်း ဆင်းရဲတယ်လို့ အော်ဟစ်နေကြပြီး နှစ်စဉ်နှစ်တိုင်း ပေါင်းစည်းထားတဲ့ ကောက်နှံတွေကို စားကြသည်။
စော်ဇီဂုံးရှိ လူတိုင်းက အန္တရာယ် ကျရောက်နေပြီး ဘယ်သူကမှ ဘာမှမပြောရဲကြဘူး။
နေ့လယ်တွင် ခဏတာအနားယူကာ နှစ်နာရီကြာ အပူဒဏ်ကို ရှောင်ရှားပြီးနောက် ကျန်းတုံးကျုံးက မောင်းထုပြီး ရိတ်သိမ်းရန် လူတိုင်းကို တိုက်တွန်းခဲ့သည်။
နေ့ခင်းက ရှည်သည်။
ကန်တင်းက လယ်ကွင်းထဲကို အစားအသောက် တစ်ခါတည်း ပို့ဆောင်ပြီးနောက် ညနေပိုင်းအလုပ်ကို ဆက်လုပ်ရမည်ဖြစ်သည်။
တစ်လရဲ့ ပန်းတိုင်ကို ရောက်မှ အဖွဲ့ဝင်တွေက တယောက်ပြီး တယောက် အိမ်ပြန်ကြသည်။
ကျန်းတုံးကျန်းက အိမ်မပြန်ခဲ့ဘူး။ ယင်းအစား သူက မီးအနည်းငယ်ကို ထွန်းညှိကာ စာရင်းကိုင် မာထုန်ဖုန်းနဲ့ ငွေကိုင်အရာရှိ စုရှန်ချန်တို့နှင့်အတူ တစ်နေ့တာလုပ်ငန်းကို မြှင့်တင်ခဲ့သည်။
(T/N အရင် စုရှန်ချန်ကို စာရင်းကိုင်လို့ ရေးမိခဲ့တယ်။ မာထုန်ဖုန်း မပေါ်ခင်က စာရင်းကိုင်လို့ဘဲ ထင်ခဲ့တာ။ စုရှန်ချန်က ငွေကိုင်ပြီး မာထုန်ဖုန်းက စာရင်းအင်းကိုင်တာပါ။)
တစ်နေ့တာ ပင်ပန်းစွာ အလုပ်လုပ်ပြီးနောက် အဘိုးကြီးယဲ့က မအိပ်ချင်ဘဲ လမ်းလျှောက်ထွက်ချင်တယ်လို့ ပြောလာသည်။
ခဏကြာတော့ လရောင်အောက်မှာ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ဆုံသည်။
"စာရေးပြီးပြီလား?" အဘိုးကြီးယဲ့က သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ မျက်နှာချင်းဆိုင်က အဖိုးအိုကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
ဆန့်ကျင့်ဘက်ရှိ အဘိုးကြီးက ရွာရှိ အိမ်ပိုင်ရှင်ဖြစ်ပြီး ၎င်းရဲ့မျိုးရိုးအမည်မှာ စုန့်ဖြစ်သည်။
အိမ်ပိုင်ရှင်စုန့်က စာတစ်စောင် ထုတ်ကာ "ရေးပြီးပြီ။"
အဘိုးကြီးယဲ့က ဘာမှမပြောတော့ဘဲ စာကိုယူကာ အိမ်ပြန်လာခဲ့သည်။
ပြန်လာပြီးနောက် သူက စာကို ခေါင်းအုံးအောက်မှာ ထားပြီး အိပ်ပျော်သွားခဲ့သည်။
လရောင်က အနောက်ဘက်ကို ရွေ့လျားနေသည်။
ပြတင်းပေါက်မှ လူသေးသေးလေး တိတ်တဆိတ် ဝင်လာသည်။
အဘိုးကြီးယဲ့ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
သူမလက်က ခေါင်းအုံးအောက်ကို တစ်ချက်ထိလိုက်ပြီး ခဏနေတော့ ပျောက်သွားခဲ့သည်။
အာကာသထဲကို ဝင်တော့ ယဲ့လီက စာကို မဖွင့်လိုက်ပေ။ အဲဒီအစား သူမက ရှောင်လော့ကို "စာအိတ်ကို ကူဖွင့်ပေးနိုင်မလား?"
ရှောင်လော့က "၁၀ ယွမ်" ဟု အမြန်ပြန်ဖြေသည်။
သူမကိုယ်ပိုင်လက်ကျန် ယွမ် ၄၇၁ ကို ကြည့်လိုက်ပြီး ယဲ့လီက တုံ့ဆိုင်းစွာ အရောင်းအဝယ် လုပ်လိုက်သည်။
တကယ်လို့ ယဲ့ကွမ်ရှန်ကို ဖွင့်ခိုင်းချင်ရင် အိမ်ယူသွားပြီး ဖြည်းဖြည်းချင်း လုပ်ရမှာ။
ယဲ့မိသားစုက ရှာဖွေတွေ့ရှိခြင်းမှ ရှောင်ကြဉ်ရန် သူမ ချက်ခြင်းထွက်ခွာရန် လိုအပ်သည်။
ရှောင်လော့က စာကိုလက်ခံရရှိပြီး ဒစ်ဂျစ်တယ်ငွေကြေး (E-CNY) ပမာဏက 10 လျော့ကာ : 461
တစ်မိနစ်အကြာတွင် စာအိတ်ကို ပြန်ပေးကာ ပြောလာခဲ့သည်။
"လက်ရေးက သာမာန်ဆိုပေမယ့် စာအိတ်က အရည်အသွေးက မဆိုးဘူး။ အရည်အသွေးကောင်းတဲ့ ချင်မင်းဆက်ခေတ်က စက္ကူအစိမ်း။ အဲဒါကို ပန်းချီဆွဲလိုက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလား။ အခုတော့ စာအိတ်ဖြစ်လာတယ်? နှမြောစရာပဲ! စက္ကူအစိမ်း ရောင်းမှာလား? စက္ကူအစိမ်းဖြစ်ဖြစ် ဆန်စက္ကူဖြစ်ဖြစ် ယူတယ်။"
(T/N ချင်မင်းဆက်ခေတ်က စက္ကူအစိမ်း ဒီစက္ကူအမျိုးအစားက တရုတ်ရိုးရာပန်းချီနဲ့ ကယ်လီဂရာဖီ (calligraphy) အတွက် အဓိကသုံးပြီး စုပ်ယူမှုအားကောင်းတဲ့ ဂုဏ်သတ္တိရှိတယ်။ ဒါကြောင့် မှင်နဲ့ အရောင်တွေကို လျင်မြန်စွာစုပ်ယူပြီး ပန်းချီဆွဲသူရဲ့ လက်ရာကို ထင်ရှားစေတယ်။)
ယဲ့လီက "ငါ့မှာ ရှိရင် သေချာပေါက် နင့်ကို ရှာမယ်။"
အာကာသထဲက ထွက်လာပြီးနောက် သူမက စာအိတ်အလွတ်ကို အဘိုးကြီးယဲ့ရဲ့ ခေါင်းအုံးအောက်တွင် ပြန်ထားလိုက်သည်။
ထို့နောက် ပြတင်းပေါက်ကနေ ထွက်လာခဲ့သည်။
ယဲ့ကွမ်ရှန်က ပြတင်းပေါက်အပြင်ဘက်တွင် သူမကို စောင့်နေခဲ့ပြီး သူတို့သားဖနှစ်ယောက်က ညဘက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အဘိုးကြီးယဲ့က သူ ဘာကိုအိပ်မက်မက်မှန်းကိုမသိကာ ရုတ်တရက် နိုးလာသည်။
သူ့ခေါင်းအုံးအောက်ကို လက်ဆန့်ကာ စာကို တွေ့မှ သက်ပြင်းတစ်ချက်ချလိုက်သည်။