Ch 6
Viewers 967

Ch 6.1


(မင်းကို ပေးရမယ်? အိပ်မက်မက်နေလိုက်)


အရောင်းအ၀ယ် ပြုလုပ်နေစဉ်အတွင်း ရှောင်လော့က ဒီတစ်ကြိမ်တွင် အလွန်ရက်ရောနေသည်။ "အာကာသ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို ကျွန်တော် ပေးမယ်။"

(T/N ရှောင်လော့က စနစ်လို့ ပြောထားပြီး ကျား၊မ မပြောထားလို့ ကျွန်တော်သုံးသွားပါမယ်။)


အခုတစ်ကြိမ်တွင် ယဲ့လီက ဒစ်ဂျစ်တယ်ငွေကြေး ယွမ် 500 ရရှိခဲ့သည်။ အရင်တစ်‌ခေါက်မှ ၃၃ ယွမ်ကို ပေါင်းထည့်လိုက်ရာ ဒစ်ဂျစ်တယ်ငွေကြေး (E-CNY) စုစုပေါင်း ပမာဏက ၅၃၃ ယွမ် ဖြစ်လာခဲ့သည်။


လဲလှယ်ပြီးနောက် ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့ နှစ်ယောက်စလုံး သက်ပြင်းချကာ "အိပ်တော့၊ ခနနေရင် ရိတ်သိမ်းတာ စတင်ရမှာ။"


ရိတ်သိမ်းမှုစတင်တာကို တွေးမိပြီး မားနဲ့ပါး အရမ်းပင်ပန်းနေမှာ။ သူတို့ရဲ့ ခွန်အားကို ဖြည့်တင်းဖို့ လိုအပ်တယ်။ ယဲ့လီက အာကာသကုန်တိုက်ကို ခဏလောက်ကြည့်ပြီး အံကြိတ်ကာ အမဲသား တစ်ကျင်းကို ယွမ် ၆၀ ဖြင့် ဝယ်လိုက်သည်။


မန်ထိုလေးခုလည်း ဝယ်လိုက်သည်။


ကျန်တာတွေကို မဝယ်ရက်တော့ဘူး။ အရမ်းစျေးကြီးလွန်းတယ်။


ဒစ်ဂျစ်တယ်ငွေကြေး E-CNY ပမာဏ : 471။


"အာ ဘာလို့ အသားဝယ်တာလဲ?" လျောင်ချူရှင်းက အသံတိုးတိုးနဲ့ ယဲ့လီကို ရေရွတ်နေပေမယ့် အာကာသက ပြန်သွင်းခွင့် မပေးတဲ့အပြင် အခန်းထဲမှာလည်း ဓားမရှိဘူးဆိုတာ သူမ သိသည်။ သူမက အလွန်သေးငယ်တဲ့အပိုင်းကို ဖြတ်ပြီး ကျန်ကြီးမားသောအပိုင်းကို ညွှန်ပြကာ


"ဒါတွေကို အာကာသထဲမှာ ထားလိုက်။ နောက်မှ မားတို့ ဖြည်းဖြည်းချင်း စားကြမယ်။"


ယဲ့လီ အမဲသားသိမ်းတာကို ကြည့်ပြီး လျောင်ချူရှင်းက အမဲသားကို သုံးပိုင်းခွဲလိုက်သည်။


သုံးယောက်သားက ပါးပါးလှီးထားတဲ့ အမဲသားကို မန်ထိုကြားတွင် ညှပ်ကာ အရသာရှိရှိ စားကြသည်။


"ပါး မား၊ ပါးတို့ ယဲ့ဇီနဲ့ အာကာသထဲမှာ အတူတူအိပ်ပါလား။ အာကာသထဲမှာ ခန္ဓာကိုယ် ပြန်ကောင်းလာနိုင်တယ်။"


ယဲ့ကွမ်ရှန်လည်း ဒါကိုတွေးနေပေမယ့် ယဲ့လီ မထနိုင်မှာကို စိုးရိမ်နေပြီး လျောင်ချူရှင်းကို "ကလေးတွေအမေ ရှောင်ဇီကို ခေါ်ပြီး အာကာသထဲမှာ အိပ်ပါလား။ အချိန်ကျရင် မင်းတို့ကို ထုတ်ပေးဖို့ ရှောင်လီကို ငါပြောလိုက်မယ်။"


လျောင်ချူရှင်းက ယဲ့ကွမ်ရှန်အတွက် စိတ်မကောင်းဖြစ်ပြီး "ဒါဆို မနက်ဖြန်ကျ အစ်ကို ရှောင်ဇီနဲ့ အာကာသထဲမှာ အိပ်ရမယ်။" ထို့နောက် သူမ တစ်ခုခုကို သတိရသွားသည်။ "တကယ်လို့ နာရီတစ်လုံးသာ ရှိရင် ကောင်းမယ်။ ခရိုင်မှာ အသံမြည်တဲ့ နာရီတစ်လုံး တွေ့ဖူးတယ်။ အဲ့အချိန်ရောက်တာနဲ့ အသံမြည်ပြီ။ ဒီလိုဆို ကျွန်မတို့ တစ်မိသားစုလုံး ဝင်အိပ်လို့ရတယ်။"


အသံမြည်နေတဲ့ နာရီ? အဲဒါက နှိုးစက် မဟုတ်လား?


ယဲ့လီက ကုန်တိုက်ကို စကင်န်ဖတ်လိုက်ပြီး ဈေးအသက်သာဆုံး နှိုးစက်နာရီပင် ဒစ်ဂျစ်တယ်ငွေကြေး အနည်းငယ်ကုန်ကျကြောင်း တွေ့လိုက်သည်။


ဒစ်ဂျစ်တယ်ငွေကြေး တစ်ယွမ်က မန်ထိုနှစ်ခုတောင် ဝယ်နိုင်တယ်။


သူမ သက်ပြင်းချကာ ဝယ်ဖို့ ဝန်လေးနေသည်။


တခြားသူတွေ အိပ်နေတာကို မြင်တော့ ယဲ့လီလည်း သူမကုတင်သေးလေးပေါ်မှာ လှဲပြီး မျက်လုံးမှိတ်ထားလိုက်သည်။


သူမက ကုန်တိုက်ရဲ့ အသံလုပ်ဆောင်ချက်ကို သတိရှိရှိဖွင့်ပြီး ထုတ်ကုန်အမည်တွေနဲ့ ဖော်ပြချက်တွေကို အသံကျယ်ကျယ်ဖြင့် စတင်ဖတ်ရှုခဲ့သည်။


အရင်ဘဝတွင် သူမ ဒီအသံလုပ်ဆောင်ချက်ကို ထပ်ခါထပ်ခါ အသုံးပြုခြင်းဖြင့် စာဖတ်တတ်လာခဲ့သည်။


ဒါပေမယ့် သူမ မသိတဲ့စကားလုံးတွေ အများကြီး ကျန်နေသေးတာကြောင့် နေ့တိုင်း နားထောင်ပြီး စကားလုံးတွေကို အသံထွက်ကာ လိုက်ဖတ်ခဲ့သည်။


ထို့နောက် သူမက ၎င်းတို့ကို အလွတ်ကျက်သည်။


"အာကာသရေ - ဝယ်ယူနိုင်တဲ့အကန့်အသတ် အခါ ၁၀၀။ တစ်ခါကို ၁၀ ဂရမ်စီ။ စွမ်းအင်ကြွယ်ဝကာ အသက်ရှည်စေပြီး ပျက်စီးနေတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြုပြင်ပေးနိုင်ပါသည်။ ၁၀ ဂရမ်ကို ယွမ် 10,000... တစ်စက္ကန့်အတွင်း ရောင်းထွက်သွားပါသည်။"


ဒီရေက အရမ်းကောင်းတယ်! နှမြောစရာကောင်းတာက သူမမှာ ပိုက်ဆံမရှိဘူး။


မဟုတ်ရင် မိသားစုဝင်တိုင်းအတွက် ဝယ်ပေးပြီး သောက်ခိုင်းတယ်။


ယဲ့လီက ငိုက်မျဉ်းစွာ တွေးတောရင်း အိပ်ပျော်သွားခဲ့သည်။


......


မနက်နှစ်နာရီအကျော်တွင် ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့ နိုးလာပြီး ရိတ်သိမ်းရန် အသင့်ဖြစ်နေသည်။


ယဲ့လီကို ကျောပိုးအိတ်ထဲတွင် ထည့်လိုက်ကြသည်။


သူတို့က တံခါးရွက်ကို ယူကာ ယဲ့ဇီကို တင်ပြီး ကလေးနှစ်ယောက်ကို ဂရုတစိုက် သယ်ကာ ရိတ်သိမ်းရန် သွားခဲ့သည်။


အတွင်းရေးမှူး ကျန်းတုံးကျုံးက မီးရှူးတိုင်ကို ကိုင်ဆောင်ကာ လယ်ကွင်းအစွန်းတွင် ရပ်နေသည်။ "လယ်ယာသုံးကိရိယာတွေယူပြီး လယ်ကွင်းထဲသွားတော့။ မင်းတို့ မနှစ်ကနေရာကို တာဝန်ယူရမှာ။ ဒါကြောင့် ကိုယ်ဘာသာသွားတော့။"


ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့က ရှေ့တိုးလာပြီး ကျန်းတုံးကျုံးက စာရင်းကိုင် မာထုန်ဖုန်းကို "သူတို့ကို အကောင်းဆုံး လယ်ယာသုံးကိရိယာတွေ ပေးလိုက်။"


သူက ယဲ့ဇီကို တစ်ချက်ကြည့်လိုက်ပြန်သည်။ "ကလေးက အဆင်ပြေရဲ့လား?"


"မနေ့က နှစ်ကြိမ် နိုးလာပြီး ဆေးသောက်ပြီးသွားပြီ။" လို့ ယဲ့ကွမ်ရှန်က အသံတိုးတိုးဖြင့် ပြန်ဖြေသည်။


ကျန်းတုံးကျုံး သက်ပြင်းချလိုက်ပြီး "မင်းတို့ အခက်အခဲ ဖြစ်သွားရပြီ။"


လျောင်ချူရှင်းက ယဲ့လီကို ခြင်းတောင်းထဲမှ ထုတ်ယူပြီး ယဲ့ဇီနဲ့ ဘေးချင်းကပ် ထားလိုက်သည်။ ထို့နောက် ခြင်မကိုက်အောင် ဖုံးအုပ်ရန် အဝတ်အစားတချို့ကို ရှာဖွေခဲ့သည်။


ထို့နောက် ရိတ်သိမ်းရန်စီစဉ်ထားတဲ့ လယ်ကွင်းဆီ သွားကြသည်။


ယဲ့ကွမ်ရှန် အသက်ပြင်းပြင်းရှူလိုက်သည်။


သူ့ခါးကို လှည့်လိုက်သည်နှင့် သူ့လက်ထဲက တံစဉ်းက စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း ရမ်းသွားသည်။


လရောင်က သူ့ကြွက်သားတွေပေါ်သို့ ကျရောက်ကာ လှပမှုနဲ့ ခွန်အားကို ခံစားရစေသည်။


*ခြင်းတောင်းအောက်မှ ဓားနဲ့ လှန်လိုက်ရာ စပါးနှံတွေက ခြင်းတောင်းထဲ ကျသွားသည်။


ဘေးချလိုက်ပြီး လျောင်ချူရှင်း ဂျုံချည်ဖို့ အမြန်ရောက်လာသည်။


ဂျုံအရှည်ကို ရွေးကာ နှစ်ခုခွဲကာ ဂျုံပင်ထိပ်ကို လိမ်ပြီးနောက် အောက်ခြေရှိ အမြစ်တွေကို တင်းတင်းကျပ်ကျပ်ဆွဲကာလိမ်လိုက်သည်။


ဂျုံပင်စည်းနှောင်ခြင်းက ကျွမ်းကျင်မှု တစ်ခုဖြစ်ပြီး ဂျုံပင်တွေကို ချည်နှောင်တတ်ဖို့ အတော်ကြာ လေ့ကျင့်ရသည်။


(T/N *သာသာ ရိတ်သိမ်းတဲ့တရုတ်စာလုံးတွေကို သိပ်မသိလို့ နားလည်သလို ရေးထားတယ်နော်။) 


Ch 6.2


(မင်းကို ပေးရမယ်? အိပ်မက်မက်နေလိုက်)


ရိတ်သိမ်းပြီးတဲ့ ဂျုံပင်ကို ထုပ်ပိုးမထားပါက လိုအပ်သည့်အချိန်ကို တိုး၍ အပိုထုပ်ပိုးရန် လိုအပ်မည်။


ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့က ပြီးပြည့်စုံစွာနဲ့ သဟဇာတဖြစ်အောင် လုပ်ဆောင်ခဲ့ကြတာကြောင့် ဂျုံရိတ်သိမ်းရန် အတူတကွ လုပ်ဆောင်တဲ့အခါတွင် သူတို့က တခြားသူများထက် ပိုမြန်သည်။


ဒါပေမဲ့ ဂျုံစေ့ရိတ်သိမ်းခြင်းက လူကို ပိုပင်ပန်းစေသည်။


ယဲ့ကွမ်းရှန်က နှစ်နာရီကြာ အလုပ်လုပ်ခဲ့ပြီး လျောင်ချူရှင်းက တာဝန်ယူကာ ဆိုင်းလဲလှယ်ခဲ့သည်။ 

(T/N လူလှယ်တာ)


ယဲ့ကွမ်ရှန်းက ကွဲသွားတယ်ဟု ယူဆရလောက်အောင် ဂျုံပင်တွေကို ထုပ်ထားသည်။


ကျန်တဲ့ ယဲ့မိသားစုဝင်တွေ မိုးလင်းမှ ရောက်လာသည်။


ထိုအချိန်တွင် ကန်တင်းဝန်ထမ်းတွေက ပူပူနွေးနွေး ကောက်နှံမန်ထိုနဲ့ ဟင်းရွက်ချဉ်တွေကို ခြင်းတောင်းနဲ့ သယ်ကာ လယ်ထဲရောက်လာကြသည်။


အဘိုးကြီးယဲ့ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ "စောစောရောက်လာတာထက် အချိန်မှန်ရောက်လာတာက ပိုကောင်းတယ်။"


လက်ကို ဆန့်ထုတ်လိုက်သည်နှင့် တံစဉ်က ဆွဲလုခံလိုက်ရသည်။


ကျန်းတုံးကျုံးက သူ့ဂျာကင်အင်္ကျီအိတ်ကပ်တွင် ဆွဲထားတဲ့ အိတ်ဆောင်နာရီကို ထုတ်ကာ အဖုံးဖွင့်ကာ ကြည့်လိုက်သည်။ "ခြောက်နာရီခွဲနေပြီ၊ မင်းတ်ို့ မိသားစုဝင်တွေက လာဖို့ သိသေးတာလား?"


အဘိုးကြီးယဲ့ရဲ့ မျက်နှာက တုန်လှုပ်သွားသည်။ "ဒါက နာရီမရှိလို့ အချိန်မသိတာ မဟုတ်ဘူးလား?"


ကျန်းတုံးကျုံးက ရယ်မောပြီး အဘိုးကြီးယဲ့ကို ပျက်ရယ်ပြုသည်။ "လေးနာရီဆို ကောင်းကင်က လင်းနေပြီ။ နာရီမရှိရင်တောင် ကောင်းကင်ကို မကြည့်တတ်ဘူးလား?"


"မနက်စာက လယ်လုပ်သူတွေ အတွက်ပဲ။ မင်းတို့အတွက် စားစရာမရှိဘူး။" ယဲ့ကွမ်ရှန်က စားဖိုမှူးကို လက်ပြကာ မန်ထိုနဲ့ ဟင်းရွက်ချဉ်တွေကို ယူလိုက်သည်။


"မနက်ဖြန် ဒီအချိန်မှ ရိတိသမ်းဖို့ လာမယ်ဆိုရင် မလာနဲ့တော့! နေ့ခင်းအထိ အိမ်မှာ အိပ်နေတာ ပိုကောင်းတယ်။"


အဘိုးကြီးယဲ့က အတွင်းရေးမှူး ကျန်းတုံးကျုံးရဲ့ ရွဲ့စောင်းတဲ့လေသံကြောင့် အံ့သြသွားပြီး ဒေါသကြောင့် မျက်မှောင်ကျုံ့သွားသည်။


ထိုအချိန်တွင် စားဖိုမှူးက ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှုင်းတို့ကို ပထမဆုံး နံနက်စာ ပေးနေတာကို တွေ့လိုက်ရသည်။


အဘိုးကြီးယဲ့က ကျန်းတုံးကျုံးကို အလျင်အမြန် လက်ဟန်ပြပြီး "ကြည့်စမ်း၊ ငါ့မိသားစုဝင်က ရိတ်သမ်းနေတာ မဟုတ်ဘူးလား?"


ကျန်းတုံးကျုံးက မျက်ခုံးတောင် ပင့်မပြပေ။ သူနဲ့ စာရင်းကိုင် မာထုန်ဖုန်းတို့က ရိတိသမ်းတဲ့ လူအရေအတွက်နဲ့ လယ်ကွက်တွေကို ရိုးရိုးရှင်းရှင်း ရေတွက်နေသည်။


အတွင်းရေးမှူးက သူ့ကို လျစ်လျူရှုတာကို မြင်တော့ အဘိုးကြီးယဲ့က ဒေါသကြောင့် မျက်မှောင်ကျုံ့သွားသည်။ လှည့်ပြီး ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းဆီ လျှောက်သွားခဲ့သည်။


"ဒီမြေကွက်ကို ပေးစမ်း။ တခြားမြေကွက်ကို သွားရိတ်သိမ်း။"


ယဲ့ကွမ်ရှန်က မန်ထိုနဲ့ ဟင်းရွက်ချဉ်ကို လက်ခံခါစဖြစ်ပြီး လျောင်ချူရှင်းက ယဲ့လီကို စားဖို့ ခေါ်ခိုင်းတော့မည် ဖြစ်သည်။


အဘိုးကြီးယဲ့ရဲ့စကားကိုကြားတော့ မကျေမနပ် လှောင်ရယ်နေမိသည်။


ဒါက အဘိုးကြီးယဲ့ရဲ့ ထုံးစံအတိုင်း နည်းဗျူဟာပဲ။


သူနဲ့ လျောင်ချူရှင်းက နာရီအနည်းငယ်ကြာ အလုပ်လုပ်ပြီးနောက် အဘိုးကြီးယဲ့က ထိုနေရာကို တာဝန်ယူဖို့ ရောက်လာတယ်။


ဒီလိုနည်းနဲ့ အလုပ်မှတ်တွေက အဘိုးကြီးယဲ့ဆီ သဘာဝအတိုင်း ရောက်သွားသည်။


ယဲ့ကွမ်ရှန်ရဲ့အမူအရာမှာ အေးခဲနေပြီး "ဒါက ပါတီအတွင်းရေးမှူးက ချူရှင်းနဲ့ ကျွန်တော်အတွက် ခွဲဝေပေးထားတဲ့မြေပါ။ ဘာလို့ ဒါကို ပေးလိုက်ရမှာလဲ?"


"ငါက မင်းအဖေမို့လို့!" အဘိုးကြီးယဲ့က သွေးချင်းဆွေမျိုးဆက်ဆံရေးကို ထပ်မံအသုံးပြုလာသည်။ "မင်းမွေးတုန်းက သေးသေးလေး၊ မင်းကို ပြုစုပျိုးထောင်ဖို့ ငါ အရမ်းကြိုးစားခဲ့ရတာ။"


ယဲ့ကွမ်ရှန်ရဲ့ နှုတ်ခမ်းထောင့်က ကွေးတက်သွကာ ရွဲ့စောင်းမှု အရိပ်အမြွက် ထွက်ပေါ်လာသည်။ "ရှစ်နှစ်သားတုန်းက ခဗျား ကျွန်တော်ကို အလုပ်သင်အဖြစ် လျောင်မိသားစု အလုပ်ရုံကို ပို့လိုက်တာ! ကျွန်တော် လျောင်မိသားစုအိမ်မှာ နေထိုင်စားသောက်ပြီး နှစ်စဉ်နှစ်တိုင်း လျောင်မိသားစု အလုပ်ရုံကနေ စားစရာတွေကို အိမ်ပြန်သယ်လာခဲ့ရတယ်!"


"ကျွန်တော့်ယောက္ခမက ကျွန်တော့ကို အလုပ်ကြိုးစားပြီး သင်ယူချင်စိတ်ပြင်းပြတယ်လို့ ထင်ခဲ့တာ။ သူက ချူရှင်းကို ကျွန်တော်နဲ့ လက်ထပ်ပေးရုံသာမက မိသားစုရဲ့ ကျွမ်းကျင်မှုတွေကိုပါ သင်ပေးခဲ့ပြီး ကျွန်တော့်ကို ဆရာကြီးတစ်ယောက် ဖြစ်လာစေခဲ့တယ်။"


"တကယ်တော့ ခဗျားက ကျွန်တော့်ကို ရှစ်နှစ်သားအထိပဲ စောင့်ရှောက်ခဲ့တာ။ နောက်ပိုင်းနေ့ရက်တွေကို ကျွန်တော့်ယောက္ခမကပဲ ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့တာ။" ယဲ့ကွမ်ရှန်ရဲ့အကြည့်ထဲတွင် မထီမဲ့မြင်ပြုမှုတွေဖြင့် ပြည့်နှက်နေသည်။


အရင်ဘဝတုန်းက သူ့ကျေးဇူးကို ပြန်ဆပ်ခဲ့ပြီးသား!


ဒီဘဝမှာ ကျန်ခဲ့သမျှက အမုန်းတရားတွေပဲ!


မသေမချင်း မရပ်ဘူး။


"အတွင်းရေးမှူးကျန်း သူ့ကို ကြည့်ကြည့်အုံး။ သူက သူ့အဖေကို ဒီလိုမျိုး ပြောနေတာ ခဗျား ဘာမှမလုပ်တော့ဘူးလား? တခြားသူတွေ မထင်ရင် သူက လျောင်မိသားစုရဲ့ သားမက်လို့ ထင်ကောင်းထင်နိုင်တယ်။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ။" အဘိုးကြီးယဲ့က ကျန်းတုံးကျုံးကို တိုင်ကြားခဲ့သည်။


ကျန်းတုံးကျုံးက တွက်ချက်မှုကြောင့် အလွန်ပင် ခေါင်းရှုပ်နေခဲ့ပြီး အဘိုးကြီးယဲ့ရဲ့အော်သံကြောင့် ပိုလိုတောင် ခေါင်းရှုပ်သွားခဲ့သည်။ သူက မော့ကြည့်လာပြီး


"မင်းအတွက်မြေကို ငါ သတ်မှတ်ပေးခဲ့ပြီးပြီ မဟုတ်ဘူးလား? သွားပြီးတော့ ရိတ်လေ! ရပ်နေရုံနဲ့ စပါးက သူ့အလိုလို ရိတ်သိမ်းသွားမှာလား? မင်းကိုယ်မင်း ကောက်ရိတ်စက်လို့ ထင်နေတာလား?"


"ငါ မနေ့က ကန်တင်းမှာ အဖွဲ့ဝင်တွေကို ဘယ်လို ပြောခဲ့လဲ? အကုန်လုံး မေ့သွားပြီလား? ဒီနှစ် အစားအသောက်ဝေစု မလိုတော့ချင်ဘူးဆိုရင် ဒီမှာ ရပ်ပြီး ငြင်းခုန်နေ၊ ဒေါသထွက်အောင် လုပ်နေ!"


အဘိုးကြီးယဲ့ အံ့အားသင့်သွားသည်။ ကျန်းတုံးကျုံးက သူ့ကို ဒီလောက်တောင် မျက်နှာသာမပေးမှန်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။


ကျန်းတုံးကျုံးက ပါတီအတွင်းရေးမှုး ဖြစ်သော်လည်း လယ်ကွင်းထဲတွင် အလုပ်လုပ်ရသေးသည်။


တစ်နေကုန် အလုပ်ပြီးလို့ ညဘက်တွေမှာ တခြားသူတွေက အနားယူနိုင်ပေမယ့် သူကတော့ မနားရဘူး။


ထိုနေ့တွင် အဖွဲ့ဝင်တွေရဲ့ လယ်ဧကဘယ်လောက်နဲ့ ဝင်ငွေဘယ်လောက် ရရှိမှာကို တွက်ချက်ဖို့ စာရင်းကိုင်ရယ်၊ ငွေကိုင်နဲ့ တွက်ချက်နေရသည်။


အဘိုးကြီးယဲ့နဲ့ အချိန်ဖြုန်းဖို့ သူ့မှာ ဘယ်လိုလုပ် ခွန်အားတွေ ရှိမှာလဲ?


စကားအနည်းငယ် ပြောနေရုံဖြင့် စာရင်းကိုင် မာထုန်ဖုန်းက အကုန်လုံးကို တွက်ပြီးသွားသည်။ "တွက်ပြီးပြီ။"


ကျန်းတုံးကျုံးက အင်းကာ စာရင်းစာအုပ်ကို လှမ်းကြည့်ပြီး အိတ်ကပ်ထဲထည့်ကာ လမ်းလျှောက်ရင်း မန်ထိုနဲ့ ဟင်းရွက်ချဉ်ကို စားနေသည်။ "ငါ အလုပ်သွားလုပ်တော့မယ်။"


စာရင်းကိုင် မာထုန်ဖုန်းကလည်း မန်ထိုကို ယူပြီး "ကျွန်တော်လည်း သွားတော့မယ်။"


မျက်စိတစ်မှိတ်အတွင်းမှာပဲ အဘိုးကြီးယဲ့နဲ့ သူ့မိသားစုဝင်တွေသာ ကျန်ခဲ့သည်။