Ch 9.1
(အရုဏ်တက်ပြီးနောက် ယှဉ်ပြိုင်မှု)
အဖွဲ့ဝင်အများအပြားက ရှေ့တက်လာကာ အဘိုးကြီးယဲ့ကို ဖမ်းလိုက်ကြသည်။
"ဘာလို့ ငါ့ကို ဖမ်းတာလဲ? ငါ့ကို ဖမ်းပြီး ဘာလုပ်မလို့လဲ?" အဘိုးကြီးယဲ့က အပြင်းအထန် ငြင်းဆန်သည်။ "ငါ့အိမ်ပြတင်းပေါက်အောက်က စာတစ်စောင်ကို ကောက်ပြီး ငါရေးတာလို့ ပြောနေတာလား? သေချာပေါက်ကို ယဲ့ကွမ်ရှန် ငါ့ကို ဆဲဆိုထားတာဖြစ်မယ်!"
ကျန်းတုံးကျုံးက "ယဲ့ကွမ်ရှန်က သိတဲ့အက္ခရာက တစ်ရာတောင် မကျော်ဘူး။ သူ ဒီစာတိုကို ရေးနိုင်မယ်လို့ ထင်နေတာလား? **! အဲဒီထဲက စာလုံးတွေ အများကြီးကို ငါတောင် မမှတ်မိဘူး။"
"ဖမ်းကြစမ်း!"
ကျန်းတုံးကျုံးက သူ့တစ်သက်တာလုံး အဖွဲ့အစည်းအပေါ် သစ္စာရှိခဲ့ပြီး လူတစ်ယောက်က သစ္စာဖောက်တစ်ယောက်လို ပြောတာက သူ့ကို ရူးသွပ်စေခဲ့သည်။
အဘိုးကြီးယဲ့ ရင်တုန်သွားသည်။ "ဒါပေမယ့် ငါ စာတောင် မဖတ်နိုင်ဘူးလေ! ဒါကြောင့် ငါရေးတာ မဖြစ်နိုင်ဘူး။"
ဒါကိုကြားတော့ ကျန်းတုံးကျုံးရဲ့ ဒေါသက ငြိမ်သွားသည်။ "ဟုတ်သားဘဲ။ ခဗျားက စာတောင်မဖတ်တတ်ဘူး..."
အဘိုးကြီးယဲ့ ဝမ်းသာသွားသည် ။ "ဒါကြောင့် ဒီစာက ငါရေးထားတာ မဟုတ်ဘူး။ ငါနဲ့ ဘာမှမဆိုင်ဘူး။"
ကျန်းတုံးကျုံးက အိမ်ပိုင်ရှင်စုန့်ကို စူးစူးရဲရဲ လှည့်ကြည့်လိုက်ပြီး "စော်ဇီဂုံးတစ်ခုလုံးမှာ ဒီလို သပ်ရပ်လှပတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီး ရေးနိုင်တဲ့သူက တစ်ယောက်ပဲ ရှိတယ်..."
ကျန်းတုံးကျုံးက လက်မြှောက်ကာ အိမ်ပိုင်ရှင်စုန့်ကို ညွှန်ပြပြီး "သူ့ကို ဖမ်းလိုက်စမ်း! အဘိုးကြီးယဲ့နဲ့ အဆက်အသွယ်လုပ်တာကို တားဆီးဖို့ သူ့ကို အဘိုးကြီးယဲ့နဲ့ သီးခြားစီ ချုပ်ထားလိုက်။"
အိမ်ပိုင်ရှင်စုန့်ရဲ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
ယဲ့မိသားစု အံ့ဩသွားသည်။
ဘယ်သူမှ မမျှော်လင့်ထားကြပေ။ ယဲ့ကွမ်ရှန်နဲ့ ယဲ့လီတို့အပေါ် အမွှေးထူတဲ့ရေနတ်ဆိုးဆိုပြီး အပြစ်တင်တာ ခံရဖို့ အိမ်မှာ သူတို့ စီစဉ်ထားခဲ့တာ။
မနက်ဖြန် စာပို့ဖို့ အခွင့်အရေးရှာမယ်။ ပြီးရင် ယဲ့မိသားစုရဲ့ အကြီးဆုံးသားက သူတို့ကို ခရိုင်မှာ တားဖို့ ကြိုးစားလိမ့်မယ်။
ဒါဆို ကျန်းတုံးကျုံးကို အဝေးကို တွန်းထုတ်နိုင်ပြီ။
ကျန်းတုံးကျုံးက နှင်ထုတ်ခံရရင် ယဲ့လောင်စန်းတို့ မိသားစုက သူတို့သဘောအတိုင်းပဲ?
ဒီဟောပြောချက်နဲ့ ဆွေးနွေးမှုအားလုံးက အဘိုးကြီးယဲ့ကို ဆွဲငင်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
အဘိုးကြီးယဲ့က ခေါ်ထုတ်သွားခံရတာကို မြင်တော့ ယဲ့ကွမ်ရှန်က ကျန်းတုံးကျုံးဘေးကို လျှောက်သွားပြီး "အတွင်းရေးမှူးကျန်း ခဗျား အဆင်ပြေတယ်မလား?"
ကျန်းတုံးကျုံးရဲ့မျက်လုံးထဲတွင် ကျေးဇူးတင်စိတ်ဖြင့် ပြည့်နှက်နေခဲ့သည်။ "မင်းတို့မိသားစုကြောင့်တာ မဟုတ်ရင် ဒီနေ့ ငါ့ သူကို သတ်မိမှာ။"
ယဲ့ကွမ်ရှန်က ဆက်မပြောဘဲ အပြုံးနဲ့ "ဒါက ကျွန်တော်တို့ လုပ်သင့်တာပါ။"
သူက အဘိုးကြီးယဲ့ရဲ့နောက်ကျောကို တစ်ချက်ကြည့်လိုက်ပြီး "စီရင်စုက လက်ထောက်ဒါရိုက်တာ တုဟုန်ရီကို တခါကယ်ဖူးတယ်လို့ အရင်က သူပြောတာကို ကြားဖူးတယ်... သူ့မှာ နောက်ကွယ်က ကြိုးကိုင်တဲ့သူ ရှိနေတယ်လို့ သံသယရှိတယ်။"
ကျန်းတုံးကျုံးက ဒီဇာတ်လမ်းကို ပထမဆုံးအကြိမ် ကြားပြီး အံ့ဩသွားသည်။ "သူက လက်ထောက်ဒါရိုက်တာတုကို ကယ်ဖူးတယ်။"
ယဲ့ကွမ်ရှန်က ခေါင်းညိတ်လိုက်သည်။ “၁၉၃၀ ခုနှစ်မှာ ဉာဏ်အလင်းရှိတဲ့ တိုင်းပြည်လူကြီးလူကောင်း တုဟုန်ရီက ကျွန်တော့်အိမ်ရှေ့က ဖြတ်သွားတုန်း ဒဏ်ရာရသွားပြီး သူ ကယ်ခဲ့တာ။ ယဲ့ကွမ်ရှန်က သူ့ကို "အဖေ" လို့တောင် ခေါ်ဖို့ ငြင်းဆိုခဲ့သည်။
ဒီစကားတွေကြောင့် ကျန်းတုံးကျုံးရဲ့ နှလုံးသားက အေးခဲသွားပေမယ့် မကြောက်ခဲ့ပေ။ "ငါက ဖြောင့်မတ်တဲ့သူတစ်ယောက်၊ ဘယ်လိုလုပ် သူတို့ကို ကြောက်ရမှာလဲ?"
ယဲ့ကွမ်ရှန်က 'အင်း' ပြောလိုက်ပြီး "ဟုတ်တယ်၊ ကြောက်စရာ မလိုဘူး။ ဒါပေမဲ့ သူတို့ မကောင်းတာတွေ လုပ်လာမှာကို ကျွန်တော် ကြောက်တယ်။" ကျန်းတုံးကျုံးရဲ့လက်ထဲက စာလေးကို သူ ညွှန်ပြလိုက်ပြီး "ဒီစာသာ တုဟုန်ရီဆီ ရောက်သွားရင် ဘာဖြစ်လာမလဲ?"
ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်ရဲ့တွေးခေါ်မှုက ဒီလောက်စေ့စေ့စပ်စပ် ဖြစ်လိမ့်မယ်ဟု မထင်ထားခဲ့ပေ။ သူက ယဲ့ကွမ်ရှန်ကို မော့ကြည့်ပြီး "လောင်စန်း မင်း တကယ်ပြောင်းလဲသွားပြီ!"
အရင်က ယဲ့ကွမ်ရှန်ကို ရိုးသားပြီး ရိုးရိုးရှင်းရှင်း စိတ်ထားနဲ့ ဆဲဆိုကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းကို သည်းခံမဲ့သူဟု အမြဲထင်ခဲ့မိသည်။
မမျှော်လင့်ဘဲ ဒီတစ်ခေါက်ရိတ်သိမ်းမှုမှာ အမှားအမှန်ကို ရှင်းရှင်းလင်းလင်း ပိုင်းခြားနိုင်တဲ့ ယဲ့ကွမ်ရှန်ကို ဖော်ထုတ်လာခဲ့တယ်။
ရှေးရိုးဆန်တဲ့စိတ်ဓာတ်ကြောင့် စော်ဇီဂုံးတွင် အလုပ်လုပ်တာက တိုးတက်ဖို့ ခက်ခဲတယ်။
ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်တို့မိသားစုအတွက် တိုက်ပွဲဝင်ရကျိုးနပ်တယ်ဟု ခံစားမိသည်။
"ကျွန်တော့်ကလေးနှစ်ယောက် နှိပ်စက်ခံရပြီး သေလုနီးပါး အရိုက်ခံရတာကို မြင်တော့ ကျွန်တော် ပြောင်းလဲသွားတာ!" ယဲ့ကွမ်ရှန်က မျက်မှောင်ကြုတ်ပြီး "ကျားက သူ့သားကို မစားဘူးလို့ ပြောပေမယ့် တချို့လူတွေက ကျားတွေထက်တောင် ပိုကြောက်ကောင်းတယ်။"
ဒီမှာ ယဲ့ကွမ်ရှန်းက ကျန်းတုံးကျုံးနဲ့ စကားပြောနေသည်။
တခြားနေရာတွင် ယဲ့ထန်ရှစ်က လယ်သမားတွေ အကျဉ်းချထားတဲ့ အဘိုးကြီးယဲ့ကို ရှာတွေ့ပြီး ငိုယိုကာ "သူ့ဖေ ဘာလုပ်သင့်သလဲ?"
အဘိုးကြီးယဲ့က သူမကို လျစ်လျူရှုပြီး ယဲ့လောင်အာ့ကို "ခရိုင်ကိုသွားပြီး လောင်တာ့ကို ရှာ။ လောင်တာ့ကို လက်ထောက်ဒါရိုက်တာတု ဖိတ်ခိုင်းလိုက်!"
အဘိုးကြီးယဲ့မှာ ဒီလိုမျိုး အဆက်အသွယ်ရှိနေမှန်း မသိတဲ့ ယဲ့လောင်အာ့က မျက်လုံးပြူးသွားတယ်။ "အဖေ အဖေ လက်ထောက်ဒါရိုက်တာတုကို သိတယ်။ ဘာလို့ စောစောက မပြောတာလဲ?"
အဘိုးကြီးယဲ့က လှောင်ရယ်ကာ "...အဲဒီလူယုတ်မာ! ဒီတစ်ခါတော့ သူ မကျော်ဖြတ်နိုင်ဘူးဆိုတာ သေချာတယ်။"
အဘိုးကြီးယဲ့က ယဲ့လောင်အာ့အပေါ် နာကြည်းမှုက ကြာနေပြီ။
ယဲ့ကွမ်ရှန်က လျောင်ချူရှင်းနဲ့ လက်ထပ်ပြီးကတည်းက သူ့သားကို မုန်းနေခဲ့သည်။
"ယဲ့လီနဲ့ ယဲ့ဇီတို့က လျောင်ချူရှင်းရဲ့ သားသမီးတွေ။ အစကတည်းက အသက်မရှင်သင့်ဘူး!" အဘိုးကြီးယဲ့က ပျော်ပျော်ရွှင်ရွှင်နဲ့လက်ထောက်ဒါရိုက်တာတုကို သွားခေါ်တဲ့ ယဲ့လောင်အာ့ကို ကြည့်ပြီး ရေရွတ်လိုက်သည်။
Ch 9.2
(အရုဏ်တက်ပြီးနောက် ယှဉ်ပြိုင်မှု )
"လက်ထပ်ပြီးတော့ ယောက္ခမအိမ်မှာ နေ,နေတဲ့အကြောင်းပြချက်က ဘာလဲ? ဒါက သားမက်တစ်ယောက်နဲ့ ဘာကွာခြားလို့လဲ? ငါ သေသွားပြီးရင် ဘိုးဘေးတွေကို ဘယ်လိုရင်ဆိုင်ရမလဲ?"
အဘိုးကြီးယဲ့ရဲ့အမူအရာက ရက်စက်ကြမ်းကြုတ်နေသည်။ "ယဲ့မိသားစုအတွက် အနာဂတ်ခြိမ်းခြောက်မှုကို ငါ ဖယ်ရှားပစ်ရမယ်။"
"ယောက္ခမအိမ် ဝင်သွားတာ အစကတည်းက အသက်မရှင်သင့်တော့ဘူး။ သေခြင်းတရားက မင်းတို့ရဲ့ ကံကြမ္မာပဲ! လျောင်မိသားစုက သားရဲတွေပဲ။ ငါ့ရဲ့သားကောင်းလေးကို သူတို့ စောင့်ရှောက်တာ မိဘဆွေမျိုးသားချင်းတောင် မသိတော့ဘူး။"
(T/N သူများက ကျွေးမွေးထားမှန်း မှတ်မိသေးတယ်ပေါ့။ စိတ်တိုစရာအပိုင်းတွေ ရှိသေးတယ်နော်။)
"လျောင်မိသားစုက သေသင့်တယ်!"
"ကျန်းတုံးကျုံးလည်း သေသင့်တယ်! သူရောက်လာပြီးကတည်းက တစ်နေ့လုံး ငါ့ကို အပြစ်ရှာနေခဲ့တာ။ ငါ တစ်သက်လုံး ရိုးသားပြီး အလုပ်ကြိုးစားခဲ့တာ။ ဘယ်လိုလုပ် ဒီလို အရှက်တရားတွေကို ခံနိုင်မှာလဲ?"
(T/N speechless!!!)
ထိုညတွင် ယဲ့လီတို့မိသားစုက ကျန်းတုံးကျုံးရဲ့ အိမ်အနောက်ဘက်ခန်းတွင် နေထိုင်ခဲ့ကြသည်။
ယဲ့လီက သူမမောင်လေးရဲ့ ခြေလက်သေးသေးလေးကို ပွတ်သပ်ကာ ဗိုက်ပေါ် စောင်ခြုံပေးလိုက်သည်။
ယဲ့ကွမ်ရှန်က အပြင်ကနေ ဝင်လာပြီး "ယဲ့လောင်အာ့က ညသန်းခေါင်ကြီးတောင် ခရိုင်ကိုသွားတယ်။"
လျောင်ချူရှင်းရဲ့ အမူအရာက အေးခဲသွားပြီး "တုဟုန်ရီကို ဖိတ်ဖို့ သွားတာလား?"
"အိပ်ကြစို့!" ယဲ့ကွမ်ရှန်က အပြင်ဘက်ရှိ ညအမှောင်ကို လှမ်းကြည့်လိုက်ကာ "မနက်ဖြန်ဆို တိုက်ပွဲက ပိုပြင်းထန်မှာ! မနက်ဖြန် တိုက်ခိုက်မှုကို အတွင်းရေးမှူးကျန်းက ဦးဆောင်ပြီး ကိုယ်က ပံ့ပိုးပေးမယ်လို့ ပြောထားပြီးသား။"
သူတို့မိသားစုက စကားမပြောတော့ဘဲ အိပ်လိုက်ကြသည်။
"ရှောင်လော့..." ယဲ့လီက ရှောင်လော့ကို တိုးတိုးခေါ်လိုက်သည်။
"ရှိ!" ရှောင်လော့က အမြန်ပြန်ဖြေလာသည်။
ယဲ့လီက ရှောင်လော့ကို "နင့်မှာ မိဘတွေ အဘိုးအဘွားတွေ ရှိလား?"
ရှောင်လော့ "ငါ့မှာ အမေတစ်ယောက်၊ ညီအစ်ကို သုံးယောက်နဲ့ ညီမတစ်ယောက်ရှိတယ်။"
"သူတို့က နင့်အပေါ် ကောင်းလား?" ယဲ့လီက ထပ်မေးသည်။
ရှောင်လော့ "ကောင်းတာပေါ့၊ ငါ သူတို့ကို အရမ်းသဘောကျတယ်။"
"ကောင်းလိုက်တာ...." ယဲ့လီ အနည်းငယ် အားကျသွားသည်။
စတိုးဆိုင်ရဲ့ အသံလုပ်ဆောင်ချက်ကို စတင်ပြီး ထုတ်ကုန် အသေးစိတ်အချက်အလက်ကို စတင်ဖတ်ရှုသည်။
ဒါပေမဲ့ အဘိုးကြီးယဲ့ရဲ့ နောက်ထပ်လှုပ်ရှားမှုအကွက်တွေက သူမစိတ်ထဲတွင် ပြေးလွှားနေဆဲဖြစ်သည်။
အရင်ဘဝတွင် အဘိုးကြီးယဲ့က တုဟုန်ရီကို ဖိတ်ခေါ်ပြီးနောက် သူက အဘိုးကြီးယဲ့ကို လွှတ်ပေးခဲ့ပြီး အတွင်းရေးမှူးကျန်းကို သူနှင့်အတူ ခေါ်သွားခဲ့သည်။
အခု စာက အတွင်းရေးမှူးကျန်းလက်ထဲမှာ၊ အဘိုးကြီးယဲ့မှာ လူသတ်သမား နည်းသွားပြီ။
အဘိုးကြီးယဲ့ အားကိုနေတာ တုဟုန်ရီပဲမလား?
ဒါဆို အမှားကို အမှန်မပြောနိုင်တဲ့ လူဆိုးတွေနဲ့ ခွဲမရတဲ့ တုဟုန်ရီကို ဒဏ်ခတ်လိုက်ကြတာပေါ့!
ယဲ့လီနိုးလာတဲ့အခါ မှောင်နေသေးသည်။
လျောင်ချူရှင်းက ရေနှစ်ကြိမ်သယ်ခဲ့ပြီး အတွင်းရေးမှူးကျန်းအိမ်က ရေစည်ကို အပြည့်ဖြည့်ခဲ့သည်။
အတွင်းရေးမှူးကျန်း စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ယဲ့ကွမ်ရှန်က အပြင်ထွက်ပြီး ထင်းခုတ်သည်။
အတွင်းရေးမှူးကျန်းနဲ့ ဟူရုံလန် နိုးလာတဲ့အခါတွင် ခြံဝင်းက သန့်ရှင်းနေပြီး ထင်းခုတ်လည်း ခုတ်ထားပြီးသားဆိုတာ တွေ့လိုက်ရသည်။
အားနာစွာ ပြုံးလိုက်ပြီး "ဒီရက်တွေမှာ ပင်ပန်းနေတော့ အိပ်ပျော်သွားခဲ့တာ။"
"ယောင်းမ မနက်စာ ပြင်ရုံပဲ။" လျောင်ချူရှင်းက အပြစ်ရှိစထတ် ခံစားရပြီး "ကျွန်မတို့မှာ စားစရာမရှိဘူး။ ဒါပေမယ့် လက်ထဲမှာ လက်မှတ်နည်းနည်းရှိတယ်။ အစားအသောက်အတွက် ကျွန်မတို့ သုံးပါမယ်။"
အိမ်ထောင်စုတစ်ခုစီတွင် ရိက္ခာတစ်ခုစီက အရေးကြီးပြီး ချက်ပြုတ်ရန် ထမင်းပမာဏက အိမ်ရှင်အမျိုးသမီးရဲ့ ညွှန်ကြားချက်အပေါ် မူတည်သည်။
ယဲ့မိသားစုက ဧည့်သည်ဖြစ်တာကြောင့် လျောင်ချူရှင်းက ထမင်းချက်ရန် အလျင်စလိုမလုပ်နိုင်ခဲ့ပေ။
"ဘာမှမဟုတ်ပါဘူး။" ဟူရုံလန်က တောက်ပစွာ ပြုံးလိုက်သည်။ လျောင်ချူရှင်းက မီးဖိုချောင်မီးဖိုကို သန့်ရှင်းရေးလုပ်ထားတာကို သတိပြုမိသဖြင့် သူမ ခေါင်းကို ညင်သာစွာ ခါလိုက်သည်။ "ဘယ်လိုတောင် ဥာဏ်ကောင်းလိုက်တဲ့ စုံတွဲလဲ!"
ဒီလိုမျိုး ဆင်ခြင်တုံတရားရှိတဲ့ စုံတွဲကို အဘိုးကြီးယဲ့ ဘာကြောင့်များ မကြိုက်တာလည်းဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေ။
မိသားစုနှစ်စုက ယာဂုကို ရိုးရိုးရှင်းရှင်းချက်ပြုတ်ပြီး ပေါ့ပေါ့ပါးပါး စားလိုက်ကြသည်။
စားသောက်ပြီးနောက် ကျန်းတုံးကျုံးက ယဲ့မိသားစုကို စပါးခြွေရန် စပါးကျီဆီ ခေါ်ဆောင်လာခဲ့သည်။
(T/N သာသာ အရင်က ခြွေကို ချွေလို့ မှားရေးမိတယ်။ သည်းခံဖတ်ပေးပါနော်။)
စပါးကို ခြွေလှေ့စဉ်တွင် အပြင်ကနေ လူဝင်လာသည်။
အသက်ငါးဆယ်ကျော် အမျိုးသားတစ်ယောက်က ကျန်းတုံးကျုံး ရှေ့မှာရပ်ပြီး လေးနက်စွာ မေးသည်။
"မိဘတွေကို ရိုက်နှက်ခဲ့တဲ့ လူယုတ်မာ ယဲ့ကွမ်ရှန်က ဘယ်သူလဲ?"
Ch 10.1
(လက်ထောက်ဒါရိုက်တာ တုဟုန်ရိ၏ ကျရှုံးမှု)
အဘိုးကြီးယဲ့က လွတ်မြောက်လာသည်။
စပါးကျီထဲဝင်လာကာ အဘိုးကြီးယဲ့က တအံ့တဩနဲ့ "လက်ထောက်ဒါရိုက်တာတု ခဗျား ရောက်လာပြီပဲ! ခဗျားသာ ကျွန်တော့်ကို လာမကယ်ရင် ကျွန်တော်က သူတို့ကြောင့် သေတော့မှာ။"
ချန်းနျန်တု ခရိုင်ရုံးရဲ့ လက်ထောက်ဒါရိုက်တာ တုဟုန်ရိ။
မူလက ချန်းနျန်တုရဲ့ ရဲရင့်တဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် လက်ထောက်ဒါရိုက်တာတွေထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။
သူက ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ မြို့ပြအသွင်အပြင် မြှင့်တင်ရေးနဲ့ လမ်းဖောက်လုပ်ရေးတို့ကို တာဝန်ယူသည်။
အဘိုးကြီးယဲ့၏အကြီးဆုံးသား ယဲ့ကွမ်ဝမ်က သူရဲ့ တိုက်ရိုက်လက်အောက်ခံဖြစ်ပြီး ပြုပြင်မွမ်းမံရေးအဖွဲ့တွင် အလုပ်လုပ်သည်။
ယဲ့ကွမ်ရှန်ကို မြင်တော့ အဘိုးကြီးယဲ့က မုန်းတီးစွာထွက်လာပြီး ရှေ့တိုးကာ ပါးရိုက်တော့သည်။ "သားရဲကောင်! ငါမင်းကို ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ခဲ့တာ၊ မင်းက ငါ့ကို ဒီလိုဆက်ဆံတယ်?"
ပါးရိုက်တာကို မြင်တော့ ယဲ့ကွမ်ရှန်က ရှောင်ဖို့ နောက်ကို ဆုတ်လိုက်သည်။
"လက်ထောက်ဒါရိုက်တာတု ခဗျား ဒါကို မြင်လား? သူက ဒီလိုမျိုး ငါ့ကို ဆက်ဆံတာ။" အဘိုးကြီးယဲ့က ယဲ့ကွမ်ရှန်ကို လက်ညှိုးထိုးကာ "အဖေကို အာခံတယ်။ ကောင်းကင်နဲ့ မြေကြီးက မင်းကို အပြစ်ပေးလိမ့်မယ်။"
အဘိုးကြီးယဲ့ရဲ့စကားကို ကြားပြီးနောက် တုဟုန်ရီရဲ့မျက်ခုံးက ပိုလိုတောင်တွန့်သွားပြီး
"သက်ကြီးရွယ်အိုတွေကို လေးစားပြီး မိဘတွေကို ရိုသေရမှာက ငါတို့ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေပဲ။ မင်း ဘာလို့ မင်းမိဘတွေကို အာခံတာလဲ? ပြောစမ်း!"
"မိဘလား?" ယဲ့ကွမ်ရှန်က လှောင်ရယ်လိုက်သည်။ "သူက ကျွန်တော့်ကလေးတွေကို အနိုင်ကျင့်ပြီး အတွင်းရေးမှူးကျန်းရဲ့ လက်ရေးစာတစ်စောင်ကို အတုလုပ်တယ်! စော်ဇီဂုံးမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်။ သူတို့က ကျွန်တော့်မိဘ ဖြစ်ထိုက်သလား?"
အဘိုးကြီးယဲ့က "အဓိပ္ပာယ်မရှိတာ! ငါ စကားလုံးနည်းနည်းလေးတောင် မဖတ်တတ်ဘူး။ ဘယ်လို အတုရေးတတ်မှာလဲ? ယဲ့လီက ငါ့အိမ် ပြတင်းပေါက်အောက်မှာ စာတစ်စောင်ကောက်ရပြီး ငါရေးတာလို့ ပြောနေတာ? ဒါဆို သူမ ရွှေတစ်ရွက်ကောက်ရရင် ငါ့ကို ပြန်ပေးမှာလား?"
"ငါ့ကို မတရားစွပ်စွဲနေတာလား? သက်သေ ထုတ်လာခဲ့! သက်သေမရှိရင် စွပ်စွဲတာပဲ! သူ့အဖေကို တရားစွဲတဲ့သားက ရာဇဝတ်မှုကြီးတစ်ခုပဲ။"
အဘိုးကြီးယဲ့ရဲ့အတွေးက အတိတ်တွင် နစ်မွန်းနေသေးသည်။ သူက သူ့သားသမီးတွေကို သူ့ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံသည်။ သူတို့ကို ရိုက်ချင်နေရင် ရိုက်ပြီး သတ်ချင်နေရင် သတ်သည်။
အဘိုးကြီးယဲ့၏ ထိုပုံစံကို ကြည့်ပြီး ယဲ့လီ၏နှုတ်ခမ်းက လှောင်ပြုံး ပြုံးလာသည်။
ကစမ်းပါ!
အခု များများကလေလေ ခဏနေ ထိရင် ပိုနာလေလေပဲ။
တုဟုန်ရိက ယဲ့ကွမ်ရှန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အမူအရာမှာ မကျေမနပ်ဖြစ်နေသည်။
အဘိုးကြီးယဲ့က သူ့အသက်ကို ကယ်တင်ခဲ့တာ။
1930 တွင် သူက သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုအမြောက်အများကို လှူဒါန်းခဲ့ပြီး ပိုင်ဂုံးဇီ သိတော့ သူ့ကိုဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။
သူက ကိုယ်ဝန်ရှိနေသည့် ဇနီးသည်နှင့်အတူ ထွက်ပြေးခဲ့ရသည်။
အဘိုးကြီးယဲ့က သူတို့ကို ကယ်တင်ဖို့ သူ့အသက်ကို စွန့်စားခဲ့ရတာ။ သူ့ဇနီးသည်က ယဲ့မိသားစုတွင် သူတို့၏ ပထမဆုံးသားကို ဖွားမြင်ခဲ့ပြီး ယဲ့ထန်ရှစ်က သူ့ကို ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့တာ။
သူ့စိတ်ထဲတွင် အဘိုးကြီးယဲ့က သမာဓိရှိပြီး ဂုဏ်ရှိသူဖြစ်သည်။
ထို့ကြောင့် သူက ယဲ့ကွမ်ရှန်ရဲ့စကားကို မယုံခဲ့ပေ။
တုဟုန်ရိက မျက်မှောင်ကြုတ်ပြီး ကျန်းတုံးကျုံးကို ကြည့်ကာ "စာကိုထုတ်လိုက်၊ ငါကြည့်မယ်။"
ကျန်းတုံးကျုံးက စာကိုမပေးအပ်မီ ယဲ့ကွမ်ရှန်နဲ့ အကြည့်ချင်းဖလှယ်ခဲ့သည်။
တုဟုန်ရိက တစ်ချက်ကြည့်လိုက်ပြီး "ဒီစာကို သေချာပေါက် အဘိုးကြီးယဲ့ ရေးခဲ့တာ မဟုတ်ဘူး။ သူ့ကို ငါ နားလည်တယ်! သူက ဖြောင့်မတ်တဲ့သူ ဒီလိုလုပ်မှာ မဟုတ်ဘူး!"
အဘိုးကြီးယဲ့က ကျေနပ်စွာကြည့်ရင်း အောင်ပွဲခံကာ "ကြည့်စမ်း၊ ငါ ဖြူစင်ပါတယ်ဆိုနေ။"
ကျန်းတုန်းကျုံး မျက်ခုံးပင့်သွားသည်။ "ဒါဆို လက်ထောက်ဒါရိုက်တာတု ဒီစာကို ဘယ်သူရေးတယ် ထင်လဲ?"
တုဟုန်ရိ လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး "အိမ်ပိုင်ရှင်စုန့် ရေးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? သူရေးထားတ ဆိူရင် သူ့ကို အကာအကွယ်ပေးစရာ မလိုဘူး။ သူ့ကို ငါ့လက်ထဲ အပ်လိုက်!"
"စာကို ငါသယ်သွားမယ်! ဒီကိစ္စက ဒီမှာပဲ အဆုံးသတ်တာပေါ့။"
"ကာကွယ်မယ်? ဘယ်သူက အိမ်ပိုင်ရှင်ကို ကာကွယ်မှာလဲ?" ကျန်းတုံးကျုံးရဲ့မျက်နှာက မည်းမှောင်သွားသည်။
တုဟုန်ရိက မျက်မှောင်ကြုတ်ကာ "အတွင်းရေးမှူးကျန်း မင်း ငါ့ကို မေးခွန်းထုတ်နေတာလား?"
Ch 10.2
(လက်ထောက်ဒါရိုက်တာတု၏ ကျရှုံးမှု)
ကျန်းတုံးကျုံးက နှုတ်ခမ်းကို တင်းတင်းစေ့ကာ "ငါ့ရဲ့ကိုယ်ပိုင်လက်ရေးစာတွေကို အတုလုပ်တယ်။ မြေးအရင်းတွေကို အလွဲသုံးစားလုပ်ပြီး ရိုက်နှက်တယ်။ စော်ဇီဂုံးမှာ အမွေးထူတဲ့ရေနတ်ဆိုးဆိုတဲ့ ထူးထူးဆန်းဆန်း ဒဏ္ဍာရီကို နှိုးဆော်ဖို့လုပ်တဲ့သူကို.... ဒီလိုမျိုး လွယ်လွယ်နဲ့ လွှတ်လိုက်တာလား?"
"အလွဲသုံးစားလုပ်တယ်?" တုဟုန်ရိက ထိုစကားကိုကြားတဲ့အခါ အလွန်အံ့သြသွားကာ "ဘယ်ကလေးက အရိုက်မခံရလို့ဈလဲ? ငါ့မြေးတောင်မှ နာခံမှုမရှိတဲ့အခါ အရိုက်ခံရတယ်။"
ကျန်းတုံးကျုံးက ယဲ့လီ၏အင်္ကျီကို လှန်လိုက်ကာ မပျောက်သေးတြဲ ဒဏ်ရာတွေကို ညွှန်ပြကာ "ရက်ကြာနေတာတောင် ဒဏ်ရာက မပျောက်သေးဘူး။ ဒါကို နှိပ်စက်တယ်လို့ မခံစားရတာလား? ပြီးတော့ သူမမောင်လေးက အရိုက်ခံရပြီး ရက်အတော်ကြာ သတိလစ်နေခဲ့တာ။ ခုနလေးတင်ကမှ နိုးလာခဲ့တာ။"
တုဟုန်ရိက ယဲ့လီ၏လက်မောင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ် ကြုတ်သွားသည်။ "အစ်ကိုယဲ့က သန်မာတဲ့ စရိုက်ရှိတယ်။ ကလေး စကားနားမထောင်တာ ဖြစ်နိုင်တယ်။ ဒေါသထွက်လွန်းသွားလို့လေ။"
"လက်ထောက်ဒါရိုက်တာတုရဲ့မြေးက စကားနားထောင်မဘူးဆိုရင် ခဗျားရော သူ့ကို ဒီလိုရိုက်မှာလား?" ကျန်းတုံးကျုံး အသက်ပြင်းပြင်းရှူကာ သူ့ဒေါသကို ထိန်းလိုက်သည်။ "အဲ့ဒီစာလုံးအတုကရော? အမွေးထူတဲ့ရေနတ်ဆိုးကရော?"
တုဟုန်ရီက မဝံ့မရဲ ပြုံးပြီး "ငါ ပြန်သွားတဲ့အခါ ဒီကိစ္စကို အသေးစိတ် စုံစမ်းလိုက်မယ်။"
ကျန်းတုံးကျုံးက သူ အသိမဝင်သေးတာကိုမြင်တော့ "လက်တောက်ဒါရိုက်တာတု ခဗျား ကျေးလက််ဒေသကို ဆင်းလာတာ အလုပ်ကိစ္စအတွက်လား ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာကိစ္စအတွက်လား? အလုပ်ကိစ္စဆိုရင် ကျွန်တော်တို့ စော်ဇီဂုံးရဲ့ ကျေးလက်ဒေသရဲ့အခြေအနေကို စစ်ဆေးဖို့ လာတာလား? တကယ်လို့ လာစစ်ဆေးတာဆိုရင် ကျွန်တော် လက်ထောက်ဒါရိုက်တာတုကို အဖော်ပြုပေးပါမယ်။"
"တကယ်လို့ ကိုယ်ရေးကိုယ်တာကိစ္စဆို? လက်ထောက်ဒါရိုက်တာတုရဲ့ ဒီတစ်ခေါက် ကျေးလက်ခရီးစဉ်က သူ့မြေးကို အနိုင်ကျင့်ပြီး စော်ဇီဂုံးရဲ့ ပုံမှန်ထုတ်လုပ်မှုကို နှောင့်ယှက်ခဲ့တဲ့ သူကို လွှတ်ပေးဖို့လား?"
“တကယ်လို့ လက်ထောက်ဒါရိုက်တာတုက ကျွန်တော့်ကို အဘိုးကြီးယဲ့ကို လွှတ်ပေးဖို့ တောင်းဆိုရင် ရတယ်။ ကျေးဇူးပြုပြီး ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာပေးပါ။ ခရိုင်အစိုးရရုံးက ခရိုင်ရုံးကို အမိန့်စာထုတ်ခိုင်းပြီး ခရိုင်ရုံးကနေ ကျွန်တော့်ကို ပို့ပေးမှာပါ။"
"ဒါဘာကိုဆိုလိုတာလဲ?" တုဟုန်ရိက စိတ်ဆိုးသွားသည်။
ကျန်းတုံးကျုံးက လှောင်ရယ်လိုက်သည်။ "ခင်ဗျားက ချန်းနျန်တုမြို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို တာဝန်ခံတဲ့ လက်ထောက်ဒါရိုက်တာတုပါ။ လူတွေကို ဖမ်းတာပဲဖြစ်ဖြစ်၊ လွှတ်ပေးတာပဲဖြစ်ဖြစ်၊ ဒါ ခဗျားရဲ့ကိစ္စမဟုတ်ဘူး..." သူလက်ဆန့်လိုက်ပြီး "ကျေးဇူးပြုပြီး ကျွန်တော့်ကို စာပြန်ပေးပါ!"
"လွတ်မြောက်လာတာ ခြောက်နှစ်ရှိပြီ။ ဒီနေ့ အာဏာပိုင်တွေက သူတို့ရဲ့ ရာဇ၀တ်မှုတွေအပေါ် မူတည်ပြီး သေမှုကို မဆုံးဖြတ်နိုင်သေးဘူး။ ခဗျားက လက်ထောက်ဒါရိုက်တာဖြစ်ရင်တောင် လူတွေကို လွှတ်ပေးလို့မရဘူး။"
အဘိုးကြီးယဲ့က ကျန်းတုံးကျုံး တုဟုန်ရီကို ဆန့်ကျင်ရဲလိုက်မယ်လို့ မမျှော်လင့်ခဲ့ပေ။ သူ့အကြည့်တွေက စူးရှသွားသည်။
သူက တုဟုန်ရီလက်ထဲက စာစောင်ကို လှမ်းယူလိုက်ပြီး ဖျက်ဆီးရန် ပြင်ဆင်လိုက်သည်။ "အားရား အဲဒါ စာတစ်စောင်ပဲမဟုတ်လား? ငါ..."
သူ စာယူဖို့ လက်ဆန့်တာကိုမြင်တော့ ကျန်းတုံးကျုံးက ချက်ချင်း သူ့သေနတ်ကိုဆွဲလိုက်ပြီး အဘိုးကြီးယဲ့ကို ချိန်ကာ "နောက်ဆုတ်စမ်း! ခဗျား သက်သေကို ဖျက်စီးရဲရင် ပစ်သတ်မှာ။"
အဘိုးကြီးယဲ့က ကျန်းတုံးကျုံးကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း "လက်ထောက်ဒါရိုက်တာရှေ့ မှာ မင်း..."
ကျန်းတုံးကျုံးက သူ့ရိုင်ဖယ်ကို ကိုင်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်နေသည်။
ကျန်းတုံးကျုံး အနောက်တွင်ရပ်နေတဲ့ လက်နက်ကိုင်ပြည်သူ့စစ်အများအပြားက ၎င်းတို့၏သေနတ်တွေကို တစ်ပြိုင်နက်တည်း မြှောက်ကာ အဘိုးကြီးယဲ့ကို ချိန်ရွယ်လိုက်ကြသည်။
သူတို့၏ ရိုင်ဖယ်သေနတ်တွေ တပြိုင်နက် တုန်ခါသွားကာ ကျယ်လောင်တဲ့အသံကို ဖန်တီးလိုက်သည်။
အဘိုးကြီးယဲ့၏မျက်နှာက ကြောက်ရွံ့မှုနှင့်အတူ ဖြူဖျော့သွားပြီး နောက်ဆုတ်သွားခဲ့သည်။
တုဟုန်ရီက ဒေါသတကြီး ပြေးလာပြီး "ကျန်းတုံးကျုံး? မင်းက ငါ့ကို သေနတ်နဲ့ ချိန်ရဲတယ်?"
ကျန်းတုံးကျုံးက တုဟုန်ရီဆီက စာကိုယူပြီး သေသေချာချာခေါက်ကာ သူ့အိတ်ကပ်ထဲထည့်လိုက်သည်။ ထို့နောက် ခံစားချက်မပါစွာ တောင်းပန်သည်။ "အပြစ်ပြုမိပြီ။"
"မင်း?" တုဟုန်ရီက ဒေါသတကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားသည်။ "မင်း ဒါ လုံးဝတရားမ၀င်ဘူး။"
ကျန်းတုံးကျုံးရဲ့ အမူအရာက အေးခဲသွားကာ "အဘိုးကြီးယဲ့နဲ့ ပတ်သက်ပြီးတော့ ခရိုင်ရုံးကို အကြောင်းကြားပြီး ခရိုင်ရုံးကို တိုင်ကြားလိုက်မယ်။ လက်ထောက်ဒါရိုက်တာတုက တစ်ခုခုမှားနေသေးတယ်လို့ ယူဆရင် ခရိုင်ရုံးကို တိုင်ကြားလို့ရတယ်။ ကျွန်တော်က စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာပြီး စည်းမျဥ်းစည်းကမ်းတွေကိုပဲ လေးစားတယ်!"
ကျန်းတုံးကျုံးက စီရင်စုကို သတင်းပို့ခြင်း၏ အရေးပါမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အလေးပေးပြောကြားခဲ့သည်။
တုဟုန်ရီက အသက်ရှုကြပ်လာကာ လက်သီးကို တင်းတင်းဆုပ်ပြီး ဒေါသကြောင့် မျက်နှာနီမြန်းနေသည်။ "သွားရအောင်!"
ခရိုင်အစိုးရရုံး၏ လက်ထောက်ဒါရိုက်တာတစ်ယောက်က စောဇီဂုံးကို အသည်းအသန်ပြေးသွားပြီး ရလာဒ်အနေနဲ့ သေးငယ်တဲ့ ဌာနခွဲအတွင်းရေးမှူးရဲ့ ပါးရိုက်တာကို ခံလိုက်ရသည်။ တုဟုန်ရီ လုံးဝ သည်းမခံနိုင်တော့ပေ။
သူလှည့်ထွက်သွားတော့သည်။
ယဲ့ကွမ်ရှန်က "အဘိုးကြီးယဲ့ကို လူသတ်မှုအတွက် သတင်းပို့တယ်!"
"..." တုဟုန်ရီက ခဏလောက် ထိတ်လန့်သွားပြီး ယဲ့ကွမ်ရှန်ကို လှည့်ကြည့်လိုက်သည်။ "ဘာတွေပြောနေတာလဲ? သားတစ်ယောက်က သူ့အဖေကို ဘယ်လိုတောင် သတင်းပေးနိုင်ရတာလဲ?"
"လူသတ်သမားကို သတင်းပို့ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် သားတစ်ယောက်က သူ့အဖေကို သတင်းမပို့နိုင်ဘူးဆိုတာ ကျွန်တော် မသိဘူး!" ယဲ့ကွမ်ရှန်က မျက်လုံးမှေးကာ "လက်ထောက်ဒါရိုက်တာတုက ဘာလို့ သူ့ကို သတင်းပို့ဖို့ ခွင့်မပြုတာလဲ? သူ့ကို ကာကွယ်ဖို့ ကြိုးစားနေတာလား?"
အဘိုးကြီးယဲ့ မျက်နှာပျက်သွားသည်။ "မိုက်လိုက်တာ! ငါ ရိုးရိုးသားသားနဲ့ ဘဝကို ဖြတ်သန်းခဲ့တာ။ ကြက်တောင် မသတ်ခဲ့ဘူး။ တစ်ယောက်ယောက်ကို ငါ ဘယ်လို သတ်နိုင်မှာလဲ?"
ယဲ့ကွမ်ရှန်က ဖြည်းညင်းစွာပြောပြီး သူ့အသံမှာ ရွဲ့စောင်း ကာအေးစက်စက်ဖြစ်နေသည်။ "ရှောင်လန်ဟွား ဒီနာမည်ကို မှတ်မိသေးလား?"
ရှောင်လန်ဟွား?
သူရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း တိမ်မြှုပ်ထားတဲ့ ဒီနာမည်ကိုကြားတော့အဘိုးကြီးယဲ့ အေးခဲသွားသည်။