အပိုင်း (၁၇၅)
တောက်လောင်လာလေပြီ
ကျန်းလော့သည် လက်ဆောင်အိတ်ကို ယူ၍ ဖွင့်ကြည့်လိုက်ရာ အိတ်ထဲမှ ပစ္စည်းများ ကြမ်းပြင်ပေါ်သို့ ကျကုန်သည်။ သော့နှစ်ချောင်းနှင့် ရွှေကတ်တစ်ကတ် သည် ကြမ်းပြင်ပေါ်ကျသွားပြီး အူကြောင်ကြောင်ဖြစ်နေသော ကျန်းလော့ခြေထောက်ပေါ်သို့ ကျသွားသည်။
လုယုံရိသည်လည်း ရှုပ်ထွေးသွားကာ ကြမ်းပြင်ပေါ်မှ ပစ္စည်းများကို ကုန်းကောက်လိုက်သည်။
“ဒါတွေအားလုံးက ဘာတွေလဲ ဟေး ဒါတွေက ကားသော့မဟုတ်ဘူးလား”
ထိုအရာများကို မြင်သော တခြားသူများသည်လည်း နီးနီးကပ်ကပ်လာကြည့်ကြကာ
“ကားသော့ ဘာကားသော့လဲ”
“ဒီကားက လုံးဝကို ဇိမ်ခံကားကွ ဒီလိုကားမျိုးကို ငါ့ရဲ့ ဒုတိယဦးလေးတောင် သိပ်မကြာခင်လေးကမှ ဝယ်ထားသေးတယ် သူက အဲ့ကားကို အရမ်း တန်ဖိုးထားတာ ဘယ်သူ့ကိုမှ အထိမခံဘူးကွ”
လုယုံရိသည် နောက်ထပ် သော့တစ်ချောင်းကို ကြည့်၍ ဆွံ့အသွားပြန်ကာ
“ဒါကြီးက ရွှေ့ချွမ်ဗီလာ သော့ကွ ဒီမှာကြည့် ရွှေ့ချွမ် ဆိုတဲ့ စာလုံးတွေ ကျန်းလော့ မင်းကို ဒါတွေဘယ်သူပေးတာလဲ ကွာ ဗီလာတစ်လုံး ကားတစ်စီးနဲ့ ဂိုးလ်ကတ်တဲ့ကွာ ”
(မီယမ်မာက တိုက်တစ်လုံးကားတစ်စီး ရွှေတစ်ဆယ်သားဆိုတာကို ကြားယောင်မိ အဟိ)
ကျန်းလော့၏ မျက်လုံးများသည် တောက်ပလင်းလက်နေပြီး သော့များကို ယူလိုက်ကာ ဂိုးလ်ကတ်ဖြင့် တဖျတ်ဖျတ် ယပ်ခတ်ရင်း ဟိုကြည့်သည်ကြည့် ကြည့်လိုက်သည်။ လုယုံရိက မေးသည်။
“ဒါတွေ ဘယ်သူပို့လိုက်တာလဲ အများကြီး တန်တာကွ”
“မင်း မမြင်လိုက်ဘူးလားကွာ အဲဒါ ကျီးကန်းတွေ ပို့လိုက်တာလေ”
ကျန်းလော့ကပြောသည်။ မည်သို့ပင် ထင်ပါစေ ကျန်းလော့ကတော့ ကျည်ဆံလာရာကို ကျီးကန်းများထံသို့သာ လွှဲချပစ်လိုက်တော့သည်။ ကောကျူသည် သူ့ဘေးမှ လူ၏ ပုခုံးပေါ်သို့ မှောက်၍ ငိုပစ်လိုက်ကာ
“ငါ့ကိုလည်း အိမ်တစ်လုံး ကားတစ်စီးနဲ့ ပိုက်ဆံတွေလာပေးမဲ့ ကျီးကန်း မရှိရတာလဲ”
လုယုံရိသည် ကျန်းလော့ပြောတာကို တစ်စက်ကလေးမှ မှားနေသည် မထင်မိပေ။ သူသည် ခေါင်း ကုတ်လိုက်ပြီး
“ငါမေ့တော့မလို့ အဲ့ထဲမှ လည်စည်းအနီရောင်တစ်ခုလဲ ပါသေးတယ်”
ကျန်းလော့သည် လည်စည်းကိုကြည့်၍ အနည်းငယ် စိတ်ပျက်စရာကောင်းသော လက်လုပ်လက်ရာတစ်ခု ဖြစ်ကြောင်း သိလိုက်ကာ ခေါင်းခါလိုက်ပြီး
“ဒါငါ့အတွက် မဟုတ်ဘူး”
အနီရောင်လည်စည်းပုဝါကို ကိုင်ထားသော လုယုံရိသည် အာလူးပူပူတစ်လုံး ကိုင်ထားရသလို ခံစားလိုက်ရပြီး ဘာလုပ်ရမှန်းမသိသောကြောင့် ခေါင်းကိုက်လာသည်။
“မင်းဟာမဟုတ်ရင် ဘယ်သူ့ဟာ ဖြစ်နိုင်လဲ”
ကျန်းလော့က ပြောသည်။
“မင်းအတွက် ရောက်လာတာ ဖြစ်နိုင်တယ်လေ”
တံခါးဆီမှ လူခေါ်ခေါင်းလောင်းသံကို ကြားလိုက်ရပြီး စိုင်လောင်အ တံခါးသွားဖွင့်ရန်အလုပ် ကျန်းလော့သည် တံခါးကို ကြည့်လိုက်ပြီး စိုင်လောင်အာကို ကျော်၍ သူက အရင်သွားဖွင့်လိုက်သည်။ တံခါးအပြင်ဘက်တွင် ပစ္စည်းပို့သူတစ်ယောက်ရှိနေပြီး မကြာခင်လေးမှပင် များစွာသော ပုံးများဖြင့် ဧည့်ခန်းတစ်ခုလုံး ပြည့်နှက်သွားသည်။
လုယုံရိ၏ ဧည့်ခန်းသည် အတော်အတန်ကျယ်ဝန်းသော်လည်း ဤသတ္တာကြီးများ ထည့်လိုက်သောအခါ ရုတ်တရက် ပြည့်ကျပ်သွားတော့သည်။ လူတိုင်းသည် စားပွဲနားတွင် ရပ်နေကြပြီး ပူနွေးနေသော ဖက်ထုပ်များကို အာရုံမပေးနိုင်စွာ ထမင်းတောင် မစားနိုင်တော့ဘဲ ဘူးများနားတွင် ထိုင်ချလိုက်ကြတော့သည်။
“ဒါတွေကရော ဘာတွေလဲကွ”
ပစ္စည်းပို့သမားသည် ကျန်းလော့ကို လက်မှတ်ထိုးပေးရန် တောင်းဆိုပြီး ထွက်သွားတော့သည်။ ကျန်းလော့သည် ပါကင်ဖောက်ဓားလေးကို ယူကာ ဘူးများကို စတင်ဖွင့်လိုက်သည်။ ပထမဆုံးဘူး တွင် လှပသေသပ်သော ခိုင်ခံ့သည့် အမျိုးသားဝတ် ဘောင်းဘီရှည်များ ထည့်ထားသည်။
ဘောင်းဘီရှည်များသည် စတိုင်မျိုးစုံ အရောင်မျိုးစုံဖြစ်နေပြီး အလုပ်သွားလျှင် ပေါ့ပေါ့ပါးပါး ဝတ်နိုင်သည့် ဘောင်းဘီများလည်း ပါသေးသည်။ နောက်ထပ် ပုံးနှစ်ပုံးသည်လည်း တစ်ထပ်ထဲပင် တစ်ပုံးမှာ အတွင်းခံများ ဖြစ်ပြီး နောက်တစ်ပုံးမှာ ဆောင်းရာသီတွင် အအေးဒဏ်ခံနိုင်ရန် ခြေအိတ်လက်အိတ်များနှင့် ဦးထုတ်များ မျက်နှာကာများ ဖြစ်ကြပြီး အားလုံးသည် နာမည်ကြီးဒီဇိုင်နာဘရန်းများ ဖြစ်ကြသည်။ ကောကျူ၏ မျက်လုံးများသည် အားကျမှုကြောင့် နီရဲနေပြီး သက်ပြင်းချလိုက်ကာ။
“အရမ်းမိုက်တဲ့ နှစ်သစ်ကူးနေ့ပဲကွာ ပစ္စည်းတစ်ခုလေးကတောင် ငါ့တစ်ကိုယ်လုံးထက် တန်ဖိုးရှိနေတယ်”
ကျန်းလော့သည် ပုံးများကို ဖွနေရင်း ဖုန်းတစ်လုံးကို တွေ့လိုက်သည်။ ဖုန်းသည်လည်း နောက်ဆုံးထွက်ဖြစ်ကာ သူဖွင့်ကြည့်လိုက်သောအခါ မရင်းနှီးသော ဖုန်းနံပါတ်တစ်ခုထဲကို တွေ့လိုက်ရသည်။
ယယ်ရွှင်ကပြောသည်။
“ဒါက မင်းကို ဒါတွေပို့လိုက်တဲ့လူရဲ့ နံပါတ်ဖြစ်နိုင်တယ် ဟုတ်တယ်မို့လား”
ဝမ်ယမ်လန်ကမေးသည်။
“ချီယုံလား”
ကျန်းလော့က ခေါင်းညိတ်၍
“ငါမှန်းကြည့်တာတော့ သူပဲထင်တယ်”
ကောကျူကပြောသည်။
“ဒါဆို မင်းဖုန်းခေါ်ပြီး မေးကြည့်မှာလား”
ကျန်းလော့သည် ဖုန်းကို ပွတ်၍ မတ်တပ်ရပ်လိုက်သည်။ သူသည် ဧည့်ခန်းမှ ပုံးသုံးပုံးကို ကြည့်လိုက်ပြီး သူ့လက်ထဲမှ သော့များကို ကြည့်လိုက်ပြန်ကာ ခေါင်းယမ်းလိုက်ပြီး
“ရန်မဖြစ်ချင်သေးဘူး”
ယယ်ရွှင်က ပြောသည်။
“ဘာလို့လဲ”
“အခုဆို သူက ငါ့ဖုန်းကို စောင့်နေလောက်ပြီ”
ကျန်းလော့သည် စနောက်လိုသော ဉာဉ်ဆိုးပေါ်လာပုံဖြင့် ပြုံးလိုက်ပြီး
“ပြီးတော့ ငါတုန့်ပြန်ဖို့ နှောင့်နှေးလေ သူ စိတ်မရှည်ဖြစ်လာလေပဲကွ အခု သူကငါ့ကို လိုက်နေတာဆိုတော့ ငါသူနဲ့ ပြန်တွဲချင်နေတဲ့ ပုံမပေါက်အောင် နေရမယ်လေ သူ့ကိုထပ်ပြီး မျှော်လင့်ချက်ပေးလို့ မဖြစ်ဘူး”
ကောကျူသည် ကျန်းလော့ပြောတာ မှန်သည်ဟု တွေးလိုက်ကာ
“ဒါဆို ငါတို့ ဒါတွေကို ယူထားမှာလား”
“အကုန်ယူထားလိုက်”
ကျန်းလော့သည် မဲ့ပြုံးဖြင့်
“ငါတို့ အကုန်ယူထားမယ် ပြီးမှ ခွဲယူကြတာပေါ့ ငါတို့ အသုံးလိုနိုင်မဲ့ဟာတွေ သိမ်းထားပြီး မလိုတာတွေကို မနက်ဖြန်ကျရင် လျော့ဈေးနဲ့ ရောင်းလိုက်ကြရအောင်လေ”
ကောကျူသည် ထိုပစ္စည်းများ သူ့ပိုင်ဆိုင်မှု မဟုတ်တာတောင် တော်တော် နှမြောနေပြီး
“ဒီလို ပစ္စည်းကောင်းတွေကို ဈေးနှိမ်ပြီး ရောင်းရမှာ စိတ်မကောင်းလိုက်တာ ဒါနဲ့လေ ချီယုံ စိတ်ဆိုးသွားရင်ရော”
ကျန်းလော့သည် လက်ဝေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“သူ့ကို အရမ်းစိတ်ဆိုးအောင်လုပ်လို့ ငါ့ကို မကြိုက်တော့လဲ ကောင်းတာပဲ”
သို့သော် ကောကျူပြောလာသည့် စကားသည် သူ့ကို တည့်တည့် ထိသွားစေသည်။ ကျန်းလော့သည် သူ့ကို ချီယုံစိတ်ဆိုးမှာကို စိတ်မပူပေ။ သို့သော် ဤပစ္စည်းများကို ဝယ်သွားမည့် သာမန်လူများကို ချီယုံအနိုင်ကျင့်မှာကိုတော့ စိတ်ပူသွားသည်။
“ဒါဆိုလည်း ဒီတိုင်းထားလိုက်ရအောင်ကွာ”
ကျန်းလော့သည် ပြောရင်း စားပွဲနားသို့ပြန်လာကာ
“ပြီးတော့ အရင်စားကြရအောင်”
ပျော်ရွှင်စွာ စားသောက်ပြီးနောက် သူတို့သည် အိမ်ထဲတွင် ညနက်သည်အထိ ဆော့ကစားနေကြသည်။ ဆယ်နာရီထိုးသောအခါ ခွမ့်ကျိန်းရောက်လာပြီး နှစ်သစ်ကူးပြီးသွားနောက် သူတို့အားလုံး အိပ်ရာဝင်ကြတော့သည်၊
ကျန်းလော့သည် ရေချိုးပြီးနောက် အိပ်ရာပေါ်တွင် လှဲနေကာ ချီယုံပို့လိုက်သော မိုဘိုင်းလ်ဖုန်းကို သူ့ဘေးတွင် ချထားသည်။ သူသည် ဖုန်းကို ဖွင့်ကြည့်ပြီး ဘာကို နှိပ်လို့နှိပ်ရမှန်း မသိဖြစ်နေချိန်တွင် စခရင်သည် ရုတ်တရက် လင်းလာပြီး ကျန်းလော့သည် porn website ထဲရောက်သွားသည်။
Website တွင် တိုက်ရိုက်လွှင့်နေသော ဗီဒီယို အတိုလေးများကို တွေ့ရသည်။ ဗီဒီယိုတော်တော်များများသည် ဆက်စီကျသော ကောင်မလေးများနှင့် ယောက်ျားတစ်ယောက်တို့ သာဖြစ်ကြသည်။ ကျန်းလော့သည် မည်းမှောင်နေသော မျက်နှာကြီးဖြင့် ပြန်ထွက်ဖို့ လုပ်သော်လည်း အနောက်တိုင်း ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်၏ ပုံကိုတွေ့လိုက်ရသည်။
ဝတ်စုံသည် အလွန်တောက်ပြောင်နေပြီး ပုံထဲတွင် အမျိုးသား၏ မျက်နှာတစ်ခြမ်းသည် တောက်ပလွန်း၍ ငွေရောင်အလင်းတန်းများပင် ဖြာထွက်နေသလိုဖြစ်နေပြီး အမျိုးသား၏ လည်ပင်းမှ ခါးအထိ ကြည့်နေရင်း အမျိုးသား၏ ဗိုက်ကို အကြည့်ရောက်သွားသည်။ ထပ်၍ ဆင်းကြည့်ရာ ငွေရောင်လက်စွပ်ဝတ်ထားသော ဆွဲဆောင်မှုရှိသည့် လက်ချောင်းရှည်များကို အကြည့်မလွှဲနိုင်တော့ပေ။
ခေါင်းအောက်မှစ၍ တစ်ကိုယ်လုံး လုံနေအောင်ဝတ်ထားပြီး တခြားသော အလွန်အကျွံ ဖော်ချွတ်နေသော တိုက်ရိုက်ဗီဒီယိုများသည် ဤတစ်ယောက်နှင့် လုံးဝ မယှဉ်နိုင်ပေ။ ကျန်းလော့သည် သူ့ကိုယ်သူ အမှားကြီးမှားနေပြီဖြစ်ကြောင်း လုံးဝ မတွေးမိပေ။ တိုက်ရိုက်လွှင့်နေသည့် ဗီဒီယိုထဲမှ လူသည် သူ့ကိုယ်သူ လုံနေအောင် ဝတ်စားထားသည်။
ထိုသူသည် မျက်နှာဖုံးတစ်ခု ဝတ်ထားပြီး အတန်ငယ်ကျယ်သော အနက်ရောင်ထိုင်ခုံတွင် ထိုင်နေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်တန်ဖိုးကြီးမှန်း သိနိုင်သော ဝတ်စုံကို ဝတ်ဆင်ထားကာ အမျိုးသားနှင့် ဝတ်စုံသည် မွေးထဲက ပါလာသလို အံဝင်ခွင်ကျ ကြည့်ကောင်းနေသည်။ ကာဗာပုံထဲကအတိုင်း မြင်ကွင်းသည် အမျိုးသား၏ ခန္ဓာကိုယ်ကိုသာ ဦးစားပေး ရိုက်ကူးထားပြီး ရင်ဘတ်အောက်ပိုင်းနှင့် ပေါင်တံရှည်များကို အသားပေးမြင်နေရသည်။ ထိုသို့ ဘာမှ မလုပ်ရသေးပဲ ထိုင်နေတာကိုပင် စောင့်ကြည့်နေသော လူများသည် အလွန်များပြားနေပြီး တိုက်ရိုက်ထုတ်လွှင့်နေသည့် မျက်နှာပြင်တွင် ကောမန့်များသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆက်တိုက်တက်နေသည်။
မျက်နှာပြင်တွင် ပေါလောပေါ်နေသော မှတ်ချက်များသည် ဆက်တိုက်တစ်ခုပြီး တစ်ခုတက်လာနေပြီး အလွန်မြန်သောကြောင့် ဗီဒီယိုထဲမှ လူကိုပင် မမြင်ရတော့ပေ။
ကျန်းလော့သည် ထိုလူများကြောင့် မကြည့်ချင်တော့ပေ။ သို့သော် ဤတစ်ယောက်ကျမှ အဘယ့်ကြောင့် ဤမျှ လူကြိုက်များနေသည်ကို သိချင်သောကြောင့် မှတ်ချက်များကို မြင်ကွင်းမှ ပိတ်ပစ်လိုက်ကာ ဆက်ကြည့်နေသည်။
ကျန်းလော့သည် ဤသို့ အရေမရအဖတ်မရ ထိုင်ပဲထိုင်နေတာကို လူတွေ ဘာကြောင့်ဝိုင်းအုံကြည့်နေကြမှန်း နားမလည်နိုင်ပေ။ သို့သော် လူတိုင်းသည် ထိုသူ၏ရင်လက်ကို ကြည့်ဖို့ လာခြင်းဖြစ်နိုင်သည်ဟု တွေးမိပြန်သည်။ ထိုလူ၏ တိုက်ရိုက်ဗီဒီယိုထဲတွင် သီချင်းဖွင့်ထားပြီး ထိုလူသည် ငွေရောင်လက်စွပ်ဝတ်ထားသော လက်ဖြင့် ပေါင်ကို သံစဉ်အလိုက်ပုတ်နေသည်။ သူ့လက်များသည် စန္ဒယားတီးနေသလို စီးချက်ညီညီ လှုပ်ရှားနေကြသည်။
ခဏကြာသောအခါ အချိန်ကျလာသည့်အတိုင်း ထိုလူ၏ လက်ချောင်းများသည် ဂရုမစိုက်စွာ အပေါ်ဘက်သို့ ရွေ့လျားလာသည်။ ပကတိအနက်ရောင် နက်ဆွေးနေသော ခါးတွင်ပတ်ထားသည့် သားရေခါးပတ်ပေါ်သို့ ရောက်သွားပြီး ခလုတ်နှိပ်လိုက်ကာ ခါးပတ်ချွတ်ပစ်လိုက်လေသည်။
ကျန်းလော့ "......"
ကျန်းလော့ "......."
ကျန်းလော့သည် အလန့်တကြား ထထိုင်လိုက်ပြီး ဖုန်းကို အိပ်ရာပေါ်သို့ နောက်ပြန်ပစ်ပေါက်လိုက်မိသွားသည်။
‘Fuck သောက်ကျိုးနည်း ဒီကောင်က ဒီတင်ဆက်သူက တိုက်ရိုက်လွှင့်နေတာကို ဘယ်လိုတောင်.. ဝါး ဘယ်လိုတောင် ချွတ်ပစ်ရတာတုန်း ’
‘ဘာဖြစ်ချင်နေတာတုန်း သူက’
ထို့နောက် ကျန်းလော့သည် သူကြည့်နေတာ porn website မှန်းသတိရသွားသည်။
“အိုး”
သူသည် အမူအယာမဲ့စွာ အတော်ကြာအောင် တောင့်တောင့်ကြီး ထိုင်နေပြီး နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ကာ ဖုန်းကို ပြန်ယူလိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ သူ porn website ထဲမှ ထွက်တော့မည်။
‘ဒါကြီးက ရိုင်းလွန်းတယ် ငါမကြည့်သင့်ဘူး မကြည့်ရဘူး လုံးဝကို မကြည့်သင့်တဲ့ဟာ’
ဖုန်းစခရင်ပေါ်တွင် တိုက်ရိုက်ဗီဒီယိုထဲမှ တင်ဆက်သူသည် ခါးပတ်ဖြုတ်ရုံမှ လွဲ၍ ဘာမှမချွတ်ထားပေ။ ကျန်းလော့သည် ထိုပုံကိုကြည့်၍ ဗီဒီယိုကို ကြည့်နေသော လူသန်းပေါင်းများစွာ အရေအတွက်ကို ပြန်ကြည့်ကာ ဤလူအရေအတွက်သည် မဖြစ်နိုင်ဟု တွေးလိုက်မိသည်။
မျက်နှာမပြသော တင်ဆက်သူ၏ အရှိန်အဝါ သည် အလွန်အားကောင်းပြီး သူ့ခေါင်းပေါ်တွင် အနက်ရောင်တိမ်တိုက် တစ်ခုရှိနေသည်။ ခန္ဓာကိုယ်သည်လည်း ဘုရားသခင်က အချိန်အတော်ပေးပြီး ဖန်ဆင်းပေးထားသည့်အတိုင်း မိမိုက်နေကာ သူ့အရှိန်အဝါကို တိုးလာစေနိုင်မည့် အဝတ်အစားတို့ကို ရွေးချယ်ဝတ်ဆင်တတ်သော ဖက်ရှင်အမြင်လည်း ရှိနေသေးသည်။ သူ့လှုပ်ရှားမှုတိုင်းသည် အလွန် အာရုံထွေပြားစေသည်။ သူ၏ သက်တောင့်သက်သာရှိသော လှုပ်ရှားမှုတိုင်းသည် အလွန်ဆွဲဆောင်နိုင်ပေသည်။ ထပ်ပြောရလျှင် ကြည့်ရှုနေကြမည့် လူတိုင်းသည် ဤလူ၏ မျက်နှာဖုံးအောက်မှ မျက်နှာသည် အလွန်ချောမောမည်ဖြစ်ကြောင်း သိနိုင်လေသည်။
မျက်နှာဖုံး ဝတ်ထားခြင်းသည် ကြည့်ရှုသူများကို ဆွဲဆောင်မည့် နည်းလမ်းတစ်ခု ဖြစ်နိုင်လေသည်။ လွှင့်ပျံနေသော မှတ်ချက်များကြောင့် တင်ဆက်သူ၏ ပုံရိပ်နှင့် ကျော်ကြားမှုများကို တိုးပွားလာစေသည်။ ကျန်းလော့သည် ဗီဒီယိုကို ဆက်ကြည့်နေရင်း တင်ဆက်သူသည် ပျင်းလွန်းလို့ ဇစ်ဆွဲချတာ ဤမျှနှေးကွေးနေသလား တွေးမိသွားသည်။ သူပြန်ကြည့်ကာမှ စ၍ ဇစ်ဆွဲချနေသောကြောင့် ဤသို့ တွေးမိသွားခြင်းဖြစ်သည်။
ကျန်းလော့သည် တင်ဆက်သူ၏ လက်ချောင်းများကို ကြည့်၍ အလွန်ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ကျန်းလော့၏ သံသယစိတ်သည် အလွန်မြင့်တက်လာကာ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်စိတ်မဝင်စားတော့ပဲ screenshot ရိုက်လိုက်သည်။ ထို့နောက် ဓာတ်ပုံကို အကျယ်ချဲ့ကြည့်လိုက်သည်။ ဓာတ်ပုံကို သေချာနီးနီးကပ်ကပ်ကြည့်ပြီးနောက် ကျန်းလော့သည် တိုက်ရိုက်ဗီဒီယိုကို ပြန်သွားကြည့်သည်။ ဗီဒီယိုပေါ်မှ ပေါလောပေါ်နေသော မှတ်ချက်များတွင် တချို့သော စာကြောင်းများသည် ဝါးနေပြီဖြစ်သော်လည်း အနည်းငယ်တော့ ဖတ်၍ရသေးသည်။
ကျန်းလော့သည် မှတ်ချက်များကို ဖတ်ပြီး စိတ်တိုလွန်းလို့ မိုက်ကနဲပင် ဖြစ်သွားသည်။ မရေမတွက်နိုင်သော မှတ်ချက်များသည် အကုန် တူညီစွာ ရေးထားသော စာကြောင်းများဖြစ်ပြီး တစ်ကြောင်းချင်းစီတွင် စာလုံး လေးလုံးထက်မပိုပေ။
သူဝင်လာပြီ
ဤကဲ့သို့ အလွန်လန့်စရာကောင်းသော အစီအစဉ်ကြောင့် ကျန်းလော့သည် သတိဝင်လာကာ တင်ဆက်သူ၏ နာမည်ကို ဖတ်ကြည့်ဖို့ သတိရသွားသည်။ ကျန်းလော့သည် ချီယုံတစ်ယောက် ဤကဲ့သို့ ကစားနည်းမျိုး ဆော့လာလိမ့်မည်ဟု စိတ်ပင်မကူးဖူးပေ။ သူ့မျက်နှာသည် မည်းမှောင်နေပြီး တိုက်ရိုက်ဗီဒီယိုဆီသို့ ဒေါသတကြီး သွားကြည့်တော့သည်။
‘အော် အော် မင်းက ငါ့ကို နေ့ဘက်မှာ အင်္ကျီတွေ ပိုက်ဆံတွေပို့တာ မင်းညကျ စိတ်ရူးပေါက်ပြီး ချွတ်ပြတာကို ထိုင်ကြည့်ဖို့ပေါ့လေ’
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ကြည့်ရှုသူများတွင် သူကလွဲပြီး လူအစစ်အမှန် တစ်ယောက်မှ ပါမည်မဟုတ်ပေ။ ၎င်းသည် သေချာပေါက် သူကြည့်ဖို့ သက်သက်လုပ်ထားပြီး သူသာလျှင် ကြည့်လို့ရမည်ဖြစ်သည်။
ကျန်းလော့သည် ဒိုင်ယာလော့ခ် အကွက်တွင် ဆဲဆိုသော စကားလုံးများ ရိုက်ထည့်ပြီးသော်လည်း ပို့ဖို့ နှိပ်မလို့ ရှိသေးသည် မည်းမှောင်နေသော မျက်နှာကြီးဖြင့် မှတ်ချက်ရေးသည့် နေရာမှ ပြန်ထွက်လာရသည်။ အဘယ့်ကြောင့်ဆိုသော် မကောင်းဆိုးဝါးတင်ဆက်သူသည် ပြင်းပြင်းပျပျ လှုပ်ရှားလာသောကြောင့် ဖြစ်သည်။
ကျန်းလော့သည် စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။ သူ့ဖုန်းသည် ဗိုင်းရပ်စ်ဝင်နေသလို ဘယ်လိုမှ ဤညစ်ညမ်းဝဘ်ဆိုဒ်ထဲမှ ထွက်မရသောကြောင့်ပင်။ ကျန်းလော့သည် သူ့ဖုန်းကို ခေါင်းအုပ်အောက်တွင် ဖိထားလိုက်သည်။ ထို့နောက် အိပ်ရန် အတင်း မျက်စိမှိတ်ပြီး ငြိမ်သက်နေလိုက်သည်။
သူသည် ခေါင်းအုံးပေါ်ရောက်သည်နှင့် အေးစိမ့်သော အထိအတွေ့ကို ခံစားလိုက်ရသောကြောင့် သူ့အသားများ မည်မျှ ပူလောင်နေမှန်း သတိထားမိသွားရသည်။ အခန်းထဲတွင် မီးများပိတ်ထားသည်။ ကျန်းလော့ ဖုန်းကို မကြည့်တော့ဘဲနေသည်ကို တစ်ဖက်မှ သိသွားသလိုပင် ဖုန်းထဲမှ ထွက်နေသော သီချင်းသံသည် ရုတ်တရက် ပိတ်သွားပြီး လူတစ်ယောက်၏ အမောတကော ညည်းညူသံနှင့် တဖတ်ဖတ် လှုပ်ရှားသံတို့ ပေါ်ထွက်လာသည်။
--သူတမင်တကာလာလုပ်နေတာ
မကောင်းဆိုးဝါးသည် တမင်တကာကို လိုတာထက်ပိုညည်းပြနေပြီး သူတစ်ယောက်ထဲသာ ထိုအသံကို ကြားရမှာ သေချာသည်။
ကျန်းလော့သည် ထိုအသံကို သူတစ်ယောက်သာ ကြားရမှန်း ကောင်းကောင်းသိနေကာ ထိုထန်နေသော မကောင်းဆိုးဝါး၏ ညည်းညူသံသည် သူ့ကို ပင်လယ်ပြင်ကို ပတ်လည်ဝိုင်းထားသော သဲများလို ရစ်ပတ်နေသည်။ ထိုညည်းညူသံနှင့် မောဟိုက်ဟိုက် အသက်ရှူသံတို့မှ တစ်ဆင့် မကောင်းဆိုးဝါးဘာလုပ်နေမှန်း ကျန်းလော့ သိနိုင်သည်။
နှိုးဆွခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ထိုးဖောက်လာသော ရမ္မက်များသည် အလုံးအရင်းဖြင့် ကျန်းလော့တစ်ကိုယ်လုံးကို ပျံ့နှံ့ကုန်သည်။ ကျန်းလော့နားအောက်မှ ခေါင်းအုံးအောက်မှ ဖုန်းထဲတွင် မကောင်းဆိုးဝါးသည် နဖူးမှ လည်ပင်းအထိ ချွေးပေါက်များ စီးကျနေပြီး သူ့မျက်ခုံးများသည် နက်မှောင်ပြီး လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပူလောင်သွားအောင် လုပ်နိုင်သလို ဆွဲဆောင်မှု ရှိနေစေသည်။
ကျန်းလော့သည် ခေါင်းအုံးအောက်မှ ဖုန်းကို ယူ၍ ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲပစ်လိုက်ရာ ဖုန်းသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး အသံတိတ်သွားသည်။ ကျန်းလော့၏ ခေါင်းတွင် ချွေးများ စီးကျနေကာ သူသည် ကွဲသွားသောဖုန်းကို စိတ်တိုစွာ ကြည့်လိုက်သည်။ သူ့ရင်ဘတ်သည် ဒေါသထွက်လွန်းသောကြောင့် အလွန်တုန်ခါနေပြီး မောက်မောက်တက်လာသည်။
“သောက်ရူး”
အံတင်းတင်းကြိတ်ပြီး ဆက်တိုက်ကျိန်ဆဲတော့သည်။
“သောက်နှာဘူးကောင်”
ခဏအတွင်းတွင် ချီယုံပို့လိုက်သော ဖုန်းသည် အသံမြည်လာပြန်သည်။ ကျန်းလော့သည် ဖုန်းကို သတိရှိစွာ ကြည့်လိုက်ပြီး သူ့မျက်လုံးများသည် အလွန်အန္တာရာယ်ရှိကြောင်း ဖော်ပြနေသော်လည်း ကျန်းလော့သည် ခဏစောင့်ပြီးနောက် ဖုန်းကိုင်၍ နားနားကပ်လိုက်သည်။
တစ်ဖက်မှ သူသည် စကားတစ်ခွန်းမှ မပြောဘဲ မောဟိုက်နေသော တူညီသောလူ၏ အသက်ရှူ ညည်းညူနေသံကို ကြားလိုက်ရသည်။
ကျန်းလော့သည် မျက်လုံးကို အားနေသော လက်တစ်ဖက်နှင့် အုပ်လိုက်ရင်း ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ပစ်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ ဆန့်ဆန့်ကြီး လှဲအိပ်လိုက်ကာ လက်ဖဝါးသည် မျက်နှာတစ်ခုလုံးကို စိတ်အိုက်စွာ ပွတ်သပ်၍ အုပ်ထားတော့သည်။
သူ့လက်ဖဝါးသည် မီးတောက်နေသလို ပူပြင်းနေပြီး ကျန်းလော့သည် ဝမ်းနည်းစွာပင် သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုကို သတိထားမိသည်။
သူတော့ မာနေပြီ။
မကောင်းဆိုးဝါး၏ သူ့အလုပ်သူ လုပ်နေသော အသံသည် သူ့နားထဲသို့ တောက်လျှောက်ဝင်နေသည်။ ကျန်းလော့သည် မျက်လုံးများ မှိတ်ပစ်လိုက်သော်လည်း မျက်ခွံများ တဆတ်ဆတ်တုန်နေကာ သူ့ဘယ်လက်သည် အောက်သို့ နှိမ့်ဆင်းသွားသည်။
သူ့အလှည့်ပြီးတော့မည့်အချိန်တွင် သူသည် မြန်မြန်လှုပ်ရှားလိုက်ပြီး စေးကပ်စွာ ထွက်လာသော လိုအင်ဆန္ဒများ ထွက်လာသည်နှင့် ရေချိုးခန်းသို့ အမြန်ပြေးတော့သည်။
နာရီဝက်ကြာသောအခါ ဖုန်းထပ်မြည်လာသည်။ ကျန်းလော့သည် ဒေါသတို့ကို မနည်း ဖိနှိပ်နေရပြီး နောက်တစ်ကြိမ် ဖုန်းထပ်ကိုင်လိုက်သည်။ သို့သော် သူဘာမှ ထေ့ငေါ့မပြောရသေးခင်မှာပင် တဖက်မှ တစ်ချိန်လုံး တိတ်ဆိတ်နေသောကြောင့် ဒေါသထွက်စွာ အော်ပစ်လိုက်မိသည်။
“သောက်ကျိုးနည်း မင်း ဘာဖြစ်ချင်နေလို့ ဘာတွေ လာလုပ်ပြနေတာတုန်း”
“မင်းပဲ ပြောကြည့်”
မကောင်းဆိုးဝါးသည် နောက်ဆုံးတွင် အသံနိမ့်နိမ့်ဖြင့် စကားပြောလာပြီး စိတ်ကျေနပ်မှု မရှိသေးသလို အသံဖြင့်ပြောလာသည်။
ကျန်းလော့သည် မယုံနိုင်စွာ အသံကို မြှင့်၍ ပြောလိုက်မိသည်။
“မင်း အဲဒါကို ထပ်လုပ်နေတာလား”
မကောင်းဆိုးဝါးက ပြောသည်။
“တစ်ခေါက်ထဲက အဆုံးသတ် မဟုတ်ဘူးလေ”
ကျန်းလော့သည် ထိုစကားကြောင့် လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။
‘သောက်ကျိုးနည်း ငါတောင်ပြီးသွားပြီကို မင်းက မပြီးသေးဘူးပေါ့လေ’
သူသည် အေးစက် တိတ်ဆိတ်သွားပြီး တစ်ဖက်တွင်လည်း တိတ်ဆိတ်နေသည်။ ကျန်းလော့သည် သူဘာကြောင့် ဖုန်းမချမိမှန်း မသိပေ။ ဖြစ်နိုင်သည်မှာ ဖုန်းချလဲ ဘာမှမထူးဘူးဆိုတာ သိနေကြောင့် ဖြစ်နိုင်ပြီး မကောင်းဆိုးဝါးသည် သူ့ကို ထပ်၍ ဖုန်းခေါ်လာနိုင်သည်ကို သိနေသောကြောင့် ဖြစ်နိုင်သည်။
သူသည် မျက်လုံးမှိတ်ထားလိုက်ပြီး အခုမှ ထုတ်လွှတ်ပြီးသောကြောင့် အနားယူလိုက်သည်။ ကျန်းလော့သည် မှေးခနဲဖြစ်သွားကာ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည်။ ရုတ်တရက် မကောင်းဆိုးဝါးက သူ့နာမည်ကို ခေါ်လိုက်သည်။
“ကျန်းလော့”
ကျန်းလော့သည် ချက်ချင်းနိုးလာပြီး မျက်လုံးဖွင့်လိုက်သည်။
“မင်းဘာတွေလုပ်နေတာလဲကွာ”
“ငါ မင်းနဲ့ လုပ်ချင်တယ်”
နောက်ထပ်ဖုန်းတစ်လုံး ကြမ်းပြင်ပေါ်တွင် ပေါက်ခွဲခံလိုက်ရပြန်သည်။
............
နောက်နေ့မနက်ခင်းတွင် ကိုယ်လက်ဆေးရန် ရေချိုးခန်းထဲ ဝင်လာသော ဝမ်ယမ်လန်သည် ပန်ဒါမျက်လုံးဖြင့် သွားတိုက်နေသော ကျန်းလော့ကို မြင်လိုက်ရသည်။
ဝမ်ယမ်လန်သည် အံ့ဩသွားကာ
“မင်း ဘာမှားနေတာလဲ မင်းကို ကြည့်ရတာ ကောင်းကောင်း မအိပ်ထားသလိုပဲရော”
ကျန်းလော့သည် သူ့ကို မျက်နှာသေဖြင့် လှည့်ကြည့်လိုက်သည်။ ဝမ်ယမ်လန်သည် မှန်းဆ၍ ပြောသည်။
“ချီယုံ့ဆီက ပစ္စည်းတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေတာလား မင်း သူပေးတာတွေ မယူချင်လို့လား ”
ကျန်းလော..။
“..... သူငါ့ကို တစ်ညလုံး သူ လက်လေ့ကျင့်ခန်းလုပ်တာကို ငါ့ကို နားထောင်ခိုင်းတယ်လေ”
ဝမ်ယမ်လန်သည် ရုတ်တရက် နားမလည်လိုက်ကာ
“ဘာကြီး”
ကျန်းလော့သည် ပင်ပန်းစွာ လက်ဝေ့ယမ်းပြလိုက်ပြီး စကားမပြောချင်စွာ ပလုတ်ကျင်းလိုက်သည်။ ဝမ်ယမ်လန်သည် သေချာကြည့်လိုက်ရာ သွားတိုက်တံတွင် သွေးစများပေနေသည်ကို မြင်လိုက်ရသည်။
‘လုံးဝကို အားလုံး မီးတောက်နေပြီဟ’
######