အပိုင်း (၁၄၀)
ကပ်ဘေးအဆုံးသတ်ဆီသို့
ယနေ့သည် ခမ်းနားလောက်အောင် နေသာသောနေ့ ဖြစ်သည်။ ကျန်းလော့သည် တံခါးရှေ့တွင် ခွေးခြေခုံထုတ်၍ လူအိုကြီးတစ်ယောက်လို ခုံနောက်မှီကို မှီကာ နေပူဆာလှုံနေသည်။ ကျန်းလော့၏ မျက်ဝန်းများသည် နေရောင်ကြောင့် ရွှေအိုရောင်သန်းနေကာ သူ့မျက်နှာတစ်ခုလုံး လင်းလက်နေသည်။
ဆံပင်အနက်ရောင်များကို နောက်တွင် စုစည်းထားပြီး နေရောင်ကြောင့် ရွှေအိုရောင်တို့ ရောင်ပြန်ဟပ်နေကာ တမျှင်စနှစ်မျှင်စ ကပိုကရိုကျနေသော ဆံနွယ်တို့သည် ရွှေကြိုးမျှဉ်များကဲ့သို့ တောက်ပလင်းလက်နေသည်။ အသက်ရှူသွင်းလိုက်တိုင်း ဆောင်းရာသီ၏ အငွေ့အသက် အေးစိမ့်သော လေများ အဆုတ်ထဲဝင်သွားသည်။ နှစ်တိုင်း ဒီလိုရာသီရောက်လျှင် အမြဲတမ်းခြောက်သွေ့အေးစက်နေတတ်ပြီး နှုတ်ခမ်းများသည် ခြောက်သွေ့ကာ အနည်းငယ် ကွဲသည် ။ မျက်နှာတွင်လည်း အရေခွံတချို့ကွာကာ အသားပတ်နေသည်။
ကျန်းလော့၏မျက်နှာသည် နေရောင်ခြည်တို့ ဖြာကျပြီး နွေးထွေးမှုကြောင့် အသားပတ်နေသော်လည်း အဆင်ပြေနေသည်။ သူသည် အနည်းငယ်ခြောက်သွေ့ အက်ကွဲနေသော နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်သည်။ သူသည် ခြောက်သွေ့နေသော နှုတ်ခမ်းနှင့် လည်ပင်းအတွက် ရေတစ်ခွက်ငှဲ့သောက်ဖို့တောင် မလှုပ်ချင်သောကြောင့် ဒီတိုင်း သည်းခံပြီး လျစ်လျူရှုထားလိုက်သည်။
နွေဦးအိပ်မက်ကို ပြန်တွေးရင်း ပျင်းရိစွာ သမ်းဝေလိုက်သည်။
နောက်ဆုံးတစ်ခေါက်တုန်းကထက် ပိုကောင်းသည့်ကိစ္စမှာ ယခုတစ်ကြိမ်တွင် ကိစ္စဝိစ္စများ ပြီးသွားသောအခါ သန့်ရှင်းရေးလုပ်ဖို့ မလိုတော့ခြင်း ဖြစ်သည်။ (ယူနိုး ကိစ္စဝိစ္စ ပါ့ပါ့ပါ့)
စိတ်ဖြင့် အတူနေခြင်း၏ ကောင်းသည့်အချက်မှာ ခန္ဓာကိုယ်ကို မညစ်ညမ်းစေခြင်းကို မဆိုလိုပေ။ ကျန်းလော့သည် သနားသလို တစ်ဝတ်တစ်ပြတ်ပြုံးလိုက်ပြီး မနေ့ညက သူတို့အိပ်မက်ထဲမှာ လုပ်ပြီးနောက် မကောင်းဆိုးဝါးက အလွန်ကောင်းနေခဲ့ပြီး ထူးဆန်းသည်မှာ ထိုမကောင်းဆိုးဝါးသည် ကျန်းလော့ကို သူ့ကို လှောင်ရယ်ခွင့်လုံးဝမပေးခဲ့ခြင်းက ကျန်းလော့ကို သနားစရာကောင်းသွားစေသည်။
အကယ်၍ မကောင်းဆိုးဝါးနှင့် အိပ်မက်နည်းလမ်းသာ အလုပ်ဖြစ်ခဲ့ပါလျှင် နေ့တိုင်းနေ့တိုင်း လောကကြီးကို လျစ်လျူရှု စိတ်ကုန်နေသလို ဟန်ဆောင်နေရမည်ဖို့ ဆုံးဖြတ်ထားသည်။ ခုနှစ်ရက်ကြာပြီးနောက် သူပြန်ကောင်းသွားလျှင် ဖြစ်သွားမည့် ချီယုံမျက်နှာကို ကြည့်ချင်သေးသည်။
ကျန်းလော့သည် သူဟန်ဆောင်နေသည်ကို သိသွားမည့် ချီယုံမျက်နှာကို မြင်ယောင်ပြီး မထိန်းချုပ်နိုင်တော့ဘဲ ဘောလုံးလိုကွေး၍ ပုခုံးများပင်လှုပ်နေအောင် ရယ်မောမိတော့သည်။ သို့သော် ရယ်နေရင်းမှာပင် သူအလွန်ပျင်းလာပြန်သည်။ မကောင်းဆိုးဝါး၏စကားများကို သူ့ပြန်ကြားယောင်မိသည်။
“ကိုယ် တကယ်ကို ကိုယ်တို့ချစ်သူတွေဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ဖို့ ပြင်းပြင်းပြပြ လိုချင်လာပြီ”
မကောင်းဆိုးဝါးသည် သူ့လက်ချောင်းများနှင့် ကျန်းလော့လက်ချောင်းများကို တင်းကျပ်စွာ တွယ်ဆက်ထားရင်း ပြင်းပြင်းထန်ထန် ထိုးသွင်းကာ ချွေးစို့၍ လှိုက်မောနေသော အသံဖြင့် နားနားကပ်ပြီးပြောခဲ့သည်။
“မင်းပြောတာမှန်တယ် ကိုယ်မင်းကို အခု အရမ်း ကြိုက်နေတယ် ”
“ကျန်းလော့ ကိုယ်မင်းကို သဘောကျတယ်”
သူဝန်ခံခဲ့သည်။
“ရှက်စရာကောင်းပါတယ်”
“အခုကစပြီး မင်းရဲ့ အရေပြားတစ်လက်မတိုင်း တစ်လက်မတိုင်းနဲ့ မင်းရဲ့ သွေးတစ်စက်ချင်းစီတိုင်း”
“အားလုံးက အခုကစပြီး ကိုယ့်အပိုင်ပဲ”
“ကျန်းလော့ မင်းက ကိုယ့်အပိုင်”
ဆောင်းရာသီ၏ နေရောင်ခြည်နွေးနွေးသည် လေထုထဲတွင် ရွှေမှုန်များ ကျဆင်းနေသလို တောက်ပနေသည်။ ကျန်းလော့သည် မနေ့ညက အတိတ်ကို ပြန်တွေးကြည့်ပြီး ကူကယ်ရာမဲ့စွာ စုတ်သပ်လိုက်သည်။
ကျန်းလော့သည် မနေ့ညတုန်းက သာယာမှုကြောင့် ချီယုံပြောခဲ့သည့် စကားနှင့်ပတ်သက်ပြီး ဘာမှပြန်မပြောခဲ့ရပေ။
‘မင်းအပိုင် ဟုတ်လား’
‘ဟမ့် အိပ်မက်မက်နေလိုက်’
ကျန်းလော့မျက်လုံးများသည် ပန်းအိုးများဆီသို့ အကြည့်ရောက်သွားပြန်ပြီး စိတ်ကတော့ ချီယုံသူ့ကို ကြွေဆင်းသွားသည့်ဆီသို့ ရောက်နေသည်။ သူသည် မျက်ခုံးတွန့်လိုက်ပြီး မျက်ခုံးကို လက်မဖြင့် ခြစ်လိုက်ကာ ရုတ်တရက် အနည်းငယ်လောက် စိတ်ရှုပ်ထွေးသွားသည်။
ချီယုံ သူ့ကို ကြိုက်ကြိုက် မကြိုုက်ကြိုက် ကျန်းလော့ကတော့ ကျန်သည့် ကလဲ့စားချေဖို့သုံးနည်း ကျန်သေးတာကြောင့် သေချာပေါက် သုံးခေါက်ပြန်သတ်ဖို့ ဆုံးဖြတ်လိုက်သည်။
မနက်ခင်းနေထွက်ချိန်သည် လျင်လျင်မြန်မြန် ကုန်သွားပြီး ဆယ်နာရီထိုးသောအခါ ကျန်းလော့ဆီသို့ တပည့်တချို့ ရောက်လာသည်။
“အစ်ကိုကြီး တာအိုဆရာတော်ကြီးက အစ်ကို့ကို ရှောင်ချန်ရေကန်ကို လာဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
မနေ့ကနှင့်ယှဉ်လျှင် ကျန်းလော့သည် ယနေ့တွင် အဝတ်စားလဲဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သူသည် သူ့ပစ္စည်းများကို ယူ၍ လာခေါ်သော တပည့်များနောက်လိုက်ပြီး ရှောင်ချန်ရေကန်ဆီသို့ ထွက်ခဲ့သည်။ သူရောက်သွားသောအခါ ရှောင်ချန်ရေကန်တွင် တာအိုဆရာတော် ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့သည် သူ့ကိုစောင့်နှင့်နေကြောင်း တွေ့လိုက်ရသည်။
ကျန်းလော့သည် သူတို့ကို နှုတ်ဆက်လိုက်သည်။
“ဆရာတော်ကြီး ကံကြမ္မာယုံသူ”
ကံကြမ္မာယုံသူသည် ပြုံး၍ ခေါင်းညိတ်ပြကာ
“ဒီနေ့တော့ မင်းဝိညာဉ်က သွက်လက်သန့်ရှင်းနေသားပဲ”
ကျန်းလော့သည် သိမ်မွေ့စွာ ပြုံးလိုက်၍
“ရေစင်ထဲစိမ်ပြီးထဲက ပိုပြီးနေလို့ကောင်းလာသလို ခံစားရတယ်ဗျ”
တာအိုဆရာတော်ဝေ့ဟယ်သည် မုတ်ဆိတ်ကို သပ်လိုက်ပြီး
“ရေစင်တော်ရဲ့ အကျိုးသက်ရောက်မှုက မနေ့ကလိုဖြစ်တာ ရှားပါးတယ် ဆိုပေမဲ့ အကျိုးသက်ရောက်မှုက အံ့မခန်းဖြစ်နေတုန်းပဲ”
ကျန်းလော့သည် ရေသစ်လဲထားသကဲ့သို့ သန့်စင်နေသော ရေများကို ကြည့်၍ ပျင်းရိမှုကို ဖိနှိပ်ကာ အဝတ်များကို ဖြည်းညင်းစွာ ချွတ်လိုက်သည်။ ထို့နောက် မရည်ရွယ်ပဲ မေးလိုက်သည်။
“ဆရာတော်ကြီး ကျွန်တော့်ဆရာ ဘယ်တော့လောက် ရောက်မလဲဗျ”
“ဒီနေ့ ဒါမှမဟုတ်ရင် မနက်ဖြန်လောက်တော့ ရောက်မယ်ထင်တယ်”
တာအိုဆရာတော်ဝေ့ဟယ်က ပြောသည်။
“မင်းဆရာက မင်းကို တော်တော်ဂရုစိုက်တာပဲ ပြောထားတဲ့ တစ်လတောင်မရှိသေးဘူး မင်းခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ ကောင်းကောင်း သန့်စင်သွားပြီလား သိချင်နေပြီ ဘာမှစိတ်ပူမနေနဲ့ မင်းက မနေ့ကမှ တောင်ပေါ်ရောက်တာပေမဲ့ ကျုပ်ကတိပေးတယ် နောက်ထပ်ငါးရက်ခြောက်ရက်အတွင်း မင်းလုံးဝ စိတ်ရောကိုယ်ရော သန့်ရှင်းသွားလိမ့်မယ် အဲ့ကျရင် မင်းသင်ချင်တာ အကုန်သင်လို့ရပြီ”
ကျန်းလော့သည် ပေါ့ပါးစွာ ပြုံးလိုက်သည်။
“ပညာရပ်တွေဆိုတာ အားလုံး အပိုတွေပါပဲ ကျွန်တော် အဲဒါတွေကို ထပ်ပြီး ဂရုမစိုက်တော့ပါဘူး”
တာအိုဆရာတော် ဝေ့ဟယ်သည် ကြောင်အသွားပြီး အထိတ်တလန့်ဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
“ဒါ ဒါ ဒါ မင်းမှာ တစ်ခုခုတော့ သင်ယူ ရဦးမယ်လေ..”
သူ့စကားဆုံးအောင် မပြောလိုက်နိုင်ခင် ကံကြမ္မာယုံသူသည် သူ့ကို ခေါင်းစောင်းကြည့်လိုက်ပြီး အနည်းငယ် မာနေသော အသံဖြင့်
“လျန်အောဝ်း”
တာအိုဆရာတော်ဝေ့ဟယ်သည် ချက်ချင်းပါးစပ်ပိတ်သွားကာ ကံကြမ္မာယုံသူက ပြောလိုက်သည်။
“မင်းရဲ့ တူတွေကို သွားကြည့်လိုက်ပါဦး”
တာအိုဆရာတော် ဝေ့ဟယ်သည် အနည်းငယ် စကားဆက်ပြောချင်နေပုံရသော်လည်း ကျန်းလော့ကိုကြည့်ပြီး ကံကြမ္မာယုံသူကို ကြည့်၍ နောက်ဆုံးတွင် မသက်မသာပြုံး၍
“ကံကြမ္မာယုံသူပြောတာ မှန်ပါတယ် ကျုပ်တူ လျန်ပင်းကလည်း ဒဏ်ရာပြင်းတယ်ဆိုတော့ သူ့ကို သွားစစ်ပေးလိုက်ပါဦးမယ် မင်းတို့ဆက်လုပ်ကြပါဦး”
သူသည် ပြောပြီးသည်နှင့် အလျင်စလိုထွက်သွားသည်။ ကျန်းလော့သည် ထိုနှစ်ယောက်ကိုကြည့်ပြီး ဘာတွေအကွက်ရွှေ့နေပြန်ပြီလဲဆိုတာ သိချင်လာပြီး အေးစက်စွာ မေးလိုက်သည်။
“ခင်ဗျားကို ကြည့်ရတာ ငယ်တဲ့ပုံပဲကို ဘာလို့ အကြီးတစ်ယောက်က မင်းကို ကြောက်နေသလို ဖြစ်နေရတာလဲ”
ကောင်းကင်သခင်ကြီးသည် သူ့ကို အလွန်လေးစားစွာ ဆက်ဆံပြီး တာအိုဆရာတော်ဝေ့ဟယ်ကိုတောင် ငယ်နာမည်ခေါ်ရဲသည်။
‘ကံကြမ္မာယုံသူက မူရင်းစာအုပ်ထဲပါလို့လား’
ကံကြမ္မာယုံသူ၏ မျက်နှာပေါ်မှ အပြုံးပျောက်သွားကာ
“ကျုပ်က ငယ်နေတဲ့ပုံပေါ်နေလို့်လား”
ကျန်းလော့သည် ရိုးသားစွာ ခေါင်းညိတ်လိုက်ပြီး
“ကျွန်တော်နဲ့ အသက်တူတူလောက်လိုပဲ”
“ကျုပ်က မငယ်တော့ဘူး”
ကံကြမ္မာယုံသူသည် ခေါင်းယမ်း၍ ရယ်မောလိုက်ကာ
“ကဲ ရေထဲဝင်တော့ အအေးမမိစေနဲ့”
ရေထဲမဆင်းခင် ကျန်းလော့သည် သူ့အိတ်ကပ်ထဲမှ နားဆွဲကို သတိရသွားသော်လည်း စက္ကန့်အနည်းငယ်လောက် တွေဝေနေကာ နားဆွဲကို မပန်တော့ဖို့ ဆုံးဖြတ်လိုက်ကာ နားဆွဲများကို အချိန်မှီသုံးနိုင်ရန် အလွယ်တကူ ယူနိုင်မည့် ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားလိုက်သည်။
ရှောင်ချန်ရေကန်ထဲမှရေသည် နွေးထွေးပြီးသက်တောင့်သက်သာ ဖြစ်နေဆဲ ဖြစ်သော်လည်း မနေ့ကနဲ့ တစ်ခုခုမတူတော့သလို ခံစားရသည်။ ကျန်းလော့ ရေထဲတွင် ဝင်ရပ်လိုက်သည်နှင့် သူ့ပတ်ပတ်လည်မှ စပြီး ရေများမည်းနက်သွားကာ ရေကန်တစ်ခုလုံးမည်းနက်သွားဖို့ အချိန်ခဏသာ ကြာလိုက်သည်။ ရေများ နက်သွားသော အရှိန်သည် မနေ့ကထက် နှစ်ဆလောက် မြန်သည်။
‘ချီယုံ ဒီကောင်ကတော့ အခုထိ တော်တော် အသုံးဝင်နေတုန်းပဲ’
ကံကြမ္မာယုံသူသည် ရေကန်ထဲကို ကြည့်လိုက်ကာ အံ့ဩသွားပြီး မျက်မှောင်ကုတ်၍ ရေကန်ထဲသို့ သွေးတစ်စက်ချလိုက်သည်။ ရေကန်ထဲက ရေများသည် ချက်ချင်း လူးလွန့်သွားကာ ရေသန့်များအဖြစ် ပြောင်းလဲ ကြည်လင်သွားကာ ရေနက်များနှင့် တစ်ဝက်ဆီနေရာယူပြီး နယ်မြေလုသလို တိုက်ခိုက်ကြတော့သည်။
ကျန်းလော့၏ သံသယများသည် အတည်ပြုပြီးသားဖြစ်သွားသည်။ သူ ချီယုံ့အကြောင်း တွေးနေသ၍ ရေနက်များက အရေးသာနေမည်ဖြစ်သည်။
သူ့စိတ်သည် မနေ့ညကအိပ်မက်ထဲသို့ ရွက်လွင့်သွားပြန်ကာ ရေအောက်မှ ခြေချောင်းများကုတ်သွားပြီး လက်ချောင်းများ အားလိုအားမရ ကွေးလိုက်ဆန့်လိုက် ဖြစ်သွားသည်။ ကျန်းလော့သည် သူ့နောက်ကျောကို မမြင်ရသော တစ္ဆေတစ်ကောင် နမ်းနေသလိုခံစားရကာ ရေပူပူထဲတွင် စိတ်ကြွလာပြီး သာယာမှုတစ်ခုသည် အရှိန်အဟုန်ဖြင့် ထိုးတက်လာပြီး ရေအောက်မှ လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်။
သို့သော် ကျန်းလော့မျက်လုံးဖွင့်ကြည့်လိုက်သော အခါ မနေ့ညကအကြောင်းတွေးလိုက်မိသည်နှင့် ညီမျှနေသော ရေကြည်များနှင့် ရေနက်များသည် ချက်ချင်းပြိုကွဲသွားပြီး ရေနက်များက အကုန်ဝါးမြိုပစ်တော့မလို များပြားလာသည်ကို တွေ့လိုက်ရသည်။
ကျန်းလော့ “.................”
ကျန်းလော့သည် နှစ်ခေါက်လောက် ချောင်းဆိုးလိုက်ပြီး မြန်မြန်အတွေးရပ်လိုက်သည်။ ထို့နောက် ရေနက်များသည် ပြန်ပြီး တည်ငြိမ်သွားသည်။
ကံကြမ္မာယုံသူသည် သူ့ကိုယ်သူပြောနေသည်။
“ထူးဆန်းလိုက်တာ ညစ်ညမ်းတာက မနေ့ကထက်ပိုဆိုးနေပါလား”
သူပြောပြီးသည်နှင့် ကျန်းလာ့ကို ထပ်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ထူးဆန်းစွာ တောက်ပနေသည်။ သို့သော် သူ့ကိုတော့ ဘာမှမပြောလာပေ။
ကျန်းလော့သည် ထိုအကြည့်ကို မမြင်သလို ဟန်ဆောင်၍ ရေဆက်စိမ်နေသည်။
တစ်နာရီသည် အလွန်ကြာမြင့်သလို ကုန်သွားပြီး ကျန်းလော့၏ သတိကပ်နေမှုသည် တဖြည်းဖြည်းလျော့ကျလာကာ မျက်လုံးများမှိတ်ပြီး အနားယူနေလိုက်သည်။ သူသည် အိပ်ပျော်တော့မလို မှေးခနဲ ဖြစ်သွားချိန်တွင် ကံကြမ္မာယုံသူသည် ရုတ်တရက် သူ့ကို နှိုးလိုက်သည်။
“ကျန်းလော့”
ကျန်းလော့သည် မျက်တောင် တဖျတ်ဖျတ်ခတ်၍ နှေးကွေးစွာ မျက်လုံးဖွင့်လိုက်သည်။ ကံကြမ္မာယုံသူသည် ရေထဲမှ ထွက်၍ ကျန်းလော့ရှေ့ မြူထူထူများ ကြားတွင် ရပ်နေသည်။ ကျန်းလော့သည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
နှင်းစက်များသည် ကျန်းလော့နဖူးပေါ်တွင် အရည်ပျော်ပြီး စီးကျနေကာ ကျန်းလော့မျက်နှာကို စိုရွှဲနေစေပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများသည် ရွှန်းလက်နေသည်။ ကံကြမ္မာယုံသူသည် သူ့ကို စိုက်ကြည့်နေပုံပေါ်ကာ သူ့မျက်ဆံများသည် တကယ့်ကို နှင်းထုတစ်လွှာဖုံးထားသလို ဖြူဖွေးနေပြီး ထိုမျက်လုံးများသည် ပြုံးနေပါသော်လည်း လူသားတစ်ဦးနှင့် မတူစွာ အေးစက်ပြီး ကြောက်စရာကောင်းနေသည်။
ကံကြမ္မာယုံသူ၏ ဆံပင်ဖွေးဖွေးများသည် သူ့နောက်ကျောတွင် ရေတံခွန်မှရေများကဲ့သို့ ဖြာကျနေပြီး ဆံမျှင်နှစ်မျှင်သည် မျက်နှာရှေ့တွင် ကျဆင်းနေသည်။ သူ့မျက်နှာသည် ထုတ်ပြောမိလောက်အောင် ခန့်ညားနေကာ ထာဝရရှင်သန်သူနတ်တစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသည်နှင့်တူနေသည်။
“ဇာတ်လမ်းတစ်ပုဒ်လောက် နားထောင်ကြည့်ချင်လား”
သူသည် နွေးထွေးသော အသံဖြင့် မေးလိုက်သည်။
ကျန်းလော့၏ ပျင်းရိလွန်းသောကြောင့် အလုပ်မလုပ်တော့သော ဦးနှောက်လေးသည် ပူနွေးလာကာ ခေါင်းညိတ်ပြလိုက်သည်။
“ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျုပ် ရွှမ်ရွှီလောကအတွက် နတ်ဘုရားပင့်ဖိတ်ပြီး အနာဂတ်ဟောခဲ့ဖူးတယ်”
ကံကြမ္မာယုံသူသည် ဇာတ်လမ်းသည် သူနှင့်မသက်ဆိုင်သလို ပုံမှန်သံနေသံထားဖြင့် ပြောနေသည်။
“ပြီးတော့ ကျုပ်ပင့်ဖိတ်မေးမြန်းခဲ့တဲ့ နတ်ဘုရားက ကျုပ်ကို သတင်းပေးသွားခဲ့တယ် ရွှမ်ရွှီလောကြီးက သာယာဝပြောပြီး ငြိမ်းချမ်းနေရာကနေ အစအနမကျန်အောင် ပျက်သုန်းသွားမဲ့အပြင် ရွှမ်ရွှီပညာလဲ ဒီလောကကြီးထဲကနေ မျိုးတုံးပျောက်ကွယ်သွားလိမ့်မယ်လို့ ဟောပြောခဲ့တယ်”
“ရွှမ်ရွှီလောကကြီးတစ်ခုလုံး လူတစ်ယောက်ရဲ့ လက်ထဲမှာ အစအနမကျန်အောင် ပျက်ဆီးသွားလိမ့်မယ်”
သူသည် မထိန်းချုပ်နိုင်သလို ပြုံးလိုက်ပြီး
“ဘယ်လိုလဲ ယုံချင်စရာမရှိဘူးမလား”
“ဒါပေမဲ့ တကယ်ကို အဲ့လို ဟောကိန်းထွက်လာတာပဲ”
ကံကြမ္မာယုံသူ၏ အမူအယာသည် ပေါ့ပါးလာသည်။
“မရေမတွက်နိုင်တဲ့သူတွေက ရွှမ်ရွှီလောကကြီးရဲ့ အနာဂတ်အတွက် ကြိုးပမ်းပေးခဲ့ကြပေမဲ့ ကျုပ်တို့ ရှောင်ရှားလို့မရနိုင်တဲ့ ကပ်ဘေးတွေကတော့ ရှိနေတုန်းပဲ”
ကံကြမ္မာယုံကြည်သူသည် ရုတ်တရက် အနားကပ်လာပြီး ကျန်းလာ့မျက်နှာဘေးကို ပွတ်သပ်လိုက်သည်။ နှင်းပွင့်များ ထိလိုက်သလိုမျိုးခံစားလိုက်ရပြီး သူ့ဘောင်းဘီထဲမှ နားဆွဲများသည် ညင်သာစွာ လှုပ်ရှားသွားကာ ကျန်းလော့၏ စိတ်သည် တစ်ဝက်လောက် ရှင်းလင်းခံလိုက်ရသလို ဖြစ်သွားသည်။
ကံကြမ္မာယုံသူသည် သူ့ကို ကြင်နာစွာကြည့်၍ တီးတိုးပြောလိုက်သည်။
“ဒီတစ်လောကလုံးမှာ မင်းတစ်ယောက်ထဲကပဲ မင်းတစ်ယောက်ထဲကပဲ ဒီကပ်ဘေးကြီးကို တားဆီးနိုင်လိမ့်မယ်”
“ကျုပ်မတားနိုင်ဘူး မင်းရဲ့ဆရာလည်း မတားနိုင်သလို တခြားဘယ်သူကမှ တားနိုင်မှာ မဟုတ်ဘူး ”
သူသည် ပြောနေရင်း သက်ပြင်းချလိုက်ပြီး ကျန်းလော့နှုတ်ခမ်းပေါ်မှ ရေစက်များကို ညင်သာစွာ သုတ်ပေးလို်ကသည်။
“မင်းတစ်ယောက်ပဲ လုပ်နိုင်မှာ မင်းတစ်ယောက်ထဲကပဲ သူ့ကို သတ်နိုင်မှာ”
သူ့စကားလုံးမျာသည် အိပ်မွေ့ချပြီး လုပ်ကိုလုပ်ရမည်ဟူ၍ စိတ်ညှို့ ခိုင်းစေနေသည့်အလား
“ရွှမ်ရွှီလောကကြီးအတွက်၊ မင်းကို အရမ်းဂရုစိုက်တဲ့ မင်းရဲ့ဆရာအတွက်၊ မင်းသူငယ်ချင်းတွေအတွက် မင်းသေချာပေါက် ဒီကပ်ဘေးကြီးကို အဆုံးသတ်ပေးရမယ် နားလည်လား”
#####