Ch 139
Viewers 8k

အပိုင်း (၁၃၉) 


မိုက်တယ်ဟ 

ကျန်းလော့စာရေးလို့ ပြီးသွားသောအခါ သူသည် မသိမသာ ပြုံးလိုက်ပြီး အရင်ကနှင့် မတူတော့သည့် တခြားလူတစ်ယောက်ဖြစ်သွားသလို ပြောလိုက်သည်။ 

“ဒီစိတ်ဆန္ဒက မညစ်ပတ်လွန်းဘူးလား” 

“ဂျွတ်” 

စာသင်တုတ်သည် လက်အိတ်ဝတ်ထားသော လက်၏ ဆုပ်ကိုင်မှုကြောင့် ဂျွတ်ခနဲ ထက်ပိုင်းကျိုးသွားသည်။ ငယ်ရွယ်ချောမောသော ဆရာ၏ နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားပြီး တဖြည်းဖြည်း မျက်နှာသေကြီး ဖြစ်လာသည်။ စာသင်ခန်းထဲတွင် ဖိအားတစ်ခု လွှမ်းမိုးသွားသည်။ 

ကျန်းလော့၏ ပုံစံသည် အေးအေးဆေးဆေးဖြစ်နေကာ သူ့မျက်လုံးများသည် ထက်ရှလာပြီးပြုံးနေပုံပေါ်သည်။ အခုအချိန်တွင် ထိုမျက်လုံးများသည် တဖြည်းဖြည်း ပို၍ အေးစက်လာကာ ကမ္ဘာပေါ်မှ လူများနှင့် အလှမ်းကွာနေသော နတ်ဘုရားတစ်ပါးဖြစ်နေသလိုပင် တည်ငြိမ်နေသည်။ 

ချီယုံသည် ထက်ရှစွာ ရယ်လိုက်ပြီး 

“ညစ်ပတ်တယ်တဲ့လား” 

အရယ်ရပ်လိုက်ပြီး ခက်ထန်သောအသံဖြင့် ထပ်ပြောလိုက်သည်။ 

“ညစ်ပတ်တယ်တဲ့လား”

ကျန်းတော့နှလုံးသားသည် ပျော်လွန်းလို့ ပေါက်ထွက်တော့မလိုတောင် ခံစားရသည်။ 

‘အွန်း အွန်း မင်းက ညစ်ပတ်တယ် သေလောက်အောင် ညစ်ပတ်တယ်’ 

မကောင်းဆိုးဝါးသည် ကျန်းလော့ကို သူ့ခေါင်းပေါ်မှာ တိမ်မည်းကြီးအုပ်နေသလို ကြည့်၍ လက်ထဲတွင် ကျန်နေသော စာသင်တုတ်တစ်ပိုင်းဖြင့် ကျောက်သင်ပုန်းကို တုတ်နဲ့ပုတ်လိုက်ပြီး 

“သနားစရာကောင်းလိုက်တဲ့ ကျန်းလော့လေး မင်းအခုချိန်ထိ အဖြေမမှန်သေးဘူးပဲ” 

ကျန်းလော့သည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ 

ချီယုံက ပြောသည်။ 

“မင်းဘယ်လိုဖြစ်လို့ ‘အချစ်ကိစ္စလုပ်တာ’လို့ ကြမ်းကြမ်းတမ်းတမ်းကြီး ပြောနိုင်ရတာလဲ ဒီဆရာက အိပ်ရာဝင်ဖို့ပဲ ပြောခဲ့တာပါ” 

ကျန်းလော့၏ ပါးစပ်လေးသည် မကောင်းဆိုးဝါးကို ဆွပေးနိုင်ရန် ဖန်ဆင်းထားသလား အောက်မေ့ရသည်။ သူသည် ကံကြမ္မာယုံသူ၏ တလောကလုံးကို စိတ်မဝင်စားသည့် ပုံစံကို တုပ၍ အားကိုးရာမဲ့စွာ ပြောလိုက်သည်။ 

“ဆရာ အိပ်ရာဝင်တာဖြစ်ဖြစ် လိင်ကိစ္စလုပ်တာဖြစ်ဖြစ် အတူတူပဲလေ” 

“မင်းသာ အဲ့အကြောင်းကို များများပြောနေရင် မင်းကို ပိုပြီး ညစ်ညမ်းလာစေတော့မှာပဲ” 

သူပြောပြီးသွားပြီးနောက် ကျန်းလော့သည် စင်အောက်သို့ ဆင်းဖို့လုပ်လိုက်သည်။ သို့သော် ရုတ်တရက် သူ့ကို ကြမ်းတမ်းစွာဖြင့် ကျောက်သင်ပုန်းပေါ်သို့ ဆွဲကပ်ခြင်းကို ခံလိုက်ရသည်။ 

သူ့ပါးပြင်သည် ကျောက်သင်ပုန်းနှင့် ကြမ်းတမ်းစွာ ပွတ်တိုက်မိသွားပြီး မြေဖြူမှုန့်များ ပေလူးသွားသည်။ 

သူ့လက်များကို နောက်ဘက်တွင် ချုပ်ထားခံရပြီး မကောင်းဆိုးဝါးသည် သူ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ 

“မင်းကို အခွင့်ရေးနှစ်ခုပေးခဲ့တယ် ဒါတောင် မင်းကအဖြေမှားနေတုန်းပဲ ကျောင်းသားကျန်းလော့ မင်းကတော့ မင်းဆရာကို စိတ်ပျက်စေမိသွားပြီပဲ” 

“ဒီဆရာက မင်းကို အပြစ်ပေးမှရတော့မယ် ဒါမှ နောက်ဆို စကားနားထောင်ရမှန်းသိမှာ” 

ကျန်းလော့မျက်လုံးများတောက်ပသွားသည်။ 

‘ဘယ်လိုအပြစ်မျိုးလဲ’ 

“ဆရာ” 

ချီယုံ့ဒေါသကို နားမလည်နိုင်သလို သူသည် သက်ပြင်းချလိုက်ပြီး 

“ဆရာတစ်ယောက်ဖြစ်ပြီး တပည့်တစ်ယောက်ကို ဘယ်လိုဆက်ဆံနိုင်ရတာလဲ” 

သူသည် ရုန်းဖို့တောင် မကြိုးစားပေ။ သို့သော် သူထိုသို့ လုပ်လေလေ မကောင်းဆိုးဝါး၏ စိတ်ထဲတွင် မီးတောက်လာလေလေ ဖြစ်နေသည်။ ကျန်းလော့သည် ထိုသည်ကို သေချာသိသော်လည်း တမင်တကာ မသိချင်ယောင်ဆောင်၍ မျက်နှာလွှဲကာ ခါးသီးစွာ ပြောလိုက်သည်။ 

“ဆရာ ဒီလိုလုပ်နေတာက မဟုတ်သေးဘူးနော်” 

သူ့ပါးစပ်ကသာ မဟုတ်သေးဘူး ပြောနေသော်လည်း သူ့မျက်လုံးများကတော့ ဖြားယောင်းသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ ပထမအကြည့်သည် ခံစားချက်မဲ့သည့်လူ၏ အကြည့်ဖြစ်ကာ ဒုတိယမြောက် အကြည့်သည် လူသတ်ချင်နေသော တဏှာရမ္မက်ကြီးသော သရဲတစ်ကောင်၏ အကြည့်မျိုးဖြစ်သည်။ 

ချီယုံသည် ဗိုက်ထဲတွင် လိပ်ပြာများ ပျံသန်းနေသလို ခံစားနေရပြီး မကောင်းဆိုးဝါးသည် ခေါင်းငုံ့၍ ကျန်းလော့လက်ကို ကြည့်လိုက်သည်။ 

“ကျွန်တော် တောင်းပန်ပါတယ်”

ကျန်းလော့သည် ပေါ့ပါးစွာ ပြောလိုက်သည်။ 

“ကျွန်တော့်လက်တွေ ခင်ဗျားကြောင့်နာနေပြီဗျ” 

လက်ကောက်ဝတ်များတွင် အရာများထင်နေပြီဖြစ်သောကြောင့် သေချာပေါက် နာကျင်နေမည်ဖြစ်သည်။ လက်ချောင်းများသည်ပင် သွေးများစုလာကာ နီရဲနေပြီး နှင်းဆီပွင့်ဖက်များ ကြိတ်ချေထားသလိုဖြစ်နေသည်။ မကောင်းဆိုးဝါး၏ ရန်လိုမှုနှင့် ဒေါသသည် နှစ်ပိုင်းကွဲသွားသည်။ ယခုဖြစ်သော ကျန်းလော့ပုံစံကိုကြည့်ပြီး ဒေါသပုန်ထနေခြင်းက တစ်ပိုင်း ကျန်းလော့ကြောင့် ရန်စခံလိုက်ရသော အတွင်းမီးတောက်ကတစ်ပိုင်း ကွဲထွက်သွားသည်။ 

သို့သော် ထိုခံစားချက်များကို အမည်တပ်နေရမည်ထက် ကျန်းလော့ကို ယခင်တုန်းက ပုံမှန်အခြေအနေကို ပြန်ရောက်စေချင်ကာ ကျန်းလော့ကို ဖိအားပေးချင်မှုက ပိုနေသည်။ 

ကျန်းလော့သည် မရုန်းကန်သလို ဒေါသလဲ မထွက်ပေ။ ချီယုံ သူ့ကို ကွဲကြေသွားအောင် လုပ်လိုက်လျှင်တောင် မခုခံနိုင်သည့် အားနည်းနေသလို ဖြစ်နေသည်။ 

ချီယုံသည် အဘယ့်ကြောင့် ဒေါသထွက်ထွက်လာမှန်း သူ့ကိုယ်သူ နားမလည်ပေ။ ကျန်းလော့ ထျန်ပိရေကန်ထဲသို့ အနစ်ခံလိုက်ရပြီး အကုသိုလ်ဝဋ်ကြွေးများ ဆေးကြောခံလိုက်ရသည်ကို ကြားပြီးနောက် သူ့စိတ်အစုံသည် မတည်ငြိမ်တော့ပဲ အမှောင်ချောက်နက် အစွန်အဖျားမှာ ရပ်နေရသလို ခံစားခဲ့ရသည်။ ချီယုံသည် ကျန်းလော့ကို ကြည့်နေသည်။ 

ဆံပင်အနက်နှင့် လူငယ်လေး၏ နှလုံးသားသည် အလွန်တည်ငြိမ်နေကာ သူ့မျက်နှာတွင် မည်သည့် အမူအယာကိုမှ ဖတ်လို့မရပေ။ 

အတိတ်တုန်းက ကျန်းလော့ငြိမ်းချမ်းနေပုံနှင့် မတူသော ငြိမ်းချမ်းနေမှုမျိုး ဖြစ်ကာ သူ့ပုံစံသည် သေခြင်းရှင်ခြင်း ဘာကိုမှဂရုမစိုက်ပဲ မည်သည့် လိုအင်ဆန္ဒများမှ မရှိသည့်ပုံမျိုး ဖြစ်နေသည်။ 

‘မင်းဒီလိုမျိုး ဖြစ်နေတာကို ငါကြည့်မနေနိုင်ဘူး’ 

‘စိတ်ဆန္ဒမရှိဘူး လိုချင်တာ မရှိဘူး ဟုတ်လား’ 

“ဒါဆိုလဲ ငါ မင်းရဲ့လိုအင်ဆန္ဒတွေ မွေးဖွားလာအောင် လုပ်ပေးမယ်” 

“ညစ်ပတ်တယ်လို့ ခံစားရတယ်မလား” 

‘ဒါဆို မင်းကို ပိုပြီးညစ်ညမ်းအောင် လုပ်ပေးမယ်’ 

သူသည် အရင်တုန်းက ကျန်းလော့ဖြစ်အောင် ဘာလုပ်ရလုပ်ရ ရအောင် ပြန်လုပ်ဖို့ ဆုံးဖြတ်ထားသည်။ 

“ညစ်ပတ်တာလား” 

မကောင်းဆိုးဝါးသည် ရုတ်တရက် ရယ်မောလိုက်ပြီး 

“ဘယ်သူက ညစ်ပတ်တာလဲ” 

ဆံပင်အနက်နှင့် လူငယ်လေးသည် သူချုပ်ထားသည့်ကြားမှ မကြောက်မရွံ့ သူ့ကို စိတ်မဝင်စားသလို ပေါ့ပျက်ပျက်ပြောလာသည်။ 

“မင်းလေ” 

“ကိုယ်လား အာ...” 

မကောင်းဆိုးဝါးသည် အဓိပ္ပာယ်ဖော်မရစွာ ပြုံးလိုက်ပြီး အံဩသွားသည့် ပုံစံဖြင့် 

“ဒီတော့ ညစ်ပတ်တဲ့ တစ်ယောက်က ကိုယ်လို့ ပြောတာပေါ့”

“မင်းပြောတာ မှန်တယ်” 

မကောင်းဆိုးဝါးသည် နှေးကွေးစွာ ရယ်မောလိုက်ပြီး ခေါင်းငုံ့လိုက်ကာ ကျန်းလော့၏ အကာအကွယ်ကင်းမဲ့နေသော ဂုတ်ပေါ်သို့ အန္တာရာယ်ရှိစွာ ဖိနမ်းလိုက်သည်။ 

“ကိုယ်က မင်းကြောင့် ကာမစိတ်မြင့်တက်လာတာ ပြီးတော့ အဲဒီကာမဆိုတာက ညစ်ညမ်းတယ်မလား ဒီတော့ ကိုယ်လဲ ညစ်ညမ်းတာ အမှန်ပဲပေါ့” 

အံ့ဩစရာကောင်းသော စိတ်လှုပ်ရှားမှုတစ်ခု မကောင်းဆိုးဝါး၏ မျက်လုံးထဲပေါ်လာကာ သူ့အသံသည် တဖြည်းဖြည်း ဆန္ဒများ မြင့်တက်လာသလို အသံနှိမ့်လာကာ။

“ဒီတော့ ကိုယ်က မင်းကိုလဲ ညစ်ညမ်းသွားအောင် လုပ်ပစ်မယ်” 

သူ့လက်နောက်တစ်ဖက်သည် ကျန်းလော့ အင်္ကျီအောက်သို့ ဝင်သွားပြီး လူငယ်လေး၏ အံ့ဩစရာ ကောင်းလောက်အောင် တောင့်တင်းသော နောက်ကျောကို ပွတ်သပ်နေသည်။ 

အသားအရေသည် ပျော့ပြောင်းနူးညံ့နေကာ မကောင်းဆိုးဝါး၏လက်သည် အငြိမ်မနေဘဲ ဟိုဟိုသည်သည် လျှောက်ကိုင်နေသည်။ ကျန်းလော့သည် မျက်မှောင်ကုတ်သွားသော်လည်း သူ့အသံသည် တပြေးထဲ စိတ်လှုပ်ရှားမှုကင်းနေတုန်းဖြစ်ကာ 

“ကျွန်တော် ဆရာ့ကို စိတ်မဝင်စားဘူး” 

ချီယုံငုံ့ကြည့်လိုက်သောအခါ လူငယ်လေး၏ ရှပ်အင်္ကျီအောက်မှ ပေါ်လွင်နေသော သွယ်လျသော လည်ပင်းအောက်နားမှ လိပ်ပြာရိုးကို မြင်လိုက်ရသည်။ လူငယ်လေး၏ ပိန်ပါးသော ပုံစံလေးသည် ကျောက်သင်ပုန်းကို မှီထားသောအခါ ပို၍ သိသာထင်ရှားလာသည်။ 

အောက်မှကျောင်းသားများ၏ တီးတိုးပြောနေသံများသည် ပို၍ ကျယ်လာကာ မကောင်းဆိုးဝါးသည် ထူးဆန်းစွာ ပြုံးလိုက်ကာ..

“ကိုယ်ကပဲ မင်းကို စိတ်ဝင်စားနေရလဲ အဆင်ပြေပါတယ်” 

ကျန်းလော့၏ မျက်ခုံးများသည် ပို၍ ကုတ်သွားပြီး သူ၏မျက်နှာမှ ပြောင်းလဲလှုပ်ရှားသွားသော အမူအယာတိုင်းသည် မကောင်းဆိုးဝါး၏ စိတ်ကို အရူးတစ်ယောက်လို လှုပ်ရှားသွားစေသည်။ 

မကောင်းဆိုးဝါးသည် တမင်တကာ သူရုန်းလို့ရအောင် ဟာကွက်တစ်ခုထားပေးထားသည်။ ဆံပင်အနက်နှင့် လူငယ်လေးသည် ခဏမျှတွေဝေနေပြီး သူ့ချုပ်ထားသည်ကို ရုန်းထွက်လိုက်သည်။ 

မကောင်းဆိုးဝါး၏ဆံပင်များသည် အနည်းငယ် ရှုပ်ပွနေကာ ရွှေရောင်ဘောင်ခတ်ထားသော မျက်မှန်အောက်တွင် မျက်လုံးများသည် အမှောင်တွင်းနက်ထဲမှ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဆိုးယုတ်ခြင်းများ ပြည့်နှက်နေသည်။ 

ခံစားချက်များ မရှိတော့အောင် ဆေးကြောခံလိုက်ရသော လူငယ်လေးသည် သူ့ကြောင့် အနည်းငယ် လှုပ်ရှားလာပြီး အနည်းငယ် စက်ဆုပ်မှုဖြင့် ပြောလိုက်သည်။ 

“ကျွန်တော့်ကို မထိနဲ့” 

မကောင်းဆိုးဝါးသည် ရယ်နေပြီး ရယ်သံသည် ပို၍ ကျယ်လာသည်။ သူနှင့်အတူ စာသင်ခန်းထဲမှ ကျောင်းသားများသည်လည်း လိုက်၍ ရယ်မောလာသည်။ ထိုရယ်သံများကို အစုအဝေးလိုက်ကြီး ကြားလိုက်ရသောအခါ မှောင်မိုက်ပြီး ချောက်ချားဖွယ်ကောင်းလာသည်။ 

ကျန်းလော့သည် နောက်လှည့်ကြည့်လိုက်ရာ ကျောင်းသားများ၏ မျက်နှာများသည် ကြောက်မက်ဖွယ်ကောင်းနေပြီး ကျန်းလော့ကို စိုက်ကြည့်နေကြကာ မကောင်းဆိုးဝါး ခုနက ကျန်းလော့ကို နမ်းလိုက်သော မရှင်းမလင်း အနမ်းအကြောင်း ဆွေးနွေးနေကြသည်။ 

ကျန်းလာ့သည် စင်ပေါ်တွင် မတ်တပ်ရပ်နေပြီး ဆင်းသွားရမလား မဆင်းပဲ နေရမလား မသိတော့ပေ။ မကောင်းဆိုးဝါးသည် စင်အောက်ဆင်းသွားပြီး စင်ဘေး အစွန်းနားတွင် မတ်တပ်ရပ်နေကာ စင်စောင်းကို လက်ထဲမှ စာသင်တုတ်နှင့် ရိုက်ကာ ကျန်းလော့ကို ပြုံးကြည့်၍ 

“ကျန်း လာ ဒီမှာလာထိုင်” 

ကျန်းလော့သည် လုံးဝမလှုပ်ပေ။ မကောင်းဆိုးဝါးသည် အံ့ဩဟန်ဆောင်၍ 

“ဒီဆရာက မင်းကို လာခေါ်ရမှာလား” 

သူသည် ရှေ့တိုးလိုက်ပြီး သူ့ကို တားနေသော ကျန်းလော့လက်ကို ပုတ်ထုတ်ကာ အတင်းအကျပ် မ ချီ၍ စင်အစွန်းနားတွင် ချပေးလိုက်သည်။ မကောင်းဆိုးဝါး၏ ပိုင်စိုးလိုစိတ်ဖြင့် ကျန်းလော့ကို ကြည့်၍ မဲ့ပြုံးပြုံးကာ 

“မင်းမှာ ဒီလိုနေ့မျိုး ရှိလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး” 

“ဒီလို လှည့်ကွက်သေးသေးလေးက မင်းကို ဒီလိုထိန်းချုပ်လိုက်နိုင်တာ မြင်ရတော့ တကယ်စိတ်ပျက်မိတယ်ကွာ” 

မကောင်းဆိုးဝါးသည် ဂရုမစိုက်စွာပြောလိုက်သော်လည်း သူ့မျက်လုံးများကတော့ ကျန်းလော့၏ လှုပ်ရှားမှုတစ်ခုလေး လွတ်သွားမှာကိုတောင် ကြောက်လန့်နေစွာ မြဲမြံစွာ စိုက်ကြည့်နေသည်။ 

“မင်းက တကယ့် လူသားမျိုးနွယ်ပီသတယ်လို့ပဲ ပြောရတော့မလား တကယ့်ကို အားနည်းလွန်းတယ်” 

ဤလူသားဆီမှ အကြိမ်ပေါင်းများစွာ အရူးလုပ် အလိမ်ခံလာရသော မကောင်းဆိုးဝါးသည် ဒီတစ်ကြိမ်တွင်လည်း သူ့ကိုလှည့်စားဖို့ ဟန်ဆောင်နေတာလားဟု သံသယဝင်မိသည်။ 

“တစ်ဖက်ကကောင်က ဘယ်ကောင်တုန်း ကံကြမ္မာယုံသူလား” 

ချီယုံသည် ခြေတစ်လှမ်းရှေ့တိုးလာပြီး လှောင်ရယ်လိုက်ကာ 

“ဒီကောင်က မင်းကို ဒီလိုထိန်းချုပ်မှုအောက် ရောက်အောင် လုပ်ခဲ့တာပေါ့ ဟမ့်” 

သူပြောနေတုန်း သူ့လက်သည် ပြောမထွက်နိုင်သော နည်းလမ်းဖြင့် ကျန်းလော့ပေါင်ကို အပေါ်မှအောက်သို့ ပွတ်သပ်နေသည်။ 

“ကျန်းလော့ မင်းလည်း အရမ်းပျင်းစရာကောင်းသွားပြီ” 

ကျန်းလော့၏ ပေါင်နှစ်ဖက်သည် ပူးကပ်နေကာ သူ့မျက်လုံးများသည် မကောင်းဆိုးဝါးကို မော့ကြည့်လိုက်သည်။ 

“အဲဒါ မင်းနဲ့မှမဟုတ်ဘူး ဘယ်သူနဲ့မှမဆိုင်ဘူး” 

“ကျွန်တော်က ဒီတိုင်း ခင်ဗျားက ကျွန်တော့်ကို ညစ်ညမ်းအောင် လုပ်နေတယ်တို့ ထင်လို့ပါ” 

ဗီလိန်၏ နှုတ်ခမ်းထောင့်များသည် ကျော့မော့စွာ ကွေးတက်သွားပြီး အခန်းရှိ လေထုသည် မွန်းကြပ်သွားသည်။ ခဏလောက်ကြာပြီးနောက် ရုတ်တရက် လက်ကို ဝေ့ယမ်းလိုက်သည်။ 

အတန်းထဲမှ ကျောင်းသားအတုများအားလုံး ပျောက်ကွယ်သွားသည်။ ကျန်းလော့၏ သူ့နောက်ကျောဘက်ကို ကြည့်လိုက်သည်။ မကောင်းဆိုးဝါး၏ ပိုင်ဆိုင်လိုစိတ်ကြီးမှုကြောင့် အနည်းငယ် ယိမ်းယိုင်သွားမိသည်။ 

‘လူအတုတွေက သူဖန်တီးထားတာလေ ဒါကို သူတို့ကို ပျောက်ကွယ်သွားအောင် လုပ်လိုက်တာလား’ 

ကျန်းလော့သည် ရုတ်တရက် သူ့ခေါင်းနောက်တွင် အလေးချိန်တစ်ခု ခံစားမိလိုက်သည်။ သူ့နောက်ကျောနှင့် ခေါင်းနောက်ဘက်ကို လက်အကြီးကြီးနှင့် ဖိ၍ မကောင်းဆိုးဝါးနှင့် နီးကပ်လာအောင် ဖိအားပေးနေသလို သူ့နှုတ်ခမ်းကို သူကိုယ်တိုင် မကောင်းဆိုးဝါးဆီ ထိုးပေးအောင် လုပ်နေသည်။ 

မကောင်းဆိုးဝါးသည် အသံနိမ့်နိမ့်ဖြင့် ရယ်မောလိုက်ပြီး သူနှစ်သက်သော လူငယ်လေး၏ နှုတ်ခမ်းကို အငမ်းမရ ပြန်နမ်းလိုက်သည်။ 

အနမ်းသည် အလွန်ကြောက်စရာကောင်းနေကာ ကျန်းလော့၏ အသားများကို ဝါးစားပစ်လုနီးပါပင် ဖြစ်နေပြီဖြစ်သည်။ သူ့နှုတ်ခမ်းများသည် ပေါက်ပြဲ၍ သွေးများထွက်လာသည်။ ခံစားချက်ကင်းမဲ့နေသော အခြေအနေမှ ကျန်းလော့သည် စတင်ပြီး သိမ်မွေ့စွာ ရုန်းမထွက်လာနိုင်ပြီ ဖြစ်သည်။ 

မကောင်းဆိုးဝါး၏ မျက်လုံးများသည် မှောင်မိုက်လာကာ ကောင်လေးကို စင်အစွန်းတွင် ထိုင်ကျသွားအောင် တွန်းပစ်လိုက်သည်။ သူသည် မကောင်းဆိုးဝါးကို ယိမ်းယိုင်စပြုလာပြီဖြစ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အလွန်ဆန်းကြယ်စွာပင် မကောင်းဆိုးဝါးသည် ကျန်းလော့ နှုတ်ခမ်းသပ်လိုက်တိုင်း ထိန်းမရအောင် စိတ်လှုပ်ရှားလာသည်။

“ဒါဆို ကိုယ်တို့ လုပ်ရမဲ့ကိစ္စကိုပဲ လုပ်လိုက်ရအောင်” 

မကောင်းဆိုးဝါးသည် ကျန်းလော့၏ မြှီးညှောင့်ရိုးနားသို့ နမ်းလိုက်သည်။ စင်ပေါ်တွင် မြေဖြူနှင့် ရေနွေးကရားများ အစိတ်စိတ်အမွှာမွှာ ကြေမွနေသည်။ ဖြောင့်စင်းပြီး သွယ်လျသော ဆံပင်အနက်ရောင်နှင့် လူငယ်လေး၏ ခြေထောက်သည် စာသင်စင်မြင့်မှ တွဲလောင်းကျနေပြီး ဖြူဖွေးနေကာ ကျန်းလော့သည် စိတ်ရှုပ်ထွေးနေသည်။ 

မကောင်းဆိုးဝါးသည် သူ့ကို လက်မောင်းထဲတွင် ဖက်၍ ချီမြှောက်ထားသည်။ 

“မင်းလဲ ညစ်ပတ်သွားပြီ” 

သူသည် အလွန်ချဲ့ကားထားသော အံ့ဩနေသည့် အသံဖြင့် တမင်တကာပြောလိုက်သည်။ 

“အရမ်းညစ်ညမ်းလွန်းတယ်” 

မကောင်းဆိုးဝါးသည် မွန်းကြပ်စွာ ရယ်လိုက်သည်။ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်မှ ချွေးစက်များသည် ပြင်းပြသော မုန်တိုင်းနှင့် တွေ့နေသကဲ့သို့ ညည်းညူနေသော ကျန်းလော့ကိုယ်ပေါ်သို့ ကျနေသည်။ 

ကျန်းလော့လက်များသည် တောင့်တင်းနေကာ သူ့လည်ပင်းမှ အကြောဆုံရာနေရာသည် ရှင်းလင်းနေကာ သူ့သွေးကြောများသည် သွေးစီးဆင်းမှု မြန်လာသလို ခံစားရသည်။ 

နှလုံးခုန်သံသည် အလွန်မြန်နေကာ ကျန်းလော့၏ အသက်ရှူသံသည် တဖြည်းဖြည်း ပြင်းထန်လာသည်။ မကောင်းဆိုးဝါးသည် ဆံပင်အနက်နှင့်လူငယ်လေး၏ တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့နေသော မျက်လုံးများသည် နောက်ဆုံးတော့ လှုပ်ရှားလာပြီးဖြစ်ကာ သူ၏ ခံစားချက်ကင်းပြီး တဏှာကင်းမဲ့သည့် သွင်ပြင်သည် မျက်လုံးထဲတွင် စိတ်ဆန္ဒများမြင့်တက်လာပြီး ရုန်းထွက်နိုင်သွားသည်ကို ကြည့်နေသည်။ 

သူ ကျန်းလော့ကို နှိုးဆွနိုင်ခဲ့ပြီဖြစ်သည်။ 

ထိုအသိသည် ချီယုံကို အာရုံကြောအားလုံ တုန်ယင်လာသည် အထိပင် ကျေနပ်စေသည်။ 

ငိုကြွေးနေရင်း သူသည် သူ့ရှေ့မှသူ၏ ဖြစ်ပျက်နေပုံကို မယုံနိုင်သလိုကြည့်ကာ တွေဝေခြင်း မရှိစွာဖြင့် မကောင်းဆိုးဝါးကို သူ့ပေါ်မှ ကန်ချပစ်လိုက်သည်။ 

ထိတ်လန့်နေပုံ ဟန်ဆောင်ကာ သူကပင် တပြန်ကြီးဒေါသကြီးစွာဖြင့် 

“ချီယုံ --” 

မုန်းတီးမှုသည် သူ့ကို ယားယံလာအောင် ကလိထိုးနေသလို ခံစားရသည်။ 

သို့သော် မကောင်းဆိုးဝါးသည် ရယ်မောလိုက်ပြီး ယခုအချိန်တွင် စိတ်ကောင်းဝင်နေကြောင်း မျက်စိမမြင်သည့်လူပင် သိနိုင်သည်။ သူ့ကို ဆောင့်ကန်လာသည့် ကျန်းလော့ဒူးခေါင်းကို တင်းကြပ်စွာ ဖမ်းကိုင်ထားပြီး ခြေသလုံးကို ကိုက်၍ သွားရာချန်ထားလိုက်ကာ 

“အတန်းဖော်ကျန်း နိုးလာတာနဲ့ စိတ်အားထက်သန်လာတော့တာပဲကွာ” 

ကျန်းလော့၏ တိုက်ခိုက်မှုအားလုံးကို ထိန်းချုပ်ထားကာ အောက်တွင် အတင်းအကျပ်ဖိထားပြီး ကျန်းလော့မေးစေ့ကို ညှစ်၍ လူငယ်လေး၏ တောက်ပနေသော မျက်လုံးများထဲသို့ ကြည့်လိုက်သည်။ မကောင်းဆိုးဝါး၏ ဝိညာဉ်သည် ပျော်မြူးနေပုံရကာ ရုတ်တရက် ခပ်ဟဟရယ်မောလိုက်ကာ သူ့ရယ်သံမှာ သိမ်မွေ့ကာ စစ်မှန်လွန်းသောကြောင့် ကျန်းလော့သည် ကြက်သီးများတောင်ထလာသည်။ 

မကောင်းဆိုးဝါးက ပြောသည်။ 

“ကိုယ်တို့နှစ်ယောက်တွဲနေပြီဆိုတဲ့ ချစ်သူဆိုတဲ့ ခေါင်းစဉ်အောက်ရောက်ဖို့ တကယ်ကြီး လိုချင်လာပြီ” 

ကျန်းလော့မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။ 

........................ 

မနက်ရှစ်နာရီ 

အပြင်ဘက်တွင် ကောင်းကင်တစ်ခုလုံး လင်းထိန်နေပြီဖြစ်သည်။ 

အိပ်ရာပေါ်တွင် ဆံပင်အနက်ရောင်ကောင်လေးသည် မျက်ခွံများ လှုပ်ခတ်လာပြီး သူ့နဖူးပေါ်မှ ချွေးများစီးကျနေကာ ခေါင်းအုံးဖုံးနှင့် ဆံပင်အနက်များ စိုရွှဲနေသည်။ 

အကြာကြီးကြာပြီးနောက် ညည်းညူသံတိုးတိုးထွက်လာပြီး နောက်ဆုံးတော့ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ကျန်းလော့သည် ပျင်းရိစွာနှင့် ခဏနားလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်ကာ ရုတ်ချည်း မျက်မှောင်ကုတ်သွားပြန်သည်။ 

သူ့ကိုယ်သူ တီးတိုးပြောနေသည်။ 

“အိုက်ယား ငါ့ဘောင်းဘီတွေ လျှော်ဖို့မေ့တော့မလို့..”

သို့သော် သူသည် အလွန်ပျင်းနေပြီး တောင့်တင်းနေသောကြောင့် နည်းနည်းလေးမှ မလှုပ်ချင်နေပေ။ ခဏလောက် တွေးတောကြည့်ပြီးနောက် ကျန်းလော့သည် စိုရွှဲညစ်ပတ်နေသော ဘောင်းဘီနှင့် အိပ်ရာခင်းများကို တစ်ခါထဲ လွှင့်ပစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ 

ကျန်းလော့သည် အကြောဆန့်လိုက်ပြီး အိပ်ရာပေါ်မှ နှေးကွေးစွာ ထလိုက်သည်။ သူသည် ကျောဆန့်၍ သူ့ပုံစံ ဘယ်လိုဖြစ်နေလဲ သိရရန် မှန်သွားကြည့်လိုက်သည်။ 

သူ့ပါးနှစ်ဖက်သည် နီရဲနေပြီး နှုတ်ခမ်းသည်လည်း နီရဲနေကာ သွေးများစိမ့်ထွက်နေသည်။ မရောင့်ရဲနိုင်သော သာယာမှုကို သတိရသွားပြီး မျက်ခုံးတွန့်သွားကာ မျက်လုံးထောင့်ကို အသာအယာထိကြည့်လိုက်သည်။ 

နည်းနည်းလေး ................... လှိုင်းတစ်ခု..................... 

ကျန်းလော့မျက်လုံးထောင့်များသည် ရုတ်တရက် တွန့်သွားပြီး ညစ်ပတ်နေသော အဝတ်အစားများကို မီးရှို့ပစ်လိုက်သည်။ 

‘မနေ့ညက တကယ်ကို ခံစားလို့ကောင်းတယ်’

ကျန်းလော့နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားပြီး သီချင်းညည်းကာ သူ့လက်ချောင်းထိပ်များသည် စိတ်မရှည်စွာ အချင်းချင်းဆော့နေသည်။ 

ကံမကောင်းစွာပင် ပြီးသွားပြီးနောက် တွေးစရာ မရှိလိုက်ပေ။ သို့သော် ကိစ္စမရှိပေ။ မကောင်းဆိုးဝါးကို သူနည်းနည်းတော့ ကန်ထည့်လိုက်ရသေးသည်လေ။ 

######