အပိုင်း (၁၁၈)
ရှချင်
မနက်စောစောတွင် ကျန်းလော်သည် အိပ်ရာနိုးသည်နှင့် ကိုယ်လက်သန့်စင်ပြီး အစေခံများ ပြင်ဆင်ပေးထားသော အဝတ်အစားများလဲကာ ချီယုံနှင့် အတူအိမ်ပြန်ရန် ပြင်ဆင်နေသည်။
သူတို့ ဂိတ်ဝရောက်ချိန်တွင် အနောက်ဘက်ခြံဝန်းမှ စီခနဲအော်သံတချို့ကြားလိုက်ရသည်။ ကျန်းလော်ခေါင်းလှည့်ကြည့်လိုက်သောအခါ အနောက်ဘက်ခြံဝန်းတွင် ပြေးလွှားနေသော ဖြူဖျော့သော မိန်းမစေများကို တွေ့လိုက်ရသည်။
တစ်စုံတစ်ခုဖြစ်သွားသည် ထင်သည်။
မြင်းလှည်းသည် အိမ်တံခါးမကြီးရှေ့တွင် ရပ်သွားပြီး အပျိုတော်တစ်ယောက်ထွက်လာကာ
“သခင်လေးကျန်း ကျေးဇူးပြု၍ လှည်းပေါ်တက်ပေးပါ”
ကျန်းလော်သည် ရှေ့ပြန်လှည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ မြင်းလှည်းပေါ်တက်သွားတော့သည်။ ချီအိမ်တော်နှင့် ကျန်းအိမ်တော်သည် သိပ်တော့မဝေးပေ။ ထို့ကြောင့် သူတို့သည် ကျန်းအိမ်တော်သို့ သွားသည့်လမ်းတွင် အချိန်အကြာကြီး လှည်းထဲထိုင်စရာမလိုခဲ့ပါ။ ချီယုံသည် ကျန်းအိမ်တော်ရှေ့ရောက်ပြီး မြင်းလှည်းရပ်လိုက်သည်နှင့် လက်ထဲမှစာအုပ်ကိုချလိုက်ကာ မြင်းလှည်းပေါ်မှ အရင်ဆင်းသွားပြီး ကျန်းလော်ကို လက်ကမ်းပေးလိုက်သည်။
သို့သော်ကျန်းလော်သည် သူ့ကို ဂရုမစိုက်ဘဲ အရင်ဆင်းသွားပြီး ရှေ့ဆက်လျှောက်သွားသည်။ သူသည် ကျန်းလော်နောက်ကျောကို အူကြောင်ကြောင်ကြည့်မိနေပြီး တောင့်တောင့်ကြီး ဖြစ်သွားသည်။
ကျန်းလော်သည် အိမ်ပြန်လာရာလမ်းတွင် စကားတစ်လုံးမှ မပြောလာပေ။ အိမ်ပြန်လာရသောကြောင့် ပျော်ရွှင်ဟန်မရှိသည့်အပြင် အိမ်ပြန်လမ်းမှ ပြန်လှည့်ချင်နေမလားတောင် မပြောတတ်ပေ။
ချီမိသားစုသည် ညစ်ပတ်နံစော်နေသော ဗွက်အိုင်တစ်ခုဖြစ်သော်လည်း ကျန်းလော်သည် ဝင်ဆံ့အောင်နေနိုင်ခဲ့ပြီး နေ့ရက်တိုင်းကို တက်ကြွစွာ ဖြတ်သန်းသည်။
တစ်ခုတော့ ပြောကိုပြောမှ ရမည်မှာ ချီယုံ၏ စိတ်ဝင်စားမှုအလုံးစုံကို ကျန်းလော်မှ အကုန်ယူသွားနိုင်ကြောင်း ဖြစ်သည်။ မင်္ဂလာပွဲများ၏ ရိုးရာအရ မင်္ဂလာဆောင်ပြီး သုံးရက်နေလျှင် သတို့သမီးကို သတို့သားမှ သူမ၏မိဘအိမ်သို့ သွားပြန်ပြရပြီး သူမမိခင်ကို သမီးတစ်ယောက် ယောက္ခမအိမ်တွင် ကောင်းမွန်စွာ ရှိနေကြောင်း ပြသပေးရမည်မှာ ထုံးတမ်းအစဉ်အလာဖြစ်သည်။
သို့သော် ချီမိသားစု၏ သခင်လေး ချီယုံမှ ကျန်းအိမ်တော် တံခါးဝကို သွားခေါက်လိုက်သည့်အချိန်တွင် တံခါးလာဖွင့်သော ကျန်းမိသားစုအစေခံသည် တစ်ဝှားဝှားသမ်းနေပြီး အိပ်ချင်နေသောမျက်နှာဖြင့် မှုန်ကုပ်စွာ တံခါးလာဖွင့်သည်။ ကျန်းလော်ကို မြင်သောအခါ တောင့်တင်းသွားပြီး
“သ သခင်လေး”
သေချာသည်မှာ မည်သူမျှ ကျန်းလော်အိမ်ပြန်လာလိမ့်မည်ဟု မျှော်လင့်မထားကြပေ။
မကြာမီတွင် ကျန်းမိသားစုသည် သူတို့သခင်လေးက ချီမိသားစု၏ သွေးရင်းသခင်လေးကို ခေါ်ပြီး အိမ်ပြန်လာသည်ကို သိရှိသွားကြသည်။ တစ်မိသားစုလုံးသည် အုတ်အော်သောင်းနင်းဖြစ်သွားပြီး ကြက်ပျံမကျ ဆူညံပွတ်လောရိုက်သွားသည်။
ကျန်းလော်နှင့် ချီယုံတို့သည် ဧည့်ခန်းတွင်ထိုင်နေပြီး အစေခံမလေးတစ်ယောက်သည် လက်ဖက်ရည်ပူပူများ လာရောက်ဆက်သသည်။ လက်ဖက်ရွက်များသည် လက်ဖက်ရည်ပေါ်တွင် ရွရွလေးကြွတတ်နေပြီး အနံ့မှာ သင်းပျံ့လှသည်။ ထိုအချိန်တွင် ကျန်းလော်အဖေ ကျန်းပင်းချန်သည် ဗိုသီဗက်သီနှင့် ဧည့်ခန်းထဲသို့ အလောတကြီး ဝင်လာလေသည်။
ကျန်းပင်းချန်သည် ကြောင်တောင်တောင်နိုင်စွာ ပြုံးပြလိုက်ပြီး လက်နှစ်ဖက်ကိုပွတ်သပ်နေပြီး
“ဘယ်အကြောင်းကြောင့်နဲ့များ သခင်လေးချီက ကျွန်တော့်အိမ်ကို ကျန်းလော်ကို ခေါ်လာရတာလဲဗျ”
သူ့နောက်တွင် ကျန်းလော်အမေ ရှောင်ရန်လိုက်လာပြီး သူမသည် ကျန်းလော်ကိုမြင်သောအခါ ဖြူဖျော့သွားပြီး မျက်ရည်များ ကျလာတော့သည်။ သူမသည် ချက်ချင်းပင် မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် တို့ထိတို့ထိသုတ်လိုက်ပြီး
“လော်လော် မင်းပြန်လာပြီလား”
ကျန်းပင်းချန်သည် သူမကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး အော်ငေါက်သည်။
“ဧည့်သည်တွေ ရှိနေတာကို ကျက်သရေမရှိအောင် ဘာလို့လာငိုပြနေတာလဲ”
“ကျွန်မက အရမ်းပျော်နေလို့ပေါ့ရှင်”
ရှောင်ရန်သည် ကျန်းပင်းချန်ကိုကြည့်၍ လန့်သွားပြီး မွန်းကြပ်စွာဖြင့် သူမ၏ရှိုက်သံများကို ထိန်းချုပ်လိုက်ကာ
“လော်လော်လေး ကျွန်မတို့အိမ်ကို ပြန်ရောက်လာတာလေ ကျွန်မမှာ သူပြန်လာဖို့ သုံးရက်တောင်စောင့်ခဲ့ရတာ နောက်ဆုံးတော့ ကျွန်မကလေးက ကျွန်မရှေ့ရောက်လာပြီလေ အဲ့တာကြောင့် ကျွန်မ မထိန်းနိုင်တော့တာပါ ......လော်လော် မားမား မင်းကို ကြည့်ပါရစေဦး လာလာ”
ကျန်းပင်းချန်သည် ထိုအခါမှသာ သူ့သားနှင့် ချီမိသားစု လက်ထပ်ပြီး သုံးရက်မြောက်နေ့ဖြစ်မှန်း သတိရသွားသည်။ သို့သော် သူသည် ထိုအကြောင်းကို မေ့နေပြီး အိမ်တွင် ဘာကိုမှလည်း ပြင်ဆင်မထားခဲ့ရပေ။
ကျန်းပင်းချန်၏ နဖူးပေါ်တွင် ချွေးအေးများစီးကျနေပြီး နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“ဟုတ်တယ် မင်းအမေက မင်းကို စောင့်နေခဲ့တာ ဒါပေမဲ့ ငါက ဒီနေ့မင်းပြန်မလာလောက်ဖူး ထင်လို့ နောက်ပြီး မင်းအမေမျှော်နေတာ အလကားဖြစ်လောက်တယ်ဆိုပြီး ဘာမှပြင်ဆင်မထားလိုက်ရဘူး မင်းအမေကလည်း မင်းကို မျှော်နေတာနဲ့တင် ဘာမှကို အာရုံမရနိုင်ဘူး ဖြစ်နေတယ်လေ ပြီးတော့လည်း ငါတို့မိသားစုထဲမှာ ယောက်ျားလေးတစ်ယောက်က လက်ထပ်သွားတာမျိုး တစ်ခါမှ မကြုံဖုးတော့ မင်းအမေနဲ့ငါနဲ့ ပြင်ဆင်သင့် မပြင်ဆင်သင့် စဉ်းစားနေရသေးတယ် ချီမိသားစုလို မျိုးနွယ်ကြီးက မင်းကိုအိမ်ပြန်လာဖို့ သခင်လေးတစ်ယောက်ကိုယ်တိုင် လိုက်ပို့မယ်လို့လဲ မထင်မိဘူးလေ”
ကျန်းလော်သည် သူ့အဖေစကားဆုံးအောင် နားထောင်နေပြီး ရုတ်တရက် ထရယ်လိုက်သည်။ သူသည် ဘာမှမပြောပဲ လက်ဖက်ရည်တစ်ငုံယူသောက်လိုက်ကာ ကျန်းပင်းချန်ကို ဘာပြောရမှန်းမသိဖြစ်နေသည့်အတိုင်း ရပ်နေခိုင်းထားလိုက်သည်။
ကျန်းပင်းချန်သည် နေရာတွင်ပင် တောင့်တောင့်ကြီး မလှုပ်မယှက်ရပ်နေပြီး ဘာဆက်ပြောရမှန်းမသိဖြစ်နေသည်။
သူသည် ကျန်းလော်ကို စိတ်ပျက်ဒေါသထွက်စွာ တိတ်တဆိတ်ကြည့်နေသည်။ အကယ်၍ ချီယုံသာ ပါမလာခဲ့လျှင် မွေးရကျိုးမနပ်သော သားကို သေအောင်ရိုက်ပစ်မည်ဟု တွေးနေသည်။
ချီယုံသည် အေးဆေးစွာ စကားစလိုက်သည်။
“ယောက္ခထီးက ကျွန်တော်တို့ လော်လော်ကို အရမ်းဂရုစိုက်တာပဲ”
ကျန်းလော်သည် ထိုစကားကို ကြားသောအခါ ပါးစပ်ထဲမှ လက်ဖက်ရည်များ ပလွတ်ခနဲ ပြန်ထွက်ကုန်သည်။
‘ငါ့ကို လော်လော်လို့ခေါ်လိုက်တာလား’
ကျန်းလော်သည် ရှက်ရွံ့လွန်း၍ ခေါင်းမွှေးများ ထောင်လာသလို ခံစားရပြီး ချီယုံသည် ကျန်းလော်ကို လက်ကိုင်ပုဝါကမ်းပေးပြီး တည်ငြိမ်စွာ ပြောသည်။
“ဂရုစိုက်မှပေါ့ကွာ လာ လာ ရေတွေ သုတ်လိုက်နော်”
ကျန်းလော်သည် လက်ကိုင်ပုဝါကို ယူလိုက်ပြီး နှုတ်ခမ်းကိုသုတ်လိုက်သော်လည်း သူ့မျက်လုံးများကတော့ ချီယုံ့ကို သိချင်စိတ်ပြင်းပြစွာ အကဲခတ်နေသည်။ ချီယုံသည် သူ့ဘက်မှ အိမ်ရှင်များဘက်သို့ ပြန်လှည့်သွားပြီး နှုတ်ခမ်းထောင့်များသည် စိတ်ကျေနပ်စွာ ကွေးတက်နေသည်။
ကျန်းလော်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
‘ဟာ့ ဒီကောင်က တမင်တကာလုပ်နေတာပေါ့လေ’
ချီယုံ့အသံသည် တစ်ခုခုထူးဆန်းနေသည်ဟု ကျန်းပင်းချန် ထင်မိသော်လည်း ချီယုံ၏ သံနေသံထား ကိုယ်နှုတ်အမူအယာသည် မည်သည့် မကျေနပ်မှုမှ ပြမနေသလို ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူသည် ဆက်မတွေးတော့ဘဲ ချီယုံနှင့်စကားပြောရန် တာဆူနေတော့သည်။
ရှောင်ရန်သည် ကျန်းလော်နားသို့ လျှောက်လာပြီး သူမသားကို သေချာကြည့်ရှု စစ်ဆေးနေသည်။ သူမမျက်လုံးများသည် ငိုကြွေးထားသောကြောင့် နီရဲနေပြီး သူမခင်ပွန်း၏စကားများကို ပြန်သတိရသွားကာ ကျန်းလော်ကို သူမလက်မောင်းများထဲသို့ တိတ်ဆိတ်စွာဖက်ထားရင်း မျက်ရည်မကျမိအောင် ကြိုးစားနေသည်။
“အားလော် ဒါတွေအကုန် အမေ့အပြစ်တွေပါကလေးရယ် အမေ မင်းအဖေရဲ့ မင်းကို ချီမိသားစုထဲ လက်ထပ်ပေးမှာကို မတားလိုက်နိုင်ခဲ့ဘူး ပြီးခဲ့တာတွေလည်း ပြီးသွားပြီဆိုတော့ အခုအမေတို့လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တယ် အနာဂတ်မှာ သားဒေါသတကြီး လုပ်ချင်တိုင်းမလုပ်ရတော့ဘူးနော် ပြီးတော့ ချီသခင်လေးဘာပြောပြော နာနာခံခံနဲ့ ရိုရိုသေသေဆက်ဆံ ဒါမှသားလေး ချီမိသားစုမှာ ကောင်းကောင်းနေရမှာနော် ကလေး”
ကျန်းလော်သည် သူမကို တွန်းထုတ်လိုက်ပြီး
“ဒီတော့ အမေ့မှာ အချိန်ကောင်းလေးများ ပိုင်ဆိုင်ခဲ့ရလား”
ရှောင်ရန်သည် အေးခဲသွားသည်။ ကျန်းလော်သည် ရယ်မောလိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။
“စိတ်ထဲထားမနေပါနဲ့ အမေက ကျွန်တော့်ဘဝကြီး ကောင်းကောင်းနေနေရတယ် ထင်ထဲက ပြောနေဖို့ မလိုတော့ပါဘူး”
ကျန်းပင်းချန်သည် ချီယုံ့ကို သူတို့အိမ်တော်၏ ကုန်ကျစားရိတ်များ ရေမှောက်သလို ထွက်နေပုံကို နှစ်ခါလောက် ရှင်းပြနေသည်။ စကားလုံးတစ်လုံးချင်းဆီတိုင်းသည် ပိုက်ဆံအကြောင်းကြီးပဲ ဖြစ်သည်။
ချီယုံသည် သဘောကောင်းစွာပြောလိုက်သည်။
“ကျွန်တော်တို့ ဒီနေ့အိမ်ပြန်လာတော့ မြင်းလှည်းတစ်စီးအပြည့် လက်ဆောင်တွေ ဝယ်လာခဲ့ပါတယ် တကယ်လို့ ယောက္ခထီးအားရင် အဲ့ပစ္စည်းတွေကို တစ်ယောက်ယောက်ကို သွားသယ်ခိုင်းလိုက်ပါ” ၏
ကျန်းပင်းချန်သည် အပျော်လွန်သွားပြီး ချီယုံနှင့် စကားအနည်းငယ်မျှသာ ပြော၍ ဧည့်ခန်းထဲမှ မြန်မြန်ထွက်သွားတော့သည်။ ရှောင်ရန်သည် သူ့ခင်ပွန်းနောက်ကျောကို ကြည့်နေပြီး အချိန်အကြာကြီး တွေဝေနေကာ သူ့နောက်သို့ လိုက်သွားတော့သည်။
ကျန်းလော်နှင့် ချီယုံနှစ်ယောက်သာလျှင် ဧည့်ခန်းထဲတွင် ကျန်ခဲ့သည်။
“လူအလည်လာတဲ့ဟာကို ဧည့်သည်တွေကိုထားပြီး အိမ်ရှင်တွေက ထွက်သွားကြတယ်”
ကျန်းလော်သည် နှာမှုတ်လိုက်ပြီး ချီယုံ့ဘက်လှည့်၍
“ဒါက ကျန်းမိသားစုရဲ့ အစဉ်အလာပဲဆိုတော့ ချီသခင်လေး စိတ်မကွက်ပါနဲ့ ကျွန်တော်တို့ ကျန်းအိမ်တော်ကို လှောင်ရယ်မနေပါနဲ့ဦး”
ချီယုံသည် ပြုံးလိုက်ပြီး
“ကိုယ့်ကို ကျန်းအိမ်တော်ထဲ လိုက်မပြချင်ဘူးလား”
ကျန်းလော်သည် ထရပ်လိုက်ပြီး
“လာလေ”
အမှန်တွင် ကျန်းလော်သည်လည်း မှန်လောကထဲမှ ကျန်းအိမ်တော်သို့ တစ်ခါမှ မရောက်ဖူးပေ။ သူသည် ဒီအတိုင်း ချီယုံ့ကိုခေါ်ပြီး လမ်းလျှောက်ထွက်လာကာ ကျန်းအိမ်တော်ကို မသိမသာ ပတ်ကြည့်လိုက်သည်။ ကျန်းမိသားစုသည် ချီမိသားစုနှင့် မတူပေ။ ကျန်းလော်တို့ကမ္ဘာတွင်ပင် သူ့အဖေသည် ချမ်းသာသော်လည်း အိမ်အကူတစ်ယောက်သာ ငှားထားသည်။
ထို့ကြောင့် ရွှမ်ရွှီလောကမှ အိမ်တော်ကြီးခြောက်ခုစာရင်းဝင် ချီမိသားစုနှင့် မယှဉ်နိုင်မှန်း အရမ်းသိသာနေသည်။ ရွှမ်ရွှီလောကသည် အသိုင်းအဝိုင်းကျဉ်းသော်လည်း တကယ်တမ်းတွင် ငွေရှာလို့အရမ်းကောင်းကြောင်း ရွှမ်ရွှီပညာတတ်များသာ သိနိုင်သည်။
ထျန်းရှိဖူတွင် မစ်ရှင်သေးသေးလေးတစ်ခုအတွက်ပင် မရေမတွက်နိုင်လောက်အောင် ကြီးမားသော အခကြေးငွေကို ရရှိသည်။ သူတို့ ပိုင်ဟွားတက္ကသိုလ်မှ ကျောင်းသားများသည်ပင် ပြည်နယ်မှ ချပေးသော မစ်ရှင်များအောင်မြင်လျှင် ဆုကြေးသက်သက်ရပြီး ကျန်းလော်၏ အဆောင်စာရွက်တစ်ခုလျှင် ဒေါ်လာထောင်ဂဏန်းလောက်ထိ ဈေးပေါက်လေသည်။
ရသစုံရိုက်ကူးရေးအစီအစဉ် မစ်ရှင်တုန်းက ကျန်းလော်သည် ဒါရိုက်တာကို အသက်အန္တာရာယ်မှ ကာကွယ်နိုင်ရန် ဖူလုတစ်စောင် လက်ဆောင်ပေးခဲ့သည်။ ဒါရိုက်တာကြီးသည် ကျန်းလော်၏အဆောင် အလုပ်လုပ်ပုံကို သိရှိသွားပြီးနောက် လူအများကြီးနှင့် မိတ်ဆက်ပေးခဲ့သောကြောင့် ကျန်းလော်၏ ဂုဏ်သိက္ခာမြင့်တက်လာကာ သူဆွဲသော ဖူလုများသည် အဖိုးမဖြတ်နိုင်သော ဈေးကွက်တွင် လွယ်လွယ်ကူကူမရနိုင်သော ဖူလုများ ဖြစ်လာသည်။
ငွေပမာဏအများကြီး မြင်ဖူးပြီးသွားသော ကျန်းလော်အတွက် ယခုအချိန်တွင် ငွေကြေးသည် အဓိကမဟုတ်တော့ချေ။ ကျန်းပင်းချန်သည် သူ့ကို အရိပ်ထဲမှ ကြိုးကိုင်ချင်နေသေးသည်မှာ ယခုတော့ ကြည့်လိုက်တိုင်း ကျန်းလော်အတွက် ဟာသကြီးတစ်ခုလို ဖြစ်နေသည်။
ကျန်းလော်သည် ချီယုံကို သူ့ကိုယ်ပိုင်နေရာသို့ စမ်းတဝါးဝါးတွေး၍ ခေါ်သွားသည်။
သူတို့သွားရာလမ်းရှိ ကျန်းပင်းချန်၏အဆောင်တွင် အခန်းတံခါးသည် အနည်းငယ်ပွင့်ဟနေကာ အထဲမှ စကားသံများကို အပြင်ဘက်ထိ ကြားနေရသည်အထိပင် ဖြစ်သည်။
ကျန်းပင်းချန်သည် မျက်နှာလိုအားရပြောနေသည်။
“ရှချင် ဒီမှာကြည့် ဒီဟာက ချီမိသားစုက ယူလာတဲ့ပစ္စည်းတွေထဲက အကောင်းဆုံးအထည်လေ ဒီအရောင်က မင်းနဲ့အရမ်းလိုက်တယ် ကိုယ်တွေးမိလို့ မင်းဆီကို အရင်လာပို့တာ”
အမျိုးသမီးက ပြောသည်။
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
ကျန်းလော်၏ ခြေလှမ်းများသည် တုံ့ဆိုင်းသွားပြီး ရုတ်တရက် ကျန်းပင်းချန်အဆောင်ဘက်သို့ ခြေဦးလှည့်သွားသည်။ ချီယုံသည် ကျန်းလော်နောက်မှ တိတ်တဆိတ်လိုက်သွားသည်။
တံခါးသည် လက်နှစ်လုံးလောက်ဟနေသောကြောင့် ကျန်းလော်အပြင်မှာ ရပ်နေလျှင်တောင် အထဲကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ကျန်းလော်သည် အထဲကို တမင်တကာ ချောင်းကြည့်လိုက်သည်။ ကျန်းပင်းချန်သည် ကျန်းလော်ကို ကျောပေး၍ စားပွဲနားတွင် ရပ်နေကာ အဝတ်စကို နူးညံ့စွာ ကိုင်ထားသည်။
သူနှင့် ဆန့်ကျင်ဘက်တွင် အမျိုးသမီးတစ်ဦးသည် ကျန်းလော် တည့်တည့်မြင်ရသော နေရာတွင် ထိုင်နေကာ လှပပြီး ကျော့ရှင်းသော အပြုံးတစ်ခုဆင်၍ မခို့တရို့လုပ်ပြနေသည်။ သူမသည် ကျန်းလော်ကို မြင်သွားသည်။
ကျန်းလော်သည် မရှောင်ပုန်းဘဲ ကျန်းပင်းချန်ကို ကျော်၍ အမျိုးသမီးကို စိုက်ကြည့်နေသည်။
အမျိုးသမီးသည် ရုတ်တရက် ပြုံးလာပြီး သိမ်မွေ့စွာ ထရပ်လိုက်ကာ ကျန်းပင်းချန်ရှေ့လျှောက်သွားပြီး သူမ၏ ချောင်းဆန်ရိုးရာအင်္ကျီကို ကြယ်သီးဖြုတ်လိုက်၍ ကျန်းပင်းချန်၏ မျက်နှာပေါ်သို့ အနမ်းတစ်ချက်ပေးလိုက်သည်။
“သခင်ကြီး ကျွန်မ သခင့်ကို ခစားပါရစေ”
ကျန်းပင်းချန်သည် အလွန်ပျော်သွားသော်လည်း အနည်းငယ်တွေဝေနေကာ
“ချီမိသားစုရဲ့ သခင်ငယ်လေးက အခုထိ အိမ်တော်မှာပဲ ရှိသေးတယ်”
အမျိုးသမီးသည် ကျန်းလော်ကို ရည်ရွယ်ချက်ရှိရှိကြည့်၍ ကျန်းပင်းချန်မျက်နှာကို လက်ညှိုးနှင့် ထိကိုင်ကာ ချစ်မြတ်နိုးစိတ်ကို ထိန်းမရသော အသံဖြင့်
“သူတို့ကို သခင်မနဲ့ လွတ်ထားလိုက်ပါလေ”
သူမမျက်လုံးများသည် အစွမ်းကုန်ညှို့ယူနေသော မိစ္ဆာမျက်လုံးများနှင့် တူနေပြီး သူမမျက်နှာသည် လင်းလက်နေသည်။
အမျိုးသမီး၏ ချောင်းဆန်အင်္ကျီသည် လျောကျသွားပြီး နှင်းကဲ့သို့ ဖြူဖွေးနေသော ရင်သားများသည် ချောင်းဆန် အနီရောင်တောက်တောက်အစ တဖြည်းဖြည်းလျောကျသွားမှုကြောင့် တစ်ရစ်ချင်းပေါ်လာသည်။
ကျန်းပင်းချန်သည် နှာသံကြီးဖြင့် စိတ်လှုပ်ရှားနေကာ ပြောသည်။
“ကိုယ့်အသည်းလေး မင်းဘာလို့ ဒီနေ့အရမ်းတွေ တက်ကြွနေရတာလဲ”
ရှချင်သည် အခန်းအပြင်တွင် ရပ်နေသော သခင်ငယ်လေး၏ မျက်နှာကို အမူအယာမဲ့စွာကြည့်နေသည်။ သူမနှင့် ကျန်းလော်သည် အကွာအဝေးအားဖြင့် အရမ်းမဝေးပေ။ သို့သော် သူမအမြင်တွင် သူမတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် အလွန်ဝေးကွာနေသလို ခံစားနေရသည်။ တွေဝေငေးငိုင်မှုကို ကျန်းပင်းချန်သတိမထားမိခင် ဖုံးကွယ်၍ မြူဆွယ်ပြုံးဖြင့် ရှေ့တိုးသွဦးသည်။
သူမသည် ကျန်းပင်းချန်၏ မျက်လုံးများပေါ်နမ်းလိုက်ပြီး ကြောင်တစ်ကောင်ကဲ့သို့ အော်ညည်းသံများ ထုတ်လွှတ်ကာ
“သခင်ကြီး.................”
သူ့ရှေ့မှ မြင်ကွင်းသည် ကျန်းလော်ကို ယခင်က မြင်ဖူးခဲ့ပြီးသော မြင်ကွင်းကို ပြန်သတိရသွားစေသည်။
သူဆယ့်ငါးနှစ်အရွယ်တုန်းက ညနေခင်းကျောင်းမှပြန်လာချိန်တွင် သူ့အဖေအခန်းရှေ့မှ ဖြတ်သွားခဲ့သည်။ သူ့ဖခင်၏ အခန်းထဲမှ အမျိုးသားတစ်ယောက်၏ လေးလံသော အသက်ရှူသံနှင့် အမျိုးသမီး၏ သာယာစွာ အော်ညည်းနေသော ခပ်အီအီအသံများကိုလည်း ကြားခဲ့ရသည်။
ထိုစဉ်က ငယ်ရွယ်သေးသော်လည်း ကျန်းလော်သည် ထိုအသံများကို နားလည်နေပြီး ဖြစ်သည်။ သူ့မျက်လုံးများကို မညစ်ညမ်းစေလို၍ ရှောင်သွားချင်သော်လည်း သူ့ဖခင်၏ အခန်းတံခါးသည် ယနေ့ကဲ့သို့ပင် အထဲသို့ သဲသဲကွဲကွဲမြင်ရအောင် ပွင့်နေခဲ့သည်။
ကျန်းလော်ရပ်ကြည့်လိုက်သောအခါ သူ့ဖခင်၏အိပ်ရာထဲတွင် လှဲနေသော ရှချင်ကို တွေ့လိုက်ရသည်။ ချွေးများ ရွှဲနေသော ရှချင်သည် သူ့ကို မြင်သွားသော်လည်း မတုန်လှုပ်သွားသည့်အပြင် သူ့ကိုတည့်တည့်ကြည့်နေပြီး သူမ၏ လှပသောခန္ဓာကိုယ်သည် သူ့ဖခင်အောက်တွင် ပိုမို ပြန့်ကားသွားသည်။
အဖြူရောင်ပေါင်တံရှည်နှစ်ဖက်သည် ပြန့်ကားနေပြီး သူ့ဖခင်သည် ရှချင်၏ကိုယ်ပေါ်တွင် အလောတကြီး လှုပ်ရှားနေသည်။ အခန်းထဲမှ နားရှက်ဖွယ်အသံများ ဆက်တိုက်ထွက်နေသည်ကို ကျန်းလော်သည် ကိုယ်တိုင် မြင်ခဲ့ကြားခဲ့ရလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းလော်၏ သူငယ်အိမ်သည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ရှချင်ဆိုသည်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က သူ့ကလေးထိန်းအဖြစ်အိမ်ရောက်လာသော သူ့ဖခင်အရိုက်ခံရမည်ကို အစ်မကြီးတစ်ယောက်ကဲ့သို့ ကာကွယ်ပေးခဲ့သော သူ့ဘဝ၏ ဒုတိယအယုံကြည်ဆုံးသူ ဖြစ်ခဲ့သည်။ သူ့အမေပြီးလျှင် ကျန်းလော်အယုံကြည်ဆုံးသူမှာ ရှချင်ဖြစ်ခဲ့သည်။ သို့သော် ထိုသို့သော ရှချင်သည် သူ့နှာခေါင်းအောက်တွင် သူ့ဖခင်နှင့် ဖောက်ပြန်နေခဲ့သည်။
.............................
ကျန်းလော်သည် နောက်လှည့်ပြီး ထိုနေရာနှင့် ဝေးဝေးသို့ ထွက်သွားသည်။
ရှချင်၏ မျက်လုံးများသည် တံခါးဝမှ အရိပ်လေး အနက်ရောင်အစက်အပြောက်အဖြစ် တဖြည်းဖြည်းဝေးကွာသွားသည်ကို ကြည့်၍ အတွေးများသွားကာ သူမ၏ ဖြူသွယ်သော လက်မောင်းတို့ကို ကျန်းပင်းချန်၏ ပုခုံးပေါ်သို့ တင်လိုက်သည်။
ကျန်းပင်းချန်သည် သူမကိုယ်ပေါ်တွင် လှုပ်ရှားနေရင်း အသက်ရှူသံပြင်းထန်နေသောကြောင့် မောကြီးပန်းကြီးဖြစ်နေသော အသံဖြင့်
“ရှချင် အသည်းလေး ဒီနေ့က ဘာနေ့မို့လို့လဲကွာ မင်းလေးက မျက်နှာချေတင်မကဘူး ချောင်ဆမ်းလှလှလေးကို တောင်ရွေးဝတ်ထားပြီး ရေမွှေးဆွတ်ထားသေးတယ် မင်းလေး ဒီနေ့အရမ်းကို လှနေတာသိရဲ့လား ကိုယ်တော့ မင်းဆီက အကြည့်ကို မလွှဲနိုင်တော့ဘူး အချစ်ရယ်”
ရှချင်သည် အတွေးဖြတ်လိုက်ပြီး ခေါင်းငုံ့ကာ ငြုတုတုအသံဖြင့်
“အဲ့တော့ သခင်ကြီးက မကြိုက်ဘူးလား”
“ကြိုက်တာပေါ့ ကိုယ်တော့ ကြိုက်လွန်းလို့ ရူးမတတ်ပဲကွာ”
“သခင်ကြီး ကြိုက်တယ်ဆိုရင် ရှချင်ကျေနပ်ပါပြီ”
ရှချင်သည် ပျားရည်လောင်းထားသကဲ့သို့ ချိုအီချွဲပစ်နေသော အသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူမသည် ထပ်မံပြုံးလိုက်ပြီး
“သခင်ကြီး ကြိုက်တယ်ဆိုမှတော့ ကျွန်မတကယ်ကို ပျော်သွားရပါတယ်”
#############################