အပိုင်း (၁၁၆)
အကြီးအကဲများနှင့် ထမင်းစားခြင်း
“မိုက်တယ်ဟ....”
တစ်စုံတစ်ယောက်မှ လေကို ခိုင်းစေနေသည်ကို ကိုယ့်မျက်လုံးဖြင့် မြင်ရသည်မှာ တစ်ပါးသူထံမှ ကြားရခြင်းထက် ပို၍ အံ့ဩဖို့ကောင်းသည်။ တုကောတို့ လေးယောက်သည် ကျန်းလော်ကို ကြည့်ပြီး သတိမေ့သွားတော့မလိုဖြစ်နေပြီး သူတို့လက်များသည် လက်ဝါးအချင်းချင်း ပွတ်သပ်မှုကြောင့် နီရဲနေသည်။ သူတို့မြင်ခဲ့သောအချင်းအရာကို မယုံနိုင်ကြသေးဘဲ ကျန်းလော်ကို ဝမ်းသာစွာကြည့်နေသည်။
‘ဒီတော့ ငါတို့ အားကိုးစရာ ဆရာသခင်တွေရှိတယ်ပေါ့’
ဒီနှင်းမုန်တိုင်းနဲ့ အန္တာရာယ်ရှိတဲ့ မှန်လောကထဲမှာ ဒီလိုစွမ်းအားကြီးတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဘက်တော်သားဖြစ်နေတာကို သိလိုက်ရချိန်တွင် အားလုံးသည် ရုတ်တရက် အေးချမ်းသွားသလို ခံစားလိုက်ရသည်။ လျန်ချင်းသည် ဝမ်းသာအားရ ကျန်းလော်နားသို့ ကပ်သွားပြီးပြုံးလိုက်ကာ
“စီနီယာအစ်ကိုကြီး ကတော့ အစ်ကိုကြီးပါပဲ ဒီလိုခက်ခဲတဲ့ ရှစ်မျိုးအက္ခရာအစီအရင်ကိုတောင် လွယ်လွယ်လေး သုံးနိုင်တယ် အစ်ကိုကြီးကတော့ ပြိုင်ပွဲမှာ ပထမနေရာနဲ့ အထိုက်တန်ဆုံးဖြစ်ပြီး ကျွန်တော်တို့ လူငယ်မျိုးဆက်ရဲ့ စံပြဖြစ်ထိုက်ပါတယ်ဗျာ”
“ကျွန်တော်ထင်ခဲ့တာက အစ်ကိုကြီးက တစ်သန်းမှာတစ်ယောက် ရှားပါးတဲ့ ဖူလုပါရမီရှင်လို့ပဲ ထင်ထားခဲ့တာ အခုတော့ အစ်ကိုကြီးက အားလုံးကို တော်နေတော့တာပါပဲလား”
လျန်ပင်းသည်လည်း ရှေ့တိုးလာပြိး ကျန်းလော်လက်ကို ဆွဲကာပြောလာသောကြောင့် ကျန်းလော်သည် ကြက်သီးများထလာသည်။
“အစ်ကိုကြီး ကျွန်တော်အခုက စပြီး အစ်ကိုကြီးနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ပါတော့မယ်ဗျာ အစ်ကိုကြီး ဘာပဲလိုချင်လိုချင် ချက်ချင်းလုပ်ပေးမယ်လို့ နော် အစ်ကိုကြီး အဲ့တာကြောင့်လေ ညီလေးကို သက်ကယ်အဆောင်လေးများ ဆွဲပေးလို့ရမလားဗျာ”
အဆောင်လိုချင်သော ရည်ရွယ်ချက်မှာ ဗူးပေါ်သလို ပေါ်လာပြီး ဖူလုသခင်တစ်ယောက်၏ သက်ကယ်အဆောင်သည် တန်ဖိုးမဖြတ်နိုင်သော အဆောင်တစ်ခုဖြစ်သည်။
လျန်ရွှီက ပြုံး၍ ပြောလိုက်သည်။
“လူကောင်းယောင်ဆောင်မနေစမ်းနဲ့ ဒီမှာသရဲတွေနဲ့ မိစ္ဆာတွေ အများကြီးရှိနေတာ ဂရုတစိုက်နေကြစမ်းပါဟယ် ပြီးရင် ငါတို့ မကောင်းဆိုးဝါးအကြောင်း စုံစမ်းရဦးမယ် အဲ့ဒါအပြင်ကို ငါတို့အသက်ရှင်နိုင်ဖို့က ပထမဦးစားပေး ဆိုတာတော့ မေ့ထားလို့ မဖြစ်ဘူးနော်”
ကျန်းလော်သည် ခေါင်းညိတ်လိုက်သည်။
“လျန်ရွှီပြောတာမှန်တယ် ငါ့မှအခု ဖူလုမရှိဘူး လျန်ပင်းရာ မင်းမီးဖိုချောင်ကို ပြန်ပြီးရင် အစ်ကို့ဆီကို ကြက်ဖသွေးနဲ့ အဝါရောင်စာရွက်ရှာလာခဲ့ မင်းအဲ့ဒါတွေကို မရှာနိုင်ခဲ့ရင်တောင် မကောင်းဆိုးဝါးနှင်တဲ့ ဂါထာအချို့လည်း ရှိသေးတယ်လေ ဒီတော့ မှတ်ထားရမှာက အဲ့ဒီဂါထာလေးတွေက မထင်ရှားပေမဲ့ အသက်အန္တာရာယ်ကြုံလာရင် မင်းအသက်ကို သေချာပေါက်ကယ်နိုင်မှာပဲ”
ထိုနောက် နောက်ဆက်တွဲစကားများကို သာမန်လူလေးယောက်ကို ဦးတည်ပြီး ပြောလိုက်ခြင်းဖြစ်သည်။
“လက်ခလယ်က သွေးနဲ့ လျှာကသွေးတွေက ယန်ဓာတ်အပြည့်ဝဆုံးပဲ ဒီတော့အရေးကြီးတဲ့ အချိန်ရောက်လို့ မပြေးနိုင်တော့ရင် လျှာကိုက်တာဖြစ်ဖြစ် လက်ခလယ်ကိုကိုက်ပြီး ဖြစ်ဖြစ် အဲ့သွေးနဲ့ သရဲတစ္ဆေတွေကို ပတ်လိုက် ပြီးရင် နံရံကို မမှီမိစေနဲ့ သရဲတွေက နံရံကို တွယ်တက်နိုင်တယ် သူတို့အကြိုက်ဆုံးက အေးစက်စက် နံရံတွေပဲ မှတ်ထားကြနော် သရဲတစ္ဆေတွေကို ဆွဲဆောင်မိစေမဲ့ ဟာတွေ တစ်ခုမှ လုပ်လို့ မဖြစ်ဘူးနော်”
နောက်ခနကြာပြီးနောက် လူတိုင်းသည် ဂူထဲမှ ခပ်လျှိုလျှို မသိမသာထွက်သွားကြပြီး သူတို့တာဝန်ကျရာနေရာ အသီးသီးသို့ ပြန်သွားကြသည်။
ချင်းယွင်သည် တစ်ခုခုကို သတိရသွားပုံဖြင့် မေးလိုက်သည်။
“ငါတို့နားခဲ့တဲ့ အိမ်ပိုင်ရှင်ကရော ငါတို့နောက်ကို လိုက်မလာနိုင်ဘူးလား သူလဲ အတူတူဝင်လာရမှာကို ကျွန်မအခုထိ သူ့ကို မတွေ့မိသေးဘူး”
ကျန်းလော်သည် ပြန်မဖြေဘဲ လျန်ရွှီကို ခေါ်ပြီး ပြန်သွဦးသည်။ လျန်ရွှီသည် ရုတ်တရက် သက်ပြင်းချလိုက်ပြီး
“အစ်ကိုကြီး ဒီအိမ်တော်ကြီးရဲ့ သခင်လေးကို ဘယ်လိုခေါ်လည်း သိသင့်တယ်ထင်တယ်နော်”
“ဟမ်”
“သူ့နာမည်က ချီယုံတဲ့”
လျန်ရွှီသည် ထိုနာမည်ကို ပြောလိုက်ချိန်တွင် တွန့်သွားပြီး
“ကျွန်မတို့ လျန်မိသားစုက တောင်ပေါ်မှာပဲ နေနေတာဆိုတော့ ချီယုံ့ကို တစ်ခါမှ မမြင်ဖူးဘူး ဒါပေမဲ့ နာမည်ကိုတော့ ရင်းရင်းနှီးနှီးကြားဖူးနေတယ်ထင်နေတာ ပြီးမှ ပြန်တွေးကြည့်လိုက်တော့ အဲ့ဒီလူသေသွားတာ နှစ်ဝက်လောက်ဖြစ်နေပြီကို သူက ဘာလို့ မှန်လောကထဲမှာ ရှိနေရတာလဲ၊ သူမှမဟုတ်ဘူး ချီမိသားစုကလည်း အစစ်အမှန်လောကအတိုင်း ပါဝင်နေတာဆိုတော့ တွေးရခက်နေပြီ အစ်ကိုကြီးရယ်”
“ဒီလောကထဲက ချီယုံက ကျွန်မတို့တည်းခဲ့တဲ့ အိမ်ပိုင်ရှင်နဲ့တူနေတယ်................ အစ်ကိုကြီးရော အိမ်ပိုင်ရှင်က အပြင်မှာ သေသွားတဲ့ ချီယုံများဖြစ်နေမလားဟင် သူက ကျွန်မတို့ကို မှန်လောကထဲဆွဲသွင်းတဲ့ထဲ ပါနေမလားမသိဘူးနော်”
“ညသန်းခေါင်မှာ မှန်ထဲကို ကြည့်ဖို့ တောင်းဆိုတာက တွမ့်ကျီနော်”
ကျန်းလော်သည် သူမစကားကို သဘောမတူပဲ ပြောလိုက်သည်။
“တကယ်လို့ ငါတို့ကို မှန်လောကထဲကို ဆွဲသွင်းတဲ့သူက ချီယုံဆိုရင် ငါတို့ကို မကောင်းဆိုးဝါးကို သတ်ခိုင်းပါ့မလား စကားမစပ် မင်းနိုးလာတုန်းက မကောင်းဆိုးဝါးကို သတ်ပြီး ပြင်ပလောကကို ပြန်ထွက်ဖို့ပြောတာပဲ ကြားခဲ့ရတာလား”
လျန်ရွှီက ပြန်ပြောသည်။
“ဟုတ်တယ် အဲ့ဒီအသံက ဒီတစ်ခုပဲ ပြောတာလေ”
သို့သော် ထိုအသံသည် ကျန်းလော်ကိုတော့ စကားတွေ အများကြီး ပြောခဲ့သည်လေ။
ပြန်တွေးကြည့်လျှင် ထိုအသံသည် မှုန်ဝါးဝါး မသဲမကွဲ ကြားခဲ့ရခြင်း ဖြစ်သည်။ ကျန်းလော်သည် ထိုအသံပိုင်ရှင်မှာ အမျိုးသားအမျိုးသမီးမသဲကွဲသည့်အပြင် ကြီးသလား ငယ်သလားလဲ မခန့်မှန်းနိုင်ပေ။ သို့သော် စကားလုံးတိုင်းသည် အကြောင်းတစ်စုံတစ်ရာကို တိကျစွာ ထောက်ပြနေခဲ့သည်။
‘ဘယ်အပြစ်ကများ မွေးကတည်းက မြင်ရနိုင်လို့လဲ....’
ကျန်းလော်အတွက် သေချာတာတစ်ခုမှာ ထိုအသံသည် ချီယုံ့အသံမဟုတ်ကြောင်းနှင့် ထိုစကားများသည် ချီယုံက သူ့ကို ဘယ်သောအခါမှ ပြောလိမ့်မည်မဟုတ်ကြောင်း သူသိထားပေသည်။
“အစ်ကိုကြီး ကျွန်မတို့....”
လျန်ရွှီသည် သူတို့ရှေ့တွင် ခေါင်းငုံ့လျက် ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့် စကားပြတ်သွားရသည်။ ကျန်းလော်သည် သူမကြည့်ရာသို့ လှည့်ကြည့်လိုက်ရာ တံတားပေါ်တွင် ရပ်နေသော ဆယ်ကျော်သက်ကောင်ငယ်လေးကို တွေ့လိုက်ရသည်။ ထိုကောင်လေးသည် ပြုံးနေပြီး သူတို့လာမှာကို စောင့်နေသည်။
ယနေ့သည်လည်း ထိုင်းမှိုင်းနေသော နေ့ပင်ဖြစ်သော်လည်း လေပြေအနည်းငယ်တိုက်ခတ်နေသည်။ ချီယုံသည် ဖြူဖျော့နေသော မျက်နှာဖြင့် ရေကန်ပေါ်မှ ဖြတ်ဆောက်ထားသော တံတားပေါ်တွင် မတ်တပ်ရပ်နေပြီး လေထဲတွင် ဆံပင်များ ဝဲလွင့်နေသည်။ ကျန်းလော်ကို ပြုံးးပြလိုက်ကာ လျန်ရွှီကိုတော့ သိမ်မွေ့သည့် အကြည့်တစ်ချက်ပေးလိုက်သည်။
ကျန်းလော်သူ့ကို မြင်သွားပြီဖြစ်ကြောင်း သတိထားမိသွားသောအခါ ချီယုံသည် ကျန်းလော်ဆီသို့ လက်လှမ်းပေးလိုက်ပြီး
“ကျန်းလော် ကိုယ့်ဆီကို လာခဲ့”
အရွယ်ရောက်တာ မကြာသေးကြောင်း ထင်ရှားသော်လည်း သူ့အသံတွင် ဖိအားပေးမှု တစ်စုံတစ်ရာမပါသော်လည်း မျက်ဝန်းနက်နက်များတွင် ငြင်းဆိုမရနိုင်မှုများဖြင့် ကြည့်နေသည်။
ကျန်းလော်သည် ရှေ့တိုးသွားပြီး သူ့လက်ကို ငုံ့ကြည့်၍ ထိုကောင်စုတ်လေး၏ လက်ကို မကိုင်ချင်ကိုင်ချင်ဖြင့်
“မင်းက ငါ့ကို တွေ့ဖို့ ဒီထိ လိုက်လာတာလား”
ချီယုံသည် ပြုံးလိုက်ပြီး သူကအရင်ကျန်းလော်လက်ကို ဆွဲကိုင်လိုက်သည်။ ထို့နောက် သူ့ကိုခေါ်ပြီး နောက်လှည့်ထွက်သွားတော့သည်။
“အကြီးအကဲတွေက မင်းကို တွေ့ချင်နေကြတယ်”
ဆယ်ကျော်သက်အရွယ်ချီယုံပိုင်ဆိုင်ထားသော လက်များသည် အစစ်အမှန်ကမ္ဘာမှာ သေသွားပြီဖြစ်သော ချီယုံ့လက်နှင့် လုံးဝမခြားနားပေ။ အသားများအောက်တွင် သွေးများ စီးဆင်းမနေသလို အသက်မရှိတော့သောအလောင်းကောင်ကဲ့သို့ အေးစက်နေလေသည်။
သို့သော်.....ဤအကြိမ်သည် ကျန်းလော်အတွက် ချီယုံ့လက်ကို ကိုင်ရသော ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်းလော်သည် သက်တောင့်သက်သာမဖြစ်စွာ လက်ကို ကိုင်ထားသည်။ သူ့လက်ကို ဆုပ်ကိုင်ထားသော လက်သည် ညင်သာသယောင်ရှိသော်လည်း ရုန်းလို့မလွတ်နိုင်ပေ။ ချီယုံသည် ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး နောက်လှည့်ပြုံးပြလာကာ
“ဘာမှားနေလို့လဲ”
“လိမ္မာတဲ့ ညီလေး”
ကျန်းလော်သည် အကြီးပီသစွာပြုံးလိုက်ပြီး
“သွားကြစို့”
“ကိုယ့်ကို မျက်နှာသာပေးနော်”
ချီယုံသည် သူ့ကို အားတုံ့အားနာ ပြုံးပြလိုက်ပြီး
“အကြီးအကဲတွေက အစေခံမိန်းခလေးတွေနဲ့ ကောင်လေးတွေကိုလွတ်ပြီး ကိုယ့်တို့ ကိုစောင့်ကြည့်ခိုင်းထားကြတယ် ကိုယ်သာမင်းနဲ့ မရင်းနှီးသလိုဖြစ်နေရင် မင်းအတွက် ရှစ်နှစ်လုံးလုံး ဒီမှာနေဖို့ အဆင်မပြေဖြစ်သွားလိမ့်မယ်”
ကျန်းလော်သည် သူ့ကို အသိအမှတ်ပြုစွာကြည့်လိုက်ပြီး
“ဒီတော့ငါက မင်းကို ကျေးဇူးတင်ရမှာပေါ့”
ချီယုံသည် အလောမကြီးစွာပြောသည်။
“ရပါတယ်ဗျာ”
‘ဟမ့်’
ကျန်းလော်သည် သူ့လက်ကိုပြန်ဆွဲလိုက်ပြီး လက်ငါးချောင်းလုံးကို ချီယုံ့လက်ငါးချောင်းနှင့် နှစ်နေအောင် ဆုပ်ကိုင်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ပိုပြီး ပီပြင်အောင် လုပ်ကြတာပေါ့ကွာ”
ချီယုံသည် တောင့်တင်းသွားပြီး တင်းကျပ်စွာဆုပ်ကိုင်ထားသော ယောက်ျားလက်နှစ်ဖက်ကို ကြည့်လိုက်ကာ စနောက်ဟန် အပြုံးတစ်ခု မျက်လုံးထဲတွင် လက်သွားပြီး ဘေးတိုက်ယှဉ်တွဲလျှောက်လိုက်သည်။
“သခင်လေး သွားဖို့ အချိန်ကျပါပြီ”
ချီယုံသည် ကျန်းလော်ကို ခြေနှစ်လှမ်းခွာ၍ လက်တွဲလျှောက်လာပြီး မျက်လုံးထဲတွင် အနက်ရောင် မီးတောက်များ ထတောက်လာသလို အမှောင်ထုကြီးတစ်ခု ဖြတ်ပြေးသွားသည်။
ကျန်းမိသားစု၏ သခင်လးသည် အံ့ဩစရာကောင်းပြီး မထင်မှတ်ထားလောက်အောင် စိတ်ဝင်စားစရာကောင်းသည်။
ချီမိသားစု၏ အကြီးအကဲများသည် ကျန်းလော်ကို တွေ့ချင်သည်ဟုသာ ပြောသော်လည်း ညစာစားပွဲတွင် ကျန်းလော်ကို ရှိသည်ဟုပင် မအောက်မေ့ကြပေ။ အသိအမှတ်ပြု ထမင်းစာဝိုင်းဆိုသော်လည်း ကျန်းလော်ကို တစ်ယောက်ကမှ စကားမပြောကြပဲ ချီယုံ့ကိုသာ တရစပ်ပြောနေကြသည်။
နောက်ဆုံးတွင် ကျန်းလော်သည် ချီမိသားစုတွင် လူဘယ်နှစ်ယောက်ရှိမှန်း သိလိုက်ရလေပြီ ဖြစ်သည်။ ချီယုံသည် ချီမိသားစု၏ နောက်ဆုံးသော တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး တိုက်ရိုက်မျိုးဆက်မဟုတ်သော အကြီးအကဲ လေးဦးရှိသည်။ အားလုံးသည် ချီယုံနှင့် အဘိုးတော်စပ်သူများဟု ပြောလို့လည်းရသည်။
ညစာစားပွဲတွင် အကြီးအကဲ ဆယ့်တစ်ယောက် ဆယ့်နှစ်ယောက်ခန့်လောက် ရှိသည်။ သူတို့သည် ပါးစပ်ထဲသို့ အစားဝင်သေးရဲ့လားဟု ပြူးပြဲကြည့်ရတော့မလို တစ်ယောက်ချင်းစီတိုင်းသည် မစားနိုင်မသောက်နိုင်စွာ ချီယုံ့ကို စကားပြောနေကြရင်း အလုပ်ရှုပ်နေကြတော့သည်။
“အခုဆိုရင် မင်းက လက်ထပ်ပြီးသွားပြီဆိုတော့ ချီမိသားစုကြီး တစ်ခုလုံးကို ဂရုစိုက်ရတော့မယ် အရင်တုန်းကလို ပုံစံမျိုးမြဖစ်စေနဲ့တာ့ မင်းငါတို့ကို ပြဿနာတွေ သယ်လာပေးတုန်းက မင်းကငယ်သေးလို့မင်းဖင်ကို လိုက်မပေးပေမဲ့ အခုမင်းက ကြီးလာနေပြီး တစ်ချိန်လုံး မင်းဖင်မမနေနိုင်တော့ဘူး ကျန်တဲ့တစ်ဘဝလုံး ကိုယ့်အားကိုယ်ကိုးတော့ ကြားလားကောင်လေး”
“မင်းက တိုက်ရိုက်မျိုးဆက်ဆိုထဲက မင်းလုပ်နိုင်သလောက် အကောင်းဆုံးလုပ်ရမယ် မင်းရဲ့ ကျက်သရေမရှိ သိက္ခာမရှိတဲ့ အဖေအတိုင်း မဖြစ်စေနဲ့..... မင်းရဲ့ တိုက်ရိုက်မျိုးဆက် ဂုဏ်ပုဒ်က နာမည်ဆိုးနဲ့ ကျော်ကြားနေတာ ငါတို့အိမ်တော်ခွဲတွေကိုပါ ဆွဲချမသွားမိအောင် ဂရုစိုက် ”
“အစားစားနေချိန်သုံရမဲ့ စည်းမျဉ်းတွေ မေ့သွားပြီလား သူ့ကို ဘာမှအစားအသောက်တွေ ထည့်ပေးမနေနဲ့ သူ့မှလက်မပါလို့လား”
“ငါတို့ ဘိုးဘေးတွေ ရှိစဉ်တုန်းထဲက စကားကို ဖြေးဖြေးစားပြီး ကျေညက်အောင် ဝါးစားခိုင်းထားတာ မင်းက ဒီလောက် မြန်မြန်စားနေတာ သေတော့မှာမို့လို့လား ဆာလောင်နေတဲ သရဲလည်းမဟုတ်ဘဲနဲ့ မင်းကို ဘယ်လောက်သင်ပေးပေး ပြောင်းလဲမလာဘူး”
“နေ့တစ်ဝက်လောက် မင်းအကြောင်းပြောနေတာကို မင်းက ငါတို့ကို ဘာစကားမှမပြောဘူး စားဖို့ပဲသိတယ် စားဖို့ကလွဲရင် ဘယ်နေရာမှာ သုံးစားလို့ရသေးလဲကွ ဟမ်”
ချီယုံသည် ကျန်းလော်ပန်းကန်လုံးထဲသို့ ဟင်းများထည့်ပေးပြီး အစမှ အခုချိန်ထိ မျက်နှာတစ်ချက်မပျက်ဘဲ ဆက်ပြီး စားသောက်နေသည်။
ကျန်းလော်သည် သူ့ဘေးမှလူငယ်လေး၏ ဖြူဖျော့နေသောလည်း မတ်မတ်ထိုင်ကာ စားသောက်နေပုံကို ကြည့်နေသည်။ လှုပ်ရှားမှုတစ်ခုစီတိုင်းသည် စာအုပ်ထဲကလို ချောမွေ့ ကျက်သရေရှိနေသည်။
‘ဒါကို မြန်မြန်စားတယ်လို့ပြောနေတာလား’
‘ဗိုက်ပြည့်ဖို့ နှစ်နာရီလောက် ထမင်းဝိုင်းမှာ တစ်လုပ်ချင်းစားနေတာကို ထပ်နှေးခိုင်းနေတာလား’
ဆယ့်တစ်ယောက်မြောက်နှင့် ဆယ်နှစ်ယောက်မြောက် အကြီးအကဲသည် စကားလုံးဝ ဝင်မပြောပေ။
သူတို့ပုံစံများသည် ချီယုံ့ကို လက်ချာရိုက်ရ၍ ကျေနပ်နေသောမျက်နှာများဖြစ်ပြီး ချီယုံ့ကို စကားတစ်ခွန်းဆုံးမပြောဆိုလိုက်တိုင်း သူတို့အိမ်တော်ခွဲများ၏ အာဏာကျယ်ပြန့်လာသည်ဟု ခံစားနေကြရကြောင်း မျက်နှာများက အရမ်းသိသာနေသည်။ တစ်လုံးကို မင်းပြော နှစ်လုံးလောက် ငါဆက်ပြောမည်နှင့် ချီယုံ့ကို အစကနေအဆုံးထိ ချီယုံသည် လေလောက်တောင် အသုံးမဝင်ကြောင်းများသာ ထိုင်ပြောသွားကြသည်။
ကျန်းလော်ကိုတော့ ထိုသူများသည် လုံးဝ လစ်လျူရှုထားကြတော့သည်။ ကျန်းလော်သည် သူတို့အသံများကြောင့် အလွန်စိတ်ရှုပ်လာသည်။ သူ့ဘေးတွင် ဘဲအုပ်တစ်အုပ် တဂတ်ဂတ်လာအော်နေသလို ခံစားရသည်။ ထိုအသံများကြားတွင် ပေါက်ကွဲထွက်ချင်လာသော စိတ်ကို မနည်းထိန်းထားရသည်။
ကျန်းလော်သည် ဤမိသားစုမှ အကြီးအကဲများသည် သူ့ဖခင် ကျန်းပင်းချန်နှင့် တစ်ထပ်ထဲတူညီသည့် စိတ်ပျက်ဖွယ် စရိုက်ကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည်။
သူ့ကို အလွန်စိတ်တိုလာစေကာ စားပွဲမှောက်ပြီး ထွက်သွားလိုက်ချင်စိတ်ပေါက်လာပြီ ဖြစ်သည်။ သို့သော် ဤအချိန်သည် သူသောင်းကျန်းရမည့် အချိန်အခါ ဟုတ်မနေသောကြောင့် သူ့ဒေါသကို မနည်းထိန်းထားပြီး ကျန်းလော်သည် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်နေရန် အတော်လေး အားထုတ်ထားရသည်။ ထို့နောက် သူ့နှလုံးသားထဲမှ ရန်လိုမှုများကို မမြင်ရစေရန် ထမင်းပန်းကန်လုံးကိုသာ ငုံ့ကြည့်နေလိုက်သည်။
နောက်ဆုံးတွင် ထိုအကြီးအကဲတိုင်းသည် ကျန်းလော်၏ တိတ်ဆိတ်စွာ အဆူအဆဲခံနေခြင်းကြောင့် ကျေနပ်သွားကြတော့သည်။ သူတို့သည် ခေါင်းမော့ရင်ကော့ပြီး ထမင်းဝိုင်းမှ ထွက်သွားသည်မှာ ထမင်းစားပွဲမှ ထသွားသည်နှင့် မတူဘဲ တိုက်ပွဲအကြီးကြီး ရင်ဆိုင်တိုက်ခိုက်၍ အောင်မြင်လာသော စစ်သူကြီးများနှင့်ပင် တူနေသေးသည်။ သူတို့ကသာ မိသားစုမျိုးနွယ်စုကိ ချုပ်ကိုင်ချယ်လှယ်သူများဟု အထင်ရောက်နေကာ စိတ်ကြီးဝင်နေကြခြင်း ဖြစ်ပါလိမ့်မည်။
စားပွဲပေါ်တွင် တည်ခင်းထားသော ဟင်းလျာများသည် အရာမယွင်းသေးဘဲ အေးစက်နေသောကြောင့် အနံ့များသည် အော့အန်ချင်လာအောင် စွမ်းဆောင်နေသည်။ ချီယုံသည် ကျန်းလော်ကို ကြည့်လိုက်ပြီး
“မင်း ဘာလို့ မစားတော့တာလဲ”
ကျန်းလော်သည် သူ့ကိုပြန်ကြည့်လိုက်ပြီး အကြာကြီးကြာမှ အသံကို ဆွဲပြီးပြောလိုက်သည်။
“စားချင်စိတ်မရှိတော့လို့”
ဘေးလူတစ်ယောက်အနေဖြင့် သူတောင်မှ ထိုလူစု၏ စကားများ အပြုအမူများကို မခံမရပ်နိုင်ဒေါသထွက်ကာ သူတို့ပါးစပ်များကို ပြေးပိတ်ချင်မိသော်လည်း အဘယ့်ကြောင့် ချီယုံက ဤမျှထိန်းချုပ်ထားနိုင်ပါသနည်း။
ချီယုံသည် စားပွဲကို ပြန်ကြည့်လိုက်ပြီး ကြွပ်ရွနေသော ကြက်သားဟင်းလျာကို ညွှန်ပြလိုက်ကာ
“မင်းဒီဟင်းကို မြည်းကြည့်သင့်တယ် စားဖိုမှူးရဲ့ အထူးဟင်းပွဲလေ အရေခွံက ကြွပ်ရွနေပြီး အသားက အရည်ရွှမ်းပြီး နူးညံ့လိုက်တာများ ”
“ထားလိုက်တော့”
ကျန်းလော်သည် ဂရုမစိုက်စွာ ပြောလိုက်သည်။
“ငါတော့ အဲ့ဟင်းတွေထဲ တံတွေးဘယ်နှစ်စက်လောက် ဝင်ထားပြီမှန်း မသိတာ ဆက်မစားနိုင်ပါဘူး”
ချီယုံသည် အကျယ်ကြီး အော်ရယ်မိသားပြီး သူ့လက်ထဲမှ ထမင်းပန်းကန်လုံးကို အောက်ချလိုက်ကာ
“ဒါကြောင့် ကိုယ်က ကိုယ့်ရှေ့နားက ဟင်းပွဲတွေပဲ စားတာလေ”
ကျန်းလော်သည် သူအခုထိ ရယ်နိုင်နေသေးသည်ကို မယုံနိုင်စွာ ကြည့်လိုက်ပြီး စားပွဲမှ ထရပ်လိုက်သည်။
“မင်းဝပြီလား ဝရင် သွားကြစို့”
ချီယုံ့သည် လက်သုတ်ပုဝါတစ်ထည်ယူလိုက်ပြီး ပါးစပ်အရင်သုတ်ပြီးမှ လက်ကို သုတ်လိုက်ပြီး ထရပ်ကာပြောသည်။
“သွားကြစို့”
သူတို့ ခုနကစားခဲ့ကြသည်မှာ နေ့လည်စာဖြစ်နေသာ်လည်း ကောင်းကင်ကြီးသည် နေ့လည်ခင်းလို့ မထင်ရအောင် မှောင်မှိုင်းနေသည်။ လေအေးသောကြောင့် ကျန်းလော်သည် အသက်ရှူလိုက်တိုင်း လေအေးများကို ရှူသွင်းမိနေကာ သူ့ပါးစပ်မှတဆင့် လေအေးများ နှလုံးကို လာရိုက်နေသလိုတောင် ခံစားနေရသည်။
“စီးကရတ် ရှိလား”
သူကမေးသည်။
“ဆေးလိပ်သောက်ချင်လို့လား”
ချီယုံသည် သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။
ကျန်းလော်သည် နှုတ်ခမ်းတင်းတင်းစေ့၍ ပြုံပြလိုက်ကာ
“စီးကရတ်လို့”
ချီယ့ုသည် သူ့ကို တည်ငြိမ်စွာကြည့်နေရင် အိမ်တံခါးမကြီးထိ ခေါ်သွားပြီး
“ကိုယ့်မှာ တစ်လိပ်မှမရှိဘူး ဒါပေမဲ့ မင်းလိုချင်ရင် ရနိုင်ပါတယ်”
သူတို့နှစ်ယောက်သည် အိမ်တော်တံခါးမကြီးမှ အပြင်သို့ထွက်လိုက်ရာ ချီမိသားစုအိမ်တော်ရှေ့တွင် လူအနည်းငယ်ရှိနေလေသည်။ ကျန်းလော်သည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ မှန်ဝင်္ကပါလောက၏ ကောင်းကင်သည် သူတို့ ဝင်လာတုန်းက အတိုင်း မပြောင်းမလဲ ထူးဆန်းစွာ မှုန်မှိုင်းနေသေးသည်။
သူသည် ထိုအခြေအနေကြောင့် မည်သည်ကိုမျှ သေချာကောက်ချက်ချ၍ ပြောမရပေ။
“မြန်နိုင်သမျှမြန်မြန်ပြန်လာရအောင် မကြာခင်မိုးရွာတော့မှာ”
ချီယုံသည် ခေါင်းညိတ်လိုက်ပြီး နည်းနည်းကြာအောင် လမ်းလျှောက်နေရင်း မရည်ရွယ်ပဲ ပြောထွက်သည့် စကားပုံစံဖြင့် သူ့ကို ပြောလာသည်။
“မနက်တုန်းက မင်းဘေးနားမှာ လမ်းလျှောက်လိုက်ပေးတဲ့ ကောင်မလေးကလေ သူမကြည့်ရတာ ကိုယ့်ကို သိနေသလိုပဲနော်”
#################################