အပိုင်း (၁၁၀)
နှင်းမုန်တိုင်းမလာခင်
လျန်ရွှီ သူ့အတွက်ပြင်ဆင်ပေးထာသော အခန်းသည် နံရံဖြူဖြူများနှင့် ကြွေပြားများအလှဆင်ထားသော အိမ်ငယ်လေးဖြစ်နေသည်။ ကျေးလက်အိမ်ငယ်လေးသည် ကျန်းလော်တစ်ယောက်ထဲနေရန် ကျယ်ပင်ကျယ်နေသေးသည်။
ကျန်းလော်သည် အိမ်ပတ်ပတ်လည်ရှိတောအုပ်ထဲတွင် ငှက်များပျံသန်းနေသည်ကို ကြည့်နေသည်။ လျန်ရွှီသည် ပြုံးလိုက်ပြီး
“လျန်အိမ်တော်ရဲ့ ထျန်ပိရေကန်ထဲက ရေက အိမ်တော်တစ်ခုလုံးကို မြေအောက်ထဲကနေ စိမ့်ဝင်နေတာလေ အဲ့တာနဲ့ လေးရာသီလုံးက နွေဦးလို ဖြစ်နေတော့တာပဲ၊ ဒါပေမဲ့ အိမ်တော်အပြင်ဘက်မှာတော့ ရာသီဥတုက ပုံမှန်ပါပဲ၊ နောက်လဝက်လောက်ဆို အိမ်အနောက်ဘက် တောင်တစ်ခုလုံး နှင်းတွေဖုံးသွားတော့မှာလေ ဒါပေမဲ့ အိမ်ဝင်းထဲမှာတော့ စိမ်းစိုနေတုန်းပဲ”
ကျန်းလော်သည် ပြုံးလိုက်ပြီး ထိုမြင်ကွင်းကို စိတ်ထဲမှ ပုံဖော်ကြည့်လိုက်သည်။
“လှနေတော့မှာပဲ”
လျန်ရွှီသည် ခေါင်းညိတ်လိုက်ပြီး
“သေချာပေါက်ပဲ”
ကျန်းလော်သည် အခန်းကို ပတ်ကြည့်လိုက်သည်။ အိပ်ခန်းထဲတွင် ပြတင်းပေါက်ကြီးတစ်ခုရှိပြီး ထိုမှတစ်ဆင့် အနောက်ဘက်တောင်ကို လှမ်းကြည့်နိုင်သည်။ ထိုတောင်ပေါ်တွင် အပင်များသည် သူ့ရာသီအတိုင်း အေးစက်ပြီး မှိုင်းညို့နေကြသည်။ သစ်ပင်များသည် အနည်းငယ်ခြောက်သွေ့နေပြီး မြေပြင်သည် အဝါရောင်သမ်းနေကာ တောင်တစ်လုံးလုံးသည် ခေါင်းတုံးပြောင်ပြောင်ကြီးကဲ့သို့ ခြောက်သွေးပြောင်ရှင်းနေသည်။
“အဲ့ဒီတောင်ကို လျန်မျိုးနွယ်စုက ပိုင်တာလား”
လျန်ရွှီသည် ခေါင်းယမ်းလိုက်ပြီး ရှက်ပြုံးပြုံးလိုက်ကာ
“လျန်မိသားစုဘိုးဘေးအိမ်တော်က ဒီကုန်းမြေရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပိုင်တာ အဲ့ဒီတောင်က နောက်မှပေါ်လာတာဆိုတော့ ဘယ်သူမှမပိုင်ဘူး”
ကျန်းလော်သည် ရယ်လိုက်ပြီး
“ချီ(ချီရယ်)မိသားစုအိမ်ကတော့ တောင်တွေကို ငုံပြီး အိမ်ဆောက်ထားတာများ အိမ်ဝန်းထဲမှ တောင်တွေတောင် ထည့်ထားသေးတယ်”
လျန်ရွှီသည် သက်ပြင်းချလိုက်ပြီး
“သူတို့က ပကာသနတွေကို အရမ်းဂရုစိုက်လွန်းနေတာပဲ”
အခန်းများသည် ကျဉ်းကြသော်လည်း လိုအပ်သမျှအကုန်ရှိသည်။ မီးဖိုချောင်လဲရှိကာ အိမ်တော်စားဖိုဆောင်မှ ပို့သည့်အစားအစာကိုမကြိုက်လျှင် ကိုယ်တိုင်ချက်စားနိုင်သည်။
“ဒီမှာအင်တာနက်ရလား”
လျန်ရွှီသည် တိတ်သွားပြီး သူမမျက်နှာတွင် နာကျင်နေဟန်ပေါ်လာကာ
“မရဘူး”
ကျန်းလော်သည် လေအေးများရှူသွင်းလိုက်ပြီး လျန်ရွှီကို မယုံနိုင်စွာကြည့်လိုက်သည်။ လျန်ရွှီသည် လေးလေးပင်ပင် ခေါင်းညိတ်ပြလိုက်ရာ ကျန်းလော်သည် ထိုပုံကို ကြည့်ပြီး မရယ်ဘဲမနေနိုင်တော့ပေ။ ကျန်းလော်သည် အကျယ်ကြီး ရယ်လိုက်ပြီး
“ဒီလကတော့ အင်တာနက်မရှိတဲ့ လဖြစ်တော့မှာပဲ”
“ဒီမှာ တီဗီတော့ရှိပါတယ် နိုင်ငံတော်ပိုင် ရုပ်သံလိုင်းတွေကြည့်လို့ရတယ် အိုး စာအုပ်တွေလည်း ဖတ်လို့ရတယ်”
လျန်ရွှီသည် အားတင်းပြုံးလိုက်ပြီး
“ညီမတို့အိမ်တော်မှာ စာအုပ်တွေအများကြီး ရှိတယ်”
ကျန်းလော်သည် ခုနတုန်းကနှင့်မတူစွာ မပျော်တော့ပေ။ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ အင်တာနက်မရှိသည်က အင်တာနက်မရှိတာပင်။
အိပ်ရာဝင်ချိန်တွင် ကျန်းလော်သည် စိတ်ဝင်စားလောက်မည့်စာအုပ်တစ်အုပ်ရွေးလိုက်သည်။ ထိုစာအုပ်ထဲတွင် ကုသရေးပညာများအကြောင်းရေးထားကာ သူသည် စာမျက်နှာအနည်းငယ်ဖတ်နေရင်း အိပ်ပျော်သွားတော့သည်။
ကျန်းလော်သည် အိပ်ရာနိုးလာသည်နှင့် အင်တာနက်ဖြတ်တောက်ခံရသော ပျင်းရိဖွယ်ဘဝကြီးကို စတင်လိုက်သည်။ ကျန်းလော်၏ သန့်စင်သောခန္ဓာကိုယ်ဖြစ်ရန် လုပ်ငန်းစဉ်တွင် တာဝန်ရှိသူမှာ လျန်ရွှီဖြစ်ပြီး ကျန်းလော်သည် ထျန်ပိရေကန်မှ ရေဖြင့် တစ်ရက်လျှင် နှစ်နာရီခန့် မွန်းတည့်ချိန်တွင် ရေစိမ်ရသည်။
ကျန်းလော်သည် ရေစိမ်ရန် အဝတ်လဲပြီးနောက် လျန်ရွှီနှင့် သူမ၏ ဂျူနီယာမောင်လေးနှစ်ယောက်သည် ခါတိုင်းလိုပင် ရေပုံးမပြီး ဝင်လာကြသည်။ နေ့တိုင်း ဂျူနီယာများက ကျန်းလော်ကို ကူညီပေးကြသောကြောင့် ကျန်းလော်သည် လျန်အိမ်တော်မှ ဂျူနီယာများနှင့် အတော်လေးရင်းနှီးနေပြီဖြစ်သည်။
ထျန်ပိရေကန်မှ ရေသည် မကောင်းဆိုးဝါး၏ညစ်ညမ်းမှုများကို သန့်စင်ပေးနိုင်ပြီး လူတစ်ယောက်၏ ကိုယ်ရောစိတ်ပါ သန့်ရှင်းသွားစေသည်။ လျန်မျိုးနွယ်များသည် ထိုရေကန်မှ ရေကို ရေစင်ဟုခေါ်ဆိုကြပြီး ကျန်းလော်ကဲ့သို့ မသန့်စင်မှုများ ရှင်းလင်းရန်လိုအပ်သူများအတွက် သူတို့သည် ထိုရေကို အသုံးပြုပြီး ချက်ပြုတ်ပေးကြသေးသည်။
ထျန်ပိရေကန်မှ ရေများသည် ကျန်းလော်ထိလိုက်သည်နှင့် ချက်ချင်း မည်းမှောင်သွားသည်။ ရေစိမ်ကန်လိုက်ကြီးသည် ကျန်းလော်စိမ်လိုက်လျှင် အလွန်ဆုံး ဆယ့်ငါးမိနစ်အတွင်း နက်မှောင်သွားသည်။ လျန်ရွှီသည် ဆက်တိုက်ရေလဲပေးသည်။ ကျန်းလော်ရေစိမ်ပြီးသည်နှင့် လျန်ရွှီနှင့် ဂျူနီယာနှစ်ယောက်သည် ဖက်ဖက်မောနေကာ ချွေးများရွှဲနစ်သွားကြမြဲဖြစ်သည်။
ပထမဆုံးအကြိမ်တွင် လျန်ရွှီသည် အဆင်ပြေသေးသည်။ အညစ်အကြေးများဆေးကြောသည့် ပထမဆုံးအကြိမ်မို့လို့ ဒီလို မဲနက်သွားရသည်ပေါ့။ နောက်ငါးရက်ကြာပြီးနောက် ကျန်းလော်၏ရေကန်သည် ဆယ့်ငါးမိနစ်အကြာဆုံးခံကာ မဲနက်နေဆဲပင်ဖြစ်သည်။ ရေစိမ်ကန်ထဲမှ ရေသည် အလွန်ညစ်ညမ်းနေသောကြောင့် ထျန်ပိရေကန်ထဲမှ ရေများဟုတ်ပါ့မလားတောင် ထင်ရသည်။
ဒီတစ်ကြိမ်တွင် လျန်ရွှီသည် ထိတ်လန့်သွားပြီး သူမဂျူနီယာများကိုခေါ်ကာ ထျန်ပိရေကန်ထဲမှ ရေကို သွားစစ်ဆေးတော့သည်။ သူသည် လျန်ရွှီ၏မျက်လုံးထဲတွင် မှင်နက်တုံးကဲ့သို့ ဖြစ်နေပြီး သူနှင့်ထိလိုက်တာနဲ့ ရေများမဲနက်သွားသည်လေ။ လျန်ရွှီ၏ စစ်ဆေးချက်ထွက်လာပြီးနောက်တွင် ထျန်ပိရေကန်မှ ရေသည် အလွန်သန့်ရှင်းနေပြီး ကျန်းလော်ကသာလျှင် ပြဿနာရှိနေမှန်း ပေါ်ပေါက်လာသည်။
လျန်ရွှီသည် အဖြေကို လက်မခံနိုင်ဖြစ်နေသည်။ သီအိုရီအရရော အမြင်အရပါ အလွန်ထူးဆန်းနေသည်။
‘ဘယ်လိုမကောင်းဆိုးဝါးကများ အစ်ကိုကျန်းလော်ကို ဒီလောက် အညစ်အကြေးတုံးကြီး ဖြစ်အောင် လုပ်လွတ်လိုက်တယ် မသိဘူး’
သူတို့သည် ဤအခြေအနေကို မဖြေရှင်းနိုင်တော့သောကြောင့် ကျန်းလော်ကို သူတို့ တာအိုဆရာတော်ကို ဝေ့ဟော တောင်ပေါ်မှဆင်းလာမည့်အချိန်ကို စောင့်ရင်း ရေဆက်စိမ်ပေးထားကြရန် ဆုံးဖြတ်လိုက်ကြသည်။ ၏
ဆရာတော်သည် နောက်ခုနှစ်ရက်နေရင် ဆင်းလာတော့မည်လေ။ ဆရာတော်သည် လျန်မိသားစု၏ အသက်အကြီးဆုံး ဝါအကြီးဆုံး အကြီးအကဲဖြစ်ပြီး ပယောဂကုရာတွင် တစ်ဖက်ကမ်းခတ်တော်ကာ ဆေးပညာတွင်လည်း အလွန်ပေါက်ရောက်သောကြောင့် သူသာလျှင် ဒီကိစ္စကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
ခုနှစ်ရက်ကြာပြီးနောက် ဆရာတော်သည် ကုစားလို့မပြီးသေးကြောင်း သတင်းပို့လာပြီး နောက်ထပ်သုံးရက် ထပ်တရားထိုင်ဦးမည့်အကြောင်းကြားလာသည်။ ထိုသုံးရက်ကြာပြီးနောက်တွင်လည်း ဆရာတော်သည် ဆင်းချင်သော်လည်း ဆင်းမလာနိုင်တော့ပေ။ တောင်တစ်တောင်လုံးနှင်းများဖုံးလွှမ်းနေသောကြောင့်ပင်။
ဒီဇင်ဘာလအစတွင် ဆောင်းတွင်းစဝင်ပြီး နှင်းများတလဟောကျလာသည်။ ကျန်းလော်သည် လက်ဖက်ရည်ပူပူတစ်ခွက်ကိုင်ပြီး ပြတင်းပေါက်မှ တောင်ပေါ်ကိုကြည့်နေသည်။ တောင်တစ်တောင်လုံး ဖြူဖွေးနေကာ စိမ်းစိုသောမြင်ကွင်းကို နောက်ခံအဖြူနှင့် မြင်ရသည်မှာ ထူးဆန်းစွာလှပနေသည်။
ကျန်းလော်သည် လူသားကမ္ဘာမှမဟုတ်သော မှတ်ဉာဏ်များကို သတိရလာသလိုရှိသည်။ ကျန်းလော်သည် သူပင်လယ်ထဲသို့ ထွက်သွားစဉ်က နေကျဲကျဲတောက်ပူနေပြီး ယခုတွင် နှင်းများကျနေသည်ကို မယုံနိုင်သလို ဝိရောဓိဖြစ်နေသည်။ သူသည် သူ့ကိုယ်သူဆွဲဆိတ်လိုက်ရာ
‘နာသေးတယ်’
ကျန်းလော်သည် မျက်မှောင်ကုတ်ထားသည်ကို ဖြည်လိုက်ပြီး မြေပြင်ကို ကြည့်ကာ သမ်းလိုက်သည်။
လျန်အိမ်မှာနေရသော ဆယ်ရက်သည် ကျန်းလော်အတွက် ဆယ်နှစ်လောက် ဝစီပိတ်ကျင့်လိုက်ရသလို ခံစားရသည်။ ထိုထက်ပိုသည်မှာ သူသည် အပျင်းလွန်ပြီး သေမတတ်ဖြစ်နေပြီ ဖြစ်သည်။
လုယုံရိနှင့် အဆောင်ထဲအောင်းပြီး ပိုကာဒေါင်းနေသည်ကပင် ဆန္ဒဖြတ်တောက်ပြီး အသက်ရှင်ရမှာထက်စာရင် ပိုကောင်းသည်။ ဆယ်ရက်တောင်ရှိပြီဖြစ်ပြီး ကျန်းလော်သည် ရူးသွားတော့မလို ခံစားနေရသည်။ ကျန်းလော်သည် အလွန်ပြင်းနေသောကြောင့် သူ့ဝိဉာဉ်ကပင် အော်ဟစ်ဆူပူနေလေပြီ။
သူတို့ သင်္ဘောကြီးကို ဖောက်ခွဲလိုက်သည်မှာ လဝက်ခန့်ရှိပြီဖြစ်သော်လည်း ကျန်းလော်အတွက် တစ်လလောက်ကြာသွားသလို ခံစားနေရသည်။
သူ ဤကမ္ဘာသို့ စစရောက်ထဲက ကျန်းလော်သည် ယခုလောက်စိတ်လှုပ်ရှားစရာမကောင်းသော်လည်း အန္တာရာယ်တစ်ခုပြီး တစ်ခုကြုံလာပြီးနောက် သူသည် တော်ရုံတန်ရုံဆို မဖြုံတော့ပေ။ သူသည် လျန်မိသားစုနှင့် မကိုက်ညီပေ။ မည်မျှပင် ဟန်ဆောင်ပြီး သည်းခံနေပါစေ ကျန်းလော်သအတွက် သွေးငါးရှဉ့်များအပြည့်နှင့် Angoneseသင်္ဘောကြီးက ပိုပြီးပျော်စရာကောင်းနေသည်ကို မမျှော်လင့်ပဲ သိလိုက်သည်။
လျန်ရွှီနှင့်ဂျူနီယာလေးများသည် ကျန်းလော်တွင် ဘာမှပြောင်းလဲမနေသော်လည်း ကျန်းလော်သည် သူ့ခန္ဓာကိုယ်မှ ညစ်ညမ်းမှုနှင့် ပတ်သက်၍ ကျန်းလော်စိတ်ပင်ပန်းလာမှာ စိုးရိမ်နေကြသည်။ ကျန်းလော်မှာ ဘယ်လိုမှ မငြီးငြူသောအခါ လျန်ရွှီတို့သည် ပိုစိတ်ပူလာသည်။ လျန်ရွှီသည် ကောင်းကင်သခင်ကို ကျန်းလော်ကို သန့်စင်ပေးရန် အချိန်တစ်လသာ လိုသည်ဟုပြောခဲ့မိသည်။ သို့သော် တစ်လ၏သုံးပုံတစ်ပုံကုန်သွားသော်လည်း နည်းနည်းမှ မတိုးတက်လာခဲ့ပေ။
“အစ်မကြီး.........”
မောင်နှမများသည် လျန်ရွှီကို ဝမ်းနည်းစွာကြည့်နေကြသည်။ လျန်ရွှီသည် ပြတင်းပေါက်မှ နှင်းများလွှမ်းနေသော တောင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ
“မနက်ဖြန်ထိ စောင့်ကြည့်ကြရအောင်ပါ”
သုံးရက်ကြာအောင်နှင်းများကျနေပြီး တောင်အနောက်ဘက်တွင် တောင်တန်းအနက်ကြီးတစ်ခုရှိနေသေးကာ တစ်နှစ်ပတ်လုံးနှင်းကျနေသလိုမျိုး ထူးဆန်းစွာ နှင်းများဖုံးနေသည်။
နှင်းအကျရပ်သွားသောလည်း တောင်ကို နှင်းထုကြီး အုပ်နေသည်။ တောင်အောက်မှလူများသည် တောင်ပေါ်တက်နိုင်သော်လည်း တောင်ပေါ်မှ ဘယ်အရာမှ ပြန်ဆင်းမလာနိုင်ပေ။
လျန်ရွှီသည် အံကြိတ်လိုက်ပြီး ထပ်မံပြီး အချိန်မဆွဲတော့ပဲ ကျန်းလော်ကို ပစ္စည်းများထုပ်ပိုးခိုင်းလိုက်သည်။
“ညီမ အစ်ကို့ကို တာအိုဆရာတော်ကြီးဆီခေါ်သွားပေးမယ်”
ကျန်းလော်သည် လျန်ရွှီနောင်တရပြီး စိတ်ပြောင်းသွားမည်စိုး၍ မတုံ့ဆိုင်းဘဲ ချက်ချင်းအထုတ်ပြင်တော့သည်။ လျန်အိမ်တော်အပြင်သို့ ထွက်လိုက်သည်နင့် နှင်းဝတ်ရုံခြုံထားသလို ဖွေးဆုတ်သွားကြတော့သည်။ ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး
“အေးလိုက်တာ”
နောက်ဆုံးတွင် လျန်အိမ်မှ ထွက်နိုင်ခဲ့ပေပြီ။
နှင်းမကျခင်အချိန်တုန်းက တောင်တက်လမ်းတစ်ခုရှိခဲ့သည်။ ယခုအချိန်တွင် တောင်တက်လမ်းသည် မြုပ်သွားလေပြီဖြစ်ပြီး လျန်ရွှီသည် သူတို့ကို တခြားချောမွေ့သော လမ်းကြောင်းတစ်ခုမှ ခေါ်သွားသည်။ လျန်ရွှီသည် သူတို့အပြင် သန်မာသော ဂျူနီယာ လျန်ချန်းနှင့် လျန်ပင်းတို့ နှစ်ယောက်ကိုပါ ခေါ်လာသည်။ ထိုနှစ်ယောက်သည် မနှစ်ကမှ ဆယ်ရှစ်နှစ်ပြည့်ကြတာဖြစ်ပြီး အလွန်အရပ်ရှည်ကြသည်။
သူတို့သည် ချွေးများထွက်အောင် တွယ်တက်နေသောကြောင့် အအေးဒဏ်ကို မခံစားရပေ။ သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ တောင်ပေါ်မှ မီးတိုင်ကြီးနှစ်တိုင်ကဲ့သို့ပင် ပူလောင်နေသည်။
သူတို့သည် သူတို့အစ်မကြီး လျန်ရွှီကို အနည်းငယ်ကြောက်ကြပြီး သူတို့ကြားတွင် ပူလောင်နေပုံရသော ကျန်းလော်နောက်ကသာ ကပ်လိုက်ကြသည်။ လမ်းတစ်တက်တွင် ကျန်းလော်၏ လေကာမျက်မှန်သည် ရေမှုန်ရေမွှားများနှင့် ဖုံးလွှမ်းသွားသည်။ သူသည် မျက်မှန်ကိုချွတ်လိုက်ပြီး သုတ်ရင်း မေးလိုက်သည်။
“တာအိုဆရာတော်ရဲ့ အိမ်တော်ကို ဘယ်တော့ရောက်မှာလဲ”
“ဆရာတော်ကြီးတွေက တောင်ထိပ်မှာနေကြတာဆိုတော့ ပုံမှန်ဆို သုံးနာရီ လေးနာရီလောက်ဆိုရောက်ပါပြီ ဒါပေမဲ့ အခုက လမ်းသိပ်မကောင်းတော့ ညီမတို့ ခြောက်နာရီ ခုနှစ်နာရီလောက်မှ ရောက်မှာပဲ”
လျန်ရွှီသည် မောပန်းစွာသက်ပြင်းချလိုက်ပြီး တံတွေးမြိုချလိုက်ကာ သူမလက်များကို ပွတ်သပ်လိုက်သည်။ အေးစက်နေသော လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်ရင်း
“အလွန်ဆုံး ညနေခြောက်နာရီလောက်ဆို ရောက်ပါပြီ”
“အိုး”
ကျန်းလော်သည် ပြန်မပြောနိုင်အောင် ပါးစပ်ပိတ်သွားသည်။ ထို့နောက် ကျန်းလော်သည် အံ့ဩစွာမေးလိုက်သည်။
“မနက်ဖြန်ည ခြောက်နာရီလား ဒါဆို ဒီညဘယ်မှာနေကြမှာလဲ”
လျန်ချန်းသည် အော်ရယ်လိုက်ပြီး
“ကျန်းလော်အစ်ကိုကြီး ဘာဖြစ်သွားတာလဲဗျာ အစ်မကြီးပြောတာာ ဒီညခြောက်နာရီမှန်း ရှင်းနေတာကို”
“ဒီညခြောက်နာရီလား”
ကျန်းလော်သည် သူ့လက်များကို မလှုပ်တော့ပဲ မျက်မှောင်ကြုတ်ပြီး သူတို့ကိုကြည့်လိုက်သည်။
“တကယ်ကြီးပြောနေကြတာလား”
လျန်ရွှီသည် အနည်းငယ်ရှုပ်သွားပြီး
“ဘာဖြစ်နေလို့လဲ”
ကျန်းလော်၏လှပသော မျက်လုံးများသည် တွန့်တက်သွားပြီး သူမကို မယုံကြည်နိုင်ဟန်ကြည့်လိုက်သည်။
“မင်းက နှင်းမုန်တိုင်းထဲကနေဖြတ်ပြီး တောင်ထိပ်ထိ လမ်းလျှောက်သွားမယ်ပေါ့”
လေးအေးများကို သုံးယောက်ပြိုင်တူမှုတ်ထုတ်လိုက်ကာ လျန်ရွှီတို့သုံးယောက်သည် မယုံနိုင်စွာမေးလိုက်သည်။
“နှင်းမုန်တိုင်းလား”
ကျန်းလော်သည် သူတို့ထက်ပင် ပိုစိတ်ရှုပ်လာကာ
“မနေ့ညက ကောင်းကင်ကို မမြင်ကြဘူးလား၊ ငါထင်တာမင်းတို့ထွက်မလာခင် လမ်းတစ်ဝက်မှာ နားခိုဖို့ တစ်နေရာရှာထားမယ်ထင်နေတာ မဟုတ်မှ မင်းတို့ မသိလိုက်ကြဘူးလို့ မပြောနဲ့နော်”
“ဒါကြီးက ပုံမှန်လုပ်နေကြတက်လိုက်ဆင်းလိုက်နဲ့ တူမနေဘူးနော် အခန့်မသင့်ရင် နတ်ပြည်တန်းရောက်သွားနိုင်တယ်ကွ”
လျန်ရွှီနှင့် လျန်ပင်းစည် ရှက်ရွံ့စွာကြည့်လိုက်ပြီး
“အစ်ကိုကြီး ကျွန်တော်တို့ အပြင်မထွက်တာကြာပြီဗျ ကျွန်တော်တို့ မိုးလေဝသအခြေအနေကြည့်ဖို့ သတိကိုမရတာပါဗျာ..............ကျွန်တော်တို့ မနေ့က မိုးလေဝသသတင်းတော့ကြည့်ဖြစ်သေးတယ် အဲ့ဒီမှာ ဒီနေ့ နှင်းမုန်တိုင်းကျမယ်လို့ပြောမထားဘူးဗျ”
ကျန်းလော် “.............”
သူသည် ရုပ်လွန်လောကသား အစစ်မဟုတ်သောကြောင့် အနည်းငယ်တွေဝေသွားသည်။ ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး အတတ်နိုင်ဆုံး တည်တံ့စွာပြောလိုက်သည်။
“မိုးလေဝသသတင်းက ပုံအကြီးကြီးကိုကြည့်ပြီး လျှောက်ပြောနေတာကွာ ငါသေချာတယ် ဒီနေ့လည် သေချာပေါက် နှင်းမုန်တိုင်းတိုက်မှာကွ”
ထွားထွားကြိုင်းကြိုင်းကောင်လေးနှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး
“တကယ်ကြီးလား အစ်ကိုကြီးကျန်းလော် မနောက်ပါနဲ့ဗျာ”
ကျန်းလော်သည် ဤနေရာပတ်ဝန်းကျင်ကို သေချာကြည့်ပြီးပြောလိုက်သည်။
“ငါကဒီလိုကိစ္စမျိုးကို နောက်နေမယ်ထင်လား”
“ဘယ်အချိန်လောက် မုန်တိုင်းတိုက်မလဲ”
လျန်ရွှီသည် ဤကိစ္စမျိုးတစ်ခါမှ မကြုံဖူးသောကြောင့် ဘာအကြံမှမထွက်လာဘဲ နှုတ်ခမ်းတင်းတင်းစေ့ကာ ငိုမဲ့မဲ့နှင့်
“ပြန်သွားဖို့အချိန်မှီသေးလား”
ကျန်းလော်သည် ကောင်းကင်ကိုကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ စိတ်ညစ်စွာဖြင့်
“ပြန်သွားဖို့ အချိန်မရတော့ဘူး မုန်တိုင်းက တစ်နာရီအတွင်းလာတော့မှာ”
သူစိတ်လှုပ်ရှားရတာကြိုက်သည်ဟုပြောလိုက်တုန်းရှိသေးသည် သေခြင်းရှင်ခြင်းကြားက စိန်ခေါ်မှုသည် ချက်ချင်းရောက်လာသည်။ ကျန်းလော်သည် ရုတ်တရက်ကြီး ကံကောင်းလာသလို ခံစားလိုက်သည်။ သူသည် ထိုခံစားမှုကို ထုတ်မပြောဘဲ စိတ်ထဲမှာပဲထားလိုက်သည်။ မဟုတ်လျှင် သူ့သိက္ခာလေးသည် နို့အဆိပ်သင့်နေသည့်လူဟူ၍ လျန်မိသားစုထဲ ပျံ့နှံ့သွားပေရော့မည်။
##############################