အပိုင်း (၁၀၉)
ခန္ဓာကိုယ်သန့်ရှင်း
လျန်မျိုးနွယ်စုသည် နတ်ဆေးသမားတော် (ခေါ်) ပယောဂကုဆေးဆရာများဖြစ်ကြပြီး မျိုးနွယ်ကြီးခြောက်ခုထဲမှ တစ်ခုဖြစ်သည်။ သို့သော် တခြားမျိုးနွယ်များနှင့် မတူပဲ ခလာကကြီး၏ကောင်းခြင်းဆိုးခြင်း ဘာကိုမှဝင်မပါသော နိမ့်ချနေတတ်သော မျိုးနွယ်ဖြစ်သည်။ ကျန်းလော်သည် လျန်မိသားစု၏ တပည့်ကြီးဖြစ်သူ ကျိုးကျုံးချိုး၏ အနီးကပ်သူငယ်ချင်းလည်း ဖြစ်သော လျန်ရွှီနှင့် တွေ့ဖူးပြီး ဖြစ်သည်။
ထျန်းရှိဖူ၏ကားကို ရှန်ရူမာသည် တောနက်ထဲထိ မောင်းဝင်သွားသည်။ ကားထဲတွင် ကျန်းလော်နှင့် ဖုန်းလီအပြင် အသုဘပစ္စည်းများအရောင်းဆိုင်ပိုင်ရှင် သုဘရာဇာလည်း လိုက်လာသည်။ ဒီတစ်ခေါက်ခရီးသည် အလွန်ရှည်ကာ နေ့လည်ခင်းကတည်းက ထွက်လာသော်လည်း နေဝင်ပြီး မှောင်တော့မှ လျန်မျိုးနွယ်စုနေထိုင်ရာ တောင်တန်းများအတွင်းရောက်တော့သည်။
ကျန်းလော်သည် ယခုအချိန်တွင် စိတ်ငြိမ်သွားပြီဖြစ်သည်။ သုဘရာဇာမှ ချီမိသားစု၏ တိုက်ရိုက်မျိုးဆက်များ အသက်သုံးဆယ်မတိုင်ခင် သေဆုံးရသည့်အကြောင်းအရင်းသည် ချီမိသားစုကျိန်စာကြောင့်ဖြစ်နိုင်သည်ဟူသည်မှာ ဒီအတိုင်းကောလဟာလသာ ဖြစ်ကြောင်းပြောလိုက်မှ ကျန်းလော်စိတ်ပြေသွားသည်။
ကျန်းလော်သည် ချီယုံပြောခဲ့သည့် အရေးကြီးသော လျှို့ဝှက်ချက်ကို သတိရသွားသည်။ ချီယုံသည် သူကိုယ့်ပေါ်တွင် ကျိန်စာကိုသယ်ဆောင်ထားပြီး ထိုကျိန်စာကို ချီမိသားစုတိုက်ရိုက်မျိုးဆက်တိုင်း ဆက်ခံရပြီး ပင်မအိမ်တော်မှ အိမ်တော်ခွဲများကို အန္တာရာယ်မပေးနိုင်ရန်ဖြစ်သည်။ သို့သော် ထိုထဲတွင် ချီမိသားစုတိုက်ရိုက်မျိုးဆက်များ အသက်သုံးဆယ်မတိုင်ခင် သေဆုံးရမည့်အကြောင်း မပါဝင်ပေ။
ကျန်းလော်သည် ချီယုံပြောသည် ထိုလျှို့ဝှက်ချက်ကို အလွန်ယုံကြည်သည်။ ဒီလျှို့ဝှက်ချက်သည် အနည်းငယ်ပျင်းစရာကောင်းသော်လည်း ထိုလျှို့ဝှက်ချက်နှင့်ပက်သတ်သော ကောလဟာလကတော့ စိတ်ဝင်စားစရာကောင်းသည်။ တိုက်ရိုက်မျိုးဆက်များ အသက်သုံးဆယ်မတိုင်ခင်သေဆုံး ဆိုသည့်ကျိန်စာသာ အမှန်မဟုတ်ခဲ့လျှင် ထို မှဲ့သုံးလုံးသည်ကတော့ အလွန်စိတ်ဝင်စားဖွယ်အကြောင်းရှိနိုင်သည်။
တိုက်ရိုက်မျိုးဆက်၏ အသက်သုံးဆယ်မတိုင်ခင် သေဆုံးသွားကြခြင်းသည် အလွန်စိတ်ဝင်စားဖို့ကောင်းနေသည်။ ကျန်းလော်သည် ချီယုံ့ကိုကောင်းကောင်းသိသည်။ ချီယုံသည် သုံးဆယ်မတိုင်မီသေဆုံးမည့် အကြောင်းကို သိထားပြီး ဖြစ်နိုင်သည်။ ထို့အပြင် သူသည် အဆိုးဆုံးကိစ္စများအတွက်ပါ ပြင်ဆင်ထားခဲ့သေးသည်။
သူသာအသက်သုံးဆယ်ပြည့်သည်နှင့် သေသွားနိုင်သည်ဆိုလျှင် ကျန်းလော်သည် ချီယုံ့ကို ဆွဲခေါ်လာပြီး ကျိန်စာအကြောင်း အပြည့်အစုံမေးလိုက်ချင်သည်။ အကယ်၍ ကျိန်စာသာ အသက်သုံးဆယ်မတိုင်မှီ ထလာခဲ့လျှင် သူသည်လည်း ချီယုံ့လမ်းကြောင်းအတိုင်း လိုက်ရပေမည်။
သေခြင်းတရားသည် ချီယုံ့ကို လွပ်လပ်သွားစေပြီး ပိုမိုအားကောင်းလာစေသည်။ သူသာချီယုံကဲ့သို့ ဖြစ်လာပါလျှင်............................................
ကျန်းလော်မျက်လုံးများသည် အလင်းရောင်များတဖြတ်ဖြတ်လက်လာပြီး ကားပြတင်းမှ မှောင်မဲနေသော အပြင်ဘက်သို့ ကြည့်နေသည်။
‘ငါသာ သူ့လိုမျိုးစွမ်းအားကြီးလာရင် ..................’
သူသည် နှလုံးခုန်မြန်လာသည်။
သူတို့ လျန်မျိုးနွယ်စုအိမ်တော်သို့ ရောက်သောအခါ ကားပေါ်မှ ဆင်းလိုက်ကြသည်။ လျန်အိမ်တော်မှ လူတိုင်းသည် ကောင်းကင်သခင်ကိုကြိုဆိုရန် ဂိတ်ဝမှာ စောင့်နေကြပြီး တပည့်တစ်ယောက်သည် တံခါးရှေ့သို့ ပြေးသွားပြီး ဧည့်သည်များကို ခန်းမထဲသို့ ဦးဆောင်သွားသည်။
လျန်ဘိုးဘေးအိမ်တော်သည် ပန်းခြံကြီးတစ်ခုကဲ့သို့ပင် ရှည်လျားသော စမ်းချောင်းရှိပြီး ဝါးပင်သစ်ပင်များစုံလင်နေကာ ဆောင်းရာသီနှောင်းပိုင်းဖြစ်သော်လည်း နေရာတိုင်းတွင် သစ်ပင်ပန်းမန်များ စိမ်းစိုနေသည်။ အလွန်လှပအေးချမ်းသောကြောင့် ကျန်းလော်သည် ဆရာ့နောက်မှ လိုက်ရင်း စိတ်ပေါ့ပါးလာသည်။ မကြာခင်တွင် သူတို့သည် လျန်မိသားစုဝင်များနှင့် တွေ့ကြသည်။
လျန်မိသားစုအကြီးအကဲများးသည် ယခုအချိန်တွင် တောင်ထိပ်ပေါ်၌ တရားထိုင်ပြီး ဒဏ်ရာများကုသနေချိန်ဖြစ်သည်။ လျန်မိသားစုမှ ဂျူနီယာများသာ အိမ်တော်၌ ကျန်ခဲ့သောကြောင့် ထိုတပည့်များကသာ ဧည့်သည်များကို ဧည့်ခံကြသည်။
အိမ်တော်တွင် ရှိနေသော ဂျူနီယာများသည် လျန်ရွှီနောက်မှာ အမြန်စုစည်းလိုက်ပါလာကာ ကြောက်ကြောက်ရွံ့ရွံ့နှင့် ဖုန်းလီကို လာနှုတ်ဆက်ကြသည်။
ဖုန်းလီသည် အသာအယာခေါင်းညိတ်ပြပြီး
“ဆရာသခင် ဝေ့ဟောတောက် ရှိသလား”
“တာအိုဆရာကြီးက တောင်ထိပ်မှာ ပြန်လည်ထူထောင်ဖို့ ကျင့်ကြံနေပါတယ်”
လျန်ရွှီသည် အငယ်တစ်ယောက်၏ ရိုသေမှု အပြည့်ဖြင့် နူးညံ့စွာပြုံးလိုက်ကာ
“နောက်ခုနှစ်ရက်နေရင် ဆင်းလာပါလိမ့်မယ်”
ဖုန်းလီသည် ခေါင်းညိတ်လိုက်ကာ
“တာအိုဆရာတော် ဝေ့ဟော တောင်အောက်ဆင်းလာရင် ကျုပ်ကို အကြောင်းကြားပေးပါ”
လျန်ရွှီသည် ရိုသေစွာ နားထောင်ခဲ့သည်။ လျန်ရွှီနောက်မှ ဂျူနီယာလေးများသည် အားလုံးလိုလို ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်မျှသာ ရှိသေးကြပြီး တက်ကြွသည့် အရွယ်ကောင်းလေးများဖြစ်ကြရာ ကျန်းလာ်ကို ခနခနခိုးကြည့်နေကြသည်။
ကျန်းလော်သည်လည်း သူတို့ကို အသာလေးပြန်ကြည့်နေသည်။ သုဘရာဇာသည် ဘေးမှကျန်းလော်ကို တိုးတိုးလေးပြောလိုက်သည်။
“တာအိုဆရာတော် ဝေ့ဟောကတော့ မင်းကျိန်စာကို အဖြေထုတ်ပေးနိုင်လိမ့်မယ်၊ အခုလောလောဆယ် သူမရှိဘူးဆိုတော့ မင်းကျိန်စာအကြောင်း ဘယ်သူ့ကိုမှ မပြောပြနဲ့”
ကျန်းလော်သည် စိတ်အခြေအနေကောင်းနေကာ ကျိန်စာအကြောင်း တအားအလျင်လိုမနေပေ။ ထို့ကြောင့် သူသည် တိတ်ဆိတ်စွာခေါင်းညိတ်ပြလိုက်သည်။
လျန်ရွှီက မေးလိုက်သည်။
“ကောင်းကင်သခင် ဒီထိရောက်လာတာက.....”
ဖုန်းလီသည် ကျန်းလော်ကို လှည့်ကြည့်လိုက်ပြီး သူ့အနားလာရန် လက်ဟန်ပြလိုက်သည်။ ကျန်းလော်သည် ရှေ့တိုးသွားပြီး ဖုန်းလီဘေးတွင် ရပ်လိုက်သည်။ ဖုန်းလီက ပြောလိုက်သည်။
“ကျုပ်တပည့်က ကံမကောင်းစွာနဲ့ပဲ မကောင်းဆိုးဝါးတစ်ကောင်နဲ့ လိင်ဆက်ဆံခဲ့တယ်၊ အဲ့တာကြောင့် သူခန္ဓာကိုယ်ကို စစ်ဆေးပြီး အဲ့ဒီမကောင်းဆိုးဝါးချန်ခဲ့တဲ့ ညစ်ညမ်းတဲ့အရာတွေကို အကုန် သန့်ရှင်းပစ်ဖို့ ရောက်လာခဲ့ရတာပါပဲ”
မျှော်လင့်ထားသည့် အတိုင်းပင် ဖုန်းလီသည် ကျိန်စာအကြောင်းလုံးဝပြောမသွားပေ။ သို့သော် သူသည် မကောင်းဆိုးဝါးနှင့် လူးလိမ့်သည့် အကြောင်းကိုတော့ တစ်စက်ကလေးမှ ဂရုမစိုက်ပဲ ကရားရေလွတ်အကုန်ပြောချသွားသည်။ ကျန်းလော်မျက်လုံးထောင့်များသည် ရှက်ရွံ့မှုကြောင့် တွန့်သွားသည်။ သို့သော် ထိုနေရာရှိ လျန်မိသားစုဝင်တစ်ဦးတစ်ယောက်ကမှ မျက်နှာထားမပြောင်းသွားကြပဲ လူနာကိုကြည့်နေသော ဆရာဝန်များကဲ့သို့ ခပ်တည်တည်ကြီးဝိုင်းကြည့်လာသည်။ ထို့နောက် လျန်မိသားစုသည် မေးခွန်းတစ်ချို့ကို အလွန်ဂရုတစိုက်မေးခဲ့သည်။၏
“ယင်နဲ့ယန် ဘယ်တုန်းက ထိတွေ့ခဲ့တာပါလဲ၊ ဘယ်နှစ်ကြိမ် လုပ်ခဲ့တာလဲ၊ လိင်ဆက်ဆံတဲ့ အကြိမ်ရေကို မေးတာပါ၊ ပြီးတော့ တစ်နေရာရာမှာများ မသက်မသာဖြစ်နေသေးလား”
ဖုန်းလီသည် နှုတ်ခမ်းတင်းတင်းစေ့၍ မွန်းကြပ်စွာ ကျန်းလော်ကို လှည့်ကြည့်လိုက်သည်။ ကျန်းလော်သည် မျက်လွှာချလိုက်ပြီး အနည်းငယ်ဝမ်းနည်းသွားသော မျက်နှာဖြင့်
“သီးသန့်ပြောလို့ မရဘူးလား”
လျန်ရွှီသည် ပြုံးပြလိုက်ပြီး
“ရတာပေါ့ ကျွန်မနောက် လိုက်ခဲ့ပါ”
ကျန်းလော်သည် သူမနောက်လိုက်သွားပြီး အတွင်းခန်းတစ်ခုထဲသို့ ဝင်လိုက်သည်။ လျန်ရွှီသည် စောစောကမေးခွန်းများ ပြန်မေးလိုက်ပြီး ကျန်းလော်သွေးခုန်နှုန်းကို စမ်းလိုက်သည်။ သူမသည် မျက်မှောင်ကြုတ်သွားပြီး ထသွားလိုက်ကာ ရေတစ်ဇလုံယူပြီး ကျန်းလော်ကို လက်ခလယ်နှစ်ခိုင်းလိုက်သည်။
သန့်ရှင်းကြည်လင်သောရေသည် ချက်ချင်းပင် မည်းမှောင်သွားသောကြောင့် လျန်ရွှီသည် ထိတ်လန့်သွားကာ
“ဒီသရဲက တော်တော်ဆိုးတာပဲ”
ကျန်းလော်သည် ရေကိုငုံ့ကြည့်လိုက်ရာ အလွန်သန့်စင်သောရေသည် ကြည့်နေရင်းပင် အနက်ရောင်စစ်စစ်သို့ပြောင်းသွားသည်။ နက်လွန်းလို့ အလင်းကိုတောင် မျိုပစ်တော့မလို ထင်ရပြီး မှင်နက်များဖျော်ထားသလို မှောင်မိုက်နေသည်။
လျန်ရွှီသည် ဗြုန်းစားကြီး မတ်တပ်ထရပ်လိုက်သောကြောင့် ထိုင်ခုံသည်လဲကျသွားသည်၊ သို့သော်သူမသည် သတိမထားမိဘဲ တစ်ယောက်ထဲ ပွစိပွစိရွတ်နေသည်။ ကျန်းလော်သည် သူမပြောသမျှ အကုန်ကြားနေသည်။
“ဒီလိုဟာမျိုးတစ်ခါမှ မမြင်ဖူးဘူး ဒီလောက်တောင်.......................”
သူမမျက်နှာတွင် ထိတ်လန့်နေပြီး မယုံနိုင်မှုများနှင့် ပြည့်နှက်နေကာ သူမသည် ဖြေးဖြေးချင်း စိတ်ငြိမ်လာအောင် လုပ်နေရသည်။ ထို့နောက် သူမသည် ကျန်းလော်ကို ထိုရေများသွန်ခိုင်းလိုက်ပြီး
“အဆင်ပြေသွားမှာပါ ကောင်းပါတယ် ကျွန်မတို့ ပြန်သွားကြရအောင်”
လျန်ရွှီသည် သူ့ကို ဖုန်းလီဆီသို့ ပြန်ခေါ်သွားသည်။ ဖုန်းလီသည် ဧည့်ခန်းတွင် ထိုင်စောင့်နေပြီး အသံကြားသောအခါ ခေါင်းမော့ကြည့်လိုက်သည်။ မူရင်းစာအုပ်ထဲမှ အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်သော ဖုန်းလီသည် ကြည့်ရမဆိုးလှပေ။ သူ၏ချောမောသောမျက်နှာကို ထားလိုက်ပြီး သူ့မိသားစုနှင့် သူ၏ကိုယ်ပိုင်ဇာတ်ကြောင်းကသည်ပင် အလွန်စိတ်ဝင်စားစရာကောင်းသည်။
တည်တံ့သောမျက်နှာအမူအယာနှင့် ထိုလူသည် သာမန်လောကကြီးတွင် နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေသည်။ ထို့အပြင် သူသည် အပြင်လောကကြီးကို စိတ်ဝင်စားပုံမရပေ။ လျန်ရွှီသည် မထိန်းနိုင်စွာ အလွန်စိတ်လှုပ်ရှားနေမိသည်။ သူမသည် ကောင်းကင်သခင်၏တပည့်မဟုတ်သည်တောင် ထိုလူ၏ တည်တံ့သောမျက်နှာကို မြင်လျှင် ဖြူဖျော့ပြီး ကြောက်ရွံလာသည်။
လျန်ရွှီသည် သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းထားပြီး ရှေ့တိုးလိုက်ကာ သူမဆရာကို တွေ့ဆုံသည့်အတိုင်း လေးစားစွာပြုံးလိုက်သည်။
“သခင်ထျန်း အစ်ကိုကျန်းလော်ကို ဒီမှာတစ်လလောက် တရားထိုင်ပြီး ဆေးကုသဖို့ ထားခဲ့ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်”
“လျန်မျိုးနွယ်ရဲ့ ထျန်ပိရေကန်က ရေက မသန့်ရှင်းတာတွေကို ဆေးကြောပေးနိုင်တာမို့လို့ အစ်ကိုကျန်းလော်က ဒီမှာ အဲ့ဒီရေနဲ့ သန့်စင်ကုသလို့ ရပါလိမ့်မယ်”
ထို့နောက် သူမကဆက်ပြောလိုက်သည်။
“အစ်ကိုကျန်းလော်သာ ထျန်ပိရေကန်က ရေနှင့် ဆေးကြောပြီးရင် မကောင်းဆိုးဝါးနဲ့ လိင်ဆက်ဆံလို့ ပေါ်လာတဲ့ ယွမ်ယန်ကြောင့် အနာဂတ်မှာ အကျိုးသက်ရောက်မှု သိပ်ရှိတော့မှာ မဟုတ်ပါဘူး”
“ဒါဆိုလည်း ဒီမှာနေခဲ့လိုက်တော့”
ဖုန်းလီသည် အကြာကြီးတွေးတောလိုက်ပြီး
“မင်းတို့ဆရာသခင် ဝေ့ဟော ထွက်လာတာနဲ့ ကျန်းလော်နဲ တွေ့ပေးဖို့ မေတ္တာရပ်ခံပါရစေ”
လျန်ရွှီသည် ပြုံးပြလိုက်ပြီး
“စိတ်ချပါ ကောင်းကင်သခင်”
လျန်ရွှီတွေးမိသောအရာတစ်ခုရှိသေးသော်လည်း ဖုန်းလီကို မပြောခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ကျန်းလော် ကြောက်လန့်ပြီး အားငယ်သွားမည်ကို စိုးရိမ်မိသောကြောင့်ပင်။ မကောင်းဆိုးဝါးသည် ကျန်းလော်ကိုယ်ပေါ်တွင် အလွန်အားကောင်းသော မကောင်းဆိုးဝါးအရှိန်အဝါကို ချန်သွားသည်၊ သေချာသည်မှာ မကောင်းဆိုးဝါးသည် ကျန်းလော်ကို တစ်ကြိမ်ထဲ ဆက်ဆံခဲ့တာတော့ မဟုတ်နိုင်ပေ။
သို့သော် တာအိုဆရာတော်ကြီးနှင့် အိမ်တော်ရေစင်တို့ကြောင့် လျန်မိသားစုသည် သရဲများနှင့်မကောင်းဆိုးဝါးကို မကြောက်ပေ။ ဖုန်းလီသည် နောက်ထပ်ဘာမှ မပြောတော့ဘဲ ချက်ချင်းပြန်ဖို့လုပ်သည်။
ရှန်ရူမာသည် တွေးတောစွာပြောလိုက်သည်။
“အစ်ကိုကြီး ကျွန်တော်တော့အစ်ကို ကျောင်းမပြန်နိုင်တော့ဘူးထင်တယ်။ အစ်ကိုနေတဲ့အဆောင်ကို ကျွန်တော့်ကို ပြောလိုက် ကျွန်တော် အစ်ကို့ပစ္စည်းတွေသွားယူခဲ့ပေးမယ်”
လျန်ရွှီက ပြုံးလိုက်သည်။
“ဘာလို့ ဒုက္ခရှာနေမှာလဲ၊ ကျုံးချိုး အားလပ်ရက်တိုင်းလာကစားနေကြပဲဟာကို အစ်ကိုကျန်းလော်ကိုပဲ ကျုံးချိုးကိုပြောခိုင်းလိုက်ကြရအောင်”
ကျန်းလော်ကလည်း ဝင်ပြောလိုက်သည်။
“ဟုတ်တယ် ကျုံးချိုးကိုလာခိုင်းလိုက်ရအောင် အဲ့တာဆို မင်းတို့ခရီးထပ်ထွက်စရာမလိုတော့ဘူး”
ရှန်းရူမာသည် ဘာမှထပ်မပြောတော့ပဲ သူတို့ကို ကားဆီသို့ခေါ်သွားသည်။ လျန်အိမ်တော်၏ တပည့်ငယ်များအနေနှင့် သူတို့သည် ဖုန်းလီကို အိမ်တော် တံခါးမကြီးအထိ လိုက်ပါပို့ဆောင်ကြရသည်။ ကျန်းလော်သည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သုဘရာဇာထံဘေးသွားလိုက်ကာ တိုးတိုးလေးကပ်မေးလိုက်သည်။
“လောင်ကျီ”
သုဘရာဇာသည် ကျန်းလော်ကိုကြည့်လိုက်သည်။
“ကိစ္စကြီး မဟုတ်ပါဘူး”
ကျန်းလော်က အထွန့်တက်လိုက်သည်။
“တချို့လူတွေဆို စကားတစ်ခွန်းတောင် မပြောဘဲ လိမ်နေကြတာကြီးကို”
သုဘရာဇာသည် ကျန်းလော်ကို စိတ်မရှည်သလိုကြည့်လိုက်သည်။ သို့သော် သူ့နှလုံးသားသည် ကျန်းလော်၏ ဇွဲမလျှော့သော သိမ်းငှက်တစ်ကောင်လိုစိတ်ဓာတ်ကို သဘောကျကာ ပျော်မြူးနေသည်။ သူသည် ဒီကောင်လေးကို ယင်ယန်လက်ကောက်ဖွင့်ရန် သူ့ကိုယ်သူသတ်သေရန် ကြိုးစားခဲ့ကတည်းက သတိထားမိခဲ့သည်။ နောက်ပိုင်းတွင် အဖိုးကြီးရှုထံမှ ထိုကောင်လေး ဖုန်းလီတပည့်ဖြစ်သွားသည့်အကြောင်းကြားခဲ့သည်။
သို့သော် သုဘရာဇာကြီးသည် အများကြီးသိထားသူပီပီ ခံစားချက်များမျက်နှာတွင် မပေါ်ပေ။ သူပျော်နေရင်တောင် ထုတ်ပြမည်မဟုတ်ပေ။
ကျန်းလော်ကလည်း ထိုသူပျော်ပျော်မပျော်ပျော် ဂရုမစိုက်ပေ။ ထို့ကြောင့်သူသည် ဆက်ပြောလိုက်သည်။
“ခများပြောတဲ့ ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေ အသက်သုံးဆယ်မကျော်နိုင်တဲ့ ကျိန်စာက ချီဘိုးဘေးတွေ သတ်မှတ်ခဲ့တာလား ဒါမှမဟုတ် ခင်များရဲ့ ခန့်မှန်းချက်လား”
သုဘရာဇာကပြောလိုက်သည်။
“ဒါပေါ့ သေချာပေါက် လူတွေခန့်မှန်းချက်ပေါ့”
ကျန်းလော်မျက်လုံးထဲတွင် အပြုံးတစ်ချက်လက်လာပြီး
“ဒါဆိုဘာလို့ လူတော်တော်များများက ချီမိသားစုထဲမှာ လက်ထပ်ချင်နေကြတာလဲ သူတို့က အသက်သုံးဆယ်ကျိန်စာကို သိသိကြီးနဲ့လေ”
“မင်းလက်ထပ်လိုက်တာနဲ့ ချီမိသားစုရဲ့ သခင်မကြီးဖြစ်လာပြီး ဆက်ခံသူမွေးပေးနိုင်မှာလေ တချို့တလေကိုပြောပါတယ် ရှေ့ကပြောသလို မဖြစ်ရင်တောင် ချီမိသားစုက သူတို့ကို ဂုဏ်ကျက်သရေနဲ့ အာဏာ ပေးနိုင်တယ်လေ၊ လူတွေက ပစ္စည်းဥစ္စာနဲ့ အာဏာကိုမြင်ရင် သေရမှာဆိုလဲရတယ်”
ကျန်းလော်သည် မျက်လုံးမှေးသွားပြီး
“လောင်ကျီ ခင်များဘာလို့ ကျုပ်ဆရာရှေ့မှာ လိမ်ခဲ့လဲ ကျွန်တော်မမေးတော့ဘူး ဒါပေမဲ ခင်များကျုပ်ကို ခင်များဆီမှာ ယွမ်ထျန်းကျူးရှိနေလဲ ဆိုတာတော့ ကျွန်တော့ကို ပြောပြမှ ဖြစ်မယ်”
ဤကိစ္စသည် အံ့ဩဖွယ်ကောင်းလောက်အောင် ထူးဆန်းနေသည်။ ဤလောကတွင် ယွမ်ထျန်းကျူ လေးလုံးသာရှိသည်။ နိုင်ငံအဆင့်ပြိုင်ပွဲ ပထမဆုရှင်တွင် တစ်ခု၊ ချီမိသားစုတွင် တစ်ခုရှိသည်။ အဘယ့်ကြောင့် ဘယ်သူမှ မဟုတ်သော လူမသိသူမသိ သုဘရာဇာထံတွင် အဘယ့်ကြောင့် နောက်တစ်လုံးရှိနေရပါသနည်း။
ယွမ်ထျန်းကျူးပြုတ်ကျပြီး ပျောက်သွားတုန်းကလည်း ဒီလူသည် အလန့်တကြားဖြစ်မသွားဘဲ သူတို့ကိုသာ မောင်းထုတ်ခဲ့ကာ တံခါးပိတ်ခဲ့သည်။
သုဘရာဇာသည် သူ့ကို ကြည့်လိုက်ပြီး တံခါးမှ ထွက်လိုက်ကာ
“နောက်မှ ပြောကြမယ်”
ဤအရာသည် ရှောင်ထွက်သွားကြောင်းရှင်းနေသည်။ သူသည် ကျန်းလော်သူ့ကို နောက်ထပ်တစ်ခု ချောင်ပိတ်ပြီး မေးမှာကြောက်နေသည်။ သုဘရာဇာသည် ဖုန်းလီဘေးသို့ မြန်မြန်လျှောက်သွားလိုက်ပြီး လျန်အိမ်တော်မှ ထွက်သွားသည်။
သူတို့ထွက်သွားပြီးနောက် လျန်ရွှီသည် ကျန်းလော်ကို သူမဂျူနီယာများနှင့်မိတ်ဆက်ပေးလိုက်ပြီး အခန်းသို့လိုက်ပို့ပေးသည်။
“အစ်ကို့အခန်းက အနောက်ဘက်တောင်ကုန်းနဲ့ နီးတယ်၊ တော်တော်လေးတိတ်ဆိတ်ပြီး ငြိမ်းချမ်းတယ် ညီမတို့နေတဲ့ နေရာနဲ့ နည်းနည်းလေးလျှောက်လိုက်တာနဲ့ တန်းရောက်အောင်နီးတယ် ဒါပေမဲ့ ညီမတို့က တစ်ယောက်နဲ့တစ်ယောက် မနှောက်ယှက်တတ်ကြဘူးမို့လို့ အစ်ကို စိတ်ချလက်ချ အနားယူလို့ရပါတယ်၊ အစ်ကို့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဒီမှာတစ်လလောက်ကျင့်ကြံပြီးရင် ကလေးမဟုတ်ရင်တော့ တော်ရုံမန္တာန်တွေဆို အစ်ကိုခံနိုင်ရည်ရှိသွားလိမ့်မယ်”
ကျန်းလော်သည် ခနလောက်မှင်တက်သွားပြီး
“အဲ့ဒီဇလုံထဲကရေတွေက အစ်ကို့ကိုယ်မှာ တစ်ခုခုဖြစ်နေလို့ မည်းသွားတာလား”
လျန်ရွှီသည် မမျှော်လင့်ထားသော မေးခွန်းကြောင့် ကြောင်သွားပြီး အလျင်စလို ခေါင်းခါပြလိုက်သည်။
“အဲ့ဒါက ညီမအတွက်နည်းနည်းထူးဆန်းနေပေမဲ့ ........................အဲ့ဒါကလေ အစ်ကိုကို့ မကောင်းဆိုးဝါးက....အဲ့တာလုပ်ခဲ့တာ သိသာနေပေမဲ့ အစ်ကိုက မကောင်းဆိုးဝါးလိုမျိုးပြနေတာ့ ထူးဆန်းနေတယ်ရော............ဒါပေမဲ့ အစ်ကို့ ကိုယ်ပေါ်မှာ နည်းနည်းမှ ပျက်ဆီးနေတာမရှိဘူး၊ အဲ့တာ အဲ့ဒီမကောင်းဆိုးဝါးက ဆိုးဝါးလွန်းလို့ အစ်ကို့ခန္ဓာကိုယ်နဲ့ စိတ်နဲ့ကို မသန့်စင်အောင် တစ်ခုခုလုပ်လိုက်တာ သေချာတယ်”
ကျန်းလော်သည် မအောင့်နိုင်စွာရယ်လိုက်ပြီး
“ဒီကလေးမကတော့ ဘယ်လိုတောင် ကိုယ့်ကို သန့်စင်တယ်လို့ တန်းသတ်မှတ်လိုက်ရတာတုန်း”
“အိုး ဒါနဲ့ ဘယ်လိုလုပ်မှ ပြန်သန့်စင်သွားမှာလဲ”
“စိတ်ဆန္ဒတွေအကုန်ဖျောက်ပစ်ပြီး ရက်နည်းနည်းလောက် ငြိမ်းချမ်းစွာနေထိုင်လိုက်ရင် အစ်ကို့စိတ်ရောကိုယ်ပါ သန့်ရှင်းသွားမှာပါ၊ ပထမဆုံး အစာနဲ့ရေကို ဖြတ်တောက် နောက်ထပ် စိတ်ဆန္ဒတွေ ဖယ်ထုတ် ဒါမှမဟုတ်ရင် အဆိပ်တွေကြွင်းကျန်ရစ်ပြီး ဝိဉာဉ်ခန္ဓာကနေ လူသားခန္ဓာအထိ ညစ်ညမ်းသွားလိမ့်မယ်”
ကျန်းလော်သည် တိတ်ဆိတ်သွားသည်။
သူနှင့် လျန်မိသားစုတို့သည် အလွန်တရာကို အတွေးများနေကြသည်။
‘ဆန္ဒမရှိဘဲ အသက်ရှင်မှတော့ ဘာလုပ်ဖို့ အသက်ဆက်ရှင်နေရမှာလဲ’
ကျန်းလော်သည် စိတ်လှုပ်ရှားဖွယ်အရာများ လုပ်ရသည်ကိုနှစ်သက်ပြီး သူ့စိတ်ဆန္ဒများကို အရှိန်အဟုန်နှင့် မြင့်တက်စေသော အရာများကိုလည်း သလောကျသည်။ သို့သော် ထိုခွေးသားချီယုံမှ လွဲ၍ အကုန်ကြိုက်သည်။
သူသည် ထိုဆန္ဒဖယ်ထုတ်ပြီး သန့်စင်သည့် နည်းလမ်းကိုမကြိုက်ပေ၊ သို့ဆိုသော်လည်း ထိုမကြိုက်ကြောင်းကို ထုတ်မပြောနိုင်ပေ။
ကျန်လော်သည် ထိုဇလုံထဲမှရေများသည် သူကိုယ်တိုင်၏ မကောင်းဆိုးဝါးဆန်သော အတွေးများကြောင့် မှောင်နက်သွားသည်ဟု တွေးမိလာသည်။
#############################