Ch 106
Viewers 8k

အပိုင်း (၁၀၆) 


လက်မှိုင်ချ

ရေချိုးခန်းကျဉ်းကျဉ်းလေးထဲတွင် အဖြူရောင်မြူများလွှမ်းနေသည်။ ကျန်းလော်သည ရေချိုးပြီးသော်လည်း ထိုနေရာမှ ထွက်ဖို့ တွန့်ဆုတ်နေသည်။ 

သူသည် ထိုနေရာမှ ထွက်ပြီး အခြေအနေမှန်ကို ရင်ဆိုင်လိုက်မည်ဟု ဆုံးဖြတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ နံရံကိုမှီပြီး ကုန်းလိုက်သည်။ 

‘ရှက်စရာကောင်းလိုက်တာ’

ကျန်းလော်သည် အသက်ပြည့်ပြီးသူတစ်ယောက်အနေဖြင့် ဤကဲ့သို့ အရေးမပါသည့် ကိစ္စလေးလောက်နှင့် ကိုယ့်စိတ်ကို မဖျက်ဆီးသင့်ဟု ကိုယ့်ကိုယ်ကို ဆုံးမလိုက်သည်။ သူသည် သူ့ခေါင်းကိုအောက်ကို မြင်ရသည်အထိ သေချာကုန်းလိုက်ပြီး သူ့ကိုယ်သူ သန့်ရှင်းသွားပြီလို့ ခံစားရသည်အထိ သန့်ရှင်းရေးလုပ်လိုက်သည်။ ရေပူတချို့သည် အခန်းထဲသို့ မြူထူထူဆိုင်းနေစေသည်။ 

လေပြင်းသည် ကွေးနေ‌အောင်ကုန်းနေသော ကောင်လေးကို သေချာမြင်ရစေရန် မြူများကို အနည်းငယ်မှုတ်ထုတ်လိုက်သည်။ လူငယ်လေးသည် ရှည်လျားဖြူဖွေးကျော့ရှင်းနေသည်။ ခုန်အုပ်တော့မည့် ကြောင်ဖြူ‌လေးလိုပင် လှပနေသည်။ သူ့ဆံပင်နက်နက်များသည် ပုခုံးမှအောက်သို့ လျောကျနေသောကြောင့် အရိုင်းဆန်ပြီးး ဆန်းကြယ်သောစပျစ်နွယ်များ တောင်တစ်ခုလုံးကို ရစ်နွယ်တက်နေသလို လှပနေသေးသည်။

လူငယ်လေး၏ပါးများနီရဲနေပြီး သူသည် လူတိုင်းရှက်သွေးဖြာသွားနိုင်မည့် အရာကို လုပ်နေသည်။ ကျန်းလော်သည် ထိုအရာကို မြန်မြန်ပြီးအောင် လုပ်နေရင်း ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ခေါင်းကို ဖြေးဖြေးချင်းလှည့်ကြည့်လိုက်သည်။ ရေချိုးခန်းတစ်ခုလုံးကို ပိုက်စိပ်တိုက်ကြည့်လိုက်သည်။ 

ဒီအခန်းထဲတွင် သံသယဖြစ်ဖွယ်ကောင်းစွာ နောက်တစ်ယောက်ရှိနေပြီး သူ့ကို ထိုင်ကြည့်နေသလို ခံစားရသည်။ ကျန်းလော်သည် ဘာကိုမှ မမြင်ပေ။ ကျန်းလော်သည် သံသယကြီးစွာ သေချာစစ်ဆေးလိုက်ပြီး တွေးလိုက်သည်။

‘တချို့ခွေးကောင်တစ်ကောင်ကောင်များခိုးဝင်လာသေးတာလား’

‘မဖြစ်နိုင်ဘူး ယင်းဟူက စိတ်ချရပါတယ်’

‘ယင်းဟူစောင့်ကြည့်နေတာ သေချာပေါက် လုံခြုံတယ်’

ကျန်းလော်သည် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ရေပူကို အပူဆုံးအထိဖွင့်လိုက်သည်။ မြူများသည် ခုနကထပ် ပိုမိုထူထပ်လာသည်။ မည်သည်မှ မထူးဆန်းနေပေ။ ကျန်းလော်သည် ခပ်ဖွဖွရယ်လိုက်ပြီး နံရံကို မှီလိုက်ကာ  တမင်တကာပြောလိုက်သည်။

“ငါတော့ ရန်သူတစ်ယောက်က သူ့ရန်သူရေချိူးနေတာကို ချောင်းကြည့်မယ်မထင်ဘူး သူတို့ချောင်းကြည့်ကြလား”

“ဒီလိုမှမဟုတ်ရင်တော့ ငါသွားတဲ့နေရာအကုန်ပတ်လိုက်နေတဲ ခွေးကောင်ပဲ ဖြစ်မယ် သူကငါ့နဲ့ အိပ်ရာထဲမှာ လှိမ့်ပြီးသွားပြီဆိုတော့........”

ကျန်းလော်သည် ပြောဆိုပြီးစောင့်နေသော်လည်း ဘာမှဖြစ်မလာပေ။ သူသည် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး  ရေဆက်ချိုးလိုက်သည်။ 

သင်္ဘောပေါ်တွင် အခန်းတစ်ခန်းသည် အစောင့်အကြပ်ထူထပ်စွာစောင့်ကြည့်ခံနေရသည်၊ တံခါးအပြင်ဘက်တွင် ရဲတပ်စုတစ်စုသည် အခန်းကို လေးဘက်လေးတံ ဝိုင်းရံထားကြသည်။ အခန်းနံရံသည် အလွန်ထူပြီး ပြတင်းပေါက်မရှိပေ။ ထိုအခန်းထဲမှ ယင်ကောင်တစ်ကောင်ပင် မလွတ်မြောက်နိုင်ပေ။

အထဲတွင် လိရှားသည် ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေပြီး ပျင်းရိစွာ ခြေထောက်ကို လွှဲဆော့နေသည်။ လိရှားသည် သူမ၏  ယိမ်းနေသော ခြေထောက်သေးသေးလေးသည် ရပ်သွားပြီး သံတံခါးကိုကြည့်ပြီးအော်လိုက်သည်။

“ဟေး ဟေး ဟေး တစ်ယောက်ယောက် ဝင်လာခဲ့”

ထိုမျှအသံကျယ်ကြီးကို အပြင်မှ လူများသည် တစ်ယောက်မှ မကြားသလိုပင် ။ လိရှားသည် ထိုင်ခုံပေါ်မှ ခုန်ထလိုက်ပြီး 

“သောက်လူသားတွေ နည်းနည်းမှ အသုံးမကျတဲ့ဟာတွေ”

မြူနက်များသည် မျက်စိတစ်မှိတ်အတွင်း နံရံထဲမှ စိမ့်ဝင်လာပြီး ကြမ်းပြင်တလျှောက် ဖုံးလွှမ်းသွားသည်။ မြူနက်များသည် အခန်းမျက်နှာကျက်ထိ ပြည့်သွားကာ တစ်ခန်းလုံးမည်းမှောင်သွားသည်။ လိရှားသည် ထိုမြူနက်များကို ကြည့်လိုက်ပြီး သူမအော်ဖို့နောက်ကျသွားပြီမှန်း သိလိုက်သည်။ သူမသည် သက်ပြင်းချလိုက်ပြီး သူမထိုင်ခုံကို တစ်ယောက်ယောက်လုထိုင်သွားမှာစိုးသလို အမြန်ပြေးထိုင်လိုက်သည်။

မြူနက်ထဲမှ လူတစ်ယောက်ထွက်လာသည်။ ကြမ်းပြင်ထက်တွင် ပြောင်လက်နေသော လည်သာဖိနပ်ဖြင့် နင်းလိုက်သော ခြေသံသည် ပဲ့တင်ထပ်နေသည်။ တိုင်းချုပ်ထားသော ဝတ်စုံသည် ချပ်ကပ်နေကာ ဂုဏ်ရှိသော လူကြီးလူကောင်းကို တွေ့လိုက်ရသည်။ အနီရောင်ကျောက်မျက်လက်ကြယ်သီးတစ်စုံသည် အမှောင်ထဲတွင်ပင် ပြိုးပြိုးပြက်ပြက်လက်နေကာ ထိုလူကိုတောက်ပနေစေသည်။ နောက်ဆုံးသည် ထိုလူ၏မျက်နှာကို မြင်လိုက်ရပြီး ထိုသူသည် ချိန်းဆိုထားသော နေရာသို့ရောက်လာသကဲ့သို့ အေးဆေးစွာပြုံးနေသည်။ 

ထိုလူပေါလာသည်နှင့် လိရှားသည် အနည်းငယ်အေးလာသိလိုခံစားရကာ အန္တာရယ်ရှိသည်ဆိုသော အသိသည် နှလုံးးသားထဲမှ မြင့်တက်လာသည်။ သူမသည် ချက်ချင်းထိုင်ခုံပေါ်မှ ထပြေးလိုက်ကာ အခန်းထဲရှိဗီဒိုဘေးချောင်ထဲသို့ ဝင်ပုန်းလိုက်ပြီး ချောင်းကြည့်လိုက်ကာ

“ဘယ်သူလဲ”

ထိုလူသည် ဖြေးဆေးစွာလမ်းလျှောက်လိုက်ပြီး ခုံပေါ်ဝင်ထိုင်လိုက်သည်. သူ့ခြေထောက်အရှည်ကြီးကို ချိတ်လိုက်ပြီး လက်ကို ထိုင်ခုံလက်ရန်းတွင် တင်လိုက်သည်။ထို့နောက် လက်ချောင်းများကို ယှက်လိုက်ပြီး အေးဆေးစွာ ထိုင်ခုံကိုမှီလိုက်သည်။

ထိုင်ခုံသည် လိရှားထိုင်နေတုန်းက အလွန်ကြီးကာ ထိုသူနှင့်တော ကွက်တိကျနေသည်။ ထိုသူသည်

“ကျုပ် အာ................မင်းသိပြီးသားမဟုတ်ဘူးလား”

လိရှားသည် မျက်မှောင်ကြုတ်လိုက်ပြီး ဗီဒိုချောင်မှ ထွက်လာကာ

“ဒီတော့ သင်္ဘောပေါ်မှာ ငါ့နောက်ကို လိုက်ကြည့်နေတာ မင်းပေါ့”

Angoneseသင်္ဘောပေါ်တွင် လိရှားသည် တစ်စုံတစ်ယောက်ထံမှ စောင့်ကြည့်ခံနေရသလို ခံစားခဲ့ရသည်။ သူတို့သည် အလွန်စွမ်းအားကြီးပြီး အပုန်းတော်ကြကာ အစစ်အမှန်မဟုတ်သလိုပင်။

ထိုအကြောင်းကြောင့်ပင် လိရှားသည် ကုန်းပေါ်သို့ အမြန်သွားချင်ခဲ့ပြီး အစီအစဉ်ကို အလျင်စလို လုပ်မိသွားခဲ့သည်။

သူမကိုကာကွယ်ရန် တစ်စုံတစ်ယောက်စီစဉ်နေချိန်တွင် ဒုကပ္ပတိန်နှင့်ပတ်သက်ပြီး တစ်ခုခုမှားနေသလို ခံစားရသည်။ လိရှားသည် ဒုကပ္ပတိန်ကိုယ်ထဲမှ တစ်ယောက်သည် သူမရှေ့မှလူဖြစ်နေကောင်းသေချာသွားသည်။ ထို့နောက် သူမကျန်းလော်ကို ရွေးခဲ့ရခြင်းသည် ကျန်းလော်သည် ဒုကပ္ပတိန်ကို ကပွဲတွင် ရှယ်တွယ်ခဲ့သောကြောင့် ဖြစ်သည်။ 

ဤဘာမှန်းမသိသော ကြောက်မက်ဖွယ်အရာထံမှ ဒီလူသားသာဆိုလျှင် သူမကို ကာကွယ်နိုင်လိမ့်မည်ဟုတွေးခဲ့သည်။ သို့သော် လိရှားသည် ကျန်းလော်သည်လည်း သူမလွယ်လွယ်အရူးလုပ်၍ရသော လူမဟုတ်ကြောင်းမသိခဲ့ပေ။ စိတ်ရှုပ်သွားသောလိရှားသည်

“မင်းဘာလုပ်ချင်လို့လဲ”

ထိုလူ၏ပါးစပ်ထောင့်များကော့တတ်သွားပြီး သူ့မျက်နှာသည် ပြီးပြည့်စုံလွန်းသောကြောင့် ယစ်မူးသွားစေသည်။ သူပြုံးနေသော်လည်း လိရှားသည် ထိုလူသည် အခုစိတ်အခြေအနေကောင်းမနေကြောင်း သိလိုက်သလို ထိုလူသည် သူဂရုမစိုက်ချင်တော့လျှင် သတ်ပစ်လိုက်နိုင်သည်ကိုလည်း သတိထားမိသွားသည်။ 

‘လူတွေက ထူးဆန်းလိုက်တာ’

“ကျူပ်ဒီကို မစ်လိရှားကို ရွေးချယ်ခွင့်ပေးဖို့ ရောက်လာတာ”

လက်နှစ်ဖက်ကို ထပ်ကိုင်ထားပြီး လက်ချောင်းများဆော့နေသောလူသည် လှောင်ရယ်လိုက်သည်။

“ရွေးချယ်စရာက အရမ်းကို ရှင်းတယ်၊ မစ်လိရှားရဲ့ ဉာဏ်ရည်နဲ့ဆို ကောင်းကောင်းရွေးချယ်နိုင်မှာပါ”

လိရှားသည် သတိကြီးစွာဖြင့်

“ဒါဆိုလည်း ပြောကြည့်ပါ”

ထိုလူကပြောသည်။

“ပထမဆုံး ဒီသင်္ဘောပေါ်မှာနေပြီး သေဖို့စောင့်၊ ဒုတိယကတော့ ကျုပ်ရဲ့ နောက်လိုက်လုပ်ရမယ်”

သွေးငါးရှဉ့်တို့၏ခေါင်းဆောင်အနေနှင့် လိရှားသည် သွေးငါးရှဉ့်များကို သူမကသာ ထိန်းချုပ်ခိုင်းစေသောကြောင့် သူမမာနသည် တစ်စုံတစ်ယောက်နောက်လိုက်ပြီး ထိုသူ၏အမိန့်နာခံရန် လက်မခံနိုင်ပေ။

ထို့ကြောင့်သူမသည် ထိုသူ၏စကားထဲမှ ဟာကွက်ရှာကာ 

“ဒီသင်္ဘောပေါ်မှာနေနေရင် ငါက ဘယ်လိုလုပ်သေနိုင်မှာလဲ၊ သူတို့ငါ့ကို သတ်ချင်နေရင်တောင် ငါ့ကိုကုန်းပေါ်အရင်ခေါ်သွားပြီး ငါထိန်းချုပ်ထားတဲ့ လူချမ်းသာစာရင်းကို အရင်ရအောင်ယူရမှာ၊ သူတို့အဲ့တာမရသေးဘဲ ငါ့ကိုမသတ်နိုင်ဘူး”

“ကျုပ်ဆိုလိုတာက”

ထိုင်နေသောလူသည် ခိုးခိုးခစ်ခစ်ရယ်လိုက်ပြီး

“ကျုပ်က မင်း ကို သတ် မှာ လို့”

လိရှား “...........”

သူမသည် အနည်းငယ်မှတောင် မတွေဝေတော့ပဲ

“ကျွန်မနံပါတ်နှစ်ကို ရွေးမယ် ဘော့စ်”

“လိမ္မာတယ်”

ချီယုံသည် သက်ပြင်းချလိုက်ပြီး လိရှားကို ကြည့်ပြီး ပြုံးလိုက်ကာ

“ဒီကိုလာ”

လိရှားသည် မြန်မြန်သွားလိုက်သည်။ ချီယုံသည် လက်ကို ဝေ့ယမ်းလိုက်ပြီး မြူနက်များသည် လူနှစ်ဆယ်လောက်ရှိသော လူအုပ်ကြီးသည်  ချက်ချင်းသတိလစ်သွားသည်။ လူသားများကို အုပ်စုနှစ်စုခွဲထားပြီး ဘယ်တစ်ဖက် ညာတစ်ဖက်ခွဲထားလိုက်သည်။ ဘယ်ဖက်တွင် နာကျင်နေသောမျက်နှာနှင့် ချီခေါင်းဆောင်နှင့် ချီလောင်ကျီတို့သာ ရှိသည်။ 

ချီယုံသည် ထရပ်လိုက်ပြီး လိရှားကိုခေါ်ကာ အသံကျယ်ကျယ်ပြောလိုက်သည်။

“လိရှား သူတို့ကိုမှတ်ထား ဘယ်ဖက်က ချီမိသားစု(ချီယုံ)ရဲ့လူတွေ ညာဖက်က ချီမိသားစု(ချီရယ်)ဘက်က လူတွေ၊ ဒီလူတွေက မင်းကိုငါသတိထားမိလာအောင် လုပ်တဲ့သူတွေဆိုတော့ မင်းလက်စားချေခြင်ရင် သက်ညှာစရာမလိုဘူး”

လိရှားသည် ထိုလူများကို ရက်စက်စွာကြည့်လိုက်ပြီး

“ကျွန်မနားလည်ပြီ ဘော့စ်”

ချီယုံသည် ရယ်လိုက်ပြီး

“ဒီကောင်တွေကို မင်းရဲ့သားပေါက် အမလေးတွေအတွက် သုံးလိုက်”

လိရှားသည် သူမကိုပြောသည့်အတိုင်းလုပ်လိုက်ကာ ချီမိသားစု(ချီရယ်)ကို အသုံးချလိုက်သည်။ သူမသည် ချီ(ချီယုံ)မိသားစုကို ငတုံးများလိုကြည့်လိုက်ပြီး

“သူတို့ရောလိုမလားမသိဘူး လိရှားမှာ သားပေါက်တွေ အများကြီးကျန်သေးတယ်”

“သူတို့မပါဘူး”

ချီယုံသည် ချီ(ချီယုံ)မိသားစုကို ငြင်သာစွာကြည့်လိုက်ပြီး

“ချီမိသားစုအိမ်တော်က လူတိုင်း အသက်ရှင်ရမယ် အသက်ရှင်ခွင့်ပေးလိုက်”

လိရှားသည် မမေးတော့ဘဲ ခုန်လိုက်ကာ

“ဘော့စ် ငါးမတွေကို သူတို့ကို ထိန်းချုပ်ခိုင်းပြီး ဘာလုပ်မလို့လဲ”

သူမသည် အရမ်းချစ်ဖို့ကောင်းနေသောကြောင့်လားမသိ ဘော့စ်သည် သူမကို မဲ့ပြုံးပြုံးပြလိုက်ပြီး ပြန်ဖြေခဲ့သည်။

“သူတို့ကို ခွေးကခွေးကိုစားတဲ့ ရှိုးပွဲလုပ်ပြီး ငါတို့ကို ဖျော်ဖြေခိုင်းလိုက် ဒါနဲ့ ကျုပ်အကြာကြီးရှာနေခဲ့ရတဲ့ တစ်စုံတစ်ယောက်ကို ဖော်ထုတ်လာခဲ့ဦး”

ထိုလူသည်ပြုံးလိုက်ပြီး

“ငါမင်းကို ဒီကခေါ်ထုတ်သွားမယ်”

မြူနက်များသည် သူတို့ကို ရစ်ပတ်သွားသည်။ သူမတို့ထွက်မသွားရသေးခင် လိရှားသည် ချီယုံ့မျက်နှာကို မော့ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

“ဘော့စ် လိရှားထွက်မသွားခင် ကိုကိုတွေနဲ့ မမတို့ကို သွားနှုတ်ဆက်လို့ရမလား” 

ချီယုံဘာမှပြန်မပြောရသေးခင်

“အဲ့ဒါ လိရှားကို ဒီသင်္ဘောပေါ်ခေါ်လာတဲ့ ကိုကိုနဲ့မမတွေလေ ဘော့စ်သူတို့ကို သိပါတယ် သူတို့ထထဲက တစ်ယောက်က ဆံပင်အရှည်နဲ ကိုကိုလှလှလေးလေ ဘော့စ်တောင်စင်ပေါ်မှာ အဲ့ကိုကိုနဲ့ ဆော့ခဲ့သေးတာ”

သူမသည် ထိုနောက်ဆုံးစကားတွင် မှားသွားပုံပေါ်သည်။ မကောင်းဆိုးဝါး၏ မျက်နှာတွင် ကြောက်စရာအပြုံးကြီးပေါ်လာသောကြောင့်ပင်။ မကောင်းဆိုးဝါးသည် ထိုညအကြောင်းပြန်တွေးမိကာ သူ့အင်္ကျီကော်လာကို တင်းကျပ်စွာကိုင်လိုက်သည်။ သို့သော် သူသည် ချက်ချင်းပင် မျက်နှာသေပြန်ဖြစ်သွားကာ

“မင်းမှာ အချိန်ပိုမရှိဘူး”

လိရှားသည် တံတွေးမြိုချလိုက်ပြီး အနည်းငယ်ကြောက်သွားသော်လည်း သူမသည် စပ်စုချင်လာသည်။

“အဲ့ဒီကိုကို ကို မကြိုက်ဘူးလား”

“ကြိုက်တယ် ဟုတ်လား”

မကောင်းဆိုးဝါးသည် နှာခေါင်းရှုံ့လိုက်ပြီး

“သူက ငါ့ကို စိတ်ဝင်စားအောင် နည်းနည်းလုပ်နိုင်ရုံပါပဲ၊ ဒါပေမဲ့ အဲ့တာအကုန်ပဲ၊ ငါ့ကိုသူကြိုက်နေတာကို ကြည့်နေရတာ စိတ်ဝင်စားစရာကောင်းနေလို့”

“အားနည်းလွန်းလို့ အချိန်မရွေးသေသွားနိုင်တဲ့ လူသားက အနာဂတ်မှာလဲ ဘယ်နေရာမှပိုကောင်းလာမှာ မဟုတ်ဘူး မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာလဲ ဒီလိုလူတစ်ယောက်တော့ ပါနိုင်တာပဲ”

လိရှားသည် တစ်ခုခုပြောချင်ခဲ့သည်။

‘အဲ့ကိုကိုက ဘယ်နားမှ အားမနည်းသလို သာမန်လူလည်း ဟုတ်မနေဘူး’

သူမသည် ကျန်းလော်၏လုပ်ဆောင်မှုများနှင့် အမြင်ထက်မြတ်မှု ထိုသူ၏ခမ်းနားအရှိန်အဝါကြီးသော လက်တစ်စုံနှင့် ထိုကြောက်မက်ဖွယ် ကျားဖြူကြီးများကို သတိရပြီး တုန်ယင်လာသည်။

မကောင်းဆိုးဝါးသည် တစ်စုံတစ်ခုကို စိတ်ခုသွားပုံပေါ်ကာ လိရှား၏အတွေးလွန်နေသည်ကို သတိမထားမိဘဲ မြူနက်ထဲဝင်သွားပြီး လူများစောင့်ကြည့်နေသည့် ကြားမှပင် အခန်းထဲမှ ထွက်သွားသည်။

#############################