အပိုင်း (၈၁)
ကံကြမ္မာကို ယုံကြည်သူ
ချီယုံသည် ဘယ်သူမှမရှိသော ထောင့်တွင်ရပ်နေပြီး မျက်နှာမဲ့ကာ နံရံကို ကြည့်လိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူသည်။ သူ့တပ်မက်ခြင်းကို ရယူနိုင်တော့မည့် နောက်ဆုံးအချိန်လေးတွင် သူမရလိုက်ပေ။ မီးတောက်ထဲသို့ ဆီလောင်းလိုက်သလိုပင် ချီယုံ့မျက်လုံးများသည် နီရဲလာပြီး နံရံကို ရန်သူလိုကြည့်လိုက်ရာ နံရံကြီး ပြိုကျသွားသည်၊ ဖြတ်တောက်ခံလိုက်ရသော တပ်မက်မှုကြောင့် သူသည် ခြောက်သွေ့သွားသလို ခံစားရပြီး တစ်ဖက်တွင် ပိုပိုပြီး လိုချင်လာပေသည်။ ချီယုံ့ကိုယ်သည် ဒေါသတအားကြီးလာသောကြောင့် သူ့နောက်မှ မြူနက်များသည် သခင်ဖြစ်သူ၏ဒေါသကြောင့်တုန်ယင်နေသည်။
မကောင်းဆိုးဝါးသည် ကြောက်မက်ဖွယ်ကောင်းစွာ ရက်စက်သည့် မျက်နှာထားနှင့် ရပ်နေသည်။ ဒီတစ်ခခါက်သည် ချီယုံမျက်နှာပေါ်တွင် ခံစားချက်ကိုမြင်ရသော ပထမဆုံးအကြိမ်ဖြစ်သည်။ ချီယုံသည် မြူနက်များထဲမှ ဖြေးဖြေးထွက်လာသည်။ မြူနက်ထဲမှထွက်လာပြီးနောက် သူ့အဝတ်အစားများသည် သပ်သပ်ရပ်ရပ် ပြန်ဖြစ်သွားသည်။ အပိုင်းပိုင်းအစစဖြစ်သွားသော နက်ခ်တိုင်သည် အကောင်းတိုင်းဖြစ်သွားပြီး ဗိုက်တွင်ခြေရာပေါ်အောင် ကန်ခံထားရသော အင်္ကျီသည်လည်း ဘာအစွန်းအထင်းမှ မရှိတော့ပဲ အသစ်အတိုင်းပြန်ဖြစ်သွားသည်။ ချီယုံသည် တောက်ပစွာပြုံးလိုက်ပြီး သူမထိန်းနိုင်အောင် ပျော်ရွှင်နေပုံပေါ်နေသည်။
ထို့နောက်သူသည် သူ့အခန်းရှိရာ ပိုင်ဟွားတက္ကသိုလ်သို့ သွားလိုက်သည်။ တံခါးကို ဘယ်သူမှ မဖွင့်နိုင်တော့စေရန်ကျောင်းမှ ကြေးဖြင့်လုပ်ထားသော တံခါးလက်ကို အကြီးကြီးပြောင်းပြီး သေချာသော့ခတ်ထားသည်။ ချီယုံသည် တံခါးကို အသာအယာဆွဲဖြုတ်လိုက်ရာ တံခါးသည် နှစ်ခြမ်းကျိုးသွားသည်။
ချီယုံအခန်းထဲဝင်လိုက်ပြီးနောက် ပထမဆုံးမြင်လိုက်သော အရာမှာ ကော်ဖီစားပွဲပေါ်မှ ကျောက်နှလုံးနှင် ယွမ်ထျန်းကျူးဖြစ်သည်။ ဤနေရာရှိအကာအကွယ်စည်းများကြောင့် တခြားလောဘကြီးပြီး ကိုယ့်နေရာကိုယ်မသိသည့် မကောင်းဆိုးဝါးများ မဝင်နိုင်ခြင်းကို ကျေးဇူးတင်ရမည်။
‘ဘာလို့ကျန်းလော်က ဒီလောက်အရေးကြီးတဲ့ ပစ္စည်းတွေကို ဒီတိုင်းထားသွားရတာလဲ’
ချီယုံသည် ကျန်းလော်ဘာမှမလုပ်ပဲ ဒီတိုင်းထားသွားသည်မှာ မဖြစ်နိုင်ဟုထင်သည်။ သူသည် ကော်ဖီစားပွဲရှေ့တွင်ရပ်၍ အပေါ်အောက်ဘယ်ညာသေချာကြည့်လိုက်ပြီးနောက် ကျန်းလော်ကို မနိုင်တော့ဘူးဟူသော ပုံစံနှင့် မွန်းကြပ်စွာရယ်လိုက်ကာ
“ဒီလိုလုပ်သွားတာကိုး”
ကော်ဖီစားပွဲအောက်ရှိ ပန်းပွင့်ကော်ဇောအောက်တွင် ကျန်းလော်သည် မန္တာန်များဆွဲသွားသည်။ ထို့နောက် ချီယုံအပေါ်မော့ကြည့်လိုက်သော အခါတွင်လည်း မျက်နှာကျက်ပေါ်တွင် ဒြပ်စင်ငါးမျိုးကို ကြိုးနီနှင့်တွဲချည်သွားသည်။ ချီယုံသည် ကောဇောအစွန်းဘက်သို့သွား၍ ကောဇေထောင့်ကို အနည်းငယ်မြောက်ကြည့်လိုက်သည်။ ကောဇောအောက်တွင် အဝါရောင်အဆောင်စာရွက်များ အပြည့်ကပ်ထားသည်။ အဆောင်စာရွက်ပေါ်မှ မီးငှက်သည် နီရဲတောက်ပနေပြီး ကြက်သွေးလတ်လတ်ဆတ်ဆတ်ကို သုံး၍ အခြားသောပစ္စည်းများလည်းထည့်သုံးထားပြီး မကောင်းဆိုးဝါးသတ်မန္တာန်ကို ကြိုးကြိုးစားစား ဆွဲထားသည်။
“အကြင်နာမဲ့လိုက်တဲ့ ကောင်လေး”
ချီယုံသည် မွန်းကြပ်စွာထုတ်ပြောလိုက်မိသည်။ သူသည် ကော်ဇောကိုမလိုက်ကာ သေချာကြည့်လိုက်တော့မှ ဧည့်ခန်းတစ်ဝက်လောက်ကို အဆောင်စာရွက်များနှင့် ခင်းထားသည်ကို တွေ့လိုက်ရသည်။ ချီယုံပင်လျှင် သူအသက်ရှင်နေစဉ်ကပင် ဖူလုများဒီလောက်များများ မဆွဲနိုင်ခဲ့ပေ။ လူတစ်ယောက်သည် ချီစွမ်းအင်အကန့်အသတ်ရှိသောကြောင့် ဖူလုဆရာသခင်တစ်ယောက်ပင်လျှင် တစ်ဘဝလုံး များများစားစား မဆွဲခဲ့နိုင်ပေ။
ချီယုံ “.........တကယ်ကြီးလားဟ”
သူသည် မက်မက်ရပ်လိုက်ပြီး ဟန်မဆောင်နိုင်စွာ ပြုံးလိုက်သည်။
“ကြောက်စရာကြီးပါလားကွာ”
သူသာ သတိမထားမိခဲ့ပဲ နှလုံးနှင့် ယွမ်ထျန်းကျူးကို ယူလိုက်မိလျှင် အစီအရင်သည် အသက်ဝင်လာလိမ့်မည်ဖြစ်ပြီး မျက်နှာကျက်ပေါ်မှ ဓာတ်ကြီးငါးပါးအစီအရင်က သူ့ကို ဒီနေရာတွင်ပင် ရပ်နေစေအောင်ပိတ်ထားပြီး ကော်ဇောအောက်မှ မိုင်းတွင်းကဲ့သို့ ဖူလုအစီအရင်သည် သူ့ကို ပေါက်ကွဲသွားစေနိုင်ပြီး သူမသေမရှင်ဖြစ်သွားနိုင်သည်။ ချီယုံသည် လေပြင်းတစ်ခုဖန်တီးလိုက်ပြီး ဖူလုများကိုအဝေးသို့ လွှင့်ထွက်သွားစေသည်။ ထို့နောက်သူသည် ပစ္စည်းနှစ်ခုယူရန် ကော်ဖီစားပွဲဆီသို့သွားလိုက်သည်။
သို့သော် ထိုနှစ်ခုကို ထိလိုက်သည်နှင့် သူသည် မီးလောင်သွားသလို ခံစားလိုက်ရပြီး သူ့လက်များသည် မီးကျွမ်းသွားသည်။ အသားကိုတဖျစ်ဖျစ်လောင်ကျွမ်းနေသော မီးလောင်နေသောအနံ့များ ပျံ့လွင့်လာသည်။ ချီယုံ့လက်ဖဝါးသည် မဲနက်သွားတော့သည်။
သူသည် မျက်ခုံးပင့်လိုက်ပြီး အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုအခါမှ ကျန်းလော်သည် ဂါထာတစ်ခုကို နှလုံးပေါ်တွင်ရေးထားလေသည်။ ထို့နောက် နှလုံးအလယ်တွင် ‘ကျန်းလော်’ဆိုသော စာလုံးကို ထွင်းထုထားသည်။ တိုက်ဆိုင်စွာပင် ထိုစားလုံးသည် စုတ်ချက်တစ်ဆယ့်ရှစ်ချက်ပါနေသည်။ သူသည် ကျန်းလော်ကို ဆယ့်ရှစ်ခါသတ်ခဲ့သည်။ ကျန်းလော်သည် သူ့နှလုံးသားပေါ်တွင် အမှတ်ဆယ့်ရှစ်မှတ်ချန်ခဲ့သည်။ ချီယုံသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်၊ အတွေးတချို့ရသွားပြီး သူသည် ကျောက်နှလုံးကို စားပွဲပေါ်သို့ပြန်ချလိုက်ပြီး ယွမ်ထျန်းကျူးကိုသာ ယူသွားလိုက်သည်။ ကျောက်နှလုံးသားသည် လူတစ်ယောက်၏ အတွင်းနတ်ဆိုးကို ဆွပေးနိုင်ပြီး ဆိုးယုတ်သောကိစ္စများကို လုပ်စေအောင် ထိန်းချုပ်နိုင်သည်။ သူသည် ကျောက်နှလုံးကိုယူသွားချင်သော်လည်း ကျန်းလော်၏နတ်ဆိုးနိုးထလာမည်ကို ပိုမိုလိုလားသောကြောင့် ထားခဲ့လိုက်သည်။
ချီယုံသည် ယွမ်ထျန်းကျုးယူပြီးသွားသော်လည်း ထိုနေရာတွင် ခနနေလိုက်သေးသည်။ ကျန်းလော်သည် သူသာအစီအရင်ကို ချိုးဖျက်ခဲ့မှန်းသိသွားလျှင် စိတ်ညစ်သွားလောက်မလား တွေးကြည့်နေသည်။ မကောင်းဆိုးဝါးသည် ထွက်သွားရန် ခြေလှမ်းကို ပြန်လှည့်လာပြီး သူသည် နှင်းဆီပွင့်ပုံ နက်ခ်တိုင်ကလစ်ကို ယွမ်ထျန်းကျူးနေရာ ကျောက်နှလုံးဘေးတွင် ထားခဲ့လိုက်သည်။
“ဘာတွေဆက်လုပ်ဦ်းမလဲမသိဘူး”
သူသည် သူ့အချစ်လေးကို တွေးမိပြီး မြူးထူးစွာတိုးတိုးတိုးတိုး ပြောလိုက်သည်။
“တွေ့ကြတာပေါ့ကွာ”
ကျန်းလော်သည် အလွန်ပျော်ရွှင်ပြီး ပြုံးရယ်နေသည်။ ဖုန်းလီသည်လည်း အိမ်မှာမရှိပေ။ ထျန်းရှိဖူတွင် ဆရာသခင်အိုကြီးနှင့် တပည့်တချို့သည်လည်း အနားယူနေပြီဖြစ်သည်။ ထို့ကြောင့်ကျန်းလော်သည် နံရံကျော်တက်လာပြီး ရယ်မောပြုံးပျော်ပြီး လှေကားတစ်ထစ်ချင်း တက်သွားသည်။ တစ်စုံတစ်ယောက်သာ ကြားလျှင် တမိုးအောက်ထျန်းရှိဖူတွင် သရဲခြောက်နေသည် ထင်သွားနိုင်သည်။ ကျန်းလော်သည် ရယ်မောနေမိသည်ကို မထိန်းချုပ်နိုင်ပေ။ သူသည် မကောင်းဆိုးဝါး၏ ရမက်ထန်နေသောပြီး သူ့ကိုလုပ်ရန်ကြိုးစားနေသည်ကို ကျရှုံးသွားအောင်လုပ်လိုက်သောကြောင့် စိတ်ဆိုးသွားသည့် မျက်နှာကို တွေးတွေးပြီး ရယ်နေရသည်။ ကျန်းလော်သည် သူ့ပါးစပ်သူထိန်းချုပ်လိုက်ပြီး ဝမ်ယမ်လန်ကို ဖုန်းခေါ်လိုက်သည်။
သူနှင့်ခနကြာအောင် ဖုန်းပြောြပီးနောက် ဝမ်ယမ်လန်သည် ကျန်းလော်ထျန်းရှိဖူသို့ ပြန်ရောက်သွားကြောင်း သေချာမှ သက်ပြင်းချနိုင်တော့သည်၊ ထို့နောက် ဝမ်ယမ်လန်သည်
“အိပ်လိုက်တော့ မနက်ဖြန်ကျမှ ငါတို့ ထျန်းရှိဖူကို လာတွေ့မယ် အဲ့ကျမှ ပြောကြတာပေါ့”
ကျန်းလော်ကမေးလိုက်သည်၊
“မင်းတို့ကျောင်းကိုပြန်ကြမှာလား”
“မပြန်ဘူး”
“ကျောင်းပြန်ဖို့က တအားနောက်ကျနေပြီလေ၊ ဟိုတယ်မှာပဲအိပ်လိုက်မလို့”
ကျန်းလော်ကပြောလိုက်သည်၊
“မနက်ဖြန်မင်းတို့လာရင် ငါ့အခန်းထဲက ပစ္စည်းလေးတွေ ယူလာပေးပါဦးကွာ”
သူတို့နှစ်ယောက်သည် ဖုန်းချလိုက်ပြီး ကျန်းလော်သည် သူ့အခန်းကို ပြန်ကာ ရေချိုးလိုက်သည်။
ရေချိုးခန်းထဲရှိ မှန်ကိုကြည့်မိသောအခါ ကျန်းလော်သည် ချီယုံကို မရယ်နိုင်တော့ပေ။ သူသည် မကောင်းဆိုးဝါးထက်ပင် အခြေအနေဆိုးနေသောကြောင့်ပင်။ သူ့မျက်နှာသည် ပုံမှန်မဟုတ်စွာ နီရဲနေပြီး သူ့ဆံပင်များသည် စီးကပ်နေသည်။ အကြာကြီးနမ်းလိုက်တော့ နှုတ်ခမ်းသည် ပါးသွားပုံရပြီး ကျန်းလော်သည် နှုတ်ခမ်းမှ သွေးအရသာရသောအခါ အော်သာရယ်လိုက်ချင်တော့သည်။ သူ့နှုတ်ခမ်းမှ မကောင်းဆိုးဝါးသောက်ထားသော စီးကရက်နံ့နှင့် ပြာအရသာကလည်း ရနေသည်။ ကျန်းလော်သည် မျက်နှာမဲ့လိုက်ပြီး မျက်လုံတို့အောက်စိုက်ပြီး သူ့အဝတ်အစားများကို ကြည့်လိုက်ရာ ဝတ်မရတော့အောင် စုတ်ပြတ်နေလေသည်။ သူ့ခန္ဓာကိုယ်အနှံ့တွင် လက်ချောင်းရာများပြည့်နေပြီး ကိုက်ရာများသည် ခွေးကိုက်သလို သွားရာများထင်နေသည်။
ကောင်းသည့် အချက်မှာ ချီယုံသည် အဆုံးထိသွားလိုခြင်းဖြစ်သည်။ သို့သော် ရှက်စရာအကောင်းဆုံးကလည်း အဲ့ဒါပဲဖြစ်သည်။ ကျန်းလော်သည် သူ့ကိုယ်သူထိုခံစားချက်များကို ထုံသွားပြီလို့တောင်ထင်နေသည်။ သူသည် သက်ပြင်းအရှည်ကြီးချလိုက်ပြီး ထိုအရာများကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး အင်္ကျီချွတ်လိုက်သည်။
‘ဘယ်လိုယောက်ျားမျိုးကများ ကိုယ်အလုပ်ခံရတော့မဲ့အချိန်မှာ ဘာမှမတုံ့ပြန်ပဲနေမှာတဲ့လဲ’
ကျန်းလော်သည် မာနကြီးသော လူငယ်တစ်ယောက်ဖြစ်သည်။ ထိုသို့သော တုံ့ပြန်မှုသည် လုံးဝပုံမှန်ဖြစ်စွာ သိပ္ပံနည်းကျသည်။ ကျန်းလော်သည် သူ့ကိုယ်သူအားပေးလိုက်ပြီး ထိုကိစ္စကို နောက်မှာထားပစ်လိုက်သည်။
သူသည် လက်မြှောက်လိုက်ပြီး ဒဏ်ရာကို စစ်လိုက်သည်။ သူ့လက်မောင်းမှ ဒဏ်ရာသည် ရက်အနည်းငယ်က ယွမ်ထျန်းကျူး ဖွက်ရန်ရခဲ့သော ဒဏ်ရာဖြစ်ပြီး အနာဖေးတက်နေပြီးဖြစ်သော်လည်း မကောင်းဆိုးဝါးက ပြန်ပွင့်အောင်လုပ်လိုက်သည်။ သူသည် ထိုဒဏ်ရာကို ပတ်တီးမစည်းချင်တော့ပေ။ ထို့ကြောင့် ဒီတိုင်းထားလိုက်ကာ ရေနွေးနှင့်ရေချိုးလိုက်သည်။
‘ချီယုံက ငါ့ကို လုပ်(ဖာ့ခ်)ချင်နေတယ်’
ကျန်းလော်သည် ချီယုံသူ့ကို တက်မက်နေသည်ဆိုတုန်းကထက် ပိုထိတ်လန့်သွားသည်။
‘ဘယ်လိုလုပ်ပြီး ငါ့ဖင်ပေးနိုင်မှာလဲ’
သူသည် တွေးတောင် မတွေးရဲပေ။ ကျန်းလော်သည် သူ့ကိုယ်သူမတွေးရဲသော်လည်း မူလဝတ္ထုထဲတွင် ချီယုံသည် အောက်မှ ဖြစ်သည်ကိုတွေးကြည့်လိုက်သည်၊ ထို့နောက် သူသည် နားမလည်နိုင်အောင်ဖြစ်နေသည်၊
‘ဘယ်ကဘယ်လို ငါနဲ့ရန်ဖြစ်နေရင်းကနေ သူကငါ့ကို လုပ်ချင်သွားရတာလဲဟ’
သူသည် ချီယုံသည် သူ့ကိုလုပ်ရရန် မိုင်တစ်ထောင်လောက်ကနေပင် ဝမ်းသာအားရပြေးလာမလားဟု တွေးမိသည်။
‘..............’
ကျန်းလော်သည် မျက်နှာကို အုပ်လိုက်ပြီး နာကျင်စွာ ညည်းလိုက်သည်။ ခနကြာပြီးနောက် သူသည် စိတ်တည်ငြိမ်သွားသည်။
မကောင်းဆိုးဝါးသည်သူ့ကို အမှောင်တွင်းနက်ကဲ့သို့ မျက်လုံးနှင့် နက်နက်ရှိုင်းရှိုင်းကြည့်နေပြီး သူ့နားနားကပ်ကာ အမောတကောပြောနေသံကို ပြန်ကြားယောင်လာသည်။
ဘယ်လိုခံစားမှုမျိုးလဲဆိုတော့............................မကောင်းဆိုးဝါး၏ သူ့အပေါ်တက်မက်နေသော ရမက်သည် ထင်ထားသည်ထက် ပိုဆိုးနေသည်။
‘ငါအရမ်းများချောနေလို့လား’
ကျန်းလော်သည် ရေအကြာကြီးချိုးပြီး ရေငွေ့ရိုက်နေသောမှန်ကို သုတ်၍ မှန်ထဲမှ သူ့ကိုကြည့်လိုက်သည်။ ဆံပင်အနက်နှင့်လူငယ်လေးသည် မှန်ထဲတွင် ပျင်းတိပျင်းရွဲအမူအယာနှင့် ရေပူချိုးထားသောကြောင့် လတ်ဆက်နေပုံပေါ်သော ချောမောလှပနေသည်။ သို့သော်ထိုအလှတရားအောက်တွင် ထက်မြနေသော ဓားဖွက်ထားသလိုထင်ရကာ တနည်းတဖုံ ခန့်ညားနေသည်။ သူသည်မှန်ကို ကြည့်လိုက်ပြီးခေါင်းညိတ်လိုက်ကာ
“အရမ်းချောတယ်”
ကျန်းလော်သည် ထိုခဏတွင် ကိုယ့်ကိုယ်ကို လေးစားသွားကာ
‘သေလောက်အောင် ချောနေလိုက်တာများ .........’
‘မကောင်းဆိုးဝါးကောင် ငါ့နောက်လိုက်နေတာ ငါအရမ်းချောနေလို့ဆိုတာ သေချာတယ်’
ကျန်းလော်သည် မျက်လုံးမှေးလိုက်ကာ သူသည် မကောင်းဆိုးဝါးက တစ်ခုခုကိုလိုချင်နေလျှင် ကျန်းလော်သည် သူ့ကို ရသွားစေချင်သည်။
သူသည် သူများအပေါ်မယုတ်မာပေ။ ချီယုံလိုချင်သောအရာတိုင်းသည် အမြဲတမ်းအကောင်းဆုံးအရာများ ဖြစ်နေတတ်ပြီး ထိုအကြောင်းကို ရှင်းပြမရပေ။ ကျန်းလော်သည် တစ်စုံတစ်ယောက်ကို ထိုမျှမတက်မက်မလိုချင်ခဲ့ဖူး သော်လည်း ထိုသို့သော ဆန္ဒကိုထိန်းချုပ်ရန် မည်မျှခက်ခဲမည်ကို တွေးကြည့်နိုင်သည်။
သို့သော် ထိုမကောင်းဆိုးဝါးလိုချင်တာသည် သူဆိုသည့် ကျန်းလော်ဖြစ်နေသည်။
ချီယုံသည် ထိုဆန္ဒကို ထိန်းချုပ်ထားသင့်သည်။ မွန်းကြပ်ပြီးသေသွားသွား မသန်မစွမ်းဖြစ်သွားသွား မကောင်းဆိုးဝါးသည် ထိန်းချုပ်ထားရမည်။ ကျန်းလော်သည် နှာမှုတ်လိုက်ပြီး ရေချိုးခန်းထဲက ထွက်လိုက်သည်။ ထျန်းရှိဖူထဲတွင် တိတ်ဆိတ်နေပြီး ဘာသံမှမကြားရတော့ပေ။
တစ်လောကလုံးတွင် ကျန်းလော်အတွက် လုံခြုံသည်ဟု ခံစားရသော နေရာသည် ဤထျန်းရှိဖူဖြစ်သည်။ ကျန်းလော်သည် အလွန်ပင်ပန်းလာရာ အိပ်ရာပေါ်လှဲလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားသည်။ အိပ်မက်လုံးဝမမက်ဘဲ မိုးလင်းသည်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။ ကျန်းလော်သည် အိပ်ရာနိုးလာပြီးနောက် စီနီယာအကို ကျိုးဝူတုနှင့် မနက်စာသွားစားသည်။
ကျိုးဝူတုသည် ပေါက်စီကို ဝါးနေရင်း
“ဘယ်တုန်းက ပြန်ရောက်ခဲ့တာလဲ”
“မနေ့ညက”
ကျန်းလော်သည် စွပ်ပြုတ်သောက်ရင်း
“အစ်ကို ဝမ်ဆန်းထန်ရော”
ကျိုးဝူတုသည် အံ့ဩသွားပြီး
“မင်းမသိသေးဘူးလား”
“အိုး ဟုတ်သားပဲ ကျောင်းမှာ အဆိုင်းမင့်န့်လုပ်ဖို့ ပြန်သွားရတာကို အစ်ကိုမေ့သွားတာ”
ကျိုးဝူတုသည် မှတ်မိသွားပြီး ပေါက်စီကို တစ်ကိုက်ထဲမျိူချလိုက်ကာ နောက်ထပ် ကြက်ဥလိပ်ကို လက်လှမ်းနေသည်။
“ဝမ်ဆန်းထန်က ဆရာနဲ့လိုက်သွားတယ်၊ ဆရာခရီးထွက်တိုင်း တပည့်တစ်ယောက်နှစ်ယောက်လောက် ခေါ်သွားတတ်တယ်လေ၊ အရင်တစ်ခေါက်က ငါလိုက်ပြီးပြီဆိုတော့ ဒီတစ်ခါ ဝမ်ဆန်းထန်အလှည့်ပဲ”
ကျန်းလော်သည် ဖုန်းလီတွင် တပည့်အများကြီး ရှိကြောင်းသိထားသော်လည်း အရေအတွက် အတိအကျတော့ မသိပေ။ ကျန်းလော်သည် သိချင်လွန်းသောကြောင့် အောင့်မထားနိုင်တော့ပဲ
“ဆရာ့တိုက်ရိုက်တပည့်က တကယ်ဘဲ ဘယ်နှစ်ယောက်ရှိတာလဲ”
“အာ အဲ့တာက”
ကျိုးဝူတုသည် တည်တံ့စွာပြောလိုက်သည်။
“အစ်ကို ရေတွက်ကြည့်လိုက်ဦးမယ် ခနလေး”
ကျန်းလော် “............”
‘မတရားများနေလို့များလား’
‘ပြောရရင် ထျန်းရှိဖူက တကယ့်ကျောင်းအကြီးကြီးဆိုတော့လဲ တပည့်တွေလဲ အများကြီး ရှိမှာပေါ့လေ’
ကျိုးဝူတုသည် ရေတွက်လိုက်ပြီး သူသည် လက်နှစ်ဖက်ထုတ်ပြီး ‘နှစ်ယောက်’ ‘သုံးယောက်’
“အားလုံးပေါင်း နှစ်ဆယ့်သုံးယောက်၊ အားလုံးထဲမှာ ထျန်းရှိဖူမှာနေနိုင်ပြီးဆရာ့နောက်လိုက်ခွင့်ရှိတာက မင်းအပါအဝင် ခြောက်ယောက်ပဲ ရှိတာ”
ကျန်းလော်က ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က အစ်ကိုနဲ့ အစ်ကိုဝမ်ဆန်းထန်ကိုပဲ တွေ့ဖူးသေးတယ်ရော”
“တခြားအစ်ကိုသုံးယောက်က အတွေ့အကြုံရအောင် ခရီးထွက်သွားကြတယ်”
ကျိုးဝူတုသည် ကျန်းလော်ကို မနာလိုစွာကြည့်လိုက်ပြီး
“ငါတို့အားလုံးက ဆရာ့တပည့်တွေပဲဟာကို ငါတို့ကိုကျ ကောင်းကင်သခင်ဆရာကြီးပဲ သင်ပေးပြီး မင်းတစ်ယောက်ထဲကိုပဲ ထျန်းရှိဖူကိုရောက်ရောက်လာခြင်း ဆရာကိုယ်တိုင်သင်ပေးတယ်”
“အစ်ကိုကလည်းဗျာ ဒီလိုလဲ တွေးကြည့်ပါဦး”
ကျန်းလော်ကပြောလိုက်သည်။
“ကျွန်တော်လည်း အရင်တုန်းက ကျွန်တော့အရင်ဆရာကပဲ သင်ပေးခဲ့တာပဲလေ ပြီးတော့လဲ ပြောရရင် ကျွန်တော်တို့ဆရာက ကောင်းကင်သခင်ဆရာကြီးရဲ့ တပည့်ရင်းပဲလေ”
ကျိုးဝူတု၏ အတွေးများသည် ချက်ချင်းပဲ မောင်းထုတ်ခံလိုက်ရကာ
“ဟုတ်သားပဲကွ ဟားဟား”
မနက်စာစားပြီးနောက် ကျန်းလော်သည် ဝမ်ယမ်လန်တို့ကို စောင့်နေသည်။ တစ်နာရီကြာပြီးနောက် အပြင်ဧည့်ခန်းဆီမှ စကားသံများကြားလိုက်ရာ ကျန်းလော်သည် အပြင်သို့ လောလောလောလောနှင့်ထွက်လာသည်။ ကျန်းလော်အပြင်ရောက်တော့ ထိုနေရာတွင် ဝမ်ယမ်လန်တို့သာ မဟုတ်ဘဲ လက်ထဲဘာကြီးပိုက်ထားမှန်းမသိသော ဖုန်းလီကိုပါတွေ့လိုက်ရသည်။ ကျန်းလော်သည် ခြေထောက်ရိုက်ချိုးပစ်မယ်ဟူသော အသံပြန်ကြားပြီး ဒယိမ်းဒယိုင်ဖြစ်သွားသည်။ ထိုအချိန်တွင် ဖုန်းလီသည် သူ့ကိုမြင်သွားသည်။ နေသည် ခေါင်းပေါ်ရောက်နေပြီဖြစ်သော်လည်း ဖုန်းလီမျက်လုံးများသည် ရေခဲကန်ကဲ့သို့ အေးစက်နေသည်။
သူတို့ ဧည့်ခန်းအဝင်စရောက်ရောက်ချင်း ဖုန်းလီသည် သူ့လက်ထဲမှ ပစ္စည်းကို ကျန်းလော်ကို ပစ်ပေးလိုက်ကာ ဧည့်ခန်းထဲတန်းဝင်သွားသည်။
“လိုက်ခဲ့”
ကျန်းလော်သည် ထိုအရာကို အမြန်ဖမ်းပွေ့လိုက်သည်။ သူ့လက်ထဲမှထိုအရာသည် ရုန်းကန်နေသည်။ သူသည် အံ့ဩစွာဖြင့် အထုပ်ဖြည်ကြည့်လိုက်ရာ
“ဂျင်ဆင်းက အသက်ရှိနေတာလား”
ဂျင်ဆင်းကလေးလေးသည် လူကြီးတစ်ယောက်လက်ဖဝါးနှစ်ဖက်စာအရွယ်ရှိပြီး ခြေလက်လေးဖက်နှင့် အာရုံငါးပါးဖြစ်ပေါ်နေပြီ ဖြစ်သည်။ သူ့တွင် ဗိုက်ရွှဲရွှဲလေးရှိပြီး ကျန်းလော်အသံကြားသောအခါ အကျယ်ကြီးအော်ငိုတော့သည်။ ကောကျူသည် အမြန်ပြေးလာပြီး ကြည့်လိုက်ကာ သွားရည်တများများကျတော့မတတ်
“အမွှေးလေးတစ်ချောင်းကိုတောင် ပိုက်ဆံအများကြီးပေးရမှာ”
သူသည် ကောကျူစကားကို ကြားသောအခါ နားလည်သွားပြီး ဂျင်ဆင်းကလေးလေးသည် မငိုတော့ဘဲ ကျန်းလော်လက်မောင်းထဲတွင် သေချင်ယောင်ဆောင်ပြီး ငြိမ်ငြိမ်လေးလှဲနေလိုက်သည်။ လုယုံရိသည် လာကြည့်ပြီး ဂျင်ဆင်းလေး၏ ဗိုက်ကိုထိကြည့်လိုက်ကာ
“ချစ်ဖို့ကောင်းလိုက်တာ”
ရယ်ရွှင်သည် တိတ်ဆိတ်နေပြီး
“ရှောင်ဖန်လောက်တော့ ချစ်စရာမကောင်းဘူး”
သူတို့အုပ်စုလိုက်ကြီး ဧည့်ခန်းထဲဝင်သွားပြီး ကျိုးဝူတုသည် သူတို့ကို လက်ဘက်ရည်ငှဲ့ပေးလိုက်ကာ ဖုန်းလီနောက်တွင် ပြန်သွားရပ်နေသည်။ ဖုန်းလီသည် လက်ကိုင်ပုဝါဖြင့် လက်သုတ်လိုက်ပြီး ဂျင်ဆင်းလေးကိုချီထားသော ကျန်းလော်လက်မောင်းကို သေချာစိုက်ကြည့်လိုက်သည်။
“ကောင်းကင်သခင်ကြီးကို သွားပေးချေ”
ကျန်းလောသည် ရိုသေစွာခေါင်းညိတ်လိုက်ပြီး အမြန်လှည့်ထွက်သွားတော့မည်အလုပ် ဖုန်းလီကပြောလိုက်သည်။
“ရပ်စမ်း”
ကျန်းလော်သည် နည်းနည်းမျှမလှုပ်ရဲတော့ပေ။
ဖုန်းလီသည် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလော်ဆီလျှောက်သွားလိုက်သည်။ ဆံပင်အနက်နှင့်ကောင်လေးသည် ထျန်းရှိဖူဝတ်စုံကို တစ်ကိုယ်လုံးတင်းနေအောင်ဝတ်ထားသော်လည်း သူ့နှုတ်ခမ်းနှင့် လည်ပင်းမှ အမှတ်များကို ကောင်းကောင်းမဖုံးထားနိုင်ပေ။ ဖုန်းလီသည် ကျန်းလော်ကို နည်းနည်းလေးမျှစိတ်ချ၍ မရဟူသော အကြည့်တစ်ချက်ပေးလိုက်ပြီး သူ့လက်ကိုမြောက်လိုက်ကာ ကျန်းလော်လက်မောင်းပေါ်ရှိ ဒဏ်ရာကို ဖိလိုက်သည်။
ကျန်းလော်ငုံ့ကြည့်လိုက်သောအခါ ဒဏ်ရာမှ သွေးများစီးကျလာပြီး သူ့အင်္ကျီတစ်ခုလုံးနီးပါး နီရဲသွားသည်။
“ဘယ်လိုလုပ်ပြီး ဒဏ်ရာရလာတာတုန်း”
ဖုန်းလီကမေးလိုက်သည်။ ကျန်းလော်သည် ယွမ်ထျန်းကျူးခိုးတုန်းက ရလာတာလို့ မပြောနိုင်သောကြောင့် သူသည် ရှက်ရွံဟန် မျက်လွှာချထားလိုက်ပြီး ခေါင်းငုံ့၍
“ဆရာ မမေးပါနဲ့လားဗျာ”
ဖုန်းလီသည် နောက်ထပ်မေးခွန်းထပ်မမေးနိုင်ခင် ကောင်လေးထံမှ စိတ်ပျက်ဝမ်းနည်းနေသော အမှားလုပ်ထားသော အသံကို ကြားလိုက်ကာ
“ဒဏ်ရာရလို့ ဘာမှမှားမသွားခဲ့ပါဘူး ဒီတိုင်း တစ်စုံတစ်ယောက်ကို သိနိုင်သွားရုံလေးတင်ပါဗျာ”
ကျောင်းသားများသည် ချွေးအေးများကျလာပြီး သူတို့သည် ကျန်းလော်ဒဏ်ရာအကြောင်း တအားသိချင်လာသည်။ ဖုန်းလီသည် သူတို့ကို သေချာကြည့်လိုက်ပြီး နောက်ထပ်မေးခွန်းများ ထပ်မမေးရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက်သူသည် ဂျင်ဆင်းကလေးလေး၏ အမွှေးတစ်လက်မလောက် ဆိတ်ယူလိုက်ပြီး
“ပါးစပ်ဟ”
ကျန်းလော်သည် ဂျင်ဆင်းကို မြိုချလိုက်ပြီးနောက် သူ့မျက်နှာသည် နီရဲသွားပြီး မျက်လုံးများပြာသွားသည်။ သူ့ပါးစပ်သည် ထပ်မနာတော့ပဲ သူ့တစ်ကိုယ်လုံးသည် အံ့ဩစရာကောင်းစွာ လုံးဝပြန်ကောင်းသွားသည်။
‘ဂျင်ဆင်းလေးက ဒီလောက်တောင် စွမ်းတာလား’
ကျန်းလော်သည် ဂျင်ဆင်းလေးကို မြတ်နိုးစွာကြည့်လိုက်သည်။ ဂျင်ဆင်းလေးသည် နာကျင်သောကြောင့် သည်းသည်းထန်ထန်ငိုနေပြီး တဆတ်ဆတ်တုန်နေရှာသည်။ သို့သော် ဖုန်းလီကိုကြောက်နေသောကြောင့် အသံမထွက်ရဲပေ။
‘သနားစရာကလေးလေး’
ကျန်းလော်သည် သနုားသလိုကြည့်လိုက်ပြီး အဆိတ်ခံလိုက်ရသော နေရာကို ပွတ်ပေးလိုက်သည်။ ဖုန်းလီက ပြောလိုက်သည်။
“သွားတော့”
ကောင်းကင်သခင်ဆရာကြီးသည် ပင်မအဆောက်အဦးနောက်မှ ခြံဝန်းထဲတွင်နေသည်။ ကျန်းလော်သည် တံခါးမှကြေးကွင်းကို လှုပ်လိုက်ရာ ကြိုသိထားပုံရသော တပည့်တစ်ယောက်သည် တံခါးလာဖွင့်ပြီး
“စီနီယာအစ်ကို ကောင်းကင်သခင်ကြီးက နောက်ဘက်မှာ လက်ဖက်ရည်သောက်နေပာတယ် ဒီလမ်းအဆုံးထိလျှောက်သွားလိုက်ပါ”
မြို့အလယ်တွင် ထျန်းရှိဖူသည် တကယ့်နတ်ဘုံဖြစ်သည်။ ကျန်းလော်သည် လမ်းအဆုံးထိသွားလိုက်ကာ ဆရာသခင်ကြီးသည် ကျောက်တုံးစားပွဲတွင် လူတစ်ယောက်နှင့်အတူ လက်ဖက်ရည်သောက်နေသည်။ ထိုနောက်တစ်ယောက်သည် ဆရာကြီးနှင့်ကွယ်နေ၍ ကောင်းကောင်းမမြင်ရပေ။ သူအနားကပ်သွားသောအခါ ဆရာသခင်ကြီးအသံကို ကြားလိုက်သည်။
“ကျုပ်နေရာက လဖက်ရည်က တကယ်မဆိုးဘူး ကံကြမ္မာယုံသူ နည်းနည်းလောက် မြည်းကြည့်ပါဦး”
သူ့အသံသည် အမှားလုပ်မိမှာကြောက်နေသော အသံဖြစ်နေသည်။ ကျန်းလော်သည် ရပ်သွားသည်၊
“ကံကြမ္မာယုံသူတဲ့လား”
သူသည် ထိုနာမည်ကို ချီရယ်အဖေဖုန်းပြောနေတုန်းက ကြားဖူးသည်။
‘ကံကောင်းသူကို ပြောတာမဟုတ်ဘဲ လူတစ်ယောက် နာမည်ကို ပြောတာဖြစ်နေပါလား’
“ဆရာကြီး”
ကျန်းလော်သည် အသံကို မြှင့်လိုက်ပြီး သူတို့နားသို့ မြန်မြန်လျှောက်သွားလိုက်သည်။
“ဆရာက ဂျင်ဆင်းကလေး ကို လာပေးခိုင်းလိုက်ပါတယ်”
အတွင်းဘက်အထိ ဝင်သွားပြီးနောက် ကျန်းလော်သည် ကံကြမ္မာယုံသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ့တွင် ဆံပင်ရှည်အဖြူကြီးရှိပြီး ရှေးတုန်းကလို သစ်သားဆံထိုးနှင့် ထုံးထားသည်။ သူ့မျက်ဆံများသည် ဖြူဖွေးနေပြီး နှင်းများကဲ့သို့ တောက်ပနေသည်။ ကံကြမ္မာယုံသူသည် အသက်နှစ်ဆယ်လောက်သာ ရှိဦးမည့်ပုံပေါ်သော်လည်း သူ့မျက်လုံးများသည် အလွန်ဖြူဖတ်နေကာ ကံအပြောင်းအလဲတော်တော်များများ ကြုံတွေ့ရပြီးပုံပေါ်သည်။ သူသည် ကျန်းလော်ကို ခနကြည့်လိုက်သည်။ ကျန်းလော်သည် ထိုအချိန်တွင် နှင်းမုန်တိုင်းထဲကျသွားသလို အရိုးထဲထိအေးစိမ့်သွားသလို ခံစားရသည်။ သူ့ကို ထိုနှင်းမုန်တိုင်းထဲ နှစ်မြုပ်ပစ်တော့မတတ်ပင် ခံစားရသည်။
အအေးဓာတ်သည် အလွန်ပြင်းထန်လာပြီး ကျန်းလော်လက်ထဲမှ ဂျင်ဆင်းကလေးလေးသည် ကြောက်လွန်းလို့ တုန်နေသည်။ ကျန်းလော်သည် မြန်မြန်အကြည့်လွှဲလိုက်ပြီး ဆရာကြီးကို ဘာမှမဖြစ်သလို ပြုံးပြလိုက်ကာ
“ဒါကို ဘယ်မှာထားလိုက်ရမလဲဗျ”
ဆရာကြီးသည် ဂျင်ဆင်းကလေးလေးကို ကြည့်လိုက်ပြီး ချစ်ခင်စွာဖြင့်
“နှစ်ငါးရာလား ဂျင်ဆင်းက အသက်ရှိလာတယ် ဖုန်းလီ ဒီကလေးကတော့ တကယ်ကို တစ်ခုခုပဲ၊ အသက်ရှင်လာနိုင်တဲ့ ဂျင်ဆင်းကို ဘယ်လိုများစားပစ်နိုင်ရတာလဲ”
သူသည် လက်ယမ်းလိုက်ပြီး
“မင်းဆရာဆီပြန်ယူသွား၊ သူ့ကိုပြောလိုက် အနာအဆာမရှိတဲ့ တစ်ခုပြန်လာပေးဖို့ပြောလိုက်”
ကျန်းလော် “................”
သူထွက်မသွားခင်တွင် ကျန်းလော်သည် အရိုးထဲထိစိမ့်ကနဲအေးးသွားကာ သူ့ကိုကြည့်နေသည့် အကြည့်ကို ခံစားလိုက်ရသည်။ ကျန်းလော်သည် ပြုံးလိုက်ပြီး သဘာဝကျကျ မတုံ့ဆိုင်းပဲ မြန်မြန်ထွက်လာခဲ့သည်။ သူ့နောက်ကျောကို ကြည့်လိုက်သော ကံကြမ္မာယုံသူသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း ရုတ်တရက်ပြောလိုက်သည်။
“ဒီကလေးမဆိုးဘူး”
ကောင်းကင်သခင်အိုကြီးသည် ပြုံး၍ ပြောလိုက်သည်။
“ကျုပ်နဲ့ အတွေးတူတာပဲ”
############################################################################