အပိုင်း (၈၀)
‘သောက်နှာဘူး ချီယုံ’
ကျန်းလော်အပေါ် တပ်မက်ခြင်းတို့ ဖြစ်ပေါ်နေမှန်း သိပြီးသွားပြီးနောက် ချီယုံသည် ကျန်းလော်ဘာလုပ်လုပ် သည်းခံဖို့ ဆုံးဖြတ်ထားသည်။ ယနေ့တွင်ကျန်းလော်သည် လူအုပ်ကြီးထဲဝင်ပုန်းနေပြီး လူများ၏အနံ့ကိုယ်စီက ကျန်းလော်ကိုယ်နံ့ကို လုံးလုံးလျားလျား ပျောက်ကွယ်သွားစေသည်။
သို့သော် ချီယုံ့အတွက် ထိုအရာသည် မဖောက်ရသေးသော လက်ဆောင်ပုံးလို ပုံမှန်စားသောက်ပွဲပြီးနောက် အချိုပွဲခန့်မှန်းသလောက်သာ ဖြစ်သည်။ သို့သော် သူသည် အလွန်စိတ်လှုပ်ရှားနေသည်။
မကောင်းဆိုးဝါးသည် လူအုပ်ကြားထဲ ဒီတိုင်းဝင်သွားသော်လည်း သူ့ကိုမောင်းထုတ်မည့်သူ မရှိပေ။ သူ့ကို စိတ်ကြိုက်သွားခွင့်ပေးထားပြီး မျက်စိအစာကျွေးနေကြသည်။ မကောင်းဆိုးဝါးသွားသည့်နေရာတိုင်းတွင် လမ်းဖယ်ပေးသူများရှိနေသောကြောင့် မကောင်းဆိုးဝါးသည် လူတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထိုအချိန်တွင် အက်ကွဲသံတစ်သံကြားလိုက်ကာ ဖူလုတစ်စောင်သည် ချီယုံ့ဘယ်ဘက်လက်နားသို့ လာကပ်သည်။ တစ်စုံတစ်ယောက်သည် ရယ်မောလိုက်ပြီး
“သရဲတွေလို ဟန်ဆောင်လိုက်ကြစို့ မပေါ်ကြေးနော်”
ဘေးပတ်လည်မှလူများသည် ဆူညံကုန်ကြပြီး ဘယ်သူကမှ ဖူလုကြောင့် မအံ့ဩသွားကြပေ။ မကောင်းဆိုးဝါးသည် ခေါင်းငုံ့ကြည့်လိုက်ရာ သူ့အင်္ကျီတွင် ဖူလုကြောင့် တမြည့်မြည့်လောင်ကျွမ်းသွားသော အပေါက်ကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်များသည် ကော့တက်သွားပြီး နောက်ထပ်ရွှေရောင်ဓားတိုတစ်ချောင်းသည် သူ့နောက်မှပျံဝဲလာသည်။ မကောင်းဆိုးဝါးသည် အချိန်မှီရှောင်နိုင်လိုက်သော်လည်း ရွှေဓားမြှောင်သည် သူ့လည်ပင်းကို ရှပ်ထိသွားပြီး သွေးထွက်လာစေသည်။ ထိုရွှေဓားမြှောင်သည် လေထုထဲတွင်ပင် ပြန်လည်ပျောက်ကွယ်သွားသည်။
ဒဏ်ရာမှ သွေးများထွက်လာသည်။ ချီယုံသည် ဓားမြှောင်လာရာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ့နောက်တွင် မည်သူမျှရှိမနေပေ။ လက်မြောက်လိုက်ပြီး ဒဏ်ရာကိုသုတ်လိုက်ရာ သွေးမည်းမည်းများ ပန်းထွက်လာသည်။
ချီယုံသည် မျက်လုံးမှေးစင်းသွားပြီး နောက်ဘက်သို့လှည့်ပြီး လမ်းလျှောက်လိုက်သည်။ ကြာပွတ်တစ်ချောင်းသည် သူ့ခြေထောက်ကို လာရစ်ပတ်ကာ နောက်သို့ ခြေပစ်လက်ပစ်လဲကျစေရန် ရည်ရွယ်ပြီး အရှိန်နှင့်အားပါပါပြန်ဆွဲလိုက်သည်။ ချီယုံသည် သတိကပ်ထားသောကြောင့် ကြာပွတ်ကိုရှောင်လိုက်နိုင်သည်။ သူ့ပြောင်လက်နေသော သားရေဖိနပ်ဖြင့် ခြေတစ်လှမ်းရွေ့ရုံလောက်သာ ရှောင်လိုက်ပြီး ကြာပွတ်လာရာဘက်သို့ ကြည့်လိုက်သော်လည်း ကြာပွတ်သည် လူများခြေထောက်ကြားတွင် ပျောက်ကွယ်သွားပြန်သည်။
“ဉာဏ်များတဲ့ မြေခွေးကောင်လေး”
မကောင်းဆိုးဝါးသည် ထိုသို့ မှတ်ချက်ပေးလေသည်။
“ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်လဲ”
စီတန်းလှည့်လည်နေသော လူအုပ်ကြီးသည် နောက်လမ်းတစ်လမ်းသို့ ကူးနေပြီဖြစ်ပြီး လူအုပ်ကြီးထဲတွင် ရှက်တတ်ပုံရသော ကလေးတစ်ယောက်သည် လူအုပ်ကြီးထဲမှ ထွက်လိုက်ကာ နောက်ဖေးလမ်းကြားတစ်ခုထဲသို့ ဝင်ပြေးဖို့ လုပ်နေသည်။
သူ့ခြေလှမ်းများသည် တဖြည်းဖြည်းမြန်လာကာ ဆူညံနေသော နောက်ဖေးလမ်းကြားများ တစ်ခုပြီး တစ်ခုကျော်ဖြတ်လာပြီးနောက် တိတ်ဆိတ်ကြောက်ရွံ့ဖွယ် လမ်းကြားတစ်ခုဆီရောက်သွားသည်။ လမ်းကြားအလယ်တည့်တည့်တွင် မီးတိုင်တစ်တိုင်သည် မှေးမှိန်စွာလင်းနေပြီး မြေပြင်ပေါ်သို့ အလင်းဖြာကျနေသည်။
သူသည် နောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်လိုက်ပြီး လာလမ်းအတိုင်းပြန်သွားရန် လှည့်ထွက်လိုက်သည်။ အနက်ရောင်ပုံရိပ်တစ်ခုသည် မီးတိုင်အောက်တွင်ရပ်နေကာ ရယ်မောလိုက်ပြီး
“အာ ဂိမ်းပြီးသွားပြီပဲ”
ကျန်းလော်သည် ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက်တည်ငြိမ်စွာ သရဲအဝတ်အမည်းရောင်နှင့် အဖြူရောင်မျက်နှာဖုံးကို ချွတ်ပြီး ချီယုံနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ဆံပင်အနက်နှင့်ကောင်လေး၏ နဖူးသည် ချွေးများ ရွှဲရွှဲစိုနေပြီး မျက်နှာဖုံးအောက်တွင် အခိုးရိုက်သောကြောင့် မျက်နှာသည် နီရဲနေသည်။ အရက်မူးနေသော သူကဲ့သို့ပင် နီရဲနေသည်။ သူ့ပုံစံသည် ပန်းချီဆရာတစ်ယောက် နာရီပေါင်းမနည်းကြာအောင်ဆွဲထားရသော နှင်းဆီပန်းပွင့်လေးကဲ့သို့ပင် လှပဖူးကြွနေသည်။
မကောင်းဆိုးဝါးသည် မီးတိုင်အရိပ်အောက်မှ ထွက်လာလိုက်သည်။ နက်မှောင်သော မျက်လုံးများတွင် စိတ်ဝင်စားမှုများ ပြည့်နှက်နေသည်။ ကျန်းလော်မီးရှို့လိုက်သော သူ့ဝတ်စုံသည်လည်း အကောင်းတိုင်းပြန်ဖြစ်နေပြီ ဖြစ်သည်။
မကောင်းဆိုးဝါးလမ်းလျှောက်လိုက်တိုင်း လက်နေသော အနီရောင်ရတနာတို့သည် ကျန်းလော်ကို အန္တာရာယ်ရှိသည်ဟူသော သတိပေးနေသလိုပင်။ ကျန်းလော်ရှေ့တွင် ရပ်လိုက် ချော့မော့သော အသံဖြင့် ပြောလိုက်သည်။
“ဘယ်အထိပြေးဦးမလို့တုန်း ဟမ်”
ပြေးစရာမြေမရှိတော့ပေ။
တကယ်တမ်းတွင် ကျန်းလော်သည် ပြေးရတာပင်ပန်းနေပြီ ဖြစ်သည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ကျန်းလော်သည် တကယ့်အချိန်အခါရောက်လာသည်ကို နားလည်လိုက်ပြီး စိတ်ကိုငြိမ်ငြိမ်ထားလိုက်သည်။ ဆိုးသွမ်းသော စိတ်ထားသည် ထူးဆန်းစွာ မူးဝေနေပြီး ရှင်းရှင်းလင်းလင်းကြီး ပေါ်လာသည်။
“ပြေးစရာမလိုတော့ဘူး”
ဆံပင်အနက်နှင့်ကောင်လေးသည် ပြုံးပြလိုက်ပီဲး သူ့နှုတ်ခမ်းကို ပျားရည်သုတ်ထားသလို အပြုံးလေးသည် ချိုမြိန်နေသည်။ သူသည် မကောင်းဆိုးဝါးကိုမြူဆွယ်သော အကြည့်နှင့်ကြည့်လိုက်ပြီး
“ကစားရတာလည်း ပင်ပန်းသွားပြီ”
မကောင်းဆိုးဝါးသည် ကျန်းလော်ဆီလျှောက်လာသည်။ မြူနက်များရုတ်တရက်ပေါ်လာပြီး ကျန်းလော်ပတ်ပတ်လည်ကို ဝိုင်းပစ်လိုက်သည်။ ကျန်းလော်နားတွင် အလင်းရောင်တစ်စမှ မရှိတော့ဘဲမှောင်မိုက်သွားသည်။
ထို့နောက် ကျန်းလော်ကို နောက်ဖေးလမ်းကြားနံရံသို့ ကပ်လိုက်သည်။ ကျန်းလော်နားတွင် အမှောင်ထုနှင့် မကောင်းဆိုးဝါးမှလွဲ၍ ဘယ်သူမှ မရှိပေ။ ကျန်းလော်သည် မကောင်းဆိုးဝါးကို အကြောက်တရားကင်းစွာ တည့်တည့်စိုက်ကြည့်လိုက်သည်။ မကောင်းဆိုးဝါးမျက်လုံးများထဲမှ ရမ္မက်သည် ရုတ်တရက်ထွက်ပေါ်လာပြီး ကျန်းလော်ကို တပ်မက်စွာ နက်နက်ရှိုင်းရှိုင်းပြန်ကြည့်သည်။ ကျန်းလော် နှလုံးသားလေးသည် လျှို့ဝှက်စွာဖြင့် လှောင်ပြောင်လိုက်ပြီး ထိုအကြည့်ကြောင့် သာယာသွားသလို ခံစားရသည်။
တမိုးအောက်ကြောက်စရာကောင်းပြီး ခန့်မှန်းမရနိုင်လောက်အောင် စွမ်းအားကြီးသော မကောင်းဆိုးဝါးသည် သူအနိုင်ယူခြင်းကို ခံလိုက်ရပြီဖြစ်သည်။ သူ့ရှေ့တွင် ဦးညွတ်လာတော့မည်။ သူသည် အလွန်ပျော်ရွှင်နေပြီး သူ့နှလုံးသားထဲမှ ထုတ်သိမ်းထားသော ဆိုးယုတ်ခြင်းတချို့ ပေါက်ကွဲထွက်ကုန်သည်၊။
ကျန်းလော်သည် ခပ်တိုးတိုးရယ်လိုက်ပြီး လက်ချောင်းဖြင့် ချီယုံ့နက်ခ်တိုင်ကို အသာပွတ်ဆွဲကာ ပတ္တမြားနှင်းဆီကလစ်ကို ညင်သာစွာပွတ်လိုက်ပြီး
“မစ်စတာမကောင်းဆိုးဝါးရေ ဒီပတ္တမြားရတနာအစုံလိုက်ကို ငါအမှိုက်ပုံးထဲ ထည့်လိုက်ပြီမလား”
သူ့မျက်လုံးများသည် ပြောနေရင်းမကောင်းဆိုးဝါးကို မထိတထိစနောက်သလို လှောင်သလို သွားကြည့်သေးသည်။
“ဖြစ်နိုင်တာ မစ်စတာမကောင်းဆိုးဝါးက ဒီလောက်အဆင့်အတန်းမြင့်တဲ့ဆရာ ဖြစ်တာတောင် အမှိုက်ပုံးနှိုက်သေးတာလား”
ကျန်းလော်၏ စိုရွှဲနေသောဆံပင်ကို နားနောက်သို့သပ်ပေးလိုက်ကာ မကောင်းဆိုးဝါးသည် အသံခပ်လေးလေးဖြင့်
“ကိုယ်လိုချင်တာတဲ့အရာတွေက ဘယ်လောက်ဝေးဝေးကိုယ့်ဆီ ရောက်လာရတာပဲ ကိုယ်ကိုယ်တိုင် ဘယ်ဟာမှ ထယူစရာမလိုဘူး”
“အမှိုက်ထဲရောက်နေရင်တောင်မှပေါ့”
မကောင်းဆိုးဝါးသည် ကျေနပ်နေကာ အောက်ငုံ့မှီလိုက်ပြီး ကောင်လေး၏နားရွက်နားကပ်ကာ
“မင်းလေးတောင် ကိုယ့်ဆီရောက်လာသေးတာပဲလေ”
ကျန်းလော်သည် သွားစိပြလိုက်ပြီး
“ဒီတစ်ခေါက်တော့ ငါမင်းနဲ့တကယ်ပြီးသွားပြီ”
မကောင်းဆိုးဝါးသည် ရယ်လိုက်ပြီး
“မင်းကတော့လေ တကယ်ကို သူများနဲ့မတူဘူးပဲ”
သူ့နက်ခ်တိုင်ပေါ်မှကျန်းလော်လက်ကို အုပ်ကိုင်လိုက်ပြီး ကျန်းလော်လက်နှစ်ဖက်ကို ကိုင်ကာ နံရံပေါ်သို့မြှောက်ကပ်လိုက်သည်။ ချီယုံသည် စကားအနည်းငယ်ပြောပြီးနောက် သည်းမခံနိုင်တော့ပေ။ ကျန်းလော်မျက်ခုံးနှစ်ဖက်ကြားသို့ စိတ်များလွတ်ထုတ်လိုက်ကာ တစ်ချက်ဖိနမ်းလိုက်သည်။ ထို့နောက် ယခင်ကကဲ့သို့ မပြောင်းလဲဘဲ ကြမ်းတမ်းသော ဘယ်လိုမှတိုးတက်မလာစွာ နမ်းတော့သည်။
ဒီတစ်ကြိမ်တွင် အနမ်းသည် လိုချင်တပ်မက်မှုများနှင့် ပြည့်ဝနေကာ လေထုကို ပူနွေးလာစေသည်။ မကောင်းဆိုးဝါးသည် အသက်ရှူစရာမလိုပေ။ ကျန်းလော်သည် အစကတော့ အသေကြီးလိုပင်နေနေသော်လည်း ထိုသူ၏အေးစက်သော မျက်နှာချောချောတွင် ကျန်းလော်အပေါ်တပ်မက်မှုသည် အလွန်ပြင်းထန်လာသည်။
အေးပြီးနွေးသော၊ မကောင်းဆိုးဝါး၏ လျှာသည် ရေခဲလိုအေးစက်နေပြီး ကျန်းလော်နှုတ်ခမ်းကြားသို့ ပြေးလွှားနေကာ သူအောက်ငုံ့ချလိုက်တာတောင် ရုန်းမထွက်နိုင်ခဲ့ပေ။
ကျန်းလော်သည် အသက်ရှူကျပ်လာပြီး သူ့ဒူးကိုဆောင့်ကန်ပစ်လိုက်သော်လည်း ကျောက်တုံးကြီးကို ကန်မိလိုက်သလို နာကျင်သွားသည်၊ ကျန်းလော်သည် ခေါင်းကိုနောက်ဆုတ်လိုက်ရာ အနည်းငယ်သီးသွဦးပြီး မကောင်းဆိုးဝါးသည် သူ့ပါးစပ်ကိုနောက်ဆုတ်လိုက်ကာ ခပ်သောသောရယ်၍
“ဘာဖြစ်လို့လဲကွာ”
သူ့အသံသည် အလွန်တိုးနေသည်။
ကျန်းလော်သည် သူ့အောက်ပိုင်းကို တစ်ခုခုလာထောက်နေသလိုခံစားမိကာ အသက်အောင့်မိသွားပြီး သူ့မျက်နှာသည် နီရဲသွားသည်။ မကောင်းဆိုးဝါးကို သနားညှာတာမှုကင်းမဲ့စွာ ကြည့်လိုက်ပြီး
“မင်းငါ့ကို အသက်ရှူကြပ်ပြီး သေအောင်လုပ်နေတာလား”
“အရင်ကလဲ အတူတူပဲ အခုထိကို မတိုးတက်လာသေးဘူး”
ကျန်းလော်သည် လှောင်ပြုံးပြုံးလိုက်ပြီး
“မင်းသိလား မင်းက တကယ့်သောက်ကျိုးနည်း နမ်းတဲ့နေရာမှာ ဆိုးဝါးတဲ့သူကွ”
ချီယုံသည် နှုတ်ခမ်းမှ စိုရွှဲနေသည်များကို သုတ်လိုက်ရင် စိတ်ပျော်နေကာ ကျန်းလော်၏ တမင်သက်သက် ရန်စနေသော စကားများကို မကြားချင်ယောင်ဆောင်လိုက်သည်။
“ဒါဆို မင်းကို နမ်းရင်းလေ့ကျင့်မယ်လေ”
ထိုစကားပြောပြီးသည်နှင့် ကျန်းလော်လည်ပင်းကို နောက်ကိုဖိလိုက်ကာ မငြင်းနိုင်ခင် နမ်းလိုက်သည်။
နံရံပေါ်မှကျောက်သားများသည် အလွန်ကြမ်းသည်။ ကျန်းလော်လက်မောင်းများသည် နံရံနှင့်ကပ်နေအောင် ဖိထားခံရသောကြောင့် အလွန်နီရဲပြီး ပွန်းပဲ့နေသည်။ ကျန်းလော်နှုတ်ခမ်းများသည် ဘယ်နှကြိမ်လောက်အနမ်းခံထားရမှန်း မသိနိုင်စွာ ကြောက်မက်ဖွယ်ကောင်းအောင် ခြောက်သွေ့နေသည်။ သူ့ပါးစပ်သည်ပင် ခြောက်သွေ့လွန်းနေပြီး ပါးစပ်ဟလိုက်သောအခါ နှုတ်ခမ်းနှစ်လွှာသည် ကပ်နေသည်။ သူ၏နူးညံ့ချူချာသော လူသားခန္ဓာသည် ထိုသို့ အဆက်မပြတ်တိုက်ခိုက်မှုကို တောင့်မခံနိုင်ပေ။
သွေးအရသာသည် နှစ်ယောက်လုံး၏ ပါးစပ်ထဲသို့ ပျံ့နှံ့သွားပြီး ကျန်းလော်သည် ချီယုံနှင့်ဝေးရာသို့ ခေါင်းစောင်းပစ်လိုက်သည်။ ဆက်လုပ်ရမှာ တအားစိတ်ပျက်စရာကောင်းနေသောကြောင့် ဖြစ်သည်။ သို့သော် မကောင်းဆိုးဝါးသည် သွေးနံ့ရသော ငါးမန်းကဲ့သို့ သူ့လှည့်သည့်ဘက်သို့ လိုက်ကာ ကျန်းလော်နှုတ်ခမ်းကို မလွတ်တမ်းကိုက်ထားသည်။
မြူနက်များကြားတွင် တစ်ကမ္ဘာလုံးသူတို့နှစ်ယောက်ပဲ ရှိတော့သလို တိတ်ဆိတ်နေပြီး အသက်ရှူသံများသည် ရောနှောနေသည်။ ဘယ်လောက်ကြာသွားသည် မသိ မကောင်းဆိုးဝါးမှ နှုတ်ခမ်းကို လွတ်လိုက်ချိန်တွင် ကျန်းလော်သည် အောက်စီဂျင်ပြတ်လာကာ မျက်လုံးများပြာလာသည်။
“............”
ကျန်းလော်သည် နှုတ်ခမ်းကိုဟလိုက်ရာ ကပ်နေသောကြောင့် ဇွတ်အတင်းအားယူပြီးဟလိုက်သည်။ သူ့ပါးစပ်ထဲမှ အသားတိုင်း အစိတ်အပိုင်းတိုင်းကို ချီယုံသည် နှာဘူးကျစွာ အရသာခံခဲ့သောကြောင့် အလွန်နာကျင်နေသည်။
“ချီယုံ”
သူ့အသံသည်ခြောက်သွေ့အက်ကွဲနေသည်။ ခြောက်သွေ့မှုကိုသည်းခံကာ ရာဂကြောင့် ပြင်းပြပူနွေးနေသော လေများမှုတ်ထုတ်လိုက်ကာ
“မင်းက ခွေးလား”
မကောင်းဆိုးဝါးသည် သူ့ကိုငုံကြည့်ကာ လည်စိသည် အထက်အောက်ရွေ့လျားနေပြီး သုန်မှုန်သွားသည်။ သူ့မျက်နှာသည် အစိတ်စိတ်အမွှာမွှာကွဲသွားသလို မကောင်းဆိုးဝါ၏ လောဘသည် ကျန်းလာ်အပြောအောက်တွင် ဘာမှမကျန်တော့အောင် ကွဲထွက်သွားတော့သည်။
မကောင်းဆိုးဝါးသည် ကျန်းလော်ကို မှောင်မိုက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သို့သော် မနှိုင်းယှဉ်နိုင်စွာ ပူနွေး တောက်လောင်နေသည်မှာ သွေးနီရောင်မီးတောက်တစ်ခုကို လက်နှင့် ဆုပ်ကိုင်ထားသကဲ့သို့ပင်။
ကျန်းလောသည် မကောင်းဆိုးဝါး၏အကြည့်ကို ခံစားမိနေသည်။ သူ့မျက်နှာ သူ့နှုတ်ခမ်း သူ့လည်ပင်းမှ အောက်သို့ဆင်းသွားပြီး ကျန်းလော်လည်ပင်းရိုးပေါ်တွင် ရပ်တန့်သွားကာ မွတ်သိပ်စွာကြည့်နေတော့သည်။ ကျန်းလော်သည် ပါးစပ်နှင့် အသက်ရှူလိုက်ရာ လည်ပင်းသည် နာကျင်သွားပြီး ယားယံလာသည်။ သူ့လည်ပင်းကိုစောင်းလိုက်ကာမှ လည်ပင်းယားတာနည်းနည်းသက်သာသွားသည်။ ချောမွတ်ပြီး ဖြူဝင်းသော လည်ပင်းသည် မကောင်းဆိုးဝါးကို ပိုမိုပူလောင်လာစေသည်။
မကောင်းဆိုးဝါး၏အကြည့်သည် ပိုမိုတင်းမာလာပြီး ကျန်းလော်ကျောရိုးတလျောက်လုံးအေးစက်လာစေသည်။ တစ်ချိန်ထဲမှာတွင် ဖုံးကွယ်ထားသော စိတ်လှုပ်ရှားမှုပေါ်ထွက်လာပြီး နှလုံးခုန်မြန်လာတော့သည်။
ကျန်းလော်မျက်နှာသည် နီရဲနေပြီး သူ့နှုတ်ခမ်းများသည် သွေးများရဲနေအောင်ထွက်ထားသောကြောင့် တော်တော်ကြီး နီစွေးနေသည်၊ သူသည် နှုတ်ခမ်းများပင့်တက်လာအောင်ပြုံးလိုက်ပြီး လူများကို ငရဲသို့ဆွဲချသွားမည့် ဆွဲဆောင်မှုရှိသော မကောင်းဆိုးဝါးကို ကြည့်လိုက်သည်။
“ချီယုံ”
သူသည် အေးဆေးသက်သာစွာ မတ်မတ်ရပ်လိုက်ပြီး မကောင်းဆိုးဝါးလက်ချက်ကောင့် တွန့်ကြေနေသော ကော်လာကို သေချာပြန်ဆွဲချကာ သူ့ပုခုံးများပေါ်လာပြီး
“မင်းအခု ငါ့ကို........................မုန်းစရာကောင်းအောင်ကြည့်နေတာ သတိထားမိလား”
ကောင်လေး၏ ဆံပင်နက်နက် တစ်မျှင်နှစ်မျှင်လောက်သည် ချီယုံ့ကိုယ်ပေါ်သို့ကပ်ညှိနေသည်။ သူ့ကို ဒီလိုလူသူမရှိသည့် နေရာတွင် ချုပ်နှောင်ထားသော်လည်း သူ့ပုံစံသည် သူကသာ အပေါ်စီးကဟူသော မျက်နှာထားနှင့်ဖြစ်သည်။
ကျန်းလော်သည် ဆိုးဝါးစွာပြုံးလိုက်ကာ နွမ်းလျစွာပြောလိုက်သည်
“သူတောင်းစားလိုပဲ သနားစရာကောင်းလိုက်တာ အကြွေနည်းနည်း စွန့်ကျဲရမလား”
ချီယုံသည် သက်ပြင်းချလိုက်ပြီး တီးတိုးပြောလိုက်သည်။
“လျှာစောင်းထက်လိုက်တာကွာ”
မြူနက်များသည် ကျန်းလော်၏ဘောင်းဘီကို ခြေသလုံးအပေါ်ထိ တမင်တကာ မတင်သွားသည်။ ခြေသလုံးအပေါ်နားတွင် ဘောင်းဘီကို လိပ်တင်လိုက်ပြီး ကျန်းလော်အသားအရေကို ပေါ်ပေါ်ထင်ထင်ပေါ်သွားစေကာ ယားလာပြီး ကြက်သီးများထလာသည်။
ကျန်းလော်၏ အမူအယာသည် တောင့်တင်းသွားပြီး မကောင်းဆိုးဝါးကို အေးစက်စွာ သတိပေးလိုက်သည်။
“သောက်မြူနက်တွေကို ဖယ်လိုက်စမ်း”
ချီယုံ့လက်သည် ကျန်းလော်နောက်ကျောတွင် နေရာယူနေသည်။ ပုံစံအရတော့ ပုံမှန်လက်လေးတင်လိုက်သလိုပဲ ဆိုသော်လည်း ကျန်းလော်သည် အန္တာရယ်အသိကို ပြင်းပြင်းထန်ထန် ခံစားမိလိုက်သည်။
သူ့အဝတ်များပေါ်မှ လက်ဖြင့် တညင်တသာပွတ်နေသည်။ ဤနည်းလမ်းသည် ရိုးနေပြီး မသင့်လျော်နေပေ။ သို့သော် တောမီးလောင်သလို မြေမြိုသွားသလို ထွက်ပြေးလို့မရသော စိတ်ဆန္ဒတစ်ခု ပြင်းပြစွာတောက်လောက်လာသည်။
‘နောက်တာလွန်သွားပြီး ဒီမသာကတော့ကွာ’
ကျန်းလော်သည် မျက်မှောင်ကြုတ်ပြီး အော်တော့သည်။
“လွှတ် ငါ့ဟာငါလုပ်မယ်”
“မင်း ပြီးတော့မှာလား”
မကောင်းဆိုးဝါးသည် ခပ်ဖွဖွရယ်လိုက်ပြီး
“မဟုတ်ဘူး အဓိက ကိစ္စလုပ်ဖို့ အစက ပြန်စရမယ်လေ”
ကျန်းလော်မျက်ခွံများသည် တုန်ယင်သွားကာ ကြောက်လန့်တကြားမေးလိုက်သည်။
“မင်းဘာကို ဆိုလိုတာလဲ”
မကောင်းဆိုးဝါးသည် သူ့လည်ပင်းကြားခေါင်းအပ်ကာ အရသာခံနေရင်း ပေါ့ပါးစွာရယ်ပြီး မေးလိုက်သည်။
“ဘာကိုဆိုလိုတာလဲဆိုတာ ဘာကိုမေးတာလဲ”
တစ်ခါမှ ရာဂကို မခံစားဖူးသော မကောင်းဆိုးဝါးသည် မျက်လုံးများနီရဲနေကာ အလွန်စိတ်လှုပ်ရှားနေပြီး လူသားအရေခွံလိုမျက်နှာသည်ပြုံးလာပြီး
“သေချာပေါက် မင်းကို လုပ်တော့မှာလို့ ဆိုလိုတာလေ”(ဟီမိင်န်း စက်စ်)
သူသည် ကျန်းလော်ကော်လာကိုဆွဲလိုက်ပြီး ကျောက်တုံးခန္ဓာထဲမှ သွေးများပွက်ပွက်ဆူလာကာ
“မင်းချစ်သူလိုအပ်သမျှဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားမှာလို့ပြောခဲ့တာမလား ကိုယ်လိုနေတာကို ဖြည့်ဆည်းပေးလိုက်နိုင်ရင် ကလေးလေးကျေနပ်သွားမှာလို့ ပြောခဲ့တာမလား”
ထိုစကားများသည် အစ်ကိုချောင်အဖြစ် ချီယုံဟန်ဆောင်နေတုန်းက ကျန်းလော်ပြောခဲ့သော စကားဖြစ်သည်။
ကျန်းလော်၏နှလုံးသားသည် ကိုးယို့ကားယားခံစားချက်ဖြင့် ပြည့်နှက်သွားသည်။ သူ့အသံသည် ပုံမှန်မဟုတ်စွာ ကျယ်လာပြီး
“မင်းက ငါ့ကို လုပ်မှာ ဟုတ်လား”
မကောင်းဆေိုးဝါးသည် ပြုံးလိုက်ပြီး ခြောက်ခြားဖွယ်ကောင်းသော မျက်လုံးများဖြင့် သူ့ကိုအဖြေပေးလိုက်သည်။ ကျန်းလော်သည် အသက်ကို ရှူသွင်းလိုက်ပြီး
‘ငါက အပေါ်က မဟုတ်ဘူးလား’
သူ့မျက်နှာသည် မည်းမှောင်သွားသည်။ မကောင်းဆိုးဝါး သူ့လည်ပင်းကို ရွှတ်ခနဲမြည်အောင်နမ်းလိုက်သောအခါ သူ့အသက်ရှူသံသည် ကမောက်ကမဖြစ်သွားတော့သည်၊
သူသည် အန္တာရာယ်ချောက်ထဲသို့ ကျလုဆဲဆဲဖြစ်နေပြီး ကျန်းလော်သည် သူ့အသံကို ထိန်း၍
“ချီယုံ မင်းဒီထက်ရှေ့ဆက်လို့်ကတော့ ငါမင်းကို သင်းကွပ်ပစ်လိုက်မှာနော်”
မကောင်းဆိုးဝါး၏ ရင်ဘက်သည် တသိမ့်သိမ့်တုန်သွားပြီး
“ဘေဘီ လုပ်နိုင်ရင်လုပ်”
မကောင်းဆိုးဝါး၏လက်သည် ကျန်းလော်ခြေထောက်ကို လိုက်လံပွတ်သပ်နေသည်။ ကျန်းလော်သည် ထိတ်လန့်မှုကြောင့် ချွေးများစီးကျလာပြီး အချိန်အကြာကြီး ရုန်းကန်တော့သည်။ မေးစေ့မှ ချွေးများစီးကျလာပြီး သူ့မျက်နှာသည် နေမကောင်းတော့သလို နီမြန်းလာသည်။ ကူကယ်ရာမဲ့မှုနှင့် ဒေါသပေါင်းစပ်သွားကာ ကိုယ်ပူတက်လာတော့သည်။
ကျန်းလော်သည် ချီယုံလည်ပင်းကိုကိုက်ကာ ခြိမ်းခြောက်လိုက်သည်။
“မင်းသောက်လက်တွေကို ဖယ်လိုက်စမ်းပါ”
မကောင်းဆိုးဝါး၏လက်သည် တအားခုန်နေသော ကျန်းလော်ရင်ဘက်ကိုလာထိသည်။ မကောင်းဆိုးဝါးသည် အဓိပ္ပာယ်ပါပါပြောလိုက်သည်။
“ပိုပိုပြီးမြန်လာတယ်ကွ”
ကျန်းလော်ကိုယ်ပေါ်သို့ ဘယ်လောက်ပမာဏလောက် ရှိမှန်းမသိတော့သော မြူနက်များတွားသွားတက်လာပြီး မကောင်းဆိုးဝါး၏လက်သည် ကျန်းလော်လက်မောင်းကို နယ်နေသည်။
‘မကောင်းတော့ဘူး ငါတော့ အကြီးကြီး ဒုက္ခတွေ့ပြီ’
ကျန်းလော်နှလုံးသားသည် သည်းခံနိုင်သော အကန့်အသတ်ကိုကျော်သွားပြီဖြစ်ပြီး ကြောက်ရွံမှုသာ ကြီးစိုးနေတော့သည်။ မကောင်းဆိုးဝါးသည် ကျန်းလော်၏လည်ပင်းနှင့် ပုခုံးကြားတွင် မျက်နှာအပ်ထားသည်။ ကျန်းလော်သည် အသံတိုးတိုးနှင့်ဆက်တိုက်ကျိန်ဆဲနေသည်။ သို့သော် ကံမကောင်းစွာပင် သူကျိန်ဆဲလေ မကောင်းဆိုးဝါး စိတ်လှုပ်ရှားလေ ဖြစ်နေသည်၊
ကျန်းလော်ကြောက်ရွံ့မှုသည် ပိုပိုဆိုးလာပြီး အန္တာရာယ်ထဲဆင်းမိပြီဟု ကြွေးကြော်နေမိကာ ရင်ဘက်ထဲတွင် တင်းကျပ်လာသည်။ ထိုအချိန်တွှင် ရွှေရောင်ဖူလုသည် ကျန်းလော်လည်ပင်းတွင် ရုတ်တရက် လင်းလက်လာပြီး နောက်ခနတွင် နောက်ဖေးလမ်းကြားမှ ကျန်းလော်ပျောက်သွားသည်။
‘သက်ကယ်အဆောင်’
ကျန်းလော်လည်ပင်းကို အရသာခံရန် ကျန်းလော်ကို ပွေ့ပိုက်ထားသောမကောင်းဆိုးဝါး၏ လက်မောင်းထဲတွင် ရုတ်တရက်ကြီး လေထုသာကျန်ခဲ့သည်။
ချီယုံ့မျက်နှာသည် ရှားရှားပါးပါး စိတ်တိုအကြပ်ရိုက်သွားပုံရပြီး မှင်အိုးမှောက်ကျသလို မည်းမှောင်သွားသည်။
“............ထျန်းရှိဖူ........................”
မူးဝေပြီးနောက် ကျန်းလော်သည် ဖုန်းမိသားစု၏ ခန်းမထဲသို့ ပြုတ်ကျလာသည်။ သူ့လည်ပင်းမှ မန္တာန်ကြောင့် ကျန်းလော်သည် ပူပြင်းလာကာ မျက်လုံးများမည်းမှောင်သွားသည်။ အချိန်အကြာကြီးနေမှ ဖုန်းလီဆွဲပေးသော သက်ကယ်အဆောင် အသက်ဝင်လာတာ ဖြစ်သည်။
ဖုန်းလီ သူ့အတွက် ဖူလုဆွဲပေးထားသောနေရာသို့ တိုက်ရိုက်နေရာရွှေ့ပြောင်းပေးခဲ့သည်။
ကျန်းလော်သည် မတ်မတ်ရပ်လိုက်ပြီး သူ့ကိုယ်သူ ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်သည်။
‘ဒီလောက်တောင် အစွမ်းထက်တာလား’
‘မဟုတ်သေးဘူး ပိုအရေးကြီးတာက...............’
သူ့လည်ပင်းမှ ဖူလုအသက်ဝင်ပြီး ရွှေရောင်အလင်းလင်းလာသည်ကို သူသတိထားမိချိန်တွင် မကောင်းဆိုးဝါး၏ မယုံကြည့်နိုင်ဖြစ်သွားသော အကြည့်ကို သတိရသွားသည်။
ရုတ်တရက် သူသည် အားရပါးရရယ်ချလိုက်သည်။
“ဟားဟားဟားဟားဟား”
‘လေနဲ့ပဲ နှစ်ပါးသွားလိုက်တော့’
‘သောက်နှာဘူး ချီယုံ’
########################