Ch 2
Viewers 8k

အခန်း-၂


လမ်းတစ်လျှောက်တွင် ငယ်ရွယ်သော အဖော်နှစ်ယောက်နှင့် ကားဒရိုင်ဘာတို့ လောကကြီးရဲ့ ဖယ်ကြဥ်ခြင်းကို ခံထားရသည့် ဣန္ဒြေမဆည်နိုင်ဘဲ ဖုံးမရဖိမရအောင် ပေါက်ဖွားလာခဲ့သော ရင်နင့်ဖွယ်ရာအချစ် ဇာတ်လမ်း အကြောင်းကို နားဆင်လိုက်ကြရသည်။


ကျန်းလော့ အလုပ်လုပ်နေစဉ်အချိန်တုန်း က ဖောက်သည်တွေရဲ့ အမျှင်မပြတ် ပြောဆိုမှုတွေကို နေ့တိုင်းလိုလို နားထောင်ခဲ့ရပြီး သူ့ရဲ့အမြင်ကိုတော့ ဖော်ထုတ်ပြောရဲခြင်း မရှိခဲ့ချေ။ ဖောက်သည်တချို့ရဲ့  ဘဝဇာတ်ကြောင်း တွေက တီဗီဒရာမာတွေထဲက ထက် တောင်မှပိုပြီးတော့ ခွေးသွေးဆန်ကြ သည်။ သူ့ရဲ့ နှုတ်စလျှာစကိုလည်း ဖောက်သည် နှင့် ထပ်တလဲလဲ ပြောဆို ဆက်ဆံ၍ လေ့ကျင့်ပြီး လေ့ကျင့်ခဲ့ ရသည်။ တီဗီဒရာမာတွေ ထဲက အကြောင်းအရာနှင့် ဖောက်သည်တွေရဲ့ အတွေ့အကြုံတွေကို မှီငြမ်းပြီး နောက်မှာတော့ ကျန်းလော့ ပြီးပြည့်စုံ သော ဇာတ်လမ်း အသွားအလာတစ်ခုကို ရွေးချယ်၍ စတင် သရုပ်ဆောင်လိုက် သည်။


မင်းငါ့ကို ချစ်နေတဲ့အချိန်တုန်းက ငါ မင်းကို ပြန်မချစ်ခဲ့ဘူး။ မင်းက ငါ့ကို လိုက်ပြီးတော့ ပိုးပန်းတယ် ငါ့မှာ အမြဲလိုလို စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။ မင်း သေသွားပြီး နောက်မှာမှပဲ ငါမင်းကို ချစ်နေမိမှန်း သိလိုက်ရတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံး က ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှု ၊ ချိုမြိန်မှုနှင့် ညှင်းပန်းမှုတို့ဖြင့် ဆွတ်ပျံ့လွမ်းမောဖွယ် ရာပင်။ စကားရည်လုပွဲကို နားထောင် နေခဲ့သော ကားမောင်းဆရာကြီး တောင်မှပဲ စကားရည်လုပွဲအစီအစဉ်ကို တိုးတိုး တိတ်တိတ်လေးပိတ်၍ ကျန်းလော့ရဲ့ ဇာတ်ကြောင်းကို နားစွင့်လာခဲ့သည်။


“…ကျန်းလော့ ငါတို့ကျောင်းမှာ လက်ထောက်ဆရာအဖြစ် စာသင်တဲ့ အချိန်တုန်းက သူက ငါ့ကိုအတန်းချိန်ပြီး ရင် ပြန်လှန်သင်ကြားရေး လုပ်ဖို့ရာ အတွက် သူ့ရဲ့ရုံးခန်းထဲကို ခေါ်တယ် အဲဒါပြီးရင် ငါ့ရဲ့ဖုန်းရွှေကို ကြည့်တဲ့ အရည်အချင်း တိုးတက်လာ‌အောင်ဆိုပြီး ကျောင်းဝန်းတစ်လျှောက် ခေါ်သွားတတ် တယ်။ ဒါပေမယ့် ငါကတော့ သူငါ့ကို တမင်သက်သက် အရှက်ရအောင် လုပ်တယ်လို့ပဲထင်ခဲ့တာ”ကျန်းလော့ ခုံကိုမှီချလိုက်ပြီး သူ့တစ်ကိုယ်လုံးမှာ မှောင်ရိပ်တွေကို ဖုံးလွှမ်းခြင်းကိုခံလိုက် ရသည် သူ့ရဲ့ ဖြူဖွေးကာ ရေဓာတ်ပြည့်ဝ နေသော မျက်နှာလေးဆီကနေ လွမ်းဆွေးမှုတွေ လှိုင်ထွက်နေခဲ့သည်။  “သူ့ငါ့ကို အဲဒီ့နေ့က ဖွင့်ပြောခဲ့တယ်။ ငါ လှည့်ပြီးတော့ ထွက်လာခဲ့လိုက်မိတာ … ဘယ်သူထင်မှာလဲ ငါ ထွက်သွားပြီးတဲ့ နောက် သူသေသွားလိမ့်မယ်လို့”


လု‌ယုံရိ ဒက်ခနဲပဲ အတွေးပေါက်သွားခဲ့ သည်။ “မင်း ချီယုံကို လွန်ခဲ့တဲ ရက်အနည်းငယ်လောက်တုန်းက နေ့တိုင်းဆဲဆိုနေခဲ့တာ အံ့ဩစရာမရှိ တော့ပါဘူး။ ငါက မင်း သူ့ကို မနာလိုဖြစ်နေတာလို့ ထင်ခဲ့တာ”


ကျန်းလော့ သူ့စိတ်ထဲမှာ ပြောလိုက် သည်။ အဲတာ သေချာပေါက်ကို မနာလိုဖြစ်နေတာ။ 


မူလပိုင်ရှင်က ချီယုံရဲ့အရည်အချင်းကို မနာလိုဖြစ်ခဲ့သည်။  ချီယုံက တကယ် တော့ နူးညံ့ပြီး ကြင်နာတတ်တဲ့သူ မဟုတ်ချေ။ အတန်းပြီးချိန်ရောက်ရင် သူ မူလပိုင်ရှင်ကို ပြုံးပြုံးလေးနှင့် ခနဲ့ ခဲ့သည်။ အပေါ်ယံမှာ ထိုဟာက ပြန်လည်သင်ကြားသည့် အတန်းဆိုပေ မယ့် အမှန်မှာတော့ သူ့ရဲ့အရည်အချင်းကို မူလပိုင်ရှင်မြင်အောင် ပြခြင်းပင်။ မူလ ပိုင်ရှင်က  အရည်အချင်းမပြည့်မှီပေမယ့် မောက်မာသည် ပြီးတော့ သူ့ရဲ့စိတ် သဘောထားကလည်း အတော်လေးကို သေးသိမ်သည်။ သူ သင်ယူဖို့မဖြစ်နိုင် တာတွေကို ချီယုံက အလွယ်တကူလုပ်ပြ နိုင်တာကို မြင်နေရတော့ သူ့ရဲ့အတွင်း စိတ်က ပိုပိုပြီး ယိုယွင်းလာခဲ့သည်။ သူ ချီယုံကို ပို၍မုန်းတီးလာခဲ့သည်။


ကျန်းလော့ ခါးသက်သက် ပြုံးလိုက် ပြီးနောက် ခေါင်းယမ်းလိုက်သည်။ “အတိတ်ကို ပြန်တွေးမိတော့ … ငါ တကယ်ပဲ အဲဒီ့အချိန်ကို ပြန်သွားချင် လာတယ်”


ထိုအသံ ပါးစပ်ဖျားကနေ ထွက်ကျလာ လာချင်းမှာပဲ ကားမှန်ကို လေတစ်ချက် ဆောင့်တိုက်လာခဲ့ပြီး လေတွေက ပြတင်းပေါက်မှန်ကို ထက်ရှသည့် ဓားတစ်ချောင်းအလား တဝေါဝေါ မြည်ဟိန်း၍ ဖြတ်သွားခဲ့သည်။ ကျန်းလော့ အံ့အားသင့်သွားခဲ့ရသည်။ သူ လက်ကာပြီး ဦးမော့ကြည့်လိုက်သည်။ သူ့ရဲ့  ဖြူဖွေးနေသောလက်ဖျံထက်မှာ အလိုလိုနေရင်း ကြက်သီး မွေးညင်းတွေ ထလာခဲ့သည်။ 


 သူ့ခေါင်းကို စောင်း၍ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။


ကောင်းကင်ထက်မှာ တိမ်တွေအုံ့မှိုင်းနေ ခဲ့ပြီး လမ်းဘေးမှာ ရှိသော လူကြီး တစ်ယောက်ရဲ့ လက်‌ကောက်ဝတ် အရွယ်အစားရှိသော သစ်ပင်တွေက လေနှင့်မိုး၏ တစ်စစီ ပြုတ်ထွက်အောင် တိုက်ခတ်ခြင်းကိုခံနေ ရရှာသည်။ မိုးစက်တွေက ကားပြတင်းပေါက် ထက်ကနေ တစ်ဆင့်ကျဆင်းသွားကြပြီး ဖြေးဖြေးချင်း ရပ်တန့်သွားခဲ့သည်။


ကြည်လင်နေသောမိုးစက်တွေက တဖြည်းဖြည်းချင်း အနီရောင် ပြောင်းသွားခဲ့သည် ကုန်ဆုံးသွားသော ဘဝအား အရိပ်အမြွက်ပြနေသော သွေးစက်တစ်စက်ကဲ့သို့ပင်။  


ကျန်းလော့ရဲ့ မျက်ခုံးထိပ်ကို တစ်စက် လျှောကျလာခဲ့သည်။


ကျန်း‌လော့ရဲ့ မျက်နှာထက်မှာ သွေးရောင်မရှိတော့ချေ။ သူ့ အကြည့်ကို ပြန်ရုတ်လိုက်ပြီးနောက် မျက်လုံးပင့်ပြီး နောက်ကြည့်မှန်ထဲကို ကြည့်လိုက်သည်။ မှန်ထဲမှာ သူတို့သုံးယောက်နှင့် အရှေ့မှာ ထိုင်နေခဲ့သော အငှားကားမောင်းသမား ပဲရှိသည်။


 မကောင်းဆိုးဝါဝိညာဉ်တွေရဲ့ အရိပ်အယောင် မရှိချေ။ 


ရှိ‌ကောင်းလည်း ရှိနေနိုင်သည် … သူပဲ မမြင်ရတာဖြစ်လိမ့်မည်။ 


“အံ့ဩစရာမရှိတော့ပါဘူး … အဲ့အချိန် တုန်းက ချီယုံက အမြဲတမ်း မင်းကို    ရုံခန်းထဲမှာ နေခိုင်းခဲ့တာ”ယယ်ရွှင် စဉ်းစဉ်းစားစား ပြောလိုက်သည်။


“လတ်စသတ်တော့ သူက မင်းနဲ့ အတူ  အချိန်ဖြုန်းနိုင်ဖို့အတွက် အခွင့်အရေး ရအောင်ယူခဲ့တာ ဖြစ်နေတာကိုး”


ကျန်းလော့ “အွန်း…”


မှန်တံခါးက ဂျွတ်ခနဲဖြင့် ရုတ်တရက် ကျိုးသွားခဲ့ပြီး ပင့်ကူအိမ်ကဲ့သို့ အက်ရာ ထင်လာခဲ့သည်။


အနောက်ခန်းမှာထိုင်နေကြသော လူ သုံးယောက်စလုံး ကားပြတင်းမှန်ကို ကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်သွား ကြရသည်။ လုယုံရိ တိုးတိုးလေးရေရွတ် လိုက်သည် “ကားဆရာကြီး … ခင်ဗျားရဲ့ ပြတင်းပေါက်တွေက တော်တော်လေးကို ဈေးပေါနေတာ မဟုတ်ဘူးလား”


ကားမောင်းသမားကြီး ကြက်သေသေ သွားခဲ့သည်။  “မဖြစ်နိုင်တာ”


ဖန်မျက်နှာပြင်၏ အက်ကွဲကြောင်း‌တွေ ထဲကတစ်ဆင့် လေအေးတွေ ဝင်လာခဲ့ပြီး ကျန်းလော့ရဲ့ လည်တိုင်ကို တိုးဝှေးနေခဲ့ သော သေလုမတတ် အေးခဲမှုတစ်ခု ရှိလာခဲ့သည်။ ကျန်းလော့ ရဲ့ လည်ပင်းကို လက်တစ်ဖက်က စိတ်ဝင်စားမှု‌တွေနှင့် ပွတ်သပ်နေခဲ့သည့် အလား … ကျန်းလော့ကို မဟုတ်တမ်း တရားတွေလျှောက် မပြောဖို့ရာ အသံတိတ် သတိပေးနေသကဲ့သို့။


ကျန်းလော့ သူ့ လည်ပင်းကို ထိလိုက်ချိန် မှာတော့ အေးမြတဲ့လေထုကိုသာ ခံစားလိုက်ရသည်။


ကားမောင်းသမားကြီးက အနောက်ကို လှည့်ပြီးတော့ ကားပြတင်းပေါက်မှန်ကို စစ်ဆေးကြည့်ချင်ပေမယ့်လည်း ကား မောင်းရဦးမည်ပင်။  သူ့ခေါင်းကိုသာ လှည့်ပြီးတော့ နှစ်ခါလောက်ကြည့်နိုင်ခဲ့ သည်။ လုယုံရိနှင့် ယယ်ရွှင်တို့ တစ်ဖက် တိုးကပ်ပြီး ကျန်းလော့အတွက် နေရာရ‌ အောင်လုပ်လိုက်သည်။ ယယ်ရွှင် ဆက် မေးလိုက်သည်။ 


“ငါ ပြောတာမှန်တယ်မလား”


သူ့ရဲ့ လည်ပင်း ရုတ်တရက်ဆိုသလို တင်းကျပ်သွားခဲ့သည်။ ကျန်းလော့ ချောင်း‌တွေဆိုးလာခဲ့ပြီး သူ့ရဲ့ လည် စလုတ်တွေ နှစ်ကြိမ်လောက် ဖြည်းညှင်း စွာဖြင့် လှုပ်ရှားသွားခဲ့သည်။  သူ့ မျက်နှာ ထက်ရှိ အပြုံးက ပိုပိုကြီးလာခဲ့သည်။ သူ့ ပုခုံးဘေးမှာကျဆင်းနေသော အနက် ရောင်ဆံပင်ကို သူ လက်ဖြင့်မလိုက်ပြီး သူ့မျက်နှာထက်မှာ အလှတရားနှင့် သူရသတ္တိရောယှက်နေ သော အပြုံး တစ်ပွင့်ပေါ်လာခဲ့သည်။ သူ သေချာစွာ နှင့် ပြောလိုက်သည်။ 


“ဟုတ်တယ် ချီယုံက ငါနဲ့အတူ အချိန်ကုန်ဆုံးချင်နေတာ”


ကျန်းလော့ ကောင်းကောင်းကြီးကို မှတ်မိသည်။ ချီယုံ သူ့ကိုအခုချိန်မှာ သတ်လို့မရသေးဘူးဖြစ်သည်။


ချီယုံ သူ့ကိုသတ်လို့ရတယ်ဆိုရင် သူ့ လည်ပင်းကို အခုလိုဖိညှပ်ရုံပဲ လုပ်မည် မဟုတ်ချေ။ သူ့ကို အသက်မရှင်နိုင်တော့ ဘဲ သေသွားအောင်လို့ ရက်စက်ပြီး သွေးထွက်သံယိုများသော နည်းလမ်း တွေကို ချီယုံ သုံးခဲ့မှာပင် … မူလဝတ္ထု ထဲကအတိုင်းလိုပေါ့။ 


ထိုကဲ့သို့သော အပေါ်ယံ သတိပေးခြင်း မျိုးက ကျန်းလော့ကို ကစားနေတာနှင့် ပိုတူသည် … လက်သည်းချွန်ကြီးတွေနှင့် ကြောင်ရိုင်းတွေကို လူတွေ ကစားကြ သလိုမျိုး။ ကြောင်ရိုင်းက ပိုပြီးတော့ မောက်မာကာ ဒေါသကြီးလေ‌လေ စရတာ ပိုပြီးပျော်စရာကောင်းလာကာ စိတ်ဝင်စားစရာ ဖြစ်လာလေလေပင်။ အခုချိန်မှာ ကျန်းလော့သာ သူ့ရဲ့စကား တွေကို ပြောင်းပြောလိုက်လျှင် ထိုဟာက ချီယုံကို ငြီးငွေ့သွားစေပြီးတော့ သူ့ကို ရက်ရက်စက်စက် သတ်ပစ်စေလိမ့်မည်။


 အမှန်တကယ်ကိုပင် ထိုစာကြောင်းကို ပြောပြီးနောက်မှာ ကျန်းလော့ ထိခိုက်မှု တစ်စုံတစ်ရာမရခဲ့ချေ။ သူ့လည်ပင်း ထက်က ချောက်ခြားစရာခံစားချက် လည်း ဖြေးဖြေးချင်း ပျောက်ကွယ်သွားခဲ့ ပြီး ကွဲကြေနေသော မှန်ပြတင်းကိုသာ ချန်ထားရစ်ခဲ့သည်။


နာရီဝက်ကြာပြီးချိန်မှာတော့ သူတို့ သွားမည့်နေရာကို သူတို့သုံးဦး ရောက်သွားခဲ့သည်။


ကျန်းလော့ ကားခပေးချေရန်အတွက် စကန်ကို ဦးဆောင်၍ ဖတ်လိုက်သည်။ မိနစ်ဝက်ကြာပြီးနောက်မှာတော့ ဘေလ် ရောက်လာကြောင်း အသိပေးစာကို ကားဆရာ လက်ခံရလိုက်သည်။ စီးနင်းခ အပြင်ကို ယွမ်တစ်ထောင်ကျော်ပါ ရောက်နေခဲ့ပြီး စာတိုကလေးတောင်မှ ပါလာသေးသည် “ကားပြတင်းပေါက် အတွက် ကုန်ကျစရိတ်”ဆိုပြီး။


ကားဆရာ သူ့ခေါင်းကို အံ့ဩတကြီး မော့ကြည့်လိုက်ချိန်မှာ ထိုသူသုံးယောက် က အဝေးတောင်ရောက်နေပြီဖြစ်သည်။


ဟိုတယ် 129က ပြည်တွင်းအွန်လိုင်း ဟိုတယ် ဖြစ်သည်။ ဟိုတယ်က တတိယ မြောက် မြောက်ဘက်လမ်းရဲ့ အရှေ့ဘက် လမ်း  အစွန်အဖျားကျသောနေရာတွင် တည်ရှိသည်။ ဟိုတယ် နာမည်ကြီး ရသည့် အကြောင်းအရင်းက သူ့ရဲ့ ဆန်းသစ်သော အသွင်အပြင်နှင့် လှပ‌သော ပတ်ဝန်းကျင်ကြောင့်ရယ်  လူတွေအာရုံစိုက်လာဖို့အတွက် အသုံးပြု ခဲ့သော ငွေကြေးတွေကြောင့်လည်းပါသည်။


ဟိုတယ်ဒီဇိုင်းကို နတ်သမီးပုံပြင်ထဲက ရဲတိုက်ကြီးပုံစံ အတုခိုးဆောက်ထားခဲ့ သည်။ ပန်းရောင်နှင့် အဝါရောင်တို့ရဲ့  တောက်ပပအရောင်တွေက အလွန်ပင် ထင်သာမြင်သာရှိလှသည်။ ထိုအချက် ကပင် လူတွေရဲ့အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်ပေသည်။


စကားတွေအပြန်အလှန် ပြောပြီးနောက် မှာတော့ လုယုံရိနှင့် ယယ်ရွှင်တို့ နှစ်ယောက်လုံး ကျန်းလော့ကို သိသိ သာသာပင် လက်ခံလာကြသည်။ လုယုံရိက အရင်စကားစပြီး မေးလာခဲ့ သည် “မင်းတို့ထွက်မလာခင် ဟိုတယ် 129 ရဲ့ အချက်အလက်‌တွေကို ဖတ်ခဲ့ ကြလား”


ကျန်းလော့ သူ့ခေါင်းကို ရိုးရိုးသာသားပင် ယမ်းပြလိုက်သည်။ “ဟင့်အင်း”


လုယုံရိ သနားသည့်ပုံစံပြလိုက်ပြီး ကျန်းလော့ အချက်အလက်တွေကို မဖတ်ခဲ့ရသည့် အကြောင်းရင်းက ချီယုံ သေသွားလို့ပဲ ဖြစ်ရမည်ဟု သူ တွေးလိုက်ပုံပင်။ “အဲတာ အရေးမကြီး ပါဘူး … အရာအားလုံး ပြီးဆုံးသွားမှာပါ”


ကျန်းလော့ ပူးပေါင်းသည့်အနေနှင့် ကြံ့ခိုင်သောအပြုံးတစ်ပွင့် ပေးလိုက် သည်။


လုယုံရိ “ငါ မင်းကို အချက်အလက်တွေ အကြောင်းပြောပြမယ်။ မင်း ဟိုတယ် 129 အကြောင်း အရင်ကကြားဖူးလား”


ကျန်းလော့ ခေါင်းညိတ်လိုက်သည်။


“ကြားဖူးတယ်”


အပြင်ကို မကြာခဏအလည်ထွက်ကာ လျှောက်သွားတတ်ကြသော ပြည်တွင်း ကျောင်းသားအများစုမှာ ဟိုတယ် 129 အကြောင်း ကြားဖူးကြသည်။ ထို ဟိုတယ်က နတ်သမီးပုံပြင်စတိုင်ကို အဓိကထားပြီးတော့  လာရောက်တည်းခို သော ဧည့်သည့်တွေကို လက်တွေ့ဘဝရဲ့ စိတ်ဒုက္ခတွေကနေ လွတ်မြောက်ပြီး အိပ်မက်ဆန်ဆန် နတ်သမီးပုံပြင်ဘဝကို ခံစားရစေသည်။


ဟိုတယ်ထဲမှာ အပြင်အဆင်မျိုးစုံနှင့် အခန်းတွေ အများကြီးရှိသည်။ နာမည် အကြီးဆုံးကတော့ အိပ်ပျော်နေသော မင်းသမီးကလေးနှင့် စနိုးဝှိုက်တို့ရဲ့ ပုံပြင်ပုံစံ အလှဆင်ထားသော အခန်းတို့ ဖြစ်သည်။ ဟိုတယ်ရဲ့စီးပွားရေး ထိပ်ဆုံး ထိရောက်သွားချိန်ကဆို တစ်လလောက် တန်းစီရင်တောင်မှပဲ အခန်းတစ်ခန်းကို ဘိုကင်လုပ်နိုင်ဖို့ မသေချာချေ။


လုယုံရိ ပြောလိုက်သည် “ဟိုတယ် 129 က အရမ်းနာမည်ကြီးပြီးတော့ တည်းခို ဖို့ရာအတွက် တခြားစီရင်စုက‌လူတွေ တောင်မှပဲ အများကြီးလာကြတာ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ဝက်လောက်က စပြီး ဟိုတယ် 129ရဲ့ စီးပွားရေး ရုတ်တရက် ထိုးကျသွားခဲ့တယ်”


“ဝက်ဆိုဒ်တွေပေါ်က အဆင့် သတ်မှတ်ချက်တွေကလည်း ထိုးကျ သထက် ထိုးကျလာခဲ့တယ်။ ဟိုတယ် 129 မှာ တည်းခိုကြတဲ့ ဧည့်သည်တွေ ကလည်း မကြာခဏဆိုသလို စိတ်တိုင်း မကျမှုတွေ ပြောလာကြတယ်။ သူတို့ ပြောပုံအရဆိုရင်တော့ … သူတို့ ဟိုတယ် မှာ တည်းခိုနေတဲ့ အချိန်အတောအတွင်း အဖြေရှာမရတဲ့ ခေါင်းကိုက်မှုတွေဖြစ် တယ် … အိပ်လို့လည်းမပျော်သလို စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေတောင်မှ ဖြစ်တယ်ဆိုပဲ။ ဟိုတယ်ကနေ ပြန်လာ ပြီးချိန်ကျရင်လည်း ကံမကောင်းတာတွေ နဲ့ ကြုံကြရတယ်တဲ့”


ယယ်ရွှင် စကားဝိုင်းကို ဦးဆောင်လိုက် သည်။ “ဒါပေမယ့် အချိန်တော်တော် ကြာတဲ့အထိတိုင်အောင် … ဟိုတယ် ပိုင်ရှင်က မူမမှန်တာတစ်ခုမှ သတိမပြု မိဘူးတဲ့။ လွန်ခဲ့တဲ့တစ်လမတိုင်ခင်က အထိပေါ့ … တခြားစီရင်စုကနေပြီး ပြည်တွင်းကို လာလည်ကြတဲ့ အုပ်စုထဲ က လူသုံးယောက်က ဟိုတယ် 129 မှာ တည်းခိုရင်းနဲ့ အစရှာမရတော့အောင်ကို လေထဲပါသွားသလို ပျောက်သွားကြ တယ်တဲ့”


ကျန်းလော့ “ဟိုတယ် 129မှာ စောင့်ကြည့်ကင်မရာတွေ မရှိဘူးလား”


“အဲတာ အဓိကအချက်ပဲ … ဘာလို့လဲဆို စောင့်ကြည့်ကင်မရာတွေ ပျက်နေတဲ့ အချိန်မှာပဲ… လူတွေက ထူးဆန်းစွာနဲ့  ပျောက်သွားခဲ့တာ။ ဒါကြောင့်မို့ အစိုးရ ဘက်ကနေပြီး ဒီကိစ္စက ရုပ်နယ်လွန် ပညာရှင်တွေနဲ့ သက်ဆိုင်တဲ့ကိစ္စဆိုပြီး တော့ ယုံကြည်လိုက်တာပဲ။ အရောင်း မန်နေဂျာကနေပြီး ငါတို့ကို တာဝန် လုပ်ဖို့အတွက်ဆိုပြီး ဒီကိုပို့လိုက်တဲ့ ဌာနမှုးကို ဒီကိစ္စ လက်လွှဲလိုက်တာ”ယယ်ရွှင် စိတ်အားထက်သန်ခြင်းမရှိဘဲ ပြောလိုက်သည်။


သူရုတ်တရက် ယုန်ရုပ်ကို မချီပြီး သူ့မျက်လုံးတွေအောက် ထားလိုက်သည်။ သူ ခေါင်းလှည့်ပြီး ကျန်းလော့နှင့် လုယုံရိကို ခပ်တွေတွေ စိုက်ကြည့်လာ ခဲ့ကာ “ငါ ရှောင်ဖန်းကို မေးလိုက် တော့… ရှောင်ဖန်းက ပြောတယ် … ဒီအလုပ်ကို ဖြေရှင်းပြီးသွားရင် င့ါရဲ့လုပ်ဆောင်ချက်အဆင့်တွေက ယွင်နန်မှာ ကျင်းပမယ့် ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့အထိ လုံလုံ လောက်လောက် ဖြစ်သွားလိမ့် မယ်တဲ့”


 လုယွင်ယိ မနာလိုစွာပြောလိုက်သည်။


 “ငါကတော့ အဝေးကြီးကို လိုသေးတယ်”


ပြောပြီးနောက်မှာ သူတို့အကုန် ကျန်းလော့ကို ကြည့်လိုက်ကြသည်။ မူလပိုင်ရှင်ရဲ့ အမှတ်တွေကို ကျန်းလော့ ပြန်တွေးလိုက်မိပြီး ခဏလောက် ငြိမ်ကျသွားခဲ့သည်။ “ငါ့ရဲ့ လုပ်ဆောင်ချက်အဆင့်က သုံးမှတ် တည်း”


လုယုံရိနှင့် ယယ်ရွှင် “ရှူး”


ရှက်စရာပဲ … တကယ်ကို ရှက်ဖို့ကောင်း လိုက်တာ။ ကလေးဘဝကတည်းက တခြားသူတွေကို အနိုင်ပိုင်းလာခဲ့သော ထိပ်တန်းကျောင်းသားတစ်ယောက် အနေနှင့် ကျန်းလော့ မူလပိုင်ရှင်ကို ခေါ်ထုတ်ကာ ရိုက်ပစ်ချင်မိသည်။



ယယ်ရွှင် ပြောနေသော ပြိုင်ပွဲက ရုပ်နယ်လွန်လောကမှာ လေးနှစ် တစ်ကြိမ် ကျင်းပလေ့ရှိသော အကြီးအကျယ် ပြုလုပ်သည့် ပြိုင်ပွဲကြီး ပင်။ သည်နှစ်ရဲ့  ကျင်းပရာနေရာက ယွင်နန် ဖြစ်သည်။ 


ပြိုင်ပွဲတိုင်းက သူတို့နယ်ပယ်သားတွေရဲ့ အထူးစိတ်ဝင်စားမှုကို ခံကြရသည်။ အခုချိန်ကို ရုပ်နယ်လွန်နှင့် ဖုန်းရွှေ လောကရဲ့ ရွှေခေတ်လို့ပင် ပြောလို့ရ သည်။ ပြိုင်ပွဲမှာ ကျန်းလော့ရဲ့ မေဂျာနှင့် နာမည်တူသော သိပ္ပံနည်းကျခေါင်းစဉ် တောင်ရှိသေးသည်။ “ပြည်နယ် ကောလိပ်ကျောင်းသားတွေရဲ့ သဘာဝ သိပ္ပံပြိုင်ပွဲ ယှဉ်ပြိုင်မှု”ဟု၍ပင်။ 


အဓိကတက္ကသိုလ်ကြီးတွေရဲ့ ရုပ်နယ်လွန် ဌာနရှိ ကျောင်းသားတွေမှာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရာအတွက် အနည်းဆုံး လုပ်ဆောင်ချက်အမှတ် 20 ရှိရမှာဖြစ်သည်။ လုယုံရိနှင့် ယယ်ရွှင်တို့ တခဏလောက် အံ့အားသင့်သွားပြီး နောက်မှာ ကျန်းလော့ရဲ့ အရင်ပုံစံကို ပြန်တွေးလိုက်မိပြီး သူတို့ ထပ်မအံ့ဩ တော့ချေ။ သင်သမျှအတန်းတိုင်းကို ကျန်းလော့ လုံးဝလိုက်နားမထောင် တာလားလို့ပင် လုယုံရိ သိချင်လာမိ သည်။ “မင်းရဲ့ လုပ်ဆောင်ချက်အမှတ် ကတော့ လုံးဝရှက်စရာကောင်းလွန်းပါ တယ်ကွာ။ ကျန်းလော့ မင်း အတန်းထဲ မှာ ဘာကိုမှ လိုက်မသင်ဘူးလား။ မင်းကို စမ်းသပ်ကြည့်ရအောင် … ပတ်ပတ်လည်က ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်းပါ ပြီးတော့ ဟိုတယ် 129 ရဲ့ ဖုန်းရွှေကိုပြောကြည့်”


ကျန်းလော့ ထိုစကားတွေကိုကြားချိန်မှာ ရပ်နေရာကနေ လှည့်ပတ်ကြည့်လိုက် သည်။


မူလပိုင်ရှင်ရဲ့ စိတ်ထဲမှာ ဗလာသာရှိပြီး သူ့မှာ ပညာရှင်ဆန်ဆန် ဗဟုသုတဆိုတာ လည်းမရှိချေ။ သို့သော် ကျန်းလော့က ဒီဇိုင်းပညာကို သင်ခဲ့တာဖြစ်ပြီး ဒီဇိုင်း ပညာကို လေ့လာခဲ့‌သောသူမှန်သမျှ တားမြစ်ထားသောအမှားကို မလုပ်မိ စေရန် ဖုန်းရွှေနှင့် ပတ်သတ်သည့် အသိပညာ အချို့ကို သင်ကြရသည်။


သူ ဟိုတယ် 129 ကို အရင်ကြည့်လိုက် သည်။ နတ်သမီးပုံပြင်စတိုင် အဆောက် အဦးကြီးက နှစ်လိုသာယာဖွယ်ကောင်း သော ကျေးလက်ရှုခင်းတွေကြားမှာ တစ်မူထူးနေခဲ့သည်။ ကျန်းလော့ မျက်ခုံး ပင့်လိုက်သည်။ “ကျောဘက်မှာ တောင် ရှိပြီးတော့ အရှေ့ဘက်မှာ သစ်ပင်တွေ ရှိတယ် … ဘယ်ဘက်မှာ ရေရှိပြီးတော့ ညာဘက်မှာ လမ်းကျယ်ကြီးရှိတယ်။ နဂါးပြာ ၊ ကျားဖြူ ၊ မီးငှက် နဲ့ လိပ်နက် တို့ အတူဆုံစည်းနေကြတာ။ ဒီနေရာက က ဖုန်း‌ရွှေရတနာကြီးပဲ”


စီးပွားရေးက အရမ်းအောင်မြင်ခဲ့တာ မဆန်းတော့ချေ။


ကျန်းလော့ ပတ်ပတ်လည်ကို တစ်ချက် ပြန်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ““ဟမ်”ဆိုပြီး အသံပြုလိုက်မိပြီး “အနီး အနားမှာ တရားရုံးလည်း ရှိနေတာပဲ”


ယယ်ရွှင် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက် သည်။ “အဲတာကို လွန်ခဲ့တဲ့နှစ်နှစ် လောက်ကမှ ဆောက်ခဲ့တာ။ အရင်တုန်း က အဲဒီ့နေရာက သားသတ်ရုံဖြစ်ခဲ့တာ”


ကျန်းလော့ ပြုံးလိုက်ပြီး ဟိုတယ်ရဲ့ ပြတင်းပေါက်ရှိရာနှစ်ဖက်ကို လက်ညိုး ညွှန်ပြလိုက်သည် “ပြတင်းပေါက်က တရားရုံနဲ့ မျက်နှာမူနေတယ်။ သားသတ်ရုံနေနေ တရားရုံနေနေ အဲဒီ့နေရာက ယင်ကနေ ယန်ကို ပြောင်းသွားတဲ့နေရာပဲ။ လူတွေအတွက် မကောင်းဘူး … အဲတာက မှားသွား တာပဲ”


သားသတ်ရုံထဲက သွေးနံ့က အလွန်ပင် လေးလံလှပြီး အသတ်ခံလိုက်ရသော တိရစ္ဆာန်တွေရဲ့ ဝိညာဉ်တွေက အမဓာတ် သံလိုက်စက်ကွင်းကို ဖြစ်စေလိမ့်မည်။ သားသတ်ရုံမှာ အချိန်အကြာကြီး အလုပ် လုပ်ခဲ့တဲ့ သူတွေပဲဖြစ်စေ ထို ပတ်ဝန်းကျင်မှာ နေကြသူတွေပဲဖြစ်စေ ထိုသံလိုက်စက်ကွင်း၏ သက်ရောက်မှု ကို ခံကြရမှာပင်။


ထိုသူတွေမှာ ရုန့်ရင်းကြမ်းတမ်းလာပြီး အလွယ်တကူ စိတ်ဆိုးမာန်ဆိုးတွေ ဖြစ်လာတာတို့ အကြောင်းအရင်းမသိ ရသော ကိစ္စတွေကြောင့် ဝမ်းနည်းခြင်း တို့ ဖြစ်လာတတ်သည်။ တခြားတစ်ဖက် မှာ တရားရုံးကကျပြန်တော့လည်း အလွန်ဖြောင့်မတ်သောကြောင့် ယန်ဓာတ်က ပြင်းထန်လွန်းပြီး ထိုဟာက လည်း မကောင်းသော အကျိုး သက်ရောက်မှုတချို့ကို ဖြစ်စေသည်။


ကျန်းလော့ကို လုယုံရိ အထင်ကြီး လေးစားစွာနှင့် ကြည့်လိုက်မိပြီးင် တုန်းက သူ အရောင်ပါသည့် မျက်မှန်ကို ဝတ်ထားပြီးတော့ ကျန်းလော့ကို အမြင် စောင်းခဲ့တာပဲဟု ခံစားလိုက်ရသည်။ 


“ကျန်းလော့ ငါအစတုန်းက မင်းမှာ မျက်နှာကလွဲပြီး ကောင်းကွက်တစ်ကွက် မှမရှိဘူးလို့ ထင်ခဲ့မိတယ်။ လတ်စသတ် တော့ မင်းမှာ မျက်နှာလေးအပြင်ကို ငါ့ရဲ့ ဒုတိယအဒေါ် ရယ် သူမရဲ့ ယောင်းမရဲ့ အခုမှ မူကြိုတတ်နေတဲ့ မြေးမလေးရယ် နဲ့တော့ အနည်းဆုံး ယှဉ်လို့ရ‌တဲ့ အရည်အချင်း ရှိသေးတာပဲ”


ကျန်းလော့ “…”သူ တစ်ခါတစ်ခါ ခံစား ရသည် … လုယုံရိအတွက် အခုအရွယ်ထိ အသက်ရှင်ရတာ အတော်လေးကို မလွယ်ကူလောက်ဟု။ 


သူတို့သုံးယောက် နတ်သမီးပုံပြင် ရဲတိုက်ကြီးထဲကို ဝင်သွားလိုက်ကြသည်။ သူဌေးဖြစ်သူက သူ့တို့ကိုစောင့်ရင်း နဲ့ နားရွက်တွေတောင် ယားလို့ကုတ်နေပြီ ပင်။ သူတို့တွေ ဝင်လာတာကိုတွေ့မှပဲ  သူဌေး သက်ပြင်းချလိုက်မိသည် သို့သော် သူတို့ရဲ့ ငယ်ရွယ်သောရုပ်ရည် လေးတွေကို မြင်ချိန်မှာတော့ သူ မထိန်း နိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြစ် သွားမိပြန်သည်။ “ဘာကိစ္စ အဲဒီ့ ကလေးပေါက်စနသုံးယောက်က ဒီကို ရောက်လာရတာလဲ”


သူဌေးလုပ်သူ ယယ်ရွှင် နှင့် သူ့ ရင်ခွင်ထဲက ယုန်ရုပ်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိ သည်။ သူ ချက်ချင်းဆိုသလို သူ့မျက်နှာ သူအုပ်ကာ ငိုမိတော့သည်။


ယယ်ရွှင်မှာ အမူအရာမရှိချေ။ “သူက ငါတို့ကို ကလေးပေါက်စနလေးတွေလို့ ပြောလိုက်တယ်”


လုယုံရိ သူ့မျက်နှာကို ထိလိုက်ပြီးနောက် ပျော်ရွှင်စွာပြောလိုက်သည်။ “သူ မှန်တာပဲ”


ယယ်ရွှင်ရဲ့ မျက်နှာထက်မှာ မကျေမနပ် ဖြစ်မှုအနည်းငယ်ကို ကျန်းလော့ ရုတ်တရက် မြင်လိုက်ရသည်။ ကြည့်ရ တာ သူရဲ့အရုပ်ကြောင့် အခုလိုအလားတူ  အထင်သေးမှုတွေကို ယယ်ရွှင် အကြိမ် ပေါင်းများစွာ ကြုံတွေ့ခံစားခဲ့ရပုံပင်။ သိပ်မကြာသေးခင်ကမှ ယယ်ရွှင်ရဲ့ ကူညီပေးခြင်းကို ခံထားရသောသူ တစ်ယောက်အနေနှင့် ကျန်းလော့ သူ့ မေးစေ့ကိုပွတ်လိုက်သည်။ “မင်းကို ကလေးပေါက်စနလေးလို့ လူတွေ ဘယ်တော့မှထပ်မပြောအောင် လုပ်လို့ရတဲ့နည်း ငါ့မှာရှိတယ်။ မင်း စမ်းကြည့်ချင်လား”


ယယ်ရွှင် ချက်ချင်းသဘောတူလိုက် သည် “ကောင်းပြီ”


ယယ်ရွှင်နှင့် လုယုံရိကို နောက်ဆုတ်ဖို့ ကျန်းလော့ ပြောလိုက်သည်။ သူ သူဌေး ဆီသို့ တစ်ယောက်တည်းလျှောက်သွား လိုက်ပြီး စားပွဲကို သူ့လက်ချောင်းတွေနှင့် ခေါက်လိုက်သည်။ “သူဌေး … ဘာလို့ ငိုနေရတာလဲ”


သူဌေး ရှိုက်လိုက်ပြီးနောက် သူ့ခေါင်းကို မော့လာခဲ့သည်။ “ရောက်လာကြတဲ့ သူတွေက ကလေးပေါက်စနလေးတွေ လေ… ငါ့ကို ငိုခွင့်မပြုနိုင်ဘူးလား”


ကျန်းလော့ “လူတစ်ယောက်ကို သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ သူဌေး သိတယ်မလား”


“ကျွန်တော်တို့သုံးယောက်ကို ခင်ဗျားရဲ့ အလုပ်အပ်နှံမှုကို လက်ခံဖို့အတွက် လွှတ်လိုက်တာ ..အဲဒါကိုက ကျွန်တော် တို့မှာ ဒီအလုပ်ကို လုပ်နိုင်တဲ့ အရည် အချင်း ရှိတယ်ဆိုတာ သက်သေပြလိုက် တာပဲ”ယယ်ရွှင်ကို ကျန်းလော့ လက်ညိုး ထိုးလိုက်သည် “အဲဒီ့ တစ်ယောက်ဆို အရမ်းအံ့ဩဖို့ကောင်း တယ်။ သရဲတွေက သူ့ဆို ကြောက်ကြ တာ။ သူဌေးက ဘာကိုစိုးရိမ်နေတာလဲ”


သူဌေး မယုံသင်္ကာနှင့် မေးလိုက်သည်။ “အဲဒီ့ကလေးမှာ ကြောက်စရာဘာရှိလို့ လဲ”


ကျန်းလော့ သက်ပြင်းချလိုက်သည်။


“ကျွန်တော် အမှန်တိုင်းပြောပြမယ် … သူ ကိုင်ထားတဲ့ ယုန်ရုပ်ကလေ တကယ် တော့ ယုန်ရုပ်လုံးဝမဟုတ်ဘူး … မကောင်းဆိုးဝါးဝိညာဉ် ရာပေါင်းများစွာ ရဲ့ ကျိန်စာနဲ့ဖန်တီးထားတဲ့အရာပဲ။ အဲတာကို သာမန်လူ‌တွေကိုင်မိခဲ့ရင် မတော်တဆမှုတွေနဲ့ ကြုံရမှာပေမယ့် သူကျတော့ ပွေ့ထားတာတောင် ဘာမှ မဖြစ်ဘူးလေ။ ဘာလို့လဲသိလား”


သူဌေးဖြစ်သူ နည်းနည်းကြောက်လန့် လာခဲ့သည်။ “ဘာလို့လဲ”


လေထုအနေအထားက တဖြည်းဖြည်းနှင့် ထူးဆန်းကာ စိတ်ဓာတ်ကျစရာကောင်း လာခဲ့သည်။ ယယ်ရွှင်ရဲ့ လက်ထဲက အရုပ်ကို သူဌေး သိချင်စိတ်ဖြင့် မျက်လုံး ဝေ့ကြည့်လိုက်မိပြီး အရုပ်ရဲ့ သက်မဲ့ မျက်လုံးတွေက တစ်ပတ်လည်သွားတာ ကိုတွေ့လိုက်ရသည်။ 


သူဌေးရဲ့ အသက်ရှုသံတွေ ပင့်တက်သွား ခဲ့ပြီး သူ့မျက်နှာထက်မှာ သွေးဆုတ်သွား ခဲ့ကာ သူ ခုံပေါ်ကနေ လိမ့်ကျတော့မလို တောင်ဖြစ်သွားခဲ့သည်။


ကျန်းလော့က အရုပ်ရဲ့ပြောင်းလဲမှုတွေ ကို မမြင်ချေ … သူ့ရဲ့အသံက တဖြည်းဖြည်းနှင့် ခက်ထန်လာခဲ့သည်။ “ဘာလို့လဲဆို သူက သရဲတွေကိုစားရတာ ကြိုက်လို့ပဲ … သူ စိတ်မပျော်ရင်လည်း စားတယ် … သူ စိတ်ပျော်ရင်လည်း စား တယ်။ သူ့ပုံစံက ငယ်တယ်လို့ပဲ ခင်ဗျား မြင်တာမလား။ တကယ်တော့ သူက ငါးဆယ့်ရှစ်နှစ်တောင်ရှိပြီ။ သူ သရဲတွေ ကို စားလွန်းအားကြီးလို့ သူ့ခန္ဓာကိုယ်ထဲ က ယင်ဓာတ်နဲ့ ယန်ဓာတ်က ပြောင်းပြန် ဖြစ်သွားပြီး သူ့ရဲ့ ကြီးထွားမှုတွေ ရပ်တန့်သွားခဲ့တာ “


“အမျက်ဒေါသအရုပ်ကလည်း သူ့ ခန္ဓာကိုယ်ထက်က အရှိန်အဝါတွေကို ကြောက်တယ်။ ခင်ဗျားရဲ့ ဟိုတယ်မှာ ထူးဆန်းတဲ့အရာတွေ ဖြစ်ပျက်နေတယ် မလား။ ကျွန်တော်တို့ ဒီကိုလာရဲတယ် ဆိုတာကိုလည်း သူ့နောက်ကနေ လိုက် လာခဲ့လို့ပဲ‌လေ “


သူဌေး ကျောချမ်းသွားခဲ့ပြီး အမျက် ဒေါသအရုပ်ကို ထပ်မကြည့်ရဲတော့ချေ။ 


“အဲ… အဲလိုကိုး”


ကျန်းလော့ စားပွဲခုံကိုခေါက်ပြီး အသံကို တိုးလိုက်သည်။ “မှတ်ထားနော်… ဘယ်သူ့ကိုမှ ပြန်မပြောရဘူး”


သူဌေး ခေါင်းကို တောင့်တောင့်ကြီး ညိတ်လိုက်သည်။ သူ အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ ယယ်ရွှင်နှင့် လုယုံရိ ဆီ လျှောက်သွားလိုက်သည်။ သူဌေး အသက်မပါဘဲ ခြောက်ကပ်ကပ်ပြုံး လိုက်ပြီး “တောင်းပန်ပါတယ် … ကျောင်းသားတို့ … ဦးလေး မင်းတို့ရဲ့ အရည်အချင်းကို ယုံပါတယ်။ ဦးလေး အရင်တုန်းက ပြောတာက နောက်လိုက် တာပါ။ ဟ.. ဟ..ဟ။  စိတ်ထဲမထားပါနဲ့ … စိတ်ထဲ မထားပါနဲ့ .. ဒီလိုလုပ်ပါ့လား.. ဦးလေး မင်းတို့ကို ဧည့်သည်တွေ ပျောက်သွားတဲ့ အခန်းဆီ ခေါ်သွား ပေးမယ်လေ”


ယယ်ရွင်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်း ငယ်ကော့တက်သွားခဲ့ပြီး သူ တုံ့ဆိုင်းမှု မရှိ ခေါင်းညိမ့်လိုက်သည်။ 


“သွားကြတာ‌ပေါ့”


ကျန်းလော့ နောက်ကနေလိုက်သွားခဲ့ သည် … လုယုံရိ သူ့ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။ “မင်း သူဌေးကို ဘာပြောလိုက်တာလဲ”


ကျန်းလော့ သက်ပြင်းချ၍ ပြောလိုက် သည်။ “သူဌေးက လူကောင်းပါ။ ယယ်ရွှင်က ကလေးပေါက်စနလို့ အခေါ် ခံရတာကို မကြိုက်ဘူးလို့ပဲ ပြောလိုက် တာ။ သူ့အမှားကို သူနားလည်သွားပြီး တော့ ချက်ချင်းပြောင်းလဲသွားတာတော့ တာပဲ ပြီးတော့ သူ့ကို နောက်ဘယ်တော့ မှ အဲလိုမခေါ်တော့ဘူးလို့တောင်မှ ကျိန်သွားသေးတယ်”


လုယုံရိ မနေနိုင်တော့ဘဲ ခေါင်းကို ဆက်တိုက်ညိမ့်လိုက်သည်။ “အဲဒီ့ ဦးလေးလိုမျိုး သူ့အမှားကို သူသိပြီးတော့ ပြောင်းလဲတဲ့သူကိုတွေ့ရတာ တကယ် ရှားရှားပါးပါးပဲ” 


ဟိုတယ် 129ရဲ့  အတွင်းပိုင်းကို ကြီးမား သော ပန်းမန် ခြံဝင်းကြီးဖြင့် ဖွဲ့စည်းထား ခဲ့ပြီး ဉယျာဉ်အသေးစားလေးတောင် ဖြစ်လုနီးပါးပင်။ ဟိုတယ်ထက်စာရင် ပြန့်ကျဲ့ နေသော အိမ်တွေအများကြီး ရှိ‌သည့် အိမ်ကြီးရခိုင်နှင့် ပိုတူနေခဲ့သည်။ 


သူဌေးက သူတို့ကို ဥယျာဉ်ကို‌ဖြတ်၍ ခေါ်သွားချိန်၌ ထိုအထဲရှိ ကျောက်သား လွှဲပုခက်ထက်မှာ အနားယူနေကြသော အမျိုးသမီးအိုကြီးနှင့် ကလေးလေး ထိုင်နေခဲ့သည်။


သူဌေးက ရှင်းပြလာခဲ့သည်။


“ဒါ ဦးလေးအမေလေ။ သူတို့ကို ဒီမှာ အပန်းဖြေအနားယူဖို့အတွက် ခေါ်ထား တာ တစ်လနှစ်လလောက်တောင် ရှိပြီ။ အဲဒီ့ ကလေးလေးကတော့ ဦးလေးရဲ့ သားလေးပါ။ သူက ဒီနှစ်ထဲမှ သုံးနှစ်ထဲ ရောက်သေးတာ “


ကလေးက လှုပ်ယမ်းနေသော လွှဲပုခက် ထက်မှာ အိပ်ပျော်နေခဲ့သည်။ မိန်းမအို ကြီးက သူတို့ကို ဣ‌န္ဒြေရှိစွာဖြင့် နှုတ် ဆက်လာခဲ့ပြီး သူ့မရဲ့လက်ထဲမှာ မြေး ဖြစ်သူကို ချီပွေ့ရင်း ဖြည်းဖြည်းချင်း ထွက်သွားခဲ့သည်။


ကလေးလေးရဲ့ ကြာမြစ်ကဲ့သို့သော တုတ်ခိုင်ခိုင် လက်မောင်းလေးထက်မှာ ကျန်းလော့ အကြည့်ရောက်နေမိပြီး … သူ့မျက်လုံးတွေကများ တစ်ခုခုမှားနေ တာလားဟု တွေးနေမိသည် … အဲဒီလိုမှ မဟုတ်ရင် ထိုကလေးရဲ့လက်မောင်း ထက်မှာ ရစ်ဝိုင်းနေသော အနက်ရောင် မြူတွေကို သူက ဘယ်လိုအကြောင်း ကြောင့်များ မြင်နေရတာလဲ။


“လုယုံရိ” အဝေးကိုရောက်နေပြီ ဖြစ်သော ကလေးဆီကနေ အကြည့်မလွှဲ ဘဲ လုယုံရိကို ကျန်းလော့ ပုတ်လိုက် သည်။ “ကလေးရဲ့ လက်မောင်းပေါ်က အနက်ရောင်မြူတွေကို မင်း တွေ့လိုက်လား”


လုယုံရိ အူလည်လည်နဲ့ ပြောလာခဲ့သည်။ “ဘာကြီး။ ငါတော့ ဘာမှမတွေ့လိုက်ပါ ဘူး”


ကျန်းလော့ “ဘာမှကိုပဲလား”


လုယုံရိ ခေါင်းယမ်းလိုက်သည်။


ကျန်းလော့ မျက်မှောင်ကြုတ်ရင်းနှင့် သူဌေးရဲ့ ခြေလှမ်းတွေနောက်ကို အတွေး လွန်ပြီး လိုက်လာမိသည်။


ကျန်းလော့ သူ့ကိုယ်သူ အရမ်းယုံကြည် မှုရှိသည် … ပြီးတော့ လုယုံရိက မမြင်ဘူး ဆိုတာနှ့င်ပဲ သူမြင်လိုက်ရတာက မှားနေ သည်ဟု မဆိုလိုနိုင်ချေ။ အဲလိုဆိုရင် သူ ဘာကို မြင်လိုက်ရတာလဲ။


****