Ch 1
Viewers 8k

အခန်း-၁

ကျန်းလော့ သူ့မျက်လုံးတွေကို ဖွင့်လိုက်ချိန် မှာ ဝမ်းနည်းပူဆွေးနေကြသော လူတစ်စုက သူ့အရှေ့မှာ ရှိနေခဲ့သည်။ 

ထိုလူ အားလုံးလိုလိုက အနက်ရောင်ကို ဝတ်ထားခဲ့ကြပြီး ကျန်းလော့ကို နောက် ကျောပေးထားကြသည်။ ကျန်းလော့ တန့်သွားမိပြီး သူခေါင်းကိုလှည့်ကာ ထူးဆန်းနေသော အနေအထားကို ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။ သို့သော် သူ လှုပ်ရှားမှုပြုလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ရှေ့မှာ ကြွေကွဲပူဆွေးနေ ကြသော လူအုပ်ကြီးက ရုတ်ခြည်းဆိုသလို နောက်လှည့်ပြီး ကျန်းလော့ကို ကြည့်လာခဲ့ ကြသည်။ မျက်ဆံနက်ကြီးတွေက ငါး တစ်ကောင်ရဲ့မျက်လုံးတွေအလား မကျေ မချမ်းမှုတွေအပြည့်နှင့် သူ့ကို စိုက်ကြည့် လာကြသည်။ 

“မင်း ဘာလို့မငိုတာလဲ”

သူ့ရဲ့အိပ်မက်က အတော်လေးကို စိတ်ဝင် စားဖို့ကောင်းသည်ဟု ကျန်းလော့ ခံစား လိုက်ရသည်။ သူ ပြုံးလိုက်ပြီး မျက်ရည် တစ်စက်ကို ညှစ်ထုတ်လျက် သူ့ လက်ချောင်းတွေနှင့် သုတ်ကာပြလိုက် သည်။  

“ကျွန်တော် ငိုနေတယ်လေ “

ကျန်းလော့ကို စိုက်ကြည့်နေခဲ့ကြသော သူတွေ အကြည့်ပြန်ရုတ်သိမ်းပြီး အရှေ့ ပြန်လှည့်သွားကြသည်။ ထိုသူတွေ “ဝူးဝူးဝူး”ဆိုပြီး ဆက်ငိုကြွေးနေခဲ့ကြပြီး သူတို့၏ ငိုသံတွေက အလွန်တရာပင် စည်းချက် ညီနေခဲ့သည်။

အပြင်ဘက်မှာ မိုးရွာနေခြင်း ဖြစ်နိုင်သည်။ လေနှင့်မိုးက နေရောင်ခြည်ကို ကာဆီးထား ခဲ့သည်။ အစိုဓာတ်တွေက ပြတင်းပေါက် ကနေတစ်ဆင့် တိုးဝင်လာနေကြပြီး အဖြူ ရောင်မြူခိုးတွေက မှိန်ပျပျလွှမ်းခြုံနေခဲ့ သည်။

သူ့ ဘေးနားမှာရှိနေခဲ့သော တစ်ယောက်က သူ့ကို ပြောလာခဲ့သည်။ “ကျန်းလော့ … အစ်ကို ချီယုံ သေသွားပြီ။ မင်းတော့ ပျော်နေမှာပဲ … ဟုတ်တယ်မလား”

ကျန်းလော့ အသံလာရာဆီ ကြည့်လိုက် သည်။ သို့သော် ထိုသူကို သူမမြင်ရသေး ခင်မှာပဲ သူ့ပုခုံးထက်ကနေ လျောကျလာ ခဲ့သော ဆံနွယ်တွေက သူ့အာရုံကို ဖမ်းစား သွားခဲ့သည်။

ပုခုံးထောက်အရှည် နက်မှောင်ပြောင်လက် နေသောဆံနွယ်တွေက ပိုသားကဲ့သို့ပင် နူးညံ့ ချောမွေ့နေခဲ့သည်။ ကျန်းလော့ ဆံပင်ကို မဖို့ရာအတွက် သူ့လက်ကို ဆန့်လိုက်ချိန်မှာ သူ့ရဲ့ ဘယ်လက်ဖမိုးထက် မှာရှိနေ‌သော အနီရောင် မှည့်အသေးလေးကို တွေ့လိုက် ရသည်။

သူ့နားတွေထဲမှာ ကြားနေရသော ခက်ထန် သည့်အသံက ဆက်ပြောနေခဲ့သည်။ “ကျန်းလော့ … မင်းမှာ ဘာစကားမှ ပြောစရာ မရှိတော့ဘူးလား”

ကျန်းလော့ သူ့ခေါင်းကိုမော့လိုက်မှပဲ ထိုသူ ရဲ့ ပုံပန်းသွင်ပြင်ကို နောက်ဆုံးမှာ တွေ့လိုက်ရသည်။

စကားပြောနေခဲ့သော သူက တက်ကြွမှုတွေ အပြည့်နှင့် ငယ်ရွယ်ချောမောသော လူငယ် လေးတစ်ဦးပင်။ ထိုသူက နာမည်ကြီး ဘရန်းတက် တံဆိပ်ဝတ်စုံကို ဝတ်ထားခဲ့ပြီး သူ စီးထားခဲ့သော ဖိနပ်ကလည်း သုည ငါးလုံးစာ တန်ဖိုးရှိသည်။ ကျန်းလော့ကို အရှင်လတ်လတ် မျိုချတော့မည့်အလား  မီးဝင်းဝင်းတောက်နေသည့် မျက်လုံးတွေ နှင့် ထိုသူ ကြည့်နေခဲ့သည်။  သူ နှာမှုတ်လိုက်ပြီး သုန်မှုန်နေသောအသံနှင့် ပြောလာခဲ့သည်။ 

“မင်း အစ်ကိုချီယုံကို သတ်ပစ်ခဲ့မှန်း ငါ သိတယ်။ အစ်ကိုချီယုံ ဝိညာဉ်အဖြစ်နဲ့ ပထမဆုံး ခုနှစ်ရက်ကြာလို့ ပြန်လာတဲ့ အချိန်ကျရင် … မင်းကိုယ်မင်း ဘယ်လို ကာကွယ်မလဲဆိုတာ စောင့်ကြည့်ရသေး တာပေါ့ ”

ချီယုံဆိုသောနာမည်က ရင်းနှီးနေသည်ဟု ကျန်းလော့ ခံစားလိုက်ရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ရက်စက်ဆိုးယုတ် လွန်းသောကြောင့် စာအုပ်စင်တွေကနေ ဖယ်ရှားခံလိုက်ရသော ဝတ္ထုတစ်အုပ် အကြောင်း သူ သိလိုက်ရသည်။ ထိုဝတ္ထု၏ အမည်က “နတ်ဆိုး”ပင်။ အဘယ်မျှထိ တောင် သွေးထွက်သံယိုများသည့် အတွက် လဲဆိုပြီး သိချင်စိတ်ဖြစ်လာခဲ့သောကြောင့် ကျန်းလော့ မူလ‌ဇာတ်မြစ်ကို အသည်း အသန်လိုက်ရှာခဲ့သည်။ ထိုစာအုပ်၏ ဇာတ်လိုက်နာမည်က ချီယုံပင်။

“နတ်ဆိုး”က အရံဇာတ်ကောင်၏ သတ် ခြင်းကို ခံလိုက်ရပြီး ဇာတ်လိုက် ကုံ ဖြစ် သော ဖုန်းလီ၏ အကူအညီဖြင့် လက်စား ချေရန်အတွက် ကျင့်ကြံခဲ့သော ဇာတ်လိုက် ရှို ချီယုံ၏ ဇာတ်ကြောင်းကို ပြောပြ ထားခဲ့သည်။ 

ချီယုံကို သတ်ခဲ့သော အရံဇာတ်ကောင်က လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းလော့ နဲ့ နာမည် ဆင်တူဖြစ်နေခဲ့သည်။ ချီယုံ သေပြီးနောက်မှာ သူက မကောင်းဆိုးဝါး ဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အရံ ဇာတ်ကောင်ကို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ခဲ့သည်။ သူ သေသွားချိန်မှာ အရံဇာတ်ကောင်၏ ခန္ဓာကိုယ်က ငါးပိုင်းအပိုင်းခံခဲ့ရပြီး သူ့ တစ်ကိုယ်လုံးမှာ အကောင်းတိုင်းရှိနေသေး သော နေရာဆိုတာ မရှိချေ။

ကျန်းလော့ရဲ့ မျက်ခုံးတွေ အနည်းငယ် လှုပ်သွားခဲ့သည်။ သူ ရုတ်တရက်ဆိုသလို ရှေ့တစ်လှမ်းတိုးပြီး ငုံ့ချလိုက်သည်။ သူ နှင့် တက်ကြွမှုတွေအပြည့်နှင့် လူငယ်လေး ၏ကြားထဲက အကွာအဝေးမှာ လက်သီး ဆုပ်တစ်ဆုပ်စာလောက်ပင်။

ရင်းနှီးပြီး တစိမ်းဆန်သောမျက်နှာတစ်ခုက တက်ကြွမှုတွေအပြည့်နှင့် လူငယ်လေးရဲ့ သူငယ်အိမ်ထဲမှာ ထင်ဟပ်နေခဲ့သည်။

ပုခုံးထောက်ဆံပင်အရှည် ၊ မာနကြီးသော အသွင်အပြင်နှင့် လှပသောမျက်နှာအစိတ် အပိုင်းတွေ ပိုင်ဆိုင်ထားသော သူက ရဲရင့် ဟန်လည်းရှိပြီး ဆွဲဆောင်မှုရှိသည်။ထိုကဲ့ သို့သော မျက်နှာသွင်ပြင်မျိုးက အရည်ပျစ် ပြီး လေးပင်သောအရောင်တွေနှင့် ခြယ်မှုန်းထားသော မင်ပန်းချီကားတစ်ချပ် ထဲက ဟင်္သာပြဒါးနှင့် မိုးပြာရောင်အလား ပင်။ ထက်ရှပြတ်သားမှုကို မဖုံးကွယ်ထား သော နေရာဆိုတာမရှိတဲ့ သူ့ပုံစံက မာန်ပါတဲ့ အလှတရားလိုပင်။ 

ထိုမျက်နှာက ကျန်းလော့ရဲ့ မျက်နှာအစစ် နှင့် တစ်ထပ်တည်းနီးပါးပင် သို့သော် ကျန်းလော့ရဲ့ ကိုယ်ပိုင်သွင်ပြင်က ယခု ကဲ့သို့ နှင်းဆီနီအလား မက်မောဖွယ်ရာ ပုံစံထက် ပိုပြီး နူးညံ့ကာ ပျင်းတိပျင်းတွဲ နိုင်သည်။

သူ့မှာ ထိုကဲ့သို့သော ဆံပင်ရှည်မရှိသလို သူ့ရဲ့ ဘယ်ဘက်လက်ဖမိုးထက်မှာလည်း  ကလက်တက်တက်နိုင်သော မှဲ့နီတစ်လုံး မရှိချေ … ချီယုံဆို‌သောနာမည်နှင့် သူကို သတ်ဖို့ရာဆိုတာ ဝေလာဝေးစွပင်။

ကျန်းလော့ သူ့ကိုယ်သူ ခပ်နာနာဆိတ်လိုက် ပြီး နာကျင်သွားရသည်။

သူ အိပ်မက်မက်နေတာ မဟုတ်ဘဲ ဝိညာဉ် ကူပြောင်းလာသည်ဆိုတာကို သဘော ပေါက်ဖို့ရာ အချိန်ခဏယူလိုက်ရသည်။

လူမဆန်သောလုပ်ရပ်တွေကြောင့် စာအုပ်စင်တွေပေါ်ကနေ ဖယ်ရှားခံလိုက်ရသော ဝတ္ထုထဲသို့ သူ ဝိညာဉ်ကူးပြောင်းလာခြင်း ပင်။

ကျန်းလော့ အေးစက်သွားခဲ့ရသည်။

“မင်း ဘာလုပ်တာလဲ”မှန်အဖြစ် အသုံးချ ခံလိုက်ရသော လူငယ်လေးခမျာ မသိလိုက် ပါဘဲ ရှက်သွေးဖြာလာခဲ့ရသည်။ သူ ရန်မူ စွာနှင့် အနောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး

“ကျန်းလော့ ငါနဲ့လာပြီး ဝေ့လည်ကြောင် ပတ် လုပ်ဖို့မကြံနဲ့။ မင်းသာ ချီယုံကို မသတ်ခဲ့တာမှန်ရင် … မင်း ချီယုံကို အမွှေးနံ့သာထွန်းပြီး ပူဇော်ရဲလား”

ထိုနေရာက သေသူအတွက် ဝမ်းနည်း ကြွေကွဲကြသော ဟောခန်းကျယ်ကြီးပင်။ အဖြူရောင် ဂန္ဓမာပန်းတွေနှင့် အဖြူရောင် လီလီပန်းတွေက အခေါင်းတလား၏ ဘေးနှစ်ဖက်စလုံးမှာ ပုံနေခဲ့သည်။ ထိုကဲ့ သို့ စိုလွင်ကာ နှင်းစွတ်နေသော ပန်းပွင့် တွေက နာရေးအခမ်းအနားကို မင်္ဂလာ ပွဲအလား ရိုမန်တစ်ဆန်ပြီး လှပအောင် အလှဆင်နေခဲ့သည်။ အခေါင်း တလားရဲ့ အနီးမှာတော့ သေသူအတွက် ငိုကြွေးရင်း လက်ကိုင်ပုဝါဖြင့် မျက်လုံး ထဲက မျက်ရည်တွေ သုတ်နေခဲ့ကြသော မိသားစုဝင်တွေ ရှိနေကြသည် သို့သော်  သူတို့ရဲ့ မျက်နှာတွေထက်က ကြွေကွဲ ဝမ်းနည်းမှုက တစ်ချက်လေး ထိုးဖောက်ရုံ မျှနှင့်ပင် တစ်စစီ ကွဲထွက်သွားကြမှာ ဖြစ်သည်။ 

နာရေးသီချင်းက လူတွေကို စိတ်‌လေးလံ အောင် အလေးချိန်ဖြင့် ဖိချနေသော တောင်တန်းကြီးအလား မျက်နှာကြက်ထိ တိုင် ပျံ့လွင့်နေခဲ့သည်။

တက်ကြွမှုတွေနှင့် ပြည့်လျှံနေခဲ့သော လူငယ်လေးက ဆွပေးလာခဲ့သည်။

“သွားလေ … ကျန်းလော့”

ထိုသူရဲ့နာမည်ကို ကျန်းလော့ မှတ်မိသည်။ တက်ကြွမှုတွေအပြည့်နှင့် လူငယ်လေးက သူ့ရဲ့အတန်းဖော် လု‌ယုံရိပင်။ သူ အစမ်း သဘော မေးကြည့်လိုက်သည် “လုယုံရိ … ချီယုံကို ငါ သတ်လိုက်တယ်လို့ မင်း ဘာလို့ ထင်ရတာလဲ”

လုယုံရိ လှောင်ရယ် နှစ်ခါရယ်လိုက်ပြီး တီးတိုးပြောလိုက်သည်။ “တခြားသူတွေ မသိတာနဲ့ဘဲ ငါပါ မသိရတော့ဘူးလား။ ကျန်းလော့ မင်း ချီယုံနဲ့ သိပ်မကြာသေးခင် အချိန်က ကတောက်ကဆဖြစ်ခဲ့ဖူးတယ်။ ချီယုံ သေတဲ့အချိန်တုန်းကလည်း မင်း တစ်ယောက်ပဲ အခင်းဖြစ်တဲ့နေရာမှာ ရှိနေခဲ့တာ။ အစ်ကိုချီယုံက ကျန်းမာရေး လည်း ကောင်းတဲ့ဟာကို ရုတ်တရက် အကြောင်းရင်းမရှိဘဲ သေသွားတယ်လေ။ အဲတာကို သွေးရိုးသားရိုးလို့များ မင်း ထင်နေတာလား။ မင်းရုပ်လေးကို ဗန်းပြ ပြီးတော့ ငါ့ကိုလာလှည့်စားဖို့တော့ မကြံနဲ့… အလုပ်မဖြစ်ဘူး”

ချီယုံ မသေခင်တုန်းက သူက နူးညံ့ပြီး ကြင်နာတတ်တာကြောင့် နာမည်ကြီးသည်။ နာရေးကိုလာတဲ့သူ အများစုက ချီယုံအပေါ် အမြင်ကောင်းကောင်း ရှိကြသည့် သူတွေ ပင်။ လုယုံရိက ခက်ထန်စွာ  ပြောနေ သော်ငြားလည်း သူ့အသံကို တမင်တကာ နှိမ့်ပြီးပြောနေသည်မှာ သေချာပေါက်ကို ကျန်းလော့အတွက် ကောင်းဖို့ရာပင်။ ကြည့်ရတာ ထိုသူက နှလုံးသား နူးညံ့ လွယ်သော လူကောင်း တစ်ယောက် ဖြစ်သည့်ပုံပင်။

သို့သော်ြငားလည်း နှလုံးသားနုနယ်လွယ် သောသူက အလွယ်တကူလည်း လှည့်စား ခံရတတ်သည်။

ကျန်းလော့ ရိုးသားဖြောင့်မတ်သော အသံ နှင့် ပြောလိုက်သည်။ “ချီယုံကို သတ်ခဲ့တာ တကယ်ပဲ ငါမဟုတ်ဘူး”

သူ့ မျက်လုံးတွေကပါ ရိုးသားဖြူစင် နေခဲ့ သည် သို့သော်ငြားလည်း နဂိုပိုင်ရှင်က အမြဲလိုလို ကြမ်းတမ်းနေခဲ့ခြင်းဖြစ်သည်။ လူယုံရိ လှောင်ပြုံးပြုံးလိုက်ပြီး သူ့လက်ကို မြှောက်ကာ ကျန်းလော့ကို အခေါင်းတလား ရှေ့ တွန်းပို့လိုက်သည်။

ကျန်းလော့ အင်တင်တင်ဖြင့် အခေါင်း တလားဆီ လျှောက်သွားလိုက်သည်။

အခေါင်းတလားကို အကုန်မပိတ်ရသေးပေ။ လူငယ်လေးတစ်ဦးက အထဲမှာ ငြိမ်းချမ်းသောမျက်နှာလေးဖြင့် လှဲ လျောင်းနေခဲ့သည် … သေသွားခဲ့တာ မဟုတ်ဘဲ အိပ်ပျော်နေခဲ့သည့်အလား။

ချီယုံမှာ သူ့နားထင်စပ်ထိပင် ရောက်တော့ မတတ်ထူထဲသော မျက်ခုံးမွှေးတွေရှိပြီး ထိုအောက်နားလေးရှိ သူ့မျက်လုံးတွေက တော့ မှိတ်နေခဲ့သည်။ သူ့ရဲ့ မျက်တောင် ရှည်ကော့ကော့ကြီးတွေက အနက်ရောင် တောအုပ်ကြီးလိုပင်။ သူ့  နှာတံကမြင့်ပြီး နှာအုံက ထူသည် ထိုကဲ့သို့သော မျက်နှာမျိုး က သံသဃမရှိအောင်ပင် ချောမောပြီး  ပြိုင်ဘက်ကင်းသည်။ သူ့ရဲ့ နှုတ်ခမ်းတွေ ကတော့ ဖြူဖျော့နေခဲ့ပြီး သူ့မျက်နှာမှာ အသက်ကင်းမဲ့နေခဲ့၍ ဖျားနာနေသော အလှလေးဆိုသည့် တစ်မူထူးခြားသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

သို့သော် ကြာကြာကြည့်လေလေ ရတက် မအေးသော ခံစားချက်ကြီးက ပိုပြင်းထန် လာလေလေပင်။ သူ့ရဲ့မျက်နှာဆီကနေ လှည့်ဖြားတတ်ပြီး လောကကြီးကို စိတ်ကုန်နေဟန်တွေ ထင်ဟပ်လာသလိုပင်။ သူ့ရဲ့ နှုတ်ခမ်းဖျားထက်က နူးညံ့သော အပြုံးကလည်း အလွန်တရာကို အတု အယောင်ဆန်လာခဲ့ပြီး တစ်ကိုယ်ထီးတည်း ဖြစ်နေသည်ခံစားချက်က အလောင်းကို စိတ်မမှန်သော လူတစ်ယောက်ကဲ့သို့ ရွဲ့စောင်းနေသည့် အရောင်အဝါကို ပေးစွမ်း နေခဲ့သည်။

ဝတ္ထုထဲမှာ ဖော်ပြထားခဲ့သည့်အတိုင်း  ကြောင်သူတော်ဆန်ကာ ကြောက်ဖို့ကောင်း သည်။ ချီယုံက ဝတ္ထုစာအုပ်ထဲမှာ  ကျန်းလော့ရဲ့ အကြိုက်ဆုံး ကာရိုက်တာဖြစ် ဖို့အတွက် အမှန်တကယ်ပင် ထိုက်တန်လေ၏။

ချီယုံ့ အလောင်းကို ကျန်းလော့ မရည်ရွယ်ဘဲ ကြည့်လိုက်မိသည်။

သူ ထိုစာအုပ်ကို လွန်ခဲ့တဲ့ရက်အနည်းငယ် လောက်က ဖတ်တုန်းက … သူ ချီယုံကို ကြိုက်လွန်းအားကြီး၍ စာလုံးရေ သုံး ထောင်ရှိသော ကောမန့်ကြီးကို အချိန် ပေးရေးခဲ့ပြီး ဖိုရမ်မှာတင်ခဲ့သည်။ ချီယုံ ကို ဘယ်လိုရက်စက်ပြီး ဘယ်လို ကြောင် သူတော် ဆန်ကြောင်းရေးကာ သူ ချီးမွမ်း ခဲ့သည်။

သို့သော် ကောမန့်‌ရှည်ကြီးကို တင်ပြီးပြီး ချင်းမှာပဲ ချီယုံ၏ စာဖတ်ပရိသတ်တွေရဲ့ အပြစ်တင်ကြိမ်းမောင်းမှုကို ခံခဲ့ရသည်။

[ ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ။ မူလပိုစ့်ပိုင်ရှင်ရေ … စာအုပ်ကို အဆုံးထိ ရော ဖတ်ကြည့်ပြီးပြီလား။ ချီယုံကို ကြောင်သူတော်ဆန်တယ်လို့ ပြောတယ် … ဘယ်လို သောက်ရေးမပါတာတွေ ပြောနေ တာလဲ ] 

[ မူလတန်းကျောင်းသားတွေမှာ အားလပ် ချိန် ဒီလောက်တောင်ရှိကြတာလား။ ဒီ စာလုံးသုံးထောင်ကို ရေးပြီးသွားပြီးရင် လည်း မင်းရဲ့ အိမ်စာတွေကိုပဲ လိမ်လိမ် မာမာနဲ့ သွားလုပ်လိုက်တာ မကောင်းဘူး လား ] 

[ ဝူးဝူးဝူး … ငါ့ရဲ့ သားအကြီးဆုံးလေး အတွက် ငါ ရင်တွေနာလိုက်တာ။ ဘာလို့များ ငါ့ရဲ့ အဖိုးတန်သားလေးက ဒီလောက် တောင် ဝေဒနာ‌တွေ ခံစားရတာလဲ။ သူ သေသွားတဲ့နောက်မှာ သူ့ရဲ့အကျင့်စရိုက် ကာ အကြင်နာမဲ့သွားပေမယ့်လည်း… အဲလို ဖြစ်သွားရတဲ့ အကြောင်းရင်းက သူ အသတ်ခံလိုက်ရလို့လေ။ သူ့ရဲ့ ဇာတ်ကောင်စရိုက် အကြီးအကျယ် ပြောင်းလဲသွားခဲ့ရတာက အဲဒီ့လူယုတ်မာ တွေရဲ့ အမှားတွေကြောင့်ပဲ … ဘယ်လို လုပ်ပြီးတော့ ချီယုံကို အပြစ်ဖို့လို့ရမှာလဲ ] 

[ ငါထင်တာတော့ မူလပိုစ့်ပိုင်ရှင်ကိုယ်တိုင် ကိုက ကြောင်သူတော်ဆန်ပြီးတော့ စိတ် မချရတဲ့သူ ဖြစ်နေတာနေမှာ။ လောက ကြီးကို ဘယ်လိုမြင်သလဲဆိုတာ အဲဒီ့လူ  အပေါ်မှာပဲ မူတည်တယ်။ မုလပိုစ့်ပိုင်ရှင် ရဲ့ မျက်လုံးထဲမှာတော့ ချီယုံက ကွဲပြားနေ မှာပေါ့ ]

ထိုအချိန်တုန်းက အဲတာက အတော်လေးကို ထူးဆန်းသည်ဟု ကျန်းလော့ ခံစားခဲ့ရသည်။  သေချာပေါက်ကို ချီယုံရဲ့ သူတော် ကောင်းယောင်ဆောင်မှုက အပေါ်ယံပင် ဖြစ်ပြီး သူ တစ်ချက်ကြည့်ရုံမျှနှင့်ပင် ပြော နိုင်ခဲ့သည်။ စာအုပ်ထဲကလူတွေက ချီယုံ ရဲ့ လှည့်စားမှုကို ခံခဲ့ရကြတာပင် … ဘယ်လိုလုပ်ပြီးတော့ အပြင်ကလူတွေကပါ အဲတာကို မမြင်နိုင်ကြရတာလဲ။

ဘယ်လိုလုပ်ပြီးတော့များ ချီယုံက ကြင်နာပြီး  နူးညံ့ရမှာလဲ။

ဟာသပဲ … ထိုအရာက ကျန်းလော့ကို တွေးမိတိုင်း ရယ်စေခဲ့သည်။

သို့သော် သူ မရယ်ခဲ့ပါ အဘယ်ကြောင့် ဆိုသော် လူသေချီယုံနှင့် သူ အခု မျက်နှာ ချင်းဆိုင် တွေ့နေရတာဖြစ်ပြီး သူ့အနောက် မှာတော့ ကျန်းလော့ကို ကျားကုတ်ကျားခဲ ကြည့်နေကြသော လူအုပ်ကြီး ရှိနေတာ ကြောင့်ပင်။

ထို့အပြင်ကို သူ့အရှေ့မှာလာမယ့် အန္တရာယ် ကြီးရှိသေးသည် … ချီယုံက မကောင်းဆိုးဝါး ဝိညာဉ်အဖြစ် ပြောင်းသွား ပြီးတော့ သူ့ကို သတ်မှာပင်။

သူ တကယ့်အချိန်မှာမှ ဝိညာဉ်ကူးပြောင်း လာမိခြင်းပင် … သူသာ နည်းနည်းလေး စောရောက်ခဲ့မယ်ဆိုရင် ချီယုံရဲ့ သေခြင်း ကို သူ ရှောင်လွှဲကောင်းရှောင်လွှဲနိုင် လောက်သည်။

သို့သော် ထိုကိစ္စက ဖြစ်ပြီးသွားပြီပင်။ ကျန်းလော့မှာ စဉ်းစားဖို့အချိနိ သိပ်မရှိ တော့ပေ … အရံဇာတ်ကောင်နဲ့ထပ်တူညီတဲ့ ဇာတ်သိမ်းကနေ ရှောင်လွှဲဖို့ရာ အတွက် နည်းလမ်းကို အဖြေရှာဖို့ရာပဲ သူ အစွမ်း ကုန် ကြိုးစားရတော့မည်။

****