အပိုင်း (၇၇) ဖီးနစ်သွေးစက်
လင်ရှုက ထပ်ကြိုးစားကြည့်လိုက်သည်။
သူ တကယ်ကို သူမအား မ မနိုင်ပေ။
ကြီးမြတ်သည့်သခင်မလေး၏ပုံပန်းသွင်ပြင်က သေးသွယ်ပုံပေါ်ပြီး သေးသွယ်သည်ဟု ခံစားရသော်လည်း သူမက တကယ်ကို လေးလွန်းသည်။
သိုင်းပညာကို လေ့ကျင့်တဲ့သူတွေမှာ ပိုမြင့်တဲ့ကြွက်သားသိပ်သည်းဆတွေရှိနေလို့လား။
သို့သော် ယခင်ဘဝတွင် သူသည်လည်း ငယ်စဉ်ကလေးဘဝကပင် သိုင်းပညာအား လေ့ကျင့်ခဲ့သူဖြစ်သည်။ သူ၏အလေးချိန်သည် ပုံမှန်အတိုင်းအတာအတွင်းမှာပင်။
လင်ရှုက နားမလည်နိုင်ပေ။ သို့သော် အဆုံးတွင်တော့ သူ၏အားနည်းလှသော ခန္ဓာကိုယ်လေးကြောင့်ဟုသာ မှတ်ယူနိုင်ပေသည်။
ထို့ကြောင့် မေးရမည့်မေးခွန်းက ကြီးမြတ်တဲ့သခင်မလေးကို ဝါးလုံးစံအိမ်ဆီ ဘယ်လိုခေါ်သွားရမလဲ။
လမ်းတစ်လျှောက်လုံး သူမကို ဆွဲမသွားလျှင် သူက သူမကို မသယ်နိုင်ပေ။
သို့သော် ဆွဲသွားသည့်အပြုအမူကလည်း လုံးလုံးကြီးသိပ်မကောင်းပေ။
ကြီးမြတ်သည့်သခင်မလေးက ရွှေရောင် မြင့်မြတ်သည့် အမျိုးသမီးဖြစ်သည်။ သူမကို မင်းသမီးလိုသယ်သည်ကပင် ရိုင်းပျရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် သူမအား ခွေးတစ်ကောင်လို ဆွဲသွားမည်ဆိုပါက—လုံးဝကိုမဖြစ်နိုင်ပေ။
လင်ရှုက ကြောင်လေးအား ကြည့်လိုက်ကာ “ချင်းယွမ် မင်းငါ့ကို ကူညီပေးနိုင်မလား”
ကြောင်လေးက ယခုလေးတင်ပင် ပစ်ချခံလိုက်ရတာဖြစ်သည်၊ သူ့အပေါ် အငြှိုးအတေးရှိနေသည့်အတွက် လင်ရှုအား လျစ်လျူရှုထားသည်။
လင်ရှုက လက်မှိုင်ချလိုက်ရတော့သည်။
တန်ပြန်အစီအစဉ်များအား တွေးတောပြီးနောက် နောက်ဆုံးတွင်တော့ စိတ်ဝိညာဉ်စုစည်းသည့်ဆေးပုလင်းအား ထုတ်လိုက်ကာ ဆေးလုံးတစ်လုံးထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအားများ ရှိလာမည်ဖြစ်ပြီး ကြီးမြတ်သည့်သခင်မလေးနှင့်အတူ အလွယ်လေး ပျံသန်းသွားနိုင်သည်။ သို့သော် သူ၏မရီဒျန်များသည်တော့ အလွန်အမင်း နာကျင်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူသာ ကြီးမြတ်သည့်သခင်မလေး၏ အထိန်းအကွပ်မဲ့နေသည့် ဝိညာဉ်စွမ်းအားများကို ကုသလိုပါလျှင် အခုမဟုတ်လျှင်တောင် နောက်တွင် ခံစားရပေမည်။
သူက ဆေးလုံးတစ်လုံးထုတ်လိုက်ကာ မျိုချတော့မည့်အချိန်မှာပဲ ထိုကြောင်လေးက “မြှောင်” ဟူသော အသံအား ထုတ်ပေးလာသည်။
သူက ကြောင်လေးအား ကြည့်လိုက်သည်။
ထိုကြောင်က သူ့အား မျက်စိမှေး၍ ကြည့်လာသည်။
ထိုမျက်လုံးကြီးများနှင့် တစ်ခဏခန့် စိုက်ကြည့်ခံလိုက်ရပြီးနောက် လင်ရှုဟာ ကြောင်လေး၏ဝိညာဉ်စွမ်းအားများက သူ့အနားတွင် စုစည်းလာသည်ကို ခံစားလိုက်မိသည်။ ကြီးမြတ်သည့်သခင်မလေး၏ ခန္ဓာကိုယ်ကလည်း ချက်ချင်းပင် အလွန်အမင်း ပေါ့ပါးသွားကာ မယှဉ်ပြိုင်နိုင်လောက်ပေ ။
သူက ပြောလိုက်သည်။: “ကျေးဇူးအများကြီးတင်ပါတယ်”
—ထိုကြောင်က သူ့အား တကယ်ကိုချစ်သည်။
သူက ကြီးမြတ်သည့်သခင်မလေးအား ကောက်ချီလိုက်ကာ ရှေ့သို့လျှောက်လိုက်စဉ်တွင် ထိုကြောင်လေးက မြေပြင်ပေါ်တွင် စိုက်ထားသော ပန်းများနှင့် အပင်များကို ဆော့ကစားရင်း လမ်းလျှောက်လာသည် ။
တောင်အနောက်ဘက်မှ ထွက်လာပြီးနောက် သူတို့ဟာ သလင်းကောင်းကင်ရှိ ကျင်းဖုန်းရှီးယွီဥယျာဉ်သို့ ရောက်လာကြသည်။ ကျင်းဖုန်းရှီးယွီဥယျာဉ်တွင် လေတိုက်နေပြီး ကြီးမြတ်သည့်သခင်မလေး၏အနီရောင်ဝတ်ရုံအား တိုက်ခတ်နေကာ အလွန်လှပလှသည်။
လင်ရှုက မနေနိုင်ဘဲ ငုံ့ကြည့်လိုက်သည်။
81 02
ကြီးမြတ်သည့်သခင်မလေးက သူ့ပုခုံးပေါ်တွင် မှီနေပြီး သူမ၏အနက်ရောင်ဆံနွယ်များဟာလည်း ပြန့်ကျဲနေကာ မျက်လုံးမေားက ပိတ်နေပြီး သူမ၏ရှည်လျားသည့် မျက်တောင်များက ငှက်မွှေးများကဲ့သို့ပင် ။
သူမ သတိမေ့နေသောကြောင့် ဖြစ်နိုင်သည်။ လူတွေအား လွှမ်းမိုးသည်ဟု ခံစားရစေနိုင်သည့်မျက်နှာလေးက ယခုအချိန်တွင် အနည်းငယ် ဖျော့တော့နေကာ အနည်းငယ် ပိုပြီးကြေကွဲလွယ်နေသည်။
အစစ်အမှန်ရှိသည့် တစ်စုံတစ်ယောက် မဟုတ်သကဲ့သို့ပင်။
သူဟာ လမ်းပေါ်ရှိ ကျောက်တုံးတစ်တုံးအား ခလုတ်တိုက်လဲမလိုပင်။ ထို့ကြောင့် အဝေးသို့ ကြည့်လိုက်ရပြီး လမ်းအား ဆက်လျှောက်လိုက်ရသည်။
ဝါးလုံးစံအိမ်သို့ သွားရာလမ်းတွင် တစ်ခါတစ်ရံ၌ တပည့်တစ်ဦးက ဘေးမှဖြတ်သွားပြီး သူ့လက်မောင်းထဲရှိ ကြီးမြတ်သည့်သခင်မလေးအား သတိထားလိုက်မိသည်။ သူတို့၏မျက်လုံးများက အံ့ဩသွားပြီး စတင်၍တီးတိုးပြောကြတော့သည်။
အကယ်ဒမီရှိသတင်းများက လျင်လျင်မြန်မြန်ပျံ့နှံ့သွားသည့်အတွက် လမ်းတစ်ဝက်သာ ဖြတ်လာရသေးသော်လည်း ဖီးနစ်စံအိမ်တောင်ထွတ်ရှိ မိန်းကလေးအနည်းစုက သတင်းရလိုက်ကြသည်။ သူတို့က လျင်လျင်မြန်မြန် ပြေးလာကြပြီး အော်ဟစ်လာကြသည်။ “ကြီးမြတ်တဲ့သခင်မလေး” “သခင်မလေးက ဘာဖြစ်တာလဲ” “သခင်မလေးက မူးလဲသွားတာလား”
သူတို့ နီးကပ်လာသည့်အခါ လင်းပေါင်ချင်းက ချဉ်းကပ်လာပြီး မေးလာသည်။
“လင်ရှု ကြီးမြတ်တဲ့သခင်မလေးက ဘာလို့သတိလစ်သွားတာလဲ။ သူမ ထိခိုက်မိလို့လား။ သတိလစ်သွားတာ ဘယ်လောက်ရှိပြီလဲ”
လင်ရှုက ပြောလာသည်။ “သူမ ရုတ်တရက် သတိလစ်သွားတာ မထိခိုက်မိဘူး။ လွန်ခဲ့တဲ့နာရီဝက်လောက်က”
လင်းပေါင်ချင်းက စိုးရိမ်တကြီးဖြင့် ခြေဆောင့်ကာ :
“ဒဏ်ရာမရဘူး အခြေအနေကလည်း ပြည့်စုံကောင်းမွန်တယ်။ ဒါဆို ဘာလို့ သတိလစ်သွားရတာလဲ”
လင်းပေါင်ကျင်းက ပြောသည်။
“ဘာပဲဖြစ်ဖြစ် ကြီးမြတ်တဲ့သခင်မလေးကို အရငိဆုံးပြန်ခေါ်သွားရမယ်။ ပြီးရင် အကယ်ဒမီက သမားတော်တောင်ကိုသွားပြီး သမားတော်တစ်ယောက် ရှာလာခဲ့”
လင်ရှုက ပြောလိုက်သည်။ “မလိုဘူး”
“ဘာကြီး”
“သူမရဲ့ဝိညာဉ်စွမ်းအားက ထိန်းချုပ်မှုလွတ်နေတာ ငါသူမထဲကို ဝိညာဉ်စွမ်းအား လွှဲပေးလို့ရတယ်”
လင်းပေါင်ချင်းက ပြောသည်။
“ရှင်းရှင်းလင်းလင်းကိုပဲ နင့်မှာ ဝိညာဉ်စွမ်းအား မရှိဘူးလေ”
လင်းပေါင်ချန်းက ပြောသည်။: “ပြောတာတော်ပြီ! အရင်ပြန်သွားကြမယ်!”
လင်းပေါင်ချင်းက ကြီးမြတ်သည့်သခင်မလေးအား ခေါ်ကာ လင်းပေါင်ချန်းက လင်ရှုအားခေါ်လိုက်ပြီး ကျင်းဖုန်းရှီးယွီဥယျာဉ်သို့ ပျံသန်းလာလိုက်ကြသည်။
ဥယျာဉ်ထဲတွင် လှုပ်ရှားမှုက ယွဲ့ရို့ဟယ်နှင့် ယွဲ့ရို့ယွင်အား ထပ်မံဆွဲဆောင်လိုက်သည်။ လူပေါင်းများစွာက သခင်မလေး၏အိပ်ရာဘေးတွင် စုစည်းနေကြကာ အားလုံးက စိုးရိမ်နေကြသည်။
လင်ရှုက ထိုမျက်လုံးများ၏ကြည့်ရှုခံနေရပြီး ဝိညာဉ်စုစည်းဆေးလုံးကို သောက်လိုက်ကာ သူ၏ခြေလက်နှင့် အရိုးများထဲရှိ ရုတ်တရက်ပေါက်ကွဲ နာကျင်မှုကို ဖိနှိပ်လိုက်သည်။ သူက ကြီးမြတ်သည့်သခင်မလေး၏ညာလက်အား ဆွဲကိုင်လိုက်ပြီး သူ၏ကိုယ်ပိုင်စွမ်းရည်ကို နှိုးထစေကာ ကြီးမြတ်သည့်သခင်မလေး၏မရီဒျန်ထဲသို့ ဝိညာဉ်စွမ်းအားများကို ဖြည်းဖြည်းချင်း လွှဲပြောင်းလိုက်သည်။
81 03
သူတို့တွင် တူညီသည့်သွေးဆက် ရှိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကြီးမြတ်သည့်သခင်မလေး၏ဝိညာဉ်စွမ်းအားနှင့် သူမဝမ်းကွဲ၏ဝိညာဉ်စွမ်းအားတို့က ဆင်တူလွန်းပြီး မည်သည့်ကွဲပြားမှုကိုမှ သတိမမူမိပေ။
ထို့ကြောင့် ဝိညာဉ်စွမ်းအား လွှဲပြောင်းသည့်အခြေအနေက အရင်တစ်ခေါက် သူမရဲ့ဝမ်းကွဲ သတိလစ်သွားသည်နှင့် အတူတူပင်။ မြူခိုးဖြူရောင်စွမ်းအားများက အနီရင့်ရောင်ဝိညာဉ်စွမ်းအားများနှင့် ထိတွေ့သွားသောအခါ နှစ်ခုစလုံးက ချက်ချင်းပင် တွေ့ဆုံသွားကာ ဖရိုဖရဲအဖြစ်သို့ တစ်ဖြည်းဖြည်း ရောနှောသွားပြီး မရီဒျန်ထဲတွင် ဖြည်းညှင်းစွာ ပြန့်ကျဲသွားသည် ။
သို့သော် ယခုတစ်ခေါက် ကြီးမြတ်သည့်သခင်မလေး၏အခြေအနေက သူမဝမ်းကွဲ၏အခြေအနေထက် ပို၍အန္တရာယ်များသည်။ နာရီဝက်ခန့် ကြာပြီးနောက် ဆေး၏သက်ရောက်မှုက ပျောက်ကွယ်သွားပြီး လင်ရှု ဝိညာဉ်စုဆောင်းသည့် ဆေးလုံးအား နှစ်လုံးခန့် ထပ်သောက်လိုက်ကာ ဆက်လက်လွှဲပြောင်းလိုက်သည်။
သူ့နှလုံးသားထဲတွင် နည်းစနစ်က လှည့်ပတ်နေပြီး ဆီးနှင်းခဲကဲ့သို့ ဝိညာဉ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း၍ မရီဒျန်ထဲတွင် တစ်ဖြည်းဖြည်းချင်း စီးဆင်းနေသည်။ သူဟာ ယခုလိုအခံစားချက်အား မတွေ့ကြုံခဲ့သည်မှာ အတော်လေးကြာပြီဖြစ်သည်။
မျက်တောင်တစ်မှိတ်အတွင်းမှာပင် သူ၏အရင်ဘဝသို့ ပြန်ရောက်သွားသည်။ သူဟာ ကျောင်း၏ခန်းမဟောင်းတွင် ခြေချိတ်ထိုင်၍ညဘက်၌ ပြတင်းပေါက်အပြင်ဘက်တွင် နှင်းကျသံတရှဲရှဲ ရှိနေသည် ။
နောက်တစ်နာရီခန့်ကြာပြီးနောက် ကြီးမြတ်သည့်သခင်မလေး၏ခန္ဓာကိုယ်ရှိ နောက်ဆုံးသော ဝိညာဉ်စွမ်းအားခြေရာလက်ရာက နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး မရီဒျန်များက တည်ငြိမ်သွားကာ သူမ၏ဖျော့တော့နေသော အသားအရေဟာလည်း အများကြီးပို၍ကောင်းလာသည်။
လင်ရှုက သူ့လက်အား ပြန်ထုတ်ချင်သည်။ သို့သော် ကြီးမြတ်သည့်သခင်မလေးက သတိမဲ့စွာဖြင့် သူ့လက်ချောင်းများအား နူးညံ့စွာ ဆွဲလာသည်။
လင်ရှု “…”
ဤအချိန်တွင် လင်းပေါင်ချန်းက ညင်သာစွာပြောလာသည်။
“ပေါင်ချင်း ငါ အခုလေးတင်မှတ်မိပြီ နင်မှတ်မိလား။ ရွာထဲက အဘွာအိုကြီးက ပြောတယ်လေ။ ‘ကြီးမြတ်တဲ့သခင်မလေး အသက်ငါးနှစ်အရွယ်တုန်းက မူးလဲဖူးတယ်’ ဆိုတာလေ”
“ဘယ်တုန်းကဖြစ်ခဲ့တာလဲ” ပေါင်ချင်းက မေးလိုက်သည်။
“နင်က အားလုံးကို မေ့နေတော့တာပဲ” လင်းပေါင်ချန်းက ပြောသည်။
“ငါတို့တွေ ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်တုန်းက နှစ်သစ်ကူးမှာ မီးဖိုဘေးမှာ ဒေါ်လေးချုံးရှီပြောတဲ့ ပုံပြင်တွေကို နားထောင်ခဲ့တယ်လေ။ သူမပြောတာ သမင်လေးမှာ ဖီးနစ်သွေးစက် ရှိတယ်တဲ့”
“အာ..” လင်းပေါင်ချင်းက အော်လာကာ “ငါ မှတ်မိပြီ!”
သူမက လင်ရှုအား ကြည့်ကာ ပြောလိုက်သည်။
“လင်ရှု သေသေချာချာ နားထောင်နော်။ ဒါက ဒီတစ်ခေါက်သခင်မလေး ဘာလို့မူးလဲသွားတာလဲဆိုတဲ့ အကြောင်းပြချက်ပဲ”
ပေါင်ချန်ကပြောသည်။
“ငါတို့အားလုံးရဲ့မျိုးရိုးနာမည်က လင်းဆိုပေမဲ့ အဲဒါက စံအိမ်အရှင်သခင်က ပေးထားတဲ့ မျိုးရိုးနာမည်ပဲ။ ငါတို့က ဖီးနစ်တောင်ထွတ်စံအိမ်ရဲ့ သွေးမျိုးဆက် မဟုတ်ဘူး။ စံအိမ်ရဲ့ တိုက်ရိုက်သွေးမျိုးဆက်က အထူးသွင်ပြင်ရှိတယ်။ သွေးမျိုးဆက် ကောင်းလေလေ ပါရမီရှိလေလေ စံအိမ်ရဲ့ တရားထိုင်တဲ့ နည်းစနစ် သက်ရောက်နိုင်စွမ်းကို အမှန်တကယ် ကျွမ်းကျင်နိုင်လေလေပဲ။ နိဗ္ဗာန်ဘဝလိုမျိုးပေါ့။ တိုက်ရိုက်မျိုးဆက်မှာတောင် အထုံပါရမီအရှိဆုံးသူမှ သုံးနိုင်မှာ”
လင်ရှုက “အာ” ဟူသောအသံကို ထုတ်လိုက်သည်။
“အကောင်းဆုံး သွေးမျိုးဆက်ဆိုရင် ငါတို့စံအိမ်ရဲ့ဘိုးဘေးနဲ့ အတိအကျကို အတူတူပဲဖြစ်လိမ့်မယ်။ သူတို့မှာ “ဖီးနစ်သွေးစက်” လို့ခေါ်တဲ့ ရွှေရောင်သွေးစက်အချို့ ရှိလိမ့်မယ်
81 04
ဒါပေမဲ့လည်း ကောင်းကင်က ပါရမီရှိတဲ့သူတွေကိုဆို မနာလိုတယ်လေ။ ဖီးနစ်သွေးစက်ရှိတဲ့သူတွေက မီးချီဓာတ်နဲ့ မွေးဖွားလာတာ။ လီဟော်မီးတောက်က မရီဒျန်ထဲမှာ အလိုအလျောက် စုပုံလာပြီး ပြင်းထန်လာရင် အသုံးပြုသူကို တန်ပြန်သက်ရောက်စေနိုင်တယ်။ ဒီသွေးစက်ရှိတဲ့လူအများစုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြတယ်”
လင်ရှုက တွေးလိုက်သည်။ ဆိုတော့ ဒါက မွေးရာပါရောဂါပေါ့လေ ။
“ငါ့အဒေါ်ပြောတာတော့ သူမအသက် ငါးနှစ်တုန်းက သခင်မလေးက ဒီရောဂါမျိုး ခံစားခဲ့ရတယ်တဲ့ နိုးမလာဘဲ မေ့မျောနေတာ ရက်တစ်ရာလောက်ရှိတယ်။ သူတို့ လုပ်နိုင်တာလည်း ဘာမှမရှိတော့ဘဲ စံအိမ်ကတောင် ကမ္ဘာ့အတော်ဆုံးသမားတော်ကို ဖိတ်ခေါ်ခဲ့သေးတယ်” လင်းပေါင်ချန်းက အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ပြောလာသည်။
“ငါတို့ထဲကအနည်းငယ်က အဲ့ဒီအချိန်တုန်းက အရမ်းကို ငယ်ရွယ်နေသေးတာ။ မဟုတ်ရင် စံအိမ်ဆီကို မဝင်ရောက်ကြသေးဘူး။ အဲဒါကြောင့် အဲ့အကြောင်းကို မသိဘူး။ ငါ့အဒေါ်ဆီကနေပဲ စကားလုံးအနည်းငယ် ကြားခဲ့ရတာ။ အဆုံးမှာတော့ အဖြူရောင်ဝတ်ထားတဲ့ အင်မော်တယ်တစ်ပါးက စံအိမ်ကို ရောက်လာပြီး ကြီးမြတ်တဲ့သခင်မလေးကို အထူးသီးသန့်နည်းလမ်းနဲ့ ကုသပေးလိုက်တယ်။ ငါတို့တွေ ဒါကိုပဲသိတယ်”
လင်ရှု နားလည်သွားသည်။
သူ၏ကိုယ်ပိုင်ဝိညာဉ်စွမ်းအားနှင့် ကြီးမြတ်သည့်သခင်မလေး၏ ဝိညာဉ်စွမ်းအားတို့က လုံးဝကို သဟဇာတဖြစ်နေတာက တိုက်ဆိုင်မှုသက်သက်မဟုတ်ပေ။ ကမ္ဘာပေါ်တွင် နည်းလမ်းပေါင်း ထောင်သောင်းချီရှိနှင့် အလွယ်တကူ သဟဇာတမဖြစ်သည့် ဝိညာဉ်စွမ်းအားပေါင်း ထောင်သောင်းချီရှိသည် ။
ထိုအင်မော်တယ်အရှင်က ဒီခန္ဓာကိုယ်၏ဆရာသခင် ထောင်ယွမ်ကျွင်းဖြစ်ရမည်။
အရှင်ထောင်ယွမ်ကျွင်းက ဓားသခင်စံအိမ်တော်တွင် မွေးဖွားလာပြီး သူသည်လည်း ဓားသခင်စံအိမ်တွင် မွေးဖွားလာတာပင် သူ၏ဝိညာဉ်စွမ်းအားက မျိုးဆက်တူကာ ထို့ကြောင့် ကြီးမြတ်သည့်သခင်မလေး၏ ထိန်းချုပ်မှုလွတ်နေသည့် ဝိညာဉ်စွမ်းအားများကို သူကကုသနိုင်တာပင်
ကြီးမြတ်သည့်သခင်မလေးက ဖီးနစ်တောင်ထွတ်စံအိမ်၏ နှလုံးသားနှင့် ဝိညာဉ်ဖြစ်ပြီး ထောင်ယွမ်ကျွင်းက ကြီးမြတ်သည့်သခင်မလေးအား ကယ်တင်ခဲ့သည်။ ထို့ကြောင့် သူ့တွင် ဖီးနစ်စံအိမ်တောင်ထွတ်၏ ကြီးမားသည့်ကျေးဇူးကြွေး ရှိနေသည်။
သို့သော် ကြီးမြတ်သည့်သခင်မလေး၏ရောဂါက ပြန်ပြီး ထကြွလာနိုင်ပြီး ဖြစ်ချင်တော့ အရှင်ထောင်ယွမ်ကျွင်းတွင် တပည့်တစ်ယောက်ရှိနေသည်။
ထို့ကြောင့် ထောင်ယွမ်ကျွင်းနှင့် ဖီးနစ်တောင်ထွတ်စံအိမ်တို့က လက်ထပ်ခြင်းမှတစ်ဆင့် ဆွေမျိုးများဖြစ်လာကြသည်။
ဒီလိုနည်းဖြင့် ကြီးမြတ်သည့်သခင်မလေး၏ဖျားနာမှုကို ဖြေရှင်းလိုက်နိုင်ပြီး ထိုတပည့်၏အနာဂတ်ဘဝလမ်းသည်လည်း စိုးရိမ်မှုမှ ကင်းဝေးသွားမည်ဖြစ်သည်။
သူက ဒီအကြောင်းအား တွေးနေပြီး လင်းပေါင်ချန်းက ခေါ်လာသည်။: “လင်ရှု”
လင်ရှု : “အမ်”
“မင်း……”
လင်းပေါင်ချန်းက တွန့်ဆုတ်နေကာ “မငိးကို ကြည့်ရတာ သိပ်ပြီးမဟုတ်သလိုဘဲ …….အဆင်ပြေရဲ့လား”
“ငါ အဆင်ပြေပါတယ်” လင်ရှုက ပြောသည်။
သူက သူ့ဝိညာဉ်စွမ်းအားများကို ဖြည်းညှင်းစွာ ပျောက်ကွယ်စေလိုက်သည်။
ဓားသခင်စံအိမ်တော်က မြောက်ပိုင်းရှိ အေးစက်အထီးကျန်သောနေရာတွင် တည်ရှိနေတာပ။င် သူ၏အတွင်းပိုင်း တရားထိုင်သည့်စွမ်းရည်က ဆီးနှင်းခဲနှင့် နှင်းစက်များကဲ့သို့ အေးစက်ပြီး လူတွေ၏နဂိုပင်ကိုစရိုက်အား တစ်ခါတစ်ရံတွင် ထိခိုက်စေသည် ။
လင်းပေါင်ချန်းက မေးလိုက်သည်။ “ကြီးမြတ်တဲ့သခင်မလေးရဲ့အခြေအနေက ငါတို့ပြောတာနဲ့ အတူတူပဲလား”
81 05
လင်ရှု : “အင်း”
လင်းပေါင်ချင်းက သိချင်စိတ်ဖြင့် မေးလာသည်။
“လင်ရှုလေး နင် တကယ်ပဲ ကုသပေးနိုင်တာလား”
လင်ရှုကခေါင်း ညိတ်လိုက်သည်။
မိန်းကလေးများက စိတ်သက်သာရာ ရသွားသည်။ : “အဲဒါဆိုကောင်းတာပဲ”
လင်းပေါင်ချင်းကပင် ပြောလာသည် ။
“ကြီးမြတ်တဲ့သခင်မလေးက တစ်ခါတုန်းကပြောဖူးတယ်။ လင်ရှုက မရိုးရှင်းဘူးတဲ့။ ဒီတော့ ဒီလိုဖြစ်နေတာကိုး”
လင်းပေါင်ချန်းက ပြောသည်။ “အဲဒါဆို ကောင်းတယ်”
ထိုအချိန်တွင် ညဘက် နောက်ကျနေပြီးဖြစ်ကာ လင်ရှုက ပြောလိုက်သည်။
“ပြန်သွားအိပ်ကြတော့။ ငါ ကြည့်နေလိုက်မယ်”
ဤအခန်းထဲတွင် လူများစွာအား နေထိုင်မည်က မလွယ်ကူပေ။
ဤအချိန်တွင် ကြီးမြတ်သည့်သခင်မလေးက မည်သည့်အန္တရာယ်မှ မရှိတော့တာကို မိန်းကလေးများက အတည်ပြုလိုက်ပြီး ထို့ကြောင့် ယွဲ့မိသားစုရှိ ညီအစ်ကိုမောင်နှမများဖြင့် ထွက်သွားလိုက်ကြသည်။
သူတို့တံခါးနားသို့ ရောက်လာသည့်အခါ လင်ရှုက ရုတ်တရက်ပင် တစ်ခုခုအား တွေးလိုက်မိပြီး ပြောလိုက်သည်။
“လင်းရှောင်ရော ဒီလိုမျိုး အတူတူပဲလား”
အခုတွင် သူက နည်းနည်းလေး သံသယရှိနေသည်။
“နင်ဆိုလိုတာက သခင်လေးလား။ ဒါတော့ ငါတို့လည်း မသိဘူး။ သခင်ငယ်လေးက စံအိမ်ထဲမှာမနေဘူး။ အိမ်ကိုပြန်ရတာလည်း မကြိုက်ဘူး။ သူ့ကို မြင်တာတောင် နှစ်ပေါင်းများစွာရှိနေပြီ” လင်းပေါင်ချင်းက ပြောသည်။
လင်းပေါင်ချန်းက တစ်ခဏခန့်တွေးကာ ပြောလာသည်။
“ဒါပေမဲ့လည်း သူက “နိဗ္ဗာန်ဘဝ နည်းစနစ်”ကို နားလည်နိုင်တယ် ဆိုမှတော့ သူ့ရဲ့သွေးမျိုးဆက်ကလည်း အားနည်းမှာတော့ မဟုတ်ဘူး။ သူ့မှာလည်း “ဖီးနစ်သွေးဆက်” ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”
လင်ရှုက “အာ” ဟူသောအသံကို ထုတ်လိုက်သည်
လင်ရှုနှင့် လင်းဖုန်းရှောင်းသာ အခန်းထဲတွင် ထပ်မံကျန်ရစ်ခဲ့သည်။
အမျိုးသားနှင့်အမျိုးသမီးများက ကွာခြားသည် အထူးသဖြင့် ဖယ်ဒရယ်လူ့အဖွဲ့အစည်းမှာပင်။ သဘာဝကျကျပင် သူဟာ ဝိညာဉ်စွမ်းအား လွှဲပြောင်းနေစဉ်တွင် ကြီးမြတ်သည့်သခင်မလေး၏အိပ်ရာပေါ်တွင် မထိုင်နိုင်ပေ။ ထို့ကြောင့် သူဟာ အိပ်ရာရှေ့တွင် ဒူးတစ်ဝက် ထောက်ထားရသည်။
သို့သော် ကြီးမြတ်သည့်သခင်မလေး၏အခန်းထဲတွင် ကြမ်းပြင်ကို တန်ဖိုးကြီး စောင်အထူဖြင့် ခင်းထားကာ အိပ်ရာနှင့်မကွာခြားပေ။
သူ့ညာလက်က သခင်မလေး၏ကိုင်ထားခြင်း ခံရပြီး အလွယ်တကူ လှုပ်မရပေ။ သူ့၏ဘယ်ဘက်လက်မောင်းအား ကုတင်စွန်းတွင် တင်လိုက်ပြီး လက်မောင်းထဲ ခေါင်းနှစ်ကာ မျက်လုံးပိတ်၍ အသက်ခပ်ပြင်းပြင်း ရှုလိုက်သည်၊
ဓားသခင်စံအိမ်၏နည်းစနစ်အများစုက ဒီအတိုင်းပင်၊ ထိုနေ့က တွေ့ခဲ့သည့် ယွင်လန်သည်လည်း အရမ်းကိုအေးစက်ကာ မထူးမခြားနားပင်။
တစ်ခဏကြာပြီးနောက် နည်းစနစ်၏လွှမ်းမိုးမှုက လုံးဝပျောက်ကွယ်သွားပြီး နောက်ဆုံးတွင်တော့ သူ၏ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်၊
သူ့ဘေးရှိ ကြောင်လေးမှ ပေါ့ပါးသည့် “မြှောင်” ဟူသောအသံကို ထုတ်ပေးလာသည်၊
81 06
လင်ရှုက သူ့အား ကြည့်လိုက်ကာ ပြောလိုက်သည်။ “ငါ အဆင်ပြေပါတယ်”
ကြောင်လေးက သူ့ခေါင်းအား စောင်းလိုက်ပြီး စားပွဲပေါ်မှ အိပ်ရာပေါ်သို့ ခုန်ချလိုက်ကာ သူ့အား အကြိမ်အနည်းငယ်ခန့် ပွတ်သပ်လာသည်။
လင်ရှုက ထိုသည်ဟာ အရမ်းကိုချစ်ဖို့ကောင်းသည်ဟု တွေးမိသည့်အတွက် ပြုံးလိုက်သည်။
ထိုကြောင်က သခင်မလေးဆီ ထပ်ပြေးသွားကာ အိပ်တော့မည်ဟန်ဖြင့် ခွေနေသည်။
လင်ရှုကာ သူမရဲ့အသက်ရှုသံက တဖြည်းဖြည်း မှန်လာသည်ကိုကြည့်ကာ သူမက အိပ်ပျော်နေသည့် အလှလေးကဲ့သို့ပင်။ ပြီးနောက် ပုံမှန်လုပ်စရာရှိသည့်ကိစ္စများကို အမှတ်ရသွားသည်။
“…….”
ဆိုတော့ ဒါက အရှင်ထောင်ယွမ်ကျွင်းကနေ ဒီအရူးလေးကို ဖီးနစ်စံအိမ်တောင်ထွတ်နဲ့ ကြီးမြတ်တဲ့သခင်မလေးဆီကို ဘယ်လိုရောင်းချခဲ့လဲဆိုတာပေါ့လေ။
ရလဒ်အနေနှင့် သူ့တွင် ချမ်းသာသည့်အမျိုးသမီးတစ်ဦး ရှိလာပြီး ပြုစုပျိုးထောင်ပေးသည်ကလွဲ၍ သူ လုပ်ဖို့လိုသည်က ထိုဝမ်းကွဲနှင့် သူ၏ကြီးမြတ်လှသောသခင်မလေးအား ကုသပေးရန်သာ လိုအပ်သည်။
ဆိုတော့ အရှင်ထောင်ယွမ်ကျွင်းက ဘယ်ကိုသွားတာလဲ။
ဝမ်းကွဲဖြစ်သူအကြောင်း တွေးလိုက်ပြီးနောက် လင်ရှုက ထပ်မံရှုပ်ထွေးလာသည်။
သူဟာ ကြီးမြတ်သည့်သခင်မလေး၏သွင်ပြင်အား ဂရုတစိုက်ကြည့်လိုက်သည်။ သူဟာ သခင်မလေးနှင့် သူမ၏ဝမ်းကွဲတို့က တကယ်ကိုပင် ဆင်တူကြသည်ကို တွေ့နိုင်သည်။
သူတို့နှစ်ဦး၏မရီဒျန်များက ဆင်တူကြပြီး သူတို့၏ဝိညာဉ်စွမ်းအားများသည်လည်း ဆင်တူကြသည်။ ဒါက ဘာမှမဟုတ်ပေ။ ပြောရလျှင် သူတို့က တစ်မိသားစုတည်းက ဖြစ်သည်။
သို့သော် သူ့လက်အား ပြန်ဆွဲတော့မည့်အချိန်မှာပဲ သတိမဲ့စွာဖြင့် ကိုင်ထားသည့်လှုပ်ရှားမှုက အတော်လေး ရင်းနှီးနေသည်။
လင်ရှုက ဒါနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။
သူဟာ ဟွမ်သန်းတောင်ထွတ်မှာဖြစ်ခဲ့သည့် အကြောင်းများကို ပြန်တွေးကြည့်လိုက်သည်။
အကယ်၍ ကိစ္စတစ်ခုလုံးကသာ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ဥာဏ်ရည်နှင့်ရဲစွမ်းသတ္တိကြားရှိ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပါလျှင်…
မြွေအား ဂူထဲမှ ထွက်လာစေရန် သွေးဆောင်ဖြားယောင်းပြီး သစ္စာဖောက်အား သူ့ခြေထောက်ကို ပြသစေရန် ဆွဲဆောင်ဖို့ဆိုပါက ကြီးမြတ်သည့်သခင်မလေးက ဟွမ်သန်းတောင်ထွတ်တွင် ပေါ်လာ၍မရပေ။ မဟုတ်လျှင် သူလျှိုဖြစ်သူက သူမ၏ခွန်အားကို ကြောက်လန့်၍ လှုပ်ရှားမှုတစ်ခုမလုပ်ဟု ပြော၍မရပေ။
သို့သော်လည်း မတော်တဆမှုများကို ကာကွယ်ရန် ဟွမ်သန်းတောင်ထွတ်တွင် နေရန်တတ်နိုင်မည့် တစ်စုံတစ်ယောက်ရှိရန်လည်း လိုအပ်သည်။ ထိုသူက ဝမ်းကွဲဖြစ်သူပင်။
ဆိုတော့……ဘာမှမမှားသွားစေဖို့ ကြီးမြတ်တဲ့သခင်မလေးက ဝမ်းကွဲအဖြစ် ဟန်ဆောင်ရုပ်ဖျက်ထားတာ ဖြစ်နိုင်လောက်လား။ ပြောရရင် ကြီးမြတ်တဲ့သခင်မလေးမှာ မရေမတွက်နိုင်တဲ့ ပုံရိပ်ယောင်ဆေးလုံးတွေနဲ့ “ရွှမ်းကျယ်အရိုး တည်ဆောက်ပုံအနုပညာ”ကိုလည်း သူမရဲ့အရိုးပုံတွေပြောင်းဖို့ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တယ်။
အဲဒါကသာ ဒီလိုမျိုးဆိုရင် အရမ်းကို ကြောက်ဖို့ကောင်းလွန်းနေပြီ? ကြီးမြတ်တဲ့သခင်မလေးရဲ့သရုပ်ဆောင်စွမ်းရည်ကလည်း အရမ်းကိုစစ်မှန်လွန်းတယ်။ ဘယ်သူကမှ ထွင်းဖောက်မမြင်နိုင်ဘူး ။
အထူးသဖြင့် နောက်ဆုံးနှုတ်ဆက်သည့်အခါကပင်။ သူက ဆံညှပ်လေးအား လေးလေးနက်နက်ပင် ပေးလာပြီး အမှန်တကယ် ခွဲခွာသည့်လက်ဆောင်ကဲ့သို့ပင် ။
ထိုထင်ကြေးက မဖြစ်နိုင်ဟု ခံစားရသော်လည်း ကျိုးကြောင်းဆီလျော်သည်ဟု ထင်မိသည် ။
စာရေးသူတွင်ပြောစရာရှိသည် :
“အဝေးမှုန်” ရှု : လင်ရှုကို အမှောင်ထဲမှာပဲ အမြဲတမ်းဖော်ပြနေပြီး အမှန်တရားကို မခန့်မှန်းနိုင်။
“စိတ်ချထားလိုက် စိတ်မပူနဲ့” ရှောင် : ဒါလင်ကအရမ်းကိုကျိုးနွံနေတာကို မြင်လိုက်ပြီး အစ်ကိုရှောက်က စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။
အဓိကအချက် : ကိုင်ထားသောလက်များကို သတိရပါ
******