Ch 76
Viewers 4k

အပိုင်း (၇၆) သတိလစ်ခြင်း 


ယနေ့တွင် ကြီးမြတ်သည့်သခင်မလေးက ကျန်းရှုအား ကျန်းစီရင်စုရှိ နာမည်ကျော်သမိုင်းဝင်နေရာအများအပြားသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ဟူလူထန်များ ဂဏန်းများနှင့် ဘဲသားခြောက်များကို စားခဲ့ကြသည် ဧည့်သည့်စံအိမ်သို့ ပြန်ရောက်လာသည့်အခါမှာတော့ ကြီးမြတ်သည့်သခင်မလေးကိုယ်တိုင် ပြုလုပ်ပေးသည့် တိမ်လွှာလက်ဖက်ရည်ကို သောက်ခဲ့ကြသည်။


အဆက်မပြတ် ကျွေးမွေးနေမှုကြောင့် တစ်နေ့လုံးအား ပြည့်အင့်စွာဖြတ်သန်းခဲ့ပြီး ကြီးမြတ်သည့်သခင်မလေးဟာ သူ စားသောက်နေသည်ကို ကြည့်ရင်း ပျော်ရွှင်နေသည်ဟု ခံစားလိုက်ရသည်။


သို့သော်လည်း ညနေခင်းမရောက်ခင်မှာပင် သူဟာ ကြီးမြတ်သည့်သခင်မလေးမှ သူ့အား အိပ်ရာဝင်ရန် အမိန့်ပေးခံလိုက်ရသည်။


သူ့တွင် စိုးရိမ်စရာဘာမှမရှိပေ။ ထို့ကြောင့် အိပ်ရာပေါ်တွင် ခဏလဲလိုက်ပြီးနောက် အိပ်ပျော်သွားတော့သည်။ ညလယ်တွင် လှုပ်ရှားသံများကို အာရုံခံလိုက်မိပြီး နိုးလာတော့သည်။


ကြီးမြတ်သည့်သခင်မလေးက သူမသိရသည့်အချိန်တွင် အခန်းထဲတွင် ပေါ်လာပြီး သူ့အား ပြောလာသည်။


“သွားကြစို့”


နေ့ခင်းတွင် သူတို့နှစ်ဦးက ညဘက်ရောက်သည့်အခါ ကျန်းစီရင်စုရှိစံအိမ်သို့ သွားရောက်လည်ပတ်ရန် ချိန်းဆိုထားခဲ့ကြသည်။


နေ့လည်တုန်းက သူတို့နှစ်ဦးဟာ ညဘက်၌ ကျန်းစီရင်စုကို စုံစမ်းစစ်ဆေးရန် သဘောတူခဲ့ကြသည်။


သိုင်းဝတ္ထုများထဲတွင် မင်းဟာ ညဘက်၌ တစ်နေရာသို့ သွားရောက်လည်ပတ်ပါလျှင် ညခင်းဝတ်များကို ဝတ်ဆင်ရမည်ဖြစ်သည်။ မဟုတ်လျှင် သင့်၌ သင့်လျော်သည့်သဘောထား မရှိဟု ထင်မြင်လိမ့်မည်ပင်။ ကြီးမြတ်သည့်သခင်မလေးကလည်း သူမမျက်နှာ၏ အောက်ပိုင်းတစ်ဝက်အား ကာထားရန် မျက်နှာလွှားပုဝါတစ်ခုအား သုံးကာ သာမန်အခြေခံကျသည့်အရာအား ပြုလုပ်ထားသည်။


သူတို့ ထွက်လာလိုက်ကြသည်။


ဤနေရာရှိဧည့်သည်ဆောင်ဟာ ကျန်းအစိုးရမှ ဂုဏ်သရေရှိဧည့်သည်တော်များအား ဧည့်ခံရန် အသုံးပြုတာပင်။ ထို့ကြောင့် နေရာတိုင်းတွင် အစောင့်များရှိနေသည်။ အဓိကဝင်ပေါက်၏ အရှေ့တွင်တော့ အစောင့်နှစ်ဦးရပ်နေပေသည်။ 


ကြီးမြတ်သည့်သခင်မလေးကပြောသည်။


“ဒီနေ့ညရဲ့လရောင်က အရမ်းလှတယ်မလား”


လင်ရှုကပြောသည်။ “ဟုတ်တယ်”


ကြီးမြတ်သည့်သခင်မလေး : “ညလယ်မှာ ရှင်နဲ့အတူ လမင်းကို ကြည့်ရတာက တကယ့်ကို ခမ်းနားတဲ့အရာပဲ”


လင်ရှု : “အင်း”


ကြီးမြတ်သည့်သခင်မလေးက ထပ်ပြောလာသည်။


“ဒီကစံအိမ်တွေက မညီညာတော့ သူတို့က မသင့်တော်ဘူး။ အဲတော့ အနောက်ဘက်ကို သွားရအောင်”


လင်ရှု “ကောင်းပြီ”

80 02

ထို့နောက် သူတို့ဟာ ပွင့်ပွင့်လင်းလင်းပဲ လစ်ထွက်လိုက်ကြသည်။


ဧည့်သည်ဆောင်၏အနောက်ဘက်ရှိ ဥယျာဉ်မှ ချုံထဲသို့ လျှိုဝင်လိုက်ပြီး ကင်းလှည့်သည့်အစောင့်များ ထွက်သွားသည်ကို စောင့်ပြီးနောက် ကြီးမြတ်သည့်သခင်မလေးက လင်ရှုအား ကောက်ချီလိုက်ကာ ကျန်းစီရင်စုစံအိမ်ဆီသို့ ပျံသန်းသွားလိုက်သည်။


ထိုဝမ်းကွဲနှင့်ယှဉ်လျှင် ကြီးမြတ်သည့်သခင်မလေး၏ လူတွေအား သယ်ဆောင်သည့်စွမ်းရည်က အတော်ကြီးကို တိုးတက်လာသည်။ သူ့အစာအိမ်အား ညှစ်မိသည်အထိ အောက်မကျသလို သူ့အသက်ရှုနှုန်းအား နှောက်ယှက်ဟန့်တားစေမိသည်။


အထိ အပေါ်သို့လည်း သိပ်မရောက်ပေ။ တစ်ခဏခန့်ကြာပြီးနောက် သူတို့နှစ်ဦးသားဟာ ကျန်းစီရင်စုစံအိမ်၏အပြင်ဘက်၌ ခြေချလိုက်ကြသည်။


ကျန်းစီရင်စုအစိုးရစံအိမ်ဟာ အစိုးရအရာရှိခန်းမနှင့် နိုင်ငံရေးကိစ္စရပ်ခန်းမဟူ၍ ပေါင်းစပ်ထားသည်။ အစိုးရအရာရှိခန်းမက အရှေ့ဘက်တွင်ဖြစ်ကာ သာမန်လူများကို မျက်နှာချင်းဆိုင်၍ ပြည့်သူ့ကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်သော်လည်း နိုင်ငံရေးကိစ္စရပ်ခန်းမကတော့ အနောက်ဘက်တွင်ဖြစ်သည်။ ထိုနေရာက ဤစီရင်စုရှိ တော်ဝင်ညီလာခံ အသေးစားလေးကဲ့သို့ပင်။ ထိုနေရာတွင် အမျိုးမျိုးသော စာရေးစာချီ ကိစ္စများအား တာဝန်ရှိသည့် အတွင်းရေးဌာနရပ်များ ရှိသည်။


ယခုအချိန်တွင်တော့ အစိုးရရုံးတော်ခန်းမနှင့် နိုင်ငံရေးကိစ္စရပ်ခန်းမနှစ်ခုစလုံးက ပိတ်သွားပြီဖြစ်သည်။ နေရာအနည်းငယ်ကသာ လင်းနေသေးကာ တစ်စုံတစ်ယောက်က ညခင်းအား ကြည့်ရှုနေသည်။


သူတို့နှစ်ဦးသားက အပြင်ဘက်နံရံတွင် လျှောက်ပတ်လမ်းလျှောက်နေကြပြီး ယေဘုယျတည်တောက်ပုံအား လေ့လာနေကြသည်။ လင်းဖုန်းရှောင်က လင်ရှုအားခေါ်ကာ ထပ်မံပျံသန်းလိုက်ပြီး နံရံပေါ် စင်္ကြံတသ်လျှောက်နှင့် ခေါင်မိုးတို့အား အပြန်အလှန်အားယူကာ ငြင်သာစွာ တက်လိုက်သည်။ သူတို့၏ပုံရိပ်က ကျဆင်းလာသော သစ်ရွက်ကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်းမှာပင် နိုင်ငံရေးကိစ္စရပ်ခန်းမ၏ နေရာအများစုအား ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။


ကြီးမြတ်သည့်သခင်မလေး၏ဝတ်ရုံက ပိတ်ကျဲစဖြင့် အလှဆင်ထားကာ လေထဲတွင် မျောလွင့်နေပြီး နောက်ဆုံးတွင် လင်ရှုမျက်နှာအား ပွတ်တိုက်မိသွားသည်။


ညဘက်စောင့်ကြည့်သည့်သူ၏အနေအထားက အလွန်အမင်း လှည့်စားလွယ်ကာ ဦးတည်ရာ အဘက်ဘက်ရှိ မြင်ကွင်းအား မြင်နိုင်သည်။ သို့သော်လည်း ကြီးမြတ်သည့်သခင်မလေး၏ ပေါ့ပါးမှုစွမ်းရည်က အတော်လေး လက်ရာမြောက် သိမ်မွေ့ကာ သစ်ပင်၏ကျိုးတိုးကျဲတဲအရိပ်အား အသုံးပြု၍ ပျံသန်းလိုက်ပြီး နောက်ဆုံးတွင်တော့ ညဘက်စောင့်ကြည့်ရေးသမား၏အိမ်ထိပ်တွင် ဆင်းသက်လိုက်သည်။


တံစက်မြိတ်များနှင့် နံရံများပေါ်မှ အကြိမ်များစွာပျံသန်းပြီးနောက် နောက်ဆုံးတွင်တော့ အလယ်ပိုင်းမှ အနောက်မြောက်အရပ်ရှိ ခေါင်မိုးပေါ်တွင် ဆင်းသက်လိုက်သည်။


အိမ်တွင် ကြီးမားသည့်ကြေးနီသော့ခလောက်တစ်ခုရှိပြီး အားနှင့်ချိုးဖြတ်၍ရသော်လည်း ခြေရာလက်ရာများကို မလွဲမသွေချန်ထားခဲ့မည်ဖြစ်ပြီး ထိုသည်က မသင့်လျော်ပေ။


ထို့နောက် ကြီးမြတ်သည့်သခင်မလေးက အကာအရံတစ်ခု လုပ်လိုက်ကာ အုတ်ချပ်ပြားများအား စတင်ဖော်တော့သည်။ လင်ရှုက အထောက်အပံ့ပေးသည့်အနေဖြင့် ဘေးဘက်တွင် ဖယ်လိုက်သည့်အုတ်ကြွပ်ပြားများအား ထပ်လိုက်သည်။


သူ့တွင် ယခုကဲ့သို့ ကြီးမြတ်သည့် သခင်မလေးနဲ့အတူ အိမ်တစ်အိမ်၏ခေါင်မိုးပေါ်သို့ တက်ကာ အုတ်ကြွပ်ပြားများကို ဖယ်ရခြင်းကဲ့သို့ ဝတ္ထုဆန်သည့် အတွေ့အကြုံမျိုး ရှိလာမည်ဟု တကယ်ကိုမတွေးမိခဲ့ပေ။


အုတ်ကြွပ်ပြားများအား သိပ်သည်းစွာအတူတကွ ထပ်ထားသည်။ အောက်ဘက်တွင်တော့ သစ်သားရက်မ စရွေးပေါက်နှင့် စရွေးတံများရှိသည်။ အုတ်ကြွပ်ပြားတစ်ရာခန့် ကောက်ယူလိုက်အပြီးမှာတော့ ရက်မအကြားတွင် လူတစ်ယောက်လမ်းလျှောက်နိုင်သည့် အဟတစ်ခုက နောက်ဆုံးတော့ ပေါ်ထွက်လာပြီဖြစ်သည်။


အတွင်းဘက်အား ညလင်းပုလဲဖြင့် ထွန်းလိုက်ပြီးနောက် ဝင်ပေါက်အောက်နားတွင် ထူထဲသည့်စာအုပ်စင်တစ်ခုအား တွေ့လိုက်ပြီး ထိုသည်က လူတွေ မတ်တပ်ရပ်ရန် လုံလောက်သည်။

80 03

ကြောင်လေးက အရင်ခုန်ချလိုက်ပြီး လင်ရှုက နောက်မှလိုက်လာသည်။ သို့သော် အဟက တကယ်ကိုသေးလွန်းသည်။ အလယ်တွင် ညှပ်မိနေပြီး အလုံးစုံမဆင်းခင်တွင် သခင်မလေးဆီမှ တွန်းထည့်ခံလိုက်ရပြီး စာအုပ်စင်၏ထိပ်ပေါ်သို့ ဆင်းသက်လိုက်သည်။ 


သို့သော် ကြီးမြတ်သည့်သခင်မလေးကတော့ အလွန်ကိုလွယ်ကူစွာ ဆင်းလာသည်။ ဒါဟာ သူမ၏သေးသွယ်သော ပုံရိပ်ကြောင့်လား သို့မဟုတ်  “ရွှမ်းကျွယ်အရိုးတည်ဆောက်ပုံအနုပညာ” ကြောင့်လားဆိုတာတော့ မသိပေ။


ဆင်းသက်ပြီးနောက် ညလင်းပုလဲက အနီးနားတစ်ဝိုက်ရှိနေရာများကို အလင်းပေးလာသည်။


ဤအခန်းထဲတွင် ကြီးမားသော စာအုပ်စင်များစွာနှင့် စာအုပ်များရှိသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်က အမျိုးမျိုးသော စာရွက်စာတမ်းများ ထိန်းသိမ်းထားသည့် နေရာဖြစ်နိုင်သည်။


လင်းဖုန်းရှောင်က ပြောလာသည်။


“စီရင်စုအားလုံးမှာရှိတဲ့ နိုင်ငံရေးကိစ္စရပ်ခန်းမတွေအားလုံးရဲ့ လည်ပတ်ပုံက အတူတူပဲ။ ကြည့်ရတာ ကျွန်မမှတ်မိတာ မှန်တယ်ထင်တယ်”


လင်းဖုန်းရှောင်၏ခရီးစဉ်က တစ္ဆေသောင်းချီအသူတရာချောက်နက်ရှိ လူပေါင်းတစ်သောင်းနီးပါး သတ်ဖြတ်ခံရသည်က နိုင်ငံရေးရာအရာရှိများ၏ လှည့်ဖြားမှုကြောင့်လား ဧကရာဇ်ရဲ့အမိန့်တော်ကြောင့်လား ဟူသည်ကို အတည်ပြုရန်ဖြစ်သည်။


သို့သော်လည်း ကြီးမြတ်သည့်သခင်မလေးက တော်ဝင်အမိန့်တော်အား မရှာဖွေဘဲ ကျန်းစီရင်စုအစိုးရဌာနရှိ အရာရှိများ၏ နေရာပြောင်းလဲမှုနှင့် ရာထူးတိုးမြှင့်သည့်မှတ်တမ်းများအား ပထမဆုံးရှာဖွေလိုက်သည်။


သူ  မကြည့်လိုက်သည့်အခါမှာတော့ သူမရဲ့မျက်ခုံးတို့က အနည်းငယ် ကြုတ်သွားတော့သည်။


သူမဘေးရှိလင်ရှုက အံ့ဖွယ်သရဲကိစ္စများစွာကို တွေ့လိုက်ရသည်။


ရုံခန်းမင်းဆက်ရဲ့ဆယ့်သုံးနှစ်မြောက်ဆောင်းဦးတွင် ကျန်းစီရင်စုရှိအစိုးရရှီဟာ အသရေဖျက်မှုဖြင့် ဖြုတ်ချခံရပြီး လိယန်သို့ ပြောင်းရွှေ့ခံရသည်။


ရုံခန်းမင်းဆက်၏ဆယ့်လေးနှစ်မြောက်နှစ် ဆောင်းရာသီတွင် ကျန်းစီရင်စုရဲ့ စီရင်စုအစိုးရ စစ်ပင်းကွမ်ဟာ မြို့တော်သို့ ပြန်လည်ခေါ်ဆောင်ခံရသည်။


ရုံခန်းမင်းဆက်၏ဆယ့်လေးနှစ်မြောက်နေ့ ဆောင်းရာသီတွင် ကျန်းစီရင်စုရဲ့ စီရင်စုမှူးကျောက်ပင်းဟာ အနားယူသွားပြီး သူ့ရဲ့ဇာတိမြို့ဆီသို့ ပြန်သွားသည်။


မင်းဆက်ဟာ အချိန်ကာလ၏အမည်ကိုပင် ပြောင်းလဲပြီးဖြစ်သည်။ အခုဟာ ကွမ်းဟယ်ဒုတိယနှစ်ဖြစ်ပြီး ဆိုလိုသည်က ဆယ့်လေးနှစ်မြောက်ပင်။ ရုံခန်းမင်းဆက်၏ဆယ့်သုံးနှစ်မြောက်ဆိုသည်က အတိအကျကိုပင် လွန်ခဲ့သည့် လေးငါးနှစ်ကဖြစ်သည်။


ပလိပ်ရောဂါဖြစ်ပြီး တစ်နှစ် နှစ်နှစ်အတွင်းမှာပင် ကျန်းစီရင်စုရှိ ထိပ်သီးအရာရှိများစွာက တကယ်ကိုပင် ကြီးမားသည့် သွေးလေပြောင်းလဲမှုကို တွေ့ကြုံလိုက်ရသည်။ မူလရှိ လူပေါင်းများစွာက အခြားနေရာများသို့ အမျိုးမျိုးသော အကြောင်းအရင်းများဖြင့်  ထွက်သွားကြပြီး ကျန်းစီရင်စုတွင်မရှိကြတော့ပေ။


“သူက သေသွားပြီ” လင်းဖုန်းရှောင်က ရုတ်တရက်ပြောလာသည်။


လင်ရှုကလှမ်းကြည့်လိုက်ပြီး ကြီးမြတ်သည့်သခင်မလေး၏လက်ချောင်းက မြို့တော်သို့ ပြန်ခေါ်ခံရသည့် စီရင်စုအစိုးရ၏နာမည်ပေါ်သို့ ထောက်ထားသည်ကို တွေ့လိုက်ရသည်။


“လွန်ခဲ့တဲ့သုံးနှစ်တုန်းက သူ့ကို ဖြုတ်ချပြီး ခရိုနီအပေါင်းအဖော်တွေနဲ့ ပါဝင်ပတ်သက်နေတဲ့အတွက် သာမန်လူအဖြစ်ကို ရာထူးအဆင့်လျှော့ချလိုက်တယ်။ ပြီးတော့ စိတ်ကျရောဂါနဲ့သေသွားတယ်”


ထိုသို့ပြောပြီးနောက် ကြီးမြတ်သည့်သခင်မလေးက တည်ငြိမ်စွာပြောလာသည်။


“ကျန်တဲ့သူတွေကိုတော့ ကျွန်မ မမှတ်မိတော့ဘူး။ ဒါပေမဲ့ သူတို့တွေ ဘယ်လောက်များများ အသက်ရှင်နေသေးလဲဆိုတာတော့ မသိဘူး”

80 04

လွန်ခဲ့သည့်ငါးနှစ်က ကျန်းစီရင်စုရှိ ပလိပ်ရောဂါအတွင်းတွင် လူပေါင်းထောင်သောင်းချီက တစ္ဆေသောင်းချီ အသူတရာချောက်နက်အတွင်းသို့ ပစ်ချခံလိုက်ရသည် 


နောက်နှစ်နှစ်ကြာပြီးနောက် အဓိကအရာရှိများအားလုံးက တစ်ယောက်ပြီးတစ်ယောက် အစားထိုးခံလိုက်ရကာ သူတို့ထဲက တစ်ဦးကတော့ သေဆုံးပြီးကြောင်း အတည်ပြုပြီးပြီဖြစ်သည်။


လင်းဖုန်းရှောင်က သုံးနှစ်ကြာတိုင်း စစ်ဆေးသည့် အိမ်တွင်းရေးရာမှတ်တမ်းတင် စာရင်းစာအုပ်ရှိသည့် စာအုပ်စင်ဘက်သို့ ရွှေ့လိုက်သည်။


စာရွက်စာတမ်းများ ပြည့်နှက်နေသည့်စာအုပ်စင်ကို ဆွဲထုတ်လိုက်သည်။ ဖွင့်လိုက်သည့်အခါ ရှိနေသည့်အရာအားလုံးက ထိတ်လန့်အံ့အားသင့်ဖွယ် အနီရောင်စာလွှာများဖြစ်သည်။


ရွာတစ်ရွာရှိတစ်စုံတစ်ဦးက ကပ်ဘေးရောဂါကြောင့် သေဆုံးသွားခဲ့သည်။


တခြားသောမိသားစုရှိဇနီးဖြစ်သူကလည်း ရောဂါကူးစက်သွားကာ သေဆုံးသွားသည်။


အကြီးဆုံးသား***က ကပ်ဘေးရောဂါကြောင့် သေဆုံးသွားသည်။


ဒုတိယသား****က ရောဂါကြောင့်သေဆုံးသွားသည်။


အနီရောင်စာလွှာများတွင် ပုံစံတစ်ခုရှိသည် မကြာခဏပင် မိသားစုတစ်ခုလုံးသေဆုံးပြီး ရွာတစ်ရွာလုံးလည်း သေဆုံးသွားသည်။


——ဘယ်လိုဖြစ်ပြီး ဒီလိုအရှုပ်အထွေးထဲ ကျသွားရတာတုန်း။


လင်ရှုက လင်းဖုန်းရှောင်အားကြည့်လိုက်ပြီး သူတို့နှစ်ဦးဟာ တစ်ခဏလောက်ထိ ပြောစရာမဲ့နေကြသည်။


မည်သည့်တော်ဝင်အမိန့်တော်နှင့် လျှို့ဝှက်အမိန်တော်ကိုမှ ရှာနေစရာမလိုတော့ပေ တစ္ဆေသောင်းချီအသူတရာချောက်နက်ရှိ ထိတ်လန့်အံ့အားသင့်ဖွယ်ဖြစ်ရပ်ဆိုးနောက်တွင် တော်ဝင်မိသားစုဆီမှညွှန်ကြားချက်တစ်ခု သေချာပေါက်ရှိနေသည်။


လူတစ်ဦး ကူးစက်ခံလိုက်ရသည်နှင့် မိသားစုတစ်ခုလုံးက အရှင်းခံရကာ တစ်ရွာလုံးကိုလည်း အလွတ်မပေးပေ။


ထို့နောက်တွင်တော့ သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်ရသည်။


အလွန်တရာ အင်အားကြီးမားလှသည့်ဆိုသည့် အရာရှိတစ်ဦးပင် ဒီကိစ္စကို မည်သည့်သတင်း တစ်စုံတစ်ရာမှထွက်လာမှုမှမရှိဘဲ လုပ်နိုင်မည်လဲ။


ထို့ကြောင့် ထိုအချိန်က အမျိုးမျိုးသော ရုံးတော်များ၏ ပြန့်ကျဲနေသော ပူးပေါင်းဆောင်ရွက်မှုရှိရမည်။


ကပ်ရောဂါလျော့ ကျသွားသည့်အခါ အမှန်တရားအားသိသည့် အရာရှိများအားလုံးက အဝေးသို့ ပြောင်းရွှေ့ခံရကာ သူတို့၏ဇာတိမြို့သို့ ပြန်သွားရပြီး ပုည်နှင်ဒဏ်ပေးခံရခြင်း သို့မဟုတ် သေဆုံးသွားကြသည်။


——တော်ဝင်မြို့တော်ဆီမှ ဆန္ဒမပါဘဲ မည်ကဲ့သို့ ဖြစ်နိုင်မည်လဲ။


အချိန်အကြာကြီးကြာပြီးနောကိ လင်းဖုန်းရှောင်က စာရင်းစာအုပ်အားချကာ ပြောလာသည်။ “သွားကြစို့”


သူတို့က အမိုးအောက်မှ ထွက်လာပြီး အုတ်ကြွပ်မိုးများကို ပြန်ထားလိုက်ကာ ဧည့်သည်ဆောင်ဆီသို့ ပြန်လာလိုက်ကြသည်။


—အမှန်တရားအားသိပြီးနောက် သူတို့ကဘာကိုမှ မလုပ်နိုင်ပေ။


ကြီးမြတ်သည့်သခင်မလေးက စိတ်ခံစားချက် မကောင်းနေသည်ကို သိသည့်အတွက် လင်ရှုက မည်သည်ကိုမှ မပြောရဲပေ။ သူ့အခန်းဆီသို့သာ ပြန်သွားလိုက်သည်။


လင်ရှုက ကျန်ရှိသည့်ညတစ်ပိုင်းလုံးတွင် မအိပ်ခဲ့ပေ။ မှေးခနဲ အိပ်မပျော်သွားခင်တွင် ရောက်တက်ရာရာ ကိစ္စများစွာအား တွေးတောနေမိသည်။


နောက်တစ်နေ့တွင်တော့ ကျန်းစီရင်စုမှ ထွက်ခွာလာပြီး အကယ်ဒမီဆီသို့ ပြန်သွားလိုက်ကြသည်။

80 05

မြို့မှ ထွက်လာသောအခါ ကြီးမြတ်သည့်သခင်မလေးက ဇက်ကြိုးအား ထိန်းကိုင်လိုက်ပြီး သူမခေါင်းကိုလှည့်ကာ ပြောလာသည်။ “ကြည့်လိုက်”


လင်ရှုဟာ ကျိုးတိုးကျဲတဲဖြစ်နေသည့် လူသွားလမ်းအား ကြည့်လိုက်ကာ ကြီးမြတ်သည့်သခင်မလေးက သူ့အား ဘာကိုမြင်စေချင်နေလဲဆိုသည်အား သိချင်နေမိသည်။


“သူတို့ထဲကအများစုက အမျိုးသမီးတွေ”


သူဟာ ခေတ်သစ်ကမ္ဘာတွင် အချိန်အကြာကြီး နေခဲ့ပြီး လမ်းပေါ်တွင် အမျိုးသမီးများစွာကို တွေ့ဖူးသည်။ ထို့ကြောင့် ပထမအကြည့်တွင် မည်သည့်မှားနေတာမျိုးမှ မရှိဘူးဟု မထင်ပေ။ သို့သော် ဒါဟာ ရှေးခေတ်ကမ္ဘာဖြစ်သည်။ ကျင့်ကြံရေးလောကက အဆင်ပြေနေသေးသည်။ သို့သော် သေမျိုးလောကရှိ အမျိုးသမီးများသည်တော့ သူတို့၏မျက်နှာအား လူရှေ့တွင် ထုတ်ပြလေ့မရှိကြပေ။


“ချန်းယန်တိုက်ပွဲအပြီး ငါးနှစ်အတွင်းမှာ မြောက်ပိုင်းရှက ထပ်ထပ်ပြီး မကြာခဏကျူးကျော်တယ်၊ နယ်စပ်ကအခြေအနေက အရမ်းကို အရေးပေါ်ဖြစ်နေတော့ မင်းဆက်က အလုပ်သမားနဲ့စစ်သည်စုဆောင်းမှုဥပဒေကို မဖြစ်မနေစနစ်အဖြစ် ပြောင်းလဲလိုက်တယ်၊ မိသားစုတိုင်းက အရွယ်ရောက်ပြီးတဲ့ ယောက်ျားသားတိုင်း ဖိအားပေးစုဆောင်းမှုကို အလှည့်ကျသွားရတယ်” လင်းဖုန်းရှောင်က မထူးခြားနားစွာဖြင့် ဆက်ပြောလာသည်။


“နယ်စစ်မှာ စစ်သည်တွေလိုအပ်တော့ စစ်သည်တွေ များလာတာနဲ့ စစ်သည်တွေကိုထောက်ပံ့ပေးဖို့ ငွေကြေးနဲ့အစားအသောက် လိုအပ်လာတယ်။ အဲဒါကြောင့် အခွန်စည်းကြပ်ငွေတွေကို ပိုတိုးလိုက်တယ်။ ဆယ်နှစ်ကြာပြီးနောက် ပြည်နယ်ရဲ့ဘဏ္ဍာတိုက်က ဗလာဖြစ်သွားပြီး ပြည်သူ့အင်အားက အားနည်းလာတော့တယ်”


“လွန်ခဲ့တဲ့ငါးနှစ် ဒီနေရာကရေကြီးမှုက စီရင်စုငါးခုထဲကလူတွေ ရာထောင်ချီကို သက်ရောက်မှုရှိသွားစေတယ်။ ကပ်ဘေးကယ်ဆယ်ရေး ရွှေ့ပြောင်းစရိတ်နဲ့ ပလိပ်ရောဂါကုသမှုအားလုံးက ပမာဏကြီးမားတဲ့ငွေကြေးနဲ့ အစားအသောက်တွေ လိုအပ်တယ်။ တိုင်းပြည်ရဲ့ကန့်သတ်ထားတဲ့ အင်အားနဲ့ဆို အရှုပ်အယှက်တွေကို မြန်မြန်ဆန်ဆန် ဖြတ်ပစ်ပြီး လူနာတွေကို သတ်ပစ်ရမှာက နောက်ဆုံးသော ခိုကိုးရာပဲ….” လင်းဖုန်းရှောင်ရဲ့အသံက တစ်ဖြည်းဖြည်းချင်း တိုးသွားပြီး “ဒါပေမဲ့ ဒီတိုင်းပဲ ကျွန်မရဲ့နှလုံးသားထဲမှာ ဖြေရှင်းဖို့ နည်းနည်းလေး ခက်ခဲနေရုံပဲ”


သူမ ဒါကိုပြောချိန်တွင် ကြီးမြတ်သည့်သခင်မလေးက လင်ရှု၏လက်အား ကိုင်လာသည်။ 


လင်ရှုကလည်း သခင်မလေးဟာ စိတ်မကောင်း၊ဝမ်းနည်းနေသည်ကို သိသည်။ ထို့ကြောင့် သူမကို နှစ်သိမ့်ပေးရန် သူမရဲ့လက်ဖမိုးအား မကိုင်ထားသည့် နောက်တစ်ဖက်ဖြင့် ပုတ်ပေးလိုက်သည်၊


ထို့နောက် ကြီးမြတ်သည့်သခင်မလေး၏ တခြားလက်မောင်းက အနောက်ဘက်မှလာကာ သူ့အား ဝန်းရံလိုက်ပြီး မကိုင်ထားသည့် လက်သည်လည်း အဖမ်းခံလိုက်ရသည်။


ကြီးမြတ်သည့်သခင်မလေး ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။


“ဒါတွေ ဖြစ်ရတဲ့အရင်းအမြစ်က စစ်ပွဲပဲ။ အနာဂတ်ကျ ကျွန်မရဲ့သိုင်းပညာသာ တိုးတက်လာမယ်ဆိုရင်—”


သူမက ပြီးဆုံးသည်ထိ မပြောသော်လည်း လင်းဖုန်းရှောင်ဘာကိုဆိုလိုသည်အား လင်ရှုက သိလိုက်သည်။


သူက ပြောသည်။ “မင်း သေချာပေါက် လုပ်နိုင်တယ်”


လင်းဖုန်းရှောင်က အပြုံးတစ်ပွင့်နှင့် ပြောလာသည်။


“ကျေးဇူးအများကြီးတင်ပါတယ်”


လင်ရှုတွေးလိုက်သည် ကြီးမြတ်သည့်သခင်မလေးက အရမ်းကို စိတ်အားတက်ကြွနေမှတော့ အကယ်ဒမီသို့ ပြန်ရောက်ပြီးလျှင် သူကပျင်းရိနေ၍မရပေ ဗျပ်စောင်းအား လေ့ကျင့်ပြီး <<ဆိတ်သုဉ်းခြင်း>> အား သင်ကြားရန် ပို၍ကြိုးစားရန် လိုအပ်သည်။


ဟီးသံအရှည်ကြီးနှင့်အတူ ကျောက်ယဲ့ဟာ ရှုစီရင်စုဆီသို့ တဟုန်ထိုး ပြေးသွားတော့သည်။ 


နေ့ဘက်တွင် လမ်းပေါ်တွင်ရှိပြီး သုံးရက်သုံးညကြာပြီးနောက် ရှန်းလင်တောင်ထွတ်ဆီသို့ ပြန်ရောက်သွားကြသည်။

80 06

လင်းဖုန်းရှောင်က ကျောက်ယဲ့အား တောင်ထွတ်အနောက်ဘက်ရှိ ဝိညာဉ်သားရဲမြင်းစောင်းတွင် နေရာချလိုက်ပြီး ကျောက်စိမ်းကောင်းကင်ဆီသို့ လင်ရှုနှင့်အတူ ဘေးချင်းကပ် လျှောက်လာသည်။


ရှန်းလင်တောင်ထွတ်က စိတ်ဝိညာဉ်စွမ်းအားများနှင့် ပြည့်နှက်နေပြီး လေထုသည်လည်း သေမျိုးကမ္ဘာနှင့်ကွဲပြားသည့် အသီးအရွက်ရနံ့များနှင့် ပြည့်နှက်နေသည်။ ဒီနေရာသို့ လာရောက်လျှင် မင်းရဲ့စိတ်ဝိညာဉ်က တဖြည်းဖြည်းချင်း သက်တောင့်သက်သာ ဖြစ်သွားပေမည် ။


ကြောင်လေးက လင်ရှု၏လက်မောင်းထဲတွင် သိချင်စိတ်ဖြစ်စွာဖြင့် ပတ်ကြည့်လာသည်။ 


“မြှောင်”


ကြီးမြတ်သည့်သခင်မလေးက ထိလိုက်ကာ ပြောလာသည်။


“ဘယ်သူနဲ့အတူ နေချင်လို့လဲ”


ထိုကြောင်က လင်ရှု၏လက်မောင်းထဲသို့ ခုန်ဝင်သွားကာ 


“မြှောင်”


ကြီးမြတ်သည့်သခင်မလေးက ပြောလာသည်။ “ဒါဆိုရင် မင်းက သူ့ကို ကာကွယ်ပေးရမယ်နော်”


ကြောင် : “မြှောင်”


လင်ရှုက သခင်မလေးနှင့်ကြောင်လေးရဲ့အကြားရှိ လေးနက်သည့်စကားဝိုင်းအား ကြည့်လိုက်သည်။ ထိုသည်က အရမ်းကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်သည့်အတွက် မနေနိုင်ဘဲ ရယ်မောမိတော့သည်။


သူ ပြုံးနေသည်ကို မြင်သည့်အခါ ကြီးမြတ်သည့်သခင်မလေး၏နှုတ်ခမ်းစွန်းတို့လည်း ပင့်တက်သွားရသည်။ 


နောက်တစ်ခဏမှာတော့ သူမ၏အပြုံးကို ဖယ်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားသည် ။


လင်ရှုက ထိုအမူအရာဟာ အလွန်အမင်း မှားယွင်းနေသည်ဟု ထင်လိုက်သည်။ နောက်တစ်ခဏမှာပဲ သူဟာ ကြီးမြတ်သည့်သခင်မလေး၏ညာလက်က သူမရဲ့နဖူးပေါ် ရောက်သွားကာ သူမရဲ့ပုံရိပ်က ယိမ်းထိုးလာသည် သူမက ရှေ့သို့လဲကျတော့မှာပင်။


သူ့နှလုံးခုန်နှုန်းက တစ်ခဏလောက် ရပ်သွားပြီး ချက်ချင်းပဲ ကြောင်အား အဝေးသို့ပစ်လိုက်ကာ ကြီးမြတ်သည့်သခင်မလေးအား ပွေ့ရန်ပြင်လိုက်သည်။


သို့သော် ဒါတွေအားလုံးက မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားသည့်အတွက် သူမအား အလုံးစုံမဖမ်းလိုက်နိုင်ပေ။ သူဟာ သခင်မလေး၏လက်မောင်းကိုသာ ဖမ်းမိလိုက်ပြီး သူ၏ဗဟိုချက်က မတည်ငြိမ်ပေ။ နောက်ဆုံးမှာတော့ လူနှစ်ဦးစလုံးက တောင်လမ်းမပေါ်သို့ လေးလံစွာ လိမ့်သွားတော့သည် ။


ကြောင်လေးသည်လည်း ပစ်ခံလိုက်ရပြီး ဆိုးရွားသည့်အသံဖြင့် ပြောလာသည်။ “မြှောင်!”


လင်ရှုထလာသည့်အခါ လင်းဖုန်းရှောင်က သတိမပေးဘာမပေးဖြင့် သတိလစ်သွားသည်ကို တွေ့လိုက်ရတော့သည်။


သူဟာ သူမရဲ့နဖူးကို စမ်းလိုက်ပြီးနောက် အပူလောင်လုနီးပါးပင် ။


သူက သူမရဲ့ဝိညာဉ်စွမ်းအားများကို ထပ်မံခံစားလိုက်ရသည်။ ကျစ်ကျစ်တောက်ပူနေသည့် ဝိညာဉ်စွမ်းအားများက အရူးအမူး ရုန်းကန်နေကာ မရီဒျန်များအား ဖြတ်သန်း၍ ပရမ်းပတာဖြစ်နေသည့်အစီအစဉ်ဖြင့် ပြေးလွှားနေပေသည်။


ဒါက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက လင်းရှောင်ဆီမှာ ဖြစ်ခဲ့တာမဟုတ်ဘူးလား။ ကြီးမြတ်တဲ့သခင်မလေးဆီမှာလည်း ဘယ်လိုလုပ်ပြီး ဖြစ်လာရတာတုန်း။


သို့သော်လည်း အကြောင်းအရင်းက ဘာပဲဖြစ်နေပါစေ လင်ရှုက ဖြစ်ရသည့်အကြောင်းအား သိသည့်အခါတွင် ပို၍သက်တောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရသည်။

80 07

သူက ဒီပြဿနာအား ကုသနိုင်သည်ဆိုသည့် အချက်ကလွဲ၍ တခြားအကြောင်းအရင်း မရှိတော့ပေ။


သို့သော်လည်း သူ့စွမ်းရည်အားသုံးရန် တစ်နာရီခန့် အချိန်ယူပေလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ သူဟာ ကြီးမြတ်သည့်သခင်မလေးအား ဝါးလုံးစံအိမ်ဆီသို့ အရင်ဦးဆုံး ခေါ်သွားပေးရပေမည်။


လင်ရှုက သူမ၏ခါးတစ်ဝိုက်တွင် လက်မောင်းတစ်ဖက်အား ထားလိုက်ပြီး သူ့ရင်ဘတ်အား မှီနေစေလိုက်သည်။ သူ၏တခြားလက်မောင်းက ထိုအမျိုးသမီး၏ ဒူးအားဖြတ်သန်းသွားကာ မင်းသမီးပွေ့သကဲ့သို့ သယ်သွားရန် စီစဉ်ထားတာပင်။


သူမအား ကိုင်လိုက်သည်။


သူမအား ကောက်ပွေ့လိုက်သည်။


—လေးလွန်းတယ်


လင်ရှု “……”


သူကပဲ အားအရမ်းနည်းနေတာလား။


ဘေးဘက်ရှိ ထိုကြောင်က စတင်လှောင်ပြောင်လာသည်။


“မြှောင်”


——————————


စာရေးသူမှာပြောစရာရှိတယ် :


သန်မာသောလင်ရှု၏အခက်အခဲများ : ကံကြမ္မာက လင်ရှုကို သူ မလုပ်နိုင်တဲ့အရာတွေကို အမြဲတမ်းလုပ်စေချင်တယ် 


လောကရဲ့ကိစ္စအရပ်ရပ်ကိုနားမလည်သော ရှောင် :


လောကကြီးရဲ့ဖြစ်ရပ်တွေက မှန်းဆလို့ မရနိုင်ဘူး။ အစ်ကိုရှောက်က ဒီလိုမတော်တဆမှုမျိုးက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ မှန်းဆမိမှာမဟုတ်ဘူး။


******