Ch 75
Viewers 4k

အပိုင်း (၇၅) အတင်းအစာကျွေးခံထားရသောဘဲ 


ကြီးကျယ်ခမ်းနားသည့် အမည်းရောင်လူအုပ်ကြီးကို မျက်နှာချင်းဆိုင်ရင်း ကြီးမြတ်သည့်သခင်မလေးက ပေါ့ပေါ့ပါးပါးပြောလာသည်။ “ထကြတော့”


စစ်သားများက ဒူးထောက်နေဆဲဖြစ်ကာ အရာရှိများစွာကလည်း ထမလာကြသေးပေ။ အလယ်ခေါင်ရှိ ခရမ်းရောင်ဝတ်ရုံနှင့်အရာရှိက ဦးခေါင်းကိုညွှတ်ကာ ပြောလာသည်။


“အရှင့်သမီးတော်မင်းသမီးဖုန်းယန်က ဒီနေရာကို ရောက်နေပြီး ကျွန်တော်မျိုးတို့က ကြိုဆိုဖို့ နောက်ကျသွားပါတယ်။ ပြစ်မှုက ခွင့်လွှတ်လို့ မရနိုင်ပါဘူး”


လင်းဖုန်းရှောင်ကပြောသည်။ “အဲ့လိုတွေမလိုပါဘူး”


အရာရှိပေါင်းများစွာက အံ့ဩလေးစားသည့်ဟန်ဖြင့် ထလာကာ ပြောလာသည်။ “အရှင်မင်းသမီးက ဒီနေရာမှာရှိနေမှန်း မသိလိုက်ဘူး…..”


“ဘာမှမဟုတ်ပါဘူး” လင်းဖုန်းရှောင်က ပြောလိုက်သည်။


“ဘာမှမဟုတ်ပါဘူး” ဆိုသည့်စကား ထွက်လာပြီးနောက် လင်ရှုက ထိုအရာရှိများဟာ ထပ်မံ၍ အနည်းငယ် ကြောက်ရွံ့တုန်လှုပ်သွားကြသည်ဟု သတိပြုလိုက်မိသည်။ ယွဲ့မိုက တစ်စုံတစ်ခုကို ကြောက်ရွံ့သည်မဟုတ်ပဲ အရှင့်သမီးတော်က ဘာအကြောင်းအရင်းမှမရှိဘဲ အလကားသက်သက် ရှာဖွေမည်မဟုတ်သည်ကို စိုးရွံ့တာပင်။


လင်းဖုန်းရှောင်က ပလိပ်ရောဂါအကြောင်းကို ထုတ်ပြောမလာပဲ ပြောလိုက်သည် :


“ကျွန်မကဒီတိုင်း အပျော်သက်သက်လာတာပါ။ ကျွန်မကို အဖော်ပြုပေးစရာမလိုဘူး။ တစ်ခုခုလိုရင် ရှင့်ဆီကို လာခဲ့ပါမယ်”


ထိုအရာရှိများက “ကောင်းပါပြီ” ဟု တုံ့ပြန်လိုက်ကာ “သူတို့၏ခွန်အားအလုံးစုံနှင့် ပူးပေါင်းပါဝင်ပါမည်” “ဧည့်ကြိုဆောင်ကို ချက်ချင်းစီစဉ်လိုက်” ဟူသော အမိန့်ပေါင်းများစွာ ပြောလာကြသည်။


ကြီးမြတ်သည့်သခင်မလေးက “ထွက်ခွာလို့ရပြီ” ဟုပြောကာ ထို့နောက်တွင်တော့ သူမမြင်းရဲ့ဇက်ကြိုးကို လှည့်လိုက်ပြီး တခြားသော လမ်းမရှည်ကြီးတစ်ခုဆီ ဦးတည်လိုက်သည်။


အနက်ရောင်ချပ်ဝတ်စစ်သည်တစ်အုပ်က လျင်လျင်မြန်မြန်ပဲ ရောက်လာကာ ပြန်လည်ထွက်ခွာသွားကြသည်။ သိပ်မကြာခင်တွင် လမ်းမပေါ်မှ ထွက်ခွာသွားပြီး ကျိုးတိုးကျဲတဲသာရှိသော လမ်းသွာလမ်းလာများက ဆက်လက်လျှောက်သွားကြသည်။ 


လင်ရှုက သူ့စိတ်ထဲတွင်တွေးလိုက်သည် ။


ဒေသဆိုင်ရာအုပ်ချုပ်သူတွေက ပေါင်စစ်ကို စစ်ပွဲမီးတောက် စတင်စေဖို့ဆိုတဲ့အချက်နဲ့ ပြုံးလာအောင် ပြုလုပ်ကြတယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့သခင်မလေးကတော့ ထိုသို့လုပ်စရာမလိုပေ။ ရိုးရိုးရှင်းရှင်းပင် ထိုနေရာတွင်ရပ်ကာ တည်ရှိနေရုံသာ လိုအပ်သည်။


သူက ထိုနေရာကနေ အကြည့်လွှဲလိုက်ကာ လမ်းဘက်သို့ ပြန်ကြည့်လိုက်သည်။


ကျောက်ယဲ့က နှေးသွားပြီး ထိုရှည်လျားတဲ့ လမ်းမတစ်လျှောက်တွင် ဖြည်းညှင်းစွာ လမ်းလျှောက်နေတော့သည်။


ထိုအချိန်က နေမွန်းတည့်ချိန် ဖြစ်လုနီးပါးပင်။ ရာသီဥတုက အေးစက်မနေသလို နေသာနေသည်။ သို့သော် သုံးမိုင်ခန့်ရှည်လျားသည့် လမ်းမပေါ်တွင်တော့ အတော်လေး တိတ်ဆိတ်နေသည်။ လမ်း၏ဘေးနှစ်ဖက်ရှိ ဆိုင်အများစုက ပိတ်သိမ်းထားပြီး သုံးလေးဆိုင်သာ သစ်သီးနှင့် အသီးနှင့်ပြုလုပ်ထားသည့် အဆာပြေမုန့်များကို ရောင်းချနေသည်။

79 02

“ကျန်းစီရင်စုရဲ့လက်ဖက်ရည်က ကောင်းတယ်” လင်ရှုက လင်းဖုန်းရှောင်ဟာ သူ့ဘာသာသူ ပြောနေသည်ကို ကြားလိုက်ရသည်။ “နေ့ခင်းကျ ကျွန်မ ရှင့်အတွက် လုပ်ပေးမယ်”


လင်ရှုက ပြောလိုက်သည်။ “ကျေးဇူးပဲ”


ကြီးမြတ်သည့်သခင်မလေး : “ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး”


အချိန်အကြာကြီး လမ်းလျှောက်ပြီးနောက် စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်ခြင်းကလွဲ၍ ဘာကိုမှမတွေ့ပေ။


ယခင်ကသူတို့ဟာ မြို့သေးသေးလေးများ၌ နေထိုင်ခဲ့ဖူးသည်။ ထို့ကြောင့် လူအများကြီးမရှိလျှင်ပင် သိပ်ပြီးကွာခြားမှုမရှိသင့်ပေ။ ကျန်းစီရင်စုကဲ့သို့ မြို့ကြီးများတွင် လမ်းသွားလမ်းလာအနည်းငယ်ပဲ ရှိနေကာ သူတို့သည်လည်း အလွန်အမင်း ဗလာဖြစ်နေပုံပေါ်သည်။


လင်ရှုကပြောသည်။ “မင်း မစုံစမ်းတော့ဘူးလား”


“ကျွန်မ စုံစမ်းမှာပါ” ကြီးမြတ်သည့်သခင်မလေးက ပြန်ဖြေသည်။ “နည်းနည်းလေး ကြောက်ရွံ့နေရုံပဲ”


ကြောက်ရွံ့တယ်။


ဒီကမ္ဘာကြီးထဲမှာ သခင်မလေး ကြောက်တဲ့အရာမျိုး ရှိသေးလို့လား။


လင်ရှုက မူလက စုံစမ်းစစ်ဆေးသည့်မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်သည်။ ဖြစ်သင့်သည်က ကြီးမြတ်သည့်သခင်မလေးဟာ တော်ဝင်အစောင့်တစ်စုကို ကျန်းစီရင်စုစံအိမ်တော်ဆီသို့ ခေါ်လာပြီး ဧည့်ကြိုခန်းတွင်ထိုင်ကာ ထို့နောက်တွင်တော့ အိမ်တွင်းရေးရာ မှတ်တမ်းစာအုပ်နှင့် ဒေသခံသမိုင်းမှတ်တမ်းအား အကြိမ်အနည်းငယ်မျှပင် လှန်မကြည့်ဘဲ လွှဲပြောင်းပေးလိုက်မည်။ အမှန်တရားအား ရှာတွေ့ပြီးနောက် သူမက ချက်ချင်းပဲ အရာရှိပေါင်းများစွာ၏ ခွေးခေါင်းများအား ဖြတ်ပစ်လိုက်မည်။


သူတွေးနေစဉ်မှာပဲ သူ့လက်ကို ကြီးမြတ်သည့်သခင်မလေးက ဖြည်းညှင်းစွာ ကိုင်လာသည်။


သူ့လက်များက သားမွှေးဝတ်ရုံထဲမှာပဲ အမြဲရှိနေသည့်အတွက် အတော်လေး နွေးထွေးလှသည်။ ကြီးမြတ်သည့်သခင်မလေးက မြင်းကိုထိန်းချုပ်နေရသည့်အတွက် သူမ၏လက်များက အမြဲတမ်းအပြင်မှာပင်။ ဒီတစ်ကြိမ်တွင်တော့ သေးသွယ်သည့် ကျောက်စိမ်းလက်ချောင်းများက ကျောက်စိမ်းကဲ့သို့ပင် အေးစက်နေသည်။


သူဟာ ကြီးမြတ်သည့်သခင်မလေးက ရှေ့ဘက်သို့ အနည်းငယ် ငုံ့ကိုင်းလာပြီး သူနှင့်နီးကပ်လာသည်ကို ခံစားလိုက်မိသည်။ သူမရဲ့အသံကနိမ့်နေကာ အနည်းငယ် အေးစက်နေသည်။


“ကျွန်မ အခုလေးတင်တွေးမိတာ ကျန်းစီရင်စုရဲ့ ပလိပ်ရောဂါက အသက်ပေါင်း ထောင်သောင်းချီလောက် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေတယ်။ ကောင်တီအရာရှိအနည်းငယ်က ဒီလို အဖြစ်ဆိုးမျိုးကို ခေါင်းမခံရဲကြတော့ ဖျားနာနေတဲ့လူတွေအားလုံးကို တစ္ဆေသောင်းချီအသူတရာချောက်နက်ထဲကို ပစ်ချလိုက်ကြတယ်။ ပိုပြီးရှိသေးတာက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီးသွားတာနဲ့ လူထုရဲ့ဒေါသကို ချက်ချင်းထကြွစေပြီး တော်ဝင်ခုံရုံးက အမှုကို ကြားနာလိမ့်မယ်…..” 


ကြီးမြတ်သည့်သခင်မလေး၏အသံက နိမ့်သထက်နိမ့်လာကာ နောက်ဆုံးတွင် ပျောက်ကွယ်လုနီးနီးပင်။


“ကျွန်မစိုးရိမ်တာက ဒီကိစ္စကို အရှင်မင်းကြီးက ခွင့်ပြုပြီးသား ဖြစ်နေမှာကိုပဲ”


လင်ရှု “…..”


ဒါက နည်းနည်းလေးတော့ ကြောက်ဖို့ကောင်းတာပဲ။


ကူးစက်ခံရသည့်လူများကို တစ္ဆေသောင်းချီအသူတရာချောက်နက်ထဲသို့ “ကုသရန်” ပစ်ထားခံလိုက်ရသည်ဟု သံသယရှိသည်။ ထို့ကြောင့် ပလိပ်ရောဂါပျံ့နှံ့မှုကို ဖြတ်တောက်ပြီးသည့်အခါ ဝမ်းကွဲဖြစ်သူနှင့် ချန်းမင်တို့နှစ်ဦးစလုံးက ပြင်းထန်သည့် ခံစားချက်များကို ပြသလာတာပင်။ ကြည့်ရသည်မှာ ထိုပလိပ်ရောဂါက ပြင်းထန်သည့်ကူးစက်ရောဂါမဟုတ်သည့်ပုံပင် အုပ်ချုပ်ရန် ဥပဒေရှိနေသေးကာ ထိုကဲ့သို့သော နည်းလမ်းမျိုးကိုလိုအပ်မည့် မည်သည့်အချက်မှမရှိပေ။

79 03

သူက ပြောလိုက်သည်။ “ငါတို့တွေ ဘာလုပ်ကြမလဲ”


“ရှင်နဲ့ကျွန်မနဲ့ ဒီနေ့လိုမျိုး ဟန်ဆောင်ကြမယ်” သခင်မလေးက ပြောလာသည်။


“ညဘက်ရောက်လို့ အချိန်ကျလာတဲ့အခါ ကျန်းစီရင်စု အစိုးရရုံးတော်ကို သွားပြီး အိမ်တွင်းရေးရာမှတ်တမ်းစာအုပ်နဲ့ ဒေသခံသမိုင်းမှတ်တမ်းစာအုပ်တွေကို သွားရှာကြမယ်။ ပြီးရင် အတိတ်တုန်းက အရှင်မင်းကြီးရဲ့တော်ဝင်အမိန့်ပြန်တမ်းများ ရှိမလားလို့ ရှာကြမယ်။ မရှိရင် မနက်ဖြန်ကျ သေသေချာချာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမယ်။ အကယ်၍ အဲလိုဆိုရင်တော့ ကျွန်မတို့ ဒီကိစ္စကို လက်လျှော့လိုက်မယ်”


လင်ရှု “အမ်း” ဟူသော အသံကို ထုတ်လိုက်သည်။


တကယ်ကြီးကို ဧကရာဇ်၏အမိန့်တော် ဖြစ်နေပါလျှင် မည်သို့ပင်ဖြစ်စေ ရေစီးရာဘက်ကို ပြောင်းပြန်လှန်ရန် မဖြစ်နိုင်ပေ။


သူဟာ ဖက်ဒရယ်အဖွဲ့အစည်းတွင် ကြီးပြင်းလာသည့် အမျိုးသားတစ်ဦး မဟုတ်ပေ။ ဒီကိစ္စကိုတွေးလိုက်ပြီးနောက် “အခွန်စည်းကြပ်တစ္ဆေ” အကြောင်း ပြန်တွေးမိသွားသည်။ ထို့နောက် သိသိသာသာကိုပင် ဆင်းရဲမွဲတေပုံပေါ်နေသည့် ဤမြို့ကြီးအား ပြန်ကြည့်လိုက်ပြီး လမ်းတစ်လျှောက်ရှိ ဥစ္စာဓနမကြွယ်ဝသည့် ထိုမြို့ရွာများကို ပြန်တွေးကြည့်လိုက်သည်။ သူ တွေးလိုက်သည်က ဧကရာဇ်ဟာ သိပ်ပြီးတော့ မကောင်းပေ။ လူ့အသက်များအား အတော်လေးဂရုမဲ့စွာ ပြုမူသလိုပင်။ 


သို့သော် သူ့အား လင်းရှောင်ယန်ဖြင့် အစားထိုးလိုက်ပါက ပိုဆိုးမည်ကိုပင် စိုးမိသည်။ 


ကြီးမြတ်သည့်သခင်မလေးလောက် ယုံကြည်စိတ်မချရပေ။ 


သို့သော် သူ့နှလုံးသားထဲတွင်သာ သီးသန့်တွေးတောလိုက်ပြီး ကြီးမြတ်သည့်သခင်မလေးက ဤအရာများကို တာဝန်ယူနေရသည်မှာ အတော်လေး စိတ်မချမ်းမသာ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ 


သူတွေးနေစဉ်မှာပဲ ကြီးမြတ်သည့်သခင်မလေး ပြောလာသည်ကို ကြားလိုက်ရသည်။


“အခုခေတ်ကသာ ပေါကြွယ်ဝဖြစ်ထွန်းတဲ့ခေတ်ဆိုရင် ရှင်နဲ့အတူ ကမ္ဘာကြီးကို လျှောက်ပတ်သွားပြီး တစ်သီးတခြားနေဖို့ ကောင်းမွန်တဲ့ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေရှာဖွေမယ်။ ပြီးရင်တော့ ဓားရေးအကြောင်း ပြောကြမယ်။ ရှင်က အခုလို ကျွန်မနဲ့အတူ လျှောက်ပတ်ပြေးလွှားပြီး ကိစ္စတွေမှာ ပါဝင်ပတ်သက်နေရတာကို သိပ်ပြီးတော့ မပျော်ရွှင်ဘူး”


လင်ရှုက ပြောသည်။ “ငါ့အတွက် ကိစ္စမရှိပါဘူး”


ပိန်ပါးနေသည့် လမ်းသွားလမ်းလာများအား ကြည့်ကာ တစ္ဆေသောင်းချီအသူတရာချောက်နက်၏အောက်ခြေရှိ အရိုးဖြူများကို တွေးလိုက်မိပြီး နောက်ဆုံးတွင်တော့ သူဟာ မည်ကဲ့သို့သောကမ္ဘာအား ရောက်လာသည်ကို နားလည်သွားတော့သည်။ လူသားများက အကျင့်ပျက်ခြစားကာ  လူ့အသက်များကို မြက်ပင်ကဲ့သို့သာ သဘောထားသော ကမ္ဘာတစ်ခုပင်။


သူ့တွင် ကြီးမြတ်သည့်သခင်မလေးသာ မရှိပါလျှင် သူ၏မရီဒျန်များအား ပြောင်းလဲနိုင်မည့် နည်းလမ်းတစ်ခုကို မရှာဖွေနိုင်လောက်ပေ။ အင်မော်တယ်လမ်းစဉ်အား မကျင့်ကြံနိုင်လောက်ကာ နှစ်အနည်းငယ်ကြာပြီးလျှင် သူသည်လည်း ထိုအရိုးဖြူများထဲမှတစ်ခု ဖြစ်သွားလောက်သည်။ 


ကြီးမြတ်သည့်သခင်မလေးကပြောသည်။


“ကိစ္စရှိနေတုန်းပဲ မူလက ထောင်ယွမ်ကျွင်းဆိုတာက သာမန်သေမျိုးကမ္ဘာကြီးထဲမှာ မဝင်ရောက်တဲ့ တစ်ကိုယ်တော် သွားလာနေတဲ့ အင်မော်တယ်အရှင်လေ။ ရှင်က သူ့ရဲ့တပည့်ဆိုတော့ ကမ္ဘာကြီးရဲ့အရေးတွေကနေ အဆက်ဖြတ်ထားသင့်တာ။ ဒါပေမဲ့ ကျွန်မမှာ မိသားစုတစ်ခုနဲ့ စဉ်းစားတွေးတောပေးဖို့ တိုင်းပြည်တစ်ခုရှိနေတယ်။ ကျွန်မက ဖုန်တောထဲမှာပဲ အချိန်အကြာကြီး နေလိုပေမဲ့ ရှင့်အတွက် အမြဲတမ်းစိတ်မကောင်းဖြစ်ရတယ်”


လင်ရှုက တစ်ခဏလောက်တွေးကာ ပြောလိုက်သည်။ 


“ဘာကွာခြားမှုမှ မရှိပါဘူး”


သူ့အတွက်ကတော့ အပြင်ဘက်ကဖုန်မှုန့်နှင့် အတွင်းထဲကဖုန်မှုန့်က သိပ်ပြီးကွာခြားချက်မကြီးပေ။ လူများသည့်နေရာများတွင်သာ နည်းနည်း စိတ်အနှောက်အယှက် ဖြစ်ရရုံဖြစ်သည်။

79 04

သူ့စကားများအား နားထောင်ပြီးနောက် ကြီးမြတ်သည့်သခင်မလေး၏ အသံတွင် အပြုံးအနည်းငယ် ရှိလာကာ ပြောလာသည်။


“ရှင်ဘယ်သူလဲဆိုတာကို မေ့သွားတယ် — အင်မော်တယ်အရှင် ဒီနေ့ဘာစားချင်ပါသလဲ”


လင်ရှုက ဆိုင်ခန်းများကိုကြည့်လိုက်ကာ စားရမည့်အရာမျိုး ဘာမှမရှိပေ။ အချိန်အကြာကြီး စဉ်းစားနေပြီးနောက် လင်ရှုက ဝါကျတစ်ကြောင်းကို ထုတ်ပြောလိုက်သည်။


“မင်းသဘောပဲလေ”


ကြီးမြတ်သည့်သခင်မလေးက သူ့အား ထပ်မံစနောက်လာကာ ပြောလာသည်။


“ကျွန်မ သဘောလား တကယ်လို့ ရှင်မကြိုက်ရင်ရော နည်းနည်းလေးပဲ စားမှာလား”


လင်ရှုက ပြောလာသည်။


“စားတာ များလွန်းနေပြီ”


ကြီးမြတ်သည့်သခင်မလေးကပြောသည်။


“ရှင်သာ နေ့တိုင်းနေ့တိုင်း နည်းနည်းလေးပိုစားပေးရင် အချိန်လွန်လာရင် အဲ့လောက် နည်းနည်းလေးစားတော့မှာ မဟုတ်ဘူး”


လင်ရှု “?”


အခု ကြီးမြတ်သည့်သခင်မလေးက ဟမ်းစတားတစ်ကောင်ကို ပျိုးထောင်နေတာ မဟုတ်ဟု ခံစားလိုက်ရသည်။ သို့သော် ထိုအစား ဝက်မွေးသည်က အရုပ်ဆိုးလွန်းသည်။ အတင်းအစာကျွေးခံရတဲ့ဘဲဆိုသည်ကသာ ပိုလို့သင့်တော်သည်။


ထိုအကြောင်းကို တွေးနေစဉ်မှာပဲ ကြီးမြတ်သည့်သခင်မလေးက သူ့လက်အား လွှတ်ပေးလိုက်သည်ကို ခံစားလိုက်ရသည်။


သူက တွေးကြည့်လိုက်သည်။ အခုလေးတင် ကြီးမြတ်တဲ့သခင်မလေးက တစ္ဆေသောင်းချီအသူတရာချောက်နက်ထဲရှိ လူထောင်သောင်းများစွာကို သူမရဲ့ဖခင်ဧကရာဇ်က သတ်ဖြတ်ဖို့ အမိန့်ပေးထားသည်ဟု သံသယရှိနေသည်။ ဖုန်မှုန့်ထဲမှာ နေထိုင်မည့်တစ်စုံတစ်ခုကိုလည်း တွေးနေသေးသည်။ ထို့ကြောင့် စိတ်အခြေအနေမကောင်းတော့ဘဲ သူ့လက်အား ကိုင်လာတာပင်၊ အခုတော့ စိတ်အခြေအနေ ပိုကောင်းလာသည့်အတွက် လွှတ်ပေးလာသည်။


ကြည့်ရသည်မှာ သူက ဗျပ်စောင်း နည်းနည်းတီးခတ်ရုံအပြင် ကြီးမြတ်သည့်သခင်မလေး၏ စိတ်ခံစားချက်ကိုပါ တည်ငြိမ်စေနိုင်ပုံရသည်။ ထိုသည်က သိပ်ပြီးတော့ အသုံးမဝင်သော်ငြားပေါ့။


ကြီးမြတ်သည့်သခင်မလေးတွင် စိတ်ပျက်ဖွယ်ကောင်းပြီး အလုပ်အင်အား လွန်ကဲသည့် ကိစ္စရပ်များစွာရှိကာ အမှန်တကယ်ကိုပင် စိတ်ရှုပ်နေသည်။ သူ့ကို ထိသည်ကသာ သူမ၏စိတ်အခြေအနေကို အမှန်တကယ် သက်သာစေနိုင်ပါလျှင် ထိုသည်က သူ၏လူသားအလက်ဂျစ်ကို ကျော်လွှားပြီး သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် ကူညီထောက်ပံ့ပေးဖို့ လက်ဦးမှုယူရန်က သူ့အတွက် ကြီးမားသည့်စတေးမှုမဟုတ်ပေ။


******