Ch 78
Viewers 4k

အပိုင်း (၇၈) မျက်လုံးနဲ့မြင်တာထက်ပိုသေးတယ်


ထိုအကြောင်းအား တွေးနေစဉ်မှာပင် ကြီးမြတ်သည့်သခင်မလေး၏ မျက်တောင်များက တဖြည်းဖြည်းချင်း ခတ်လာကာ သူမမျက်လုံးများက ဖြည်းညှင်းစွာဖွင့်လာသည်။


ရှေးဆိုရိုးတွင် “နဂါးတစ်ကောင်အား ရေးဆွဲ၍ အဆုံးသတ်စုတ်ချက်အနေဖြင့် မျက်လုံးများကို အစက်ချလိုက်သည်က အသက်ဝင်လာစေသည်” ထိုသည်က ချဲ့ကားထားသော်လည်း အမှန်ပင်ဖြစ်သည်။ သူမ၏မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင် လင်းဖုန်းရှောင်၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှန်းလဲ့တောက်ပနေသည်။ သို့သော်လည်း သူမမျက်လုံးထဲရှိ လတ်တလောမှ နိုးထလာသည့် မိန်းမောနေဟန် အရိပ်အယောင်များက ပုံမှန်ကဲ့သို့ မြင့်မား၍ အင်အားကြီးမားဟန် မရှိပေ။


ထို့နောက် ကြီးမြတ်သည့်သခင်မလေးက ကိုင်ထားသည့်လက်နှစ်စုံကို ကြည့်လိုက်ကာ အနည်းငယ် ရှက်ရွံ့သွားသကဲ့သို့ပင်။


လင်ရှုက အခွင့်အရေးယူ၍ သူ့လက်အား ဆုတ်လိုက်ရန် ကြိုးစားလိုက်သည်။


ကြီးမြတ်သည့်သခင်မလေးက အနည်းငယ်ရှက်ရွံ့နေသော်လည်း လွှတ်ပေးမလာပေ။


လင်ရှု “……”


ကောင်းပြီလေ


မင်း ကြိုက်သလောက် ကိုင်ထားနိုင်တယ်။


ထို့နောက် ကြီးမြတ်သည့်သခင်မလေးက အခန်းထဲကို ကြည့်နေသည်အား တွေ့လိုက်ရသည်။


ကြီးမြတ်သည့်သခင်မလေး၏ထက်ရှမှုနှင့်ဆိုလျှင် ဘာဖြစ်နေသည်ကို ချက်ချင်းပင် ခန့်မှန်းနိုင်လောက်မည်။


သို့သော် ကြီးမြတ်သည့်သခင်မလေးက ချက်ချင်း ပြောမလာသေးဘဲ ထိုအစား ထထိုင်ရန် ထောက်ကန်လိုက်ကာ အိပ်ရာ၏အမှီပေါ်သို့ မှီထားရင်း နွေးထွေးသည့်အသံဖြင့် ပြောလာသည်။


“ကြမ်းပြင်ပေါ်မှာ အေးတယ်။ အိပ်ရာပေါ်ကို လာခဲ့”


လင်ရှုက အနည်းငယ် ရှက်ရွံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ကြီးမြတ်သည့်သခင်မလေးက အမိန့်ပေးလာသည်ဆိုမှတော့ မျက်နှာချိုသွေးရန် အိပ်ရာ၏အဖျားနားတွင် ထိုင်ရုံသာ တတ်နိုင်သည်။


ကြီးမြတ်သည့်သခင်မလေးက ပြည့်ပြည့်ဝဝ ပြန်မကောင်းလာသေးပေ။ သူမ၏အနက်ရောင်ဆံပင်များက ပြန့်ကျဲနေကာ အနည်းငယ် ပျင်းရိနေသည်။ သူမက သူ့လက်အား ကိုင်ကာ မေးလာသည်။


“ရှင် ဝိညာဉ်စွမ်းအား စုစည်းခြင်းဆေးလုံးကို သောက်လိုက်တုန်းလား”


လင်ရှု “…”


ကြီးမြတ်တဲ့သခင်မလေး မင်းက ဘယ်လိုလုပ်ပြီး ဝိညာဉ်စွမ်းအား စုစည်းခြင်းဆေးလုံးကို သိနေရတာလဲ။


သူက နိုးနိုးကြားကြား ဖြစ်သွားကာ ပြောလိုက်သည်။ “အင်း”


ကြီးမြတ်သည့်သခင်မလေးက မေးလာသည်။


“အဲဒါက နာသလား”

82 02

သူက ပြောလိုက်သည်။


“အဲဒီလောက် မနာတော့ပါဘူး”


ကြီးမြတ်သည့်သခင်မလေးက သူ့အားကြည့်ကာ တစ်ခဏကြာပြီးနောက် ပြောလာသည်။


“ကျွန်မ တောင်းပန်ပါတယ်”


လင်ရှု : “ရပါတယ်”


ကြီးမြတ်သည့်သခင်မလေးကပြုံးကာ ဘာမှပြောမလာပေ။ သူမ၏အမူအရာအား ကြည့်ပြီးနောက် သူမကို ကြည့်ရသည်မှာ အာရုံထွေပြားနေဟန် ရှိသည်။


တစ်ခဏကြာပြီးနောက် သူမကပြောလာသည်။


“ကျွန်မကလေးဘဝတုန်းက ဒီလိုမျိုး နေမကောင်းဖြစ်တဲ့အချိန်မှာ ရက်ပေါင်းတစ်ရာကျော်လောက် နာကျင်ခဲ့ရတယ်”


အထိန်းအကွပ်မဲ့ပြီး မရီဒျန်ထဲတွင် လျှောက်ပြေးနေသည့် ထိုကဲ့သို့သော ဝိညာဉ်စွမ်းအားမျိုးက တကယ်ကိုနာကျင်ရမည်ပင် လင်ရှုက ထိုသည်အားသိသည်။


မရီဒျန်များက နူးညံ့ကာ သိမ်မွေ့နေဆဲဖြစ်သည့် ကလေးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအားများကို အများကြီး သည်းမခံထားနိုင်ပေ။ ထို့ကြောင့် ပိုပြီးနာကျင်ရလောက်သည် ။


ကြီးမြတ်သည့်သခင်မလေးတွင် သာမန်လူများမယှဉ်နိုင်သည့် ပါရမီတစ်ခုရှိသည်၊ သို့သော် ထို့အတွက်ကြောင့်ပင် သာမန်လူများအတွက် စိတ်ပင်မကူးဖူးသည့် နာကျင်မှုမျိုးကိုလည်း ခံစားရသည်။


“အဲဒါက အရှင်ထောင်ယွမ်ကျွင်း ရောက်လာပြီး သူ့ရဲ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကို အသုံးပြုလို့ ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မီးချီဓာတ်ကို ဖြေရှင်းပေးတဲ့ အချိန်မတိုင်ခင်အထိပဲ၊ နောက်တော့ ပိုကောင်းလာတယ်၊ ဒါကြောင့်ပဲ အရှင်ထောင်ယွမ်ကျွင်းကို အမှတ်ရနေပြီး သူ့ရဲ့ဓားရေးနည်းစနစ်ကို မြင်ဖူးခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့အမေက အရှင်ထောင်ယွမ်ကျွင်းလိုလူကို ဘယ်လိုရှာတွေ့ခဲ့သလဲဆိုတာနဲ့ သူက ကျွန်မကို ဘာလို့ ဓားရေးနည်းစနစ်ကို သင်ပေးချင်ရတာလဲဆိုတာကို ပြောမပြချင်ဘူး။ ရှင်က အတိတ်ကိုမေ့သွားပြီဆိုတော့ ရှင်မသိတာလည်း ဖြစ်နိုင်တယ်”


လင်ရှု “အင်း”


—အဲဒါက အတိတ်ဆိုတာထက်ကို ပိုသေးတယ်။ သူက အရှင်ထောင်ယွမ်ကျွင်းက ဘယ်လိုပုံစံဆိုတာတောင် မသိဘူး။


သူသိတဲ့ တစ်ခုတည်းသောအရာက ဒီလူ့မှာ <<အဆုံးမဲ့ပူဆွေးခြင်း>>ဆိုတဲ့ ဓားရေးနည်းစနစ်တစ်ခု ရှိတယ်ဆိုတာနဲ့ ဓားသခင်စံအိမ်တော်ကလူတစ်ယောက် ဖြစိတယ်ဆိုတာပဲ  


“အရှင်ထောင်ယွမ်ကျွင်းက တစ်ကိုယ်တော် ကျင့်ကြံတဲ့သူဖြစ်ပြီး မြင့်မြတ်တဲ့ အကြီးအကဲတစ်ယောက်ပဲ။ သူ့မှာ ထူးချွန်ပြောင်မြောက်တဲ့ ကျင့်ကြံဆင့်လည်း ရှိသေးတယ်။ ကျွန်မက သူ့ကို အရမ်းကို လေးစားတာ။ သူ ထွက်သွားတော့မဲ့ အချိန်ရောက်တော့ ကျွန်မက အရမ်းဝမ်းနည်းပြီး ဘယ်တော့ထပ်တွေ့ရမလဲလို့ မေးခဲ့တယ်။ အရှင်ထောင်ယွမ်ကျွင်းပြောတာက ‘ကံကြမ္မာကသာ ခွင့်ပြုရင် ငါတို့တွေက သဘာဝအတိုင်းပဲ ပြန်တွေ့လိမ့်မယ်’တဲ့”


—ကံကြမ္မာကသာ ခွင့်ပြုရင် ငါတို့တွေက သဘာဝအတိုင်းပဲ ပြန်တွေ့လိမ့်မယ်။ ဒါက ထောင်ယွမ်ကျွင်းက အရူးလေးအတွက် ထားခဲ့တဲ့စာမှာလည်းပါတာပဲ။


သို့သော် ကံကြမ္မာဆိုသည့်အရာက ပြောရလျှင် အလွန်ဆန်းကြယ်လှသည်။ ထို့ကြောင့် လင်ရှုက ထိုသည်အား အဓိပ္ပာယ်မရှိဘဲ ပဟေဠိဆန်သည့် စကားလုံးများအဖြစ်သာ မှတ်ယူလိုက်သည်။


“ကျွန်မအမေက မေးတယ်။ ကျွန်မသာ ထပ်ပြီးနေမကောင်းခဲ့ရင်ရောဆိုတော့ အရှင်ထောင်ယွမ်ကျွင်း ကျွန်မကိုပြောခဲ့တာက ကျွန်မကို လူတစ်ယောက်ဆီ စိတ်ချလက်ချ အပ်နှံထားခဲ့တယ်တဲ့။ ကျွန်မကြီးပြင်းလာရင် သူ့ကို တွေ့ရလိမ့်မယ်။ အဲဒီအခါကျရင် ရောဂါကလည်း ဖြေရှင်းလိုက်နိုင်မယ်တဲ့လေ”

82 03

လင်းဖုန်းရှောင်ကပြုံး ကာဆက်ပြောလာသည်။ 


“ဒါပေမဲ့လည်း ကျွန်မရဲ့ဝိညာဉ်စွမ်းအားတွေကို ဖြေရှင်းနိုင်ဖို့ ရှင် ခံစားရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကျွန်မ သတိလစ်မော့မြောနေတာက ပိုကောင်းပါတယ်”


လင်ရှုက ပြောလိုက်သည်။ “အဆင်ပြေပါတယ်”


သူက နာကျင်မှာကို ကြောက်တတ်သည့် လူတစ်ယောက်မဟုတ်ပေ။ သို့သော် သခင်မလေးတွင်တော့ မတော်တဆဖြစ်၍ မရပေ ။


ပိုပြီးရှိသေးသည်က ကြီးမြတ်သည့်သခင်မလေးလို လှပသည့်မိန်းကလေးတစ်ဦးက တစ်ချိန်လုံး အိပ်စက်နေရသည်မှာ တကယ်ကိုနှမြောစရာပင်။


သူက ပြောလိုက်သည်။ “ဒါဆိုရင် ငါ ကျင်းဖုန်းရှီးယွီဥယျာဉ်ကို သွားပြီး မင်းနိုးလာပြီလို့ ပြောလိုက်မယ်”


ကြီးမြတ်သည့်သခင်မလေးက ငြင်သာစွာ ပြောလာသည်။


“မသွားနဲ့”


ထို့နောက် အနီရောင်ပိုးထည်ဘရိုကိတ်စောင်ကို ဘေးဖယ်လိုက်ကာ မှီလိုက်ပြီး သူ့အား ပြောလာသည်။ “နောက်မှသွား”


လင်ရှု ပဟေဠိဖြစ်သွားသည်။ “…”


ကြီးမြတ်သည့်သခင်မလေးက ပြောသည်။


“အရှင်ထောင်ယွမ်ကျွင်းကနေ ကျွန်မကို ရှင့်အကြောင်း ပြောကတည်းက ကျွန်မက ရှင့်အကြောင်းကိုပဲ တွေးနေခဲ့တာ။ ဒါပေမဲ့ ရှင်ကတော့ အရာအားလုံးကို မေ့သွားတယ်။ ရှင်က အပြစ်ပေးခံးသင့်တယ်”


လင်ရှုက အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ ပြောရလျှင် သူက ထိုအရုးလေး၏ခန္ဓာကိုယ်အား အပိုင်ရလိုက်သည်က ထိုအရူးလေးက ရေထဲသို့ပြုတ်ကျသွားပြီး ရေနစ်သွားသောကြောင့်ပင်။  ပြန်တွေးကြည့်လိုက်သည့်အခါ ဒီအခွံတွင်သာ မူလဝိညာဉ်ရှိပါလျှင် သူစိုးရိမ်မိသည်က ကြီးမြတ်သည့်သခင်မလေးဟာ ညစ်ပတ်သည့်မျက်နှာနှင့် စိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်နေသည့် အရူးတစ်ယောက်နှင့် တကယ်ကြီး မျက်နှာချင်းဆိုင်ရမည်ကို ဖြစ်သည်။


—အဲဒီအချိန်တုန်းက အရိုးပေါ်အရေတင်ပဲ ဖြစ်နေသေးမှာစိုးတယ်။


သို့သော်လည်း နောက်ထပ်ပြဿနာတစ်ခု ပါဝင်လာပြန်သည်။


ကြီးမြတ်သည့်သခင်မလေး ပြောသလိုပင်။ အရှင်ထောင်ယွမ်ကျွင်းဆိုသည်က တစ်ကိုယ်တော်လှည့်လည်သည့် အင်မော်တယ်အရှင်တစ်ပါးဖြစ်သည်။ မရီဒျန်လုံးဝမရှိတဲ့ အရုးတစ်ယောက်ကို သူ့တပည့်အဖြစ် ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာတဲ့လဲ။


လင်ရှုက နားမလည်နိုင်သည့်အတွက် အရှုံးသာ ပေးလိုက်သည်။


ကြီးမြတ်သည့်သခင်မလေးက မပျော်မရွှင်ဖြင့် ပြောလာသည်။


“ရှင်က အာရုံထွေပြားနေတာပဲ”


လင်ရှုက သူ့နှာခေါင်းအား ထိလိုက်သည်။


“ဆရာသခင်ထောင်ယွမ်ကျွင်းကို သတိရသွားလို့ပါ”


သူက အသိပြန်ဝင်လာပြီး အရင်က ကြီးမြတ်သည့်သခင်မလေး ပြောဖူးသည်အား တွေးလိုက်သည်။


—သူမပြောသည်က သူမက သူ့ကို အပြစ်ပေးမည်ဟုပင်။


သူက မေးလိုက်သည်။ “ငါ့ကို ဘယ်လိုအပြစ်ပေးမှာမလို့လဲ”


ကြီးမြတ်သည့်သခင်မလေးက သူမရဲ့မျက်ခုံးအား ပင့်လိုက်ကာ သူ့အား တစ်ခဏလောက် ကြည့်လိုက်ပြီးနောက် ပြောလာသည်။


 “ရှင်က အပြစ်ပေးခံရသင့်တယ်ဆိုပေမဲ့လည်း ချစ်ဖို့ကောင်းနေတော့ ရှင့်ကို အပြစ်မပေးတော့ဘူး”

82 04

ပြောင်းလဲလွယ်လိုက်တာ…


လင်ရှုက သူ့ခေါင်းအား စောင်းလိုက်ပြီး ပြောလာသည်။


“ကြီးမြတ်တဲ့သခင်မလေးက ကျွန်တော့်ကို အလွတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”


ကြီးမြတ်သည့်သခင်မလေးက ရယ်မောကာ ရုတ်တရက်ပင် အနောက်ဘက်မှနေ၍ သူ့အားဖက်ရန် လက်ဆန့်လာသည်။ မူလက လက်တစ်ဖက်စီဟာ အတူတကွ ကိုင်ထားကြပြီး သို့သော် ယခုတွင်တော့ တခြားလက်တစ်ဖက်သည်လည်း ဖုံးအုပ်သွားတော့သည်။ သူမက သူ၏လက်ငါးချောင်းအား ဆုပ်ကိုင်လိုက်ပြီး စကားမပြောပေ။


ဤနီးကပ်သည့်ထိတွေ့မှုကြောင့် လင်ရှုက ဖြည်းဖြည်းမှန်မှန် အသက်မရှုနိုင်တော့ပေ။ သို့သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က လမ်းပေါ်တွင် ရှိနေစဉ်၌ လူနှစ်ဦးဟာ တစ်ချိန်လုံးထိုကဲ့သို့သော အနေအထားဖြင့် ရှိနေခဲ့သည်။ ထို့ကြောင့် သူက မည်သည့်လွန်ကဲသည့် အမူအရာကိုမှ မလုပ်ခဲ့ပေ။


—ကြီးမြတ်သည့်သခင်မလေးပြောသည်က သူ့ကို ချစ်စရာကောင်းသည့်အတွက် အပြစ်မပေးတော့ဘူး ဟုပင်။ သူ၏မည်သည့်အပိုင်းက ချစ်စရာကောင်းနေသည်အား မသိသော်လည်း ကြီးမြတ်သည့်သခင်မလေး၏အလှကတော့ အစစ်အမှန်ပင်။ ကောင်းပြီလေ…ကြီးမြတ်တဲ့သခင်မလေးက လှတယ်ဆိုတာနဲ့တင် သူ့လက်ချောင်းတွေကို သူမ ကစားရအောင်လို့ လိုလိုလားလား ပေးထားလိုက်ပါမယ်။ သူက ကြီးမြတ်သည့်သခင်မလေးအား ကြည့်ရန် သူ့ခေါင်းအား အနည်းငယ် လှည့်လိုက်သည်။ ထိုသခင်မလေး၏တစ်ဝက်ပိတ်ထားသော မျက်ဝန်းများနှင့် မျက်တောင်များက သူမအား တိတ်ဆိတ်ပြီး အေးချမ်းစေသော အသွင်မျိုး ပြုလုပ်နေသည်ဟု ခံစားလိုက်ရသည်။ သူဟာ ငါးပူတင်းလေးအား လုံးလုံးမတွေ့ရပေ။ 


ထို့ကြောင့် ကြီးမြတ်သည့်သခင်မလေး၏ စိတ်အခြေအနေ ကောင်းနေသည်အား အခွင့်ကောင်းယူကာ မဝံ့မရဲမေးလိုက်သည်။


“ငါ ဟွမ်သန်းတောင်ထွတ်ကို သွားနေတဲ့ရက်တွေတုန်းက ဘာတွေလုပ်နေခဲ့လဲ”


ကြီးမြတ်သည့်သခင်မလေးက ပြောသည်။


“တော်ဝင်မြို့တော်ကို တစ်ရက်လောက် သွားတယ်။ ပြီးတော့……”


“ပြီးတော့” ဆိုသော စကားလုံးအား ပြောပြီးနောက် သူမက ရုတ်ချည်းပင် ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။ တစ်ခဏကြာပြီးနောက် လင်ရှုက သူမအသံကို ထပ်ကြားလိုက်ရသည်။


“အဲဒီနောက် ရှင့်ကို တွေ့ဖို့လာခဲ့တယ်”


လင်ရှုက အချိန်ဟာ နည်းနည်းလေး မှားနေသည်ဟု ခံစားလိုက်ရသည်။


အကယ်ဒမီမှ ဟွမ်သန်းတောင်ထွက်ကို သွားသည့်လမ်းက နှစ်ရက်သာကြာသည်။


ကောင်းကင်ဘုံလှေကားထစ်နဲ့ အနားသတ်မဲ့တဲ့ဝင်္ကပါက အဲ့လောက်ထိ အချိန်မကြာဘူး။ အများဆုံးမှ တစ်ရက် နှစ်ရက်လောက်ပဲ၊ သိမ်မွေ့သောနတ်သမီးကုန်းမြေက ဆယ်ရက်ထက် ပိုကြာတယ်။


တော်ဝင်မြို့တော်ကို သွားပြီးတဲ့နောက်နေ့ သူ့ကိုရှာဖို့ ကြီးမြတ်တဲ့သခင်မလေးက လာမယ်ဆိုရင် သူတို့တွေ အချင်းချင်း ပြန်တွေ့တာ အချိန်အကြာကြီး ရှိသင့်သည်။ အဲဒီအစား သူမနဲ့ပြန်တွေ့ဆုံတာက ဟွမ်သန်းတောင်ထွတ်ကနေ ဆင်းလာပြီး တစ္ဆေသောင်းချီအသူတရာချောက်နက်ကို လည်ပတ်ပြီးမှပင်ဖြစ်သည်။


ကြီးမြတ်သည့်သခင်မလေးက သူ့အားကြည့်၍ ရုတ်တရက်ပင် ပျော်ရွှင်စွာပြုံးလာသည်။


ထို့နောက် သူ့လက်အား လွှတ်ကာ သူ့ကို ပြန်ဆွဲလိုက်သည်။ သူတို့က နူးညံ့သောအိပ်ရာပေါ်တွင် ဘေးချင်းကပ်လျက် လဲနေကြသည်။


ငွေရောင်ချိတ်လေးတွင် ချိတ်ဆွဲထားသည့် မိုးကာစက လူနှစ်ဦး၏လှုပ်ရှားမှုကြောင့် ဆုတ်ပြဲသွားသည်။ သို့သော်လည်း အနီရောင်ပိတ်ကျဲစ လိုက်ကာကတော့ နွေးထွေးကာ အလင်းရောင် ဖြာကျနေသည့် ပိတ်ကျဲစက လှုပ်ယမ်းနေပြီး လူတွေအား တစ်ခဏခန့် မိန်းမောနေစေသည်။


ကြီးမြတ်သည့်သခင်မလေးက ယခုကဲ့သို့သောလေထုအား နှစ်သက်ပုံရသည်။ သူမရဲ့မျက်လုံးအား ငြင်သာစွာ ပိတ်လိုက်ကာ ပြောလာသည်။

82 05

“ရှင် အဲဒီအကြောင်းကို ဂရုတစိုက် တွေးကြည့်လို့ရတယ်”


လင်ရှုက အဲဒီအကြောင်းအား ဂရုတစိုက် တွေးကြည့်လိုက်သည်။


ကြီးမြတ်သည့်သခင်မလေး၏စကားလုံးထဲတွင် တခြားသောအဓိပ္ပာယ်တစ်ချို့ ရှိနေသည်ဟု ခံစားရသည်။


သူက ပြောလိုက်သည်။ “ဝမ်းကွဲနဲ့ငါ ဟွမ်သန်းတောင်ထွတ်ကို အတူတူသွားခဲ့တယ်။ နောက်တော့ တစ္ဆေသောင်းချီအသူတရာချောက်နက်ကို သွားတယ်။ ပြီးတော့ မင်း ရောက်လာတာပဲ”


ကြီးမြတ်သည့်သခင်မလေးက စကားမပြောဘဲ နောက်မှပြောလာသည် :


“ရှင်သာ ဒီလိုမျိုးဆိုရင် ရှင်တစ်ယောက်တည်း အပြင်မှာရှိနေတုန်း ကျွန်မက ဘယ်လိုလုပ် စိတ်ချနိုင်ပါ့မလဲ။ တစ်ယောက်ယောက်ကသာ ဂရုမစိုက်ဘူးဆိုတာနဲ့ ရှင် ရောင်းစားခံလိုက်ရမှာတောင် ကျွန်မ စိုးမိတယ်”


လင်ရှု “?”


ကြီးမြတ်တဲ့သခင်မလေး ငါက ရူးနေတာမဟုတ်ဘူးလေ။


ချုံကိုပတ်ပြီး ရိုက်နေတဲ့အသံကို ကြားတယ်နော်။ ငါ့ကို သွယ်ဝိုက်ပြီး ရူးတယ်လို့ခေါ်နေသလိုပဲ။


သူ့အား ရူးသည်ဟုပြောသော်လည်း ဒီနည်းအားဖြင့် ကြီးမြတ်သည့်သခင်မလေး၏စကားလုံးတွင် တခြားသောအဓိပ္ပာယ်များ ရှိနေသည်ဟု သက်သေပြပြီးသား ဖြစ်သွားသည် 


သူ့တွင် ရဲတင်းသောအကြံတစ်ခု ရှိလာသည်။


သူက သူ့လက်အား လင်းဖုန်းရှောင်၏ခါးနားတစ်ဝိုက်တွင် ထားလိုက်သည်။


ထိုနှစ်ယောက်က အလွန်အမင်း နီးကပ်နေကာ ထို့ကြောင့် ဒီအပြုအမူက ရဲတင်းနေသလို ဖြစ်နေသည်။


သူ၏လက်ချောင်းထိပ်က ကြီးမြတ်သည့်သခင်မလေး၏ ခါးဘေးနားရှိ ရွှေရောင်ရွှေချည်ထိုးထားသည်အား ထိတော့မည့်အချိန်မှာပဲ ကြီးမြတ်သည့်သခင်မလေးက ပြောလာသည်။


“နာတယ်” 


လင်ရှုက မွန်းကျပ်သွားသည်။


ကြီးမြတ်သည့်သခင်မလေးရေ… ဝမ်းကွဲက ဒီနေရာမှာ ထိခိုက်သွားတာ ဆိုတော့ မင်းကရော ဘာလို့ နာနေရတာလဲ။


သူက ပြောသည်။ “မင်းက…..”


သူက ရုတ်တရက် ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။


ဝမ်းကွဲတွင်လည်း ထိန်းချုပ်မှုကင်းလွတ်သည့် ဝိညာဉ်စွမ်းအား ပြဿနာရှိသည်။ ထို့အတူ ကြီးမြတ်သည့်သခင်မလေးရောပင်။


သူ ပြန်ဆွဲရန် ကြိုးစားသည့်အခါ ဝမ်းကွဲဖြစ်သူကလည်း သူ့လက်အား ဖမ်းလိမ့်မည်ဖြစ်ပြီး ကြီးမြတ်သောသခင်မလေးရောပင်။


ဝမ်းကွဲ၏ဓားရေးစွမ်းရည်က ထူးကဲသာလွန်ကာ ကြီးမြတ်သည့်သခင်မလေး၏ ဓားရေးစွမ်းရည်ကလည်း အတူတူပင်။


ဝမ်းကွဲက အနီရောင်ကို တစ်စိတ်တစ်ပိုင်းဝတ်ကာ ကြီးမြတ်သည့်သခင်မလေးကလည်း အနီရောင်ကို ဝတ်သည်။


ဝမ်းကွဲကလည်း နိဗ္ဗာန်ဘဝကိုသိကာ ကြီးမြတ်သည့်သခင်မလေးရောပင်။


ပြီးတော့ ယခုအခါ ရှေ့စကားနောက်စကား မညီသည့် နည်းလမ်းက အဲဒါကို သက်သေပြပြီးသားဖြစ်သွားသည်။


အကယ်၍ ကြီးမြတ်သည့်သခင်မလေးနှင့် ဝမ်းကွဲတို့ကသာ တူညီသည့်လူတစ်ယောက်မဟုတ်လျှင် ကြီးမြတ်သည့်သခင်မလေး၏ဘေးဘက်တွင် ဒဏ်ရာတစ်ခု ရှိမည်မဟုတ်ပေ။ သူ ထိတော့မည့်အခါတွင်လည်း နာသည်ဟု ပြောမည်မဟုတ်ပေ။

82 06

သို့သော် ကြီးမြတ်သည့်သခင်မလေးက နာသည်ဟု ပြောလာသည်။


ထို့ကြောင့် ကြီးမြတ်သည့်သခင်မလေးနှင့် ဝမ်းကွဲဖြစ်သူက လူတစ်ယောက်တည်း ဖြစ်ရမည်။


ဒီအကြောင်းပြချက်ဖြင့် ပတ်သက်၍ မည်သည့်ပြဿနာမှမရှိပေ။ သို့သော် ရလဒ်ကတော့ ယုံကြည်ရန် ခက်ခဲသည်။


လင်ရှု၏တစ်ကိုယ်လုံးက မှင်တက်သွားတော့သည်။


ကြီးမြတ်သည့်သခင်မလေးက ပြုံးကာ မေးလာသည်။


“ရှင် နားလည်ရဲ့လား”


“ငါ…..” လင်ရှုက ခက်ခဲစွာ ပြောလာသည်။ “ငါ နားလည်ပါတယ်”


—ဆိုတော့ နောက်ဆုံးတစ်ကြိမ် ဝမ်းကွဲက သူ့ကို ဆံညှပ်တစ်ခု ပေးလာပြီး နှုတ်ဆက်စကားပြောလာကာ သူ့ကို ဂရုစိုက်ရန်ပြောလာတုန်းက ဒီပြဇာတ်မှာ အရမ်းကို ပါဝင်မိသွားတာလား။


ပြီးတော့ အဲဒီည—အဲဒီညပဲ။


ဝမ်းကွဲက သူ့အခန်းကိုလာကာ နှုတ်ဆက်စကား ပြောလာပြီး ထွက်ခွာရန် ဟန်ဆောင်လိုက်သည်။ တကယ်တမ်းတော့ သူ့အခန်းကိုပြန်ကာ ရွှမ်းကျယ်အရိုးတည်တောက်ပုံအနုပညာနှင့်ပုံရိပ်ယောင်ဆေးလုံးရဲ့သက်ရောက်မှုကို ဖယ်ရှားပြီး သူ၏မူလပုံရိပ်သို့ ပြန်ပြောင်းလိုက်ရုံသာ ဖြစ်သည်။ အဲဒီနောက် မနက်တွင် မိတ်ကပ်လိမ်းကာ ပြောလာသည် ။


“မတွေ့ရတာကြာပြီနော်”


မတွေ့တာကြာပြီ ဟား… ဟုတ်တာပေါ့…


ချန်းမင်ကလည်း ပြောလာသည်။ ညလယ်တွင် ကျောက်ယဲ့၏မြင်းခွာသံများကို ကြားလိုက်ရသည်ဟုပင်။ ကျောက်ယဲ့က သူ့ဘာသာလာတာ ဟုတ်တယ်မလား။ ဘယ်သူမှ သူ့နောက်ကျောပေါ်မှာ မရှိဘူး။


အရာရာကိုသိနေပြီး ဘာမှမပြောတဲ့ ကြောင်လည်း ရှိသေးတယ်။ 


ဝမ်းကွဲ ထွက်သွားတော့ ကြောင်ကရော ဘာလို့လိုက်မသွားတာတုန်း။


—ဘာလို့ဆို ဝမ်းကွဲက လုံးဝမသွားသေးလို့လေ။


လင်ရှု သူ စိတ်ငြိမ်အောင်လုပ်ရန် လိုနေပြီဟု ခံစားလိုက်ရသည်။


သူဟာ တည်ငြိမ်အောင်မနေနိုင်ဟု ခံစားလိုက်ရသည်။


“ရှင် နားလည်တာ ကောင်းတယ်” ကြီးမြတ်သည့်သခင်မလေးက သက်ပြင်းချလိုက်ကာ ပြောလာသည်။ “အဲဒါက တကယ်ကို မလွယ်ဘူး”


သရုပ်ဆောင်နေတာ… ပြဇာတ်ထဲမှာလည်း မိန်းကလေးတစ်ယောက်က ယောက်ျားတစ်ယောက်လို ရုပ်ဖျက်တာက ပုံမှန်ဇာတ်ကြောင်းလိုပဲ။ လူတွေကသာ အမှန်တရားကို လက်ခံဖို့ သင်ယူရတာ။


ဒါပေမဲ့လည်း သူမက တကယ့်အစစ်အမှန်လို သရုပ်ဆောင်နိုင်သည်ဟု တွေးကြည့်ရလျှင်…


ကြီးမြတ်တဲ့သခင်မလေး မင်းက ဘယ်လိုသတ္တဝါမျိုးလဲ။


“အဲဒါက အပေါ်ယံသွင်ပြင်ပါပဲ” ကြီးမြတ်သည့်သခင်မလေးက ပြောလာသည်။


“ကျွန်မက ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဘာကွာခြားချက်မှ မရှိပါဘူး” 


လင်ရှုက တွေးကြည့်လိုက်ကာ အဲဒါကမှန်သည်ဟု တွေးလိုက်သည်။


ကြီးမြတ်သည့်သခင်မလေး၏ အကျင့်စရိုက်က သာမန်မိန်းကလေးတစ်ဦးကဲ့သို့ မဟုတ်ဘူးဆိုသည်က အမှန်ပင်။ သူ့တွင် လှပသောမျက်နှာလေးရှိပေမဲ့ “နူးညံ့” “ကြေကွဲလွယ်” ဆိုသော စကားလုံးနှင့် ဘာမှမသက်ဆိုင်ပေ။ တကယ်တမ်းတော့ ယောက်ျားလေးကဲ့သို့ ဝတ်ရသည်က အဲ့လောက်ထိ မခက်ခဲပေ။

82 07

သူ ပြောလိုက်သည်။ “မင်းက ဘာလို့မပြောခဲ့တာလဲ”


အပေါ်ယံတွင်တော့ တည်ငြိမ်နေဟန် ရှိသော်လည်း တကယ်တမ်းတွင်တော့ သူ့နှဘုံးသားထဲတွင် တစ်ယောက်ယောက်အား ရိုက်ချင်နေသည်။ ပြီးတော့လည်း တစ်စုံတစ်ကြောင်ကို ရိုက်ချင်နေသေးသည်။


ကြီးမြတ်သည့်သခင်မလေးက ပြောသည်။


“ကျွန်မ မူလက ထင်တယ်။ အဲဒါက သိသာလွန်းတယ်လေ ရှင် လွဲမှာမဟုတ်ဘူး”


လင်ရှု “…”


ကြီးမြတ်သည့်သခင်မလေးက သက်ပြင်းချပြီးနောက် ပြောလာသည်။


“ရှင်မမြင်နိုင်ဘူးဆိုတာတော့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ကျွန်မ တွေးနေတာက ဒီအရာသေးသေးလေးတွေမှာ တစ်ခုခုမှားနေတာကို အာရုံခံနိုင်တဲ့အချိန်ကို မြင်ချင်ရုံပဲ”


လင်ရှု “…..”


နှလုံးရောဂါရတဲ့ ခံစားချက်ပဲ…


သူက ပြောသည်။ “မင်းရဲ့သရုပ်ဆောင်ချက်က တကယ်ကို စစ်မှန်တာပဲ”


သခင်မလေးက ပြောလာသည်။


“အခြေအနေက တွန်းအားပေးခံရလို့ပါ။ အဲတော့ စစ်မှန်ဖို့ လိုအပ်တယ်လေ”


လင်ရှုက ကြီးမြတ်သည့်သခင်မလေးဟာ အရှင်ခွင်းရှန်းအားဖမ်းရန် အကြီးအကျယ် နာကျင်မှုကို ခံထားရသည်ဟု ထင်လိုက်သည်။


ကြောင်တစ်ကောင်နှင့် လူတစ်ယောက်ကို ရိုက်ချင်သည့် စိတ်ဆန္ဒအား ဖိနှိပ်လိုက်ကာ ပြောလာသည်။


“မင်းက ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပြီ”


“အဲဒါက အဆင်ပြေပါတယ်” ကြီးမြတ်သည့်သခင်မလေးက နူးညံ့စွာ ပြောလာသည်။ “ရှင် နားလည်တာပဲလေ” 


စာရေးသူမှာ ပြောစရာရှိတယ် :


သူ နားမလည်ဘူး။ မင်းက ဝမ်းကွဲဖြစ်တယ်လို့ သူ ခန့်မှန်းနိုင်တဲ့အကြောင်းအရင်းက ဓားသခင်စံအိမ်ရဲ့တရားထိုင်စွမ်းရည်ကနေရတဲ့ တည်ငြိမ်မှု အပိုစွမ်းရည်ကြောင့်ပဲ။ အစ်ကိုရှောက်ရေ အမှန်တရားကို ကြည့်စမ်းပါ။

******