Ch 68
Viewers 4k

အပိုင်း 68 - 


နေ့ရက်များသည် လွန်စွာအေးချမ်းနေသည်။ လင်းရှောင်သည် နေ့နေ့ညည ပြန်လည် ကုစားကာ အားပြန်ဖြည့်နေသည်။ ချန်းမင်သည်လည်း နေ့နေ့ညည ဓားရှည်လေ့ကျင့်ခဲ့ပြီး လင်ရှုကတော့ နံနက်မှညအထိ ဒုံမင်းကို တီးခတ်နေခဲ့သည်။ ငါးရက်၊ ခြောက်ရက်လောက်က ခဏတဖြုတ်ပဲ ကြာ‌လိုက်သည်။


 “ကျွန်တော်‌ မေးပါဦးမယ်၊ ဂျူနီယာ‌လေးလင်း” 


ချန်းမင်က စားပွဲပေါ် ထောက်ကာ ကူကယ်ရာမဲ့မျက်နှာဖြင့် သူ့ကိုကြည့်နေသည်။ 


 "ဘယ်လိုများ စားဝင်နေသေးတာတုန်း" 


လင်ရှုက အမတရွာတည်ခိုခန်းမှ ဝိညာဉ်ထမင်းပန်းကန် သေးသေးလေးကို ဖြည်းညှင်းစွာ စားနေသည်။ ချန်းမင်က ဆက်ပြောသည်။


 "ကြည့်စမ်း၊ ကြောင်တောင် မစားတော့ဘူး"


ကြောင်က သူ့ရှေ့က ထမင်းပန်းကန်ကို မျက်ကွယ်ပြုထားလိုက်သည်။ လွန်ခဲ့တဲ့ ၂ ရက်လောက်ထိက သူတို့ စားခဲ့ကြသည်လေ။ အမတရွာတည်ခိုခန်းက ထမင်းပဲ တည်ခင်းတာမို့ ကျန်တဲ့အစားအစာတွေကို တွေးတောင် မတွေးရနိုင်ပေ။ ခြောက်ရက်ဆက်တိုက် ထမင်းပဲ စားနေရသောကြောင့် ကြောင်နှင့်လူတို့သည် ရိုးအီလာသည်။ လင်းရှောင်က ပြုံးပြီး လင်ရှုကို ကြည့်ကာ 


 "များများ စားတာကောင်းတယ်၊ မင်းကျန်းမာရေးကို ပိုကောင်းတာပေါ့" 


 လင်ရှု: "...." 


 ဒါကို သူ သိပ်စိတ်ထဲ မထားပါဘူး။ 


ဂိုဏ်းဆရာ၏ စည်းမျဉ်းအရ၊ အဓိကနိယာမအနေဖြင့် ပေါ့ပါးသော အစားအသောက်ကို စားရမည်။ အရသာမရှိလေ၊ ပိုကောင်းလေ။ ငယ်ငယ်တုန်းက ထမင်းချည်းပဲ ရက်များစွာ စားရသည်က ဒီထက် ပိုကြာသည်။ 


သတ္တမမြောက်နေ့တွင်၊ လင်းရှောင် ၏ “နိဗ္ဗာန်သို့ တက်လှမ်းခြင်းအဆင့်” ၏ နောက်ဆက်တွဲအကျိုးဆက်များ နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာသည်။ သူ၏ ကျင့်ကြံမှုအဆင့် နဂိုအတိုင်းကောင်းလာပြီး ခရီးထွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်တွင်၊ ဟွမ်သန်းတောင်ပေါ်ရှိ တပည့်များသည် ဆင်းလာကာ အသီးသီး သွားလိုရာ သွားကြလေသည်။ အချို့မှာ ၎င်းတို့၏ ကိုယ်ခံပညာကို လေ့ကျင့်ရန် ထွက်သွားကြပြီး အချို့မှာ ကျောင်းတော်သို့ ပြန်သွားကြသည်။ သူတို့က တာအိုဆရာခင်ဖုန်းလိန်ကို သတင်းပို့ပြီး သူတို့ရဲ့ ဦးတည်ရာကို စာရင်းသွင်းခဲ့ပါသည်။ သူတို့ထွက်ခါနီးတွင် ကြောင်သည် လင်ရှု၏လက်မှ ရုတ်တရက် ခုန်ထွက်ကာ ဟွမ်သန်းတောင်ဆီသို့ ဦးတည်သွားကာ တညောင်ညောင် အော်လိုက်သည်။ ဟွမ်သန်းတောင်ထိပ်ရှိ လေပေါ် မျောလွင့်နေသော အမတကောင်းကင်နန်းတော်သည် တဖြည်းဖြည်း သေးငယ်လာပြီး ကြောင်၏လည်ပင်းနားမှာ သက်တံ့အလင်းတန်းသဖွယ် ဖြတ်ဝင်သွားသည်ကို လင်ရှုသည် တအံ့တသြကြည့်‌နေခဲ့သည်။ ကြောင်သည် လှည့်ကြည့်ကာ လင်ရှု၏လက်ထဲသို့ ပြန်ဝင်သွားသည်။ ယခု ၎င်း၏လည်ပင်းတစ်ဝိုက်တွင် သေးငယ်သော လည်ပတ်တစ်ခုရှိပြီး ထိုလည်ပတ်တွင် ကြည်လင်သော အဖြူရောင် ကျောက်စိမ်းခေါင်းလောင်းတစ်ခု ရှိနေသည်။ ကျောက်စိမ်း၏ အရည်အသွေးသည် ကောင်းကင်နန်းတော်နှင့် အတူတူပင်။ ဒါနဲ့နတ်သမီးကုန်းမြေက ဒီနေရာထဲမှာ သိမ်းလိုက်တာလား။ ကြောင်က သယ်သွားမှာလား။


ကြောင်သူဌေးကြီး၊ ကြောင်သူဌေးကြီးပင်။  


အမတလောက၏ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး "သေမျိုးများ ဝေးဝေးလံလံ မသွားရ"ဆိုသည့် နယ်နိမိတ် အထိမ်းအမှတ် ကျောက်တိုင်ကို ဖြတ်သွားရင်း ချန်းမင်က ပြောလာသည်။


"စားချင်တယ်" 


လင်ရှုက ရယ်လိုက်မိသည်။ 


လင်းရှောင်က "...ကောင်းပြီ" 


ထို့နောက် ချန်းမင်သည် သေမျိုးမြို့များ၏အရိပ်အယောင်ကို ရှာဖွေရန် ဟိုဟိုဒီဒီ ပျံသန်းသွားသည်။ အချိန်အတော်ကြာပြီးနောက်မှ ပြန်လာခဲ့လေသည်။ သူက စိတ်လှုပ်ရှားစွာ ပျော်ရွှင်ပြပြီး ရှေ့နားက မြို့မှာ လက်ဖက်ရည်ဆိုင်ရှိသည် ဟု ပြောလာသည်။ 

72 02

ဖျင်ချွမ်းအိမ်တော်ဟူ၍ ခေါ်သည့် နေရာကို ရောက်သောအခါ ချန်းမင်ဟာ အကြီးဆုံးစားသောက်ဆိုင်ထဲကို ဗြုန်းခနဲ ထိုးဆင်းသွားပြီး အကြီးဆုံး စားပွဲကို တောင်းဆိုလိုက်သည်။ 


လင်းရှောင် : "မင်းဘာလုပ်ချင်တာလဲ" 


ချန်းမင် : "စားမို့လေ" 


လင်ရှု: "ဒီစားပွဲက အရမ်းကြီးတယ်ထင်တယ်" 


ချန်းမင် : "သိပ်မကြီးပါဘူး" 


လင်ရှုသည် ဟင်းပွဲများ လာချသည်ကို ငြိမ်သက်စွာ ကြည့်နေသည်။ စားပွဲထိုးလေးယောက်က ပန်းကန်တစ်ခုပြီးတစ်ခု လာချသည်။ လူတစ်ဒါဇင်လောက် ထိုင်သင့်သည့် စားပွဲကြီးမှာ ဟင်းပွဲများဖြင့် ပြည့်နေသည်။ လင်ရှုသည် အကောင်းဆုံး အသားဟင်းများကို ယူပြီး ကြောင်ရှေ့တွင် ပန်းကန်အပြည့် ထည့်လိုက်သည်။ လှည့်ကြည့်လိုက်တော့ သူ့ဝမ်းကွဲကလည်း သူ့အတွက် စားစရာတွေ အများကြီး လာထည့်ပေးသည်။ စားပွဲထိုးက ဝိုင်အိုး ယူလာခဲ့သည်။ လင်းရှောင်နှင့် ချန်းမင် တို့သည် ဖန်ခွက်အပြည့်ကို အသီးသီးဖြည့်လိုက်ကြ၏။ 


လင်ရှု အလှည့်ရောက်သောအခါ သူ့ဝမ်းကွဲတော်စပ်သူက အချိန်အတော်ကြာ စဉ်းစားပြီး နောက်ဆုံးတွင် သူသည် ဝိုင်အိုးကို ကောက်ယူကာ လင်ရှု၏ ခွက်ထဲသို့ အနည်းငယ် ထည့်ပေးသည်။ လင်ရှုသည် ၎င်းသည် ခွက်ဖင်‌ခြေကပ်ကာ၊ တစ်စက် နှစ်စက် ဟူ၍ပင် ရေတွက်နိုင်သည်ဟု ခံစားလိုက်ရသည်။ 


ထိုနောက် ချန်းမင်သည် သူ၏ စားတော်ပွဲကို စတင် လွေးတော့သည်။ လင်ရှုသည် စားပွဲပေါ်ရှိ ပန်းကန်များကို သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လျော့ကျသွားသည်ကို ကြည့်ကာ တစ်ဖက်မှ ပန်းကန်ပြားများ လျင်မြန်စွာ စုပုံလာသည်။ သိမ်သိမ်မွေ့မွေ့နှင့် ချစ်စရာကောင်းသော လူငယ်လေးသည် ဇူဇကာပုဏ္ဏားလို စားနေသည်မှာ မယုံနိုင်လောက်အောင်ပင်။ ၎င်းတို့ကို ဝန်ဆောင်မှုပေးနေသော စားပွဲထိုးပင် တအံတသြဖြင့် ငေးကြည့်နေသည်။ ဤအခန်းသည် တတိယထပ် သီးသန့်အခန်းဖြစ်နေ၍ တော်သေးသည်။ ဒီလိုမှမဟုတ်ရင် တစ်စုံတစ်ယောက်က ဒီအံ့ဖွယ်စွမ်းဆောင်ရည်ကို ဆုချချင်လိမ့်မည်။ 


လင်ရှုသည် ချန်းမင်စားခဲ့သော ဟင်းပွဲအမြောက်အများကို ကြည့်ကာ ထိုဟာများသည် လူတစ်ဦးကဲ့သို့ပင် ကြီးမားသည်ဟု တွေးမိသွားသည်။ ဂိုဏ်းတူအစ်ကို ခန်း၊ မင်းဗိုက်ထဲမှာ နေရာလွတ် ရှိတာလား။ သူသည် ဆက်တိုက် မျိုစို့နေပြီး စားပွဲတစ်ခုလုံးက စားစရာသောက်စရာတွေ အကုန် ကုန်သွားမှ ရပ်တော့သည်။ ချန်းမင်က သူ့ထိုင်ခုံနောက်ကျောကို မှီပြီး ကျေနပ်စွာနဲ့ ပြောလာသည်။ "ဒါက ငါ့မိသားစုရဲ့ မျိုးရိုး သိုင်းပညာပဲ။ ‘ဝေလငါးက ပင်လယ်ကို တစ်ကျိုက်တည်း ငုံ‌ကာ သောက်ပစ်တယ် ’လို့ ဆိုတယ်တဲ့။ အစားအသောက်တွေကို ချီအဖြစ် သန့်စင်စေပြီး ခန္ဓာကိုယ်ကို အားကောင်းစေတယ်”


လက်စသတ်တော့ ကျင့်ကြံနည်းတစ်မျိုးကိုး။ လင်းရှောင်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။


“မင်းမိသားစုမှာ ဘယ်သူကမှ ဝေလငါးလို ပင်လယ်‌ကို နှစ်ရာနဲ့ချီပြီး မျိုချပြီး မလေ့ကျင့်ကြပါဘူး” 


“ဒီနည်းလမ်းကို လေ့ကျင့်ပြီးမြောက်ပြီး စားသုံးချိန်ဟာ ပေါ့ပေါ့ပါးပါးမဟုတ်ပေမဲ့၊ ဒါပေမဲ့ သတ်မှတ်ချက်က မြင့်မားလွန်းတယ်ကွ။ စတင်လိုက်တာနဲ့ လူမဆန်တဲ့ ဇွဲလုံ့လ လိုအပ်တယ်”ချန်းမင်က ပြုံးပြခဲ့သည်။ သူ ဒီလိုပြောတဲ့အခါ အနည်းငယ် ရှက်ပြုံးလေး ပြုံးနေသည်။ 


“အဲဒါကို ပြောရရင် သခင်မလေးလင်းရဲ့ ကျေးဇူးကြောင့် ငါ 'ဝေလငါးက ပင်လယ် ကို တစ်ကျိုက်တည်း ငုံ‌ကာ သောက်ပစ်တယ်'ကို လေ့ကျင့်နိုင်ခဲ့တာ...ငါ အရင်က နည်းနည်း နုံတယ်။ ဘယ်လောက်ပဲ လေ့ကျင့်ကျင့်၊ အလယ်တန်း ဒါမှမဟုတ် အောက်ခြေအဆင့်မှာပဲ ရှိနေတာ၊ ရွယ်တူတွေက လှောင်ကြတယ်လေ”


“တစ်နေ့တော့ တာအိုဆရာသခင်တွေက ဓားသွားရွေ့လျားတာတွေကို အမြဲတမ်း နားမလည်နိုင်လို့ ဆူတာမို့၊ တောင်ရဲ့နောက်ဘက်မှာ တစ်ယောက်တည်း သွားငိုတာ။ ပထမသခင်မလေး ဖြတ်သွားတုန်း ငါ့ ငိုသံကို ကြားတော့ 'ဘာတွေငိုနေတာလဲ'လို့ လာမေးတယ်။ ငါ့အရည်အချင်းက ညံ့ဖျင်းပြီး အရည်အချင်းမရှိလို့ အကယ်ဒမီမှာ ဆက်နေဖို့ မျက်နှာမရှိတော့ဘူးလို့ ငါပြောခဲ့တယ်”


လင်ရှုသည် ပထမသခင်မလေးအကြောင်း ကြားသောအခါ နား စွင့်လိုက်သည်။ ချန်းမင်က ဆက်လက်ပြောပြသည်။ “ပထမသခင်မလေးက ပြောတယ်၊ ပါရမီနဲ့ အရည်အချင်းတွေက ပေါက်တတ်ကရတွေတဲ့။ 'ဝမ်းနည်းနေတာ ရယ်စရာကြီး။ ပါရမီမရှိလဲ မအောင်မြင်ဘူးဆိုတာ ငါ မယုံဘူး။ မင်းမှာ တစ်သောင်းမှာ တစ်ယောက်ပဲ ရှိတဲ့ အရည်အချင်း ရှိတယ်၊ မင်း စိတ်တိုင်းကျ ရလဒ်ကောင်းတွေ ရနိုင်တယ်လို့ ငါပြောရဲတယ်' တဲ့”

72 03

ခဏလောက် ရပ်လိုက်ပြီး “ပထမသခင်မလေးက သူသာ ငါဆိုရင် ကျင့်ကြံခြင်းအဆင့်က အခုလောက် နိမ့်မှာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီ့နောက်မှာတော့ သူက ငါ့ကို ဂရုမစိုက်ဘဲ ထွက်သွားတယ်။ နောက်တော့ ဇာမဏီတောင်စံအိမ်မှာရှိတဲ့ တခြား ဂိုဏ်းတူညီအစ်မတွေနဲ့ သိခွင့်ရခဲ့တယ်။ သူတို့က ငါ့ကို သူ့အကြောင်း ပြောပြကြတယ်။ ငယ်ငယ်လေးကတည်းက ဓားအချက်ပေါင်းတစ်နေ့ကို အကြိမ် ၃၀,၀၀၀၊ လက်ဖဝါးတစ်ခုလုံး စုတ်ပြဲနေအောင် လေ့ကျင့်ခဲ့ဖူးတယ် တဲ့။ စိတ်ဝိညဉ်သိုင်းတွေ၊ လျှို့ဝှက်ကျမ်းတွေကိုဆို ပြောမနေနဲ့ တအား လေ့လာတာတဲ့။ နှစ်နှစ်ကြာအောင် တစ်နေ့ တစ်နာရီ၊ နှစ်နာရီပဲ အိပ်တယ်တဲ့။ စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ဖို့ အချိန် အတော်ယူလိုက်ရတယ်တဲ့လေ။ ပထမသခင်မလေးပြောတာ မှန်တယ်။ ငါ့ရဲ့ အရည်အချင်း ဘယ်လောက်ပဲ ညံ့နေပါစေ ဒီအဆင့်ကို အောင်နိုင်ရင် သာမာန်လူတွေကို ကျော်သွားလိမ့်မယ်။ “ဝေလငါးက ပင်လယ်ကို တစ်ကျိုက်တည်း ငုံ‌ကာ သောက်ပစ်တယ်” ဆိုတဲ့ အတွင်းအားကျင့်စဉ်ကို သင်ယူဖို့ တွေးလိုက်တာ။ အရင်တလောက ဟွမ်သန်း တောင်မှာ ကျင့်ကြံလိုက်တယ်။ ထိုးထွင်းသိမြင်မှု နည်းနည်းပါးပါးရပြီး နောက်ဆုံးမှာတော့ ဂိုဏ်းထဲ ဝင်ခဲ့ပါတာလေ” 


ချန်းမင်သည် ကျောင်းရှိလူတိုင်း သိကြသည့် သိုင်းအရူးတစ်ယောက် ဖြစ်ရသည့် အကြောင်းရင်းတစ်ခု ရှိနေသည်ကိုး။


ချန်းမင်က ထပ်ပြောလာသည်။ "ဒီကိစ္စက ပထမသခင်မလေးအတွက် သတိမမူမိတဲ့ ကိစ္စပဲ၊ ဒါပေမဲ့ အရမ်းကျေးဇူးတင်မိတယ်၊ ပြီးခဲ့တဲ့နှစ်တွေက အိပ်ရာထနောက်ကျပြီး ငါ့ဘဝကိုငါ နာကျင်အောင်လုပ်တာကိုပဲ မုန်းတယ်" 


လင်ရှု: "သခင်မလေးက လူကောင်းတစ်ယောက်ပါ"


ချန်းမင် "မှန်တယ်" 


လင်းရှောင်က မျက်ခုံးပင့်လိုက်ပြီး "ဘာလို့ ဒီလိုပြောတာလဲ" 


လင်ရှုက ခဏလောက် တွေးပြီး ပြောလိုက်သည်။


"တစ္ဆေရွာထဲမှာ အခြားလူတွေနဲ့ ငါ ပိတ်မိနေတာ၊ ငါတို့ကို ကယ်ပေးခဲ့တဲ့သူက ပထမသခင်မလေးလေ"


လင်းရှောင်က ပြုံးလိုက်ပြီး 


"သူက မင်းရဲ့ အရေပြားကို ခွာဖို့ လုပ်တာကို ထည့်မတွက်တော့ဘူးလား"


လင်ရှု: "....."


ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။


“ပထမသခင်မလေးက နှုတ်ရေးထက်တာပါ(စွာတာပါ) ” 


လင်းရှောင်: "အိုး-ဟုတ်လား" 


လင်ရှုက ပထမသခင်မလေးဟာ နှုတ်ထက်ပေမဲ့ တကယ် သဘောကောင်းသူဆို သိသည်။ တစ္ဆေမြို့တော်ကို ပြန်ရောက်တော့ ပထမသခင်မလေးဟာ စိတ်ဆိုးပြီး အလွန်ဒေါသ ထွက်နေခဲ့သည်။ ရွာသူရွာသားများ ပိတ်မိနေကြောင်း ကြားသိရသောအခါတွင် “ငါ သောက ရောက်ရတာကြောင့် အကုန် ငရဲသွားကြ” ဟူသော စကားကို ချန်ထားခဲ့သည်။ ဒါပေမဲ့ တကယ်တော့ သူမဟာ နင်းအန်စီရင်စုကို သွားပြီး ရွာသားတွေကို ပြန်လည် နေရာချထားပေးခဲ့သည်။ သူမသည် တကယ့်ကို လူကောင်းတစ်ယောက် ဖြစ်သည်။ 


ဒါပေမဲ့ ပထမသခင်မလေးဟာ အစကတည်းက သူ့ကို အရေခွံခွာမည်ဆိုတာ သူ့ဝမ်းကွဲက တကယ်သိနေသည်။ သူတို့နှစ်ဦးသည် အလွန်ရင်းနှီးသော မောင်နှမများဖြစ်ပုံရပြီး စကားများစွာ ပြောခဲ့ကြပေမည်။ ဒီအချိန်မှာ ချန်းမင်က ဝင်ပြောသည်။


"ကျွန်တော်လည်း ဒီလိုပဲ ခံစားရတယ်"


လင်းရှောင်က သူ့အတွက်သူ ဝိုင် ထပ်ဖြည့်ကာ တစ်ကျိုက်သောက်ပြီး ချန်းမင်ကို ပြောလိုက်သည်။ 


"ဒီလို ကျင့်နိုင်ဖို့ သူ့မှာ အကြောင်းရင်း အများကြီး ရှိတယ်၊ သူ့အသက်ကို ပြန်လည် ရှင်သန်နိုင်တဲ့ ဆေးဖက်ဝင် ဆေးပြားတွေ မရေမတွက်နိုင်အောင် ရှိတယ်။ အရမ်းကြီး ပြင်းပြင်းထန်ထန် မကျင့်ဖို့ မှတ်ထားဦး၊ မဟုတ်ရင် မင်းရဲ့အခြေခံအုတ်မြစ် ပျက်စီးလိမ့်မယ်”


“အန္တရာယ်မရှိပါဘူး” ချန်းမင်က မျက်ခုံးပင့်လိုက်သည်။ 


"ကျွန်တော်က ထျန်းကျိ စာကြည့်တိုက်က အသက်ဖန်တီးခြင်း ဆေးပြားကို ရထားတယ်၊ အဲဒါနဲ့ ကုစားနိုင်မယ် ထင်တယ်" 


လင်းရှောင် : "ဟမ်"


ခဏကြာ စကားစမြည်ပြောဆိုပြီးနောက် မြောက်ဘက်သို့ ဆက်သွားကာ ဟွမ်သန်း တောင်အနီးရှိ အမတ ဂိုဏ်း၏အကာအကွယ်အစီရင်မှ ထွက်ခွာသွားကြသည်။ လမ်းမကြီးများ ယိုယွင်းပျက်စီးနေပြီး မြို့တွင်းမှာ ယခင်ကထက် များစွာ ယိုယွင်းပျက်စီးနေခဲ့သည်။ ခရီးတလျှောက် သူတို့ဟာ စွန့်ပစ်ထားတဲ့ မြို့ကြီးငါးခု၊ ခြောက်ခုကို ဖြတ်ကျော်သွားခဲ့ကြသည်။ အိမ်တွေရှိနေဆဲ ဖြစ်သော်လည်း လူရိပ်လူခြေမရှိ။ အနည်းငယ် ခြောက်ခြားစရာ ကောင်းလှသည်။ မိုင်ရာဂဏန်းလောက် ဆက်သွားလိုက်သော်လည်း ခွေးတစ်ကောင် ကြောင်တစ်မြီးမျှ ပင် မတွေရချေ။ 

72 04

“သေမျိုးများ ဝေးဝေးလံလံ မသွားရ” နယ်နိမိတ်ကျောက်တိုင်ကို ဖြတ်ကျော်ပြီးနောက် မှောင်မိုက်သော တောင်တန်းကြီး သူတို့ရှေ့တွင် ပေါ်လာသည်။ တစ္ဆေစွမ်းအင်များ စဉ်ဆက်မပြတ် ပြင်းထန်လာသည်။ ထောင်ပေါင်းများစွာသော သရဲတစ္ဆေများ ငိုယိုအော်ဟစ်နေကြသည်။ တောင်တက်လမ်း လုံးဝပျောက်ကွယ်သွားသောအခါ သူတို့ရှေ့တွင် “သရဲထောင်ချီချောက်နက်ကြီး” ဆီသို့ လမ်းကြောင်းတစ်ခု ရှိနေသည်။ သူတို့၏ ဝိညာဉ်စွမ်းအားကို ချွေတာရန်အတွက် သူတို့သည် အတွင်းအား ချီနှင့် မပျံသန်းဘဲ တောင်ပေါ်သို့ လမ်းလျှောက်သွားခဲ့သည်။ 


မြေပုံအရ တောင်ပေါ်ကိုတက်ပြီး ချောက်ကမ်းပါးပေါ် ခုန်တက်ရင် မြေပြင်မှာ အက်ကွဲကြောင်းတွေ တွေ့နိုင်သည်။ အက်ကြောင်း တောက်လျှောက် ဆင်းကာ၊ သရဲချောက်ထဲသို့ ပိုနက်နက်သွားနိုင်သည်။ နတ်ဆိုးဝိဥာဉ်ဘုရင်သည် လင်ရှု ပိတ်မိနေဖူးသည့် ဆင်ခြေဖုံးရွာထက် အဆရာချီအန္တရာယ်များသည့် သောင်းနှင့်ချီသော အစုအဝေးများကို “သရဲထောင်ချီချောက်နက်ကြီး” တွင် ထိန်းချုပ်ထားသည်။ 


သူတို့သည် သွားရင်လာရင်း လုပ်စရာရှိသည်များကို ဆွေးနွေးခဲ့ကြသည်။ ချန်းမင်သည် သူ၏ ကိုယ်ခံပညာကို မြှင့်တင်လိုပြီး ချောက်ထဲရှိ ရတနာများကို စိတ်မဝင်စားပါ။ 


မူလခန္ဓာကိုယ်ပိုင်ရှင်ကြောင့် ၎င်း၏ဝမ်းကွဲသည် ကာကွယ်ပေးမည် ဖြစ်သည်။ အဖိုးတန်ရတနာတွေရှိရင်လည်း ပြော၊ သူယူပေးမည်တဲ့လေ။ လင်ရှုသည် ထိုမိန်းကလေးအား ကတိပြုထားသည့် အရိုးဖြူပန်းအပြင် ယင်မြွေသွေး၊ နဂါးနက်အရိုးများ၊ အဆိပ်နှင့် “မျိုးသုဉ်းအပ်” တို့ကို သန့်စင်ရန် လိုအပ်သော အခြားအရာများကို တောင်းဆိုခဲ့သည်။ ထို့အပြင် ၎င်းတို့ကို ရှာတွေ့ရန် သရဲထောင်ချီချောက်တွင် အချိန်အတော်ကြာအောင် နေထိုင်ရမည်ဟု ခန့်မှန်းထားသည်။  


လူသုံးယောက်သည် တောင်ထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်၍ မြေပုံနှင့် လမ်းညွှန်အမှတ်အသားများအတိုင်း လိုက်သွားကြသည်။ သူတို့သည် ချောက်ကမ်းပါးဆီသို့ ရောက်ခါနီး လင်ရှုသည် သူ့ပခုံးပေါ်မှ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ ပုတ်အက်အက် အနံ့ဆိုးများနှင့် တစ္ဆေအခိုးအငွေ့များဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ကြောင်ကလေးကို သူ့ပခုံးပေါ်တင်ကာ ရေခဲကြိုးတပ် ဒုံမင်းကို ကိုင်လိုက်ပြီး တီးခတ်ကာ သူ့ရှေ့ရှိ နတ်ဆိုးစွမ်းအင်များကို တွန်းထုတ်လိုက်သည်။ ရုတ်တရက် သူ့ဝမ်းကွဲက သူ့ကို နွေးထွေးစေရန် နှင်းဖြူ မြေခွေးမွေးဖြင့် ခြုံပေးထားသည်။ 


မြေခွေးအမွေးသည် ပေါ့ပါးပြီး နူးညံ့သည်။ သူသည် ဒုံမင်းကို ကိုင်ထားသဖြင့် လက်မအား။ လင်းရှောင်သည် သူ့ရှေ့သို့ လာကာ သားမွေးဖြင့် သေချာ ပတ်ပေးသည်။ လင်ရှုက မော့ကြည့်လိုက်တော့ သူ့ဝမ်းကွဲက ဟမ်စတားတစ်ကောင်ကို ကြည့်နေတဲ့ သူတစ်ယောက်လို သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ချန်းမင်က သူတို့ကို လျစ်လျူရှုပြီး သူ့ရှေ့က အခြေအနေကို စောင့်ကြည့်နေပြီး "ရှေ့မှာ လူတွေရှိတယ်" ဟု ရုတ်တရက် ပြောလိုက်သည်။  


သူတို့ ချဉ်းကပ်လာသောအခါတွင် သစ်ခုတ်သမားလို ဝတ်ဆင်ထားသော မျက်နှာဝါဖန့်ဖန့် လူငယ်နှစ်ဦးသည် ချောက်ကမ်းပါးအောက်ခြေဆီသို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ လာနေတာကို မြင်တော့ နှစ်ယောက်သား ဒူးထောက်ပြီး 


“အမတတွေရေ၊ ငါတို့ကို ကယ်ပါဦး” ဟု ပြောလာကြသည်။ 


ချန်းမင်က အခြေအနေတွေကို မေးမြန်းခဲ့သည်။ သူတို့အမေက အပြင်းဖျားနေတယ်လို့ ပြော၏။ သမားတော်ယိုးဖန်းက သရဲထောင်ချီ‌ချောက်နက်ကြီးတွင် သူမအသက်ကို ကယ်တင်ရန် အံ့ဖွယ်ဆေးတစ်လက် ရှိသည်ဟု ဆိုလိုက်ရာ ညီအစ်ကို သုံးယောက်လုံး ဤနေရာသို့ ရောက်လာကြသည်။ အခု အစ်ကိုအကြီးဆုံးက နွယ်ပင်ကို တွယ်ပြီး ချောက်ကမ်းပါးကနေ ဆင်းသွားသည်။ အခြေအနေကို အရင်စူးစမ်းမယ်လို့ ပြောခဲ့ပေမဲ့ နှစ်ရက်နဲ့ ညလုံးပေါက် အကြောင်းမပြန်ခဲ့ဘူး။ ကျန်တဲ့နှစ်ယောက်ကတော့ ဆင်းလည်း မဆင်းနိုင်၊ ဆက်လည်း နေမရတော့ချေ။ သူတို့ အရမ်းစိုးရိမ်နေသည်။ လင်းရှောင်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။


 "မင်းတို့ ဒီကို လာဖို့ ဘယ်လောက်တောင် သတ္တိရှိနေတာလဲ"


၎င်းတို့နှစ်ဦးက သမားတော်ယိုးဖန်း၏ မရိုးမသားစကားကြောင့် လာခဲ့ရတာ ဟု ငိုယိုကာ အော်ဟစ်ပြောခဲ့ကြသည်။ ဒီတစ္ဆေနေရာက အန္တရာယ်ရှိမှန်း သူတို့မသိခဲ့ကြဘဲ အမတခေါင်းဆောင်ကို အကူအညီတောင်းရုံပဲ တတ်နိုင်တော့သည်ဟု ဆိုကြသည်။ 


သူတို့ အသည်းအသန် ငိုပြတော့ ချန်းမင်က သည်းမခံနိုင်တော့ဘဲ သူတို့ ဆင်းပြီးရင် အစ်ကိုကြီးရဲ့ အရိပ်အယောင်တစ်ခုခု ရှိမရှိ သိလိမ့်မယ်လို့ ပြောလိုက်သည်။ ထိုလူနှစ်ယောက်က အရမ်းကျေးဇူးတင်လွန်းလို့ ခေါင်းကွဲမတတ် ရှိခိုးဦးခိုက်ကြသည်။ ထိုကိစ္စကို ဖြေရှင်းရင်း သုံးယောက်သား ချောက်ကမ်းပါးကနေ ဆင်းဖို့ အဆင်သင့်ဖြစ်နေကြပြီ။ 


ရိုးရိုးပဲ ပျံဆင်းရတာ အဆင်ပြေပေမဲ့ အစ်ကိုဖြစ်သူ ချောက်ကမ်းပါးတစ်နေရာရာမှာ ပိတ်မိနေတယ်လို့ ညီအစ်ကိုတွေက ပြောတဲ့အတွက် သုံးယောက်သား အစ်ကိုဖြစ်သူတက်ခဲ့တဲ့ နွယ်ပင်ကနေ ဆင်းဖို့ ရွေးချယ်ခဲ့ကြသည်။ ချန်းမင်က အရင်ဆင်းနှင့်သည်။ လင်းရှောင်သည် ကြောင်တစ်ကောင်ကို ပွေ့ပိုက်ထားသည့် လင်ရှုကို ဘယ်လက်ဖြင့် ရင်ဘတ်ရှေ့တွင် ပွေ့ဖက်ကာ စပျစ်နွယ်ပင်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ အောက်ဆင်းသွားခဲ့သည်။ တစ်ဖက်တွင် အသက်ရှူကြပ်သည့် လင်ရှုသည် လင်းရှောင်အား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။ 

72 05

ဒါက ကိစ္စမရှိ။ ကိစ္စရှိသည်က ညီအကိုနှစ်ယောက် ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့မျက်နှာတွေက အရမ်းကြောက်စရာကောင်းပုံ ရသည်။ ရှူထောင့် မကောင်းသောကြောင့် မသေချာ။ သို့သော် နောက်အခိုက်အတန့်တွင် လင်ရှုသည် ဤအရာသည် ထင်ယောင်ထင်မှားမဟုတ်ကြောင်း သိလိုက်သည်။ လူနှစ်ယောက်သည် နွယ်ပင်ဆီသို့ ပုဆိန်ကို မြှောက်ကာ ခုတ်လဲလိုက်ကြသည်။  


ချန်းမင် : "အားးးးးးးး!" 


ကြောင်လည်း "ညောင်!" 


လင်းရှောင်သည် နွယ်ပင်ကို ဘယ်ဘက်လက်ဖြင့် လွှတ်လိုက်ပြီး ကျောက်နံရံဆီသို့ ရိုက်လိုက်ကာ စစ်မှန်သော စွမ်းအင်လှိုင်းဖြင့် လေထဲသို့ တက်ကာ အေးစက်စက် ပြောလိုက်သည်။


 "ထင်တဲ့အတိုင်းပဲ"


 စောစောတည်းက သူခန့်မှန်းထားတာလား။ လင်ရှုသည် လင်းရှောင် ထက်စာလျှင် သူ့ဦးနှောက်ပတ်လမ်းက ပိုရိုးရှင်းသလားဟု ထင်မြင်လာသည်။ 


ပြတ်သွားသော နွယ်ပင်များမှ ခွဲထွက်ခဲ့ကြသော်လည်း နောက်အခိုက်အတန့်တွင် ကျောက်နံရံတစ်ခုလုံးသည် ရုတ်တရက် အနက်ရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားကာ ချောက်ကမ်းပါးပေါ်ရှိ နွယ်ပင်များအားလုံးသည် သက်ရှိလက်ကြီးများသဖွယ် ပြောင်းလဲသွားပြီး ၎င်းတို့ဆီသို့ လှိမ့်ဝင်လာခဲ့သည်။  


လေတိုက်သံ တဝုန်းဝုန်းကြားထဲမှ လင်ရှုသည် အပေါ် ညီအစ်ကိုနှစ်ယောက် ရယ်မောသံကို ကြားလိုက်ပြီး ၎င်းတို့က အော်နေကြသည်။


“နောပ်ထပ် သုံးယောက် သတ်ပစ်လိုက်ဦး”


******