Ch 67
Viewers 4k

အပိုင်း 67 - အိမ်ပြန်လှေ


ရှောင်ရှောက်က "သူ ခုတလော ဘာမှ မလုပ်ဘူး" 


" ကျောင်းတော်မှာလား" 


 "မဟုတ်ဘူး။ " 


 ရှောင်ရှောက် က "မင်း လင်းရှောင်နဲ့ ပျော်လို့ ဝတာနဲ့ လာခေါ်မယ်တဲ့" 


လင်ရှု : "အင်း" 


စကားမပြောကြဘဲ တစ်ခဏ တိတ်ဆိတ်သွား၏။ ရှောင်ရှောက်သည် သူ့ထက်စကား နည်းပုံပေါ်သည်။


ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက မေးသည်။


"...ငါ အခုသွားလို့ရပြီလား"


ရှောင်ရှောက်က သူ့လက်ထဲက ပုလွေကို တီးရင်း စကားမပြောဘဲ ရုတ်တရက် နယ်မြေမှ ထွက်သွားသည်။ 


လင်ရှု : "...." 


ရှန့်လင် အိပ်မက်ပုံရိပ်ယောင်နယ်မြေသည် မတော်တဆမှု တစ်ခုမှမရှိလျှင် အဆက်ပြတ်သွားမည်မဟုတ်။ 


ရှောင်ရှောက်က သူ့ကို နှုတ်မဆက်ဘဲ ဗြုန်းခနဲ အဆက်ပြတ်သွားပုံမျိုးနဲ့ ပျောက်သွားမျိုး မဖြစ်သင့်ပေ။ ဒီလူက သူ့ကို လုံးဝ ဂရုမစိုက်ဘူးလို့ မြင်မိသည်။ နောင်မှာ သူ့ကို မရှာတော့ဘူး။ သူက နောက်လှည့်ပြီး အိပ်မက်ပုံရိပ်ယောင်နယ်မြေက ထွက်ပြီး လက်တွေ့ဘဝထဲကို ပြန်ဝင်ဖို့ လုပ်လိုက်သည်။ ရုတ်တရက် ကမ်းတစ်ဖက်ကနေ အနီရောင် အရိပ်လေးတစ်ခု လွင့်နေတာကို သူ မြင်လိုက်ရသည်။ ဒီအနီကို နည်းနည်းရင်းနှီးသည်။ ကျောင်းတော်က မိန်းကလေးတွေက ဒီလိုအနီမျိုးကို ဝတ်လေ့ မရှိဘူး။ ရေလွှာပေါ် ရှပ်ပျံကာ ပထမသခင်မလေးသည် သူ့ဘေးသို့ ရောက်လာသည်။ 


လက်စသတ်တော့ ရှောင်ရှောက်က သူမကို ခေါ်ဖို့ ထွက်သွားတာ ဖြစ်နေသည် ။ လင်ရှုက သူ့နှာခေါင်းကို ထိလိုက်သည်။ ပထမသခင်မလေးသည် သူ၏ဝါးခေါက်ပုံ အသွင်အား မမြင်ဖူးသေးပေ။


ပထမသခင်မလေးက မေးလာသည်။ “နင် ငါ့ကို လွမ်းလား” 


လင်ရှုသည် ဤတစ်ကြိမ်တွင် မည်သို့ဖြေရမည်ကို သိပြီး ပြန်ဖြေခဲ့သည်။


“ငါ မင်းအကြောင်း တွေးမိပါတယ်” 


ပထမသခင်မလေးက ရယ်သည်။ 


 “ဒါက လုံလောက်ပါတယ်” 


 လင်ရှု : "…" 


ဒီအပြောမှာ တစ်ခုခုလွဲနေပြီလို့ သူတွေးလိုက်မိသည်။ ဒါပေမဲ့ သူ ဆက် မတွေးခင်မှာ ပထမသခင်မလေးက မေးလာသည်။


 " မိန်းကလေးတစ်‌ယောက် အတွက် ပန်းသွား ခူးပေးမယ်လို့ဆို”


ဒါက သေချင်စိတ်ပေါက်စေတဲ့ မေးခွန်းကြီး။ လင်ရှုသည် ဘယ်‌လိုကျော်လွှားရမလဲကို ကမန်းကတန်း တွေးနေရသည်။ နောက်ဆုံးတော့ ကံကောင်းထောက်မစွာ အကြံဥာဏ်ကောင်းတွေ ပေါ်လာသည်။ သူက ဖြေလိုက်မိသည်။


 "ငါ သူ့ကို မကြိုက်ဘူး" 


ပထမသခင်မလေးသည် မျက်ခုံးများရော မျက်လုံးပါ ကွေးသွားသည်ထိ ပြုံးလိုက်ကာ ပြောလာသည်။

71 02

 "ဉာဏ်ကောင်းတယ်"


အဲဒီနောက်မှာတော့ ပထမသခင်မလေးက လင်ရှုရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး ကမ်း(နယ်မြေ)စပ်ကို လျှောက်သွားခဲ့သည်။ ပုံရိပ်ယောင်နယ်မြေကို ရေပေါ်တွင် တည်ဆောက်ထားသည်။ အနားသို့ချဉ်းကပ်သောအခါ ရေထဲတွင် သူတို့နှစ်ယောက်ပုံရိပ်က ရောင်ပြန်ဟပ်နေတာကို သူ မြင်လိုက်ရသည်။ ပထမသခင်မလေးရဲ့ အသွင်အပြင်က အပြင်လောကနှင့် တစ်ပုံစံတည်း ဖြစ်သည်။ လှပပြီး ထက်မြက်သည်။


ဝါးခေါက်သည် တစ်ဝက်လောက်မှာ မင်ရောင် အစင်း‌ အကိုင်းအခက်တွေပါသော နှင်းဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူမ၏မျက်လုံးများသည် အေးစက်နေသော်လည်း နတ်သမီးကဲ့သို့ လှပနေသည်။  


 အတူတူရပ်နေတဲ့လူနှစ်ယောက်က တကယ်ကို ကြည်နူးဖို့ကောင်းပါသည်။ ပထမသခင်မလေးသည် ရေပေါ်က ပုံရိပ်ကို ခဏကြည့်ပြီးနောက် ဝါးခေါက်ဘက်သို့ လှည့်ကာ ပြောသည်။


 "နင် အရမ်းလှတယ်" 


လင်ရှုသည် ပထမသခင်မလေး၏ မနာလိုတတ်သော ဗီဇကို သိပြီး ပြန်ပြောလိုက်သည်။


 "မင်းက ပိုတောင် လှတယ်"


နားထောင်ပြီးနောက် ပထမသခင်မလေးသည် စိတ်ကောင်းဝင်ပြီး ပြောလာသည်။


 "မတွေ့ရတာ ရက်ပိုင်းလောက်ရှိသေးတယ်၊ အပြောလေးက ပိုချိုလာတယ်နော်"


လင်ရှု : "အမှန်ပဲကိုး" 


 ပထမသခင်မလေးက ဟွန်း ခနဲ နှာမှုတ်လိုက်ပြီး မေးလာသည်။


 “နင် ဂါဝန်ဝတ်တာ ရှားတယ်။ ငါတို့ ဒီမှာနည်းနည်းကြာကြာ နေလို့ရမလား"


ထို့နောက် သူမက ဆက်ပြောသည်။


“ဒါပေမဲ့ ဒင်းတို့က အမြင်ကပ်စရာကြီး” 


လင်ရှုသည် ဘေးဘီ လှည့်ကြည့်လိုက်တော့ ပထမသခင်မလေးသည် ဘေးနားရှိ ကျောင်းတော်မှ အသက်ကြီးသော ဂိုဏ်းတူညီအစ်ကိုများအကြောင်း ပြောနေသည်ကို သိလိုက်သည်။ ဝါးခေါက်နတ်သမီးသည် ဂိုဏ်းတူညီအစ်ကိုများ၏အမြင်တွင် နတ်ဘုရားမတစ်ပါးဖြစ်နေပြီ ဖြစ်သည်။ ပထမသခင်မလေးသည်လည်း ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးအဖြစ် လူသိများပါသည်။ ယခုတော့ သူတို့နှစ်ဦးဟာ တကယ့်ကို နီးနီးကပ်ကပ် အတူရပ်စကားပြောနေတာကြောင့် ဝိုင်းကြည့်သူ များပြားလာသည်။  


မဟုတ်ဘူး၊ အဲဒါက အဓိက မဟုတ်ဘူး။ 


 "မင်း ဒီလို ဝတ်ခဲတာလား" 


<ပထမသခင်မလေးက သူမလို အနီရောင် တော်ဝင် ဝတ်စုံကိုများ ပြောင်းလဲ ဝတ်စေချင်နေတာလား။ အခြားမိန်းကလေးတွေလိုမျိုး ပုံစံအမျိုးမျိုး ဂါဝန်တွေ ဝတ်ရတာ ကြိုက်တယ်များ မှတ်နေလား။ ပထမသခင်မလေး၊ မင်းက ငါ့လိင်ကို ဂရုစိုက်သင့်တယ်။ ဂါဝန်နဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး၊ ဝတ်တောင် မဝတ်ချင်ဘူး။ > 


ဒါပေမဲ့ ပထမသခင်မလေးက ကြာကြာနေချင်နေတော့ သူက ပိုဆက်နေပေးရလိမ့်မည်။ 


“ရေစပ်မှာ လမ်းလျှောက်ရအောင်”


ပထမသခင်မလေးက ဆက်ပြောသည်။ 


လင်ရှု : "ကောင်းပြီ" 


ပထမသခင်မလေးက သူ့ကိုကြည့်ကာ ရုတ်တရက် စကားရပ်လိုက်သည်။ လင်ရှုသည် ပထမသခင်မလေး ဘာတွေ တွေးနေမှန်းမသိ။ ခဏကြာတော့ ပထမသခင်မလေးက မေးတာကို ကြားလိုက်ရသည်။


 “လက်ချင်း တွဲလို့ရမလား” 


ပထမသခင်မလေးသည် ယခင်က သူ့ကို ထိမိတိုင်း၊ သူမသည် "မရိုမသေ" ဖြစ်သည့်အတွက် အမြဲတောင်းပန်ခဲ့သည်ကို လင်ရှု ခဏလောက် တွေးမိသွားသည်။  အဲဒီတုန်းက လက်ကောက်ဝတ်ကိုသာ ကိုင်ထားခြင်းဖြစ်သည်။ ယခုလို လက်တွဲမည်ဆိုလိုတာက လင်းရှောင် မေ့မြောနေသည့်နေ့က သူ့လက်ကို ဆုပ်ကိုင်ထားသလို လက်ချောင်းများအချင်းချင်း ကိုင်ထားမည်ဟု ဆိုလိုတာဖြစ်လောက်သည်။ ဒါပေမဲ့ မိန်းကလေးနှစ်ယောက် လက်ဆွဲကိုင်တာမျိုးက အမြင်မရိုင်းလောက်ပါဘူး။  


သူက ပြန်ဖြေလိုက်သည်။ 

71 03

"ရတယ်" 


ပထမသခင်မလေးသည် သူ့လက်ချောင်းများကို သူ့မလက်ချောင်းများဖြင့် ညင်သာစွာ ကိုင်လိုက်ပြီး ဆွဲလိုက်ကာ ပြုံးလိုက်သည်။ သူတို့၏လက်ချောင်းများ ထိလိုက်သည့်အခိုက်တွင် လင်ရှု၏ခန္ဓာကိုယ်သည် တစ်ခုခုမှားနေပြီဟု သိလိုက်ရသည်၊ လူများနှင့်ဓာတ်မတည့်သည့် တုံ့ပြန်မှု ပြန်ပေါ်လာသလို စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ လက်ကို တွဲထားသည့်နေရာမှ လျှပ်စီးကြောင်းသေးသေးလေး ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်အနှံ့ လှည့်ပတ်သွားသလို ခံစားရသည်။ သို့သော် ဝမ်းကွဲညီအကိုနှင့် လက်တွဲပြီး အိပ်သည့်ညတွင် သူသည် ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့‌ကို ကျင့်သားရခဲ့သည်။


အသက်အနည်းငယ် ပြင်းပြင်းရှူပြီးနောက်တွင် သူသည် တဖြည်းဖြည်း သက်သာလာကာ နာကျင်မှုကို မခံစားရတော့ပေ။ ပထမသခင်မလေးကို မော့ကြည့်လိုက်ရာ သူ့အတိုင်း နာကျင်မှုကြောင့် တောင့်တင်းသွားတာ မြင်လိုက်ရသည်။ သူမ စိတ်အေးလက်အေး မဖြစ်မီ အချိန်အနည်းငယ် ကြာသွားသည်။ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည့် လက်ချောင်းများကို ကြည့်လိုက်ရာ ပထမသခင်မလေး၏ လက်များသည် အမြဲလိုလို ကြည့်ကောင်းနေပါသည်။ ထိုမိန်းကလေးက ဝါးခေါက်၏ခန္ဓာကိုယ်ကို ဂရုတစိုက် ထိန်းခဲ့ပြီး လက်၏ပုံသဏ္ဍာန်သည်လည်း ပြီးပြည့်စုံသည်။ စာအုပ်များတွင် “ပိုးသားကဲ့သို့ နူးညံ့သည့် သေးသွယ်သောလက်များ” နှင့် “သွယ်လျသောကျောက်စိမ်းလက်ချောင်းများ” ဟူသော အမွှမ်းတင်စကားလုံးများသည် ဤလက်အတွက် လုံးဝဆီလျော်ပါသည်။ ခုလို သူတို့နှစ်ယောက် တွဲထားတာ အလွန်ကို ကြည့်ကောင်းလှသည်။  အနီရောင်ပိုးသားနှင့် ချည်ဗြောင်နှစ်စမှာ လေကြောင့် အချင်းချင်း ပွတ်တိုက်နေသည်။ လင်ရှုသည် အလှတရားမှာ ငေးမောနေမိတော့သည်။ 


ကမ်းစပ်မှာ လက်ချင်းချိတ်ပြီး လျှောက်လာကြပေမဲ့ ပထမတော့ စကားမပြောဖြစ်ဘူး။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ပထမသခင်မလေးသည် သရဲတထောင်ချောက်ထဲရှိ သတိထားရမည့်အချက်တွေကို သေသေချာချာ ရှင်းပြခဲ့သည်။ ထိုချောက်နက်တွင် ရာသီဥတုအေး၍ လင်ရှုကို ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး အဝတ်အစားများ ထူထူထဲထဲဝတ်ရန် ပြောခဲ့သည်။ နာရီဝက်ခန့်အကြာတွင် ပထမသခင်မလေးက 


 "အခုတလော ဓားသိုင်းအသစ်ကို ဖန်တီးထားတယ်၊ ကြည့်မလား" 


လင်ရှု : "ကြည့်မယ်" 


ပထမသခင်မလေးက သူ့လက်ကို လွှတ်လိုက်ပြီး အနီးဆုံးတလင်းကို သွားလိုက်သည်။ “သောကနှစ်လွှာ” ဓားသည် ဓားအိမ်မှ ထွက်လာပြီး လှပသောပန်းပွင့်ကို ဦးစွာဆွဲလိုက်သည်။ 


ဆောင်းဦးရေကဲ့သို့ ကြည်လင်နေသော ဓား၏အလင်းတန်းကို သူမြင်လိုက်ရသည်။ ပထမဦးစွာ၊ သူမသည် လင်ရှု သိထားသည့် ဇာမဏီတောင်စံအိမ်၏ "နဝမ လင်းယွင် ဖွဲ့စည်းမှု" မှ ဆင်းသက်လာသော ဓားသိုင်းကွက်များစွာကို လှုပ်ရှားနေသည်။ ထို့နောက် ရွေ့လျားမှုအဆုံးတွင် ဓားအလင်းတန်းက ဓားလွယ်ခုတ် တက်လာပြီး မြစ်ကို ဆန်၍ တိမ်ကို ခွင်းမည့် အသွားသဖွယ် တည်‌နေသည်။ ပြတ်သားပြီး ခိုင်မာသည့် ဟန်ချက်ညီမှု သည် လင်းရှောင်၏ဓားသိုင်းနှင့် အနည်းငယ်ဆင်တူသော်လည်း အကုန်လုံးတော့ မ‌တူပေ။ လင်ရှုသည် အခြားအရာများကို သိပ်နားမလည်သော်လည်း သူသည် ကိုယ်ခံပညာတွင်လည်း အနည်းငယ် တတ်ကျွမ်းသည်။ ၎င်းကို တစိမ့်စိမ့် ချင့်ချိန်ပြီးနောက်တွင် အလွန်ရိုးရှင်းသော်လည်း လိုက်ကျင့်ရန် ခက်ခဲ့သည်ဟု တွေးဆမိသည် ။ 


“မင်းရဲ့ လှုပ်ရှားမှုက စိတ်အခြေအနေကြောင့် ဖြစ်ပေါ်လာတာလား” 


လင်ရှု မေးလိုက်သည်။


ဆရာမုန့်ပြောသည့်အတိုင်းဆို ကမ္ဘာပေါ်ရှိ အချို့သော လှုပ်ရှားမှုများသည် လူအားလုံး လိုက်မကျင့်နိုင်ပါ။ စိတ်အခြေအနေနှင့် တစ်သဝေမတိမ်း ကိုက်ညီစေရန် ပထမသခင်မလေး၏ လှုပ်ရှားမှုသည် အလွန်ရိုးရှင်းလှသည်။ 


 "ဒါပေါ့" 


လင်းဖုန်းရှောင်း က သူမ၏ဓားကိုဆွဲထုတ်လိုက်ပြီး သူမ၏မျက်လုံးများတွင် အပြုံးရိပ်ဖြင့် သူ့ကို ကြည့်ကာ 


 "မင်း ဘေးမှာရှိနေတာဆိုတော့ ငါ့စိတ်တွေ အေးချမ်းနေတယ်လေ။ မနေ့တနေ့ကမှ ဒီခံစားချက်ကို ငါခံစားမိတာ။ မြစ်နဲ့ရေကန်က ကြီးတယ်လို့ ခံစားရတယ်။ မင်းမှာ အိမ်ရှိရင် အထီးကျန်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအကွက်ကို ငါဖန်တီးခဲ့တာ”


လင်ရှုသည် အနည်းငယ် တုန်လှုပ်သွားပြီး မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိသောကြောင့် မေးလိုက်သည်။


"အဲဒီအကွက် ဘယ်လိုခေါ်လဲ" 


လင်းဖုန်းရှောင်းက 


 "ဇာတိမြေသို့ တမ်းခြင်း"


ထို့နောက် သူမသည် လှုပ်ရှားမှုများကို ထပ်မံကျင့်ခဲ့သည်။ လင်ရှုသည် ထိမိသွားပြီး အသိအမှတ်ပြုလိုက်သည်။ သို့သော် သူ ရှင်းရှင်းလင်းလင်း မတွေးဆခဲ့မိသော အရာတစ်ခု သို့မဟုတ် နှစ်ခု ရှိနေသေးသည်။ လင်ရှုသည် ဤအရာများကို စိတ်ဝင်စားခဲ့ပြီး ထိုအကြောင်းအရာကို စတင်တွေးတောနေတော့သည်။  

71 04

 လင်ရှုသည် ဝါးခေါက်ဓားကို ထုတ်ကာ ပထမသခင်မလေးနှင့် တိုက်ခိုက်လိုက်သည်။ နောက်ဆုံးတွင် "ဇာတိမြေသို့ တမ်းခြင်း" ကို ပြီးပြည့်စုံအောင် ပြုပြင်မွမ်းမံပေးခဲ့သည်။ ထိုအချိန်တွင် နှစ်နာရီနီးပါးပင် ရှိနေပြီဖြစ်သည်။ နေ့လယ်စာစားချိန် ရောက်သောအခါ ပထမသခင်မလေးသည် ဓားရှည်ကို သိမ်းလိုက်ပြီး သူ့လက်ကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်ကာ 


 “ပြန်သင့်ပြီ” 


လင်ရှု : "ဟမ်" 


ပထမသခင်မလေး : "မင်းကို ပြန်လွှတ်ရမှာ ဝန်လေးလိုက်တာ" 


လင်ရှု : "ခဏနေပေးရဦးမလား” 


ပထမသခင်မလေး : "မနေပါနဲ့၊ မင်းဗိုက်ဆာနေလိမ့်မယ်၊ အဆာမခံနဲနော်" 


လင်ရှုသည် အတင်းအကျပ် ထွက်ခဲ့ရပြီး လက်တွေ့ဘဝတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အပြင်မှနေရောင်ကိုကြည့်ကာ အချိန်ကုန်လွန်သွားသည်မှာ မယုံနိုင်စရာပင်။ သူသည် အိပ်မက်ပုံရိပ်ယောင်နယ်မြေတွင် ပထမသခင်မလေးနှင့် လမ်းလျှောက်ရတာကို ပြန်တွေးနေမိသည်။ အတော်လေး စိတ်ဝင်စားစရာကောင်းသော ဓားသိုင်းအကြောင်းကိုလည်း ပြန်စဉ်းစားခဲ့သည်။ ဒီအခိုက်အတန့်မှာ အတန်းဖော်တွေက ကျောင်းဆင်းရင် အတူတူ အချိန်ဖြုန်းရတာ ကြိုက်ကြတာကို သူ ရုတ်တရက် သဘောပေါက်သွားသည်။ ယခင်ကဆို ရှောင်ရှောက်က ပထမသခင်မလေးကို လွမ်းလားလို့ မေးခဲ့ရာ သူက အဆင်ပြေတယ်လို့ ဖြေခဲ့သည်။ ဒါပေမဲ့ အခုဆိုရင်ရော။ ပထမသခင်မလေးနဲ့ အတူရှိတုန်းက မထွက်ခင်တုန်းကတော့ ပထမသခင်မလေးက သူ့ကို ပြန်လွှတ်ဖို့ ဝန်လေးနေတယ်လို့ ပြောလိုက်သည်။ သူဘက်က တခြားဘာမှ ပြန်မပြောခဲ့ပေမဲ့ အဲဒီအချိန်တုန်းကဆို တကယ်ကို မပြန်ချင်ခဲ့ပေ။ 


******