Ch 61
Viewers 4k

အပိုင်း 61


ယွင်လန်သည် သူ၏ဓါးကို ဓါးအိမ်ထဲကနေ ဆွဲထုတ်လိုက်သည်။ ဓါးထိပ်ပိုင်းသည် နှင်းတောင်ထိပ်က လေအေးတွေကို သယ်ဆောင်ထားသလို အေးစက်စက်ခံစားချက်နှင့် ပြတ်သားတောက်ပနေခဲ့၏။ 


ချန်းမင်လို့ထင်ရတဲ့ တစ်ယောက်ကတော့ သူ့ရဲ့နှစ်ဖက်သွားဓါးမှာ ဓါးအိမ်ဆိုပြီး ရှိမနေခဲ့သောကြောင့် သူ၏ဓါးသည် ဆွဲထုတ်စရာ မလိုခဲ့ပေ။ 


မူလကတည်းက အေးစက်နေခဲ့သည့် တောင်ထိပ်သည် ယခုအချိန်တွင် နေရောင်ပါ ပျောက်ကွယ်သွားပြီး ညအချိန်လို မဲ‌မှောင်သွားခဲ့သည်။ လေနီကြမ်းတွေက စတင်တိုက်ခတ်လာပြီး လေထုက ပိုပြီးအေးစက်လာခဲ့၏။ 


လင်ရှုက ကောင်းကင်ရဲ့‌ ပြောင်းလဲမှု‌တွေကို ကြည့်နေခဲ့သည်။ 


ကောင်းကင်ပေါ်က ထူထဲနေတဲ့ တိမ်တိုက်‌တွေရဲ့အရောင်ဟာ ပိုမှောင်မိုက်လာပြီး နောက်ဆုံးမှာ မင်စက်‌တွေလို ပြိုကျလာမယောင်ဖြစ်နေသည်။ 


အ‌ဖြူရောင်ရှိတဲ့ အလင်းတန်းတစ်ခုက ကောင်းကင်ကို ဆုတ်ဖြဲပြီး ထွက်ပေါ်လာပုံက လူတိုင်းရဲ့အမြင်အာရုံကို ခဏတာလောက် ဝေဝါးသွားစေခဲ့သည်။ 


လင်ရှုက သူ့စိတ်ထဲကနေပြီးတော့ တိတ်တဆိတ် ရေတွက်နေခဲ့သည်။ 


သုံး


နှစ်


တစ်


ကြောင်မဲလေးသည် လေအေးတွေကြောင့် ခိုက်ခိုက်တုန်နေခဲ့၏။ 


ကောင်းကင်မိုးကြိုးက တခဏအတွင်းတွင် ထွက်ပေါ်လာခဲ့ပြီး တောင်တစ်ခုလုံးကို ထုချေနေခဲ့သောကြောင့် တောင်ကြီးသည်လည်း ဖြည်းဖြည်းချင်း လှုပ်ခတ်လာခဲ့သည်။ 


လင်ရှုက သူ့ရဲ့ဗျပ်‌စောင်းကို သုံးကြိမ်ဆက်တိုက် တီးခတ်လိုက်တာကြောင့် ဝိညာဉ်စွမ်းအားတွေက ကြောင်လေးကို ကာကွယ်ဖို့အတွက် ပျံတက်လာခဲ့သည်။ ထို့နောက်တွင် သူက တစ်ခါတည်းဆက်တိုက် 'အဆုံးမရှိသော ကောင်းကင်များ'ကို တီးခတ်ပြီး သူတို့ရဲ့စိတ်အာရုံကို စုစည်းကာ ကောင်းကင်မိုးကြိုးကိုးသွယ်အတိဒုက္ခကို ရင်ဆိုင်နေရသည့် လူသုံးယောက်အတွက် ကူညီပြီး တီးခတ်‌ပေးနေလိုက်သည်။ 


ကောင်းကင်ထက်ရှိ ခရမ်းရင့်ရောင် လျှပ်စီးမိုးကြိုးတွေက သူတို့ရှိရာအရပ်စီကို ဦးတည်ပြီး ပစ်ချလိုက်သည်။ 


ကောင်းကင်နှင့် ကမ္ဘာမြေပြင်ကြားထဲက အရာအားလုံးသည် နှေးကွေးသွားပြီး မနှိုင်းယဉ်နိုင်‌လောက်အောင် ကြီးမားသည့် မိုးကြိုးလျှပ်စီးကြီး တစ်ခုတည်းသာ ကျန်ရှိနေခဲ့သည်။


ကောင်းကင်ရဲ့တာအိုကို ပြီးပြည့်စုံအောင် ကျင့်ကြံထားကြောင်း၊ ရှင်းလင်းပြတ်သားတဲ့ ဓါးနှလုံးသားရှိကြောင်းကို မည်သို့မည်ပုံနှင့်မှ သက်သေပြနိုင်မည်လဲ။ 


သာမန်ထက်ကျော်လွန်တဲ့ သိုင်းကျင့်ကြံမှု တစ်ခုတည်းကသာလျှင် နယ်ပယ်ကိုးဘုံရဲ့ ကောင်းကင်နှင့် မြေကြီးစွမ်းအားပါဝင်တဲ့ မိုးကြိုးကို တားဆီးနိုင်သည်။ 


လင်ရှုက သူ့ရဲ့ခေါင်းကိုခါလိုက်ပြီး လွန်ခဲ့တဲ့လအနည်းကိုတောင် ပြန်တွေးလုနီးပါး ဖြစ်သွားသည်။ 


သူ သတိပြန်ဝင်လာတဲ့ အခါမှာတော့ လင်းရှောင်က သူရဲ့ဓါးနဲ့ကောင်းကင်ကို ချိန်ရွယ်နေပြီး ဝတ်ရုံလက်စတွေကိုလည်း ပြန်ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။ 


ဓါးစွမ်းအင်တွေဟာ အလုံးအရင်းနှင့် ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး လမ်းတစ်ဝက်မှာပဲ အတိဒုက္ခမိုးကြိုးနဲ့ အပြင်းအထန် ဝင်တိုက်မိကြသည်။ 


ထိုအချိန်မှာပဲ လင်ရှုက သူ့ဝမ်းကွဲရဲ့ ကျင့်ကြံရေးအခြေခံသည် ရှောင်ရှောက်နှင့်တောင် နှိုင်းယှဉ်နိုင်တယ် ဆိုတာကို မြင်လိုက်ရသည်။ 


ကောင်းကင်နှင့် ကမ္ဘာမြေပြင်ဟာ တိတ်ဆိတ်သွားခဲ့သည်။ အချိန်တိုလေးအတွင်းမှာ ကောင်းကင်မိုးကြိုးတွေဟာ ဖိနှိပ်ခံလိုက်ရသည်။ 


လင်းရှောင်ဟာ လေပေါ်ကို ခုန်တက်လိုက်ပြီး သူ့ရဲ့ပုံရိပ်ဟာ ငန်းတစ်ကောင်လို ရင်သပ်ရှုမောဖွယ်ရာ ကောင်းအောင် ကျက်သရေရှိမှုနှင့်အတူ ဓါးနဲ့‌လေထုထဲကို နောက်ထပ်တစ်ချက် ထိုးစိုက်လိုက်သည်။ 


ကြီးမားတဲ့မိုးကြိုး ပစ်ချခြင်းပြီးတဲ့နောက်မှာတော့ ခရမ်းရောင်လျှပ်စီးတွေက လေထုထဲမှာ ခဏတာ ငြိမ်သက်ရင်းနှင့်အတူ ပျောက်ကွယ်သွားကြသည်။ 


65 02


ကျောင်းတော်ရဲ့ရှေ့မှာ စုရုံးနေကြသည့် လူတိုင်းသည် သူတို့ရဲ့နောက်ခံတွေ၊ ကျောင်းတော်တွေကို မေ့ပျောက်ပြီး‌ အားပေးခြင်းအမှုကိုပဲ ပြုလုပ်နေခဲ့ကြသည်။ 


"စီနီယာအကိုကြီး ကောင်းလိုက်တဲ့ဓါး"


ကြောင်မဲလေးသည်လည်း အရမ်းကြီး တုန်လှုပ်မနေတော့ဘဲ တော်တော်လေးကို နားလည်နိုင်တဲ့ပုံ ပေါ်၏။ 


လင်ရှုရဲ့ဗျပ်စောင်းသံသည်လည်း ဖြည်းဖြည်းချင်း နိမ့်ဆင်းလာကာ ပိုမိုကြည်လင်စွာနှင့် နားထောင်ရတာ ပို‌ကောင်းလာခဲ့သည်။ 


အကုန်လုံးပြီးသည့်နောက်‌တွင်မူ လင်းရှောင်သည် အတိဒုက္ခကို ရင်ဆိုင်နေရသည့်နေရာတွင် ရှိ‌နေခဲ့တာလည်း မဟုတ်ပေ။ သို့သော် ကောင်းကင်မိုးကြိုးကို ခုခံရတာကလည်း ခက်ခဲသည့်အရာပင်ဖြစ်သည်။ ရင်ဆိုင်‌နေရသည့် သူ‌တွေက အပြင်ပိုင်းမှာ မသိသာပေမဲ့လည်း အတွင်းဒဏ်ရာကတော့ ရထားကြသည်။ ထို့အတွက်ကြောင့် ဒုတိယအကြိမ်‌ ကောင်းကင်မိုးကြိုး မကျရောက်ခင်ဆက်ကြားတွင် သူက ဒဏ်ရာ‌တွေကို ကုသနိုင်ဖို့‌ မျှော်လင့်ရင်းဖြင့် ကုသရေးသံစဉ်ကို အစားထိုးတီးခတ်နေလိုက်သည်။ 


အမွေးတိုင်တစ်တိုင်စာ အချိန်ကုန်ဆုံး သွားပြီးတဲ့အခါမှာတော့ ကောင်းကင်က ထိုင်းမှိုင်းလာကာ ဖိနှိပ်ပုံပေါ်တဲ့ နောက်ထပ်မိုးကြိုး ပေါ်ထွက်လာခဲ့သည်။ 


ဒုတိယအကြိမ်မြောက်မိုးကြိုး။


ကောင်းကင်မိုးကြိုးကိုးသွယ်သည် တစ်ခုထပ်တစ်ခုက ပိုပြီးတော့ ပြင်းထန်သည်။ 


ယွင်လန်သည် ဓါးသွားအစွန်းကို‌ ဝေ့ရမ်းလိုက်ရင်း သူရဲ့ဓါးနှင့်ကောင်းကင်ကို ချိန်ရွယ်နေခဲ့သည်။ သူ့ရဲ့လှုပ်ရှားမှုအတိုင်း ဓါးရဲ့အလင်းရောင်က ရုတ်တရက် မြင့်တက်လာခဲ့ပြီးနောက် အထဲမှာ ဓါးယုံကြည်ချက်တစ်ခု ရှိနေခဲ့သည်။ 


ကောင်းကင်မိုးကြိုးရဲ့အောက်တွင် ဓါးရဲ့အလင်းရောင်သည် နှင်းမှုန်တွေလို တောက်ပနေခဲ့ပြီး ဓါးရဲ့ဝိညာဉ်သည်လည်း ရေပြင်ညီမျဉ်း အတိုင်းမတ်နေခဲ့သည်။ သူသည် လေထဲကို ခုန်တက်ဖို့အတွက် ကိုယ်ဖော့သိုင်းကို အသုံးပြုခဲ့ပြီး ကောင်ကင်မိုးကြိုးနှင့် ယှဉ်ပြိုင်ခဲ့သည်။ သူက လျင်မြန်ပြီး တည်ငြိမ်စွာဖြင့် ဓါးကို လွှဲရမ်းလိုက်ရင်း ကောင်းကင်မိုးကြိုးကို ပိုင်းဖြတ်လိုက်သည်။ ကောင်းကင်မိုးကြိုးသည် လူအုပ်ပေါ်ကို ဖိနှိပ်ကျရောက်တော့မည့်အချိန်တွင် ဓါးက အားမာန်အပြည့်နှင့် ခရမ်းရောင်‌ကောင်းကင်မိုးကြိုး‌ထဲကို ထိုးဖောက်သွားခဲ့သည်။ 


ကောင်းကင်မိုးကြိုးလျှပ်စီးတွေရဲ့ အလင်းရောင်အောက်တွင် လူတွေက အတော်‌လေးကို သေးငယ်တဲ့ ပုံပေါ်နေခဲ့ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက အင်မော်တယ် ကျင့်ကြံ‌ရေးလမ်းကြောင်းကို နှစ်များစွာ လေ့ကျင့်ပြီးတဲ့အခါမှာတော့ ကောင်းကင်နှင့်မြေကြီးကို ယှဉ်ပြိုင်နိုင်တဲ့အထိ ခွန်အားတွေရှိလာခဲ့သည်။ 


အချိန်ကြာလာတာနှင့်အမျှ ခရမ်းရောင်မိုးကြိုးတွေက သူ့ရဲ့ဓါးသွားအောက်မှာပဲ ပျောက်ကွယ်သွားကြသည်။ 


ဘေးကနေ ဝိုင်းကြည့်နေတဲ့‌ သူတွေက ဆက်လက်ပြီးတော့ ချီးမွမ်းပြောဆိုနေခဲ့ကြသည်။ "စီနီယာအကိုကြီးရေ ,ကောင်းလိုက်တဲ့ဓါးနဲ့ ကောင်းလိုက်တဲ့သိုင်းပညာပါပဲဗျာ"


ငယ်ရွယ်ပုံပေါ်တဲ့ တစ်ယောက်ကတော့:"စီနီယာအကိုကြီးတွေက မိုးကြိုးလျှပ်စီးကို ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာတော့ ငါ့ထက် ပိုတော်ကြပေမဲ့ ခုခံကာကွယ်တဲ့နေရာမှာတော့ ငါက အတော်ဆုံးဖြစ်နေဆဲပဲ"


လင်းရှောင်က:"စောင့်ပြီးပဲ ကြည့်ပါရစေဦး"


အမဲရောင်တိမ်‌တိုက် လှိုင်းလုံးကြီးတွေ ထွက်ပေါ်လာပြီးတော့ ကောင်းကင်မိုးကြိုးသံဟာ နိမ့်ဆင်းကျလာသည်။ ထို့နောက်တွင်တော့ တတိယကြိမ်မြောက် ကောင်းကင်မိုးကြိုးသည် ထစ်ချုန်းသံကျယ်ကြီးနဲ့ အတူဆင်းသက်လာခဲ့သည်။ 


လူငယ်လေးက သူ့ရဲ့နှစ်ဖက်သွားဓါးကို ထပ်ပြီးတော့ မလွှဲရမ်းခဲ့ဘဲနှင့် မြေပြင်ပေါ်ကိုသာ ထိုးစိုက်လိုက်သည်။ 


နှစ်ဖက်သွားဓါးကို ဗဟိုပြုပြီးတော့ ကြံခိုင်တဲ့ဝိညာဉ်စွမ်းအားတွေက လှိုင်းထလာပြီး ပျံ့နှံ့လာခဲ့ကာ လေထုကို ပိတ်ဆို့ထားလိုက်ပြီးနောက် ရုတ်တရက် ဝိညာဉ်အကာကွယ်ပုံစံ ပေါ်ပေါက်လာကာ လူလေးယောက်နှင့် ကြောင်တစ်ကောင်ကို ကာကွယ်ထားလိုက်သည်။ ထိုဝိညာဉ်အကာအကွယ်က တောင့်တင်းပြီး ထူထပ်တဲ့ပုံ‌ ပေါ်သည်။ ဝိညာဉ်စီးကြောင်းတွေက အကာအကွယ်ပေါ်မှာ ဆန်းကြယ်သည့်ပုံစံနှင့် စီးဆင်းနေခဲ့ကြသည်။ ဝိညာဉ်စီးကြောင်းတွေက သိသိသာသာ ဖောက်ထွင်းမြင်နိုင်ပြီး မဖျက်ဆီးနိုင်တဲ့ပုံ ပေါ်သည်။ 


လင်ရှုက ဒီလူငယ်လေးသည် ချန်းမင်ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့သည်။ 


ထိုနေ့တုန်းက ချန်းမင်ဟာ ရှောင်ရှောက်နှင့် ယှဉ်ပြိုင်ခဲ့ပြီး ခမ်းနားသည့်ပုံစံဖြင့် ဝိညာဉ်စွမ်းအားထိန်းချုပ်နိုင်မှုကို ပြသပေးခဲ့သည်။ 


ချန်းမင်က နှစ်ဖက်သွားဓါးရဲ့ ဓါးရိုးကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးနှစ်ဖက်ဟာလည်း တင်းကြပ်စွာ မှိတ်ထားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် တည်ငြိမ်စွာနှင့် လေထုထဲကို ရောက်ရှိသွားပြီး ဝိညာဉ်အကာအကွယ်သည်လည်း ထုထည်ပိုမို သိပ်သည်းလာခဲ့သည်။ 


65 03


ခရမ်းရောင်မိုးကြိုးက သူတို့ဆီကို ဦးတည်ပြီး တိုက်ရိုက်ကျ ရောက်လာခဲ့သည်။ 


ကြောင်မဲလေးက တောင့်တင်းသွားပြီးနောက် လင်ရှု၏လည်ပင်းကို ဖက်တွယ်ထားကာ အသက်ရှူဖို့တောင် ခက်ခဲနေခဲ့ရသည်။ 


လင်ရှုက သဘာဝကျစွာနှင့် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီးနောက် ကျဆင်းလာခဲ့သည့် ကောင်းကင်မိုးကြိုးကိုးသွယ်အတိဒုက္ခကို ရင်ဆိုင်လိုက်သည်။ 


စောင့်မျှော်နေတုန်းမှာပဲ 


တစ်စက္ကန့်,နှစ်စက္ကန့်,သုံးစက္ကန့်....


ဘာမှမဖြစ်လာခဲ့ဘူး။ 


ကြောင်မဲလေးကတော့ ပျော်ရွှင်စွာနဲ့ပဲ တမြောင်မြောင် အော်မြည်နေခဲ့သည်။ 


သူ့မျက်လုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ ချန်းမင်က အံကိုကြိတ်ပြီး နှစ်ဖက်သွားဓါးကို ကိုင်ကာ မျက်နှာအရောင် ဖြူဖျော့လာတဲ့အထိ တောင့်ခံထားတာကို တွေ့လိုက်ရသည်။ 


ဝိညာဉ်အကာအကွယ်သည်လည်း မိုးကြိုးနှင့် ရိုက်ခတ်ခံရပြီး အလွှာပါးလေးသာ ကျန်ရှိတော့ပေမဲ့ ပထမနှစ်‌ခေါက်ထက် ပိုအစွမ်းထက်လာသည့် တတိယကြိမ်‌မြောက်မိုးကြိုးကို ခုခံနိုင်ခဲ့သည်။ 


လူတိုင်းလည်း ဆက်လက်ပြီး ချီးမွမ်းဂုဏ်ပြု နေလိုက်ကြသည်။ “သိုင်းပညာရှင်ညီ‌ငယ်လေးရေ ကောင်းလိုက်တဲ့ဝိညာဉ်စွမ်းအားပဲကွ"


ညီငယ်လေးလို့ အခေါ်ခံရတဲ့ အကြောင်းရင်းဆိုရင်တော့ ချန်းမင်ရဲ့ငယ်ရွယ်ပုံ‌ပေါက်နေတဲ့ မျက်နှာကိုသာ အပြစ်တင်နိုင်တော့သည်။ 


ခဏတာ တိတ်ဆိတ်ပြီးတဲ့နောက်မှာတော့ ကောင်းကင်က လျှပ်စီးတွေနှင့် ကြွေးကျော်လာခဲ့ပြန်သည်။ 


ပထမကြိမ်ဆုံး‌ ကောင်းကင်မိုးကြိုးသုံးခုကို ခုခံနိုင်ခဲ့ပေမဲ့ နောက်ထပ်လာမည့် ကောင်းကင်အတိဒုက္ခမိုးကြိုးတွေရဲ့အစွမ်းဟာလည်း နှစ်ဆဖြစ်လာမှာဖြစ်သည်။ 


ယွင်လန်က:"ငါတို့သုံယောက်လုံး ပူးပေါင်းပြီး တိုက်ခိုက်ကြရအောင်"


လင်းရှောင်နှင့် ချန်းမင်ကတော့ ကန့်ကွက်စရာမရှိပေ။ 


လင်းရှောင်နှင့် ယွင်လန်တို့က မိုးကြိုးတွေကို တိုက်ခိုက်ရာမှာ အားကောင်းသလို ချန်းမင်ကလည်း ခုခံရာကာကွယ်ရာမှာ တော်သည်။ သုံးယောက်သာ ပူးပေါင်းခဲ့မယ်ဆိုရင် သူတို့‌တတွေက ကျိန်းသေပေါက် မိုးကြိုးတွေကို တားဆီးပေးနိုင်လိမ့်မည်။ 


ဘေးကကြည့်နေတဲ့သူတွေကတော့ သူတို့ကို ဘယ်လိုချီးမွမ်းရမှန်း ကိုမသိကြတော့ဘူး။ အဲ့ဒါကြောင့် တစုတစည်းသာပေါင်းပြီး "ကောင်းတယ်"လို့သာ ပြောနိုင်ကြတော့တယ်။ 


အကယ်၍ သူတို့ပြောသာည့်အသံတွေကို သေချာအာရုံစိုက်ပြီး နားထောင်ကြည့်လျှင် လက်ဖက်ရည်အိမ်တော်ရှိ ပုံပြင်ပြောတဲ့သူတွေက ပုံပြင်တိုလေးတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင်‌ ပြောပြနေတဲ့အချိန်မှာ နားထောင်တဲ့သူတွေရဲ့အာရုံကို‌ အောင်မြင်စွာ ဆွဲဆောင်နိုင်လို့ ဝိုင်းပြီးချီးမွမ်းတဲ့အသံတွေနှင့်တောင် နှိုင်းယှဉ်နိုင်သည်။ 


ဘယ်လိုပဲဖြစ်ဖြစ် လင်ရှုကတော့ တိုက်ခိုက်တဲ့ သံစဉ်တွေ,ကူညီပေးတဲ့ သံစဉ်တွေကို တီးခတ်မနေတော့ဘူး။ 


သူက မြန်မြန်ဆန်ဆန်ပဲ လူသုံးယောက်ရဲ့ ဒဏ်ရာတွေကို ကုသပေး‌နေခဲ့သည်။ 


သူတို့တွေက ဘယ်လောက်ပဲ အထုံပါရမီပါပါစေ၊ သူတို့ရဲ့ကျင့်ကြံခြင်းတွေက ဘယ်လောက်ပဲ သန်မာပါစေ၊ သူတို့က အခုမှဖွံ့ဖြိုးဆဲ ဖြစ်နေတဲ့ကာလမှာပဲ ရှိသေးတယ်ဆိုတဲ့ အချက်ကိုတော့ မငြင်းပယ်နိုင်ခဲ့ကြဘူး။ သူတို့နှင့် ကောင်းကင်မိုးကြိုးကိုးသွယ်အတိဒုက္ခကြားထဲမှာတော့ ကွာဟချက်ကြီးဟာ ကြီးမားစွာ ကျန်ရှိနေခဲ့သေးသည်။ 


ထိပ်တိုက်ရင်ဆိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူး။ 


ဗျပ်စောင်းရဲ့အသံနှင့် ကုသနိုင်တဲ့ဒဏ်ရာတွေ ထပ်ပိုပြီးတော့များတဲ့‌ ကောင်းကင်မိုးကြိုးကို ခုခံရင်း ရရှိထားတဲ့ အတွင်းဒဏ်ရာတွေဟာ‌တော့ သူတို့ဆီမှာ ကျန်ရှိနေခဲ့ကြသေးသည်။ 


ခုနှစ်ခုမြောက်‌ကောင်းကင်မိုးကြိုးသည် ဖြည်းညှင်းစွာ ပေါက်ကွယ်သွားခဲ့ပြီဖြစ်သည်။ 


ချန်းမင်က ပါးစပ်အပြည့်နှင့် သွေးတလုပ်ကို အန်ချလိုက်ရသည်။ သွေးရဲ့အရောင်က ရွှေ‌ရောင်စက္ကူစတွေလိုပဲ ပျံ့ကျဲပြီးတော့ နှစ်ဖက်သွားဓါးပေါ်ကို ကျဆင်းသွားခဲ့သည်။ 


65 04


ယွင်လန်ရဲ့ ဓါးကိုင်ထားသည့်လက်ကလည်း တုန်ခါနေပြီး ဝိညာဉ်စွမ်းအားသည်လည်း သိသိသာသာကို ကုန်ဆုံးနေပြီဖြစ်သည်။ 


လင်းရှောင်အတွက်ကတော့ လင်ရှုဟာ မခန့်မှန်းနိုင်ခဲ့ဘူး။ 


ဒါပေမဲ့ သူတို့ရဲ့ဖီးနစ်မိသားစုဝင်တွေက သူတို့ကိုယ် သူတို့အ‌ပေါ်တောင် အမြဲရက်စက်တက်ကြတဲ့သူတွေဖြစ်တာကြောင့် သူလည်းပဲ ဒဏ်ရာရထားမှာဆိုပေမဲ့ မြန်မြန်ပြန်လည် သက်သာသွားတာ နေလိမ့်မည်။ 


ဒဏ်ရာရထားတဲ့ သုံး‌ယောက်ကတော့ နောက်ထပ်လာမဲ့ မိုးကြိုးအတိဒုက္ခနှစ်ခုအောက်မှာ ရှင်သန်နိုင်ဖို့က ကျိန်းသေပေါက်ကို မဖြစ်နိုင်တော့ဘူး။ 


ဒီအခြေအနေမှာ သူတို့က သူတို့စကားကို ရုတ်သိမ်းပြီး ထွက်ခွာသွားနိုင်ခဲ့ပေမဲ့ လူကြီးလူကောင်းရဲ့ ကတိစကားဟာ ရွှေတစ်ထောင်ထက်ကို ပိုပြီးအဖိုးတန်သည်။ ပြီးတော့လည်း သူတို့ထဲက တစ်ယောက်မှ ဒီအခြေအနေကနေ မနှုတ်ထွက်ချင်ခဲ့ကြဘူး။ 


ဘေးကကြည့်နေတဲ့သူတွေက‌ ဒီအခါမှာတော့ ချီးမွမ်းဂုဏ်ပြုတာတွေကို‌တောင် ဆက်မလုပ်နိုင်တော့ဘဲ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ လူလေးယောက်ကို ကြည့်နေခဲ့သည်။ 


တိတ်ဆိတ်ငြိမ်သက်နေရင်းကနေ ယွမ်ယင်းကျင့်ကြံရေး အဆင့်ရှိတဲ့လူတစ်ယောက်က ရှေ့ကို ခြေလှမ်းတိုးလိုက်ပြီး သူတို့နဲ့အတူ ရပ်တည်နေခဲ့သည်။


ဒုတိယတစ်ယောက်


တတိယတစ်ယောက်


နောက်ဆုံးမှာတော့ ကျင်းတန်းချီရဲ့ တပည့်တွေ အကုန်လုံးက အတူတကွ ရှေ့တက်လာခဲ့ပြီးတော့ သူတို့နဲ့အတူ ရပ်တည်နေခဲ့ကြသည်။ 


ယခုချိန်ကစပြီး တောင်ထိပ်ကို တက်ခဲ့သည့် လူ၂၃ယောက်လုံးက ကောင်းကင်မိုးကြိုးအတိဒုက္ခအောက်တွင် အတူတကွ ရပ်တည်နေခဲ့ကြသည်။ 


ရှစ်ကြိမ်မြောက်‌ ကောင်းကင်မိုးကြိုး ကျရောက်လာတဲ့ အခါမှာတော့ လူတိုင်းက ဝိညာဉ်စွမ်းအားတွေ အကုန်လုံးကို သုံးစွဲလိုက်ကြပြီး မျိုးစုံသော ဝိညာဉ်စွမ်းအားတွေက ရောယှက်လာကာ ရှစ်ကြိမ်မြောက် ကောင်းကင်မိုးကြိုးကို ပိတ်ပင် တားဆီးလိုက်ကြသည်။ 


ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်မိုးကြိုးရဲ့စွမ်းအားက ကျင့်ကြံရေး အဆင့်နိမ့်ပါးတဲ့သူတွေ တားဆီးနိုင်တဲ့အရာ မဟုတ်တာကြောင့် အကုန်လုံးတစ်ယောက်မှ မထိခိုက်ဘဲနှင့်တော့ မနေခဲ့ကြဘူး။ သူတို့အားလုံး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။ 


လင်းရှောင်ကတော့ သူ့နှုတ်ခမ်းပေါ်က သွေးစီးကြောင်းကို သုတ်လိုက်ပြီး ပေါ့ပါးတဲ့လေသံနှင့် ပြောလိုက်သည်။ "မင်းတို့အားလုံး ထွက်သွားတော့"


လူတိုင်းကလည်း သူတို့အစွမ်းအစကို သူတို့သိနေခဲ့သည်။ နောက်ထပ်‌ ကောင်းကင်မိုးကြိုး ပစ်ချခဲ့လျှင် ဒီနေ့က အကုန်လုံးရဲ့အသက် အဆုံးသတ်သွားတဲ့နေ့ပဲ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့ဟာလည်း တိတ်တဆိတ်နှင့် နောက်ပြန်ဆုတ်ခဲ့ကြသည်။ 


ထို့နောက်မှာတော့ သူက ချန်းမင်ကို ပြောလိုက်သည်။ " မင်းလည်း သွားလိုက်တော့"


ချန်းမင်က သူ့ကို သေချာကြည့်ပြီးတော့ ခေါင်းညိတ် ပြလိုက်သည်။ 


ကောင်းကင်ကြီးရဲ့အောက်တွင် လင်းရှောင် နှင့်ယွင်လန်ပဲ ကျန်ရစ်ခဲ့တော့သည်။ 


လင်ရှုကတော့ ကောင်းကင်ပေါ်က မိုးကြိုးတွေရဲ့အသံကို နားစွင့်နေခဲ့ပြီး‌ အသံတွေက ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ချင်နေတဲ့ပုံ‌ ပေါ်တာ‌ကြောင့် ပိုပြီးမလွယ်ကူသလို ခံစားလိုက်ရသည်။ သူက လင်း‌ရှောင်ရဲ့နာမည်ကို ခေါ်လိုက်၏။"လင်းရှောင်..."


လင်းရှောင်က သူ့ဘက်လှည့်ကာ ပြုံးပြလိုက်ပြီး :"ငါ အဆင်ပြေပါသေးတယ်"


လင်ရှုကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဘာမှမပြောလိုက်တော့ဘူး။ 


လင်းရှောင်က:"မင်းရဲ့လက်အဆင်ပြေရဲ့လား"


ဗျပ်စောင်းကို ပြင်းပြင်းထန်ထန် အချိန်ကြာကြီး တီးခတ်နေခဲ့တာကြောင့် လက်ချောင်းတွေက အကာအကွယ်မဲ့နေခဲ့တာ ကြာပြီဖြစ်ပြီး နီရဲကာ အနည်းငယ် ပေါက်ပြဲနေခဲ့သည်။ 


လက်ချောင်းက ဒဏ်ရာသည် ကောင်းကင်မိုးကြိုးကို ခုခံတိုက်ခိုက်နေတဲ့ သူနှစ်ယောက်ရဲ့ဒဏ်ရာတွေနဲ့ နှိုင်းယှဉ်ရလောက်အောင် မပြောပလောက်ဘူး ဆိုတာ သူသိသည်။ 


လင်ရှု:"ငါ အဆင်ပြေပါတယ်။ မင်းရော...."


လင်းရှောင်က သူ့ရဲ့ဓါးကို ဘယ်ဘက်လက်နှင့် ညင်သာစွာ ပွတ်သပ်ပေးရင်း :"စိုးရိမ်စရာ မရှိပါဘူး"


လင်ရှုက "အင်း" လို့ ပြန်ပြောလိုက်ပေမဲ့ သူ့စိတ်ထဲမှာတော့ မတင်မကျ ဖြစ်နေတုန်းပင်။ 


65 05


ဒါပေမဲ့ သူကတော့ သူတို့နှစ်‌ယောက်က ခဏတာပဲ အတူရှိခဲ့ပြီး သူ့ဝမ်းကွဲရဲ့ ပုံစံကလည်း အပြစ်မတင်နိုင်လောက်အောင် လူကြီးလူကောင်း ဆန်နေခဲ့သည်။ တကယ်လို့ သူသာသူ့ကိုယ်သူ‌ ကောင်းကင်မိုးကြိုးအတိဒုက္ခအောက်မှာ ရှင်ကျန်ဖို့ ယုံကြည်ချက် ရှိမနေခဲ့ရင်တောင်မှ ယွင်လန်ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး။ သေသွားခဲ့ရင်တောင် မထားခဲ့နိုင်လို့ အတူတူ သေသွားတာလည်း ကောင်းပေသည်။ 


ထို့ကြောင့် လင်းရှောင်က သူကလည်း သေမှာမဟုတ်ဘဲ အခြားသူတွေကိုလည်း သေဖို့ကို ခွင့်မပြုပေးနိုင်တဲ့ လမ်း‌ကြောင်းကိုပဲ ရွေးချယ်ခဲ့သည်။ 


ထိုသို့တွေးတောပြီးနောက် ဗျပ်စောင်းရဲ့အသံက တည်ငြိမ်လာခဲ့သည်။ 


လင်းရှောင်က:"ဒီအသံက နားထောင်လို့ ကောင်းတယ်"


လင်ရှုက တခြားသူတွေရဲ့ ချီးမွမ်းခြင်းကို မခံခဲ့ရတာ နှစ်အတော်ကြာခဲ့ပြီမို့ ချီးကျုးစကား ကြားချိန်တွင် သူက သူသံစဉ်မှားပြီး တီးမိမှာကို စိုးရိမ်နေခဲ့ရသည်။ 


လင်းရှောင်က သူ့ကိုကြည့်ရင်းနှင့် ပြုံးနေခဲ့၏။ 


ကောင်းကင်ထက်တွင်တော့ အရင်ကအတိဒုက္ခမိုးကြိုးတွေထက် ကြီးမားတဲ့မိုးကြိုးလေပြင်း ဖြစ်တည်လာခဲ့သည်။ 


ယွင်လန်ကတော့ ချောင်းဟန့်လိုက်သည်။ 


******