Ch 60
Viewers 4k

အပိုင်း ( ၆၀ ) ကောင်းကင်ဘုံကိုးထပ် ကြွမြန်းခြင်း မိုးကြိုး 


အမုန်းတရားဟု ရေးထားသော စုတ်ချက်တို့က ခိုင်မာပြီး ထည်ဝါကာ ထက်မြသည်။ သွေးဆာနေသော အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်တို့က စာအုပ်ထဲမှပင် ထိုးထွက်လာတော့မယောင် အသက်ဝင်လာသည်။ 


လင်ရှု၏ စိတ်အခြေအနေက တစ်ခဏလောက် အတွေးလွန်သွားသည်။ အချိန်အတော် ကြာပြီးနောက် စိတ်နှင့်လူနှင့် ပြန်ကပ်သွားသည်။ 


လင်းရှောင်၏အသံ ထွက်လာသည်။ 


“အိုင်း” 


လင်ရှု သိပ်ပြီး နားမလည်သော်လည်း ချင်းမင်မိစ္ဆာအရှင်သည် အမတအရှင် ယွဲ့ဟွာကို လူယုတ်မာဟု ကင်ပွန်းတပ်နေသော်လည်း အမတအရှင် လှည့်ဖျားခံရ၍ ကျဆုံးသွားရချိန်တွင် သူသည် လူဒါဇင်ကျော်သတ်၍ လက်စားချေခဲ့သည်။ ချင်းမင်မိစ္ဆာအရှင်နှင့် အမတအရှင် ယွဲ့ဟွာတို့သည် အချင်းချင်း တူညီသော မတည့်မှုနှင့် တိုက်ခိုက်ကြသော်လည်း ပါရမီထူးသူအချင်းချင်း ကရုဏာတော့ သက်ခဲ့ကြဟန်တူသည်။ 


ဤမိစ္ဆာအရှင်သည် မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံသော်လည်း သူသည် နတ်ဆိုးတစ်ဆယ့်နှစ်ပါးကို အမတအရှင် ယွဲ့ဟွာအား ညစ်ပတ်စွာ ထောင်ခြောက်ဆင်မှုနှင့် ရှင်းပစ်ခဲ့သည်။ ထို့ကြောင့် သူ့ကို ဖြောင့်မတ်သော သူဟု သတ်မှတ်နိုင်သည်။ 


လင်ရှု ဆက်၍ ဖတ်လိုက်သည်။ 


လျှို့ဝှက်ကျင့်စဉ်ကို “သက်ဝင်ခြင်းကင်းမဲ့” ဟုခေါ်သည်။ ချင်းမင်မိစ္ဆာအရှင်သည် ဤနည်းလမ်းကို “သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ကာ အဓိကရည်ရွယ်ရင်းမှာ အမတအရှင်ယွဲ့ဟွာ၏ မရီဒျန်များကို ဖျက်ဆီးပစ်လိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကျင့်စဉ်ကို သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့တွင် အသုံးမပြုခဲ့ပေ။ ဤကျင့်စဉ်သည် လူများ၏ မရီဒျန်များကို ဖျက်ဆီးရန်အတွက် အထူးတလှယ် ဖန်တီးထားခြင်း ဖြစ်သည်။ 


ပထမတွဲကို “သက်ဝင်ခြင်းကင်းမဲ့ အပ်များ” ဟုခေါ်သည်။ 


ရေခဲဒြပ်စင်ရှိသော ငွေအပ်တစ်ချောင်းကို ရှာ၍ အေးခဲအဆိပ်ရှိသော ရေခဲကျောက်စိမ်းဖြင့် သန့်စင်ကာ များပြားသော အဆိပ်များကို ရှာဖွေရမည်။ ချင်းမင်မိစ္ဆာအရှင်ပေးထားသော ဖော်မြူလာအတိုင်း အဆိပ်များကို အပ်ထဲသို့ ထည့်သွင်းကာ သန့်စင်ပြီးနောက်တွင် စာအုပ်ပါအတိုင်း အပ်စိုက်မှတ်များနှင့် လျှို့ဝှက်နည်းလမ်းများကို သုံး၍ လေ့ကျင့်ရမည်။ ခန္ဓာကိုယ်တစ်ခုလုံးမှ မရီဒျန်များကို ဖျက်ဆီးရန် အပ်သုံးချောင်းသာ လိုမည်ဖြစ်ကာ အပ်များကို တိတ်တိတ်လေး ဆောင်ထားရန်ပင် မလိုအပ်ပေ။ ဤနည်းလမ်းသည် သင်ယူရန် အလွန်ကို ခက်ခဲသည်။ သို့သော် ၎င်းက သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဆန်းကြယ်ပြီး အသုံးဝင်ဆဲ ဖြစ်လေသည်။ ရန်သူကို ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်ရန်သာ လိုသည်။ ထိုသူ၏ နည်းစနစ်များ၊ ကျင့်စဉ်များ၊ မည်မျှအဆင့်မြင့် အားကောင်းပါစေ ဤမမျှော်လင့်ထားသော နေရာမှ ထွက်လာမည့် တိုက်ကွက်များ ရှောင်ရန် ခက်ခဲပေလိမ့်မည်။ 


သို့သော် အပ်မှထွက်လာမည့် အဆိပ်ငွေ့များက အပြင်ဘက်သို့ ထွက်လာလျှင် ခန္ဓာကိုယ်နှင့်ထိမိနှင့် ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်သွားမည်ဖြစ်သည်။ ထိုအပ်များကို လက်ဖြင့် ကိုင်ထားရုံနှင့်ပင် မရီဒျန်များကို ပျက်စီးသွားစေနိုင်သည်။ မရီဒျန်များ ပျက်စီးသွားခြင်းက လူတစ်ယောက်၏ နှလုံးသားကို အရှင်လတ်လတ် ထုတ်ယူသည့်အလား နာကျင်စေမည်ဖြစ်ပြီး အပ်များက အသုံးပြုသူကို အလွန်ကို ဒုက္ခရောက်စေမည်။ ထို့ကြောင့် ဤနည်းလမ်းကို အသုံးပြုမည့်သူသည် ချောမွေ့သော မရီဒျန်များ ရှိ၍ မဖြစ်ပေ။ 


လင်းရှောင်သည်လည်း ဤစာမျက်နှာကို ကြည့်နေခဲ့ကာ ဖတ်ပြီးနောက်တွင် 


“ရှာဖို့ခက်တယ်ဆိုပေမဲ့လည်း ဇာမဏီနန်းမြင့်ရဲ့ အရှိန်အဝါအောက်မှာတော့ ရှာဖို့ ဖြစ်နိုင်ပါတယ်.... ဒါနဲ့ဆိုရင် မင်းကိုယ်မင်းတော့ ကာကွယ်နိုင်ပြီ” 


သူ၏ မူလ သိုင်းပညာများကို အသုံးမပြုနိုင်လျှင်ပင် သူသည် အခြားသူများကြောင့် ဒုက္ခရောက် ဒဏ်ရာရနေချိန်တွင် ၎င်းက ဝှက်ဖဲဖြစ်လာပြီး ကာကွယ်နိုင်လိမ့်မည်။ ထို့အပြင် သူရှာဖွေခဲ့သော အေးခဲကြိုးမျှင် ကုချင်းကလည်း သူ့အတွက် အကာအကွယ်တစ်ခုပင်။ 


နောက်သို့ဆက်လှန်ကြည့်ချိန်တွင် များစွာသော နည်းစနစ်များကို ထပ်၍ တွေ့ရသည်။ 


‘သက်ဝင်ခြင်းကင်းမဲ့ လက်ချောင်း’၊ ‘သက်ဝင်ခြင်းကင်းမဲ့ ဓား’ နှင့် ‘အသက်မဲ့ဝိဉာဉ်၏ သရုပ်ဖော်တိုက်ကွက်’ 


လင်ရှု စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး စာအုပ်ကို ပိတ်လိုက်သည်။ 

လင်းရှောင်၏ လက်မောင်းထဲတွင် ငြိမ်နေခဲ့သော ကြောင်လေးသည် အခွင့်အရေးကို စောင့်နေသည့်အလား ကွက်တိ သူ့လက်မောင်းထဲသို့ ခုန်ဝင်လာကာ လင်ရှု၏ ရင်ဘက်ကို ခေါင်းဖြင့် အတင်းတိုးခွေ့နေတော့သည်။ ကြည့်ရသည်မှာ ဝမ်းကွဲ၏ ကြောင်လေးများကို နှစ်သိမ့်သည့် အမွှေးများကို ပွတ်သပ်ပေးခြင်းက မနူးညံ့ပုံပေ။ 


လင်းရှောင်ကလည်း လက်ကို ရုတ်လိုက်ပြီး လင်ရှုကို လျှို့ဝှက်ကျင့်စဉ်နှင့် ကုချင်းကို ကူသိမ်းပေးလိုက်ကာ 


”သွားကြစို့” 


လင်ရှု ခေါင်းညိတ်လိုက်သည်။ 


ကြည့်ရသည်မှာ ဤခရီးထွက်ရန် ချခဲ့သော ဆုံးဖြတ်ချက်က မှန်ခဲ့ပုံပင်။ 


တစ်ခုတည်းသော ပြဿနာမှာ ကျင့်စဉ်သည် အလွန်ကို အန္တာရာယ်များပြီး ဆိုးယုတ်လွန်းနေကာ ကျောင်းတော်၏ စစ်ဆေးမှုကို မကျော်ဖြတ်နိုင်မှာစိုးသည်။ ဟွမ်သန်းတောင်မှ ကျောင်းသားများ ယူလာသော ရတနာများကို တာအိုပညာရှင်များက အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး စစ်ဆေးပေးလေ့ရှိသည်။ သူတို့သည် ထိုရတနာများက တပည့်များ၏ တိုးတက်မှုကို မထိခိုက်စေမည် သေချာမှ အသုံးပြုခွင့် ပေးသည်။ မအောင်မြင်သော ရတနာများကိုမူ ရတနာခန်းမ၏ ထိပ်ဆုံးအဆင့်တွင် ထားလျှင်ထား မဟုတ်လျှင်တော့ တားမြစ်စာအုပ်များ ထားရာ စာကြည့်တိုက်တွင် သိမ်းဆည်းထားလိုက်သည်။ တပည့်များသည် ထိုတားမြစ်ကျင့်စဉ်များကို ဘယ်သောအခါမှ ဖတ်ရှုနိုင်မည် မဟုတ်ပေ။ ထိုသို့ဖြစ်လာလျှင် ကျောင်းတော်မှ ကျောင်းသားများ မနစ်နာစေရန် စိတ်ဝိဉာဉ်ကျောက်စိမ်းများ အစား ပြန်ပေးလေ့ရှိသည်။ 


သို့သော် သူတို့ကို နတ်နယ်မြေမှ သခင်လေးက ထျန်းကျီစာကြည့်ဆောင်မှ ရတနာနှစ်ခု ယူခွင့်ပြုသည်ကို ကျောင်းတော်မှ သိမှာမဟုတ်ပေ။ ဤနည်းလမ်းဖြင့် လင်ရှုသည် “သက်ဝင်ခြင်းကင်းမဲ့” ကျင့်စဉ်ကို ကိုယ့်ဟာကိုယ်သိမ်းထားလိုက်ပြီး ကျောင်းတော်ကို အေးခဲကြိုးမျှင် ကုချင်းကိုသာ တင်ပြလိုက်မည်။ ဤနည်းဖြင့် သူသည် စစ်ဆေးမှုကို အောင်မြင်လာမည် ဖြစ်သည်။ 


သူတို့သုံးယောက်သည် ထျန်းကျီစာကြည့်ဆောင်အတွင်းမှ ထွက်လာကြသည်။ သူတို့ ထွက်လာသည်နှင့် တံခါးက တန်းပိတ်သွားကာ ရှည်လျားလှသော စင်္ကြန်တလျှောက် တံခါးပိတ်ရာမှ ထွက်လာသော အသံကျယ်ကြီး ပဲ့တင်ထပ်သွားတော့သည်။ 


ခဏလောက် ကြာသွားသော်လည်း အသံက ပျောက်မသွား။


လင်ရှု “?” 


လင်းရှောင် မျက်မှောင်ကြုတ်သွားသည်။ 


လူငယ်လေးက ပြောသည်။ 


“ဒီအသံက ထူးဆန်းလိုက်တာ” 


စက္ကန့်အနည်းငယ်ကြာပြီးနောက် လင်းရှောင်က အလျင်စလို ပြောလိုက်သည်။ 


“အသံက အပြင်ဘက်ကပဲ” 


သူတို့ သေချာအာရုံစိုက်ပြီး နားထောင်ကြည့်လိုက်သည်။ အသံသည် နိမ့်ပြီး လေးနက်က ဆက်တိုက်ဖြစ်ပေါ်နေသည်။ နန်းတော်အပြင်ဘက်မှ လာသော အသံဖြစ်သည်မှာ သေချာသည်။ စင်္ကြန်ပေါင်းများစွာကို ကျောဖြတ်လာပြီးနောက် နည်းနည်းလေး မျက်နှာ ပျက်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ အကြားမှားသွားသောကြောင့်ဖြစ်သည်။ 


လင်ရှု၏ လက်မောင်းထဲမှ ကြောင်လေးက ရုတ်တရက် အော်လိုက်ကာ အမြှီးမှ အမွှေးလေးများက ထောင်နေသည်။ ၎င်းသည် လည်ပင်းကိုဆန့်၍ ရှေ့သို့ မျှော်ကြည့်နေသည်။ 


လင်ရှု ၎င်းပြောချင်သည့် အဓိပ္ပာယ်ကို နားလည်သည်။ 


“ထွက်သွားကြစို့” 


ခန်းမနှငင့် သူတို့နီးလာလေလေ အသံက ပို၍ ရှင်းလာလေလေ ဖြစ်လာသည်။ 


မိုးကြိုး


ထိတ်လန့်စေသော ဆက်တိုက် ကြီးမားသည့် မိုးကြိုး လျှပ်စီးများ 


လင်ရှု၏ နားထဲသို့ ရောက်သွားချိန်တွင် ဤမိုးကြိုးသံများမှာ အလွန်ကို မမျှော်လင့်ထားချင်လောက်အောင် ရင်းနှီးနေသည်။ 


‘ဒါ သာမန် မိုးကြိုးမဟုတ်ဘူး’ 


‘ဒါ ကြွမြန်းခြင်း မိုးကြိုးပဲ’ 

သူတို့သည် အဓိကခန်းမဆောင်သို့ မြန်မြန်လေး လျှောက်သွားလိုက်ကြပြီးနောက် နန်းဆောင်အပြင်သို့ ထွက်လိုက်သည်။ 


ကောင်းကင်ကြီး ပြိုကျမတတ်ဖြစ်နေကာ မိုးက မည်းမှောင်နေပြီး တိမ်တိုက်မည်းများက လှိုင်းလုံးကြီးလှိမ့်လာသလို အရှိန်အဟုန်နှင့် စုဝေးနေသည်။ 


‘တကယ်ကို ကြွမြန်းခြင်း မိုးကြိုးပဲ’ 


‘ဟွမ်သန်းတောင်မှာ တောင်သခင်တစ်ပါးတည်းကပဲ ဒီလို ကြွမြန်းခြင်းကို ကြုံရနိုင်တာ’ 


ဟုတ်သည်။ ဟွမ်သန်းတောင်ကို စောစီးစွာ ဖွင့်လှစ်လိုက်ရသည့် အကြောင်းပြချက်မှာလည်း တောင်သခင်က ကြွမြန်းရန် နီးကပ်လာသောကြောင့် ဖြစ်ပြီး မကြာခင် ကောင်းကင်ဘုံသို့ တက်လှမ်းတော့မည်ဖြစ်သောကြောင့် ဟွမ်သန်းတောင်ကို ဆက်၍ မစောင့်ရှောက်နိုင်တော့ပေ၊ 


လင်ရှု ခေါင်း မော့ကြည့်လိုက်ချိန်တွင် မိုးကြိုးသွားတို့ စုဝေးနေသည့် အလည်တည့်တည့်သည် သူတို့ အခုရပ်နေသည့် နန်းတော်ရှေ့တွင် ဖြစ်နေလေသည်။ ထို့နောက် ကြွမြန်းခြင်း မိုးကြိုးသွားတို့ တရားဝင်စတင်လာလျှင် မိုးကြိုးသည် သူတို့ရှိရာတည့်တည့်ကို ပစ်လိုက်မှာဖြစ်သည်။ ၎င်းက တောင်သခင်သည် သူတို့နှင့် အနီးအနားမှာပင် ရှိနေသည်ကို ဖော်ပြနေသည်။ 


ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ချိန်တွင် ကျန်းလုံကျားကွက်ကို ဖြေရှင်းနေကြသော တပည့်တပန်းအချို့နှင့် အောင်မြင်သွား၍ ရတနာခန်းဆောင်ကို လမ်းပြမည့် ကြောင်ကို စောင့်နေကြသူများသာ ရှိလေသည်။ တောင်သခင်၏ အရိပ်ကိုပင် မတွေ့ရပေ။ 


ထိုအချိန်တွင် လင်ရှုသည် ရုတ်တရက် သူ့လက်မောင်းထဲမှ ကြောင်၏ အဆက်မပြတ် တုန်ယင်နေသည်ကို ခံစားလိုက်မိသည်။ 


တုန်ယင်နေရင်းနှင့်ပင် နူးညံ့စွာ အော်နေကာ လင်ရှုကို ခဏခဏ မော့ကြည့်နေသည်။ သူ့ကိုကြည့်ပြီးနောက် အကြည့်တို့က လင်းရှောင်ဆီ ပြောင်းသွားသည်။ 


လင်ရှု “.....” 


လင်းရှောင် “..........” 


လင်းရှောင် “မင်းလား” 


ကြောင်က မြောင်လိုက်ပြန်သည်။ 


‘ကောင်းပြီ’ 


‘ကိစ္စတွေက တကယ်ကို မမျှော်မှန်းထားတာတွေ ဖြစ်လာတာပဲ’ 


လင်ရှုသည် ကြောင်ကို မလိုက်ပြီး အကြည့်ချင်းဆုံ၍ စကားပြောဖို့ လုပ်လိုက်သည်။ 


ကြောင် “မြောင်” 


လင်ရှု “တကယ်ပဲ မင်းလား” 


ကြောင် “မြောင်” 


မိုးခြိမ်းသံကြီးက ကျယ်သည်ထက် ကျယ်လာနေပြီး တိမ်မည်းထုကြီးကလည်း နိမ့်သည်ထက် နိမ့်ဆင်းလာသည်။ နောက်ဆုံးတွင် လင်ရှုသည် ကြွမြန်းခြင်းကို ကြုံခဲ့ရသော လူတစ်ဦးသာ ဖြစ်သည်။ ဤအခြေအနေကား မိုးကြိုးပစ်တော့မည့် လက္ခဏာဆိုသည်ကို သူမသိဘဲ နေပါမည်လား။


မိုးကြိုးက ဤနေရာကို ပစ်မည်ဆိုကတည်းက ကြွမြန်းမည့်သူက ဤနေရာမှပင် ရှိရမည်လေ။ 


သူတို့ထဲတွင် မည်သည့်လူသားကမှ ကြွမြန်းခြင်းကို ကြုံနိုင်သည့် အဆင့်မျိုး မရောက်သေး။ 


သံသယဝင်စရာမှာ ကြောင်တစ်ကောင်သာရှိသည်။ 


သံသယရှိသော ကြောင်သည် တစ်ချိန်လုံးတုန်နေကာ လင်ရှု၏ လက်မောင်းကြားထဲသို့ အတင်းခေါင်းဝှက်ထားကာ လွတ်မြောက်ရန် ကြိုးစားနေသည်။ 


လင်ရှု လင်းရှောင်ကို ကြည့်လိုက်သည်။


လင်းရှောင်သည် ကြောင်ကိုသာ ကြည့်နေသည်။ တစ်နည်းနည်းဖြင့် လင်ရှုသည် ယခုအချိန်တွင် ဝမ်းကွဲက အလွန်ကို မပျော်မရွှင်ဖြစ်နေသလို ခံစားရသည်။ သူသည် ကြောင်၏ စိတ်ပျက်စရာ အပြုအမူကို မကျေမနပ်ဖြစ်နေခြင်း ဖြစ်လောက်မည်။ 


သူက မေးလိုက်သည်။ 


“ကျွန်တော် ဘာလုပ်ရမလဲ”

လင်းရှောင် “မင်းက ဒီကိစ္စထဲကို ဆွဲသွင်းခံရပြီးနေပြီ” 


လင်ရှု “........” 


လူသားများသည် အမတဘုံသို့ ကြွမြန်းခြင်းကို ကြုံပြီးနောက် ဝင်ရောက်နိုင်ကြသည်။ 


တိရစ္ဆာန်များသည်လည်း အတူတူပင် ဖြစ်သည်။ 


သို့သော် တိရစ္ဆာန်များသည် လူသားများနှင့် ကွာခြားသည်၊ သက်ရှိတိုင်းက ဉာဏ်ရည်ထက်မြက်ပြီး ခံနိုင်ရည်ရှိကြသည် မဟုတ်ပေ။ သူတို့တွင် အာရုံခံစားနိုင်ခြင်းတို့ ရှိလျှင်ပင် တာအိုကို နားလည်သဘောပေါက်ရန် ခက်ခဲဆဲဖြစ်သည်။ 


သားရဲများ၏ ကောင်းကင်ဘုံသို့ ကြွမြန်းခြင်းတွင်လည်း ကောင်းကင်ဘုံကိုးထပ် ကြွမြန်းခြင်း မိုးကြိုးကို ကျော်ဖြတ်သည်။ လူသားများနှင့် အတူတူပါပေ။ ခေတ်အဆက်ဆက် ကျော်လွန်သွားသော်လည်း အောင်အောင်မြင်မြင် ကြွမြန်းနိုင်သော သားရဲမှာ အလွန်ကို နည်းပါးလေသည်။ 


သို့သော် ကောင်းကင်ဘုံက ကြင်နာတတ်သည်။ အဆုံးတွင် သူတို့အတွက် အသက်ရှင်ရန် မျှော်လင့်ချက်လေး တစ်ခုတော့ ချန်ထားပေးသည်။ 


လူသားများ ကောင်းကင်ဘုံသို့ ကြွမြန်းလျှင် လှည့်ကွက်များမသုံးရသလို လူများထံမှ အကူအညီလည်း မယူရပေ။ အကယ်၍ စည်းကမ်းဖောက်လျှင် လင်ရှုကြုံခဲ့ရသလို ကောင်းကင်မှ အပြစ်ပေးမှုကို ခံရမည်ဖြစ်သည်။ 


သို့သော် သားရဲများ ကြွမြန်းရာတွင်တော့ လူသားများနှင့် ချည်နှောင်၍ လူသားများထံမှ အကူအညီယူနိုင်သည်။ သူ၏ ကြွမြန်းခြင်းတွင် ကူညီမည့် လူသည် ကိုယ်ပိုင်ဆန္ဒအလျောက် လိုလိုလားလား ကူညီပေးခြင်းတော့ ဖြစ်ရမည်။


ယခု ဖြစ်နေသည့် အခြေအနေသည် သိသာလွန်းနေသည်။ ကြောင်အဆင့်တက်ဖို့ လင်ရှုပေါ်တွင် မူတည်နေသည်။ 


စကားလုံးခြောက်လုံးက တုန်ယင်နေသော ကြောင်ခန္ဓာကိုယ်ပေါ်တွင် ထင်းနေသည်။ 


“ကြွမြန်းခြင်းမှာ ရှင်သန်နိုင်အောင် ကူညီပေးပါ” 


လေးစားစွာ ခေါ်ကြသော တောင်သခင်ဆိုသူက ကြွမြန်းခြင်းကို တွေ့ကြုံရတော့မည်။ ထို့ကြောင့် ဟွမ်သန်းတောင်ကို အလောတကြီး ဖွင့်လိုက်ပြီး တပည့်များကို နောက်ဆုံးအနေဖြင့် ရတနာများ ယူစေခြင်းဖြစ်သည်။ ထိုအကြာင်းပြချက်များ အားလုံးသည် ဖုံးကွယ်ထားသည့် သကာလောင်း စကားများသာ ဖြစ်သည်။ 


တကယ်တမ်းတွင် ဤကြောင်သည် ကြွမြန်းခြင်းကို ရင်ဆိုင်ရတော့မည်ဖြစ်ပြီး အသက်ရှင်ရန် မျှော်လင့်ချက် မရှိသောကြောင့် ဟွမ်သန်းတောင်ကို စောစောစီးစီးဖွင့်ပြီး သူ၏ ကြွမြန်းခြင်းကို ထူးချွန်သော တပည့်များကို ကူညီစေခြင်း ဖြစ်သည်။ 


အဆုံးတွင် တောင်သခင် ဆိုသည်မှာ မရှိပေ။ 


တောင်သခင်၏ အိမ်မွေးကောင်လေးဟု ခေါ်ကြသော ကြောင်ကလေးကသာ တကယ့်တောင်သခင် အစစ်ဖြစ်နေသည်။ 


ကြောင်တစ်ကောင်တဲ့


ကြောင်တောင်မှ ကြွမြန်းခြင်းကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ကြောင်။


လင်ရှု ဘာများ လုပ်ရပါတော့မည်နည်း။


ကြောင်က သူ့ကို ကြည့်နေပြီး သူက ဝမ်းကွဲကို ကြည့်သည်။ 


‘ဝမ်းကွဲရေ ကျေးဇူးပြုပြီး ငါတို့ကို ကြွမြန်းခြင်းကနေ ရှင်သန်နိုင်အောင် ကူညီပေးပါလားကွာ’ 


လင်းရှောင် ရယ်မောလိုက်သည်။ 


သူသည် လက်ချောင်းများကို ဓားအိမ်ပေါ်တွင် တင်လိုက်ပြီး 


“ကြွမြန်းခြင်းကို ကျွန်တော် ရင်ဆိုင်လိုက်မယ်။ မင်းက ဘေးကနေ အဖော်ပြုပေးပေါ့” 


ဓားပြားကြီးကို ကိုင်ထားသော လူငယ်လေးကလည်း ဓားကို နောက်ကျောတွင် ပိုးထားရာမှ ချလိုက်ကာ 


“ကျွန်တော်လည်း ကူမယ် ” 


ဓားကိုင်ထားသော သူ၏ ကိုယ်နေဟန်ထားနှင့် အပြုအမူတို့ကိုကြည့်၍ လင်ရှုစိတ်ထဲ ရင်းနှီးနေသလို ခံစားရသည်။

လျှပ်စီးများနှင့် တိမ်တိုက်လေပြင်းများကြားတွင် သူသည် တစ်စုံတစ်ယောက်ကို စဉ်းစားမိသွားသည်။ 


ကန်းမင် 


သိုင်းပညာအဆင့်သတ်မှတ်ချက်မှာ ရှောင်ရှောက် ဖိနှိပ်ထားလို့ ဒုတိယနေရာမှာပဲ တစ်နေတဲ့ ဒဏ္ဍာရီလာ ဂန္တဝင်သိုင်းသမားကြီးလား။


ကန်းမင်သည်လည်း ထိုလူငယ်ကဲ့သို့သော ဓားပြားကြီးကို အသုံးပြုသည်။ ထို့အပြင် လူငယ်လေးသည် စမ်းသပ်ချက် သုံးခုလုံးကိုလည်း ကျော်ဖြတ်ခဲ့သေးသည်။ ရှန်းလင်ကျောင်းတော်မှ ကျောင်းသားများထက် အရင် ထာဝရရှင်သန်သူ နန်းဆောင်သို့ ဝင်နိုင်သေးသည်။ သူသည် တကယ်ကို ကံကောင်းသော သူတစ်ယောက်သာ မဟုတ်လောက်ပေ။ 


သို့သော် အရပ်ရှည်ပြီး သန်မာထွားကြိုင်းသော ပုံရိပ်ယောင်ထဲမှ ကန်းမင်နှင့် သူ့ရှေ့မှ ချောမောသော လူငယ်လေးနှင့် ဆက်စပ်ကြည့်ရန် အလွန်ကို ခက်ခဲလေသည်။ 


သူ တွေးနေသကဲ့သို့ပင် အခြားသော တပည့်များသည်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပြီး ရှေ့သို့ တက်လာတော့မည့်အချိန်တွင် လင်းရှောင်က ပြောလိုက်သည်။ 


“မင်းတို့ရဲ့ ကျင့်ကြံခြင်းက မလုံလောက်ဘူး။ ဒီကို လာဖို့ မလိုဘူး” 


ထို့ကြောင့် ထိုတပည့်များသည် ထိုနေရာနှင့် ခပ်ဝေးဝေးတွင် တင်ပလ္လင်ခွေ ထိုင်လိုက်ကြပြီး မြင်ရရန် ရှားပါးသော မြင်ကွင်းကို စောင့်ကြည့်နေကြတော့သည်။ ကြွမြန်းခြင်း မြင်ကွင်းသည် ကောင်းကင်တာအိုကို သဘောပေါက် နားလည်စေမည့် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။ 


အမွှေးတိုင် တစ်ဝက်ကုန်ချိန်လောက်တွင် အဖြူရောင်ဝတ်ထားသော လူတစ်ယောက်သည် သူတို့ရှေ့သို့ ပျံသန်း၍ ရောက်ရှိလာသည်။ 


ထိုသူသည် ဓားနန်းဆောင်မှ တပည့်ဖြစ်ကာ ထာဝရရှင်သန်သူ နန်းဆောင်သို့ ပထမဆုံး ရောက်လာသူလည်း ဖြစ်သည်။ လင်ရှုနှင့် အခြားသူများ နန်းဆောင်သို့ ဝင်သွားချိန်တွင် သူတို့သည် ထိုသူ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ပေ။ သူ့ကို ရတနာရှာပြီး၍ တောင်ပေါ်မှ ဆင်းသွားပြီဟုပင် ထင်ခဲ့ကြသည်။ ယခုကျမှ သူ၏ လှုပ်ရှားမှုကို သတိထားမိပြီး ဤနေရာတွင် ပေါ်လာသည်။ 


“ဒီနိမ့်ကျတဲ့သူက ယွင်လန်ပါ” 


သူက ပြောသည်။ 


“ကျုပ် အကူအညီ ပေးချင်ပါတယ်” 


လင်းရှောင် “ကျေးဇူးပါပဲ” 


လင်ရှု အမြင်တွင် သူတို့သုံးယောက်လုံးသည် ယွမ်ယင်း ကျင့်ကြံခြင်းအဆင့်တွင် ရှိကြပြီး အားလုံးသည် ယွမ်ယင်းအဆင့်တွင် အတော်ဆုံးများ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံး ကြွမြန်းခြင်းတွင် ရှင်သန်နိုင်ခြေ မည်မျှ ရှိမည်ကို သူ မတွက်ချက်နိုင်ပေ။ 


သူသည်လည်း ထိုအတိုင်း ရပ်ကြည့်၍ မနေနိုင်မှာ သေချာနေလေရာ လင်ရှုသည် အေးခဲကြိုးမျှင်ကုချင်းကို ထုတ်၍ ကြောင်ကို သူ့ပုခုံးထက်သို့ တင်လိုက်ကာ ယခင်က သင်ခဲ့ဖူးသော တေးသွားများကို ပြန်စဉ်းစားနေလိက်သည်။ 


ကြောင်သည်လည်း ကိစ္စမှာ အလွန်အရေးကြီးသည်ကို သိနေသောကြောင့် နာနာခံခံလေး ပုခုံးပေါ်တွင် နေနေခဲ့သည်။ သူ၏ လက်သေးသေးနှစ်ဖက်ဖြင့် လင်ရှုလည်ပင်းကို ဖက်ထားသေးရာ လင်ရှုမှာ အသက်ပင် ရှူရခက်သယောင် ဖြစ်သွားသည်။ 


လင်ရှုသည် သူ့လည်ပင်းမှ အမွှေးပွပွ ထိတွေ့မှုလေးကို လစ်လျူရှုထားလိုက်ပြီး ကုချင်းကြိုးကို ငြင်သာစွာ ဖိ၍ “ငြိမ်းချမ်းကြည်လင်ခြင်း” တေးသွားကို စတင်တီးခတ်သည်။


ကုချင်းကြိုးများတွင် စိတ်ဝိဉာဉ်စွမ်းအားများ စုဝေးလာပြီး သိမ်မွေ့သော မြူအလွှာတစ်ခု အဖြစ်ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွားသည်။ ဤတေးသွားသည် လူများ၏ စိတ်ကို ရှင်းလင်းစေပြီး သက်ရောက်မှုက ဩချရသည်။ 


ယွင်လန်သည် သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှတော့ ပြောမလာခဲ့ပေ။ 


လင်ရှုသည် ဤတေးသွားမှာ အမတလမ်းစဉ်တွင် အလွန်ကို ကျော်ကြားသော ဓားနန်းဆောင်၏ ပြိုင်ဘက်ကင်းတေးသွား ဖြစ်သည်ကို မသိခဲ့ပေ။ အကယ်၍ ဤသည်သာ ဓားနန်းဆောင်မှ ပြိုင်ဘက်ကင်း တေးသွားဖြစ်ခဲ့လျှင် ယွင်လန်သည် ချက်ချင်း သတိထားမိဖို့ များသည်။ သို့သော် ယွင်လန်သည်လည်း ဘာမှ ပြောမလာရာ သူကလည်း ဘာမှ ပြောမနေတော့ပေ။ 


တိမ်တိုက်များအတွင်းမှ “ဘန်း” ကနဲ အသံကြီး ထွက်လာသည်။ 

6 6

လင်ရှုလည်ပင်းကို ဖက်ထားသော ကြောင်နက်လေး၏ လက်တို့ကလည်း ပို၍ တင်းကြပ်လာကာ သနားစဖွယ်လေး အော်နေရှာသည်။ အလွန်ကို ကြောက်နေပုံ ရသည်။ 


တောင်သခင်သာ တကယ်ကို ကြောင်တစ်ကောင် ဖြစ်ပါလျှင် ၎င်းတွင် နှစ်ပေါင်းထောင်ချီသော ကျင့်ကြံခြင်းများ ရှိနေမည်ဖြစ်ပြီး ကြောင်သားရဲ ဖြစ်နိုင်ခြေ များသော်လည်း ဤကြောင်ကလေးမှာ တကယ်ကို အကြောက်ကြီး အသည်းငယ်သော အကောင်လေး ဖြစ်နေသည်။ တကယ့်ကို ဗီဇသဘာဝက အရေးကြုံတော့ ပေါ်လာဆိုသည့် အတိုင်း ဖြစ်သွားပုံရလေသည်။


ကြောင်များ၊ ခွေးများ၊ ကြက်များနှင့် ဘဲများသည် အိမ်မွေးတိရစ္ဆာန်များဖြစ်ကြရာ အစကတည်းက ကြမ်းကြုတ်သော သားရဲများ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့သည် ကျင့်ကြံခြင်းတွင် အောင်မြင်ရန် ခက်ခဲကြသည်။ သူတို့ အောင်မြင်သွားလျှင်ပင် ဤကြောင်မဲလေးကို ကြည့်ရုံနှင့်ပင် မည်မျှပင် ကျင့်ကြံထားပါစေ။ လူများလက်မောင်းကြားသို့ တိုးခွေ့ချွဲနွဲ့တတ်သော အကောင်သေးသေးလေးများသာ ဖြစ်နေတုန်းဖြစ်ကြောင်း သိနိုင်လေသည်။


လင်ရှု ကောင်းကင်ကို မော့ကြည့်လိုက်သည်။ 


ကောင်းကင်ဘုံစွမ်းအားသည် တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာကာ သူ၏ ကြွမြန်းခြင်းတုန်းက မြင်ကွင်းကိုပင် သတိရစေသည်။ 


မိုးကြိုးလွှဲများကြောင့်သာ မဟုတ်ပါက သူသည် ယခုဆိုလျှင် အမတဘုံသို့ ရောက်နှင့်နေပြီ ဖြစ်လောက်သည်။ 


ကောင်းကင်ဘုံကိုးဆင့် ကြွမြန်းခြင်း မိုးကြိုးတွင် ကောင်းကင်ဘုံ၏ ဥပဒေသ အဓိပ္ပာယ်အစစ်အမှန်တို့ ပါဝင်နေသည်။ သို့သော် ၎င်းသည် တကယ့်ကို မော်ဒန်ရူပဗေဒ၏ ခြေမှုန်းခြင်းကို ခံလိုက်ရကာ သာမန်မိုးကြိုးလွှဲများ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ 


တကယ့်ကို ထူးဆန်းလွန်းသည်။ ယခုအထိ သူ့မှာ တွေးတိုင်း နားမလည်နိုင်သေးပေ။ 


ခန်းမရှေ့သို့ တပည့်အများအပြား ရောက်လာသော်လည်း မည်သူကမှ ရှေ့သို့ တက်မလာပေ။ 


စုဝေးခြင်း ပြီးသွားပြီးနောက် ကောင်းကင်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး နန်းတော်ရှေ့တွင် ခရမ်းရောင် လျှပ်စီးကြောင်းကြီး အရှိန်အဟုန်နှင့် ကျဆင်းလာသည်။ 


ဂျိမ်းခနဲ အသံကျယ်ကြီးကြားလိုက်ပြီး လင်းရှောင်သည် ဓားကိုထုတ်၍ ထက်ရှသော မျက်ဝန်းတို့က မိုးကြိုးကို တည့်တည့်ကြည့်နေသည်။ 


လင်ရှု ကုချင်းကြိုးကို အသံစမ်းပြီးသည်နှင့် တေးသွားကို ပြောင်းလိုက်သည်။ “ကောင်းကင်ဖြိုတေးသွား” ကို စတင်တီးခတ်လိုက်သည်။ ကုချင်းသံစဉ်တို့ အပေါ်သို့ တက်သွားပြီး သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကို တေးသွားချီများဖြင့် သယ်ဆောင်သွားသည်။ 


ကံကောင်းစွာဖြင့် ငယ်စဉ်က ဆရာဖြစ်သူသည် တင်းကြပ်ပြီး ခိုင်မာသောအခြေခံကို ရရန် အတင်းလေ့ကျင့်ပေးခြင်းကို နာနာခံခံ သင်ယူခဲ့သည်။ ကုချင်းတီးခတ်သည့် ပညာရပ်သည် ယခုအထိ မေ့မသွားသေးဘဲ ရင်းနှီးနေတုန်းဖြစ်သည်။ 


အေးခဲကြိုးမျှင် ကုချင်းနှင့် စိတ်ဝိဉာဉ်စွမ်းအားတို့ ပါဝင်နေသော ကုချင်းတေးသွားတို့က လူများ၏ စိတ်ကို ရှင်းလင်းစေပြီး စွမ်းအားစုစည်းနိုင်ကာ ဒဏ်ရာများကို ကုသပေးနိုင်သည်။ လိုအပ်လျှင် တိုက်ခိုက်၍လည်း ရနိုင်သည်။ ဤတစ်ကြိမ်တွင်တော့ နောက်ဆုံးတွင် သူသည် တခြားတစ်စုံတစ်ယောက်၏ နောက်တွင် ထပ်၍ ပုန်းအောင်းနေမှာ မဟုတ်တော့ပေ။ 


ကန်းမင်ဟု သံသယရှိသော လူငယ်က ပြောသည်။ 


“လင်ရှစ်တိ မင်းက သိပ်ကို အံ့ဩစရာ ကောင်းတာပဲ” 


လင်ရှု ပြန်မဖြေနိုင်ခင်မှာပင် လင်းရှောင်က ဖြတ်ပြောလိုက်သည်။ 


“ဒီလိုပဲ ဖြစ်ရမှာပေါ့” 

******