Ch 62
Viewers 4k

အပိုင်း 62 


လင်ရှုက မျက်မှောင်ကြုတ်ပြီး ကောင်းကင်ကို‌ မော့ကြည့်နေလိုက်သည်။ 


သူ သူ့ရဲ့အတိဒုက္ခကို ဖြတ်ကျော်ခဲ့တုန်းက ပထမဆုံးမိုးကြိုး ကျဆင်းလာပြီးတဲ့နောက်မှာ လိမ်လည်လို့ဆိုပြီး ပြစ်ဒဏ်ချမှတ်ခံရကာ ဒီကိုရောက်လာတာပဲ ဖြစ်သည်။ 


တကယ်လို့ တစ်စုံတစ်ယောက်ကသာ ကျင့်ကြံခြင်းကို ပြီးမြောက်‌အောင် လုပ်နိုင်ခဲ့ပြီးလို့ ကောင်းကင်မိုးကြိုး ကိုးသွယ်အတိဒုက္ခနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကျရင် လွယ်ကူနေတော့မှာ မဟုတ်ဘူး။ 


တောင်ထိပ်က တိတ်ဆိတ်နေခဲ့ကာ သန့်စင်ပြီး သာယာလှပတဲ့ ဗျပ်စောင်းရဲ့ အသံတစ်ခုတည်းကိုသာ ကြားနေခဲ့ရသည်။ 


လင်ရှုက‌တော့ လင်းရှောင်အတွက်ကို စိုးရိမ်နေဆဲပင်။ 


ကောင်းကင်မိုးကြိုး အထွတ်အထိပ်ကို ရောက်တဲ့အခါမှာတော့ ခဏတာ ရပ်တန့်သွားခဲ့ပြီး ကောင်းကင်မှာ တိတ်ဆိတ်မှုကြီး တစ်ခုသာ စိုးမိုးခဲ့သည်။ 


အမဲရောင် တိမ်တိုက်တွေက နောက်ဆုံးကြိမ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေသလို ရောယှက်လာကာ ကောင်းကင်ထက်မှာ တိတ်ဆိတ်စွာနှင့် မိုးကြိုးလှိုင်းလုံး‌တွေက လိမ့်တက်လာခဲ့သည်။ 


ပိုပြီးတိတ်ဆိတ်လာလေလေ နှလုံးသားကို အေးစက်တဲ့လက်နှင့် ဖျစ်ညစ်ခံရသလို ခံစားချက်က ပိုပြီးပြင်းထန်လာလေလို ဖြစ်ပြီး ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနိုင်တဲ့ထိ ဖြစ်လာခဲ့ကြသည်။ 


အကုန်လုံး ရုတ်တရက် သတိမထားမိလိုက်ချိန်တွင် လင်ရှုရဲ့ပုခုံးပေါ်က ကြောင်မဲလေးက ငြင်သာစွာဖြင့်'မြောင်' ဆိုပြီး သံရှည်ဆွဲကာ ဝမ်းနည်းဖို့ကောင်းအောင် အော်မြည်လိုက်၏။ 


လင်ရှုက သူ့ရဲ့လက်ကို လွတ်လိုက်ပြီး ကြောင်မဲလေးကို ထိဖို့လုပ်လိုက်ပေမဲ့ မထင်မှတ်ထားစွာ ကြောင်မဲလေးက သူ့ကိုယ်ပေါ်ကနေ ခုန်ချပြီးတော့ မြေပြင်ပေါ်ကို ဆင်းသက်သွားခဲ့သည်။ 


ကြောင်မဲလေးက‌ ရှေ့ဆက်သွားဖို့ကို တုံ့ဆိုင်းနေခဲ့ပြီး ခြေလှမ်း လှမ်းလိုက်ပြီးသည်နှင့် လင်ရှုကို ပြန်လှည့်ကြည့်လိုက်၊ ပြီးနောက် လင်းရှောင်နဲ့ယွင်လန်ကို ကြည့်လိုက်၊ ကောင်းကင်ကို ပြန်ကြည့်လိုက်၊ထို့နောက် ခြေတစ်လှမ်း ထပ်လှမ်းလိုက်၊ လင်ရှုကို ပြန်ကြည့်လိုက်နှင့် လုပ်နေခဲ့သည်။ ‌အရှေ့လှမ်းလိုက်‌ နောက်ပြန်ကြည့်လိုက် လုပ်ပြီးတဲ့နောက်တွင် တောင်ထိပ်က မြေတစ်နေရာကို သွားခဲ့ပြီး သတိကြီးစွာနှင့် ထိုင်ချလိုက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ 


ကောင်းကင်သည်လည်း ပြင်းထန်စွာနှင့် ရွေ့လျားနေခဲ့၏။ 


ကြောင်မဲလေးက နောက်ဆုံးမှာတော့ သူကိုယ်တိုင် အတိဒုက္ခကို ကျော်ဖြတ်ဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ 


အသက်နှစ်တစ်ထောင်ကျော်လောက် ရှိနေသည့်ကြောင်တစ်ကောင်ရဲ့ကျင့်ကြံရေးက ထိုလောက်မြင့်မားနေလိမ့်မယ်လို့ လင်ရှု မယုံကြည်နိုင်ခဲ့ဘူး ဆိုပေမဲ့ ကျင့်ကြံရေး မြင့်မားမှုကတော့ အမှန်တကယ် ဖြစ်နေခဲ့သည်။ 


ကောင်းကင်က ကျယ်လောင်စွာ အော်မြည်လာခဲ့ကာ လူတိုင်းရဲ့ အမြင်အာရုံသည်လည်း မှောင်မိုက်လာခဲ့ပြီး နားတွေက နာကျင်မှုကြောင့် ဘာမှကို ကြားနိုင်စွမ်း မရှိကြတော့ချေ။ 


သိပ်သည်းတဲ့ ခရမ်းရောင်ကောင်းကင်မိုးကြိုးက တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းကာ ကြယ်တစ်စင်းက လမင်းကို ဝင်တိုက်သလိုမျိုး တိုက်ရိုက် ဆင်းသက်လာခဲ့သည်။ 


ကြောင်မဲလေး:"မြောင်"


ဝိညာဉ်စွမ်းအင်တွေက ဖရိုဖရဲဖြစ်စွာနှင့် ကြောင်မဲလေးစီကနေ စီးဆင်းလာခဲ့ပြီး ပြိုကျလာခဲ့တဲ့ ကောင်းကင်မိုးကြိုးကို ဆန့်ကျင်တိုက်ခိုက် နေခဲ့တယ်။ ကောင်းကင်မိုးကြိုးရဲ့ အရှိန်ကလည်း မသိမသာ လျော့ကျသွားခဲ့၏။ 


ကြောင်မဲလေး:"မြောင်"

66 02

ကြောင်မဲလေးစီကနေ ဝိညာဉ်စွမ်းအားတွေက စတင်စုဆောင်း လာခဲ့ပြီး ကောင်းကင်မိုးကြိုးရဲ့ အရှိန်ကို ထပ်မံလျော့ချလိုက်နိုင်တယ် ဆိုပေမဲ့ ကောင်းကင်မိုးကြိုးက ပုံမှန်အတိုင်း ကျဆင်းနေဆဲပင်။ 


ကြောင်မဲလေး:"မြောင်"


ကြောင်မဲလေးနှင့် ကောင်းကင်မိုးကြိုးကြားက ပြင်းထန်သော ယှဉ်ပြိုင်ပွဲက‌ ဆက်လက် ဖြစ်ပျက်‌နေခဲ့၏။ 


ကြောင်မဲလေးရဲ့ တာအိုဝိညာဉ်စွမ်းအားက နှစ်တစ်ထောင် ကျော်ကြာရှည်ခဲ့ပုံမှာ အမှန်ဖြစ်ပုံရသည်။ ကောင်းကင်မိုးကြိုးက သက်ညှာမှု မရှိခဲ့ချေ။ ကြောင်မဲလေးက မည်မျှထိ ဝိညာဉ်စွမ်းအားတွေ ထုတ်လွှတ်နေပါစေ ကောင်းကင်မိုးကြိုးက ခိုင်မာစွာနှင့် သူဆီကို ကျဆင်းလာဆဲပဲဖြစ်တယ်။ 


ကြောင်မဲလေးက သူ့ရဲ့လက်သည်းနဲ့ မြေပြင်ကို စိုးရိမ်တကြီး ကုတ်ခြစ်နေခဲ့သည်။ သူ့ရဲ့‌အမွေးဖွား အမြီးလေးဟာဆိုရင်လည်း အပေါ်ဘက်ကို ထောင်တက်နေပြီး လင်ရှုကို‌တောင် နောက်ပြန် လှည့်ကြည့် လိုက်မိသည်။ 


လင်ရှုကလည်း ပေါ့ပါး တဲ့သံစဉ်တစ်ခုကို‌‌ ကြောင်မဲလေးကို နှစ်သိမ့်သလိုမျိုး တီးခတ်ပေးလိုက်တယ်။ 


ကောင်းကင်မိုးကြိုးကတော့ ဆင်းသက်လာမြဲ ပါပဲ။ 


ကြောင်‌မဲလေးသည်လည်း ပြိုလဲလုနီးပါး ဖြစ်လာခဲ့ပြီး သူ့ရဲ့ လက်သည်းတွေနှင့်‌‌ လေထုထဲကို အလျင်အမြန် ထပ်မံ ကုတ်ခြစ်လိုက်၏။ သူ့ရဲ့အမြီး ဖွား‌လေးကတောင်မှ အထိတ်တလန့်ပုံစံနှင့် အပေါ်ကို‌ ထောင်တက်လာခဲ့ပြီး ကြောင်မဲလေးရဲ့ အော်ဟစ်သံကလည်း ကြားနိုင်ရုံလေးပဲရှိပြီး ဝိညာဉ်စွမ်းအားတွေကို ဆက်တိုက် ထုတ်လွတ်လိုက်သည်။ 


ကြောင်မဲလေး ဖန်တီးထားတဲ့ စိတ်ဝိညာဉ်အလွှာဟာ ကောင်းကင်မိုးကြိုးကို ရပ်တန့်‌အောင် ဝါးမျိုချင်နေခဲ့ပြီး ကောင်းကင်မိုးကြိုးလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားမယောင် ဖြစ်နေခဲ့တယ်။ 


သတိမမူမိဘဲ လင်ရှုရဲ့ ညာဘက်လက်က ဓါးလက်ကိုင်ပေါ်ကို အလိုလို ရောက်ရှိသွားခဲ့သည်။ 


ကြောင်မဲလေးက နောက်ဆုံး တ‌စ်ခေါက်အနေနဲ့နှင့် ထပ်မံ ကြွေးကျော်လိုက်ပြီးတော့ ကောင်းကင်မိုးကြိုးကို ထုချေတော့မယောင် စိတ်ဝိညာဉ် လှိုင်းလုံးကြီး ဖြစ်ပေါ်အောင်လို့ ပြုလုပ်ခဲ့သည်။ 


ကြောင်မဲလေးကလည်း ဆက်လက်မတောင့်ခံနိုင်တော့သလို ကောင်းကင်မိုးကြိုးလည်း သူ့ရဲ့အကန့်အသတ်ကို ရောက်ရှိနေခဲ့ပြီး ‘ဝုန်း'ဆိုတဲ့ အသံနှင့်အတူ လွင့်စင် ပျောက်ကွယ်သွားခဲ့သည်။ 


ကြောင်မဲလေးလည်း မြေပြင်ပေါ်မှာ လဲကျသွားခဲ့သည်။ 


လင်းရှောင်က မြေပြင်ပေါ်ကနေ ကြောင်မဲလေးကို ကောက်ယူပြီး လင်ရှုစီကို ပေးလိုက်သည်။ 


ကြောင်မဲလေးက‌ ပုံမှန်အတိုင်း အသက်ရူနိုင်ဆဲဖြစ်ပြီး အဆင်ပြေနေတဲ့ပုံ‌ပေါ်၏။ 


လင်ရှုသည် ကြောင်မဲလေးက ဝိညာဉ်စွမ်းအား အကုန်လုံးကို တိုက်ပွဲထဲမှာ သုံးလိုက်ရလို့ပဲ သတိလစ်သွားတာလား ကြောက်လန့်ပြီး မေ့လဲသွားတာလား မခွဲခြားတက်တော့ပေ။ 


လင်ရှုက ကြောင်မဲလေးကို ကြည့်ရင်းနှင့် ရယ်ချင်လာခဲ့၏။ 


ကောင်းကင်မှာတော့ တိမ်မဲတွေက မျက်စိတမှိတ် အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပြီး ပုံမှန်အတိုင်း ပြန်လည်ကာ ကြည်လင်၊တောက်ပနေပုံက သက်တန့်တောင် ထွက်‌ပေါ်လာ‌တော့မလိုပင်။ 


ကြောင်မဲလေးက သတိမေ့ရာကနေ နိုးလာလျှင် သူ့ရဲ့ကျင့်ကြံရေး အခြေခံ ပြီးပြည့်စုံသွားမှာ ဖြစ်ပြီး အချိန်ကျလာခဲ့လျှင် အင်မော်တယ်ကမ္ဘာကို ဝင်ရောက်နိုင်လိမ့်မည်။ 


သို့ပေမဲ့ ကြောင်မဲလေးက လူသားတွေရဲ့ အကူအညီနှင့် သူ့ရဲ့အတိဒုက္ခကို ဖြတ်ကျော်သွားနိုင်ခဲ့ခြင်း ဖြစ်တာကြောင့် သူတို့ကို ကျေးဇူးပြန်ဆပ်ဦးမည် ဖြစ်ကာ မသေမျိုးကမ္ဘာ‌တွင် အချိန်အကြာကြီး ဆက်နေလောက်တာကို‌ တွေးမိရင်း လင်ရှုက ခေါင်းတောင် ကိုက်ချင်လာသလို ဖြစ်လာ၏။ 


သူနှင့်ပတ်သက်ပြီး ဆက်နွယ်မှုတွေ ဘယ်လောက်‌တောင် ရှိသွားလောက်လဲ ဆိုတာကို ကြောင်‌မဲလေး ကိုယ်တိုင်ပဲ ပိုသိ‌‌လောက်သည်။ ကြောင်မဲလေး ပြန်နိုးလာလျှင် သူနှင့်ဆက်နွယ်မှု အရှိဆုံးလူရဲ့ နောက်ကိုပဲ လိုက်နေတော့မည်ဆိုတာ ကျိန်းသေပေါက်ပင်။ 


ဘေးကကြည့်နေတဲ့ သူတွေကလည်း ဒဏ်ရာရခဲ့ကြတယ် ဆိုပေမဲ့ ဆက်လက်ပြီး ချီးမွမ်း ပြောဆိုနိုင်တုန်းပင်။

66 03

“တောင်စောင့်ရှောက်သူရဲ့ဝိညာဉ်စွမ်းအားတွေက လုံးဝကိုအံ့မခန်းပါပဲ"


အတိဒုက္ခဟာ ပြီးဆုံးသွားခဲ့ပြီး သူတို့လည်း ဒဏ်ရာတွေ ရခဲ့တယ် ဆိုပေမဲ့ သူ့တို့ရဲ့ စိတ်ဝိညာဉ်တွေကတော့ အကောင်းဆုံး အ‌ခြေအနေမှာ ရှိနေဆဲဖြစ်သည်။ 


ဒီအချိန်မှာတော့ သူတို့က အတိဒုက္ခကို ခုခံနိုင်ခဲ့ကြပြီး ကောင်းကင်မိုးကြိုး အတိဒုက္ခကိုးသွယ်က ဘယ်လိုမျိုးဆိုတာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြပြီးပြီ။ ထိုအရာက ဘာနဲ့တူလဲဆိုလျှင် ကောလိပ်စာမေးပွဲကို စာမကြည့်ဘဲ သွားဖြေခဲ့ပေမဲ့ အောင်သွားခဲ့ပြီး ကောင်းမွန်တဲ့ အခွင့်အရေးနှင့် အတွေ့အကြုံကို ရရှိလိုက်သလိုပင်။ သူတို့က ဘယ်လိုလုပ် မပျော်ရွှင်ဘဲ နေနိုင်မှာလဲ။ ဒဏ်ရာတွေ အပြင်းအထန် ရရှိခဲ့ပေမဲ့လည်း ရရှိခဲ့တဲ့ အခွင့်အ‌ရေးနှင့် နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ မပြောပလောက်ဘူးလေ။ 


ချန်းမင်းက ကြောင်မဲလေးကို ကြည့်ဖို့လာခဲ့ပြီး လင်ရှုကို:"အဲဒါလေးက အဆင်ပြေလား"


လင်ရှု:"အသက်‌တော့ ရှိသေးတယ်"


ကြောင်မဲလေးက အသက်ကိုလည်း ပုံမှန်ရှုပြီးတော့ ကိုယ်အပူချိန်ကလည်း နွေးထွေးနေတုန်းပင်။ ဒဏ်ရာလည်း မရှိသလို သယ်ထားမယ်ဆိုလျှင်တော့ သူ့ရဲ့အ‌လေးချိန်ကိုတောင် ခံစားမိနိုင်သည်။ 


ချန်းမင်:"အဲဒါက တကယ်ကြီးကို ကြောင်တစ်ကောင် ဖြစ်နေခဲ့တာပဲ"


သူ့ဘေးနားက ဝိုင်းကြည့်နေတဲ့သူတွေကလည်း သူပြောတဲ့နောက် သံရောင်လိုက်ပြီး :"မယုံနိုင်စရာပဲ”


မြောက်ပိုင်းရှက ဟွမ်းသန်းတောင်ပေါ်ကို မထင်မှတ်ဘဲ ရန်သွားစမိလျှင် တောင်ပေါ်က လျို့ဝှက်ဆန်းကြယ်ကာ မခန့်မှန်းနိုင်လောက်အောင် သက်တမ်းထောင်ချီတဲ့ ဝိညာဥ်သားရဲ‌‌တွေက သူတို့စီကို လာရောက် တိုက်ခိုက်မှာကို အချိန်အကြာကြီး စိုးထိ‌တ်‌နေခဲ့ရသည်။ မထင်မှတ်ဘဲနှင့် သူတို့ ကြောက်ရွံနေခဲ့ကြတာက သတ္တိနည်းကာ ကြောက်ရွံတတ်တဲ့ ကြောင်မဲလေး တစ်ကောင်ပဲ ဖြစ်နေခဲ့သည်။ 


လူအုပ်ထဲက တစ်ယောက်က: “ငါတို့တွေ ဒဏ်ရာတွေကို အရင်ကုသကြရင် ကောင်းမယ်”


“ပြီးရင်တော့ ဒီ……အာ,ဒီတောင်ရဲ့အစောင့်အရှောက် နိုးလာ‌အောင် စောင့်ကြတာပေါ့။ အစောင့်‌အ‌ရှောက် နိုးလာတော့မှပဲ ရတနာအိမ်တော်ကို သွားဖို့ လမ်းပြပေးမယ်လို့ မျှော်လင့်တာပဲ”


သူတို့အားလုံး သဘောတူစွာနှင့် ထိုင်ချကာ အနားယူပြီးတော့ ဒဏ်ရာတွေကို ကုသနေခဲ့ကြသည်။ 


ယွင်လန်ကလည်း သူတို့ကို နှုတ်ဆက်စကားပြောကာ တောင်အောက်ကို ပြန်ဆင်းသွားခဲ့၏။ 


လင်ရှုက လင်းရှောင်ကို: “မင်း အဆင်ပြေရဲ့လား”


လင်းရှောင်: “အရမ်းကြီးတော့ ကောင်းမနေဘူး”


လင်ရှုက ဆေး‌သေတ္တာထဲကနေ သန့်စင်တဲ့ပြန်လည် ကုသရေးဆေးလုံး သုံးလုံးပါတဲ့ ဆေးပုလင်းကို ထုတ်လိုက်ပြီး လင်းရှောင်ကို ကမ်းပေးလိုက်သည်။


လင်းရှောင်က‌ ဆေးပုလင်းကို ယူလိုက်ပေမဲ့ သောက်တော့ မသောက်ခဲ့ဘူး။ ဆေးပုလင်းကို လက်ထဲမှာ ကိုင်ပြီးတော့ အကြိမ်အနည်းငယ်လောက် ဆော့နေပြီးမှ လင်ရှုကို: “ငါ သောက်စရာ မလိုပါဘူး”


လင်ရှုက: “သောက်လိုက်”


“ငါ သောက်မှာ မဟုတ်ဘူး”


လင်းရှောင်က‌ ပျော်ရွှင်နေပြီး တိုးလျတဲ့အသံနှင့် လင်ရှုကို ပြောလိုက်သည်။ ကြောင်ကလေးက နူးညံတဲ့‌ လက်ဖဝါးလေးနှင့်‌ လာရောက် ကုတ်ခြစ်နေသလိုပဲ လူတွေကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့လေသံနှင့် :    “ငါ့အတွက်ကို ဗျပ်စောင်းပဲ တီးပေးပါ”


လင်ရှု: “….”


ဝမ်းကွဲရေ,ငါ ထင်တာတော့ မင်းက ငါနဲ့ ရန်ဖြစ်ချင်နေတာ များလား‌နော်။ 


သူက ဆေးသောက်ဖို့ကို ငြင်း‌ဆန်လိုက်သည်။ ထိုသို့ ငြင်းလိုက်တာ‌က ကောင်းနေတဲ့ အရာတော့ မဟုတ်ခဲ့ဘူး။ ဘာပဲပြောပြော သူမှာ တကယ်ကြီး ဒဏ်ရာ ရနေခဲ့တာလေ။ 


လင်ရှုက သူ့ရဲ့လက် အားသွားအောင်လို့ ကြောင်ကို သူ့ပုခုံးပေါ် တင်လိုက်ပြီး လင်းရှောင်အတွက် ကုသရေး သံစဉ်တီးလို့ရအောင် ဗျပ်စောင်း ထိုင်တီးခတ်ဖို့အတွက် သင့်တော်တဲ့နေရာကိုပဲ ရှာရတော့သည်။ ဒါပေမဲ့ လင်းရှောင်က သူ့ရဲ့ပုခုံးကို ညင်သာစွာ ဖိလိုက်ပြီး ကုသရေး ဆေးလုံးကို သောက်လိုက်ကာ: “မလှုပ်နဲ့”


လင်ရှုက သူ့ကို ကြည့်လိုက်ပြီး အကြည့်တွေထဲမှာတော့‘ဘာလို့လဲ’လို့‌ မေးခွန်းထုတ်ချင်နေခဲ့သည်။ 

66 04

ဒါပေမဲ့ လင်းရှောင်ရဲ့အကြည့်ကတော့ သူ့ကိုကျော်ပြီး ထိုင်နေတဲ့ လူအုပ်ဘက်ကို ရောက်သွားသာ်။ လင်ရှုကတော့ လင်းရှောင်ရဲ့ အကြည့်ကို မြင်ပြီး‌နောက် ဘယ်လိုဖော်ပြရမလဲကို မသိတော့ဘူး။ သူ့ကို ကြည့်ရတာက ပြုံးနေတဲ့ပုံ ပေါ်ပေမဲ့လည်း ရက်စက်ပြီး လူသတ်ချင်တဲ့ပုံလည်း ပေါ်နေသည်။ 


“ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို စောင့်ကြည့်နေတဲ့ အချိန်မှာ သူ့နောက်က စာဝါဌက်ကို သတိမထားမိလိုက်ဘူး” လင်းရှောင်ပြောတာကို သူကြားလိုက်ရသည်။ “ဟွမ်းတန်းတောင်ရဲ့ ဝင်ပေါက်ကပွင့်ပြီး ရတနာအိမ်တော်ကလည်း ဘယ်သူ့ကိုမဆို ရွေးချယ်နိုင်တယ်။ ကောင်းလိုက်တဲ့ပွဲ……”


လင်းရှောင်ပြောတာကို လင်ရှုကြားပြီး ရုတ်တရပ် ထိတ်လန့်သွားရသည်။ လင်းရှောင်က ဆက်ပြောသည်။ “တောင်ရဲ့ အစောင့်အရှောက်ကလည်း အတိဒုက္ခက်ို ဖြတ်ကျော် ပြီးတဲ့နောက်မှာ အားနည်းပြီးတော့ မေ့မျောနေတယ်။ လူတိုင်းကလည်း ဒဏ်ရာရနေခဲ့ကြပြီ။ တကယ်ကို‌ ကောင်းကင်က ပေးလိုက်သလိုမျိုး ကောင်းလိုက်တဲ့ အခွင့်အရေးကြီးပဲ”


လင်ရှုက ဘေးဘက်တွေကို လှည့်ကြည့်နေမိသည်။ 


ကျောက်စိမ်းဖြူကြမ်းပြင်ရဲ့ အပေါ်မှာ လူအနည်းငယ်က တပလ္လင်ခွေ တရားထိုင် နေခဲ့ကြပြီး ဖြည်းဖြည်းချင်း ခေါင်းမော့လာကာ သူတို့ကို ကြည့်နေခဲ့သည်။ သူ့တို့ရဲ့ မျက်လုံးတွေက ထုံထိုင်းလာခဲ့ပြီး မျက်နှာ‌တွေဟာလည်း မီးခိုးရောင် ပေါက်နေခဲ့ပြီ။ 


သွေးအဆိပ်ကနေပြီး ကူးဆက်နိုင်တဲ့ အသက်ရှင်နေတဲ့အလောင်းကောင်။


သူတို့တွေက ‘ရှူးရှူးရှဲရှဲ’အသံတွေ ထုတ်လွှတ်နေခဲ့ပြီး လင်ရှုတို့ဆီကို ခုန်အုပ်လာခဲ့သည်။ 


တစ်ချိန်တည်းမှာပင် လင်းရှောင်ရဲ့ ဓါးအလင်းရောင် ထွက်ပေါ်လာခဲ့ပြီး ဓါးချီလှိုင်းလုံးတွေ ထုတ်လွှတ်ကာ အသက်ရှိတဲ့ အလောင်းကောင်တွေကို တိုက်ခိုက်လိုက်သည်။ 


လင်ရှုကတော့ ကြောင်မဲလေးကို သေချာ ဖက်ကိုင်ထားပြီးတော့ ရပ်နေရာကနေ အနောက်ကို ခြေလှမ်း အနည်းငယ်စာ ဆုတ်ခွာလိုက်တယ်။ သူက လင်းရှောင်ဟာ အသက်ရှင်နေတဲ့ အလောင်းကောင်တွေကို တားဆီးနေတဲ့ အချိန်ကို အခွင့်‌ကောင်းယူပြီး လင်းရှောင်ရဲ့‌‌ နောက်မှာ ရပ်နေလိုက်သည်။ 


အသက်ရှင်နေတဲ့ အလောင်းကောင်တွေရဲ့ ပြစ်မှတ်က ကြောင်မဲလေး ဆိုတာကို သံသယဝင်စရာ မလိုအောင် ကျိန်းသေလွန်းသည်။ 


ကြောင်မဲလေးက တောင်ပိုင်းရှရဲ့အတော်ဆုံး စစ်သည်တွေနှင့်တောင် နှိုင်းယှဉ်နိုင်ပြီး အင်မော်တယ်နန်းတော် ရတနာသိုက်ရဲ့ သော့ဖြစ်သည်။ 


မြောက်ပိုင်းရှက ကြောင်မဲလေးကို သတ်နိုင်ဖို့ အခွင့်အရေးရသွားခဲ့လျှင် ကောင်းကျိုးတွေက သူတို့ဆီကို ရောက်သွားလိမ့်မည်။ မြောက်ပိုင်းရှရဲ့ လက်အောက်ကိုသာ ရောက်သွားခဲ့လျှင် သူတို့က‌ နေ့ချင်းညချင်းကို ချက်ချင်း ချမ်းသာ သွားတော့မှာ အသေအချာပင်။ 


******