အပိုင်း (၄၉) မရှိမဖြစ် လိုအပ်သော
ထိုစာကြောင်းကို ပြောပြီးနောက် ကြီးမြတ်သည့်သခင်မလေးက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်ကို တွေ့လိုက်ရသည်။
လင်ရှုက အသိစိတ်ရှိရှိနှင့် သူ ပြောတာတစ်ခုခု မှားသွားလားဟု ပြန်သုံးသပ်လိုက်သည်။
သူတော့ မထင်ပေ။
ကံကောင်းစွာနှင့် တစ်ခဏ ကြာပြီးနောက် သူမရဲ့ကြုတ်ထားသော မျက်မှောင်က တစ်ဖြည်းဖြည်းနှင့် ပြန်လည်ချောမွေ့သွားသည်။ လင်းဖုန်းရှောင်ကလည်း သူမ၏ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
“ရှင်က ငယ်ငယ်လေးကတည်းက လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာလေ။ အဲတော့ လောကကြီး အကြောင်းကို မသိဘူး……နားလည်ပေးနိုင်ပါတယ်”
လင်ရှု “ဟမ်”
ထို့နောက် ချက်ချင်းပဲ ကြီးမြတ်လှသည့်သခင်မလေးက သူ့အား နက်ရှိုင်းတဲ့ အကြည့်တစ်ချက်အား ပေးကာ ပြောလာသည်။
“ပြန်သွားကြစို့”
အကယ်ဒမီထဲရှိ မတော်တဆမှုကြောင့် တပည့်အများစုဟာ ဝါလုံးစံအိမ်များထဲတွင် နေနေကြရသည်။ ဟယ်ရွှီကောင်းကင်မှ ကျောက်စိမ်းကောင်းကင်သို့ အပြန်တွင် လူအနည်းငယ်သာ ကျန်ရှိတော့သည်။ ဆောင်းဦးနှောင်းပိုင်း၏အေးစိမ့်မှုက နေရာတိုင်းတွင် ရှိနေသည်။
ထိုဝမ်းနည်းဖွယ်နေရာတွင် လေထုဟာ အေးစက်လွန်းနေသည်ကို လင်းပေါင်ချန်းက တွေ့လိုက်ပြီး ပြောလာသည်။
“အခုတော့ ဘယ်သူကမှ လျှောက်သွားမနေပေမဲ့ သိုင်းပညာကွင်းပြင်မှာတော့ အရမ်းကို သက်ဝင်လှုပ်ရှားနေတာပဲ”
ကြီးမြတ်လှသည့်သခင်မလေးက သူမအား ပြန်ဖြေလိုက်သည်။
“ကွန်ဖြူးရှပ်ကျောင်းတော်က သိုင်းပညာကွင်းပြင်ထဲမှာ ထပ်ပြီး ပြဿနာ ရှာနေပြန်ပြီလား”
လင်းပေါင်ချန်း “အတိအကျပဲပေါ့ ။သူတို့တွေကို ဝါးလုံးစံအိမ်ထဲမှာနေဖို့ အမိန့်ပေးထားတယ်လေ၊ အဲဒါကြောင့် မျက်နှာချင်းဆိုင် မငြင်းခုန်နိုင်တော့ သူတို့အားလုံးက သိုင်းပညာကွင်းပြင်ဆီကို ဝင်သွားကြတာ၊ လူကြီးမုန့်က စိတ်နှလုံးပျော့ပျောင်းပြီး သူတို့ကို ထပ်ဝင်ခိုင်းလိုက်တယ်လေ။ အခု ရှဲ့ကျစ်ရှီတို့အုပ်စုက တိုက်ပွဲကိုအားပေးပြီး ဖင်းရူနင်ရဲ့အုပ်စုက ငြိမ်းချမ်းရေးကို ထောက်ခံတယ်၊ သူတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် စကားများနေကြတာ။ စကားများ ငြင်းခုန်တာက ပြင်းထန်လွန်းလို့ သိုင်းပညာကွင်းပြင်တစ်ခုလုံး ပရမ်းပတာဖြစ်လုနီးနီးပဲ”
ကြီးမြတ်လှသည့် သခင်မလေးက ပြောသည် ။
“ရှဲ့ကျစ်ရှီက ကျုံးရှန်းဆီကနေ သင်ယူတယ်။ ဖင်းရူနင်က ချွီကုံးဆီကနေ သင်ယူတယ်။ တိုက်ပွဲစမလား ငြိမ်းချမ်းယူမလားက တော်ဝင်ညီလာခံမှာလည်း အငြင်းပွါးစရာတွေ အများကြီးပဲ”
လင်းပေါင်ချင်းက ပြောသည်။ “အညံ့ခံလိုက်တာပဲ ပိုကောင်းမယ်။ ငါက တော်ဝင်ညီလာခံကနေ ငြိမ်းချမ်းရေးကို တောင်းဆိုတာမျိုး မတွေ့ရဖို့ ဆုံးဖြတ်ထားတယ်”
လင်းဖုန်းရှောင်က ခပ်ယဲ့ယဲ့ပြောလာသည်။
“ဟွမ်သန်းတောင်ထွတ်ရဲ့ စောင့်ရှောက်သူသာ ကောင်းကင်ပေါ် တက်လှမ်းသွားတာနဲ့ တောင်ပိုင်းရှက သီးခြားခွဲထုတ် ခံလိုက်ရလိမ့်မယ်။ ငြိမ်းချမ်းရေးယူဖို့က မလွယ်ဘူး”
လင်းပေါင်ချန်းက သက်ပြင်းချကာ စကားပြောတာ ရပ်သွားတော့သည်။
သူတို့ပြောတာကို နားထောင်ပြီးနောက် တောင်ပိုင်းရှဟာ သေချာပေါက်ကိုပင် မိုးလေပြင်းထန်သည့် အချိန်ကို ရောက်နေပုံပင်။ အခုလောလောဆယ်တွင် “တောင်ထွက်ကို စောင့်ရှောက်သူ” က မြို့ထဲမှာရှိနေပြီး တောင်ထွတ်စောင့်ရှောက်သူက ကောင်းကင်ဘုံကို တက်လှမ်းသွားတာနဲ့ အခြေအနေက ပိုလို့တောင် ဆိုးရွားသွားဦးမည့်ပုံပင်။
လင်ရှုက ဒီအကြောင်းနှင့်ပတ်သက်၍ ဘာပြောရမည်မှန်းမသိပေ။ ခေတ်သစ်အချိန်တုန်းက သူဟာ လူတွေရဲ့အဝေးမှာနေပြီး လူအုပ်ရဲ့အစွန်နားလေးတွင် နေခဲ့သော်လည်း ငြိမ်းချမ်းလှသည့်ခေတ်တွင် ကြီးပြင်းလာတာဖြစ်သည်။ ဒီလိုမြင်ကွင်းမျိုးအား ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ဖူးပေ။
လင်းပေါင်ချင်းက မေးလာသည်။ “ဒါဆို ငါတို့တွေ ဘာလုပ်သင့်လဲ”
လင်းဖုန်းရှောင် : “နန်းမြို့တောင်ထွတ် ရှိနေသရွေ့ သိုင်းပညာကို စိတ်အေးချမ်းစွာနဲ့ သင်ယူနိုင်တယ်”
လင်ရှုက ထိုမိန့်ခွန်းအား ကြားသည့်အခါ အနည်းငယ် မလွယ်ကူသကဲ့သို့ ခံစားလိုက်ရသည်။ တကယ်ကိုပင် ပရမ်းပတာ ဖြစ်တော့မည်ဖြစ်ပြီး မည်သည့်ကျင့်ကြံဆင့် မရှိပါက လူတွေအား မတူညီသလို ခံစားရစေလိမ့်မည်။
ကြီးမြတ်လှသည့်သခင်မလေးက သူ့မယ်ရီဒန်တွေနှင့် ပတ်သက်၍ ဂရုစိုက်စရာမလိုဟု ပြောခဲ့သော်လည်း လင်းဖုန်းရှောင်က အမြဲတမ်းသူ့အနားတွင် မရှိပေ။ စာကြည့်တိုက်မှာ ဖြစ်ခဲ့သည့် ဖုတ်ကောင်ကိစ္စမျိုးပင် အကယ်၍ လင်းဖုန်းရှောင်သာ သူ့အား အချိန်မီ မကူညီခဲ့ပါက ဒီကမ္ဘာကြီးထဲ၌ လင်ရှုဆိုတာ ရှိပါဦးမလားဆိုသည်က မေးခွန်းထုတ်စရာပင်။
သူ တွေးနေစဉ်မှာပဲ လှေကားထစ်တွေကို ထပ်တက်ရမည့်နေရာသို့ ရောက်လာပြန်သည်။ မိုးရွာပြီးနောက် ရေညှိတစ်လွှာက ကျောက်တုံးလှေကားထစ်တွေ ပေါ်၌ ကြီးထွားနေပြီဖြစ်ပြီး အတော်လေး လမ်းချော်နေသည် လင်းဖုန်းရှောင်က သူ့လက်ကောက်ဝတ်အား ထပ်ကိုင်လိုက်ပြီး ပထမဆုံးလှေကားထစ်ကို တက်လိုက်ကာ လင်ရှုလာရန် စောင့်နေပေသည်။
ထိုလှုပ်ရှားမှုကြောင့် သဘာဝကျကျပင်၊ လင်ရှု၌ မည်သည့်ချော်ကျမည့် အန္တရာယ်မှ မရှိတော့ပေ။ သို့သော် သူ့နှလုံးသားထဲ၌ တစ်စုံတစ်ခုက မှားနေသည်ဟု ခံစားနေရသည်။
ကြီးမြတ်လှသည့်သခင်မလေးက သူ့အား အတော်လေးကို ဂရုစိုက်နေသည်။
ရှန်းလင်အကယ်ဒမီကို ပထမတုံးရောက်လာခဲ့သည့်နေ့အား ပြန်အမှတ်ရလိုက်သည်။ လင်းဖုန်းရှောင်က သူ့အား ကျောက်စိမ်းကောင်းကင်ဆီသို့ ခေါ်သွားကာ သူ့အရှေ့တွင် လမ်းပြပေးသည်။ သူက သူမကို အမှီလိုက်နိုင်လား မလိုက်နိုင်လားကိုပင် လျစ်လျူရှုထားသည်။ ကြည့်ရသည်မှာ အရင်ဘဝ၏ကိစ္စဖြစ်ပုံပင်။
ကိစ္စတွေကို တကယ်ကို ခန့်မှန်း၍မရပေ။
ကျောက်စိမ်းကောင်းကင်မှာတုန်းက လင်းဖုန်းရှောင်ဟာ ဟွမ်သန်းတောင်ထွတ်၌ ဖြတ်သန်းရ အခက်ခဲဆုံးဖြစ်သည့် အိမ်မက်ကွင်းပြင်တစ်ခု ရှိသည်ဟု ပြောသည်။ ထိုနေရာတွင် ရှေးခေတ်က အမျိုးမျိုးသောတံလျှပ်ပုံရိပ်တို့အကြောင်း ရေးထားသည့် စာအုပ်တစ်အုပ်ရှိပြီး သူမက သူ့ကို ထိုစာအုပ်အား ပြချင်ခဲ့သည်။
လင်းပေါင်ချန်းနှင့် လင်းပေါင်ချင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြီးမြတ်လှသည့်သခင်မလေးအား အပြုံးတစ်ပွင့်နှင့် နှုတ်ဆက်လိုက်ကြပြီး လင်ရှုအား နည်းပြဆရာအဖြစ် တစ်ယောက်တည်း ချန်ထားခဲ့ကြသည်။
များသောအားဖြင့် လင်းဖုန်းရှောင်ကသာ သူ့အခန်းကို လာတာပင်။ လင်ရှုကတော့ သခင်မလေး၏အိပ်ခန်းအား ဘယ်တုန်းကမှ မဝင်ခဲ့ဖူးပေ။
ပျိုနီပန်းတစ်ဆုပ်ကို ဖြတ်ကျော်ပြီးနောက် တံခါးဆီသို့ ရောက်လာတော့သည်။ လင်းဖုန်းရှောင်က တံခါးကိုတွန်းလိုက်ကာ လင်ရှုအား အထဲသို့ဝင်စေလိုက်သည်။
—လူတိုင်း၏အိမ်က ပုံပမ်းသွင်ပြင် တူညီသော်လည်း အတွင်းထဲမှာတော့ လင်ရှုစိတ်ကူးမယဉ်ဖူးသည့် ကိုယ်ပိုင်ကမ္ဘာလေးဖြစ်သည်။
နံရံတွေက တဖိတ်ဖိတ်လက်နေကာ အလင်းရောင်ကိုပင် ဖောက်မြင်နိုင်သည် တံခါးမကြီး၏မျက်နှာမူရာတွင် ဖီးနစ်ငှက်ပုံတစ်ပုံရှိနေပြီး ပုလံပေါင်းများစွာနှင့် စီခြယ်ထားသည် အနောက်ဘက်နံရံတွင်တော့ ရေတံခွန်ကဲ့သို့ လှပသည့်ပန်းပွင့်တွေ ရှိနေပြီး အရှေ့ဘက်မှာတော့ ရောင်စုံရတနာများ ရှိနေသည်။ အခန်းထဲရှိ စားပွဲနှင့် ကုလာရထိုင်တို့က ကျက်သရေရှိကာ ဇိမ်ကျလှသည် ပြောစရာပင်မလိုချေ။ အိပ်ခန်းနှင့်ဆက်နေသည့် တံခါးလေးကို အနီရောင်ဇာလွှာလေးဖြင့် တပ်တင်ထားကာ အတွင်းထဲရှိ မြင့်မားသည့်အိပ်ရာနှင့် နူးညံ့သည့် ခန်းစီးလိုက်ကာတို့အား ခပ်မျပျလေး မြင်နိုင်နေသည်။ အခန်းတစ်ခုလုံးက ချမ်းသာသည့် အငွေ့အသက်မှားနှင့် ပြည့်နှက်နေပြီး လင်ရှု၏အကြမ်းထည်ဆန်သော အခန်းနှင့် အတော်လေး ကွာခြားပေသည်။
အမွှေးတိုင်ထွန်းသည့် ခွက်ထဲတွင် အဖြူရောင်မီးခိုးငွေ့တို့က တလိပ်လိပ် တက်နေပြီး မွှေးရနံ့က အခန်းထဲတွင် ပျံ့လွင့်နေသည်။ ပူရှိန်းနံ့ဆိုပါက အတော်လေး ပေါ့ပါးလွန်းပြီး စန္ဒကူးနံ့ဆိုပါကလည်း အနံ့က အတော်လေး မပြင်းထန်ပေ။ ထိုသည်က ကြီးမြတ်လှသည့်သခင်မလေး၏ ခန္ဓာကိုယ်ပေါ်မှ ရနေကျဖြစ်သည့် နူးညံ့သိမ်မွေ့သည့် အေးစက်စက်ရနံ့မျိုး ဖြစ်ပုံရသည်။
သူ လျှောက်သွားပြီးနောက် လင်းဖုန်းရှောင်က ဝင်လာကာ အနည်းငယ် သဘာဝမကျစွာ ပြောလာသည်။
“ကျွန်မက အိမ်ကိုသဘောမကျတာနဲ့ ပေါင်ချန်နဲ့တခြားသူတွေက ဒီလို ပြောင်းလိုက်တာ”
လင်ရှုကပြောလိုက်သည်။
“လှပါတယ်” ကြီးမြတ်သည့်သခင်မလေးကဲ့သို့ လှပသည့်မိန်းကလေးတစ်ဦးက သူမ၏စိတ်နေစိတ်ထားက ဘယ်လိုပဲဖြစ်နေပါစေ ယခုလိုလှပသည့် အိမ်တစ်လုံးတွင်သာ နေထိုင်သင့်သည်
“ရှင်ကြိုက်လား” သခင်မလေးက မေးလာသည်။ “ရှင်ကအခန်းက အရမ်းကို ရိုးရှင်းလွန်းတယ်”
လင်ရှု : “မလိုပါဘူး”
အခန်းဟာ ပေါင်ချန်၏မိန်းကလေးများမှ သန့်ရှင်းပြီးဖြစ်သည်။ ထို့ထက်ပို၍ ခမ်းနားရမည်ဆိုပါလျှင် သူစိုးရိမ်သည်က သူဟာ သူ့ဂိုဏ်း၏ဆုံးမသတိပေးချက်ကို ချိုးဖောက်မိပြီး အခေါင်းထဲကလူအိုကြီးအား ဒေါသထွက်စေလိမ့်မည်ဟုပင်။
ကြီးမြတ်လှသည့်သခင်မလေးက တခစ်ခစ် ရယ်လိုက်ကာ ဘာကိုမှပြောမလာပေ။ သူမက တံခါးအသေးလေးဆီသို့လာကာ ပြောလာသည် ။
“ဝင်လာခဲ့”
လင်ရှုက နည်းနည်းလေး စိတ်ရှုပ်ထွေးနေသည်။
ဒါဟာ မိန်းကလေးတစ်ဦး၏အိပ်ခန်းအား ပထမဆုံးဝင်ရောက်တာပင်။
ကြီးမြတ်လှသည့် သခင်မလေး၏အိပ်ခန်းတွင် စာအုပ်စင်တစ်ခုရှိသည်။ စာအုပ်စင်အရှေ့တွင် စားပွဲတစ်လုံးရှိပြီး ဆန့်ကျင်ဘက်တွင်တော့ ကြီးမားလှသည့် ကြေးနီရောင်မှန် တစ်ချပ်ရှိသည်။ ကြေးနီမှန်ကြီး၏ဘေးတွင်တော့ နည်းနည်းလေး သေးငယ်သည့် ရတနာပစ္စည်းစင်ရှိပြီး ကြည့်ရသည်မှာ အလှပြင်စားပွဲလိုပင်။
လင်းဖုန်းရှောင်က မှန်ရှေ့တွင်ထိုင်ချလိုက်ကာ စင်ပေါ်မှ သစ်သားသေတ္တာလေးတစ်ခုအား ထုတ်ယူလိုက်သည်။
လင်ရှုက သူမ မိတ်က ပ်ပြင်နေသည်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။
ကြက်သွေးရောင်ပါးနီကို သူမ၏နှုတ်ခမ်းပေါ်တွင် ငြင်သာစွာ ဖြန့်လိုက်သည်။
သို့သော် မှန်ထဲရှိလူက အနီရောင်ဝတ်စုံဝတ်ထားကာ အနက်ရောင်ဆံပင် တောက်ပသည့်မျက်လုံး တောက်ပသည့်သွားများနှင့် ကျက်သရေရှိကာ ဆွဲဆောင်မှုရှိသည်။
စာအုပ်ထဲတွင် အလွန်အမင်း လှပသည့်အမျိုးသမီးတစ်ဦးက ဘာနှင့်မှယှဉ်လို့မရဟု ပြောလာပါက ထိုသည်မှာ သခင်မလေးအား ပြောနေတာပင် ဖြစ်ရမည်၊
ကြီးမြတ်လှသည့်သခင်မလေးက သူက မှန်ထဲကသူမကို ကြည့်နေတာအား တွေ့လိုက်ပြီး သူမရဲ့မျက်ခုံးကို ဆွဲနေသည့်လက်တို့က တစ်ခဏခန့် ရပ်သွားသည်။ ထို့နောက် ပြုံးလိုက်ကာ ပေါ်လာသည်။
“ဒီကို လာခဲ့”
သူမရဲ့အပြုံးက မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ပြည့်နေကာ လင်ရှုအား နိုးကြားလာစေသည်။
သူက သတိတထားနှင့် ချဉ်းကပ်လိုက်ပြီး အနည်းငယ် ကိုင်းချလိုက်သည်။ လင်းဖုန်းရှောင်လက်ထဲရှိ စုတ်ထံ၏ထိပ်ဖျားက မျက်ခုံးမွှေးမှင်ထဲ နစ်သွားကာ သူ့မျက်လုံးအောက်သို့ အနည်းငယ် ထိလိုက်သည်။ ထိုအခါ သူ့မျက်လုံးအောက်၌ မှဲ့အသေးလေးတစ်လုံး ပေါ်လာတော့သည်။
လင်းဖုန်းရှောင်က လင်ရှုအား မှန်ထဲသို့ကြည့်ခိုင်းလိုက်ပြီး ပြောလိုက်သည်။
“ဒီလိုဆို ရှင့်ရဲ့မျက်နှာပေါ်မှာ မီးတောက်အနည်းငယ် ရှိသွားလိမ့်မယ်”
လင်ရှုက သူ့ကိုယ်သူ မှန်ထဲတွင် ဂရုတစိုက်ကြည့်လိုက်သည်။ အနက်ရောင်အစက်မှလွဲ၍ ဘာကွဲပြားမှုကိုမှ မမြင်ပေ။
သူ့မျက်နှာကို မြင်ပြီးနောက် လင်းဖုန်းရှောင်က သူမကိုယ်သူမ ထပ်မံစစ်ဆေးလိုက်သည်။ ပါးနီနှင့် ပေါင်ဒါမှုန့်အား ဘေးသို့ ဖယ်လိုက်ကာ ပြောလာသည်။
“ကျွန်မ ဒီနေ့ လူတွေနဲ့တွေ့ဖို့ အပြင်ထွက်ရမယ်။ အဲဒါကြောင့်မဟုတ်ရင် ကျွန်မက မိတ်ကပ် မလိမ်းဘူး”
ထို့နောက် စာအုပ်စင်ဆီသို့ သွားလိုက်ကာ နူးညံ့စွာပြောလာသည်။
“ကျွန်မ တစ်ခါတလေ တွေးမိတယ်။ အဲဒါက အရေပြားပဲလေ လှပသည်ဖြစ်စေ ရုပ်ဆိုးဖြစ်စေ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ တကယ်ကို ကိစ္စမရှိဘူး”
လင်ရှုက သဘောတူဟန် ဆောင်လိုက်သော်လည်း တကယ်တော့ သူက သဘောမတူပေ။
သီအိုရီအရ မည်သည့်ပြဿနာမှ မရှိသော်လည်း ကြည့်ကောင်းသည့် အရေပြားရှိနေပြီးဖြစ်သည့် သခင်မလေးကသာ ထိုကဲ့သို့ပြောဖို့ ယုံကြည်ချက်ရှိတာပင်
ရှေးတုန်းကအိမ်မက်ကုန်းမြေအကြောင်း ဖော်ပြထားတဲ့ စာအုပ်ကို ယူလိုက်အပြီးမှာတော့ လင်းဖုန်းရှောင်က သူ့အား အရေးကြီးသည့်အချက်တချို့ကို ထပ်ပြောလာပြီး လင်ရှုက ပြန်သွားလိုက်သည်။
သူဟာ သူ့အခန်းထဲမှာပဲ ဖတ်ကြည့်နေလိုက်သည်။ ထိုအချက်တွေကို နားလည် သဘောပေါက်ပြီးပြီဟု ခံစားလိုက်ရပြီးနောက် ကျောက်စိမ်းအဆောင်အား ထုတ်လိုက်ကာ သူ့ဓားရေးအား လေ့ကျင့်ရန် အိမ်မက်ကွင်းပြင်ထဲသို့ ဝင်သွားလိုက်သည်
ပုံမှန်လိုပင် လူကြီးမင်းမုန့်က တောင်ထိပ်ရှိစံအိမ်တွင် တိုက်လေကိုအန်တုကာ မတ်တပ်ရပ်နေသည် သူလာနေသည်ကို တွေ့သည့်အခါမှာတော့ လှည့်လိုက်ကာ အပြုံးတစ်ပွင့်နှင့်ပြောလာသည်။
“တာအိုမိတ်ဆွေလေး မတွေ့တာကြာပြီနော်”
လင်ရှုကပြောလိုက်သည် “မတွေ့တာကြာပြီ”
“အကယ်ဒမီက ပြဿနာဖြစ်နေတဲ့အချိန်မှာ ဖြစ်နေတယ်၊ အဲ့တော့အခုတလော ဘာအတန်းမှမရှိမှာကို စိုးနေတာ တာအိုမိတ်ဆွေလေးလည်း အိမ်မက်ကွင်းပြင်ကို ပိုပြီးလာရမယ်နော်”
“ကောင်းပြီ” လင်ရှု ဖြေလိုက်သည်
လူကြီးမုန့်က စကားပြောနေသည်ကိုရပ်ကာ စံအိမ်ထဲတွင် တိတ်တဆိတ်ရပ်နေသည်
လင်ရှုက အခုရက်ပိုင်းတွင် ကြီးမြတ်လှသည့် တိုင်းပြည်ရဲ့အကြံပေးပုဂ္ဂိုလ်အား အကြိမ်များစွာ တွေ့ခဲ့ရသည် ယခုအချိန်တွင် သူက လူကြီးမင်းမုန့်၏မျက်နှာသွင်ပြင်တွေ ဆင်တူနေသည်က ပုံရိပ်ယောင် မဟုတ်ဘူးဆိုတာကို သေချာစေရန် ထပ်မံကြည့်လိုက်သည်၊
သူက မနေနိုင်ဘဲ ထပ်ကြည့်လိုက်သည်။
လူကြီးမင်းမုန့်ကအပြုံးတစ်ပွင့်နှင့်ပြောလာသည်
“တာအိုမိတ်ဆွေလေး ဘာလို့.ကျုပ်ကို ကြည့်နေရတာလဲ”
သူဟာ လူအစစ်မဟုတ်သည်ကို သိသော်လည်း လင်ရှု အနည်းငယ် ရှက်ရွံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက သူ့ဓားကိုထုတ်ကာ အခြေခံဓားရေးနည်းစနစ်တို့အား လေ့ကျင့်ရန် စီစဉ်လိုက်သည်။
ရုတ်တရက်ပင် လူကြီးမင်းမုန့်က သူ့ကိုကြည့်လာပြီး သူ့မျက်လုံးတွေက ဖျော့တော့ဝေးကွာနေကာ နူးညံ့စွာပြောလာသည်။
“တာအိုမိတ်ဆွေလေး ကျုပ်က မှန်ထဲမှာ ပန်းတစ်ပွင့်က တူနေတာကိုတွေ့လိုက်ပြီး ငွေလမင်းက ရေထဲမှာပုံရိပ်ထင်တယ်၊ ဒီအိမ်မက်ရဲ့အပြင်ဘက် ကိစ္စအားလုံးကို ဒီကိုလာတာနဲ့ မေ့ပစ်လိုက်”
လင်ရှုက “အမ်း” ဟူသောအသံကို ထုတ်လိုက်သည်။
ကြီးမြတ်သည့် တိုင်းပြည်အကြံပေးအား တွေ့ဖူးသည့်သူက ဒီအကယ်ဒမီထဲတွင် အများကြီးရှိရမည်။ သူတို့သည်လည်း လူကြီးမင်းမုန့်နှင့် သူ၏ကြားက သွင်ပြင်ဆင်တူနေသည်ကို သတိပြုမိပြီး ဖြစ်ရမည်။ လူကြီးမင်းမုန့်ကလည်း အများကြီး မေးခံရလောက်ပြီးဖြစ်တဲ့အတွက် သူ၏သွင်ပြင်အား အခုလေးတင် ဘာလို့ကြည့်နေခဲ့တာလဲဆိုတာကို သိလောက်သည်။ သူပြောသည်က လင်ရှုက ထိုအကြောင်းကို မသိချင်သင့်ပေ။
လူကြီးမင်းမုန့်က ထိုသို့ပြောမှတော့ တွေးနေသည်ကို ရပ်လိုက်ကာ ဓားရေးလေ့ကျင့်သည့်အပေါ်မှာပဲ အာရုံစိုက်လိုက်သည်။
လေ့ကျင့်ပြီးနောက် လူကြီးမင်းမုန့်က ပြောလာသည်၊
“တာအိုမိတ်ဆွေလေး မင်း ဟွမ်သန်းတောင်ထွတ်ကို သွားချင်တယ်ဆိုရင် တောင်ပေါ်က အခြေအနေတွေကို သိသင့်တယ်”
လင်ရှုကရှေ့တိုးလိုက်သည် လူကြီးမင်းမုန့်က စံအိမ်ထဲရှိ ကျောက်တုံးစားပွဲပေါ်တွင် ထိုင်ချလိုက်ကာ သူ့ညာလက်က ကျောက်တုံးစားပွဲပေါ်တွင် ဆွဲနေစဉ်တွင် နတ်သူငယ်ပုံရိပ်တစ်ခုက စားပွဲပေါ်၌ ပေါ်ထွက်လာသည်။
“ဟွမ်သန်းတောင်ထွတ်ဆိုတာက အတိတ်တုန်းက ဧကရာဇ်ယဲ့ နေထိုင်ခဲ့တဲ့နေရာပဲ။ မျောလွင့်ကောင်းကင်အင်မော်တယ်နန်းတော်မှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိတယ်။ ဟွမ်သန်းတောင်ထွတ်ရဲ့ကောင်းကင်ဘုံလျှောက်လမ်းကို တက်နိုင်တဲ့ ဘယ်သူမဆို သေချာပေါက်ကို တစ်ခုခုရလိမ့်မယ်။ တောင်ထွတ်ကို စောင့်ရှောက်သူရဲ့ မျက်နှာသာ ပေးတာကိုခံရရင် ရိတ်သိမ်းမှုက ပိုပြီးတောင် ကြီးမားလိမ့်မယ်။ အဲဒါက အံ့မခန်းပဲ” လူကြီးမင်းမုန့်က ဟွမ်သန်းတောင်ထွတ်ရဲ့အခြေအနေအား ရှင်းပြလာကာ သူ့လက်ချောင်းတို့က တောင်ထွန်၏အောက်ခြေဆီသို့ ရွေ့သွားသည်။
“ဒါက ကောင်းကင်ဂိတ်တံခါးပဲ။ အဲဒီမှာ ချီအကာအရံရှိတယ်။ တိုကင်ရှိတဲ့သူတွေပဲ ဝင်ရောက်နိုင်တယ်”
ထို့နောက် လူကြီးမင်းမုန့်က သူ့လက်ချောင်းကို ရွှေ့လိုက်ကာ ပြောလာသည်။
“ကောင်းကင်ဂိတ်တံခါးကို ဝင်ရင် ပထမဆုံး ကောင်းကင်ဆီသွားတဲ့ ကောင်းကင်လှေကားထစ် ကိုးဆယ့်ကိုးခုရှိတယ်။ အဲဒီမှာ ချီတွေ စီးဆင်းနေပြီး အဲဒါကိုခုခံနိုင်ဖို့ မင်းဘာသာမင်း လေ့ကျင့်ဖို့ လိုတယ်။ မင်း အဲဒီကိုရောက်ပြီးရင် ဆန်းကြယ်တဲ့အရာတွေ အများကြီးကို သိလာလိမ့်မယ်”
လင်ရှုက အနည်းငယ် မွန်းကျပ်သွားသလို ခံစားလိုက်ရသည်။
သူ့တွင် ထိုသည်ကိုခုခံဖို့ ကျင့်ကြံဆင့်မရှိပေ။ သို့သော်လည်း ဒုတိယအတွေးကတော့ ကြီးမြတ်သည့်သခင်မလေးက သူ့အား ဟွမ်သန်းတောင်ထွတ်သိူ့ သွားရန် မေးသည်ဆိုကတည်းက ဖြေရှင်းချက်တစ်ခု ရှိရမည်ပင်။
လောကကြီးထဲရှိ ယုံကြည်စိတ် မချချင်စရာ။
ကောင်းသည့် လူတွေအားလုံးက သူတို့ရဲ့ချိန်းကြိုးတွေ ဆုံးရှုံးသွားပြီးဖြစ်သည်။ ပြီးတော့ ကြီးမြတ်လှသည့်သခင်မလေးက မယုံကြည်ချင်စရာ ကောင်းသည့် မည်သည့်အရာကိုမှ မလုပ်ခဲ့ပေ။ ထို့ကြောင့် သူ့တွင် စိုးရိမ်စရာမလိုပေ။
လူကြီးမင်းမုန့်က ဆက်ပြောလာသည်။
“ကောင်းကင်ဘုံ လှေကားထစ်ကို ဖြတ်ကျော်ပြီးရင် ကျင့်ကြံဆင့်စာမေးပွဲ အောင်မြင်ပြီးသွားပြီ။ တောင်လမ်းတစ်လျှောက်မှာ လောကကြီးထဲက တံလျှပ်ပေါင်း ထောင်သောင်းချီ ရှိတယ်။ မင်းစိတ်ကို သေချာထိန်းရမယ်။ တောင်ပေါ်တက်တဲ့ လမ်းတစ်ဝက်မှာ အထိမ်းအမှတ် ကျောက်တိုင်တစ်ခုရှိပြီး ဝင်္ကပါထဲကို ရောက်သွားလိမ့်မယ်။ ဝင်္ကပါထဲမှာ တံလျှပ်တွေအများကြီးပဲ။ ထွက်ဖို့လည်း အရမ်းခက်တယ်။ တပည့်အများစုက ဒီအချက်မှာ ရှေ့ဆက် မလှုပ်ရှားနိုင်တော့ဘူး”
တံလျှပ်ပုံရိပ်ယောင်တွေ…
6
လင်ရှုက ဒါကို သူ့ရဲ့အရင်ဘဝတုန်းကသာ ကြားခဲ့ဖူးသည်။ သို့သော် တစ်ခါမှမမြင်ဖူးပေ။ အဲဒါက ရှန်းလင်အိမ်မက်ကွင်းပြင်နှင့် ဆင်တူသည့် ပုံရိပ်ယောင်သုံးဖက်မြင်ကမ္ဘာ ဖြစ်သည်။
“ရှေ့ကို ဆက်မသွားနိုင်ပေမဲ့ ပုံရိပ်ယောင်တွေက မင်းရဲ့စိတ်နဲ့သဘာဝကို ထက်မြစေလိမ့်မယ်။ အဲဒါက ကျင့်ကြံရေးအခြေခံအတွက် အလွန်အမင်းကို ကူညီပေးနိုင်တယ်။ လက်ဗလာနဲ့ ပြန်လာရမှာတော့ မဟုတ်ဘူး။ ဝင်္ကပါကနေထွက်ပြီး ဆက်ပြီးတက်သွားနိုင်ရင် စိတ်ကို စစ်ဆေးဖို့ လက်ရာမြောက်တဲ့ ဂူတစ်လုံးကို တွေ့လိမ့်မယ်။ ဒီအဆင့်ကို ဖြတ်နိုင်ပြီးရင် တောင်ထိပ်ကို တက်သွားနိုင်တယ်။ တောင်ထွတ်စောင့်ရှောက်သူက တစ်နှစ်ပတ်လုံး တောင်ထိပ်မှာရှိတဲ့ မျောလွင့်ကောင်းကင်နန်းတော်မှာပဲ နေတယ်။ စည်းမျဉ်းတွေကြောင့် ဟွမ်သန်းတောင်ထွတ်ရဲ့ကိစ္စရပ်တွေကို ပြောမပြနိုင်ဘူး။ အရာအားလုံးက တာအိုမိတ်ဆွေလေးရဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းပေါ်မှာပဲ မူတည်တယ်”
လင်ရှုက ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်း”
“မလိုပါဘူး” လူကြီးမင်းမုန့်က အပြုံးတစ်ပွင့်နှင့်ပြောလာသည်။
“မင်းမှတ်ထားရမှာက “ဆုံးဖြတ်ချိန် တန်လာရင် ဆုံးဖြတ်ချက် တစ်ခုချ” “လမ်းပျောက်သွားရင် ဘယ်လိုပြန်လှည့်ရမလဲ သိရမယ်”ဆိုတဲ့ စကားလုံးတွေကို မှတ်ထားရုံပဲ။ ဒါဆိုရင် ဒီခရီးက ပြီးသွားလိမ့်မယ်။ လမ်းမှာ အကယ်ဒမီကို လွမ်းနေစရာမလိုဘူး။ မင်းမှာ ဘာမှလုပ်စရာမရှိရင် ကျောက်စိမ်းအဆောင်နဲ့ အိမ်မက်ကွင်းပြင်ကို ပြန်လာလို့ရတယ်”
လင်ရှုက ခေါင်းညိတ်လိုက်သည်။
တစ်နေ့တာလောက် ပင်ပန်းစွာ ကြိုးစားပြီးနောက် သူ့ဘဝဟာ ပြန်ပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လင်းဖုန်းရှောင်က ဥယျာဉ်ထဲတွင် သူ့အား စောင့်ရှောက်ရန် နဂါးအစောင့်အရှောက်တစ်ယောက်ကို စေလွှတ်ထားသည်။ သို့သော် သူမကိုယ်တိုင်ကတော့ တစ်နေ့လုံး ပျောက်သွားလိုက်၊ပေါ်လာလိုက် ဖြစ်နေသည်။ နေ့တိုင်းနေ့တိုင်း သူနှင့်အတူစားတာ သို့မဟုတ် အိပ်ရာမဝင်ခင်တွင် အပူပေးစက်အဖြစ် ဆောင်ရွက်ပေးတာမျိုးသာ ဖြစ်သည်။ လင်ရှုက သူမကို အခုတလော ဘာကြောင့် အလုပ်ရှုပ်နေတာလဲဟု မမေးသလို လင်းဖုန်းရှောင်ကလည်း ပြောမပြပေ။ သုံးရက်ကြာပြီးနောက် ဟွမ်သန်းတောင်ထွတ်သို့ သွားရမည့်အချိန်ပင်။
ယွဲ့ရို့ဟယ်နှင့် ယွဲ့ရို့ယွင်တို့က သတ်မှတ်ထားသည့်ဝေစုကို ယူပြီးဖြစ်သည်။ သူတို့ကလည်း သွားတော့မှာပင်။ သူတို့က အကယ်ဒမီရဲ့ အသစ်ဖွံ့ဖြိုးထားတဲ့ ပျံသန်းနိုင်တဲ့သင်္ဘောအား အများကြီး မျှော်လင့်ထားကြသည်။ မနက်စောစောထကာ အဓိကခမ်းမထဲတွင် စုစည်းလိုက်ကြသည်။
လင်ရှုက ကြီးမြတ်သည့်သခင်မလေးအား အခန်းထဲတွင် စောင့်နေသည်။
မနေ့ညက ကြီးမြတ်သည့်သခင်မလေး၏အခန်းက မီးရောင်က လုံးဝဖွင့်ထားပေ။ ကြည့်ရသည်မှာ အခန်းထဲတွင် မည်သူမှမရှိဘဲ သူ့အား မလွယ်ကူစေသကဲ့သို့ ဖြစ်နေစေသည်။
အချိန်ကျလာသည့်အခါ ကြီးမြတ်လှသည့်သခင်မလေးက ရောက်မလာပေ။ ထိုအစား လင်းပေါင်ချန်းကို တွေ့လိုက်ရသည်။
သူမက ပြောသည်။
“လင်ရှုလေး သခင်မလေးက မနေ့ညတုန်းက အရှင်မင်းကြီးရဲ့အရေးပေါ်အမိန့်နဲ့ မြို့တော်ကို ဆင့်ခေါ်ခံလိုက်ရတယ်။ တကယ်ထွက်သွားလို့ မရဘူး။ ဒီတစ်ခေါက်တော့ ဟွမ်သန်းတောင်ထွတ်ကို သွားလို့မရတော့ဘူး”
အမ်
ကြီးမြတ်တဲ့သခင်မလေးက မသွားနိုင်ဘူး။
သူက လမ်းကို တစ်ယောက်တည်း တိုက်ရတော့မှာလား။
လင်ရှုက ဟမ်းစတားပိုင်ရှင်ရဲ့ ဦးဆောင်မှုကို ဆုံးရှုံးလိုက်ရပြီး ရုတ်ချည်းပင် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။
******