Ch 48
Viewers 4k

အပိုင်း (၄၈) အုပ်ချုပ်ပုံမဟာဗျူဟာ 


ရှောင်လင်းယန်က သူ မတုံ့ပြန်တာကို တွေ့သည့်အခါ လင်ရှု၏မကျေနပ်စရာကောင်းသည့် တုံ့ပြန်ပုံအား ပိုလို့ပင် စိတ်တိုလာပြီး အခန်း၏ဘယ်ညာကို ကြည့်ကာ အမှားရှာရန် ကြိုးစားလိုက်သည်။


သို့သော်လည်း ဒီဝါးလုံးအိမ်ကို ကြည့်ခြင်းက အရှင့်သားအား ပို့လိုပင် စိတ်ဆိုးမာန်ဆိုး ဖြစ်လာစေသည်။


အကြောင်းအရင်းကတော့ နံရံပေါ်တွင် ချိတ်ဆွဲထားသည့် လက်ရေးလှနှင့် ပန်းချီကားချပ်တို့က ဇာမဏီနန်းမြင့်တောင်ထွတ်ရဲ့ စုဆောင်းမှုထဲမှ ဖြစ်နေသောကြောင့်ပင်။ နံရံပေါ်နှင့် ခေါင်မိုးပေါ်တွင် တွယ်ကပ်ပေါက်နေသော စိတ်ဝိဥာဉ်နွယ်ပင်နှင့် နတ်သမီးနွယ်ပင်၊ အခန်းထောင့်၌ လောင်ကျွမ်းနေသော အမွှေးတိုင်၊ စားပွဲပေါ်ရှိ ဖယောင်းတိုင်ကပင် ရှားပါးသောရတနာများ ဖြစ်နေသည်။ ထိုပစ္စည်းများက သေချာပေါက်ကိုပင် သာမန်ကမ္ဘာကြီးထဲတွင် မွေးဖွားလာခဲ့သော လင်ရှု ပိုင်ဆိုင်သည့်အရာများ မဟုတ်ပေ။ ပထမအကြည့်တစ်ချက်နှင့်ပင် ဒါတွေအားလုံးက ကြီးမြတ်လှသည့် သခင်မလေး၏လက်ရာ ဖြစ်သည်။


ရှောင်လင်းယန်က လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူ၏သဘောထားက ပိုလို့ပင် ဆိုးရွားလာသည်။


သူက မေးလိုက်သည်။


“မင်းတို့နှစ်ယောက်က အခုထိ ဟွမ်သန်းတောင်ထွတ်ကို အတူတူသွားဦးမလို့လား”


လင်ရှု : “ဟုတ်တယ်လေ”


ရှောင်လင်းယန်က ရေရွတ်လာသည်။ “ယုတ္တိမရှိလိုက်တာ!”


လင်ရှုက ထူးဆန်းသလို ခံစားလိုက်ရသည်။


အတိတ်တုန်းက ရှောင်လင်းယန်ဟာ သူက ကြီးမြတ်လှသည့်သခင်မလေး၏ သတို့သားလောင်းဆိုတာကို မသိဘဲ လင်းဖုန်းရှောင်က ချောမောတဲ့ ယောက်ျားတစ်ယောက်ကို ပျိုးထောင်ဖို့အတွက်နဲ့ ပြန်လမ်းမဲ့လမ်းပေါ်ကို တက်တော့မည်ဟု ထင်နေခဲ့တာပင်။ ထို့ကြောင့် သူက လင်ရှုကို အလွန်အမင်းကို မကျေနပ်ဘဲ ဝေဖန်ချက်အပြည့်နှင့်ဖြစ်သည်။ ထိုသည်က နားလည်ပေး၍ ရသည်။ သို့သော် အခုတော့ ကျောက်စိမ်းအဆင်တန်ဆာတိုကင်အား ပြလိုက်ပြီး ရှောင်လင်းယန်ကလည်း မှတ်မိသော်လည်း ဘယ်လိုလုပ်ပြီး သူ့မှာ အခုလိုသဘောထားမျိုး ရှိနေရသေးတာတုန်း။


ရှောင်လင်းယန်က နတ်သမီးနွယ်ပင်အား တောင့်ဆွဲလိုက်ကာ ကြမ်းတမ်းစွာ ပွတ်လိုက်ပြီး လင်ရှုအား ပြောလာသည်။


“ငါမင်းကို သတိပေးထားမယ်။ မင်းက လင်းဖုန်းရှောင်ရဲ့ သတို့သားလောင်း ဖြစ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ်အထင်ကြီးပြီး သူမကို မပျော်ရွှင်အောင် တစ်ခုခုလုပ်ပြီး အနိုင်ကျင့်တာနဲ့ ငါမင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး”


သေချာပေါက် ဒါကဖြစ်လာမှာ မဟုတ်ဘူးလေ။


လင်းဖုန်းရှောင်ကို အနိုင်ကျင့်ရမှာလား။


ဘယ်သူ့မှာ အဲဒါမျိုး လုပ်ဖို့ သတ္တိရှိမှာလဲ။


လင်ရှု : “မဖြစ်စေရဘူး”


“မဖြစ်တာဘဲ ပိုကောင်းမယ်” ရှောင်လင်းယန်က နှာရှုံ့လိုက်ကာ “ဟမ့် ယောက်ျားတွေ”

 

လင်ရှု “…..”


သိသိသာသာကိုပင် ရှောင်လင်းယန်က သူ့ရဲ့အစ်မကိုချစ်သည့် မောင်လေးတစ်ယောက် ဖြစ်သည်။ ဒါပေမဲ့ လင်းဖုန်းရှောင်ကို မျက်နှာချင်းဆိုင်တဲ့အခါတိုင်း အရမ်းကို ပြင်းထန်တဲ့စိတ်နေသဘောထားနဲ့ ဖြစ်နေရတာတုန်း။ ကြည့်ရတာ သူက ဘယ်သူနဲ့ပဲ မျက်နှာချင်းဆိုင်ဆိုင် ကြောက်စရာကောင်းတဲ့ စိတ်ထားရှိတဲ့ပုံပဲ။


ဒါကိုနားလည်ပြီးနောက် လင်ရှုက ပိုပြီးတည်ငြိမ်လာသည်။


ရှောင်လင်းယန်က မည်သို့ပင် ခုန်ဆွခုန်ဆွလုပ်၍ သူ့အား နှောက်ယှက်ပါစေ။ လင်ရှုဆီကနေ မည်သည့်တုံ့ပြန်မှုမှ မရပေ။ တကယ်ကို ပျင်းစရာကောင်းလှသည်။ အမြှုပ်ထွက်အောင် ပြောပြီးနောက် နောက်ဆုံးတွင် ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။


“ငါသွားတော့မယ် မင်းဘာသာမင်း နေခဲ့တော့!”


လင်ရှုက သူ့ရဲ့အမူအရာကိုကြည့်လိုက်ပြီး ထိုသည်က လူတွေအား စိတ်တိုစေကာ ကြိုးကြိုးစားစား လေ့လာပြီး သိုင်းပညာလေ့ကျင့်၍ အမျိုးမျိုးသောကိစ္စရပ်တွေအား ကိုင်တွယ်ရသည့်အပြင် ယခုလို မနာလိုဝန်တိုပြီး မကျေနိုင်မချမ်းနိုင်ဖြစ်နေသည့် မောင်လေးအား စည်းကမ်းပြရသည်က ကြီးမြတ်လှသည့် သခင်မလေးအတွက် တကယ်ကိုမလွယ်ကူပေ။


ရှေးဟောင်းစာအုပ်တွင် ပြောသည်က “အကယ်၍ မင်းမှာသာ ရာထူးရှိလျှင် ထိုရုံးဌာနနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ကိုင်တွယ်ရာတွင် လေးလေးနက်နက် ရှိသင့်သည်” တဲ့။ ယခု လင်ရှုတွင် ရွေးချယ်စရာမရှိဘဲ သူ့အား ပျိုးထောင်နေသည့်လူ၏ စိုးရိမ်မှုတချို့ကို လျော့ပါးသက်သာစေရန် ဝတ္တရားအား ဖြည့်ဆည်းပေးရပေမည်။


လင်ရှုက သူ့မျက်နှာအား တည်လိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။


“မင်းက ကြီးမြတ်တဲ့သခင်မလေးကို ချစ်တယ်ဆိုမှတော့ ပိုကြိုးစားလေ့လာပြီး သူမကို ဒေါသထွက်ရတာ နည်းအောင် မလုပ်တာလဲ”


ရှောင်လင်းယန်က ချက်ချင်းပင် အမြှီးတက်နင်း ခံလိုက်ရသည့် ကြောင်တစ်ကောင်ပုံစံ ဖော်ပြလာသည်။ သူက ခုန်ဆွခုန်ဆွဖြစ်လုနီးနီးပင်။


“မင်းက ဘာတွေ လာဂရုစိုက်နေတာလဲ။ သွားသေလိုက်”


ထိုသို့ပြောပြီးနောက် အမောတကော ထွက်သွားတော့သည်။


မြောက်မြားစွာသော အနက်ရောင်အရိပ်တို့က ဝါးတောအုပ်ထဲသို့ လှည့်သွားကာ သူ့နောက်သို့ လိုက်ပါသွားသည်။ သူတို့တွေက အရှင့်သားအား ကာကွယ်ရန် လင်းဖုန်းရှောင် အမိန့်ပေးထားသည့် နဂါးအစောင့်အရှောက်များပင်။


လင်ရှုက စာအုပ်အား အေးချမ်းစွာ ဆက်ဖတ်လိုက်ပြီး အနည်းငယ် ပင်ပန်းလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်လုံးထောင့်တွင် ရှောင်လင်းယန်၏ နှလုံးသားနှင့်ရင်း၍ ဖန်တီးရန် ဆယ့်နှစ်ညတိုင်တိုင် မီးစာတို့ လောင်ကျွမ်းသည်အထိ အားထုတ်ခဲ့သော အထိမ်းအမှတ် မော်ကွန်းစာဖြစ်သည့် <<လင်းဖုန်းရှောင်၏မကောင်းသည့်ပြစ်ချက် ဆယ့်နှစ်သွယ်အား ပြန်လည်ဖော်ထုတ်ခြင်း>> အား တွေ့လိုက်ရသည်။


မသင့်တော်သည့်စကားလုံးရွေးချယ်မှုမှလွဲလျှင် စာစီထားသည်က ချောမွေ့လှသည်။


ပထမမကောင်းသည့်ပြစ်ချက် : သဘာဝကိုက ရက်စက်ကြမ်းကြုတ်ခြင်း။


တစ်ဖက်သွားဓားရှည်အား လေ့ကျင့်ရန်အတွက် လင်းဖုန်းရှောင်က မြောက်မြားစွာသော ဝက်အသေတွေအား မြေအောက်ခန်းထဲတွင်ထားကာ သူတို့ရဲ့ခန္ဓာကိုယ်အား ဖြတ်တောက်ပစ်သည်ဟု အသေးစိတ်ကျကျ ဖော်ပြထားသည်။ 


ထို့နောက် ရှောင်လင်းယန်က ကြီးမားလှသည့် အနီရောင်စာလုံးများဖြင့် မှတ်ချက်တစ်ခုအား ပြုလုပ်ထားသည်။


“လင်းဖုန်းရှောင်က အသက်တွေကို မြက်ပင်သာသာပဲ သတ်မှန်ထားတယ်။ အရေခွံခွာပြီး အရိုးတွေဖယ်ထုတ်တာက သူမအတွက် ဖရဲသီးနဲ့ဟင်းသီးဟင်းရွက်တွေ လှီးရသလိုပဲ။ လွယ်ကူတယ်။ အဲဒါက သူမရဲ့ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝကို ဖော်ပြနေတာပဲ။ ဒီနေ့ရဲ့ဝက်က အနာဂတ်မှာ မင်းမဖြစ်နိုင်ဘူးလို့ ဘယ်သူက ပြောနိုင်လဲ။ မင်းက ခေါင်းမာမာနဲ့ လမ်းမှားကိုပဲ စွဲစွဲမြဲမြဲ ဆက်လျှောက်နေမယ်ဆိုရင် ဇာမဏီနန်းမြို့တောင်ထွတ်ရဲ့မြောအောက်ခန်းက အနာဂတ်မှာ မင်းရဲ့ မြေမြှုပ်သဂြိုလ်ရာ နေရာပဲ”


လင်ရှု “……”

 

ရိုးရိုးသားသားပြောရလျှင် ယခင်က သူဓားရေး လေ့ကျင့်စဉ်တွင် ရက်အနည်းငယ်လောက် ဝက်များအား ခုတ်ထစ်ခဲ့ဖူးသည်။ လင်းဖုန်းရှောင်က ဓားရှည်အား ပုံမှန်နည်းလမ်းများအတိုင်း လေ့ကျင့်ခဲ့တာပင် ဒါက အေးခဲနေတဲ့မြေတိုက်ခန်းထဲရှိ လင်ရှု၏အနာဂတ် သေဆုံးခြင်းနှင့် မည်သည့်ဆက်နွယ်မှုမှ မရှိပေ။


သူကဆက်ပြီး ဖတ်လိုက်သည်။


မကောင်းသည့်ဒုတိယပြစ်ချက် : သွေးအေးပြီး အကြင်နာတရား ကင်းမဲ့တယ်။


ခုဏက မကောင်းသည့်ပြစ်ချက်က မှားယွင်းနေပြီဖြစ်သည်။ ယခုမကောင်းသည့်ပြစ်ချက်က ပိုလို့ပင် ရက်စက်သေးသည်။ ရှောင်လင်းယန်က လင်းဖုန်းရှောင်ဟာ ဇာမဏီနန်းမြင့်၌ အချိန်အကြာကြီးနေခဲ့ကြောင်း စွပ်စွဲရှုံ့ချထားသည်။ သူ့ခမည်းတော် ဧကရာဇ်နှင့် သူတို့၏ဧကရီမယ်တော်တို့ မွေးနေ့များမှလွဲ၍ တော်ဝင်နန်းတော်အား တစ်ခါလေးမျှပင် ထိုသူ ပြန်လာသည်ကို တွေ့ရခဲသည်။


ထို့နောက် တူညီသည့် ကြီးမားလှသောအနီရောင်စာလုံး တစ်သုတ် ရောက်လာတော့သည် 


“နန်းတော်ကနေ မိုင်ထောင်ထောင်ချီဝေးပြီး မိသားစုကိုလည်း မတွေးဘူး။ ဒါကိုကြည့်ရင် သွေးအေးပြီး နှလုံးသားကင်းမဲ့တယ်လို့ ပြောလို့ရတယ်။ ငါကဒီလူရဲ့မောင်ပဲ။ အဲဒါတောင်မှ ဒီလိုအေးစက်နေတဲ့ ဆက်ဆံမှုမျိုးရနေတုန်းပဲ။ ဒါဆိုရင် မင်းလို အလှပန်းအိုးသာသာ ကောင်လေးကရော။ မနေ့က ငါက မနက်ဖြန်ရဲ့မင်းပဲ။ ဒီနေ့မှာ သူက မင်းကို အာရုံစိုက်လိမ့်မယ်။ မနက်ဖြန်မှာတော့ မင်းကိုခွဲခွာသွားမှာပဲ။ အဲဒါကြောင့် မင်းဘာသာမင်း ကိုယ့်ဝမ်းကိုယ် ကျောင်းရမှာပဲ”


လင်ရှုက ထိုစကားလုံးတွေကို တွေ့သည့်အခါ ဝါးလုံးကွဲ ရယ်မိမတတ်ပင်။


ရှောင်လင်းယန်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းသည်။


တံခါးအပြင်ဘက်ကနေ ခြေသံတွေ ထွက်လာလိုက်သည့်အခါ သူက ရှောင်လင်းယန်၏ လင်းဖုန်းရှောင်အား စွပ်စွဲရှုံ့ချရန် ရေးသားထားသည့် အကွန့်အညွန့်စာလုံးများအား ဖတ်ရန် ထပ်ပြီးလှန်တော့မလို့ပင်။ ကြီးမြတ်လှသည့်သခင်မလေးက ပြန်လာလေပြီ။


သူမ ကပ်မလာခင်တွင် သခင်မလေးက မေးလာသည်။


“ရှောင်လင်းယန် ရှင့်ကို တွေ့ဖို့ လာသေးလား”


လင်ရှု : “အင်း”


နဂါးအစောင့်အရှောက်တွေက ကြီးမြတ်လှသည့်သခင်မလေး၏ နားနှင့်မျက်စိများ ဖြစ်သည်ကို တွေ့နိုင်သည်။ ရှောင်လင်းယန်၏မည်သည်ကမှ ကြီးမြတ်လှသည့် သခင်မလေးဆီမှ ဖုံးကွယ်ထား၍မရပေ။


လင်းဖုန်းရှောင်က သူ့အား ကြည့်လာသည်။


“သူ ရှင့်ကို အနိုင်ကျင့်သေးလား”


လင်ရှု : “သူ ကျရှုံးသွားတယ်”


ကြီးမြတ်လှသည့်သခင်မလေးက ပြုံးလိုက်ကာ 


“အဲဒါကောင်းတယ်။ ကျွန် မအားတာနဲ့ ချက်ချင်းပဲ သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်မယ်”


ထို့နောက် လင်းဖုန်းရှောင်က သူ့ဆီသို့ လျှောက်လာတော့သည် တစ်ခါတည်းနှင့် သူ့လက်ထဲရှိ <<လင်းဖုန်းရှောင်၏မကောင်းသည့်ပြစ်ချက် ဆယ့်နှစ်သွယ်အား ပြန်လည်ဖော်ထုတ်ခြင်း>> ကို တွေ့သွားတော့သည်။


လင်းဖုန်းရှောင်က ထိုအရာကို စားပွဲပေါ်ကနေ ကောက်လိုက်ပြီး စတင်လှန်လှော ကြည့်လိုက်သည်။


လင်ရှုက သူ့နှာခေါင်းအား ထိလိုက်သည်။


ငါ့ရဲ့ယောက်ဖလေးရေ မင်းဘာသာမင်း ရှာတဲ့ပြဿနာနော်။


လင်းဖုန်းရှောင်က ခပ်မြန်မြန် လှန်လှောဖတ်လိုက်ပြီး အေးစက်စွာ ပြောလာသည်။ “အဓိပ္ပာယ်မရှိတာတွေ”


သူမက လင်ရှုအား ထပ်ကြည့်လိုက်ကာ


“ရှောင်လင်းယန်က အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ။ ရှင် မယုံကြည်မှ ရမယ်”

 

လင်ရှုက နာနာခံခံ ဖြေလိုက်သည်။ “ငါ မယုံပါဘူး”


လင်ရှုက သူ့အဖြေအား ကျေနပ်သွားသည်။ သို့သော် ထိုအရာအား သိမ်းယူလိုက်ဆဲပင်။


တကယ်တော့ လင်ရှုက ထိုအရာအား အဆုံးထိ ဖတ်ချင်နေဆဲပင်။


အပိုဖြစ်နေသော ဖတ်သည့်အထောက်အကူပစ္စည်းအား သိမ်းယူလိုက်ပြီးနောက် ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။


“နဂါးအစောင့်အရှောက်တွေက မြောက်ပိုင်းရှပြည်ရဲ့ သူလျှိုထဲကတစ်ယောက်ကို ဖမ်းမိထားတယ်။ အခုလောလောဆယ်တော့ ပြန်လည်သုံးသပ်ခြင်းဂူထဲမှာ စစ်ဆေးမေးမြန်းနေတယ်။ ရှင် သွားကြည့်ချင်လား”


လင်ရှုက သူ့ခေါင်းအားစော င်းလိုက်သည်။


ကြီးမြတ်လှသည့်သခင်မလေးက တစ်ခြားသူတွေ၏ ထင်မြင်ချက်အား သိပ်ပြီးမမေးပေ။ မနေ့က သူ့ကို ဆလင်ဒါဘူးနှင့်ပတ်သက်၍ စိတ်ဆိုးပြီး နေ့အချိန်တွင် တွေ့ဆုံရန် ငြင်းဆိုသည်မှလွဲ၍ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် အချိန်အများစုအား အတူတူ ကုန်ဆုံးခဲ့ကြသည်ဟု တွေးလိုက်သည်။ ထို့ကြောင့် စကားလုံးများက “ရှင်သွားကြည့်ချင်လား” ဖြစ်သော်လည်း သူတို့က တကယ်တမ်းတွင်တော့ “ရှင်ကျွန်မကို အဖော်ပြုပေးမယ်မဟုတ်လား” ဟူ၍ ဖြစ်သည်။


သူက ပြောလိုက်သည်။ “ကောင်းပြီ”


သူမမျက်လုံးများထဲတွင် အပြုံးသေးသေးလေးတစ်ခု ရှိနေသည်။


ပြန်လည်သုံးသပ်ခြင်းဂူက ဟယ်ရွှီကောင်းကင်တွင်ရှိပြီး ထိုသည်က ကြယ်တာရာငိုကြွေးခြင်း ရေတံခွန်နောက်တွင် ရှိသည်။ အကယ်ဒမီထဲတွင် မြေအောက်အကျဉ်းတိုက် မရှိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် တရားခံအား ပြန်လည်သုံးသပ်ခြင်းဂူထဲ၌ ဖမ်းဆီးထားရုံသာ တတ်နိုင်သည်။ 


လင်းပေါင်ချန်းနှင့် လင်းပေါင်ချင်းတို့က ဂူအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ သူတို့နှစ်ဦး လာနေသည်ကို တွေ့သည့်အခါ သူတို့က “ကြီးမြတ်တဲ့သခင်မလေး”ဟု အော်ခေါ်လာကြကာ သူတို့နောက်မှ လိုက်ဝင်လာသည်။


ဝင်ရောက်ပြီးနောက် လင်ရှုက ဒီဂူဟာ သူ စိတ်ကူးထားသည်နှင့် ကွာခြားနေတာကို သိလိုက်ရသည်။ ထိုသည်က ကျဉ်းမြောင်းပြီး မှောင်မဲမနေဘဲ ထိုအစား နှစ်သက်ကြည်နူးဖွယ် ကောင်းသည့် ရှုမြင်ကွင်းများနှင့် ပြည့်နှက်နေသည်။ ထိုသည်က လူလုပ် ကျယ်ပြန့်လှသည့်ကြီးမားလှသော နေရာလွတ်တစ်ခုဖြစ်သည်။ ထိုနေရာအား ပြောင်းလဲနိုင်သည့် မီးအိမ်ဖြင့် အလင်းရောင်ထွန်းထားပြီး ဂူနံရံများက ချောမွေ့တောက်ပြောင်နေသည်။ ပြစ်မှုကျူးလွန်သည့် တပည့်များက ဂူနံရံအား မျက်နှာချင်း ဆိုင်နေစဉ်တွင် သူတို့၏ကိုယ်ပိုင်လုပ်ရပ်အား ပြန်လည်သုံးသပ်ရသည်။


ရေတံခွန်နောက်တွင် ရှိနေသောကြောင့် ဂူက မလွဲဧကန်ပင် အနည်းငယ် စိုထိုင်းနေသည်။ လှေကားပေါ် တက်နေစဉ်တွင် လင်းဖုန်းရှောင်က လင်ရှု၏လက်ကောက်ဝတ်အား အဝတ်တစ်လွှာဖြတ်၍ ကိုင်လာသည်။


လင်ရှု၏နှလုံးသားက စည်းချက်တစ်ခုကျော်သွားပြီး တည်ငြိမ်အောင် လုပ်လိုက်သည်။ သူက ကြီးမြတ်လှတဲ့ သခင်မလေးရဲ့လုပ်ရပ်က သူ့အား ချော်ကျမည်မှ ကာကွယ်ရန်ဖြစ်ပြီး ကေင်းမွန်သည့်ရည်ရွယ်ချက် အပြည့်နှင့်ပင်။ သူကသာ ပေါ့ပေါ့လျော့လျော့ ကိုင်းထားမိသည့်အတွင် သူ့ကိုယ်သူ ဖြည်းညှင်းစွာ ထိန်းညှိလိုက်သည်။


လမ်းတစ်လျှောက်တွင် ဘာပြောစရာမှ မရှိပေ။ ထိုချော်နေသည့်အပိုင်းအား ဖြတ်သန်းပြီးနောက် သူမက ရုတ်တရက်ပင် နူးညံ့စွာပြောလာသည်။


“ရှင် အလေးချိန် ပိုတက်လာမှရမယ်”


အသံက ဂူ၏နံရံများနှင့် ဆက်သွားပြီး ရေပင် တစ်စက်စက် စီးကျလာနိုင်သည်။


လင်ရှုက သူ အကယ်ဒမီသို့ ပထမဆုံးရောက်လာစဉ်ကထက် အရပ်ပိုရှည်ပြီး ကြွက်သားအနည်းငယ် ရှိလာသည်ဟု ခံစားလိုက်ရသည်။ သို့သော် ကြီးမြတ်လှသည့်သခင်မလေးကတော့ ကျေနပ်ပုံမရပေ။


သခင်မလေးက ထပ်ပေါင်းပြောလာသည်။

 

“သေမျိုးကမ္ဘာရဲ့အစားအစာက ပိုပြီး အာဟာရဓာတ် ကြွယ်ဝတယ်ဆို ကျွန်မတို့ ဟွမ်သန်းတောင်ထွတ်ကနေ ပြန်လာရင် သေမျိုးကမ္ဘာမှာ ခဏလောက် နေရအောင်”


လွန်ခဲ့သည့်ရက်အနည်းငယ်က လင်ရှုဟာ အားလပ်ရက်အတွင်း ဘာလုပ်ရမည်အား စီစဉ်နေဆဲပင်။ ယခုတော့ ထိုအကြောင်းအား စိတ်ပူဖို့မလိုတော့ပေ။ သူကအရမ်းကို သက်တောင့်သက်သာ ဖြစ်သွားသည်။


သူက ဖြေလိုက်သည်။ “အင်း”


သူတို့နှစ်ဦးက စကားပြောနေသည်ကို ရပ်လိုက်သည်။ လင်းပေါင်ချန်းက သူမပါးစပ်ကို အုပ်ထားရင်း တခစ်ခစ်ရယ်နေသည်။ နောက်တော့ လင်းပေါင်ချင်းက သူမကိုတစ်ခါတည်း ရိုက်ချလိုက်သည်။


တစ်ခဏလောက် လျှောက်ပြီးသည့်အခါမှာတော့ လင်းပေါင်ချန်းက ရုတ်တရက် မေးလာသည်။


“ရှဲ့ကျစ်ရှီရော အဲ့မှာလား”


လင်းပေါင်ချင်း : “ဟုတ်မှာပေါ့”


ကြီးမြတ်လှသည့်သခင်မလေးက စကားမပြောပေ။


နောက်ထပ်တစ်ကွေ့ ကျော်ပြီးသည့်နောက် ကျောက်တုံးအခန်းတစ်ခုက သူတို့ရှေ့၌ ပေါ်ထွက်လာသည်။


နဂါးအစောင့်အရှောက်နှစ်ယောက်က တံခါးနားတွင် ရပ်နေသည်။ သူတို့က လင်းဖုန်းရှောင် လာနေသည်ကို တွေ့သည့်အခါ


“အရှင်မင်းသမီး”


လင်းဖုန်းရှောင်က လင်ရှုအား အထဲသို့ဦးဆောင်ခေါ်သွားသည်။


ကျောက်တုံးအခန်းထဲတွင် နဂါးအစောင့်အရှောက်များစွာရှိနေပြီး တာအိုပညာရှင် အများအပြားနှင့် ကျောင်းတော်အမျိုးမျိုးမှ လူကြီးလူကောင်းများ ရှိနေသည်။


အစွန်နားရှိအမျိုးသမီးငယ်တစ်ဦးက အသံကြားသည့်အခါ သူမခေါင်းကို လှည့်လာသည်။


သူမက ကွန်ဖြူးရှပ်ကျောင်းတော်မှဝတ်ရုံကို ဝတ်ဆင်ထားကာ အရပ်ရှည်ပြီး သူမမျက်လုံးများကြားတွင် အထီးကျန်ဖွယ် ကောင်းသည့် အငွေ့အသက်ရှိသည်။ သူမရဲ့မျက်ခုံးတွေကတော့ သစ်ခွပန်းနှင့် ဇီးသီးပန်းတို့ကဲ့သို့ပင်။


လင်းပေါင်ချန်းက လင်ရှုနားထဲသို့ တီးတိုးပြောလာသည်။ 


“သူမနာမည်က ရှဲ့ကျစ်ရှီလေ။ ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ အကြီးဆုံးသိုင်းပညာ အစ်မပဲ”


ထိုမိတ်ဆက်ကြောင့် လင်ရှုက ရှဲ့ကျစ်ရှီကို ပိုကြည့်လိုက်ပြီး ရှဲ့ကျစ်ရှီကလည်း သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမရဲ့အကြည့်ကို အောက်ဘက်သို့ ပြောင်းလိုက်သည်။


—လင်ရှုက သူမဟာ ကြီးမြတ်လှသည့်သခင်မလေး ကိုင်ထားသည့် သူ့လက်ကို ကြည့်နေသည်ဟု အမြဲတမ်း ခံစားနေရသည်။


တစ်ခဏကြာပြီးနောကိ သူမရဲ့အကြည့်ကို လင်းဖုန်းရှောင်ဆီသို့ ရွှေ့လိုက်ကာ “နင်လာပြီပဲ”


ကြီးမြတ်လှသည့်သခင်မလေးက အနည်းငယ်ခေါင်းသာ ညိတ်ပြလိုက်သည်။ သူမက လင်ရှုအားရှေ့နားသို့ ဦးဆောင်ခေါ်သွားကာ ရှဲ့ကျစ်ရှီကို ကျော်ပြီးနောက်မှ သူ့လက်ကိုလွှတ်လိုက်သည်။


တိုင်းပြည်ရဲ့အကြံပေးက ပြောလာသည်။


“အရှင်မင်းသမီး ကျေးဇူးပြုပြီး ဒီလူကို ကြည့်ပါ”


လင်ရှုက သူ့ခေါင်းကိုမော့ကာ ရှေ့သို့ကြည့်လိုက်သည်။ အရင်က သူ့ရဲ့မြင်ကွင်းဟာ လူတွေရဲ့ပုံရိပ်နဲ့ ဖုံးကွယ်ခံထားရသည်။ ယခုတစ်ခါမှာတော့ ဂူရဲ့အရိပ်ထဲတွင် ချိန်းကြိုးတစ်ခုက ကျောက်နံရဲကို ဖြတ်ဖောက်ထားပြီး ရှုပ်ပွနေသည့် ဆံပင်နှင့်ငယ်ရွယ်သည့် တပည့်တစ်ဦးကို တွေ့လိုက်ရသည်။

++++++  




ရှဲ့ကျစ်ရှီက ပြောလာသည်။ “နဂါးအစောင့်အရှောက်တွေက သလင်းကောင်းကင်က တပည့်တော်တော်များများမှာ မြောက်ပိုင်းရှပြည်ရဲ့ပိုင်ဆိုင်မှုလို့ ပြောလို့ရတဲ့ ပစ္စည်းတွေ အများကြီး ရှိနေတာကို တွေ့လိုက်ရတယ်။ သူတို့အားလုံးက ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့တပည့်တွေပဲ။ ဒီတပည့်တွေအားလုံးရဲ့ နောက်ကြောင်းရော အပြူအမူမှာပါ အပြစ်ကင်းကြတယ်။ ဒါပေမဲ့ သူတို့အားလုံးက “ထန်တိကဗျာအဖွဲ့အစည်း” လို့ခေါ်တဲ့ အဖွဲ့ကို ဝင်ထားကြတယ်။ ကဗျာအဖွဲ့အစည်းမှာ သူတို့တွေအတွက် တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်တွေပေးပြီး ကဗျာတွေ လဲလှယ်တာက သာမန်ပဲ။ ကျွန်မတို့တွေ့တဲ့ မြောက်ပိုင်းရှကမိစ္ဆာပစ္စည်းတွေအားလုံးက ကျန်တဲ့ကဗျာဆရာတွေကို ဒီလူက ပေးခဲ့တာ။ သူက တောင်ပိုင်းနဲ့မြောက်ပိုင်းရှပြည်ရဲ့ နယ်စပ်မှာ မွေးဖွားခဲ့တာပါ။ သူ့မိဘနှစ်ပါးစလုံးကတော့ ကွယ်လွန်သွားပြီ ဘာဆွေမျိုး မိတ်ဆွေမှလည်း မရှိဘူး။ တကယ်ကို သံသယဖြစ်စရာ ကောင်းတယ်”


လင်းဖုန်းရှောင်က ထိုလူ့ဘေးရှိ နဂါးအစောင့်အရှောက်တွေရဲ့ ခေါင်းဆောင်ကို ကြည့်ပြီး မေးလိုက်သည်


“ရှင်ရော ဘာရှာတွေ့ခဲ့လဲ”


“ဒီငယ်သားက ရှက်ရွံ့မိပါတယ်” ထိုခေါင်းဆောင်က ပြောလာသည်။ “ဝိဥာဉ်လောင်ကျွမ်းသွားရင်တောင် ဒီလူက စကားတစ်လုံးကိုမှ မဖော်ထုတ်ပါဘူး”


လင်ရှုက ထိုတပည့်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက တစ်ဝက်ခန့် ပိတ်နေတာကို တွေ့လိုက်သည်။ သူ့အမူအရာက ပင်ပန်းနွမ်းလျနေကာ ဖြူဖျော့ပြီး မျက်တွင်းတွေလည်း ချောင်ကျနေသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ မည်သည့်သိသာသည့်ဒဏ်ရာမှ မရှိဘူးဆိုသော်ငြားလည်း သူ့ကို ကြည့်ရသည်မှာ သေလုဆဲဆဲပ။င် ဝိဥာဉ်ကို နှိပ်စက်ညှင်းပမ်းသည်က ခန္ဓာကိုယ်အား အပြစ်ပေးသည်ထက် အဆတစ်ရာခန့်ပိုပြီး နာကျင်ရသည်။


လင်းဖုန်းရှောင် : “ဆက်လုပ်”


နဂါးအစောင့်အရှောက်က “ကောင်းပါပြီ” ဟုပြောကာ ထို့နောက်တွင်တော့ သူ့လက်ချောင်းတို့က တိရစ္ဆာန်လက်သည်းအသွင်သို့ ပြောင်းသွားပြီး ထိုတပည့်၏နဖူးအား ကုပ်ထားလိုက်သည်။


ထိုတပည့်၏ခန္ဓာကိုယ်က တောင့်သွားပြီး တုန်ယင်လာသည်။ သူ့မျက်လုံးတွေအား တင်းကြပ်စွာ ပိတ်ထားကာ သူ့လည်ချောင်းမှ နာကျင်သည့် ဟစ်ကြွေးသံကို ထုတ်လာသည်။


လင်ရှုက လင်းဖုန်းရှောင်ဟာ သူ့အား ကြည့်နေသည်ကို သတိပြုမိလိုက်သည် ။


သူကလည်း ပြန်ကြည့်လိုက်သည်။


ကြီးမြတ်သည့်သခင်မလေးက ခြေလှမ်းကို ရွှေ့လိုက်ကာ သူ့နားသို့ ပိုကပ်လာသည်။


သူက ဖောက်ထွင်းမတတ် စူးရှသည့် အကြည့်ကို ခံစားလိုက်မိ၍ သူ့ခေါင်းအား လှည့်ကြည့်လိုက်ချိန်မှာတော့ ထိုသည်က ရှဲ့ကျစ်ရှီဖြစ်နေတာပင်။


တစ်ခါတုန်းက လူတွေဟာ သူ့အား အမျိုးမျိုးသောအကြည့်တွေနှင့် သူ့ကို အထင်သေးကြသည်။ ထို့ကြောင့် သူဟာ အမြဲတမ်း တစ်ခြားသူတွေ၏အကြည့်အား ဆတ်ဆတ်ထိမခံ ဖြစ်တတ်သည်။


တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး ရှဲ့ကျစ်ရှီက သူမရဲ့အကြည့်သို့ တည်ငြိမ်စွာဖြင့် အဝေးသို့ ရွှေ့လိုက်ပြီး စစ်ကြောခံနေရသည့် ထိုတပည့်အား ပြန်ကြည့်လိုက်တော့သည်။


နဂါးအစောင့်အရှောက်က ခက်ထန်စွာဖြင့် မေးလာသည်။


“ဝန်မခံသေးဘူးပေါ့လေ!”


ထိုတပည့်က ထိုစကားလုံးတွေအား ကြားသည့်အခါ ပိုလို့ပင်တုန်ယင်လာပြီး ညည်းတွားလာသည်။


“ငါ့ကို သေခွင့်ပေး! သေပါရစေ!”


နဂါးအစောင့်အရှောက်က ပြောလာသည်။


“မင်းသာ အမှန်တရားကို ပြောမယ်ဆိုရင် နည်းနည်းလောက် ခံစားရတာ လျော့နိုင်တယ်။ ပြီးတော့ သေစရာလည်း မလိုတော့ဘူး”

 

ထိုတပည့်၏စိတ်ဝိဥာဉ်က လောင်ကျွမ်းနေဆဲဖြစ်ကာ မချိမဆံ့ဝေဒနာအား ခံစားနေရသည်။ သို့သော်လည်း ပြတ်တောင်းပြတ်တောင်း ရယ်မောလာသည်က လူတွေရဲ့ဆံပင်မွှေးအား အရင်းကနေ ထောင်လာစေတော့သည်။


“ခင်ဗျား…..ကျုပ်ကို နှိပ်စက်ရင်တောင်မှာ….နောက်ထပ်ရက်တစ်ရာဆိုလည်း ကျုပ်က……မပြောနိုင်ဘူး!”


နဂါးအစောင့်အရှောက်က သူ့မျက်ခုံးတို့အား ကြုတ်လိုက်ကာ သူ့လက်ရှိအားကို ထပ်တိုးလိုက်သည်။ ထိုတပည့်၏နာကျင်မှုဖြင့် အော်သံက ရုတ်တရက် ပိုမြင့်တက်လာပြီး တကယ်ကို ကြောက်ဖို့ ကောင်းလှသည်


လင်းဖုန်းရှောင်ကအမိန့်ပေးလိုက်သည်။ “ရပ်လိုက်”


နဂါးအစောင့်အရှောက်က လွှတ်လိုက်သည်။


ထိုတပည့်က တစ်ကိုယ်လုံး ချွေးပြန်နေကာ အသက်ကိုပင် ခက်ခက်ခဲခဲ ရှုနေရသည်။ မသိလျှင် သေခါနီးဖြစ်နေသည့်အတိုင်းပင်။


လင်းဖုန်းရှောင်က ရှေ့တိုးလိုက်ပြီး သူမရဲ့ဓားသွားအဖျားနဲ့ ထိုလူရဲ့ဝတ်ရုံအဖြူအား တစ်ပေခန့်ရှည်သည့် အပေါက်အဖြစ် ဖြတ်လိုက်ကာ အဝတ်စတွေအား ဆတ်ခနဲ ဖယ်ချလိုက်သည်။


ထိုအချိန်တွင် လင်ရှုက လင်းဖုန်းရှောင်၏ရည်ရွယ်ချက်အား မြင်နိုင်သည်။ ထိုတပည့်၏အဝတ်အစားများ အောက်တွင် သူ့နံရိုးများ၏အောက်ဘက် နှစ်လက်မအကွာ၌ ထူးဆန်းသည့် ပုံသဏ္ဍာန်ရှိသည့် လက်မအရွယ်ခန့် အနက်ရောင် အမှတ်အသား ရှိနေသည်။


“ကျိန်စာမန္တာန်” လင်းဖုန်းရှောင်က ပြောလာသည်။


“အဲဒါက စိတ်ကို တံဆိပ်ခတ်ထားတာ။ မန္တာန်ရွတ်သူက ဘာကိုမှ မဖော်ထုတ်စေချင်ဘူးဆိုရင် သူပြောချင်ရင်တောင် ဘာကိုမှ ပြောလို့မရဘူး။ အနေသလိုပဲ”


နဂါးအစောင့်အရှောက် : “ကျွန်တော် အရင်က ဒီလိုကျိန်စာမျိုး တွေ့ဖူးတယ်”


လင်းဖုန်းရှောင်က မျက်မှောင်ကြုတ်လိုက်သည်။


“ဒါကမြောက်ပိုင်းရှပြည်ရဲ့ မိစ္ဆာကျိန်စာတွေထဲကတစ်ခုပဲ ပျောက်ကွယ်သွားတာ အချိန်အကြာကြီး ရှိနေပြီ။ ဒါပေမဲ့ အခုကျ ရုတ်တရက်ကြီး ပြန်ပေါ်လာတယ်”


နဂါးအစောင့်အရှောက်က မေးလာသည်။


“ဒါကိုဖြေဖို့ နည်းလမ်းတစ်ခုရှိလား”


ထိုတပည့်က အသက်ရှုလိုက်ပြီး လင်းဖုန်းရှောင်ကို ကြည့်လာသည်။


လင်းဖုန်းရှောင် : “မရှိဘူး သူ့ကို သတ်လိုက်တော့”


“ကောင်းပါပြီ” နဂါးအစောင့်အရှောက်က လေးနက်သည့်အသံဖြင့် ပြန်ဖြေလိုက်သည်။


သူ့ဓားကို မြှောက်တော့မည့်အချိန်မှာပဲ ကြီးမြတ်လှသည့် သခင်မလေးက သူမစကားများကို ပြောင်းလိုက်သည်။


“ကျွန်မထွက်သွားမှ သတ်လိုက်”


ထို့နောက် ထပ်ပေါင်းပြောလိုက်သည်။


“ကျိန်စာမန္တာန်ရှိနေမှတော့ ဒီကိစ္စရဲ့နောက်ကွယ်မှာ မြောက်ပိုင်းရှ ရှိနေရမယ်။ ဒီလူရဲ့ဇာတိကို စုံစမ်းစစ်ဆေးဖို့ ဆယ်ယောက် ပို့လိုက်။ ကျန်တဲ့သူတွေကတော့ အကယ်ဒမီမှာပဲနေ”


နဂါးအစောင့်အရှောက်တွေက သဘာဝကျကျပဲ သူမရဲ့အမိန့်ကို လိုက်နာလိုက်သည်။


တိတ်ဆိတ်နေပြီးနောက် ရှဲ့ကျစ်ရှီက ပြောလာသည်။


“နင့်ရဲ့ဗဟုသုတကတော့ တကယ့်ကို ထူးကဲသာလွန်တာပဲ လေးစားစရာပဲ”


လင်းဖုန်းရှောင်က သူမအား စာလုံးနှစ်လုံးတည်းဖြင့် တုံ့ပြန်လိုက်သည်။ “အဓိပ္ပာယ်မရှိ ချီးကျူးနေတာပဲ”

 

ထို့နောက် သူမက လင်ရှုအား ခေါ်ကာ သူတို့ ဝင်လာခဲ့သည့်အတိုင်း မြန်မြန်ဆန်ဆန်ပဲ ပြန်လည်သုံးသပ်ခြင်းဂူထဲကနေ ထွက်သွားတော့သည်။


သူတို့တွေ ကြယ်တာရာငိုကြွေးခြင်းရေတံခွန်မှ ထွက်လာပြီးသည်နှင့် ရှင်းလော့ကမ်းခြေသို့ သွားလိုက်သည်။ ချုံးတောအုပ်ထဲတွင် ပန်းပွင့်ချပ်များက မိုးစက်များကဲ့သို့ပင်။ 


လင်ဖုန်းရှောင်းက တောင်းပန်သည့်အနေဖြင့် ပေါ့ပါးစွာပြောလာသည်။


“စစ်မေးတာကိုလုပ်ပြီးလို့ ဆွေးနွေးတာပဲ ကျန်တော့တယ် ထင်သွားတာ။ အဲဒါကြောင့်သာ ကျွန်မက ရှင့်ကို ဒီကိုခေါ်လာတာ အခုတော့ ရှင့်ရဲ့မျက်လုံးတွေကို စွန်းထင်းစေမိပြီ”


ဒီတော့ ကြီးမြတ်လှတဲ့သခင်မလေးက ခပ်မြန်မြန် လျှောက်နေတာက သူ့မျက်လုံးအတွက် ဖြစ်နေတာပဲ။


လင်ရှုက သူ့ခေါင်းအား ခါလိုက်သည်။


“ငါ အဆင်ပြေပါတယ်”


မြင်ကွင်းက အကျည်းတန်သော်လည်း လက်ခံပေး၍ ရသည်။


လင်ရှုက တောင်ပိုင်းရှနှင့် မြောက်ပိုင်းရှကြားရှိ ကိစ္စများကို စိတ်လည်း။မဝင်စားသလို သိချင်စိတ်လည်း မရှိပေ။ ယနေ့အား ရိုးရိုးရှင်းရှင်းပင် ကမ္ဘာကြီးကို ပိုမြင်လိုက်ရသကဲ့သို့သာ ပြုမူလိုက်သည်။


သို့သော်လည်း လင်းပေါင်ချင်းက ပြောလာသည်။


“သခင်မလေးရှဲ့က ကြီးမြတ်တဲ့သခင်မလေးအပေါ် တကယ်ကိုပုံမှန်မဟုတ်ဘူး”


လင်းပေါင်ချန်းကပြောသည်။ “ ငါနင့်ကို ဒီအကြောင်း ဟိုးအရင်ကတည်းက ပြောသားပဲ။ ဒါပေမဲ့ နင်က မယုံဘူးလေ။ သခင်မလေးရှဲ့က သေချာပေါက်ကို တခြားမိန်းကလေးတွေနဲ့ ကွဲပြားတယ်။ သူမရဲ့မှတ်ချက်တွေကို မကြားဖူးဘူးလား”


“ကြားဖူးတယ် သူမက မရေမတွက်နိုင်တဲ့ ယောက်ျားတွေရဲ့ ပိုးပန်တာကို ငြင်းဆိုလိုက်တယ်တဲ့။ ပြောတာတော့ ကမ္ဘာပေါ်က ယောက်ျားအားလုံးကို ကြည့်ဖို့တောင် သည်းမခံနိုင်ဘူးတဲ့။ အမျိုးသမီးအနည်းငယ်ပဲ ဖြတ်သန်းနိုင်တယ်”


လင်းပေါင်ချန်းက ပြုံးလိုက်သည်။


“နောက်စာကြောင်းကို မသိဘူးလား။ သူမ ပြောတာက ဒီဘဝမှာ မရေမတွက်နိုင်တဲ့လူတွေကို ဖတ်ခဲ့ဖူးပြီး လင်းမိသားစုက အကြီးဆုံးသခင်မလေးရဲ့ ဆုံးဖြတ်ချက် ပြတ်သားပြီး သတ်ဖြတ်ရာမှာ ခိုင်မြဲတဲ့ကိုယ်ကျင့်စရိုက်ကိုပဲ လေးစားတယ်တဲ့”


ကြီးမြတ်သည့်သခင်မလေးက အေးစက်စွာ မေးလာသည်။


“ဘာလို့ သူ့အကြောင်း ပြောနေကြတာလဲ”


“သခင်မလေးရှဲ့က ကမ္ဘာပေါ်မှာ အထူးချွန်ဆုံးအမျိုးသမီးထဲက တစ်ဦးလေ” လင်းပေါင်ချန်းက ပြောသည်။


“ပြောကြတာတော့ သူမက တစ်ခါတုန်းက <<မဟာဗျူဟာသုံးမျိုး>>ကို ရေးဆွဲခဲ့တယ်တဲ့ ကြီးကျယ်တဲ့စာပေပညာရှင်တွေတင်မကဘဲ အရှင်မင်းကြီးကတောင် တစ်ခါတုန်းက သူမက အုပ်ချုပ်ဖို့ ပါရမီရှိတယ်လို့ ပြောဖူးတယ်။ ငါလည်း သူ့ကို တော်တော်လေးလေးစားတယ်။ ငါ့ရဲ့လေးစားမှုက ကြီးမြတ်တဲ့သခင်မလေးပေါ် ထားတဲ့ သူမရဲ့လေးစားမှုမျိုး မဟုတ်ရုံပဲ”


“ငါမှတ်မိတယ်” လင်းပေါင်ချင်းက ငြင်သာသည့် “အာ” ဟူသော အသံကို ထုတ်လိုက်ကာ ဆက်ပြောလာသည်။


“ကောလဟလတွေမှာတော့ သူမရဲ့လောကကြီးကို အုပ်ချုပ်တဲ့ဗျူဟာက အကြီးဆုံးသခင်မလေးနဲ့ပါရမီနဲ့ ယှဉ်နိုင်တယ်တဲ့။ ကျန်တဲ့သူတွေကတော့ လိုက်မှီဖို့ အဝေးကြီး လိုသေးတယ်တဲ့လေ”


“အုပ်ချုပ်ရေးမဟာဗျူဟာဆိုတာက လက်တွေ့မကျတဲ့ စိတ်ကူးယဉ်ဝါဒ တည်ဆောက်တာပဲ” ကြီးမြတ်လှသည့်သခင်မလေးက ပေါ့ပေါ့ပါးပါး ပြောလာသည်။

 

“ပြည်နယ်အမျိုးမျိုးရဲ့ အုပ်ချုပ်သူတွေက ရှည်ကြာလှတဲ့ မသမာမှုသမိုင်းရှည်ကြီးရဲ့ အစုအပုံပဲ။ ပြီးတော့လည်း မသေမျိုးဂိုဏ်းတွေနဲ့ ပတ်သက်ရှုပ်ထွေးနေကြတယ်။ သူမရဲ့အာစလျှာစက ကောင်းမွန်ပေမဲ့ သူတို့ကို အထမြောက်အောင် မစွမ်းနိုင်ဘူး။ ပိုရှိသေးတာက…..”


လင်ရှုက သခင်မလေးဟာ ထပ်ပြီးမနာလိုနေသည်ကို ခံစားလိုက်ရသည်။


လင်းပေါင်ချန်း၏စကားများကို နားထောင်ပြီးနောက် ရှဲ့ကျစ်ရှီက တကယ်ကို ပါရမီရှိပုံရသည်။ သို့သော်လည်း ကြီးမြတ်လှသည့်သခင်မလေးက ရှဲ့ကျစ်ရှီဟာ လက်တွေ့မကျသည့် အတွေးအခေါ်သမားဟု ခိုင်ခိုင်မာမာပြောလာသည်။ 


သူတွေးကြည့်နေစဉ်မှာပဲ ချုံးပွင့်ချပ်တစ်ချပ်က ကောင်းကင်ပေါ်ကနေကျလာကာ သူ့ဆံပင်ပေါ်သို့ ကျဆင်းလာသည်


သူက ထိုအရာကို ကောက်တော့မည့်အချိန်မှာပဲ လင်းဖုန်းရှောင်က သူမရဲ့လက်ကို ထုတ်ကာ ထိုပွင့်ချပ်အား နူးညံ့စွာ ကောက်ယူလိုက်သည်။ သူမရဲ့အကြည့်ကို ပြန်မဆုတ်ဘဲ လင်ရှုအပေါ် ကျရောက်နေကာ အရင်က သူမ မပြီးလိုက်သည့် စကားလုံးတို့အား ဆကိပြောလာသည်။


“ပိုရှိသေးတာက…..ငါသာ လူတစ်ယောက်ကို သဘောကျရင် လောကအရေးနဲ့ပတ်သက်ပြီး ထိန်းချုပ်စီမံတဲ့အခါမှာ ဘယ်လိုလုပ်ပြီး ပြဿနာ ပေးပါ့မလဲ”


လင်ရှုက သူ့မျက်လုံးတို့အား ခတ်လိုက်သည်။ သူ အမြဲတမ်း ခံစားရသည်က ကြီးမြတ်သည့် သခင်မလေးဟာ သူမရဲ့စာလုံးတွေထဲမှာ တစ်ခုခုကို ပိုပြီးရည်ညွှန်းနေသည်ဟုပင်။


လင်းပေါင်ချန်းကအပြုံးတစ်ပွင့်နှင့် ပြောလာသည်။


“သခင်မလေးက အရမ်းကောင်းတာပဲ။ ငါသာ မိန်းကလေးတွေကို ကြိုက်ရင် ရှင့်ကို သဘောကျမိမှာ စိုးတယ်”


ထို့နောက် လင်ရှုအား ကြည့်ကာ ဆွဲလိုက်သည်။


“လင်ရှုလေး ရှင်ရော အဲ့လိုမထင်ဘူးလား”


လင်ရှုက သဘာဝကျကျပဲ မဟုတ်ဘူးဟု မပြောနိုင်ပေ။ “အရမ်းပဲပေါ့”


ထိုစကားတွေ ပြောလိုက်သည်နှင့် ကြီးမြတ်လှသည့်သခင်မလေးက သူ့ကို ကြည့်လာသည်။ သို့သော်လည်း သူမရဲ့အကြည့်တွေက ရုတ်တရက် ပြင်းပြလာပြီး တွေးတောနေတော့သည်။


“ရှင့်မှာအတိတ်က မှတ်ဉာဏ်တွေ မရှိဘူးဆိုတော့ သဘာဝကျကျပဲ ရှင် မသိဘူးပေါ့……”


ကြီးမြတ်လှသည့်သခင်မလေးက မျက်မှောင် ကြုတ်လိုက်သည်။ “ရှင် မိန်းမတွေကို ကြိုက်လား”


လင်ရှုက ကြီးမြတ်သည့်သခင်မလေးက ဘာကြောင့် ဒါကိုမေးသည်အား မသိပေ။ သို့သော် သဘာဝကျကျပင် ယောက်ျားတွေအား ကြိုက်လို့မရပေ။ ထို့ကြောင့် ပြောလိုက်သည်။ “အဲလိုပဲ ဖြစ်သင့်တာလေ”

******