Ch 47
Viewers 4k

အပိုင်း (၄၇) လင်းဖုန်းရှောင်၏မကောင်းသည့်ပြစ်ချက်ဆယ့်နှစ်သွယ် 


အန္တရာယ်မရှိဘူး။


အဆိုကောင်းတယ်။


လင်ရှုက သက်ပြင်းမောတစ်ခုအား မှုတ်ထုတ်လိုက်ကာ ထိုအကြောင်းအား ပြန်တွေးကြည့်လိုက်သည်။ ရှောင်ရှောက်၏မျိုးရိုးနာမည်က ရှောင်ဖြစ်ကာ ရှောင်လင်းယန်၏မျိုးရိုးနာမည်ကလည်း ရှောင်ပင် လင်းဖုန်းရှောင်က တော်ဝင်မင်းသမီးတစ်ပါးဖြစ်သည့်အတွက် တစ်နည်းနည်းဖြင့် ဆက်နွယ်မှုတချို့ ရှိရမည်ပင် ၊


အဲဒီထူးချွန်တဲ့လူတွေက အမြဲတမ်းတစ်ယောက်နဲ့ တစ်ယောက် သိနေကြမှာပဲ။


အို မဟုတ်သေးဘူး။  ရှောင်လင်းယန်က အဲလောက်ထိ မတော်ဘူး။


သူဟာ ကြီးမြတ်လှသည့်သခင်မလေး၏အမိန့်အား ဆက်လက်လိုက်နာလိုက်ကာ ထိုအကြောင်းအား တိတ်တဆိတ်ပြန်လည် သုံးသပ်နေလိုက်သည်။၊


ကြီးမြတ်လှသည့်သခင်မလေးက သေစေနိုင်လောက်သည်အထိ ဆက်လက် တိတ်ဆိတ်မနေတော့ပေ။ ထိုအစား “ထပ်တူပူဆွေးခြင်း” အား သူ၏ဓားအိမ်ထဲမှ ထုတ်လိုက်ကာ ကောင်းမွန်လှတဲ့ပိုးစနှင့် သန့်ရှင်းနေလိုက်သည်။


လင်ရှုက သခင်မလေးဟာ အရမ်းကို ဒေါသထွက်နေသည့်အတွက် စိတ်ငြိမ်ငြိမ် မထားနိုင်ဖြစ်နေသည်ဟု ခံစားနေရသည်။


အဘယ်ကြောင့်ဆိုသော် သူ့ဆရာက စိတ်ခံစားချက် မကောင်းသည့်အခါတိုင်း သူ့ဓားကိုသုတ်လေ့ရှိသောကြောင့်ပင် ။


ဓားသွား၏ကိုယ်ထည်က ငွေမှင်ရောင်တောက်နေကာ လှုပ်ရှားလိုက်သည့်အခါမှာတော့ ရေကဲ့သို့ တောက်ပနေပေသည် အရမ်းကို လှပလှသည်။


နောက်ဆုံးတွင်တော့ ညကိုးနာရီ ထိုးသွားပြီဖြစ်သည်။ နာရီက သုံးကြိမ်တိတိ ရိုက်ခတ်သွားသည်။


ကြီးမြတ်လှသည့်သခင်မလေးက သူ့အားကြည့်ကာ မေးလာသည် ။


“ရှင် ပြန်တွေးကြည့်ပြီးပြီလား”


လင်ရှု “…..ငါ တွေးကြည့်ပြီးပြီ”


ကြီးမြတ်လှသည့်သခင်မလေးက ပုံမှန်အတိုင်းပဲ ပြောလာသည်။


“ပြောကြည့်”


“ငါ့အမှားက အရမ်းကို ပေါ့ပြက်ပြက်နိုင်လွမ်းပြီး ကျောက်စိမ်းဝိဥာဉ်တုံးတွေရဲ့ သွေးဆောင်တာကို အလွယ်လေးခံလိုက်ရတယ်” လင်ရှုက သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်း ပြန်သုံးသပ်လာသည်။


“အမ်း” ကြီးမြတ်သောသခင်မလေးက ပြောလာသည်။ “ဆက်ပြော”


“သခင်မလေးက ဖြောင့်မတ် ကြင်နာတဲ့နှလုံးသားနဲ့ ကျွန်တော့်ကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်” လင်ရှုက တစ်နာရီခန့် စုစည်းခဲ့ရသော်လည်း စစ်မှန်မှုက သံသယဖြစ်ဖွယ်ကောင်းသည့် ထိုမြှောက်ပင့်သည့် စကားလုံးတို့အား ပြောလိုက်သည်။


သူက ဆက်ပြောလိုက်သည်။


 “အဲဒါကဘာကြောင့် ကျွန်တော်က သခင်မလေးရဲ့ကြင်နာမှုကို လက်ခံလိုက်တာလဲ ဆိုတာပါပဲ”


ကြီးမြတ်သည့်သခင်မလေး : “နည်းနည်းတော့အဓိပ္ပာယ်ရှိတယ်”


လင်ရှုက အနည်းငယ် အနားယူလိုက်ကာ : “အနာဂတ်ကျရင် ပြောင်းလဲပါ့မယ်….

သန့်ရှင်းပြီးရိုးသားတဲ့ ဘဝနေထိုင်မှုနဲ့ နေထိုင်ပြီး တစ်ခြားသူတွေဆီကနေလည်း ဘာကိုမှ လက်မခံတော့ပါဘူး”

 

ကြီးမြတ်သည့်သခင်မလေး : “ရှင် ဒါကို အရင်ကတည်းက လုပ်ခဲ့သင့်တာ”


လင်ရှု : “သခင်မလေးရဲ့သင်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”


“ရပါတယ်” ကြီးမြတ်လှသည့်သခင်မလေးက ပြန်ဖြေလာသည် “ရှင့်ကြည့်ရတာ သိပ်ပြီးတော့ ထက်မြက်ပုံလည်း မပေါ်ဘူး။ ကံကောင်းလို့ ရှင်က ကျွန်မနဲ့တွေ့တာ။ မဟုတ်ရင် တစ်ခြားသူတွေဆီကနေ သေချာပေါက်ကို လိမ်ခံနေရလောက်ပြီ”


လင်ရှု : “မင်းပြောတာ မှန်တယ်”


ကြီးမြတ်လှသည့်သခင်မလေး : “…..”


အကြာကြီး တိတ်ဆိတ်နေပြီးနောက် ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည် :


“ကျွန်မ နားမလည်တာတစ်ခု ရှိသေးတယ်”


လင်ရှု : “အမ်း”


သခင်မလေးရဲ့ညာဘက်လက်က သူမရဲ့ကော်လာ အတွင်းဘက်ဆီသို့ အနည်းငယ် ရောက်သွားကာ ပါးလျတဲ့အနက်ရောင်ကြိုးတစ်စက်ကို ဆွဲထုတ်လိုက်သည်။ ကြိုးရဲ့အဆုံးမှာတော့ မီးခိုးရောင်ကျောက်စိမ်းတစ်ခုပင်။


လင်ရှုက ထိုကျောက်စိမ်းအဆောင်၏ အရောင်နှင့် အထိအတွေ့အား အလွန်အမင်းကိုမှ ရင်းနှီးလေသည်။ အခုသူ့လည်ပင်း၌ ဆွဲထားသည့် ကျောက်စိမ်းလေးနဲ့ယှဉ်လျှင် ထွင်းထုထားသည့်ပုံစံကသာ ကွာခြားပေသည် ထိုသည်က ဇာမဏီငှက်ပင်။


လင်ရှု “……”


ထိုအဂ္ဂရိတ် ထိုးသည့်နေ့က လင်းဖုန်းရှောင်မှ သူ့အား ဆေးလိမ်းပေးရန်အတွက် မတော်တဆဖြင့် သူ၏ကျောက်စိမ်းအဆောင်အား ဆွဲချွတ်လိုက်သည့်နေ့ကို ပြန်လည်အမှတ်ရသွားသည်။ ထိုကတညိးကစ၍ သူ့အပေါ်ထားသော သူမ၏သဘောထားက ရုတ်တရက် ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ ဘာကြောင့်ဆိုသည်အား နားလည်သွားတော့သည်။


ဖြစ်နိုင်သည်က ဤကျောက်စိမ်းအဆောင်ဟာလည်း သူတို့၏လက်ထပ်ပွဲ သဘောတူညီချက် တိုကင်ဖြစ်နေတာပင် ကြီးမြတ်လှသည့်သခင်မလေးက ဒီကျောက်စိမ်းအဆောင်အား တွေ့သည့်နေ့မှစ၍ ကိစ္စတွေက ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။


ထို့နောက်တွင် သခင်မလေးက ဇာမဏီနန်းမြင့်ဆီသို့ စာတစ်စောင်ရေးလိုက်သည်။ ဇာမဏီနန်းမြင့်ရဲ့တပည့်တွေက မင်စီရင်စုမှ နင်အန်းရွာသို့လာကာ ရွာသားတွေအား အရူးလေး၏ဇစ်မြစ်နှင့် တိုးတက်မှုကို မေးမြန်းလိုက်သည် ရွာသားတွေက သူတို့အား အမှန်တရားကို ပြောပြလိုက်သည်။


လွန်ခဲ့သည့်ဆယ့်ငါးနှစ်တုန်းက အင်မော်တယ်တစ်ယောက်ဟာ သူတို့ဆီတွင် ထိုအရူးလေးကို အပ်နှံထားခဲ့ပြီး ဂရုစိုက်ပေးရန် တောင်းဆိုခဲ့သည်။


သို့သော်လည်း ထိုရွာလေးက တစ္ဆေမြို့တွင်ရှိနေပြီး ကောက်နှံတို့ဟာလည်း နေရောင်ရခဲသည်။ သူတို့ဟာ သူတို့ကိုပင် လောက်ငှအောင် မစားနိုင်သည့်အတွက် သူတို့အားလုံးက အလွန်အမင်းပိန်ပါးကာ အားနည်းနေကြသည်။ သဘာဝကျကျပင် စိတ်ပိုင်းဆိုင်ရာအခြေအနေ လစ်လပ်နေသည့် ထိုအရူးလေးအား ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ပေ။


ထိုစုံစမ်းစစ်ဆေးမှု ပြီးတဲ့နောက် လင်းဖုန်းရှောင်က သူဟာ သူမရဲ့သတို့သားဖြစ်သည်ဟု အတည်ပြုလိုက်တော့သည်။


သို့သော် သူကိုယ်တိုင်ကတော့ နည်းနည်းလေးမှ သတိမပြုမိဘဲ ကြီးမြတ်လှသည့်သခင်မလေးက ရုတ်တရက်ကြီး ဒီငါးဆားနယ်လေးကို စိတ်ဝင်စားလာပြီး ထိန်းသိမ်းထားချင်နေတာပဲ ဖြစ်ရမည်ဟု တွေးထင်နေခဲ့တာပင်။

 

ကြီးမြတ်လှသည့်သခင်မလေးက ထိုကျောက်စိမ်းအဆောင်အား ချွတ်လိုက်ကာ သူမရဲ့လက်ထဲတွင် ထည့်လိုက်ပြီး 


“ကျွန်မ ရှင့်ရဲ့ကိုယ်ရေးအချက်အလက်ကို ရှာတွေ့ပြီးတော့ ရှင့်ကို ရင်းနှီးတဲ့ဆွေမျိုးတစ်ယောက်လို အမြဲတမ်းဆက်ဆံခဲ့တာ။ ရှင်က သာမန်သေမျိုးတွေကြားမှာ ကြီးပြင်းလာခဲ့တော့ သာမန်သေမျိုးတွေရဲ့ဓလေ့ထုံးတမ်းက အရမ်းကို တင်းကြပ်တယ်။ ရှင် ရှက်နေမှာစိုးတာနဲ့ လက်ထပ်ပွဲသဘောတူညီချက်ကို တိုက်ရိုက်ထုတ်မပြောခဲ့တာ။ ဒါပေမဲ့လည်း ကျွန်မရဲ့စကားလုံးတွေထဲမှာ သဲလွန်စတွေ အများကြီးရှိတယ်လေ။ ရှင်က အဲဒါတွေကို သတိမထားမိဘူးလား။ နည်းနည်းလေးတောင်မှလေ။ ဒါမှမဟုတ် လက်ထပ်ပွဲကို မဖြည့်ဆည်းချင်တော့လို့ တမင်သက်သက် ရူးဟန်ဆောင်နေတာလား”


ကြီးမြတ်တဲ့သခင်မလေးရာ ဘာလို့ မင်းကအမြဲတမ်း ငါ့ကို အရူးတစ်ယောက်ဖြစ် ဟန်ဆောင်နေတယ်လို့ ထင်နေရတာတုန်း။


လင်းက လက်မှိုင်ချကာ ပြောလိုက်သည်။


“ငါ မလုပ်ပါဘူး။ ပြောရရင် ငါက သိပ်ပြီးတော့ မထက်မြက်ဘူးလေ”


တကယ်ကိုပင် သူဟာ လင်းဖုန်းရှောင်၏သတို့သားလောင်း ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမကြည့်ခဲ့ဖူးပေ။


သူဟာ ပြိုလဲနေသည့် သက်ကယ်မိုး တဲအိမ်လေးတွင်နေကာ အသီးအရွက်ပြုတ်ဟင်းချိုကို သောက်ရသူပင်။ သူ့တွင် နာမည်ကျော်ကြားသည့် ဆရာတစ်ယောက်ရှိသည်ဆိုလျှင်ပင်။ သူ့စိတ်ထဲ၌ ဘယ်သောအခါမှ မတွေးဖူးသည်က ဇာမဏီနန်းမြင့်တောင်ထွတ်ရဲ့ ကြီးမြတ်လှသည့်သခင်မလေးနဲ့ ဘာမှသက်ဆိုင်စရာမရှိဟုပင်။


သူ့နှလုံးသားထဲတွင်တော့ ကြီးမြတ်လှသည့် သခင်မလေး၏သတို့သားလောင်းက အနည်းဆုံးတော့ ရှောင်ရှောက်ကဲ့သို့ ထူးချွန်သည့်လူတစ်ယောက် ဖြစ်ရမည်ဟုပင်။ 


ထို့ကြောင့် ကြီးမြတ်လှသည့် သခင်မလေးက ရုတ်တရက်ကြီး သူ့အပေါ်ကို ငြင်သာပေးပြီး သူ့အား ရှားပါးတဲ့ရတနာတွေ ပေးရန်အတွက် ပမာဏကြီးမားလှသည့် ကျောက်စိမ်းဝိဥာဉ်တုံးအား ဖြုန်းပေးလျှင်ပင် သူတွေးသည်က ထိုသည်ဟာ ချမ်းသာသည့်အမျိုးသမီးတစ်ဦး၏ ဟမ်းစတားတစ်ကောင်အား မွေးမြူသည့်အပြုအမူ ဖြစ်ရမည်ဟုပင်။


ကြည့်ရသည်မှာ သူဟာ အရင်ကတည်းက အရူးလေးတစ်ယောက် မဟုတ်ဘဲ အခုလည်း နည်းနည်းလေးတော့ ရူးနေသေးပုံပင်။


ကြီးမြတ်လှသည့်သခင်မလေးက ငြင်သာစွာ သက်ပြင်းချလိုက်သည်။


လင်ရှုက သခင်မလေးအား ဂရုတစိုက်နှင့် ကြည့်လိုက်ရာ သူမက ပိုပြီးမျက်တွင်း ချောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။


“ကျွန်မ ငယ်ငယ်လေးကတည်းက ကျွန်မအမေ ပြောခဲ့တာက ထောင်ယွမ်ကျွင်းဆိုတာ သေမျိုးလောကနဲ့ ဆက်နွှယ်မှုရှိတဲ့သူပဲ။ အဲတော့ သူ့တပည့်ကလည်း သဘာဝကျကျပဲ အေးချမ်းပြီး ချစ်စရာ ကောင်းမယ်ပေါ့လေ….။ သူမက ကျွန်မရဲ့သတို့သမီးလောင်းကို အနာဂတ်ကျရင် ကောင်းကောင်းဆက်ဆံဖို့ တောင်းဆိုခဲ့တယ်” ကြီးမြတ်လှသည့် သခင်မလေးက ပြောသည်။


“အဲဒါကြောင့် ကျွန်မက ကလေးဘဝကတည်းက အမြဲတမ်းရှင့်ကို တွေ့ချင်နေခဲ့တာ…..ရှင်က ဒီအကြောင်း ဘာကိုမှ သိမနေဘူးဆိုတာမျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူး”


ကြီးမြတ်လှသည့်သခင်မလေး၏အသံက တစ်ဖြည်းဖြည်းချင်း ဖျော့တော့သွားသည်။ လင်ရှုက သူမဟာ သူ့ရဲ့အပြုအမူတွေနှင့် ပတ်သက်ပြီး အရမ်းကို ဒေါသထွက်သွားသည့်အတွက် စကားပြောဖို့ပင် အားမရှိဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် ရှုပ်ထွေးသွားကာ သူ့ကိုပင် “သတို့သားလောင်း” ကနေ “သတို့သမီးလောင်း” ဟု မှားခေါ်လိုက်သေးသည်။


သို့သော်လည်း ဒီညတွင် သူဟာ ကြီးမားသည့်အမှားတစ်ခုကို ပြုလုပ်ပြီးဖြစ်သည်။


သဘာဝကျကျပင် ကြီးမြတ်လှသည့်သခင်မလေး၏ လျှာချော်သွားသည့်ကိစ္စအား ထောက်ပြရန် သတ္တိမရှိပေ။ သူဟာ နာနာခံခံနှင့်ပင် ပြောလိုက်သည်။


“ငါမှားသွားပါတယ်”


“ကိစ္စမရှိပါဘူး။ ရှင့်အမှား မဟုတ်ပါဘူး”


လင်ရှုက ကြီးမြတ်လှသည့် သခင်မလေး၏အမူအရာအား တစ်ချက်ကြည့်လိုက်ကာ သူ၏သတ္တိတို့အား စုစည်းပြီး မေးလိုက်သည်။

 

“မင်း ထပ်ပြီးတော့ စိတ်မတိုတော့ဘူးလား”


“ဒါက ရှင့်ရဲ့ပထမဆုံးပြစ်မှုဆိုတော့ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်” ကြီးမြတ်လှသည့် သခင်မလေးက ပြောသည်။ “အနာဂတ်ကျရင် ရှင် ပြောင်းလဲသွားမှာပါ”


လင်ရှု : “ငါ ပြောင်းလဲပါ့မယ်”


သူဟာ ပေါ့ပြက်ပြက်နိုင်တဲ့ ယောက်ျားတစ်ယောက်အဖြစ် ထပ်လုပ်လို့မရတော့ပေ။ အောက်ခြေစည်းရှိသည့် ယောက်ျားတစ်ယောက်ဖြစ်သင့်သည်။


သို့သော် ကြီးမြတ်လှသည့်သခင်မလေးကလွဲ၍ မည်သည့်ချမ်းသာသည့်အမျိုးသမီးကမှ သူ့အား မပျိုးထောင်ပေ။


ထို့ကြောင့် ဘဝက ဆက်သွားနိုင်သေးသည်။


“နောက်ကျနေပြီ” သခင်မလေးက ပြောလာသည်။ “ရှင့်ကို အိပ်ရာဆီ လိုက်ပို့ပေးမယ်”


လင်ရှုဟာ အိပ်ရာဆီသို့ ငြင်ငြင်သာသာဖြင့် ပြန်ပို့ခံလိုက်ရသည်။


မီးအဆီအနှစ်ကို ဖုတ်ကောင်အား ကျွေးလိုက်ပြီဖြစ်သည့်အတွက် အိမ်တွင် အပူပေးသည့်အရာမရှိပေ။ ကြီးမြတ်လှသည့်သခင်မလေးက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏လက်ချောင်းထိပ်မှ အနီရောင်ဖျော့ဖျော့ဝိဥာဉ်စွမ်းအားကို ထုတ်ပေးလာသည်။ ထို့နောက်တွင်တော့ တစ်ခန်းလုံးက ချက်ချင်းပဲ နွေးထွေးလာတော့သည်။ သူမကို သယ်ရလွယ်ကူသည့် လူပုံသဏ္ဍာန်ရှိသော အပူပေးစက်ဟု ပြော၍ရသည်။


“မနက်ဖြန်ကျ ဆင်တူတဲ့ပစ္စည်းတစ်ခုရှာဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်မယ်” ကြီးမြတ်သည့် သခင်မလေးက ပြောသည်။


လင်ရှု : “ကျေးဇူးတင်ပါတယ်”


“ရပါတယ်” သခင်မလေးက ပြောသည်။ “ရှင် နေမကောင်းရင် ကျွန်မက ရှင့်ကို ဂရုစိုက်ပေးရမှာပေါ့”


လင်ရှုဟာ တစ်ညလုံး ရက်စက်ကြမ်းတမ်းစွာ ပြုမူခံခဲ့ရသည်။ အခုချိန်မှာတော့ သူ့ကို သင့်တင့်လျောက်ပတ်စွာ ဆက်ဆံကာ အရမ်းကိုချိုသာနေသည့်အတွက် ရလဒ်အနေဖြင့် စတော့ဟုမ်းစတ်ရောဂါအား ရရှိတော့မလိုပင်။ ထို့အပြင် သတို့သားလောင်းဆိုသည့် ကိစ္စကြောင့် ကြီးမားသည့်စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ခံလိုက်ရပြီး အရမ်းကို စိတ်ဓာတ်ကျနေတော့သည်။


ကြီးမြတ်လှသည့် သခင်မလေးက သက်ပြင်းချလိုက်ပြီး အိပ်ရာဆီသို့ လျှောက်လာကာ သူမအသံအား နိမ့်၍


“ကောင်းသောညပါ ကောင်းကောင်းအိပ်”


ထိုကဲ့သို့ နူးနူးညံ့ညံ့ပြောသည့် စာကြောင်းက လင်ရှုအား ရုတ်တရက်ကြီး ဒီနေ့တွင် သူဟာ ကြီးမားသည့်မကျေနပ်ချက်တစ်ခုကို ခံစားခဲ့ရသလို ဖြစ်နေစေသည်။ ထို့ကြောင့် တစ်နည်းနည်းဖြင့် သူ့မျက်လုံးများ နာလာတော့သည်။


လင်းဖုန်းရှောင်၏အမူအရာက ရုတ်ချည်းပင် အနည်းငယ် ဆုံးရှုံးသွားသကဲ့သို့ ရှုပ်ထွေးသည့်ဟန် ဖော်ပြလာတော့သည်။


“မငိုနဲ့” ကြီးမြတ်လှသည့်သခင်မလေးက အိပ်ရာဘေးဘက်တွင်ထိုင်ကာ သူ့အား ကြည့်လာသည်။


“ကျွန်မလည်း ဒီနေ့မှားသွားတယ်။ ရှင့်အပေါ် မကြမ်းတမ်းသင့်ဘူး” 


လင်ရှုက တကယ်တော့ မငိုခဲ့ပေ။ သို့သော် အနည်းငယ် မှားယွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရရုံသာဖြစ်သည်။ ကြီးမြတ်လှသည့်သခင်မလေးက လက်ရှိတွင် သူ၏သတို့သမီးလောင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ ထိုကိစ္စကို သိပ်ပြီး လက်မခံသေးသော်လည်း သူဟာ သူ့သတို့သမီးလောင်းရဲ့အနိုင်ကျင့်တာကို ခံလိုက်ရလို့ ငိုသွားသည်ဟူသည့်စကားသာ ပျံ့နှံ့သွားလျှင် တကယ်ကြီး ရှက်ဖွယ်လိလိပင်။


သူက ပြောလိုက်သည်။ “ဒါဆိုရင် အနာဂတ်ကျ ငါ…..”


“အနာဂတ်ကျရင် ကျွန်မ မကြမ်းတမ်းတော့ပါဘူး” ကြီးမြတ်လှသည့်သခင်မလေးက ပြန်ဖြေလာသည်။ “ရှင် နာခံနေသရွေ့ပေါ့”

 

လင်ရှုက ခေါင်းညိတ်လိုက်သည်။ နာခံသည့်အကြောင်းကို ပြောလျှင် သူဟာ ထိုအရာ၌ အတော်လေးတော်သည်။


ကြီးမြတ်လှသည့်သခင်မလေးက သူ့အား မျက်လုံးထဲတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့်နှင့်အတူ ကြည့်လာသည်။


“ဒီနေ့ပြီးရင် ရှင်နဲ့ကျွန်မကြားမှာ ဘာမကောင်းတဲ့အချက်မှ မရှိတော့ဘူး။ ရှင်နဲ့ကျွန်မကြားမှာ ဘာလှည့်စားထားတာမှလည်း မရှိတော့ဘူး”


လင်ရှုက ခေါင်းညိတ်ပြလိုက်သည်။


ကြီးမြတ်လှသည့်သခင်မလေးက သူ့အတွက် မီးငြှိမ်းလိုက်ကာ “အိပ်တော့”


လင်ရှု၏စိတ်သည် ကောင်းမွန်သည့် အခြေအနေတွင် မရှိပေ။ ထို့ကြောင့် သတို့သားလောင်းကိစ္စကို တစ်ခဏ တွေးကြည့်ပြီးနောက် အိပ်မောကျသွားတော့သည်


နောက်တစ်နေ့တွင် သူ့စိတ်က ခံစားရပိုကောင်းလာသည်။ လင်းဖုန်းရှောင်က သူ့ဆီရောက်လာကာ ဟွမ်သန်းတောင်ထွတ် ပွင့်မည့်ရက်က တစ်ဖြည်းဖြည်း နီးကပ်လာပြီဟု ပြောလာသည်။ ပြီးနောက် သူ ပြင်ဆင်ပြီးပြီလားဟုလည်း မေးလာသည်။


မနေ့က သူဟာ သူမအား သူနှင့်ရှောင်ရှောက်တို့ကြားရှိ တိုက်ပွဲကို ပြောပြလိုက်သည်။ ကြီးမြတ်လှသည့်သခင်မလေး၏ ဦးနှောက်နှင့်ဆိုလျှင် သူဟာ ဝါးခေါက်ဖြစ်သည်ကို နားလည်ပြီးလောက်ပြီ ဖြစ်ရမည်။ မိန်းကလေးတစ်ယောက်၏ခန္ဓာကိုယ်အား အသုံးပြုရသည်မှာ အနည်းငယ် ရှက်ဖို့ကောင်းသော်လည်း ထိုပြစ်ဒဏ်အား ဘယ်ကနေရခဲ့သည်ဟု ရှင်းပြရမည်ကို စိတ်ပူစရာ မလိုတော့ပေ ။ 


သူ့တွင် ပြင်ဆင်မှုမစရသေးဟု ပြောလိုက်သည်။


ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။


“ကျွန်မမှာ ဒီနေ့ ဘာမှလုပ်စရာမရှိဘူး။ အဲတော့ ကျွန်မကူညီပေးမယ်”


ထို့နောက် အဝတ်အစား လက်နက်များ အဆောင်လက်ဖွဲ့များနှင့် ဆေးလုံးများကို စီစဉ်ကာ ဘရိုကိတ်အိတ်ထဲသို့ ထည့်လိုက်တော့သည်။ ကြီးမြတ်လှသည့်သခင်မလေးက အလွန်အမင်း အားစိုက်ထုတ်ကာ လင်ရှု၏ကြားဖြတ်မှုပင် မလိုလိုက်ပေ။


ထိုသည်က သူအား ပိုင်ရှင်တစ်ဦးက သူ၏ဟမ်းစတားလေးရဲ့လှောင်ချိုင့်အား ရှင်းလင်းနေပုံကို အမှတ်ရသွားစေသည်။ ဟမ်းစတားလေးကတော့ ချောင်လေးထဲတွင် တိတ်တိတ်လေးထိုင်နေရုံပင်။


——ဟမ်းစတား ဖြစ်နေတုန်းပဲ။


ဘဝက သိပ်ပြီးပြောင်းလဲသွားပုံ မရပေ ။


ထို့နောက် နဂါးအစောင့်အရှောက်များ ရောက်လာပြီး ကြီးမြတ်လှသည့်သခင်မလေးက သူမ၏တရားဝင်အရေးကိစ္စများကို လုပ်ရန် ထွက်သွားတော့သည်။


လင်ရှုက ပျင်းရိစွာနှင့်ပင် အခန်းထဲ၌ စာဖတ်နေလိုက်သည်။


တစ်နာရီကြာပြီးနောက် မမျှော်လင့်ထားသည့် ဧည့်သည့်တစ်ဦး ရောက်ရှိလာတော့သည်။


ကျက်သရေရှိသည့် အဝတ်အစားများနှင့် အထက်စီးဆန်သည့်လေထုအရ ထိုသူက တော်ဝင်အိမ်ရှေ့မင်းသား ရှောင်လင်းယန်ပင်။


လင်ရှုက အနည်းငယ် ခေါင်းကိုက်လာတော့သည်။


ရှောင်လင်းယန်က တံခါးကနေ ဝင်လာပြီး ပထမဆုံး သူလုပ်သည့်အရာက သူ့စားပွဲပေါ်သို့ စာရွက်တစ်ထပ် ရိုက်ချလိုက်တာပင်။


“မင်း ကြည့်စမ်း”


ထို့ကြောင့်လင်ရှုက ကြည့်လိုက်သည်။


ပထမဆုံး သူ့မျက်လုံးအား ဖမ်းစားသွားသည်က ကြီးမားသည့်ခေါင်းစဉ်ပင်။


<<လင်းဖုန်ရှောင်၏မကောင်းသောလုပ်ရပ် ဆယ့်နှစ်ခုအား အသေးစိတ်ပြန်ပြောခြင်း>>


လင်ရှု : “……”

 6

ရှောင်လင်းယန် : “မင်းက ပိုက်ဆံကြောင့် ပြုစားခံလိုက်ရတာပဲ လင်းဖုန်းရှောင်က ဘယ်လောက်တောင် အန္တရယ်ရှိလဲဆိုတာကို မင်းမသိလို့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်။ ဒီစာအုပ်ရေးဖို့ ငါ့မှာ ခုနစ်ရက်လောက် အချိန်ယူလိုက်ရတယ်။ မင်းအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့လေ။ သာမန်အသိစိတ်မရှိဘဲ ဒီလူကို ချက်ချင်းစွန့်ခွာသွားတော့…..ဟမ့်!  မင်းအတွက် ဘာကကောင်းမှန်းမသိဘူး။ ဒီတော့ မင်းကိုယ်မင်း အပြစ်တင်ရမှာပဲ”


သူ့စကားတွေက ယုတ္တိမတန်ကာ မသင့်လျော်ပေ။ ထိုသည်က သူ၏အနုစာပေစွမ်းရည်ဟာ တော်တော်လေး နိမ့်ကျနေသည်ကို ဖော်ပြနေပေသည်။ သို့သော် အဓိကအကြံကတော့ ရှင်းလင်းပေသည်။ ငါ့အစ်မကို ထားခဲ့။


ဖြစ်နိုင်သည်မှာ အိမ်ရှေ့မင်းသားလေးက ကြီးမြတ်လှသည့်သခင်မလေး၏ တင်းကျပ်မှုအောက်တွင် သူ့အား တိုက်ရိုက်အနိုင်ကျင့် မခြိမ်းခြောက်ရဲတော့ဘဲ ထိုအစား လင်ရှုအား ထွက်သွားရန် အကြံပေးလာသည်။


လင်ရှုက <<လင်းဖုန်ရှောင်၏မကောင်းသောလုပ်ရပ် ဆယ့်နှစ်ခုအား အသေးစိတ်ပြန်ပြောခြင်း>> ဆိုသည့် စာအုပ်အား မဖွင့်ပေ။ 


ရှောင်လင်းယန်က အော်ဟစ်လာသည် “မြန်မြန်လေး ကြည့်ကြည့်”


လင်ရှုက မလှုပ်ရှားပေ။


ပြောရလျှင် ဟမ်းစတားတစ်ကောင်နှင့် တရားဝင်ဇနီးက ကွာခြားပေသည်။ အနည်းဆုံးတော့ ရှောင်လင်းယန်အား ရင်ဆိုင်ရာတွင် ပိုပြီး ယုံကြည်ချက် ရှိလာသည်။


ယခင်ဘဝက သူ့တွင် မည်သည့်မိဘဆွေမျိုးမှ မရှိပေ။ သူ့ဆရာ သေဆုံးပြီးနောက် သူ့တွင် မည်သည့်မိသားစုဝင်မှ မရှိတော့ပေ။ ယခု သူ့ယောက်ဖနှင့် တကယ်တမ်း ဆက်ဆံရသည့်အခါ အဲဒါက အတော်လေး ဆန်းသစ်လှသည်။


ရှောင်လင်းယန်က သူ၏အာခံသည့်စိတ်သဘောထားကို တွေ့လိုက်ပြီး သူ့မျက်လုံးထောင့်တို့က တွန့်သွားတော့သည်။ သူ့ကိုကြည့်ရသည်မှာ စားပွဲအား ရိုက်ချပြီး ထရပ်တော့မည်ပုံပင် ။


လင်ရှုက သူ့လည်ပင်းပေါ်တွင် ဆွဲထားသည့် ကျောက်စိမ်းအဆောင်အား ဖြည်းညှင်းစွာ ချွတ်လိုက်ကာ စားပွဲပေါ်တွင်ထားလိုက်သည်။


ရှောင်လင်းယန်က ထိုကျောက်စိမ်းအဆောင်အား တွေ့သည်ဆိုရင်ပဲ လုံးဝကို တိတ်ဆိတ်သွားတော့သည်။


လင်ရှုက ရှောင်လင်းယန်၏ကံမကောင်းမှုအား ဝမ်းသာအားရပင် ဖြစ်လိုက်သေးသည်။ သူ တွေ့လိုက်သည်။ ရှောင်လင်းယန်၏ ယခုလက်ရှိစိတ်အခြေအနေက စေ့စပ်ကြောင်းလမ်းမှုအကြောင်း သူရှာတွေ့စဉ်ကနှင့် တူညီလုနီးပါးဖြစ်နေမှာပင်။


“မင်း….” ရှောင်လင်းယန်က တိတ်ဆိတ်မှုကနေ ပြန်သက်သာလာကာ အသက်ကို ခပ်မြန်မြန် ရှုလိုက်သည်။ “မင်း”


လင်ရှု : “ငါလား”


“ဘယ်လိုလုပ်ပြီး မင်းလဲ” ရှောင်လင်းယန်က စကားမပြောနိုင်တော့ပေ။ “မင်းမှာ……ဘာအခွင့်အာဏာ ဘာအရှိန်အဝါမှတောင် မရှိဘူး။ အင်မော်တယ်တစ်ယောက်တောင် ဖြစ်မလာသေးဘူး။ လက်ထပ်ပွဲသဘောတူညီချက် ရှိတယ် ဆိုရင်တောင် မင်းက ခပ်ချောချော ယောက်ျားတစ်ယောက်ထက် မပိုဘူး!”


လင်ရှုက တစ်ခဏလောက် တွေးလိုက်သည်။ ကြည့်ရတာ ဒါကမှန်နေတဲ့ပုံပဲ။


သူဟာ ထိုအကြောင်းကို ထပ်တွေးလိုက်သည်။


“ဒါပေမဲ့ ကြီးမြတ်တဲ့သခင်မလေးနဲ့ယှဉ်ရင် ဘယ်သူကမှ ဩဇာတိက္ကမနဲ့အရှိန်အဝါ မရှိဘူး”


မင်းရောပဲလေ ငါ့ယောက်ဖလေးရဲ့…


လင်းဖုန်းရှောင်က အခုလက်ရှိမှာ နဂါးအစောင့်အရှောက်တွေနဲ့ တရားဝင်ကိစ္စရပ်တွေကို ဆွေးနွေးနေတာလေ။ ဒါပေမဲ့ မင်းက ဒီကိုလာပြီး ပြဿနာရှာတယ်ပေါ့။ အဲဒီပုံရိပ်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ မထင်ဘူးလား။


ထိုယောက်ဖလေးက အပြင်းအထန် သီးသွားကာ သူပြောသည့် “အရှင်ပြောတာ မှန်ပါတယ်” ဟု အရှင်ဟောင်းယွဲ့မှ ကြားလိုက်ရစဉ်ကကဲ့သို့ပင်။


သူက နှာမှုတ်လိုက်ကာ ထပ်ပြောလာသည်။


“မင်းက လှပတဲ့ယောက်ျားတစ်ယောက်ထက် မပိုဘူး”


လင်ရှုက သူ့အား လျစ်လျူရှုလိုက်ကာ အလွန်အမင်းကို အေးချမ်းစွာဖြင့် ဆက်ပြီး စာဖတ်နေလိုက်သည်။


ပြောရလျှင် သူဟာ အခုဆိုလျှင် ဂုဏ်ပုဒ်ရှိသည့် ဟမ်းစတားတစ်ကောင်ပင်။


******