အပိုင်း (၄၆)
မင်္ဂလာရှိသောလက်ထပ်ပွဲရက်အားရွေးချယ်ခြင်း
လင်ရှုက ပြင်းထန်သည့်စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတစ်ခုကို ဖြတ်သန်းလိုက်ရသည်။
ဖွင့်ရမလား ဒါမှမဟုတ် မဖွင့်ရဘူးလားဆိုတာကမှ မေးခွန်းပဲ။
ထိုအရာက ရှရိုဒင်းဂါးရဲ့ဆလင်ဒါဘူးကနေ ရှရိုဒင်းဂါး၏စာလိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရှရိုဒင်းဂါး၏ဆလင်ဒါဘူးထဲတွင် ထူးခြားဆန်းကြယ်သည့် သိုင်းပညာစွမ်းရည်စာရွက် ရှိရမည်ဖြစ်သော်လည်း အလကား စာရွက်တစ်ရွက် ဖြစ်နေပေသည်။
(ရှရိုဒင်းဂါးဆိုတာ နာမည်ကြီးရူပဗေဒပညာရှင်ပါ သူက တင်စားပြီးပြောနေတာ)
ဒါပေမဲ့ ရှရိုဒင်းဂါး၏စာလိပ်မှာ ဘာပါမှာလဲ။
ကြည့်ရသည်မှာ တစ်ခုတည်းသောအရာသာ ပါဝင်နေပုံပင်။
ဒါဆိုလျှင် ထိုအရာအား ရှရိုဒင်းဂါး၏စာလိပ်လို့ ထပ်မခေါ်သင့်တော့ပေ။
လင်ရှုက ကြီးမြတ်လှသည့် သခင်မလေး၏အမူအရာအား မော့ကြည့်လိုက်သည်။
ကြီးမြတ်လှသည့်သခင်မလေးက လက်တစ်ဖက်တွင် ခွက်အားကိုင်ထားပြီး အခြားတစ်ဖက်နှင့် လက်ဖက်ရည်ခွက်အဖုံးကို ကိုင်ကာ လက်ဖက်ရွက်များကို ပေါ့ပေါ့ပါးပါး ဘေးဖယ်နေသည်။
သူမက လင်ရှု လှမ်းကြည့်နေသည်ကို တွေ့သောအခါ ချိုမြိန်စွာပြုံးပြလာသည်။
သူမက အလွန်ကို လှလှပပပြုံးပြနေသည်။
သို့သော် ကြီးမြတ်လှသည့်သခင်မလေးက အရင်ကတစ်ခါမှ ထိုကဲ့သို့ မပြုံးပြဖူးပေ။ ထို့ကြောင့် ဒါဟာ သံသယမရှိစွာပဲ မုန်တိုင်းမလာခင် လေငြိမ်နေတာဖြစ်သည်ဟု ပြောနိုင်သည်။ တရုတ်ဆေးခါးကြီးအား မသောက်ခင် စားသည့် နောက်ဆုံးသော သကြားခဲအပိုင်းလိုပင်။
သူမ၏မျက်နှာက မည်မျှပင် ကျက်သရေရှိ၍ ညှို့ဓာတ်အပြည့်နှင့် ဆွဲဆောင်မှုရှိပါစေ ထိုအချိန်တွင်တော့ အရာအားလုံးက— ဘယ်ဘက်ပါးတွင် “ကျွန် မရှင့်ကို စားပစ်တော့မှာ” ဟု ရေးထားပြီး ညာဘက်တွင်တော့ “ကျွန်မ ရှင့်ကို သတ်ပစ်မယ်” ဟု ရေးထားပေသည်။
ထိုအမူအရာပေါ်အခြေခံ၍ နိဂုံးချုပ်နိုင်သည့်တစ်ခုတည်းသောအရာက :
“ထိုသည်က လင်းဖုန်းရှောင်၏စာလိပ်ပင်”
လင်ရှုက သူ၏နောက်ဆုံးသောဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေသည့် အကျဉ်းသားကဲ့သို့ တုန်ယင်နေသည့် လက်တစ်စုံဖြင့် အနီရောင်ဇာလွှာအား ဖြည်ချလိုက်သည်။
သူ့မျက်လုံးတို့အား ပိတ်လိုက်ကာ သူ့ကိုယ်သူ ပြင်ဆင်လိုက်ပြီး ဇာလွှာအား ပြည့်ပြည့်စုံစုံ ဖြည်ချလိုက်သည်။
စာလိပ်က ပွင့်သွားလေပြီ။
အတွင်းထဲမှာတော့ အမျိုးမျိုးသော စက္ကူတို့ဖြင့်ပြုလုပ်ထားသည့် စာရွက်များစွာရှိနေပြီး ခြွင်းချက်မရှိ ထိုအရာအားလုံးက ထင်ရှားနေပေသည်။
သူဟာ ပထမဆုံးစာရွက်များကို စုစည်းလိုက်ပြီး ထို့နောက်တွင်တော့ အပြင်ဘက်ဆုံးစာလိပ်အား ဖတ်လိုက်တော့သည်။
“ကြက်ငှက်တွေနဲ့ တောဝက်တို့က တစ်ရွာတည်းက အစပြုသလို ပိုးစာသီးနဲ့ ပိုးစာပင်တို့ဟာလည်း တွေ့ဆုံကြတယ်”
ကြီးမြတ်လှသည့်သခင်မလေးက သူမရဲ့မျက်ခုံးတို့ကို ပင့်လိုက်သည်။
“အွန်း”
“စောစောချည်နှောင်တာ…..”
သခင်မလေး : “ဆက်ပြော”
“မင်္ဂလာအထုံးကို စောစောချည်နှောင်ပြီး နောက်ထပ် ထပ်လောင်း အတည်ပြု……”
လင်ရှု၏အမြင်တို့က ဝေဝါးသွားကာ တစ်ဖြည်းဖြည်းနှင့် အသိစိတ် ပျောက်လာတော့သည်။
ကြီးမြတ်လှသည့်သခင်မလေးက သူမရဲ့လက်ဖက်ရည်ခွက်ကို ချလိုက်ကာ သူမရဲ့ဝတ်ရုံလက်တို့အား ဆန့်လိုက်ပြီး သူမပေါင်ပေါ်၌ သူမရဲ့လက်တွေအား ယှက်တင်လိုက်သည်။ သူမကို ကြည့်ရသည်မှာ ခံညားနေပြီး သူ့အား ပြီးပြည့်စုံစွာ စိုက်ကြည့်လာသည်။
“မင်္ဂလာအထုံးကို စောစောချည်နှောင်ပြီး ဆက်ဆံရေးဟောင်းကို နောက်ထပ် ထပ်လောင်းအတည်ပြုမယ်”
ကြီးမြတ်လှသည့်သခင်မလေးက နက်ရှိုင်းစွာ ပြုံးပြလိုက်သည်။
လင်ရှု၏ဝိဥာဉ်က ဟိုးကောင်းကင်ကိုပင် ကျော်ကာ လွင့်သွားပြီဖြစ်သည်။
“ဖူ….လျန် စီရင်စု ဇာမဏီနန်းမြင့်အရှင်ရဲ့ပထမသမီးနဲ့ မင်စီရင်စုထောင်းယွမ်ကျွင်းရဲ့….ထူးချွန်လှသည့်တပည့် မသေမျိုးတွေနှင့် သူရဲကောင်းတွေ ဖြစ်လာပြီး မိသားစုမြေယာတွေကို အတူတကွ ဆက်ခံကာ တာအိုပညာရပ်နဲ့ သိုင်းပညာကို သင်ယူပြီး ဆရာသခင်တွေကိုလည်း အတူတူမျှဝေပါ့မယ်”
သခင်မလေးက သူမရဲ့ဝတ်ရုံလက်ထဲသို့ ခေါက်သွင်းထားသည့် လက်ချောင်းတို့နှင့် လင်ရှုအရှေ့ရှိ လက်ဖက်ရည်ခွက်အလွတ်အား ဖြည့်လိုက်ကာ ဆက်လက်နားထောင်နေသည်။
“လူသားလမ်းစဉ်က အောင်မြင်ဖို့ခက်ခဲပြီး အချိနိဟာလည်း အလွယ်တကူ လွင့်ပါးပျောက်ကွယ်သွားနိုင်တယ်။ ချိုမြိန်တဲ့နှင်းစက်တို့ ကျဆင်းလာတဲ့အခါ ကောင်းကင်နဲ့မြေကြီးက ပေါင်းစည်းသွားကြတယ်။ အဝါရောင်ပုရစ်ဖူးလေးတွေ ထွက်ပေါ်လာတဲ့နေရာမှာ ယင်နဲ့ယန်က ရောယှက်သွားတယ်”
“ပြိုင်ပွဲတစ်ခုကို စာတစ်ကြောင်းနဲ့ ဆုံးဖြတ်တယ်။ လူနှစ်ယောက်ရဲ့ပျော်ရွှင်မှုကတော့ အိမ်ထောင်တစ်ခုကို ဖြစ်ပေါ်စေတယ်။ ဒါကတော့….. ဒီမင်္ဂလာကိစ္စဟာ သင့်တင့်လျောက်ပတ်သည်ဟု တရားဝင်ခွင့်ပြုပြီး ကောင်းကင်နှင့် မြေပြင်ရှိ နတ်ဘုရားတို့အား ကြေငြာလိုက်သည်”
လင်ရှု၏ဦးနှောက်က ဗလာဖြစ်သွားပြီး သူ့လျှာကလည်း သူ့ထိန်းချုပ်မှုအောက်၌ ထပ်မရှိတော့ပေ
“လက်ထပ်သဘောတူညီမှုက ဆုံးဖြတ်ပြီးပြီဆိုမှတော့ မင်္ဂလာရှိတဲ့လက်ထပ်ရက်စွဲကို မရွေးခင် နှစ်ဖက်စလုံးကသူတွေ တဖြည်းဖြည်း အရွယ်ရောက်လာတာကို စောင့်ကြမယ်။ မသေမျိုးတာအိုအဖော်တို့ အတူတူကြီးပြင်းလာပြီး ပြည့်စုံကုံလုံတဲ့ သိုင်းလောကလက်တွဲဖော်ကို ရှာတွေ့နိုင်ရန် မျှော်လင့်တယ်။ ယနေ့တွင်….လက်ထပ်ပွဲအမိန့်အား ချမှတ်လိုက်သည်”
ကြီးမြတ်လှသည့် သခင်မလေး : “ရှင်က တကယ်ကိုပဲ စာတစ်လုံးကိုမှ လွဲမသွားဘူး။ နောက်တစ်မျက်နှာ ဆက်သွားမယ်”
နောက်တစ်ရွက်၏ခေါင်းစဉ်က “စေ့စပ်မှုအား ဆုံးဖြတ်ခြင်း” ပင်ဖြစ်သည်။
“ဒီလူက ကျုပ်ရဲ့အကြီးဆုံးတပည့်နဲ့ သူ့ရဲ့ရည်ရွယ်သူတို့ကြားမှာရှိတဲ့ နွေးထွေးမွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကောင်းမြတ်တဲ့သဘောထားနဲ့ ကောင်းချီးပေးလိုက်သည်။ အခုချိန်မှာ ကျုပ်က သတို့သမီးရဲ့နာမည်နဲ့ လက္ဏာရှစ်ပါးကို စုံစမ်းမေးမြန်းဖို့ စိတ်ရင်းနဲ့အရဲစွန့်ပြီး မေးမြန်းလိုက်ပါတယ်….”
ထိုစာကြောင်းက သန်မာတဲ့ရှေးရိုးတရုတ်စနဲ့ ရေးထားတာဖြစ်သည့်အတွက် လက်ရေးဟာ လျှို့ဝှက်သိုင်းပညာတစ်ရပ်၏ နည်းစနစ်တစ်ခုထက်ပင် ပိုလို့နားလည်ရခက်နေသည်။ ထိုစာလုံးတို့က လင်ရှုအတွက် အရမ်းကို မှေးမှိန်နေသည့်အတွက် သူ့အသံဟာ အလွန်အမင်း တောင့်တင်းလာသည်။
“စေ့စပ်ပွဲအားဆုံးဖြတ်ခြင်း” ကို ဖတ်ပြီးနောက် “မင်္ဂလာပွဲအားတောင်းဆိုခြင်း” နှင့် “ရက်စွဲတစ်ခုအားသတ်မှတ်ခြင်း” တို့ရှိနေသည်။
နောက်ဆုံးတွင် သူ ဖတ်ပြီးသွားသည့်အခါမှာတော့ လင်ရှုက သူ့ကိုယ်သူ ထိုးလိုက်ကာ နိုးထရန် ကြိုးစားလိုက်သည်။
သူ နိုးမလာနိုင်ပေ။
ဒီအိပ်မက်က တကယ်ကိုထူးဆန်းလွန်းသည်။
သူ ဖတ်ပြီးသွားသည်ကို တွေ့သည့်အခါ ကြီးမြတ်လှသည့်သခင်မလေးက အလျင်မလိုစွာနဲ့ဘဲ အနီရင့်ရောင်ဘရိုကိတ် သိုလှောင်သေတ္တာအား သူမ၏ ခါးနားရှိရွှေရောင်ချုပ်သီထားသည့်နေရာမှ ထုတ်ယူလိုက်သည်၊ ထို့နောက် ထိုအထဲမှ ထပ်တူညီနေသည့်ဆလင်ဒါဘူးအား ပြန်ထုတ်လိုက်သည်၊
သူမက ထိုအပေါ်တွင် သွေးတစ်စက် ချလိုက်ပြီး ဆလင်ဒါဘူးအား ဖွင့်လိုက်သည်။
လင်ရှုက ကြီးမြတ်လှသည့်သခင်မလေးဟာ သူနှင့်ထပ်တူညီနေသည့် အနီရောင်ဇာလွှာဖြင့် ပတ်ထားသည့် စာလိပ်တစ်ခုအား ထုတ်ယူလိုက်သည်ကို ကြည့်လိုက်သည်။
သခင်မလေးက ထိုဇာလွှာအားဖြည်လိုက်ကာ စာလိပ်များအား ဖြန့်လိုက်သည်။
စာလိပ်ပေါ်တွင်ရေးထားသည်က သူ့တွင်ရှိသည်နှင့် အကြောင်းအရာအတူတူပင် ။
ကျန်သည့်စာရွက်စာတမ်းများသည်တော့ ခြားနားပေသည်။ သူတို့က “စေ့စပ်ကြောင်းလမ်းမှုအား တုံ့ပြန်ခြင်း” “မင်္ဂလာပွဲအတွက် ခွင့်ပြုခြင်း” နှင့် “သတ်မှန်ရက်တစ်ခုအား သတ်မှတ်ခြင်း” တို့ဖြစ်သည်။
လင်ရှု : “…..”
သူဟာ ယခုအချိန်၌ အနည်းငယ် ရှုပ်ထွေးနေပြီး အခုလေးတင် ဘာဖြစ်သွားသည်လဲဆိုတာအား သိပ်မသေချာသေးပေ။
“စာတမ်းသုံးခုနဲ့ ဓလေ့ထုံးတမ်းခြောက်ခု စာအဆက်အသွယ်သုံးစောင်နဲ့ လုပ်ထုံးအခမ်းအနားခြောက်သွယ်….” ကြီးမြတ်လှသည့်သခင်မလေး၏ အပြုံးက မျက်လုံးထိ မရောက်ပေ။ “ဒါပေမဲ့ ရှင်ပြောနေတာက….မသိဘူး ဟုတ်လား”
စာတမ်းသုံးခုနဲ့ ဓလေ့ထုံးတမ်းခြောက်ခု စာအဆက်အသွယ်သုံးစောင်နဲ့ လုပ်ထုံးအခမ်းအနားခြောက်သွယ်။
မင်္ဂလာပွဲအား ဆုံးဖြတ်ပြီးသွားလျှင် မင်္ဂလာရှိသည့်ရက်မြတ်အား မရွေးချယ်ခင် နှစ်ဖက်စလုံးရှိလူများ တစ်ဖြည်းဖြည်း ကြီးပြင်းလာသည်ကို စောင့်ဆိုင်းရသည်။
မင်္ဂလာရှိသည့်ရက်မြတ်အားရွေးချယ်ခြင်း
လင်ရှုက ရုတ်တရက်ပင် တစ်ခုခုအား အမှတ်ရသွားသည်။
ကြီးမြတ်လှသည့် သခင်မလေးက သူ့အား ဟွမ်သန်းတောင်ထွတ်သို့ သွားစေချင်ခဲ့တုန်းက သူမ ပြောခဲ့သည်က :
“ရှင်ကသာ သာမညောင်ညအဆင့်ဆို ကျွန်မက အရှက်ရမှာ မဟုတ်ဘူးလား”
သူတို့တွေ အရှင်ဟောင်းယွဲ့အား တောင်ပေါ်မှ ထွက်ခွာဖို့ ဖိတ်ကြားသည့်အခါ ကျောက်ယဲ့အား ပြောရာတွင် သခင်မလေးက ပြောခဲ့သည်။
“ရှင် ကျွန်မကို အဖော်ပြုပေးရမယ်။ သဘာဝကျကျပဲ ရှင်လည်း ကျွန်မနဲ့အဆင့်တူတဲ့ စီးတော်မြင်းကို သုံးရမှာပေါ့။ ဖြစ်ချင်တော့ ကျောက်ယဲ့နဲ့ကျောက်ရွှယ်က အမွှာတွေလေ။ အဲဒါကြောင့်ပဲ ပျိုးထောင်ဖို့ ရွေးချယ်လိုက်တာ”
ကြီးမြတ်လှသည့်သခင်မလေးတွင် စေ့စပ်ထားသူရှိသည်။
ထိုနေ့တွင် တစ္ဆေမြို့တော်၌ ဇာမဏီနန်းမြင့်က မိန်းကလေးများနှင့် တွေ့သည့်အခါ သူတို့အားလုံးက တစ်စုံတစ်ယောက်၏တပည့်အား ရှာဖွေနေကြသည်။
ထိုလူရဲ့နာမည်က ဘာပါလိမ့်။
လင်ရှုက သူ့အကြည့်တို့ကို စက်ရုပ်ဆန်စွာဖြင့် ရွှေ့လိုက်ပြီး လက်ထပ်ပွဲစာချုပ်ပေါ်တွင် အကြည့်ရပ်လိုက်သည်။
“ဖူလျန်စီရင်စု ဇာမဏီနန်းမြင့်အရှင်ရဲ့ ပထမသမီးနဲ့ မင်စီရင်စု ထောင်ယွမ်ကျွင်းရဲ့ထူးချွန်လှသော တပည့်”
အိုး ထောင်ယွမ်ကျွင်း
ထောင်ယွမ်ကျွင်းက ဒီလက်ထပ်စာချုပ်အား သူ့တပည့်ဆီသို့ ချန်ထားခဲ့သည်။
ဒီအရူးလေးရဲ့သွေးက ထောင်ယွမ်ကျွင်း ချန်ထားခဲ့တဲ့ ဆလင်ဒါဘူးကို ဖွင့်နိုင်တယ်။
ထောင်ယွမ်ကျွင်းရဲ့တပည့်က ကြီးမြတ်လှတဲ့သခင်မလေးရဲ့ စေ့စပ်သူ
အဲ့တော့ နိဂုံးချုပ်ရရင် လင်ရှုက ကြီးမြတ်လှတဲ့သခင်မလေးရဲ့ စေ့စပ်ထားသူ
လင်ရှု : ???
သူက ဟမ်းစတားလေးတစ်ကောင်ပဲလေ။
သူက ကြီးမြတ်လှတဲ့သခင်မလေး ပျိုးထောင်ချင်တဲ့ သာမန်အရာလေးပဲ…..အဲ့လိုမျိုး ခေါ်ခဲ့တာလေ။
အခုတော့ ဒီမကောင်းတဲ့ ဆလင်ဒါဘူးပွင့်သွားတာနဲ့ သူက အဓိကဇနီးဖြစ်သွားပြီ။
ဘယ်အရာကမှ ကမ္ဘာကြီးရဲ့ ပြောင်းလဲလွယ်တဲ့သဘောထားကို ဒီဥပမာထက် ကောင်းတာမျိုး မရှိတော့ဘူး။
လင်ရှုက သူဟာ လက်ခံနိုင်ဖို့ အချိန်အနည်းငယ်လိုအပ်သည်ဟု ခံစားလိုက်ရသည်။
သေချာပေါက်ပင် ဒီထူးဆန်းသည့်အိမ်မက်မှ နိုးထလာလျှင် အများကြီးပို၍ ကောင်းပေလိမ့်မည်။
လင်းဖုန်းရှောင်က သူဟာ အချိန်အကြာကြီးထိ စကားပြောမလာတာကို တွေ့လိုက်ရသည်။
“အမ်”
“ငါ တကယ်ကို မသိခဲ့ဘူး…..”လင်ရှုက လျင်မြန်စွာပဲ သူ့ရဲ့ဖြူစင်မှုအတွက် အသနားခံလိုက်ကာ ကြီးမြတ်လှသည့်သခင်မလေးရဲ့ သူ့ကို ဝါးစားတော့မတတ်ဖြစ်နေသည့် အမူအရာကို တွေ့လိုက်သည့်အခါမှာတော့ သူ့စကားလုံးတွေကို အမြန်ပြောင်းလိုက်တော့သည်။ သူဟာ ရုန်းကန်နေရာမှ အလျှော့ပေးလိုက်ကာ :
“…..ငါ မှားသွားပါတယ်”
“မှားတယ်” ကြီးမြတ်လှသည့်သခင်မလေးက အနည်းငယ်ပြုံးလိုက်ကာ မေးလာသည် :
“ရှင်က ဘယ်လိုမျိုး မှားသွားတာတုန်း”
လင်ရှုက ပျာယာခတ်သွားကာ လက်မှိုင်ချ၍ပြောလိုက်သည်။
“ငါက လက်ထပ်ပွဲသဘောတူညီမှုအကြောင်းကို မသိဘူး”
ကြီးမြတ်လှသည့်သခင်မလေး၏ လက်ချောင်းတို့က ဝါးစားပွဲပေါ်ရှိ တစ်နေရာတည်းအား ခေါက်နေကာ လင်ရှု၏နှလုံးသားအား အမွှေးလေးနှင့်တို့နေသကဲ့သို့ ယားကျိကျိ ဖြစ်နေစေသည်
“လျစ်လျူရှုတာက အပြစ်တော့မရှိပါဘူး။ ဒါပေမဲ့ အဲဒါကလည်း မမှန်ဘူး” ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။
“အဲ့အကြောင်းကို ပြန်တွေးကြည့်”
လင်ရှုက စဉ်းစားလို့ မရနိုင်သည့်အတွက် ကြီးမြတ်လှသည့်သခင်မလေး၏ မျက်လုံးများဆီသို့သာ အောက်ကျို့ပြီး အပြစ်ကင်းစင်သည့် မျက်လုံးများနှင့် ကြည့်နေလိုက်သည်။
လက်ဖက်ရည်သောက်ချိန်တစ်ဝက်ခန့်ကြာပြီးနောက် သခင်မလေးက ပြုံးလိုက်သည်။
လင်ရှုက တွေးလိုက်သည်။ ဒါဟာ တစ်စုံတစ်ယောက်က အလွန်အမင်း ဒေါသထွက်နေသည့်အခါမှာ ပြုံးသည့်အပြုံးဖြစ်သည်။
သို့သော်လည်း လင်းဖုန်းရှောင်၏အသံက သေချာပေါက်ကိုပင် နူးညံ့နေသည်
“ကျွန်မကို အသနားခံနေတဲ့ အကြည့်နဲ့ကြည့်လည်း အလကားပဲ” ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။
“ရှင် အခုထိ မဖော်နိုင်သေးဘူးဆိုရင် ဆက်ပြီးစဉ်းစားနေလိုက်”
လင်ရှုက တကယ်ကို ထိုသည်အား မတွေးနိုင်ဘဲ ထို့ကြောင့် ပြောရုံသာ တတ်နိုင်သည်။
“မစဉ်းစားနိုင်ဘူးလား”
ကြီးမြတ်လှသည့်သခင်မလေးက လက်ဖက်ရည်အား တစ်ငုံသောက်လိုက်ကာ နောက်ဆုံးတွင်တော့ စကားပြောလာသည်။
“တကယ်လို့ လုံးလုံးမသိတဲ့သူစိမ်းတစ်ယောက်က အကြောင်းအရင်းမရှိဘဲ ရှင့်အပေါ် ကောင်းပေးပြီး ပစ္စည်းတွေလည်း ဝယ်ပေးတယ်…..ရှင် အဲဒါတွေကို လက်ခံမှာလား။ ပြီးရင် ဖျားယောင်းသွေးဆောင်ခံလိုက်ရမှာလား” ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။
လင်ရှု “…”
သူ နောက်ဆုံးတွင်တော့ သိသွားပြီဖြစ်သည်။
ဖြစ်နိုင်သည်က သခင်မလေးဟာ သူမက စေ့စပ်ထားသူ ပထမဇနီးဖြစ်နိုင်သည်ဟု အမြဲတမ်းထင်ခဲ့တာပင်။ ထို့ကြောင့် သူမက ဟမ်းစတားတစ်ကောင်အား ပျိုးထောင်သည့်အခါ သူမတွင် လေးစားဂုဏ်ယူဖွယ် ဂုဏ်သတင်းနှင့် မှန်ကန်နေခဲ့သည်။
သို့သော် ယနေ့တွင် နောက်ဆုံးမှာတော့ သူမက ဒီတိုင်းချမ်းသာတဲ့အမျိုးသမီးတစ်ယောက် ဖြစ်နေသည်ဆိုတာအား ရှာတွေ့သွားတော့သည်။
ကျင့်ဝတ်ထုံးတမ်းတို့ကြောင့်သာ မဟုတ်လျှင် လင်ရှုက သူ့မျက်နှာအား ဖုံးကာ ခါးသီးစွာ ငိုကြွေးမိမှာပင်။
သူဟာ နောက်ဆုံးတွင်တော့ ကြီးမြတ်လှသည့်သခင်မလေး၏အမူအရာက ဘာကိုဆိုလိုသည်အား နားလည်သွားတော့သည်။
ဆိုလိုသည်က “ရှင့်လို ပေါ့ပြက်ပြက်နိုင်တဲ့ ယောက်ျားတစ်ယောက်မှာ ဘာအောက်ခြေစည်းမှ မရှိဘူး” ဟုပင်။
သူ့ကိုယ်သူ ကြိုးဆွဲချလိုက်ချင်တော့သည်။
ကြီးမြတ်လှသည့်သခင်မလေးက ဆက်မေးလာသည်။
“အဲတော့ အဲ့လိုလား”
“မဟုတ်ဘူး” ရှင်သန်လိုစိတ်က လင်ရှုအား ရှားပါးသည့် စာကြောင်းရှည်ကြီးအား ပြောထွက်လာစေသည်။
“ပြောရရင် ကမ္ဘာပေါ်က ဘယ်သူကမှ မင်းလို မဟုတ်ဘူးလေ။ ချမ်းသာပြီး လှလည်းလှတယ်။ အဲတော့ မင်းဘေးမှာ ဘယ်သူမှမရှိတာက ငါ့ကိုတွေးဖို့ လုံလောက်နေ……”
ကြီးမြတ်လှသည့်သခင်မလေးက သူမ၏လက်ကို ဓားရိုးပေါ်တွင် တင်လိုက်ကာ သူ့အား ဖြတ်ပြောလိုက်သည်။
“စကားလုံး ရွေးချယ်တဲ့နေရာမှာ ပိုပြီးအာရုံစိုက်တာ ကောင်းမယ်”
လင်ရှုက ပါးစပ်ပိတ်သွားတော့သည်။
ကြီးမြတ်လှသည့်သူမ၏ကုလားထိုင်ပေါ်သို့ မှီချလိုက်ကာ သူမ၏အသက်ရှုနှုန်းအား တည်ငြိမ်စေရန် ကြိုးစားနေပုံရသည်။
လင်ရှုက အသံတစ်စမှ မထွက်ရဲပေ။
အချိန်အကြာကြီး ကြာပြီးနောက် ကြီးမြတ်လှသည့်သခင်မလေးက မေးလာသည်။
“ရှင့်ရဲ့ပုခုံးရော နာနေသေးလား”
လင်ရှု : “ထပ်ပြီး မနာတော့ဘူး”
“ထပ်ပြီး မနာနေတော့ရင် ရှင့်ကိုရှင် ဒီနေရာမှာ ပြန်ပြီး သုံးသပ်နေ” ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။
“မနက်ခင်းမရောက်ခင် ရှင်ဘယ်နေရာမှာ မှားသွားလဲဆိုတာကို ကျွန်မကိုပြော။ ဘာလို့မှားတာရယ် အနာဂတ်ကျ အဲဒါကို ဘယ်လို ပြန်ပြီးပြင်ဆင်မှာလဲ ဆိုတာရယ် ပြီးရင်တော့ ရှင့်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန် မဆုံးဖြတ်မယ်”
လင်ရှုက နာခံစွာ ပြောလိုက်သည်။ “ကောင်းပြီ”
ထို့နောက် ကြီးမြတ်လှသည့်သခင်မလေးက စကားပြောနေသည်အား ရပ်ကာ သူ့အား တိတ်တဆိတ် ပြန်လည်သုံးသပ်ရန် ချန်ထားခဲ့တော့သည်။
++++++
ညလေအေးက မူလကတော့ အေးစက်နေတာပင်။ သို့သော် ယခုတွင်တော့ ထိုသည်က ပူသထက်ပူလာတော့သည်။
လင်ရှု သံသယရှိသည်က ကြီးမြတ်လှသည့်သခင်မလေးက ဒေါသထွက်လွန်းပြီး သူမရဲ့ဝိဥာဉ်စွမ်းအားကို မထိန်းချုပ်နိုင်သည့်အတွက် ဒီနေရာတစ်ဝိုက်ရှိ အပူချိန်အား မြင့်တက်လာစေသည်။
သူက ယနေ့တွင် အတိအကျ ဘာဖြစ်ခဲ့သည်ဆိုတာအား အရူးအမူး စတင်စဉ်းစားတော့သည်။
ကြီးမြတ်လှတဲ့သခင်မလေးရဲ့……စေ့စပ်ထားသူ။
အဲဒီသေသွားတဲ့တစ္ဆေကလား။
သူတွေးလေလေ ပိုပြီးမွန်းကျပ်လာသည်ဟု ခံစားရလေလေဖြစ်သည်။
ပိုပြီးတွေးလေလေ သူတော့သွားပြီဟု ခံစားရလေလေဖြစ်သည်။
အနာဂတ်ကျ သူက ဘာလုပ်ရမှာလဲ။
သူသာ အပျိုးထောင်ခံ ဟမ်းစတားတစ်ကောင်ဆိုလျှင် ဘာလုပ်ရမည်လဲဆိုတာအား သိသေးသည်။ သူဟာ တိတ်တိတ်ဆိတ်ဆိတ်နှင့် အပျိုးထောင်ခံရုံပင်။
သို့သော် စေ့စပ်ထားသူဆိုရင်ကျရော…
စိတ်ကူး ယဉ်ကြည့်လို့တောင် မရဘူး။
အချိန်ဟာ ထိုကဲ့သို့ပင် တိတ်တဆိတ် ကုန်ဆုံးသွားသည်။ လရောင်ကမြင့်တက်လာကာ ကြီးမြတ်လှသည့်သခင်မလေးကလည်း စကားမပြောသလို လင်ရှုကလည်း ကြက်တစ်ကောင်ကဲ့သို့ နှုတ်ဆိတ်နေသည်။
အရုဏ်တက်ခါနီး ရောက်လာချိန်မှာတော့ အဓိကခန်းမ၏ တိတ်ဆိတ်နေမှုက အပြင်လူတွေ၏နှောက်ယှက်မှုကြောင့် ပျက်ဆီးသွားတော့သည်။
နောက်ကလိုက်ပါလာသည့်သူနှင့် ဆင်တူဝတ်ရုံကို ဝတ်ဆင်ထားသည့် နောက်လိုက်နှစ်ဦးနှင့်အတူ အနက်ရောင်ဝတ်နှင့် အမျိုးသားတစ်ယောက်က ရောက်လာကာ သူတို့၏ခြေသံက မကြားရလုနီးနီးပင်။
လင်ရှုက ထိုကဲ့သို့သော အဝတ်အစားမျိုးကို ယခင်က တစ်ခါမှမမြင်ခဲ့ဖူးပေ။ ထိုသည်က တိုက်ခိုက်ခြင်းအတွက် အလွန်အမင်းသင့်တော်သည့် ချပ်ဝတ်တန်ဆာဖြစ်မည်ဟု ခန့်မှန်းရုံသာ တတ်နိုင်သည်။
အဓိကခန်းမထဲရှိအမျိုးသားက လင်းဖုန်းရှောင်ရှေ့သို့ လျှောက်လာသည်။
လင်းဖုန်းရှောင်က သူ့အားကြည့်လိုက်သည်။
ထို့နောက် ထိုလူသုံးဦးက ဒူးတစ်ဖက်ထောက် လိုက်ကြတော့သည်
ခေါင်းဆောင်ဖြစ်သူကပြောလာသည်။ “အရှင်မင်းသမီး”
လင်းဖုန်းရှောင်။ “ဘယ်လောက် လာခဲ့ကြတာလဲ”
“နှစ်ဆယ်ပါ”
“သေသေချာချာ စုံစမ်းစစ်ဆေးမယ်” လင်းဖုန်းရှောင်က ပေါ့ပေါ့ပါးပါး ပြောလာသည်။ “ဆယ်ရက်ကြာပြီးရင် အပြစ်ကင်းတဲ့သူတွေပဲ အကယ်ဒမီမှာ ကျန်ရစ်လိမ့်မယ်”
ထိုအမျိုးသားက ဦးညွှတ်လိုက်ကာ “ကျွန်တော်မျိုးတို့ အမိန့်နာခံပါတယ်”
“အရှင့်သားဆီကိုလည်း နောက်ထပ်ငါးယောက်ပို့လိုက်။ ဘာကိုမှ လျစ်လျူမရှုနဲ့”
ထိုလူက ပြောလာသည်။ “ကောင်းပါပြီ”
“မတ်တပ်ရပ်တော့”
ထိုလူသုံးဦးက နောက်ထပ် “ကောင်းပါပြီ” ဟု ပြောလိုက်ပြီးနောက် ထရပ်ကာ ထွက်ခွာသွားကြသည်။ သူတို့က ရောက်လာခဲ့သည့်အတိုင်း တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြပြီး ညအမှောင်ထဲသို့ တစ်ဏအတွင်းမှာပဲ ပျော်ဝင်ပျောက်ကွယ် သွားကြတော့သည်။
လင်ရှုက ထိုသူတို့ပျောက်သွားသည့် ဦးတည်ရာဘက်အား ကြည့်လိုက်သည်။
ထိုလူသုံးဦး၏ကျင့်ကြံဆင့်က တော်တော်လေးမြင့်သည်။
လင်းဖုန်းရှောင်က သူ ထိုနေရာအား ကြည့်နေသည်ကို တွေ့လိုက်ပြီး :
“သူတို့တွေက နဂါးအစောင့်အရှောက်တွေလေ။ သူတို့သုံးယောက်လုံးရဲ့ ကျင့်ကြံဆင့်က ယွမ်ယင်းနယ်ပယ်မှာ သာမန်ဆို သူတို့တွေက နန်းတော်ထဲမှာပဲနေကြတာ။ ဒါပေမဲ့ အရှင်မင်းကြီးက သူတို့ကို အကယ်ဒမီထဲကကိစ္စကို ဖြေရှင်းခိုင်းလိုက်တာလေ”
သူတို့တွေက ကြီးကျယ်တဲ့ဆရာသခင်တွေဖြစ်နေတာပဲ။
အကြီးပိုင်းအရာရှိနှင့် လင်းဖုန်းရှောင်တို့က ကိစ္စအား ဆွေးနွေးကြတော့သည်။ ထိုနဂါးအစောင့်အရှောက်များ အကယ်ဒမီထဲသို့ ရောက်လာကတည်းက လင်းဖုန်းရှောင်အား အရင်ဆုံးသတင်းပို့ကြသည်။ ထိုသည်ကလည်း စဉ်းစားရမည့် စိတ်ဝင်စားစရာအချက်ပင်။
ကြည့်ရသည်မှာ လူတိုင်းက ရှောင်လင်းယန်ဟာ ယုံကြည်စိတ်ချလို့ မရဆိုတာကို သိကြသည့်ပုံပင်။ ထို့ကြောင့် တရားဝင်ကိစ္စရပ်များအတွက် သူ့ရဲ့အစ်မကြီးကို ရှာရန်လိုအပ်လေသည်
လင်ရှု : “အင်း”
လင်းဖုန်းရှောင်က သူ့အားကြည့်လိုက်ကာ လေသံက ထိုနဂါးအစောင့်အရှောက်သုံးဦးအား ပြောသည်ထက် သိသိသာသာကိုပင် ပို၍ပေါ့ပါးနေသည်။ သို့သော် ထိုတစ်ချိန်လုံး၌ သူမ၏ဒေါသတို့က ပျောက်သွားပုံမရသေးဘဲ သိပ်ပြီးလည်း မငြင်သာပေ။
“မြောက်ပိုင်းရှပြည်ကလူတွေ အကယ်ဒမီထဲပေါ် ထွက်လာတာက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ရည်မှန်းချက်က <<အဆုံးမဲ့ပူဆွေးခြင်း>> ကို လိုချင်တာကလွဲပြီး တစ်ခြားမဖြစ်နိုင်ဘူး။ လင်းဖုန်းရှောင်က ဓားအိမ်ကို သူမ၏ညာလက်ဖြင့် ရိုက်လိုက်ကာ မထူးခြားစွာပြောလာသည်။
လင်ရှုက <<အဆုံးမဲ့ပူဆွေးခြင်း>>အားကြားသည့်အခါ သူ့နားတို့အား စွင့်ထားလိုက်သည်။
“တိုင်းပြည်နှစ်ခုကြားက ထိပ်တိုက်ရင်ဆိုင်မှာမှာ စစ်သည်အင်အားအပေါ်မှာ မူတည်တာမဟုတ်ဘူး။ ကျွမ်းကျင်သူတွေအပေါ်မှာလည်း မူတည်တယ်” လင်းဖုန်းရှောင်က ပြောလာသည်
“ဒါပေမဲ့ သူတို့ရဲ့အတိဒုက္ခပြီးတာနဲ့ ကောင်းကင်ဘုံကို တက်ရောက်နိုင်သွားမှာ တောင်ပိုင်းနဲ့မြောက်ပိုင်းရှပြည် စိုးရိမ်နေတာကလည်း အဲဒါပဲ”
ကောင်းကင်ဘုံကပ်ဘေးအား ကျော်ဖြတ်ပြီးသည်နှင့် တစ်စုံတစ်ယောက်၏ကျင့်ကြံရေးက ပြီးမြောက်ခြင်းသို့ ရောက်သွားကာ ကောင်းကင်ဘုံသို့ တက်ရောက်သွားကြမှာပင် အဲဒါက အမှန်ဖြစ်သည်။
လင်းဖုန်းရှောင်က ဆက်ပြောလာသည်။
“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ဧကရာဇ်ယဲ့ရဲ့ ကျင့်ကြံဆင့်က ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်သွားတာတောင် လောကကြီးထဲမှာ နှစ်တစ်ရာလောက် ဆက်ပြီးကျန်နေခဲ့တယ်။ ဘယ်သူကမှလည်း အကြောင်းအရင်းကို မသိကြဘူး။ ဒါပေမဲ့ ဒဏ္ဍာရီတွေအရ ဧကရာဇ်ယဲ့ချန်ခဲ့တဲ့ <<အဆုံးမဲ့ပူဆွေးခြင်း>> သိုင်းပညာနည်းစနစ်ထဲမှာ အဆင့်တက်စရာမလိုဘဲ ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်နိုင်တဲ့အကြောင်း ချန်ရစ်ထားခဲ့တယ် သူတို့သာ ဒီနည်းလမ်းကိုရနိုင်ရင် အနာဂတ်တိုက်ပွဲမှာ အသာစီးရနိုင်လိမ့်မယ်”
လင်ရှု “…”
သို့သော် <<အဆုံးမဲ့ပူဆွေးခြင်း>>က ဓားရေးနည်းစနစ်တစ်ခုသာသာပင်။
“ကောလဟလတွေက အမှန်လား အမှားလားဆိုတာတော့ မသိပေမဲ့ <<အဆုံးမဲ့ပူဆွေးခြင်း>>ကိုရရင် နောက်ထပ်အကျိုးအမြတ် တစ်ခုရှိသေးတယ်”
လင်ရှု : “ဘာအကျိုးအမြတ်လဲ”
“လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုန်းက ဧကရာဇ်ယဲ့လာခဲ့တဲ့ ဓားသခင်စံအိမ်တော်က ဂိုဏ်းရဲ့အဓိက တားမြစ်နည်းစနစ်ဖြစ်တဲ့ <<အဆုံးမဲ့ပူဆွေးခြင်း>>ကို ပျောက်ဆုံးသွားခဲ့တယ်။ တစ်စုံတစ်ယောက်ကသာ အဲဒါကို ပြန်ရှာတွေ့ပြီး ဓားသခင်စံအိမ်တော်ဆီ ပြန်ယူလာပေးနိုင်ရင် ဓားသခင်စံအိမ်တော်က သေချာပေါက်ကို သူတို့ကိုပြန်ပြီး ပေးဆပ်လိမ့်မယ်။ ဓားသခင်စံအိမ်တော်က ဖြစ်ပေါ်လာတာလည်း ကြာနေပြီး အဲ့ဒီမှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေလည်း ရှိတယ်။ တစ်ဖက်ဖက်ကသာ ဓားသခင်စံအိမ်တော်ရဲ့ အထောက်အပံ့ကို ရမယ်ဆိုရင်…..ရှင်မှန်းဆကြည့်ပေါ့လေ”
လင်ရှုက မျက်တောင် ခတ်လိုက်သည်။
ကြည့်ရတာ သူ့ဂိုဏ်းက အတော်လေး အင်အားကြီးတဲ့ပုံပဲ။
“တောင်ပိုင်းရှ မြောက်ပိုင်းရှနဲ့ ရှီကျန်းအပြင် တစ်ခြားမရေမတွက်နိုင်တဲ့ ဂိုဏ်းတွေတောင်မှ <<အဆုံးမဲ့ပူဆွေးခြင်း>>ကို ရှာဖွေနေကြတယ်။ အဲဒါကြောင့်…..”လင်းဖုန်းရှောင်၏အသံက တစ်ဖြည်းဖြည်းချင်း နိမ့်သွားကာ “ရှင်သိတဲ့<<အဆုံးမဲ့ပူဆွေးခြင်း>>က ကျွန်မတို့နှစ်ယောက်အပြင် တစ်ခြားတတိယလူက ဘယ်တော့မှ သိလို့မဖြစ်ဘူး”
လင်းဖုန်းရှောင်က သူ<<အဆုံးမဲ့ပူဆွေးခြင်း>>ကို သင်နေတာကို သိနေတာလား။
လင်ရှုက ရုတ်တရက်ပင် တစ်ခုခုအား အမှတ်ရသွားသည်။
ထိုပချိန် သိုင်းပညာတိုက်ပွဲကွင်းပြင်၌ ရှောင်ရှောင်နှင့်အတူ တိုက်ခိုက်စဉ်က <<အဆုံးမဲ့ပူဆွေးခြင်း>>ရဲ့ ပထမနှစ်ကွက်ကို အသုံးပြုလိုက်သည်။ ရလဒ်အနေနှင့် ရှောင်ရှောက်က ထိုသည်ဟာ ထောင်ယွမ်ကျွင်း၏ဓားရေးနည်းစနစ်ဟု ပြောလာခဲ့သည်။
ပြီးတော့လည်း ထောင်ယွမ်ကျွင်းက သူ့ရဲ့စျေးပေါလှတဲ့ဆရာလေ။
တစ်ချိန်တည်းမှာပဲ ထောင်ယွမ်ကျွင်းက သူနဲ့လင်းဖုန်းရှောင်ကြားမှာ လက်ထပ်ပွဲတစ်ခုကိုလည်း ထားခဲ့သေးသည်။
ထို့ကြောင့် လင်းဖုန်းရှောင်က သူဟာ <<အဆုံးမဲ့ပူဆွေးခြင်း>>အား ထောင်ယွမ်ကျွင်းမှတစ်ဆင့် သိတာဖြစ်ရမည်ဟု သေချာပေါက် သိနေလောက်သည်။
ဒါဆိုရင် ရှောင်ရှောက်ကရော ဘယ်လိုသိတာလဲ။
ကြီးမြတ်လှသည့်သခင်မလေးက ပြောသည်။ သူတို့တွေ တတိယလူအား သိခွင့်ပြုလို့ မဖြစ်ဟုပင်
သူနှင့်ရှောင်ရှောက်တို့ တိုက်ခိုက်ပြီးနောက် တစ်စုံတစ်ခုက အကယ်ဒမီထဲ၌ ဖြစ်ပွါးသွားခဲ့သည်
ရှောင်ရှောက်….သူက မြောက်ပိုင်းရှပြည်ရဲ့သစ္စာဖောက် ဖြစ်နိုင်လောက်လား။
လင်ရှု၏နှလုံးသားက အကြိမ်အနည်းငယ် ခန့်ခုန်သွားသည်၊ ဒီတစ်ကြိမ်တွင်တော့ သူဟာ တကယ်ကြီး ကြောက်ရွံ့နေတာပင်၊
သူကလင်းဖုန်းရှောင်ကို ပြောလိုက်သည်: “တစ်ယောက်ယောက်ထပ်ပြီးမြင်ဖူးသေးတယ်။
လင်းဖုန်းရှောင်၏အသံက ရုတ်တရက်ပင် သတိတကြီး ဖြစ်သွားပြီး : “ဘယ်သူလဲ”
“သိုင်းပညာတိုက်ပွဲကွင်းပြင်တုန်းက” လင်ရှုက မလွယ်ကူစွာ ပြောလိုက်သည်။ “ရှောင်ရှောက်”
သူဟာ လင်းဖုန်းရှောင်က ထပ်မံတိတ်ဆိတ်သွားတာကို တွေ့လိုက်ရသည်။
အချိန်အကြာကြီးကြာပြီးနောက် လင်းဖုန်းရှောင်က မေးလိုက်သည် ။“ရှောင်ရှောက်လား”
“စစ်မှန်သောသိုင်းပညာအဆင့်မှာ နံပါတ်တစ်ဖြစ်နေတဲ့ ရှောင်ရှောက်လေ” လင်ရှုက သူ့ခေါင်းအား နှိမ့်လိုက်သည်။ သူဟာ တစ်ခုခု အမှားလုပ်ခဲ့မိပြီး ထို့ကြောင့် သူ့ကိုယ်သူ “ဝါးခေါက်” ဖြစ်သည်အား ဖော်ပြရန် ဂရုမစိုက်ပေ “အရင်ကသူနဲ့တိုက်ဖူးတယ် ပြီးတော့ <<အဆုံးမဲ့ပူဆွေးခြင်း>> ဓားနည်းစနစ်ထဲက တိုက်ကွက်နှစ်ခုကို အသုံးပြုခဲ့တယ်…..”
သေစေနိုင်လောက်သည့် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
လင်ရှုက သူ့ခေါင်းအား မော့ကာ လင်းဖုန်းရှောင်အား ဂရုတစိုက်ကြည့်လိုက်သည်။
ကြီးမြတ်လှသည့်သခင်မလေးက သူမရဲ့ဓားကို ဆွဲထုတ်ချင်နေသည့်အတိုင်း သူ့အား ကြည့်နေပေသည်။
ကြီးမြတ်လှသည့်သခင်မလေးက သူ့အား ရိုက်ချင်နေသည်ကို သတိပြုမိသည်။ ဒါဟာ ဒီနေ့မှာပဲ သူ ထိုသို့ခံစားနေရသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။
လင်ရှုက ဂရုတစိုက်မေး လိုက်သည်။ “သခင်မလေး”
သူမြင်လိုက်ရသည်က ကြီးမြတ်လှသည့်သခင်မလေးဟာ အကြိမ်ပေါင်းများစွာ အသက်ပြင်းပြင်း ရှုလိုက်ပြီး ဓားသွားပေါ်ရှိ သူမ၏ညာလက်အား ဖိချလိုက်သည်။ ထို့နောက် သူမ၏မျက်လုံးတို့အား ပိတ်လိုက်သည်။
“တကယ်လို့ အဲဒါကသာ ရှောင်ရှောက်ဆိုရင်…..ဘာအန္တရာယ်မှ ဖြစ်စေမှာမဟုတ်ဘူး”
စာရေးသူမှာပြောစရာရှိတယ် :
လက်ထပ်ခြင်းကိုးကားစာအုပ် : [၁] ရွှီစီယွမ်
ဆင့်ကဲပြောင်းလဲလာသော တရုတ်ရိုးရာလက်ထပ်ခြင်း သုသေသနစာတမ်းစာအုပ် [D] ရှန်ဟိုင်းနော်မယ် တက္ကသိုလ် ၂၀၁၇
******