Ch 50
Viewers 4k

အပိုင်း (၅၀) နတ်သမီးကုန်းမြေသို့ ပြန်လည်ဝင်ရောက်ခြင်း 


မဟုတ်ဘူး နည်းနည်းလေးပဲ။


ပျာယာခတ်သွားတာ မဟုတ်ဘူး ။အရမ်းကို ပျာယာခတ်သွားတာ။


သို့သော် လင်းပေါင်ချန်းက ချက်ချင်း ပြောလာသည်။


“ကြီးမြတ်တဲ့သခင်မလေးက အလျင်စလို ထွက်သွားတော့ ရှင့်ကို မျက်နှာချင်းဆိုင် မနှုတ်ဆက်လိုက်ရဘူး။ သူမက ကျွန်မကို သူမက အရာအားလုံး စီစဉ်ထားတယ်လို့ ရှင့်ကို ပြောခိုင်းလိုက်တယ်။ စိတ်ချထားရုံပဲတဲ့”


လင်ရှုက အနည်းငယ် ပျာယာခတ်နေတာ လျော့သွားသည်။


သူ တွေ့လိုက်သည်က သူဟာ စီစဉ်သားတကျ ဖြစ်နေသည့်ဘဝကို ပို၍နေသားတကျဖြစ်လာပြီး စူးစမ်းရှာဖွေလိုစိတ်က ပို၍ပို၍နည်းလာသည်။


ထိုအချိန်မှာပဲ ကြီးမားလှသည့် နို့နှစ်ရောင် လွန်းဆံကဲ့သို့ ပုံသဏ္ဍာန်ရှိသည့် အရာဝတ္ထုတစ်ခုက ခပ်ဝေးဝေးရှိ ကောင်းကင်ပေါ်တွင် မြင့်တက်လာသည်။ 


ယွဲ့ရို့ယွင်က အော်ဟစ်လာသည် ။


“ပျံသန်းနိုင်တဲ့သင်္ဘောပဲ”


“သင်္ဘောဆိုတာက ရေပေါ်မှာ ပေါ်တဲ့အရာလေ။ အဲဒါက ပျံသန်းနိုင်တယ်ဆိုမှတော့ အဲဒါကို “သင်္ဘော”လို့ ခေါ်လို့မရဘူး။ အကယ်ဒမီက ပေးထားတဲ့နာမည်က တော်တော်လေးကို ပြဿနာများတာပဲ” ယွဲ့ရို့ဟယ်က ပြောလာသည်


ယွဲ့ရို့ယွင်က ခွန်းတုံ့ပြန်လိုက်သည်။


“သင်္ဘောဆိုတာက ပုံသဏ္ဍာန်တစ်ခုပဲ။ ရေထဲမှာလား ကုန်းပေါ်မှာလားဆိုတဲ့အပေါ် မမူတည်ဘူး”


“အဲဒါက မမှန်နေဘူး” ယွဲ့ရို့ဟယ်က သူ့ခေါင်းအား ရမ်းလိုက်ကာ သစ်သားတန်းအား မတော့မလို့ပင်။


ယွဲ့ရို့ယွင်က သူ့ကို ရိုက်လိုက်ပြီး : “မြန်မြန်လေး သွားကြစို့!”


ယွဲ့ရို့ဟယ်က သူ့ညီမ၏ရိုက်နှက်ခြင်းကို မလွန်ဆန်နိုင်ကာ ထိုသစ်သားတန်းအားမ မဘဲ ယာယီချထားလိုက်ပြီး လင်ရှုကို ပြောလိုက်သည်။


“ညီအစ်ကိုလင်း သွားကြစို့!”


“ရှင်အရင်သွားလေ” လင်းပေါင်ချန်းကလည်း လင်ရှုကို ပြောလိုက်သည်။ “ပေါင်ချင်းနဲ့ကျွန်မက အကယ်ဒမီရဲ့ ပျံသန်းနိုင်တဲ့သင်္ဘောအစား ကျန်တဲ့နန်းမြို့က စီနီယာအစ်ကိုတွေ အစ်မတွေနဲ့ပဲ သွားလိုက်မယ်”


လင်ရှုက ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်”


လင်းပေါင်ချန်း : “ဟွမ်သန်းတောင်ထွတ်မှာ ပြန်တွေ့ကြမယ်”


ယွဲ့ရို့ယွင်က ပျံသန်းနိုင်သည့်သင်္ဘောအား အရမ်းကို စိတ်ဝင်စားနေပြီ။ ထို့ကြောင့် အမြင့်ဆုံးထိပ်နားကနေ ကျောက်စိမ်းကောင်းကင် တည်ရှိသည့် နေရာဆီသို့ ခုန်သွားလိုက်သည်။


လင်ရှု၏ ထိုမောင်နှမနှစ်ယောက်အပေါ် တစ်စွန်းတစ်စနားလည်မှုအရ ယွဲ့ရို့ဟယ်ဟာ ထိပ်ဆုံးအယောက်သုံးဆယ်သို့ ဝင်ရောက်နိုင်ရန် သူ့ဘာသာ ကြိုးစားခဲ့သည်ဟု လင်ရှုသိသည်။ ယွဲ့ရို့ယွင်ရဲ့သိုင်းပညာကတော့ အထွတ်အထိပ်ကို မရောက်သေးပေ။ ထို့ကြောင့် သူမက မင်းဆက်ကနေ အိမ်မက်ခန်းမသို့ ပေးသည့် ဝေစုကို အသုံးပြုခဲ့တာပင်။ 


အယောက်နှစ်ဆယ်ထက် ပိုသည့်လူများက ကွင်းပြင်ကျယ်ထဲတွင် စုစည်းနေကြပြီ ဖြစ်သည်။ သူတို့၏ အဝတ်အစားများအရ ကျောင်းတော်အားလုံး၏ ကိုယ်စားပြုများက ထိုနေရာတွင် ရှိနေပြီး သူတို့ ကိုင်ဆောင်ထားသည့်လက်နက်များကလည်း အတော်လေး ကွဲပြားပေသည်။


ယွဲ့ရို့ယွင်က တီးတိုးပြောလာသည်။ 


“ရှောင်ရှောက် မလာဘူး။ အဲတော့ ဘယ်သူက ချန်းမင်တုန်း”

 

“ဝီရိယအရှိဆုံးကျင့်ကြံတဲ့ ချန်းမင်လား” ထိုသို့ပြောပြီးနောက် ယွဲ့ရို့ဟယ်က လူအုပ်ကို ပတ်ကြည့်လိုက်ကာ ဆက်ပြောလာသည်။


“ဒီနေ့ နီးနီးကပ်ကပ် ကြည့်ကြည့်ရမယ် ဘယ်ဂျူနီယာညီမလေးက သိုင်းပညာရှစ်မေ့ နတ်သမီးလေး ဝါးခေါက်လဲဆိုတာကို”


ထိုနေရာတွင် တာအိုကျောင်းတော်၏ဝတ်စုံဝတ်ထားသော မိနိးကလေးများ ကွန်ဖြူးရှပ်ကျောင်းတော်၏ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတပည့်များနှင့် ခရမ်းရောင်ဝတ်စုံ မျက်နှာလွှားပုဝါနှင့် ဆန်းကြယ်သောမိန်းကလေးများ စသဖြင့် တစ်ယောက်ချင်းစီက သူတို့၏ကိုယ်ပိုင်အရည်အချင်းများနှင့် ဖြစ်ကြသည်။ 


လူတိုင်း၏စိတ်ထဲက ဝါးခေါက်နတ်သမီးလေးက သူတို့ကြားထဲသို့ ရောက်ရှိနေပြီဖြစ်သည်။


ယွဲ့ရို့ယွင် “နေ့တိုင်းနေ့တိုင်း နတ်သမီးလေးဝါးခေါက်အကြောင်း တွေးပြီး ဘာလုပ်မလို့လဲ”


ယွဲ့ရို့ဟယ်“နင်သာ ရှောင်ရှောက်နဲ့တိုက်ပွဲမှာ သရေကျနိုင်မယ်ဆိုရင် ငါလည်း နင့်အကြောင်းကို နေ့တိုင်းတွေးနေမှာပဲ။ ဒါပေမဲ့ နင်က သူ့ကို အနိုင်မယူနိုင်ဘူးလေ”


ယွဲ့ရို့ယွင် : “ဒါဆို နင်ကရော ရှောင်ရှောက်နဲ့ သရေကျနိုင်လို့လား”


ယွဲ့ရို့ဟယ် : “သဘာဝကျကျပဲ မနိုင်နိုင်ဘူးလေ။ အဲဒါကြောင့် နတ်သမီးလေးဝါးခေါက်ကို ရှာကြည့်ရုံပဲ။ ဖြစ်နိုင်ရင် သူမနဲ့ တွေ့ဖို့ချိန်းဆိုမှုတစ်ခု လုပ်ပြီးလောက်ပြီမဟုတ်လား”


ခပ်ဝေးဝေးရှိ ပျံသန်းနိုင်သောသင်္ဘောက ဒီဘက်ဆီသို့ ဖြည်းညှင်းစွာရွေ့လာပြီး ထို့နောက် ကွင်းပြင်ကျယ်ထဲတွင် ဖြည်းညှင်းစွာ ဆင်းသက်သွားသည်။


သင်္ဘောတစ်ခုလုံးက နို့နှစ်ဖြူရောင်ဖြစ်နေပြီး ဘာသတ္တုနှင့် ပြုလုပ်ထားသည်လဲ ဆိုတာကိုတော့ မသိပေ။ ပုံသဏ္ဍာန်ကတော့ ပင်လယ်ထဲတွင်ရွက်လွှင့်သည့် သင်္ဘောနှင့် လုံးဝတူညီနေသည်။


အဖြူရောင်ပေါ်တွင် အနီရောင်အစင်းအကြောင်းများနှင့် ဝတ်စုံကို ဝတ်ဆင်ထားသော အကယ်ဒမီ၏ တပည့်များက လှေကားကိုချပေးလာကာ မှတ်သားနေကြသည် ။


သင်္ဘောကုန်းပတ်နောက်ကတော့ သင်္ဘောစက်ခန်းဖြစ်ကာ ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းကို ရွေးချယ်နိုင်သည်။ ထိုနေရာတွင် အယောက်သုံးဆယ်ထက်ပို၍ ဆံ့သည်။ 


လင်ရှုနှင့် ယွဲ့မိသားစုက မောင်နှမနှစ်ယောက်က အချင်းချင်း ကပ်လျက်ဖြစ်နေသည့် အခန်းများတွင် နေကြသည်။ ထိုထဲတွင် အိပ်ရာတစ်ခုနှင့် စားပွဲတစ်ခုသာရှိသည်။ အသက်ရှင်ရန် ဖြေရှင်းနိုင်ရုံသာသာပင်။


ရှေးခေတ်လောကကြီးကို ရောက်လာတဲ့အချိန်တွင် စက်ပိုင်းဆိုင်ရာစွမ်းရည်ကို အသုံးပြုထားသည့် သင်္ဘောနှင့် စောင့်ရှောက်ခံသင်္ဘောပေါ်သို့ တက်ရောက် ထွက်ခွာနိုင်ဦးမည်ဟု မမျှော်လင့်ထားပေ။


အရမ်းလေးလံပြီး သိပ်မမြန်သည့်အတွက် ကျောက်ယဲ့နှင့် အတူတူနီးပါးပင်။ ဟွမ်သန်းတောင်ထွတ်၏ အနားသတ်သို့ရောက်ရန် သုံးရက်နှင့်နှစ်ညကြာ ပျံသန်းခဲ့ရသည်။ 


ဟွမ်သန်းတောင်ထွတ်ငို့ ပျံသန်းနိုင်တဲ့သေင်္ဘာနှင့် လိုက်ပါလာကြတဲ့သူများက အရှင်ခွင်းရှန်းနှင့် အကယ်ဒမီက ဆရာသခင်ဖုန်းလိန်တို့ပင် သူတို့တွေက လမ်းတစ်လျှောက်လုံး တပည့်များအားလုံး၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြသူများပင် သူတို့အားလုံးက ယွမ်ယင်းကျင့်ကြံဆင့် ရှိနေပြီးဖြစ်သည်။


သူတို့အားလုံး တက်ရောက်ပြီးသည့်အခါ မမြင်နိုင်သည့် လေအင်ဂျင်များက သင်္ဘောပေါ်တွင် စတင်တိုက်ခတ်လာသည်။ သင်္ဘောက အကြိမ်အနည်းငယ်ခန့် တုန်လှုပ်သွားပြီး တောင်ထွတ်၏ထိပ်ဖျားကို ဖြည်းညှင်းစွာ ချန်ရစ်ထားခဲ့တော့သည်။ 


သူ့အောက်ရှိမြင်ကွင်းတို့က တစ်ဖြည်းဖြည်း ကျော်လွန်သွားကာ ပျံသန်းနိုင်သော သင်္ဘောသည်လည်း ကျောက်စိမ်းကောင်းကင်ကနေ ထွက်ခွာခဲ့ပြီးဖြစ်သည်။ ထို့နောက် ရှေ့သို့ ဆက်တိုးသွားပြီး တောင်ထွတ်ဂိတ်တံခါးကိုကျော်ကာ ရှန်းလင်၏အနားသတ်မှ ထွက်ခွာလာတော့သည်။


ထိုအချိန်တွင် လင်ရှုက အကယ်ဒမီ၏တောင်ထွတ်ဂိတ်တံခါးဟာ အနောက်ဘက်တွင် လက်ရေးစာဖြင့် ထွင်းထုထားဆဲဆိုသည်အား တွေ့လိုက်ရတော့သည်။

 

တပည့်များက တောင်ထိပ်ပေါ်သို့ တက်ရောက်လာသည့်အခါ သူတို့တွေ တွေ့မည်က “မသေမျိုးတွေဟာ သူတို့ရဲ့ကတိကဝတ်ကို နှစ်တစ်ရာအတွင်း ပြီးမြောက်စေပေမဲ့ ကျန်းဟူတစ်ခွင်ကိုတော့ အကြည့်တစ်ချက်နှင့်ပင် ရင်ဝယ်ပိုက်ထားလေသည်” ဆိုတာကိုပင်။ ပြီးလျှင် အလျားလိုက် ရေးထားသည့် စာတမ်းဖြစ်သည့် “သောက်စားပြီးလျှင် ဂူဗိမာန်သို့ ကျဆင်းသွားသည်” ကို တွေ့နိုင်ပေသည်။ သူတို့တွေ တောင်အောက်ကို ဆင်းလျှင် နောက်ထပ် အတွဲလိုက်ဖြစ်သည့် “ပန်းတွေဟာ ပွင့်ဖူးပြီး ကြွေကျတယ်။ သို့သော်ငြားလည်း ကြွေကျပြီးလျှင် ပြန်လည်ပွင့်ဖူးပေမည်” ကို တောင်ထိပ်ဂိတ်တံခါး၏ ဆန့်ကျင်ဘက်တွင် တွေ့နိုင်သည်။ လက်ရေးက နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိပြီး ကမ္ဘာကြီးနှင့် လုံးဝပင်အဆက်အဆံမရှိ ကင်းကွာနေပုံရသည်။ ပြီးလျှင်တော့ “နတ်သမီးကုန်းမြေသို့ ပြန်လည်ဝင်ရောက်ခြင်း” ဟူသော စာသားရှိပေသည်။ တပည့်တစ်ဦးက သေမျိုးကမ္ဘာမှ ကျောင်းသို့ ဝင်ရောက်လျှင် ထိုသူက တကယ်ကိုပင် နတ်သမီးကုန်းမြေမှာပင်။ ဒါပေမဲ့ တောင်ပေါ်ကနေ ဆင်းလျှင်တော့ “နတ်သမီးကုန်းမြေသို့ပြန်လည်ဝင်ရောက်” ရန် ပြောခံရပေလိမ့်မည်၊ မည်သူကမှ ဘာကြောင့်လဲဆိုတာကို မသိပေမဲ့ ထိုသည်က ဆန်းကြယ်သည့် ခံစားချက်တစ်ခုပင်။


လင်ရှုက သင်္ဘောပေါ်တွင် နောက်သုံးရက်အား ကုန်ဆုံးလိုက်ပြီး ပထမအဆင့်ဖြစ်သည့် ကောင်းကင်ဘုံသို့ ခြေလှမ်း ၉၉လှမ်းအား ကျော်ဖြတ်နိုင်ပါ့မလားဆိုသည်က ပဟေဠိဖြစ်နေသော်လည်း ဟွမ်သန်းတောင်ထွတ်၏ ပုံရိပ်ယောင်များနှင့် ပတ်သက်သည့် ရှေးဟောင်းစာအုပ်များကို အကြိမ်ပေါင်းများစွာ ဖတ်လိုက်သည်။


ပုံရိပ်ယောင်တောင်ထွတ်ဧရိယာသို့ ဝင်ရောက်သွားသည်နှင့် ပတ်ပတ်လည်ရှိ သစ်ပင်နှင့်ပန်းပင်များအား ခံစားနိုင်သေးသည်။ နွေဦးရာသီ၏နေ့လေးတစ်နေ့ကဲ့သို့ပင်။ အော်ရာနှင့်ပြည့်နှက်နေကာ လူတွေအား ပေါ့ပါးသည်ဟု ခံစားရစေသည်။


သို့သော်လည်း သင်္ဘောက ဟွမ်သန်းတောင်ထွတ်၏ ဂိတ်တံခါးဝဆီသို့ တိုက်ရိုက်မသွားဘဲ ခပ်ဝေးဝေးရှိ တောင်ထွတ်အား လှမ်းမြင်နိုင်သည့် ပြန့်ပြူးသည့်မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။ 


စံအိမ်များစွာနှင့် တည်းခိုဆောင်များစွာကို တောင်ခြေတွင် ဆောက်လုပ်ထားသည်။ 


တည်းခိုဆောင်၏ဆိုင်းဘုတ်တွင် ပြောထားသည်က “အင်မော်တယ်ရွာ တည်းခိုဆောင်” ဟုပင် ဝင်သွားသည့်လူများလည်း ရှိနေသေးသည်။ 


“ဒါက အင်မော်တယ်ရွာ တည်းခိုးဆောင်ပဲ။ ဒါကို ဟွမ်သန်းတောင်ခြေကို လာရောက်တဲ့ မသေမျိုးလမ်းစဉ်ပေါ်က လူတွေကို ကောင်းကင်ဘုံရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို သိစေဖို့ အထူးတည်ဆောက်ထားတာပဲ။ ငါတို့တွေ တည်းခိုဆောင်မှာ ခဏအနားယူမယ်။ ပြီးရင်တော့ နောက်နှစ်နာရီအကြာမှာ ကောင်းကင်ဘုံဂိတ်တံခါး ပွင့်ရင် တောင်ထွတ်ဆီကို ဝင်ရောက်မယ်” ဆရာသခင် ဖုန်းလိန်က ပြောလာသည်။


တပည့်များက “ဟုတ်ကဲ့” ဟုဖြေလိုက်ကြပြီး တည်းခိုဆောင်ထဲသို့ လျှောက်ဝင်သွားကြသည်။


ဧည့်ကြိုနေရာက ကျယ်ဝန်းက တောက်ပနေပြီး လူများစွာက ထိုင်နေပြီးဖြစ်သည်။ သူတို့ကို ကြည့်ရသည်မှာ တပည့်ငယ်များနှင့်တူပြီး ဟွမ်သန်းတောင်ထွတ်ဆီသို့ သွားမည့်ပုံပင်။


လင်ရှု၊ ယွဲ့ရို့ယွင်နှင့် ယွဲ့ရို့ဟယ်တို့က စားပွဲတွင် ထိုင်လိုက်ကြပြီး မွဲတေတဲ့အစိမ်းရောင် ဝတ်ဆင်ထားတဲ့ ကလေးတစ်ယောက်က ရှေ့တိုးလာကာ ဖရဲစေ့နှင့် သစ်သီးများကို ထည့်ပေးလာသည်။


“မိတ်ဆွေတို့ ဝိုင်လိုချင်ကြသလား”


ယွဲ့ရို့ဟယ်က ထိုခုံပေါင်းများစွာ ကွာဝေးသည့်နေရာတွင် ထိုင်နေသည့် အရှင်ခွင်းရှန်းနှင့် ဆရာသခင် ဖုန်းလိန်တို့အားကြည့်လိုက်ကာ တီးတိုးပြောလိုက်သည်။


“တစ်အိုးလောက် ဒါပေမဲ့ သူတို့တွေ မမြင်စေနဲ့”


ထိုကလေးက ကျိတ်ပြုံးလိုက်ကာ “သေချာတာပေါ့”


ယွဲ့ရို့ယွင်က ပြောလိုက်သည်။


“အိုး မမျှော်လင့်ထားပဲ ယွဲ့ရို့ဟယ်က ဝိုင်ကို တိတ်တိတ်လေး သောက်ချင်နေတာပဲ”


ယွဲ့ရို့ဟယ်က ပြောလာသည်။ “ဒါက ကိစ္စမဟုတ်ပါဘူး “မက်မွန်ပန်းတို့ ဖူးပွင့်တဲ့မြေမှာ ဝိုင်သောက်ခြင်း” ဆိုတဲ့ ဟွမ်သန်းတောင်ထွတ်မသေမျိုးရွာ တည်းခိုဆောင်က ဝိုင်က ဖြည့်ဆည်းထားတဲ့ အင်မော်တယ်လမ်းစဉ်လို့ လူသိများတဲ့ ဝိုင်ကောင်းတစ်ခုပဲ၊ မင်းရဲ့အစ်ကိုက နာမည်နဲ့ထိုက်တန်ရဲ့လားလို့ စမ်းသပ်ချင်ကြည့်ချက်ရုံပဲ”

 

ယွဲ့ရို့ယွင် “ကျစ်”


လင်ရှုက ထိုနှစ်ဦး ပျော်နေသည်ကို တိတ်တဆိတ် ကြည့်နေလိုက်ပြီး အရမ်းကို စိတ်ဝင်စားစရာကောင်းသည်အား တွေ့လိုက်ရသည်။


ထိုကောင်လေးက လက်ဖက်ရည်အိုးကို ယူလာကာ သူတို့၏စားပွဲဘေးတွင် ထားလိုက်ပြီး “မိတ်ဆွေတို့ သင်တို့ မှာထားတဲ့ဟာပါ”


ယွဲ့ရို့ဟယ် “ကျေးဇူးပဲ”


ကောင်လေးက တခစ်ခစ်ရယ်လိုက်ကာ အခြားစားပွဲတွေအား လက်ဖက်ရည်ပို့ရန် လှည့်ထွက်သွားတော့သည်။ သို့သော်လည်း ထိုလက်ဖက်ရည်အိုးတွေက ဝိုင်လား လက်ဖက်ရည်လားဆိုသည်ကတော့ မသဲကွဲပေ။


ယွဲ့ရို့ဟယ်က လူတိုင်းအား တစ်ခွက်စီ ငှဲ့ပေးလိုက်ကာ 


“ဒါက ဝိုင်ချိုတစ်ခွက်ပဲ မမူးစေဘူး”


ယွဲ့ရို့ယွင်က သံသယနှင့် တစ်စုပ်သောက်လိုက်ကာ ပြောလာသည်။ “တကယ် အရသာရှိတယ်”


လင်ရှုက သူ့ခွက်ထဲရှိ လိမ္မော်ရောင်ဝိုင်အား ကြည့်လိုက်ကာ သူ့နှာခေါင်းက ချိုမြိန်သည့်အနံ့နှင့် ပြည့်နှက်သွားပြီး အတွေးထဲ နစ်မြုပ်သွားတော့သည်။ 


သူ့ဆရာ၏စည်းကမ်းအရ မည်သူ့ကိုမှ ဝိုင်ကို အလွန်အကျွံ သောက်ခွင့်မပြုပေ။ ပြောရလျှင် မင်းဟာ ဝိုင်သောက်နိုင်သော်လည်း အများကြီးမဟုတ်ပေ။ ထို့ကြောင့် ခွက်အား ကောက်လိုက်ကာ တစ်စုပ်သောက်လိုက်သည်။ တကယ်ကိုချိုမြိန်ပြီး အရက်ပါဝင်မှုနည်းနည်းလေးနှင့် လန်းဆန်းစေသည်။


ယွဲ့ရောယွင်က စတင် စကားပြောလာသည် ။


“ပြောကြတာတော့ ဒီ “မက်မွန်းပန်းတို့ပွင့်သည့်မြေတွင် မူးယစ်ခြင်း” ဆိုတဲ့ ဝိုင်က အင်မော်တယ်ရွာတည်းခိုဆောင်ရဲ့ ပိုင်ရှင် ချက်ထားတာတဲ့။ သုံးလပိုင်းမှာပွင့်တဲ့ မက်မွန်ပန်းပွင့်တွေကို ဝိုင်လုပ်ဖို့ အသုံးပြုထားတယ်။ ဝိုင်လုပ်တဲ့သူတွေ အများကြီးက ဆိုင်ရှင်ကို နည်းစနစ်နဲ့ ဝိုင်ဖောက်နည်းကို မေးကြပေမဲ့ ဆုတောင်း မပြည့်ဘူးတဲ့လေ”


လင်ရှုက သူ့အား နားထောင်လိုက်ပြီး နောက်ထပ် တစ်ငုံသောက်ရန် စီစဉ်လိုက်သည်။


ဖန်ခွက်ပေါ်သို့ သူ့လက် ရောက်တော့မည့်အချိန်မှာပဲ အနက်ရောင်ဓားအိမ်က ဖန်ခွက်အစွန်းအား ငြင်သာစွာဖိထားပြီး မမြှောက်နိုင်ပေ။


လင်ရှုက ဗလာဖြစ်စွာဖြင့် မော့ကြည့်လိုက်သည်။


လမ်းပေါ်တွင် စားပွဲစွန်း၌ ယောက်ျားတစ်ဦးက ရပ်နေပြီး အလွန်ကိုငယ်ရွယ်သည့် ယောက်ျားတစ်ဦးပင်။ နှင်းလို စွတ်စွတ်ဖြူသည့်အဖြူရောင် ဝတ်ရုံပေါ်တွင် ကြက်သွေးရောင်ပိတ်ကျဲစအား ဖုံးလွှမ်းထားသည်။ သူ လှမ်းကြည့်နေသည်ကို မြင်လိုက်ပြီး သူ့နှုတ်ခမ်းစွန်းအား တွန့်လိုက်ကာ ပြုံးပြလိုက်သည်။ 


“ခွင့်ပြုချက်မရဘဲ ဝိုင်သောက်ရင် မင်းရဲ့အမှားအတွက် အပြစ်ပေးခံရသင့်တယ်”


လင်ရှု “…..”


ဒါက ဘယ်သူလဲ။


သူဟာ ထိုလူက သူ့ရဲ့ဓားအိမ်ကို ပြန်ဆုတ်သွားသည်ကို တွေ့လိုက်ပြီး လင်ရှု၏မျက်နှာချင်းဆိုင်တွင် တည်ငြိမ်သည့်စိတ်နေစိတ်ထား သူ့မျက်လုံးထောင့်ရှိ အရှက်မရှိသည့်အပြုံးဖြင့် ထိုင်ချလာသည်။ သူဟာ လှပပေသည်။


ယွဲ့ရို့ယွင် “ဟမ်…..”


လင်ရှုက ယွဲ့ရို့ယွင်ဟာ အကြောင်းအရင်းမရှိဘဲ “ဟမ်” ဟု မပြောသည်ကို သိသည်။ သူ့ရှေ့ရှိလူ၏မျက်ခုံးများကြားတွင် လင်းဖုန်းရှောင်နှင့် တစ်နည်းနည်းဖြင့် ဆင်တူနေသည်။ 


“ဒီနိမ့်ကျတဲလူက လင်းရှောင်ပါ” ထိုလူက ပြောလာသည်။

 

ယွဲ့ရို့ယွင်က ရုတ်တရက် ပြောလာသည်။ “ဆိုတော့ ဒီလိုကိုး”


လင်ရှုက သူ့ကို ကြည့်လိုက်သည် “…”


ထိုလူရွယ်က ပတ်ကြည့်လိုက်ပြီး သူ ပဟေဠိဖြစ်နေသည်ကို သိနေသလိုဖြင့် ပြောလာသည်။


“လင်းဖုန်းရှောင်က ငါ့ဝမ်းကွဲလေ”


လင်ရှု “အိုး….”


သူမရဲ့ဝမ်းကွဲလား။


ဇာမဏီနန်းမြို့တောင်ထွတ်၏စည်းမျဉ်းများအရ သူတို့တွေဟာ အမျိုးသမီးများကိုသာရှိပြီး အမျိုးသားမရှိပေ။ သူတို့တွေက သမီးဖြစ်လျှင် ဇာမဏီနန်းမြင့်နှင့် သက်ဆိုင်ပြီး အကယ်၍ သားဖြစ်နေလျှင်တော့ အပြင်ဘက်ရှိအခြားဂိုဏ်းများဆီသို့ နေရာချပေးခံရကာ အများစုကတော့ သူတို့ဖခင်၏ဂိုဏ်းများနောက်သို့ လိုက်ပါကြသည်။


ယွဲ့ရို့ဟယ်က ပြောလာသည်။ “အစ်ကိုလင်း ခင်ဗျားအကြောင်း အများကြီး ကြားဖူးပါတယ်” 


လင်းရှောင်ကလည်း ပြောလာသည်။


“အစ်ကိုယွဲ့အကြောင်းလည်း အများကြီး ကြားဖူးပါတယ်”


သူက ပြောပြီးနောက် လက်ဆန့်ကာ လင်ရှုအရှေ့ရှိ ဝိုင်ခွက်အား ယူသွားပြီး သူ့ရှေ့တွင် ထားလိုက်သည်။


“ညီမရှောင်းက ဟွမ်သန်းတောင်ထွတ်မှာ မင်းကို စောင့်ရှောက်ပေးဖို့ ပြောလိုက်တယ်။ သူမ ပြောသေးတာက မင်းက အားနည်းပြီး အစားအသောက်ကို ပိုပြီးအာရုံစိုက်ပေးဖို့ လိုတယ်တဲ့။ သူမသာ မင်း ဒီမှာသောက်နေတာကို မြင်သွားရင် မင်းဘာလုပ်မလဲ”


လင်ရှု “….”


ကောင်းပြီလေ…


သူက လင်းဖုန်းရှောင်က အခြားသူတွေဆီ အပ်နှံထားခြင်းကို ခံထားရတာပေါ့လေ။

******