30 01
အပိုင်း (၃၀)
ကောင်းမွန်နာခံတတ်တယ်
…
လင်ရှုက သူ့ကို အဲ့လိုဘယ်သူမှ မပြောဖူးတော့
ရှက်သလိုလိုတောင် ဖြစ်သွားသေးသည်။
“နင် စောစောသေရင် ငါ အသုံးမကျရာ ကျတာပေါ့”
အဲ့လိုပေါ့လေ။
လင်းဖုန်းရှောင်က စာအုပ်တွေသိမ်းပြီးတော့
သူမလက်ထဲက ဝါးပုလွေနဲ့ကစားရင်း
“နင် သိုင်းပညာစုဝေးပွဲကို သွားသေးလား”
လင်ရှုက ပြန်ဖြေလိုက်သည်။
“အင်း”
“နောက်တစ်ခါ မသွားတော့နဲ့၊ အဲ့မှာရှိတာ သာမန်တွေချည်း”
ပြောရရင် အဲဒါကြီးက တလွဲကြီးလေ။ ကန်မင်က
မှတ်သားလောက်စရာဖြစ်ပြီး ရှောင်ရှောက်ဆို ရှုံးပွဲတောင် ရှိတာမဟုတ်။
လင်းဖုန်းရှောင်အပြောအရဆို အကုန်လုံးက တစ်တန်းထဲ လောက်တွေချည်းလေ။
သူက ပြောလိုက်သည်။ “ဒီနေ့ ကန်မင်နဲ့ ရှောင်ရှောက်ကြားက ပွဲကိုတွေ့ခဲ့တယ်”
လင်းဖုန်းရှောင်က
ရပ်သွားပြီး “ရှောင်ရှောက်ကတော့ လက်ခံလို့ရတယ်”
လက်ခံလို့ ရတယ်။ ဘယ်လောက်တောင်
အမြင့်ကြီးလိုချင်လို့ အဲ့လောက်ကို လက်ခံလို့ရတာပဲတဲ့လဲ။
“ဒါပေမဲ့ ဝိဉာဉ်စွမ်းအင် ထိန်းချုပ်နိုင်စွမ်းနဲ့ချည်း
လူတိုင်းကို နိုင်နေတာက ပျင်းစရာကောင်းတယ်လေ။ ငါ့ဓားအကကမှ
နင့်အတွက် ကြည့်ပျော်ရှုပျော်ရှိဦးမယ်”
လင်ရှု “ကျွန်တော် ကြည့်ချင်တယ်”
လင်းဖုန်းရှောင်က ရယ်ပြီး “နင် ချက်ချင်း တက်ကြွလာပါလား”
တကယ်တမ်းပြောရရင်
သူ တကယ်ကို လင်းဖုန်းရှောင်ရဲ့ ဓားအကကိူ ကြည့်ချင်သည်လေ။
အရင်က မနက်တိုင်း
ပျိုနီပန်းခင်းထဲ ဓားသိုင်းလေ့ကျင့်ပေမဲ့
အဲဒါက အခြေခံဓားကွက် တစ်ရာသက်သက်ပဲလေ။ တအားမဆိုးပေမဲ့
မျက်စိဖမ်းစားလို့ ရလောက်အောင်တော့ မလှဘူးပေါ့။
ဒါပေမဲ့ သူမက တကယ့်ဓားကွက်ကို မလေ့ကျင့်ဘဲ အဲဒါပဲ လေ့ကျင့်တာကလည်း မမှားပြန်ဘူး။ ဓားသိုင်းကွက်တိုင်းက
အဲ့အခြေခံဓားကွက်တွေကနေ နည်းနည်းလေး ကွဲထွက်လာပြီး ဖြစ်ပေါ်လာတာတွေပဲလေ။ ဇာမဏီနန်းမြင့်က
ဓားကွက်တွေက ပိုတောင် နာမည်ကြီးသေး။ သူမြင်ဖူးချင်တာ မဆန်းဘူးလေ။
ဒါပေမဲ့ “ချက်ချင်း
တက်ကြွလာပါလား”ဆိုတာကြီးကတော့ သိပ်မဟုတ်သေးဘူးလေ။
လင်းဖုန်းရှောင်က ဓားကိုယူပြီး
မြေကွက်လပ်ကို ထွက်သွားတော့သည်။
“ဇာမဏီနန်းမြင့်က ဇာမဏီဓားသိုင်းနဲ့ ကျော်ကြားပေမဲ့ အကောင်းဆုံးက လင်းယွင်ဓားကိုးသွယ်ပဲ”
ဓားက ရေပြင်ပေါ်က အလင်းရိပ်လို တောက်ပနေပြီး
သူမက ဝါးတောကို ညွှန်လိုက်သည်။ သူမရဲ့
လက်ကောက်ဝတ်တစ်ချက်အလှည့်မှာ လပြည့်ဝန်းလို ဓားရောင် ထွက်လာတော့သည်။
ခန္ဓာကိုယ်ကို အားပြုပြီး ဓားကို
ကောင်းကင်ကနေ ဆွဲလိုက်သည့်အခါ ဓားက
လှိုင်းထသလို တုန်သွားတော့သည်။
ဓားကွက်တွေက အထင်ကြီးစရာကောင်းပေမဲ့
လင်းဖုန်းရှောင်လက်ထဲ ရောကိတော့ ပိုကောင်းသွားသလိုပင်။
အနီရောင်အဝတ်က တစ်လွှင့်လွှင့်လူးနေပြီး
ဓားဆီက ရောင်ပြန်ဟပ်တဲ့အလင်းက တစ်ကိုယ်လုံးမှာ ရေခဲပန်းပွင့်လေးတွေ ခိုတွဲနေသလို။
30 02
ထို့နောက်မှာ အသံက ပိုမာန်ပါလာပြီး
သတ်ဖြတ်ခြင်းအရှိန်အဝါက မြေကွက်လပ်ကို ဖိနှိပ်လာသည်။
ဓားနည်းစနစ်တစ်ခုထဲနဲ့တင် ကန်မင်ကို တောက်ချလို့ရပြီး
ရှောင်ရှောက်နဲ့ ယှဉ်နိုင်တဲ့ပုံပင်။
လှပတဲ့အနီရောင်ဝတ်စုံက သူမရဲ့မျက်နှာလှလှနှင့်
ပေါင်းလိုက်သည့်အခါ ကောင်းကင်ကိုတောင်
တုန်လှုပ်စေနိုင်လောက်တဲ့ အလှတရားတစ်ခု ဖြစ်သွားခဲ့သည်။
လင်းဖုန်းရှောင်မျက်နှာက လှပလွန်းပြီး
ကြည့်ရုံနဲ့တင် ယစ်မူးစေနိုင်လောက်သည်။
မျက်နှာအမူအရာက တခြားမိန်းကလေးတွေလို ချိုမြိန်ဖော်ရွေတဲ့ အမူအရာမရှိဘဲ ဂုဏ်မောက်ဟန်ရှိပေမဲ့ သူမရှေ့ ဒူးထောက်ပြီး သခင်မလို့ ခေါ်ချင်တဲ့ကောင်တွေ
အတော်ပင် များလောက်သည်။
မဟုတ်သေးဘူး။
သူက ဓားကွက်ကို ကြည့်ရမှာ မျက်နှာကို မဟုတ်ဘူး။
သူ နည်းနည်း နောက်ကျသွားသည်။
သူဓားကို အာရုံစိုက်ဖို့ ကြိုးစားပေမဲ့
လင်းယွင်ဓားကိုးသွယ်က ပြီးတောင်နေပြီ။ အနားက အပင်အကုန်ကို လင်းဖုန်းရှောင်က
ဖျက်ဆီးပစ်လိုက်ပြီး အကြင်နာတရားမဲ့လှသည်။ သူ့အပေါ်တွင် ပိုတောင် အကြင်နာမဲ့လိမ့်မည်။ သူမက မကျေမနပ်နဲ့ သူ့နား ရောက်လာပြီး
“နင် မကြိုက်ဘူးလား”
“မဟုတ်ပါဘူးဗျာ”
“ဒါဆို နင် ဘာလို့အာရုံလွှင့်နေတာလဲ”
သူ အာရုံလွှင့်နေတာပါ သိသွားတာပဲ။
“စီနီယာအစ်မက လှလွန်းလို့ပါ”
“အဲတော့ ငါက ငါ့မျက်နှာကို အုပ်ထားရမှာလား” သူမက အခုအထိ ကျေနပ်တဲ့ပုံ မပေါ်ဘူး။
လင်ရှူက သူမ ကျေနပ်အောင် တစ်ခုခုပြောဖို့ကြံပြီး
“ဓားကွက် ကစားတာ ကောင်းတယ်”
“ဒါပေါ့ ငါ့ဓားကွက်က ကောင်းတာပေါ့”
လင်ရှု “....”
ဒီနေ့တော့ စကားပုံမှန်ပြောရမယ်လို့ကို
မထင်ဘူး။
လင်းဖုန်းရှောင်လို ငါးပူတင်းက
စကားသိပ်မပြောပေမဲ့ ခဏခဏ
မကျေမနပ် ဖြစ်တတ်သည်မို့ သူက ထိုသို့အဖြစ်မခံနိုင်သောကြောင့် သူမက လာခဲ့ဆို သွားလိုက်သည်။ မေးရင် ချက်ချင်း ပြန်ဖြေလိုက်သည်။
“နောက်ကျနေပြီ”
လင်းဖုန်းရှောင်က ပြောလိုက်၏။ “နင် သွားအိပ်သင့်ပြီ”
လင်ရှု “အင်း”
သူ ထပြန်လိုက်တော့သည်။
လင်းဖုန်းရှောင် “နင်”
လင်ရှု “ဟင်”
“မဟုတ်ပါဘူး”
လင်းဖုန်းရှောင်က ပြောလိုက်သည်။ “ဒီနေ့
အတော်လေး စကားနားထောင်နေတာပဲလို့”
သူ လုပ်ရမဲ့ဟာကို သူလိုက်နာပြီး လုပ်တာက
စကားနားထောင်တာပဲ။ အနာဂတ်မှာလည်း စကား ဆက်နားထောင်မှာပဲလေ။
“နင် တကယ် ဝင်ခွင့်တုံကင် မယူဘူးလား”
“ဟင့်အင်း”
သူသာ ထိပ်ဆုံးအယောက်သုံးဆယ်ကို မရောက်နိုင်ရင်
သူ့ဆရာ သွေးအန်ပြီး သေလောက်သည်။
လင်ရှုသည်
အခန်းကို ပြန်ပြီး အိပ်လိုက်၏။
နောက်နေ့မနက် အတန်းတက်တော့ ရှောင်ရှောက်က
အဆင့်ကျသွားပြီး ကန်မင်က ပထမဖြစ်သွားတာ သိလိုက်ရသည်။
“မဖြစ်နိူင်တာ ကန်မင်က ဘယ်လိုလုပ်
သူ့ကိုနိုင်မှာလဲ”
“ရူးနေလားဟ။ ငါ
ကန်မင်က သူ့ကို နိုင်တယ်မပြောပါဘူး။ သူက သူ့အောက်
အယောက်သုံးဆယ်ကို စိန်ခေါ်ပြီး အဆင့်သုံးဆယ့်တစ်ကို ဆင်းချသွားတာ”
“ဟွမ်သန်းတောင်ဝင်ခွင့်က
ထိပ်ဆုံးသုံးဆယ်မလား”
“ငါ သိသားပဲ ရှောင်ရှောက်က
မရှုံးပါဘူးလိူ့”
ကြားနေရတဲ့ လင်ရှုကတော့ ရှောင်ရှောက်အပေါ်
သူ့အမြင်ကို ပြောင်းလိုက်၏။
“လူကောင်းပဲ”
******