အပိုင်း(၃၁) ကမ္ဘာကြီးရဲ့မျက်မှောက်မှ ပျောက်ကွယ်သွားခြင်း
ဝါးခေါက်က ဖင်းယိဖန်ကို တိုက်ပွဲထဲသို့ ဖိတ်ခေါ်လိုက်သည်။
ဖင်းယိဖန်က ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။
ဝါးခေါက်က အနိုင်ရရှိသည်။
ဝါးခေါက်က ယွီဝူကျန်းကို တိုက်ပွဲထဲသို့ ဖိတ်ခေါ်လိုက်သည် ။
ယွီဝူကျန်းက ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။
ဝါးခေါက်က အနိုင်ရရှိသည်။
မတူညီသည့် တိုက်ပွဲကွင်းပြင်သို့ သွားရာလမ်းတွင် လင်ရှုက ဆောင်းဦးမြေမှုန်နှင့် တွေ့ဆုံလေတယ်။
ဆောင်းဦးမြေမှုန်က အရိုအသေပေးဖို့ သူ့လက်ကို ရင်ဘတ်ရှေ့တွင် ထားလိုက်ကာ ပြောလိုက်တယ်။
“ဝါးခေါက်ရှစ်မေ့က တကယ်ကို ကောင်းကောင်းကြီး ဖုံးကွယ်ထားတာပဲ”
လင်ရှု : “ရှစ်ရှုန်းကတော့ အမှတ်မှားနေပြန်ပါပြီ”
လင်ရှု၏ ခန္ဓာကိုယ်ထဲရှိ လက်ရှိအသံဟာ မာနေပြီး အနည်းငယ် အက်ကွဲနေကာ အဖြူရောင် ဝတ်ဆင်ထားသော နတ်သူငယ်တစ်ပါး၏ ပုံရိပ်နှင့် ကိုက်ညီနေပေတယ်။ သို့သော်လည်း ထိုသည်က သူ့နားထဲတွင် ထူးဆန်းနေကာ ကျင့်သားမရနိုင် ဖြစ်နေခြင်းပင်။
ဆောင်းဦးဖုန်မှုန့်က ပြောလာတယ်။
“ရှစ်မေ့က ဒီနေ့မှာ တိုက်ပွဲဆယ်ပွဲကို တိုက်ခဲ့ပြီးပြီလေ။ အခုက အနားယူရမဲ့အချိန်ပဲ”
လင်ရှုက တစ်ခါထပ်မံ၍ ခေါင်းညိတ်ပြလိုက်ကာ
“ဒီတစ်ပွဲပြီးရင် နားလိုက်ပါ့မယ်”
ထိုးသွင်းခြင်း ထိုးကွေ့ခြင်း ရှေ့သို့ဆတ်ခနဲလှမ်းခြင်း ခုခံခြင်း
လအနည်းငယ် ကြာပြီးနောက်မှာတော့ ရင်းနှီးနေခဲ့သော ဓားတစ်လက်ကို ကိုင်စွဲထားရသည့် ခံစားချက်က တဖြည်းဖြည်းနှင့် ပြန်လည်ရောက်ရှိလာတော့သည်။ လက်ထဲရှိ မာကျောနေတဲ့သတ္တုရဲ့အထိအတွေ့ကို ခံစားနေရင်း လှည့်လည်သွားလာနေခဲ့သော သူ၏စိတ်ဝိဥာဉ်ဟာ နောက်ဆုံးမှာတော့ အခြေချစရာ အနည်းငယ် ရှိလာခဲ့သည်။
မျက်နှာချင်းဆိုင်နေရာတွင် ရပ်နေခဲ့သော လူက သူ့အား ဦးညွှတ်လိုက်ကာ ပြောလာသည်၊
“မင်းက ထိုက်တန်တဲ့ပြိုင်ဘက်တစ်ယောက်ပဲ”
လင်ရှုက ခပ်သာသာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုလူက မနေ့က တွေ့ဆုံခဲ့တဲ့ ရှောင်ရှောက်နှင့် တူညီတဲ့ပြုမူပုံမျိုးကို ပေးနေတာပဲဟု တွေးတောကာ ထွက်ခွာရန် လှည့်လိုက်သည်။ ထိုတစ်ခုတည်းသာ ဖြစ်သော်လည်း သူ့တွင် ဘာမှပြောစရာ မရှိသောကြောင့်ပင် ။
သူဟာ အနည်းငယ်ပင် ရှက်ရွံ့သွားခဲ့သည်။
ဒီကမ္ဘာရှိ တခြားသူများသည် စစ်မှန်သောသိုင်းပညာအဆင့်ကို ရောက်ရှိရန် အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာလောက် ကြိုးစားကျင့်ကြံရခဲ့ရသည်။ သူကတော့ ယခင်ဘဝက လေ့ကျင့်ခဲ့သည့် ကျင့်ကြံရေးအခြေခံကို မှီခိုခဲ့တာပင်။ ယခုတစ်ညတည်းမှာပင် သူဟာ ထိပ်ဆုံးအယောက်သုံးရာထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တစ်ခဏလောက် စဉ်းစားနေပြီးနောက် လင်ရှုဟာ မှတ်ဥာဏ်ထဲရှိ သူ ဖတ်ထားခဲ့သော စာအုပ်အနည်းငယ်ထဲမှ ဓားနည်းစနစ်ပုံစံတွေအား ချရေးကာ ထိုအရာအား လျော်ကြေးပေးသည့်အနေဖြင့် ရတနာခန်းမသို့ စျေးနိမ့်နိမ့်ဖြင့် ရောင်းချရန် ဆုံးဖြတ်လိုက်သည်။
သူ့ဂိုဏ်းထဲတွင် မည်သည့်အရာမှ မကျန်ရစ်တော့သော်လည်း သူတို့၏အမွေအနှစ်တွေကတော့ ကျန်ရစ်နေသေးသည်။ သိုလှောင်ထားသည့် စာအုပ်စုဆောင်းထားမှုက ထပ်လိုက်လျှင် တောင်တစ်လုံးစာလောက်ပင် ရှိလောက်သည်။ သူ့ဂိုဏ်းမှဖွံ့ဖြိုးစေခဲ့သည့် မူလသိုင်းပညာ နည်းစနစ်မှလွဲလျှင် တခြားအရာတွေအားလုံးအား အပြင်ဘက်ကမ္ဘာသို့ လက်ဆင့်ကမ်းလို့ ရနိုင်ပေသည်။ သို့မှသာ သူဟာ သူ့ဂိုဏ်း၏စည်းမျဉ်းတွေအား ဆန့်ကျင်နေသည်ဟု မတွက်ဆနိုင်မှာပဲဖြစ်သည်
နောင်တရစရာကောင်းသည်က ယခင်တုန်းက သူဟာ ဓားရေးနည်းစနစ်တွေအား သင်ယူခဲ့ပြီး အခြေခံတည်ဆောက်ကာ ဒျန်ဖွံ့ဖြိုးစေရန် လေ့ကျင့်ခဲ့ပြီးနောက်တွင် ထိုစွမ်းရည်တွေက သဘာဝကျစွာပဲ သူ့ဆီ ရောက်ရှိလာခဲ့ပြီး မည်သည့်ကိုးကားစာအုပ်ကိုမှ မှီခိုနေစရာ မလိုတော့ပေ။ ထို့ကြောင့် သူဟာ ဓားရေးနည်းဗျူဟာအချို့နှင့် စိတ်ဝိဥာဉ်လေ့ကျင့်ရေးအချို့ကိုသာ မှတ်မိတော့သည်။
ဆောင်းဦးမြေမှုန်၏ ဓားရေးနည်းစနစ်က မြန်ဆန်သော်လည်း ခန့်မှန်းလို့မရနိုင်ကာ နည်းဗျူဟာပြောင်းလဲရန်အတွက် ပျော့ပျောင်းမှုမရှိသည့်အပြင် ရှုပ်ထွေးလှသည်။
ထို့ကြောင့် လင်ရှုက “ပျံသန်းနေသောဓားရေးနည်းဗျူဟာ” ဟု ခေါ်သော စာအုပ်အား မိတ္တူတစ်အုပ်ရေးကာ ရတနာခန်းမထဲတွင် ချန်ရစ်ထားခဲ့ရန် ဆုံဖြတ်လိုက်တော့သည်။
ယွီဝူကျန်း၏ဓားရေးက သမာရိုးကျဖြစ်ကာ မျှခြေညီသော်လည်း ထိုအထဲတွင် လုံလောက်သည့် သက်ဝင်တက်ကြွမှု မရှိပေ။ နှလုံးသားသုတ္တန်က ဒါကိုတိုးတက်စေနိုင်ဖို့ သင့်တော်နိုင်သည်။
ဒီလိုနည်းလမ်းဖြင့် သူ အနိုင်ယူခဲ့သည့်ထိုလူတိုင်းကို နည်းဗျူဟာစာအုပ်တစ်အုပ်စီဖြင့် ကူညီပေးနိုင်မည်ဖြစ်ကာ သို့မှသာ သူ၏အပြစ်ရှိစိတ်အချို့အား သက်သာစေနိုင်မည် ဖြစ်သည် ။
သူ့ကိုယ်သူ အားပေးလိုက်ပြီးနောက် သိုင်းပညာတိုက်ပွဲကွင်းပြင်မှ ထွက်လာခဲ့ကာ တောင်ထိပ်ဆီသို့ ပြန်သွားလိုက်တော့သည်။
လူကြီးမင်းကရှုကျီက လှည့်လှည်သွားလာနေသည်မှ ပြန်မရောက်လာသေးကာ လူကြီးမင်းမုန့်သည်လည်း ပုံမှန်အခြေအနေသို့ ပြန်မရောက်သေးပေ၊ ထို့ကြောင့် လင်ရှုဟာ တောင်ထိပ်တွင် သူ့ဓားနှင့်အတူ တစ်ယောက်တည်း စတင်လေ့ကျင့်တော့သည်။
တခြားသူတွေနှင့် တိုက်ခိုက်ရသည်က သူ၏သိုင်းပညာအား သေချာပေါက်ကို တိုးတက်စေနိုင်သော်လည်း သူ၏ဓားသိုင်းကိုလေ့ကျင့်ဖို့ကလည်း အရေးကြီးပေသည်။
ကမ္ဘာတစ်ခုသို့ ကူးပြောင်းလာပြီးနောက် သူဟာ ဓားရေးကျွမ်းကျင်မှုအပေါ် ပိုပြီးကောင်းမွန်စွာ နားလည်လာခဲ့သည်။ ယခုအချိန်တွင် လေ့ကျင့်သည်က အကျိုးအမြတ် အများကြီးရှိမှာပင်။
သူ့ဆရာက ဒါကိုပြောခဲ့ဖူးသည်။ သို့သော် လင်ရှုတွင် ထိုသည်အား ကြိုးစားကြည့်ရန် ယခင်ဘဝ၌ မည်သည့်အခွင့်အရေး မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မည်သူကမှ သူ့အား အဖော်ပြု တိုက်ခိုက်ပေးနိုင်စွမ်း မရှိသောကြောင့်ပေ၊ မသေမျိုးလမ်းစဉ်တစ်လျှောက်တွင် သူနှင့်သူ့ဆရာသည်သာ ပါဝင်ပြီး ဓားရေးပညာတွင်လည်းအတူတူပင် ကမ္ဘာနှစ်ခုစလုံးတွင် တူညီသော ဓားရေးနည်းဗျူဟာကိုသာ အသုံးပြုသော်လည်း တကယ်တမ်းတွင်တော့ အများကြီးမကွာခြားပေ။
ယခုမှသာ လင်ရှုဟာ သူ့ဆရာပြောခဲ့သည်များက တကယ်ကိုပင် အမှန်တွေ ဖြစ်သည်ဆိုသည်အား နားလည်နိုင်သွားတော့သည်။
အခြေခံဓားသိုင်း လှုပ်ရှားမှုများအပေါ်တွင် နာရီတချို့ ဖြုန်းပြီးနောက် သူဟာ နောက်ဆုံးတွင်တော့ သူတို့ဂိုဏ်း၏ ဓားသိုင်းနည်းဗျူဟာအား စတင်လေ့ကျင့်တော့သည်။
သူ၏ယခင်ဘဝတွင် သူ့ဆရာကသူ့အား တစ်မူထူးခြားသည့်လူဟု ခေါ်ဆိုခဲ့တာပင်။ အဘယ့်ကြောင့်ဆိုသော် မည်သည့်ဓားရေးနည်းဗျူဟာစာအုပ်ကိုမဆို တစ်ခါ ဖတ်လိုက်ရုံနှင့် မှတ်မိဖို့လုံလောက်ရုံမက လိုအပ်သည့်အခါတိုင်းတွင်လည်း ကြက်တူရွေးကဲ့သို့ ပြန်လည်ရွတ်ပြနိုင်သည်။ သို့သော် သူ့အတွက် စာအုပ်တစ်အုပ်တည်းကိုသာ နားလည်ဖို့ ကျရှုံးခဲ့တာဖြစ်သည်။ ပြီးနောက် ငါးနှစ်တာလုံး ထိုအတွက်နှင့် ပိတ်ဆို့နေခဲ့ပေသည်။
ထိုသည်က အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းထိပင်ဖြစ်ပြီး သူ့ဆရာ၏သေဆုံးမှုအကြောင်း ဖုန်းခေါ်ဆိုမှုအား လက်ခံမရရှိခင်အထိပင်။ ထိုအခါမှသာ ကျောင်း၏ ဂိတ်တံခါးပေါက်၌ မတ်တပ်ရပ်နေရင်း အဆုံးမရှိ သွားလာနေသည့် လူစုအားကြည့်ကာ ရုတ်တရက်ပင် သူဟာ တစ်ယောက်တည်းဖြစ်သည် ဆိုသည့် အသိကို သိသွားတော့သည်။ သူ၏စိတ်အခြေအနေက အနည်းငယ် ပြောင်းလဲသွားကာ ထိုညမှာပဲ ထိုနည်းဗျူဟာအား ချိုးဖြတ်နိုင်သွားတော့သည်။
“ပြန်လမ်းမဲ့ဗလာချိုင့်ဝှမ်း”
ချိုးဖြတ်နိုင်သွားပြီးနောက် အိမ်မက်က ဖျက်ဆီးခံလိုက်ရကာ အချိန်အကြာကြီးတိုင်အောင် သူ့အတွက် မဝင်ရောက်နိုင်သည့် အခြေအနေကနေ ကျင့်ကြံရေး တိုးတက်စေမည့်အခြေအနေသို့ တစ်လက်မချင်း တစ်လက်မချင်း တဖြည်းဖြည်းချင်း လှမ်းဝင်လာတော့သည်။ ထို့နောက်တွင်တော့ အဆင့်တက် မိုးကြိုးပြစ်ဒဏ် အခြေအနေသို့ ရောက်လာခဲ့တော့သည်။
ယခုကမ္ဘာထဲသို့ ဝင်ရောက်ရန် တွန်းအားပေးခံခဲ့ရသည့် အခြေအနေတွင် ထိုနည်းဗျူဟာစာအုပ်ထဲမှ ဓားရေးနည်းစနစ်တစ်ခုကိုသာ သိလိုက်သည်။ ယခု သူဟာ ဓားကို ပြန်လည်ကောက်ယူလိုက်ပြီဆိုမှတော့ သဘာဝကျကျပင် ဖိနှိပ်ကာ အနိုင်ယူလိုက်မှာပင် ။
နာရီဝက်ခန့် ကြာပြီးနောက် သူ့ဓားအား ပြန်သိမ်းလိုက်ကာ သိုင်းပညာတိုက်ပွဲကွင်းပြင်သို့ ပြန်သွားလိုက်ပြီး တခြားသူတွေအား ဆက်လက်စိန်ခေါ်တော့သည်။
ဓားတစ်လက်အား ကိုင်စွဲရသည့်ကျွမ်းဝင်ရင်းနှီးနေမှုကို ပြန်လည်ရှာတွေ့ပြီးနောက် ထိုညတွင် ရည်မှန်းချက်သေးသေးလေးကနေ စတင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသည်ကတော့ ထိပ်ဆုံးအယောက်သုံးဆယ်ထဲတွင် ဝင်ရောက်နိုင်ရန်ပင် ။
သို့မှသာ ဟွမ်သန်းတောင်ထွတ်သို့ သွားနိုင်မည့်တိုကင်တစ်ခု ရနိုင်ဖို့ အာမခံနိုင်မှာပင်။
သုံးဆယ်ယောက်မြောက်လူက လီချန်းချွမ်းဟုခေါ်ပြီး နဂါးသေနတ်ကို အသုံးပြုသောသူပင်။ အသားအရေက နူးညံ့ဝင်းဝါနေကာ ဗိုလ်ကျလွန်းပြီး ကျင့်ကြံနေသည့် လူတစ်ယောက်နှင့်မတူပေ။
အကွက်ပေါင်းရာချီပြီးနောက် သူဟာ ကပ်သီလေး အနိုင်ရသွားတော့သည် ။
လီချန်းချွမ်း : “ယခုလိုမျက်စိဖွင့်ပေးတဲ့ နှစ်ယောက်ချင်းတိုက်ပွဲအတွက် ကျေးဇူးတင်ပါတယ်”
ကျောက်သားနံရံပေါ်တွင် စာတစ်ကြောင်း ပေါ်ထွက်လာပေသည်။
“ဝါးခေါက်နှင့် လီချန်းချွမ်းတို့ဟာ ဆယ့်ငါးကွင်းမြောက်တိုက်ပွဲကွင်းပြင်တွင် တိုက်ခိုက်ခဲ့ပြီး ဝါးခေါက်က အနိုင်ရခဲ့ပါတယ်”
လင်ရှုက ထွက်သွားဖို့ ရည်ရွယ်ခဲ့ပေမဲ့ ကြည့်ရှုသူတစ်စုက စုဝေးလာပြီး သူတို့အားလုံးက သူ့အား ကြည့်နေကြပေသည်။
“ဒီခေါက် ဝါးခေါက်ဆိုတဲ့ရှစ်မေ့က တစ်ညတည်းနဲ့ ထိပ်ဆုံးသုံးဆယ်ထဲကို ဝင်သွားနိုင်တယ်ပေါ့လေ။ ငါတို့ရဲ့ရှန်းလင်အကယ်ဒမီမှာ နောက်ထပ်ဒဏ္ဍာရီလာလူတစ်ဦး ရှိလာပြီပဲ”
“ဒီနှစ်ထဲမှာ အသစ်ရောက်လာတဲ့ လူတွေကို ငါနှုတ်ဆက်ခဲ့သေးတယ်။ တကယ်ကို အရည်အချင်းရှိတဲ့ ရှစ်မေ့အသစ်တချို့ရှိတယ်။ တချို့က အိမ်မက်ခန်းမရဲ့မျိုးဆက်တွေ တောင်ပင်လယ်တစ်ကိုယ်တော်တောင်ထွတ်ဂိုဏ်းက တပည့်တွေ။ သမုဒ္ဒရာမျှော်စင်ရဲ့သူတော်စင်တို့ပဲ။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ ဝါးခေါက်ရှစ်မေ့လို မဟုတ်ဘူး”
“ဝါးခေါက်ရှစ်မေ့ရဲ့နောက်ဆုံးအဆင့်သတ်မှတ်ချက်က ဘာဖြစ်မလဲဆိုတာကို ကျုပ်တော့ သိချင်မိသား၊ ခင်ဗျားတို့တွေရော လောင်းချင်ကြလား”
လင်ရှုက တိတ်တဆိတ် နားထောင်နေလိုက်သည်။
သူဟာ ပတ်လည်မှာပျံ့လွင့်နေသည့် အတင်းအဖျင်းတွေရဲ့ အမြန်နှုန်းအား ကောင်းကောင်းကြီးကို သိပေသည်။ ယနေ့ညတွင် ယခုပြိုင်ပွဲအား ကြည့်ရှုနေသူပေါင်းများစွာ ရှိသည်။ ထို့ကြောင့် မနက်ဖြန်အတန်းမစခင်အချိန်တွင် သေချာပေါက်ကို လူတွေက အတူတူစုဝေးကာ ဒီအကြောင်းအား ဆွေးနွေးကြမှာပင်။
တစ်နေ့အတွင်းမှာပင် မသေမျိုးတာအိုကျောင်းတစ်ခုလုံးရှိ တပည့်တိုင်းသည် ဝါးခေါက် ဟုခေါ်သော လူတစ်ယောက်ရှိသည်ဆိုသည်အား သိရှိသွားကြပေလိမ့်မည်ပင်။
လင်ရှုက တည်ငြိမ်နေခဲ့သည်။
အကယ်၍ အံ့အားသင့်ဖွယ်ကောင်းသည့် စွမ်းရည်တွေနှင့် လူတစ်ယောက်က တကယ်ပဲ ရှိခဲ့မည်ဆိုလျှင်တောင် မည်သူကမှ လင်ရှုအား ဝါးခေါက်ဆိုသည်နှင့် ဆက်စပ်မိမည် မဟုတ်ပေ။ မည်သူသိနိုင်မည်လဲ။ ယခင်က သူတို့တွေ လင်ရှုအား ကြားဖူးခဲ့သည်ဆိုလျှင်ပင် လိင်အမျိုးအစားဟာ လုံးလုံးကို ကွဲပြားနေခဲ့သည်။
လူကြီးမင်းမုန့် ပြန်လာပြီး ပျက်ဆီးနေသောစနစ်ကို ပြန်လည်ထိန်းသိမ်းသောအခါမှသာ သူဟာ နောက်ထပ်အကာအရံတစ်ခုကို ထပ်မံတည်ဆောက်ပြီး ထိုအချိန်တွင် ဝါးခေါက်ဆိုသည်က ရပ်တန့်ခံလိုက်ရကာ ကမ္ဘာကြီးရဲ့မျက်မှောက်ကနေ ပျောက်ကွယ်သွားမှာပင်။
အဆင့်သတ်မှတ်ချက်စည်းမျဉ်းအရ အယောက်သုံးဆယ်မြောက်လူအား အနိုင်ယူပြီးလျှင် ထိုလူ၏နေရာအားယူ၍ တစ်ဆင့်နိမ့်သည့်နေရာသို့ တွန်းပို့ချင်သည်ဆိုပါက သူသည် သုံးဆယ့်တစ်ယောက်မြောက်နှင့် သုံးဆယ့်နှစ်ယောက်မြောက်ရှိ လူတို့အား အနိုင်ယူရန် လိုအပ်ပေသည်။
လင်ရှုက ပထမဆုံး သုံးဆယ့်နှစ်ယောက်မြောက်ရှိလူအား ရွေးချယ်လိုက်ကာ အောင်မြင်စွာနှင့် အနိုင်ရရှိသွားတော့သည်။
သို့သော်လည်း သုံးဆယ်တစ်ယောက်မြောက်လူက အနည်းငယ်တော့ ပြဿနာ ပေးနိုင်သည် ။
ရှောင်ရှောက် ။
လင်ရှုဟာ သူ့ကိုယ့်သူ အသင့်တော်ဆုံးအခြေအနေအား ပြန်ရောက်ပြီလားဟု စစ်ဆေးလိုက်ကာ ရှောင်ရှောက်အား ဖိတ်ကြားချက်တစ်ခု ပေးပို့လိုက်တော့သည်။
သို့သော်လည်း သူ့အတွက် အနိုင်ရမည့်အခွင့်အရေးအား မသေချာပေ။
“ဝါးခေါက်က ရှောင်ရှောက်ကို တိုက်ပွဲထဲသို့ ဖိတ်ခေါ်လိုက်ပါတယ်”
သိပ်မကြာခင်မှာပဲ စာတစ်ကြောင်းဟာ ကျောက်တုံးနံရံပေါ်တွင် ပေါ်လာတော့သည်။
“ရှောင်ရှောက်က ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်ပါတယ်”
ဒီလူက ဒုတိယအဆင့်ကလူကလွဲလို့ တခြားဘယ်သူကမှ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ခံစားနေရတာ ဖြစ်နိုင်သည်။ ထို့ကြောင့် ရိုးရိုးရှင်းရှင်းပဲ လက်မခံဖို့ ရွေးချယ်လိုက်သည်။ တိုက်ပွဲတစ်ခုကို ငြင်းဆိုသည်က အရှုံးပေးတာကို ဝန်ခံသည့်သဘောနှင့် တူညီပေသည်။ ထို့ကြောင့် ဝါးခေါက်ဟာ အယောက်သုံးဆယ်မြောက်နေရာသို့ ရောက်ရှိသွားတော့သည် ။
လင်ရှုက ဒီနေရာမှာ ရပ်တန့်လိုက်သင့်တာပင်။ သို့သော် ပထမဦးဆုံးအနေနှင့် သူ့တွင် ထိုရှောင်ရှောက်ဆိုသည့်သူနှင့် ပုဂ္ဂိုလ်ရေးအရ မနှစ်သက်သည့်အချက်အချို့ ရှိပေသည်။ ဒုတိယအနေနှင့် မသေမျိုးတာအိုပညာရှင်ကျောင်းတော်ရဲ့ အထူးချွန်ဆုံးကျောင်းသားဖြစ်သည့် ရှောင်ရှောက်က သူ့လက်ထဲရှိ ဓားအတွက် တရားမျှတမှုရရှိအောင် မလုပ်ပေ။
ထို့ကြောင့် သူဟာ တိုက်ပွဲဖိတ်ကြားချက် တစ်ခုအား ပို့လိုက်သည်၊
သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်သာမကဘဲ အရေပြားကပင် ပို၍ထူပေသည်။
“ဝါးခေါက်က ရှောင်ရှောက်ကို တိုက်ပွဲထဲသို့ ဖိတ်ခေါ်လိုက်ပါတယ်”
“ဝါးခေါက်က ရှောင်ရှောက်ကို တိုက်ပွဲထဲသို့ ဖိတ်ခေါ်လိုက်ပါတယ်”
“ဝါးခေါက်က ရှောင်ရှောက်ကို တိုက်ပွဲထဲသို့ ဖိတ်ခေါ်လိုက်ပါတယ်”
******